Myanmar Labour Law (2017/1)

Kaung Kin PyarMarch 6, 20172min80622

ဟိုတစ်ရက်က Labour Law နဲ့ ပတ်သတ်တဲ့ One Day Training လေးတစ်ခုသွားတက်ပြီး စာအုပ်ပြန်လှန်ဖြစ်တော့ ရွာကိုလဲ သတိရသွားတာနဲ့ နည်းနည်းလောက်ပွားပါရစေ..

Updated ဖြစ်တဲ့ Myanmar Labour Law နဲ့ ပတ်သက်တာလေးပါ..

စဆရက လုပ်ခြင်းမဟုတ်ပါ။ သိပြီးသားသူတွေရှိပေမယ့်.. မသိသေးသူတွေ၊ Update ဖြစ်တဲ့ Information မရသေးသူတွေအတွက် ရည်ရွယ်ပါတယ်….။ (ဒီနေရာမှာ Myanmar Labour Law ပေမယ့် ပြည်ပကလူတွေကိုလဲ အဲ့ဘက်အခြမ်းအနေအထားတွေကို ကောင်းကင်ပြာအတွက်ရော တခြားဖတ်သူတွေအတွက်ပါ Knowledge Sharing အနေနဲ့ ဝင်ဆွေးနွေးစေချင်ပါတယ်….)

ပြောချင်တဲ့ခေါင်းစဉ်တွေက…

  • The Employment and Skill Development Law (2013)
  • The Minimum Wages Law (2013)
  • The Payment of Wages Act (2016)
  • The Factories Act (1951)
  • The Leave and Holidays Act (1951)
  • The Social Security Law (2012)
  • The Workmen’s Compensation Act (1923)
  • The Settlement of Labour Dispute Law (2012)
  • The Shops and Establishment Act (2016)
  • The Employment of Children

(1) The Employment and Skill Development Law (2013)

ဒီအကြောင်းအရာကတော့ အဓိကက အလုပ်လက်မဲ့တွေနဲ့ Labour Card ကိစ္စတွေပါ…။

တချို့ အလုပ်လျှောက်သူတွေ Labour Card က ဘာဆိုတာတောင်သေချာမသိ၊ လုပ်ရကောင်းမှန်းလဲ မသိ၊ ရှိပြီးသားဆိုရင်လဲ သက်တမ်းသွားမတိုးဖြစ်နဲ့ ဒီလိုပဲ အလုပ်ခွင်ရောက်သွား နှစ်တွေကြာ၊ ကုမ္ပဏီဘက်ကလဲ ဒါကို တရေးတယူအနေနဲ့ သတိမထားဖြစ်တဲ့ကိစ္စ…။

  • အလုပ်လက်မဲ့တွေဘက်ကလဲ အသက် (၁၈)နှစ်ပြည့်ပြီးတာနဲ့ လေဘာကဒ်ပြုလုပ်ရမယ်

ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လေ့လာလျှောက်ထားရမယ်။

  • အလုပ်ရှင်ဘက်က လေဘာရုံးကို Vacant Positions တွေ တင်မယ်၊ Selection လုပ်မယ်၊ Recruitment လုပ်ရမယ့် အနေအထားရှိမယ်။
  • လေဘာရုံးဘက်ကလဲ ဘယ်အလုပ်တွေတော့ လူလိုနေတယ်ကြေငြာမယ်၊ (ယှဉ်ပြိုင်စာရင်း.). အလုပ်ရှင်ဘက်က Candidate ကို ရွေးချယ်နိုင်ဖို့ ကုမ္ပဏီဘက်ကို ပို့မယ် (ဒီနေရာမှာ ၁ဝဦးပို့တယ် ပြောပါတယ်၊ ဒီထဲက တစ်ဦးရွေးရမယ်ပေါ့…။ ဒီနေရာမှာတော့ စက်ရုံအလုပ်ရုံတွေအတွက် အခြေခံဝန်ထမ်းတွေကို ပိုရည်ရွယ်ပုံရပါတယ်….)

