အရေးပေါ်သုံး အင်္ဂလိပ်စာ (၅) English for Emergencies (5) – Prof; Myo Kyaw Myint
အမေရိကားတွင် နေထိုင်နေကြသည့် မြန်မာလူမျိုးတိုင်း Emergency နှင့် ကြုံတွေ့ခဲ့ရင် 911 ကို ခေါ်ရမည်ကို သိကြပါသည်။
သို့သော် လူတိုင်း မခေါ်ရဲပါ။ ခေါ်ပြီး ဘာပြောရမည်ကို မသိသူများ ရှိနေပါသေးသည်။ ထိုသူများအတွက် အောက်ပါ အကြံပေးချက်လေးများက အထောက်အကူ ပြုပါလိမ့်မည်။ ဦးစွာပထမ မိမိ စိတ်ကို တည်ငြိမ်နေပါစေ။ အင်္ဂလိပ်လိုတော့ stay calm ပေါ့။ စိတ်တည်ငြိမ်နေမှ စကားပြောသည့်အခါ သဲသဲကွဲကွဲ ၊ ရှင်းရှင်းလင်းလင်း ပြောနိုင်မည် ဖြစ်ပါသည်။ 911 ကို ခေါ်ပြီးသည့်အခါ တဖက်က ပြောလာမည့် စကားကို နားစွင့်နေပါ။ ပုံမှန်အားဖြင့် အောက်ပါအတိုင်း ကြားရပါလိမ့်မည်။
911 . What is the nature of your emergency?
ထိုအခါ အရေးပေါ်ကိစ္စကို မပြောပြသေးခင် မိမိ၏ နာမည်နှင့် မိမိရောက်နေသည့် နေရပ်လိပ်စာကို အရင်ဆုံး ပြောလိုက်ပါ။
ပြီးမှ အရေးပေါ်ကိစ္စကို ပြောပါ။ တကယ့်အရေးပေါ်ကိစ္စများနှင့် ကြုံတွေ့ရသည့်အခါ ဖုန်းပေါ်မှာ ဘယ်လောက်ကြာကြာ နေနိုင်မလည်းမသိနိုင်၍ မိမိက ကြောက်ကြောက်ရွံ့ရွံ့နှင့် စကားပြောနေမိခဲ့ရင် တဖက်က နားလည်ချင်မှ နားလည်ပါလိမ့်မည်။ သို့သော် အနည်းဆုံး မိမိ၏နာမည်နှင့် နေရပ်လိပ်စာလောက်ကို သိထားလျှင် အကူအညီရောက်လာဖို့ ရဲများ ၊ မီးသတ်များ ရောက်လာဖို့ သေချာပါသည်။ နမူနာလေးများဖေါ်ပြပေးလိုပါသည်။
My neighbor's house is on fire.
Someone is trying to break into my neighbor's home.
My roommate was complaining of chest pains. Now, he's unconscious.
My car has broken down. It is very. I feel unsafe.
ဒီနေရာမှာ အထူး မှာကြားလိုတာကတော့ မိမိရဲ့လိုအပ်ချက်ကို တိတိကျကျနှင့် လွယ်ကူရှင်းလင်းသော စကားလေးများကို သုံးပြီး ဖေါ်ပြပေးဖို့ပါ။ I need , I want , I Feel စသည့် စကားလုံးလေးများကို သုံးပြီး ရှင်းရှင်းလင်းလင်း ပြောပြဖို့ အရေးကြီးပါသည်။
ဉပမာ …
I need, I want, I feel
I need help as soon as possible.
I want someone to check on my neighbor.
I feel unsafe. I am frightened for my safety.
တခါတရံ မိမိ၏ အကူအညီ လိုအပ်တတ်ပါသည်။ ထိုအခါမျိုး မိမိက ဆောင်ရွက်ပေးနိုင်လျှင် ဆောင်ရွက်ပေးပြီး ၊ မိမိ မတတ်နိုင်သည့်ကိစ္စမျိုး၌ မဆောင်ရွက်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောလိုက်ရုံသာ ဖြစ်ပါသည်။ အားနာနေရမည့် နေရာမျိုး၊ အချိန်အခါမျိုး မဟုတ်ပါ။ ဉပမာ ရေနစ်ထားသည့် လူတယောက်ကို အသက် ကယ်နိုင်ရန် CPR ပေးကြရမည် ဆိုပါစို့ ။
CPR stands for Cardiopulmonary Resuscitation.
CPR combines two main actions:
1. Chest compressions: Rhythmic pushing on the chest to help maintain blood flow to
vital organs.