အဲ့..သတိထားစရာ တစ်ခုက လာမယ့် ၂၀၁ရ ဇွန်လလောက်မှာ စပြီး Labour Card မရှိသေးဘဲ ဝန်ထမ်း ခန့်ထားတဲ့ကုမ္ပဏီတွေကို စိစစ်ပြီး ထောင်(၇)နှစ်ထိ အရေးယူလို့ရတယ် ဆိုတာပဲ..။ ဒါကတော့ ဝန်ထမ်းတွေက သူတို့ဟာသူတို့အလုပ်ရှာ၊ သူတို့ဟာသူတို့ အလုပ်ရနဲ့ သူတို့ကို အဖက်မလုပ်ဘဲလဲ အလုပ်အကိုင်အဆင်ပြေပြေသွားကြလေတော့ လေဘာရုံးမှာ အလုပ်လက်မဲ့ဦးရေ ဘာညာသာရကာ စာရင်းမရှိဖြစ်ပုံရပါတယ်….။

(2) The Minimum Wages Law (2013)

ဒါကတော့ အများသိပြီးသားပါ…။ တစ်ရက်လုပ်ခ အနည်းဆုံး ၃၆၀ဝ ပေါ့…။ တစ်လကို ဝင်ငွေ တစ်သိန်းရှစ်ထောင် အနည်းဆုံး ရှိရပါတယ်…။ ဥပဒေအရ နှုတ်ယူခွင့်ရှိတဲ့ အခကြေးငွေကလွဲရင် တခြားဘာကိုမှ ဖြတ်တောက်ခွင့်မရှိ။ ကြိုတင်အသိမပေးဘဲ၊ ဥပဒေနဲ့ အညီမဟုတ်ဘဲ ဖြတ်တောက်ရင် အဲ့မှာ ရှော့ရှိပါတယ်….။ (ဘာမှမဖြစ်သေးသရွေ့တော့ ဘာမှ မဖြစ်ပါဘူူး…၊ အဲ..တခုခုဖြစ်ရင်တော့… တခုခုဖြစ်ပါပြီ….)

အဲ… ညစ်ချင်သူများ ဒီတစ်နည်းတော့ ရှိပါတယ်…။

ခန့်ထားမယ့် ရာထူးအတွက် လိုအပ်တဲ့အရည်အချင်းမရှိလို့ သင်တန်းပေးရမယ်ဆိုရင်ဖြင့်.. (ဒီနေရာမှာ… သင်တန်းသက်သက်ပါ…(ဆရာနှင့်တပည့် Face to Face လက်ချာပေးတာကို ဆိုလိုပါတယ်၊ အလုပ်ခွင်သင်တန်း..၊ ခိုင်းသင် အနေအထားမဟုတ်) ကို အနည်းဆုံးလစာရဲ့ ၅၀% အဖြစ် ၃လနဲ့ နောက်ထပ် အစမ်းခန့်ကာလ ၃လအတွင်းမှာ အနည်းဆုံးလုပ်ခလစာရဲ့ ၇၅% ပေးဖို့ ခွင့်ပြုထားပါတယ်..)

သိပ်မကြာခင် EC (Employment Contract) လာပါလိမ့်မယ်…။ အဲ့ဒါအပြင် COC (Code of Conduct) ဆိုတာမျိုးကိုလဲ နောက်တွဲ (က၊ ခ) စသဖြင့် အလုပ်ရှင် အလုပ်သမားကြား ချုပ်ဆိုနိုင်ပါလိမ့်မယ် ဆိုတာလေး…

 

စာအရမ်း ရှည်သွားမှာပေမယ့်… လိုအပ်မယ်ထင်လို့ နောက်တစ်ခုလေး ထပ်ပွားလိုက်ပါဦးမယ်…

ဒါကတော့ နစ်နာကြေးနှုန်းထားပါ…။ ဒီနှုန်းထားကို ကုမ္ပဏီဘက်က အကြောင်းအမျိုးမျိုးကြောင့် ကုမ္ပဏီကို တစ်စိတ်တစ်ပိုင်းပိတ်သိမ်းတာ..၊ အကုန်ပိတ်သိမ်းတာနဲ့ ဝန်ထမ်းဘက်က အပြစ်မရှိသော်လဲ တောက်ညင်ကတ်ပုဒ်မတပ်ပြီး ဖြုတ်ချင်သူများအတွက်ပါ…။ မြန်မာကားတွေထဲမှာတော့ သိပ်လွယ်ပါတယ်…၊ ခန့်ပြီး (၁၀)ရက်လောက်ရှိသူလဲ ရော့..ယူ မင့်၃လစာ နဲ့ ပက်ခနဲပေးပေးပလိုက်တဲ့အခန်းမျိုးလိုဟာမျိုးပါ…။ (အပြင်မှာသာ အဲ့ဂွင်ရလို့ကတော့ အလုပ်သမားတွေ တစ်လလောက် ခရီးထွက်၊ နောက်တစ်လလောက် ဒူးနှန့်နေပြီး နောက်ဆုံးတစ်လမှ အလုပ်ထရှာလိုက်မယ့် ဖြစ်ခြင်း…)

ဒါကတော့..အဲ့ဒီ ဖြုတ်ထုတ်နဲ့ ပတ်သတ်တဲ့ နစ်နာကြေးနှုန်းထားတွေပါ..။

အမိန့်ကြော်ငြာစာအမှတ် (၈၄/ ၂၀၁၅)၊ ဇူလိုင် (၃)ရက်နေ့

 

(က)      လုပ်သက် ခြောက်လပြည့်ပြီးတစ်နှစ်မပြည့်ပါက နစ်နာကြေး လဝက်စာ

(ခ)       လုပ်သက် တစ်နှစ်ပြည့်ပြီး နှစ်နှစ်မပြည့်သေးပါက နစ်နာကြေး တစ်လစာ

(ဂ)       လုပ်သက် နှစ်နှစ်ပြည့်ပြီး သုံးနှစ်မပြည့်ပါက နစ်နာကြေး တစ်လခွဲစာ

(ဃ)      လုပ်သက် သုံးနှစ်ပြည့်ပြီး လေးးနှစ်မပြည့်ပါက နစ်နာကြေး သုံးလစာ

(င)       လုပ်သက် လေးနှစ်ပြည့်ပြီး ခြောက်နှစ်မပြည့်ပါက နစ်နာကြေး လေးလစာ

(စ)       လုပ်သက် ခြောက်နှစ်ပြည့်ပြီး ရှစ်နှစ်မပြည့်ပါက နစ်နာကြေး ငါးလစာ

(ဆ)      လုပ်သက် ရှစ်နှစ်ပြည့်ပြီး ဆယ်နှစ်မပြည့်ပါက နစ်နာကြေး ခြောက်လစာ

(ဇ)       လုပ်သက် ဆယ်နှစ်ပြည့်ပြီး နှစ်ဆယ်မပြည့်ပါက နစ်နာကြေး ရှစ်လစာ

(ဈ)       လုပ်သက် နှစ်ဆယ်ပြည့်ပြီး နှစ်ဆယ့်ငါးနှစ်မပြည့်ပါက နစ်နာကြေး ဆယ်လစာ

(ည)      လုပ်သက် နှစ်ဆယ့်ငါးနှစ်နှင့်အထက်ရှိပါက နစ်နာကြေး ဆယ်သုံးလစာ ပါ

(3) The Payment of Wages Act (2013)

ဒီအပိုင်းမှာတော့ ချုံ့လိုက်ပါ့မယ်…။ အဓိကအချက်က (၄) ချက်ပဲ ရှိပါတယ်…။

(၁) ဝန်ထမ်း (၁၀၀) အောက်ဆို လကုန်တာနဲ့ လစာပေးရပါမယ်

(၂)   ဝန်ထမ်း ၁၀ဝ နှင့်အထက်ဆိုရင် လကုန်ပြီး (၅)ရက်နောက်ဆုံးထား ပေးရပါတယ်။

(၃) ဝန်ထမ်းကို အလုပ်က ရပ်စဲလိုက်တယ်ဆိုရင် ရပ်စဲခံရတဲ့နေ့ကစလို့ အလုပ်ဖွင့်ရက် (၂)ရက်အတွင်း ပေးရပါတယ်။

(၄) ဝန်ထမ်းဘက်က မိမိဆန္ဒအလျှောက်အလုပ်က နှုတ်ထွက်မယ်ဆိုရင်တော့ အခကြေးငွေပေးရန် ကာလအပိုင်းအခြားကုန်ဆုံးတာနဲ့ပေးရပါတယ်…၊ (ဆိုလိုတာက သူထွက်တဲ့နေ့မှာ တပါတည်းပေးလိုက်ရပါတယ်)

(4)The Factories Act (2016/ 1951-မူလဥပဒေ)

ဒီမှာ အဓိက ပြောထားတာကတော့ တစ်ရက်တာ သတ်မှတ်ရမယ့် အလုပ်ချိန်နဲ့ Overtime အချိန်ပါ…။