2. Rescue breaths: Blowing air into the person's mouth to provide oxygen to the lungs.
သို့သော် CPR မလုပ်တတ်ဘဲ သွားလုပ်မိရင် ၊ တဖက်သားမှာ ဒဏ်ရာ ရနိုင်သည်။ မသေကောင်း မပျောက်ကောင်းပင် ဖြစ်နိုင်ပါသည်။
ထို့ကြောင့် လုပ်နိုင်လျှင်လုပ်နိုင်ကြောင်း ၊ မလုပ်နိုင်ရင်လည်း မလုပ်နိုင်ကြောင်း ပြတ်ပြတ်သားသား ပြောလိုက်ရုံပါ။ တကယ်တော့ CPR ကို လူတိုင်းလိုလို တက်ရောက်ထားသင့်ပါသည်။ နောက်ထပ် အသက်ကယ်နိုင်သည့်၊ လူတိုင်း သိထားသင့်သည့်၊ တတ်ထားသင့်သည့် ပညာရပ်တမျိုးကိုတော့ The Heimlich maneuver ဟု ခေါ်ပါသည်။ အစားမှား၍ လေပျွန်ထဲသို့ အစာဝင်သွားသည့်အခါမျိုး၊ လည်ချောင်း၌ အစာ တစ်နေ၍ မရှူနိုင် မကယ်နိုင် ဖြစ်နေသည့်အခါမျိုး၌ အထူး အသုံးဝင်ပါသည်။
The Heimlich maneuver, also known as abdominal thrusts, is a first-aid technique used to
dislodge an object from someone who is choking. It involves applying a series of quick,
upward thrusts to the abdomen, just below the ribcage and above the belly button, to force
air out of the lungs and expel the obstruction.
အရေးပေါ်ကိစ္စရပ်များနှင့် ကြုံတွေ့လာရသည့်အခါ English စကား၏ တန်ဘိုးကို ပို၍ နားလည်လာကြပါသည်။ ပြောတတ်ရင် ပြောတတ်သလောက် အကျိုးရှိသလို ၊ မပြောတတ်ခဲ့ရင်လည်း တော်တော်လေးကို ဒုက္ခတွေ့ရနိုင်ပါသည်။ ထို့ကြောင့် အရေးပေါ်ကိစ္စများနှင့် ကြုံတွေ့ရသည်အထိ စောင့်မနေဘဲ ယခုကတည်းက ကြိုးစားသင်ယူထားသင့်ပါသည်။
နောက်ဆုံးမှာကြားလိုတာတော့ ယခုလို အမှန်တကယ် Emergency နှင့် ကြုံတွေ့ရသည့်အခါ သုံးရသည့် စကားလုံးလေးများကို ကျက်မှတ်ထားရန် လွယ်ကူပါသည်။
Emergency မဟုတ်သော်လည်း Emergency အယောင်ဆောင်ပြီး မိမိကို၎င်း ၊ မိမိ၏ မိသားစုကို၎င်း ဒုက္ခပေးနိုင်တာကို သတိပြုစေလိုပါသည်။ ယခု AI ခေါ် Artificial intelligence ကို သုံးပြီး လူတယောက်၏ အသံ ခိုးယူရန် လွယ်ကူပါသည်။ သားသမီးအရင်းကပင် မိမိခေါ်နေသည်ဟု ထင်မှတ်နိုင်ပါသည်။ ဒီလို AI နှင့် ခေါ်ပြီး ငွေတောင်းသည့် ကိစ္စများ ပေါ်ပေါက်နေသည့်အတွက် စာဖတ်သူအားလုံးကို သတိပေးလိုပါသည်။ facial recognition ကိုလည်း AI က အလွယ်တကူ ဖန်တီးနိုင်ပါသည်။ ထို့ကြောင့် မိသားစုအတွင်း၌ secret code တခု၊ လျှို့ဝှက်စကားလေးတခု ဖန်တီးထားပါ။ ဆိုကြပါစို့။ "ဖိုးရွှေလမင်း" ၊ ဒီစကားလုံးလေး အပါရင် တကယ့်အရေးပေါ် မဟုတ်ဆိုတာ အားလုံးသိနိုင်ပါသည်။
ဒီလို စီစဉ်ထားရင် AI သုံးပြီး မြန်မာစကားနှင့် လာလိမ်ဖို့ ကြိုးစားရင်တောင် သိနိုင်ပါသည်။
အားလုံး ဘေးအန္တရာယ်နှင့် ကင်းဝေးကြပါစေလို့ ဆုတောင်းပေးလိုက်ပါသည်။