ပြောချင်တာ တစ်ခုက တချို့ Customer နဲ့ တိုက်ရိုက် Deal လုပ်ရတဲ့ (ဥပမာ- City Mark လိုမျိုး) သူတို့အတွက် ၅မိနစ်လဲ ၅မိနစ် အရေးကြီးတာမို့ အလုပ်ချိန်ကို တင်းကြပ်တာ ထားပါတော့…။ ဒါပေမယ့် တချို့အလုပ်တွေကတော့ မလိုအပ်လဲ ဒီ ၅မိနစ်၊ ၁ဝ မိနစ်လောက်ကို မျက်စိဒေါက်ထောက်ကြည့်ပြီး Management (or) HRက သူတို့ ဝန်ထမ်းကို ဟောက်ဟန်းစရာလို၊ လစာက ဖြတ်တောက်စရာလို ရေးကြီးခွင်ကျယ် ပုဒ်မတွေ တပ်ကြတာပဲ…။ အမှန်တော့ မလိုပါဘူး။ ဒီ ၅ မိနစ်၊ ၁ဝ မိနစ်ကို ကျောက်ခဲရေညှစ်သလို ဝန်ထမ်းဆီက ညှစ်ထုတ်နေလဲ တကယ်ပြန်ရလိုက်တဲ့အရာက ထင်သလောက် မဟုတ်..။

ကောင်းကင်ပြာတို့ဆီမှာတော့ ဒါကို သိပ်ရေးကြီးခွင်ကျယ်မလုပ်၊ ကိစ္စကြီးငယ်ရှိလို့ဖြစ်စေ၊ Traffic ကြောင့်ဖြစ်စေ.. နာရီဝက် (တစ်နာရီ)လောက်ထိ နောက်ကျတောင် နားလည်မှုနဲ့ သွားတယ်..။ ဒီတော့ ဝန်ထမ်းဆီက ပြန်ရလိုက်တာကလဲ ဒီလိုနားလည်ပေးလိုက်တာထက် ပိုများတဲ့ အားစိုက်ထုတ်မှုကို ပြန်ရတယ်…။ လိုအပ်လို့ သူတို့ ည 7:00/ 8:00 နေရလဲ သူတို့ကိုယ်တိုင်က လိုလိုလားလား နေတယ်…။ အလုပ်မှာ ဖိအားသိပ်မရှိတဲ့အတွက် ပိုပျော်လာတယ်…။ (အဓိကက Work Done ပါပဲ။)

လိုရင်း ဆက်ပါ့မယ်..

ဒီနေရာမှာ သတ်မှတ်ထားတဲ့ ဥပဒေအရ…

  • တစ်ရက်လျှင် အလုပ်ချိန် (၈)နာရီထက် မပိုရ။
  • ရက်သတ္တပတ်လျှင် (၄၄)နာရီ၊ အဆက်မပြတ်လုပ်ကိုင်ရသောလုပ်ငန်း (၄၈)နာရီထက် မပိုရ (ပုဒ်မ-၅၉)
  • အနည်းဆုံး နာရီဝက်အနားမပေးဘဲ တစ်ဆက်တည်း (၄)နာရီထက် ပိုမလုပ်စေရ။ (ပုဒ်မ-၆၃)
  • အချိန်ပိုလုပ်ကိုင်ခြင်း မပြုမှီ အနည်းဆုံး နာရီဝက်အနားပေးရမည်။
  • တစ်နေ့အလုပ်ချိန်နဲ့ အနားပေးချိန်ပေါင်းသည် (၁၀)နာရီထက် မပိုရ..။ (ဆိုလိုတာက အလုပ်ချိန် ၈ နာရီ + အိုတီ ၃ နာရီသာ ခိုင်းခွင့်ရှိ)
  • ရက်သတ္တပတ်နားရက်အဖြစ် တစ်ပတ်လျှင် တစ်ရက် အနားပေးရမည်။ (ပုဒ်မ-၆၀)
  • လုပ်ငန်းလိုအပ်ချက်အရ ရက်သတ္တပတ် နားရက်တွင် အလုပ်လုပ်ကိုင်ရပါက၊ ယင်းနေ့မတိုင်မှီ ရှေ့ (၃)ရက် အတွင်းတစ်ရက် (သို့မဟုတ်) နောက် (၃)ရက်အတွင်း တစ်ရက်ရက် ရက်စားအနားပေးရမည် (ပုဒ်မ ၆ဝ (၁) (က))
  • အထက်ပါအတိုင်း ရက်စားအနားပေးနိုင်မှုမရှိပါက နောင်လာမည့် ပြက္ကဒိန် (၂)လအတွင်း အသိပေး၍ ရက်စားအနားပေးရန်။ (ပုဒ်မ-၆၁ (၁))

အချိန်ပိုလုပ်ခ တွက်ချက်နည်း

လခစား ဝန်ထမ်းများအတွက်

လစာ x ၁၂ လ                                           x ၂ ဆ = တစ်နာရီ အချိန်ပိုလုပ်ခ

ရက်သတ္တပတ် ၅၂ x ၄၄/ ၄၈ နာရီ

 

နေ့စား ဝန်ထမ်းများအတွက်

အ   နေ့တွက်လုပ်ခ x ၆ ရက်                                 x ၂ ဆ = တစ်နာရီ အချိန်ပိုလုပ်ခ

၄၄နာရီ (သို့မဟုတ်) ၄၈ နာရီ

 

ပုတ်ပြတ် ဝန်ထမ်းများအတွက်

တစ်နေ့တွက် ပျမ်းမျှဝင်ငွေ x ၆ ရက်                   x ၂ ဆ = တစ်နာရီ အချိန်ပိုလုပ်ခ

၄၄ (သို့မဟုတ်) ၄၈ နာရီ

 

 

စာအရမ်းရှည်သွားမှာစိုးလို့…. ကျန်တာတွေကိုတော့ အပိုင်း (၂) နဲ့ ဆက်လာပါ့မယ်….။ Labour Law နဲ့ သိချင်တဲ့ တခြားအကြောင်းအရာတွေများ ရှိရင် Comment မှာ ဖြစ်စေ၊ Chat Box မှာဖြစ်စေ မေးကြပါ..။

 

 

ကောင်းကင်ပြာ

 

 

 

 

 

 

 

 

22 comments

  • Kaung Kin Pyar

    March 6, 2017 at 9:46 am

    အချိန်ပိုလုပ်ခ တွက်နည်းတွေရဲ့ အောက်မှာ.. မျဉ်းခံလိုက်သေးတယ်..။ ပြန်ကူးတော့ မပေါ်…။
    လစာတွေ၊ နေ့တွက်တွေရဲ့ အောက်မှာ မျဉ်းပါပြီး စားတယ်…၊ ဟိုဘက်က ၂ဆနဲ့ မြှောက်တယ်လို့ နားလည်ပေးကြပါ…..။
    နေ့စားဝန်ထမ်းတွေမှာလဲ ရှေ့ဆုံးက အ တစ်လုံးပိုသွားပါတယ်…။
    အိုက်ဒါလေး… :k:

  • myat pearl phyu

    March 6, 2017 at 10:53 am

    အင်း….
    ဒို့လည်း အလုပ်ဝင်ကထဲက အလုပ်ခွင်စည်းမျဉ်းစည်းကမ်းဥပဒေဆိုတဲ့ စာအုပ်ကြီးကို ဖတ်ရပါတယ်။
    တကယ်တော့ ဥပဒေဆိုတာလည်း စာအုပ်ထဲမှာပဲရှိတယ်လို့ ပြောရမှာပါပဲ..။
    ဥပဒေအတိုင်း တသွေမတိုင်းဘယ်သူမှ မလိုက်နာကြလို့လေ..။
    ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်ဆိုသလိုပဲ…။
    ဝန်ထမ်း ရာထူးအဆင့်ဆင့်အရ အထက်ရောက်လေ ဂိမ်းတွေမှာလို
    lvl မြင့်လာတော့ အကျိုးခံစားခွင့်တွေမြင့်လာသလိုပေါ့..။
    ကင်းလွတ်ခွင့်တွေ ကရလာတာပါပဲ..။
    အောက်ခြေဝန်ထမ်းတွေကတော့ နင်းကြမ်းဖြစ်နေဦးမှာပါပဲ..။
    သူတို့လိုဖြစ်ချင်ရင် သူတို့လိုဖြစ်အောင်လုပ်ရမှာပေါ့လေ..။
    ဥပဒေကို သေချာမသိကြသေးတာရယ် အလုပ်ပြုတ်မှာကြောက်ကြတာရယ်ကြောင့်ပါပဲ။
    အခုက ကျေနပ်ရင်လုပ် မကျေနပ်ရင် ထွက် ၊ နောက်အလုပ်ပြောင်းနဲ့ သံသရာလည်။
    အစိုးရဝန်ထမ်းတွေကလည်း ရတဲ့လခထက် outside ဆိုတဲ့ ဝင်ငွေကို ရအောင် ဂွင်ကြံဂွင်ဖန်ကြ အထက်လူနဲ့ လက်ဝါးရိုက်ထားကြနဲ့ ရာထူးတိုးဖို့ နေရာကောင်းရဖို့ အရေး လာဘ်ထိုးရနဲ့..။
    HR ဆိုတာကလည်း ပဲလှော်ကြား ဆားညှပ်တဲ့ ဌာနမလား…။
    သူတို့ကလည်း ဝန်ထမ်းဘက်ကထက် အလုပ်ရှင်ဘက်ကိုပဲ ဦးစားပေးကြရတာပါပဲ..။
    ညှိကြ ညှိမရ နဲ့ အခုချိန်ထိ ဒုံးရင်း ဒုံးရင်း ဖြစ်..။
    ကိုယ်တွေဆီမှာ Performance Appraisal တွေ ၆လတစ်ခါလုပ်တယ်..။ အဆင့်တွေ ဂရိတ်တွေခွဲကြနဲ့ ၁နှစ်၁ခါလစာလေး double bonus ပေးဖို့အရေး အဆင့်နိမ့်သွားရင် ဘောနပ်လည်းလျော့သွားမယ်ဆိုပြီးပြောသေးတယ် ဟားဟားးးး..။
    တစ်ဖက်က ကောင်းတာရှိသလို တစ်ဖက်ကလည်း အဆင်မပြေတာတွေ သည်းခံရင်းနဲ့ လုပ်သက်တွေကြာသွားတာပါပဲ..။
    ကိုယ်တိုင်အလုပ်ရှင်ဖြစ်မှပဲ အလုပ်ရှင်တွေရဲ ့ဘဝကို ပိုကိုယ်ချင်းစာမိမယ်ထင်ပါတယ်..။
    ခုတော့ ဝန်ထမ်းဘဝနဲ့မို့ ကိုယ်ရသင့်တဲ့အခွင့်အရေးတွေ အတွက်တော့ ဥပဒေဆိုတာ သဘောပေါက်နားလည်အောင်ကြိုးစားနေပါတယ်။
    ဆက်ရေးပါနော်…။ အပိုင်း ၂ ကိုစောင့်နေမယ်နော်။

  • Kaung Kin Pyar

    March 6, 2017 at 11:23 am

    တချို့ဝန်ထမ်းတွေက သူတို့ ဘာလုပ်ပိုင်ခွင့်ရတယ်၊ သူတို့ လုပ်နေရတာတွေက ထိုက်သင့်တဲ့နားရက်နဲ့ ထိုက်သင့်တဲ့လစာရတယ်..၊ ဒီလိုအခြေအနေမျိုးဆို ဒီလို အခွင့်အရေးမျိုးရရမယ်ဆိုတာ ကိုယ်တိုင် မသိကြတာလဲ ပါတယ်..။
    အလုပ်ရှင်တွေ အနိုင်ကျင့်လို့မရအောင် ဥပဒေတွေ ထုတ်ထားပါတယ်…။ ဝန်ထမ်းဘက်က မှန်နေရင်တော့ တိုင်ပေါ့….
    အနိုင်ကျင့်တဲ့ အလုပ်ရှင်တွေကို တိုင်ချင်တိုင်ချင်ရင် တိုင်လို့ရအောင်… တမင် ရေးပေးတာပဲ….
    Performance Appraisal ကတော့ Appraisee နဲ့ Appraiser နဲ့ Face to Face ထိုင်ရတာပဲ….။ သူပြောတာတွေ မဟုတ်ရင်..ငြင်းပေါ့…၊ သူပြောသမျှမှန်နေရင်လဲ ကိုယ်လုပ်နေတာ မဟုတ်ဘူးဆိုတာ ကိုယ်တိုင်လက်ခံရင် လက်မှတ်ထိုးပေးလိုက်ရတာပဲ။ တစ်ခုတော့ ရှိတာပေါ့…၊ တချို့က ညစ်ချင်ရင် မင်းဟိုတစ်ရက်က ခေါင်းမဖြီးလာဘူးလေ..၊ မင့် Customer ရှိနေတဲ့အချိန် လေလည်တယ်ဆိုတာမျိုးနဲ့ လာချင်လာပါလိမ့်မယ်..၊ ဒီလိုသေးသေးလောက်နဲ့ လာညစ်ရင်တော့ ကိုယ့်အတွက် ရေရှည်ကောင်းတဲ့ ပတ်ဝန်းကျင်၊ Leader ကောင်းမဟုတ်တော့ဘူးဆိုတာ.. စောစောသိရတာပေါ့။
    ကောင်းကင်ပြာတို့ဆီမှာတော့ အဲ့ဒါမလုပ်ခင် Department Head တွေကို ကြို Training ပေးပါတယ်…။ ဝန်ထမ်းက မကျေနပ်ရင်လဲ လာပြောဖို့ ဖွင့်ပေးထားတယ်။ နှစ်ဖက်လက်မှတ်ပါမှ အဲ့ Form ကို အတည်ပြုတယ်…။
    HR ဆိုတာကတော့ ဝန်ထမ်းဘက်ကမှန်နေရင် ဝန်ထမ်းဘက်လိုက်ရမှာပဲ၊ အလုပ်ရှင်ဘက်က မှန်နေရင်လဲ အလုပ်ရှင်ဘက်က နေရတာပဲ….။ သတ်မှတ်ထားတဲ့ ဥပဒေတွေကို နှစ်ဖက်လုံးက မချိုးဖောက်ဖြစ်အောင် ထိန်းပေးရင်း Motivation တက်လာအောင်.. လိုအပ်တာတွေ supporting ပေးရပါတယ်…။
    ဒါကြောင့် HR တွေကို ခေါ်တဲ့ ကုမ္ပဏီတွေများပေမယ့်.. ကြောနပ်နေတဲ့ HR တွေကတော့ ကိုယ်သွားမယ့် ကုမ္ပဏီရွေးရတယ်…။ Organization ဘယ်လောက်ကြီးပြီး Pay ဘယ်လောက်ကောင်းလဲ ခေါင်းသွားရောင်းရမယ်ဆို လက်ကောက်ဝတ်သံချေးစော်နံမယ်လေ…။

  • myat pearl phyu

    March 6, 2017 at 11:57 am

    KKP ရေ ကိုယ်တွေနေတာက မြန်မာပြည်လေ။
    မြန်မာပြည်ကြီးရဲ ့ ထုံးစံတွေ ဘောင်တွေ ခွင်တွေ (ဂွင်) ရိုက်စားတွေ ရိုက်ကြေးတွေ ကြားမှာ ကိုယ့်နောက်က အမာခံ နဲ့ ပါဝါမရှိပဲ တိုင်လည်း ကြက်ဥနဲ့ ကျောက်ခဲတွေ့ကြသလို ကိုယ်ပဲကွဲရတာပါပဲ။
    နောက်ဆုံးတော့ ရေလိုက်ငါးလိုက်နေလိုက်ကြရတာပေါ့..။
    ဥပမာ သင်္ဘောသားအလုပ်အကိုင်အခွင့်အလမ်းကိစ္စတွေ..။
    PA လက်မှတ်ကတော့ သူသတ်မှတ်လိုက်တဲ့ ကိုယ့်အဆင့်ကို မကျေနပ်လည်း ဘာပြောလို့ရမှာလဲ ဟုတ်ဘူးလား…။
    ထားပါတော့ ကိုယ်ကတော့ Excellence ဖြစ်အောင်တော်နေလည်း
    သူက Good ပဲပေးတယ်ဆို ကိုယ်ကမှတ်ချက်လေးမှာ
    နောက်ခါ Exc; ဖြစ်အောင်ကြိုးစားပါ့မယ်ပေါ့
    လစာတိုးပေးဖို့ မျှော်လင့်ပါတယ်ပေါ့ ဒါပဲအဓိကပဲရေးကြတာပါပဲ…။
    သူများအလုပ်ကို ဝင်ပြောရတာလွယ်ပေမယ့်
    ကိုယ်နဲံ့တိုက်ရိုက်သက်ဆိုင်လာတဲ့ အလုပ်တွေကြတော့ ဖုံးဖုံးဖိဖိလေးတွေ
    မှန်နေလည်း သူရဲကောင်းလုပ်ပြီး ဝင်မပြောကြတာလေးတွေ
    ကိုယ့်ဘာသာနေတတ်အောင်နေပြီး ကျေနပ်နေကြရတွေလည်း ရှိပါတယ် KPP ရေ..။
    ဥပဒေက မှန်ကန်ပါတယ်။ အဲ့ဒီ ချမှတ်ထားတဲ့ တရားဥပဒေအတိုင်း တကယ်လိုက်နာစိုးမိုးကြသလားဆိုတာကတော့ ယခုလက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကပဲ သက်သေပြနေကြတာပါပဲ..။
    HR ကောင်းတွေ အထက်လူကြီးကောင်း သူဌေးကောင်းတွေနဲ့ ကြုံရတဲ့ ဝန်ထမ်းတွေဘဝပျော်စရာကြီးပေါ့…။
    နို့မဟုတ်လို့ကတော့ ဥပဒေဆိုတာလည်း ဥပဒေပါပဲလို့ ….
    ဟဲဟဲ ဒို့လည်း ငါးပိကြော်မကြိုက်ဘူး…လက်ကောက်ဝတ်နံမှာကြောက်လို့ တော်သေးပီ..။

    • Kaung Kin Pyar

      March 6, 2017 at 1:17 pm

      မမဂျီးပြောသလို စနစ် ပါပဲ မြတ်ရေ….။ မြတ်ပြောသလို ကြက်ဥနဲ့ ကျောက်ပျဉ်လို နိုင်ရာစားတွေ အသားကျပြီးသားတွေလဲ ရှိပေမယ့် ဒါကို တော်လှန်ပြီးအောင်မြင်နေကျသူတွေလဲ ရှိပါတယ်..။ ခုထိ အံ့ဩမိပြီး အရမ်းချီးကျူးမိတာက ကောင်းကင်ပြာတို့ ဥက္ကဌက Under Table ခွင့်မပြုဘဲ ဒီချိန်ထိ တောင့်ခံထားနိုင်၊ အောင်မြင်နေနိုင်တာကိုပဲ…(ပိုက်ဆံအတွက်မဟုတ်၊ စနစ်နဲ့ အကျင့်အတွက် တိုက်တာပါ…)။ အစိုးရဝန်ထမ်းတွေနဲ့ ဆက်သွယ်ရတဲ့ BDD လို ဌာနတွေအတွက်တော့ ပုံမှန်ထက် အခက်အခဲရှိနေပေမယ့်… ခုထိတော့ လုပ်ငန်းတွေချဲ့ပြီး အဆင်ပြေနေတုန်းပါ…။
      မှားရင်လဲ တုံ့ပြန်ပြီး အဆုံးထိတိုက်ခိုက်သွားမယ့်သူတစ်ဦးစီ များလာရင်၊ စိတ်ဓာတ်နဲ့ အကျင့်ကို တန်ဘိုးထားတဲ့အလုပ်ရှင်တွေ များလာရင်တော့ မြန်မာပြည်ကြိး မြန်မြန်တိုးတက်လာမှာ…

      • myat pearl phyu

        March 6, 2017 at 1:39 pm

        ”မှားရင်လဲ တုံ့ပြန်ပြီး အဆုံးထိတိုက်ခိုက်သွားမယ့်သူတစ်ဦးစီ များလာရင်၊ စိတ်ဓာတ်နဲ့ အကျင့်ကို တန်ဘိုးထားတဲ့အလုပ်ရှင်တွေ များလာရင်တော့ မြန်မာပြည်ကြိး မြန်မြန်တိုးတက်လာမှာ…”

        ဟုတ်တယ် …ဒို့လည်းထောက်ခံတယ်…မတရားတာမြင်ရင် ငြိမ်မခံနေနိုင်လွန်းတဲ့ ကိုယ့်အကျင့်ကြောင် နည်းနည်းတော့ လူအမြင်ကတ်စရာဖြစ်တာပေါ့…အလုပ်ကောင်းမှာ နေရာကောင်းရလို့ ဝမ်းသာပါတယ် ဆုရေ…။

      • Tawwin Pan

        March 23, 2017 at 5:50 pm

        Under Table မပေးဘူးဆိုရင် Stay Permit Extension လုပ်တဲ့အချိန်ကျရင်ကော….ညီမတို့ရုံးက မပေးကြဘူးတဲ့လား…
        အစ်မတို့လုပ်တုန်းက ပေးကိုပေးရတာ……ကိုယ်က မပေးချင်တော့ ဥက္ကဌရုံးခန်းကိုတောင်လှမ်းပြောတာ…
        ပေးဆိုတော့လည်းပေးလိုက်ဆိုလို့ ပေးနေရတာ…..
        တောင်းတာများလွန်းလို့ ရန်တောင်ဖြစ်ရသေး……နောက်ဆုံးမနည်းပြောမှ လျှော့သွားတာ…..
        င်္ဒီကြားထဲ FRC က ပျောက်တယ်ဆိုတာ ခဏခဏ…
        ကိုယ့်ဘက်ကလူကိုမေးရင်လည်း လေဆိပ်မှာ သေချာပေးခဲ့ရတယ်ပြော….
        ဒီရုံးကလူတွေကလည်း မရှိဘူးပြောနဲ့…..
        နောက်ဆုံး အသစ်ပြန်လျှောက်ရ Under Table ကြေးပေးရနဲ့….
        ဒီကြားထဲ အဲ Passport စာအုပ်တွေ မိတ္တူပြေးဆွဲရနဲ့ ညကိုးနာရီကျော်လည်း အိမ်မပြန်ရ…
        Passport စာအုပ်ထားခဲ့မယ်ဆိုလည်း တာဝန်မခံနဲ့…..
        နောက်ဆုံး အဲရုံးမှာ သူတို့အလုပ်တွေ ဝိုင်းလုပ်ပေးနေရတယ်…..

  • ဇီဇီ

    March 6, 2017 at 12:50 pm

    သိပ်တော်တဲ့ ညီမလေးး
    ရေးထားတာ ရှင်းပြထားတာ သဘောပေါက်လွယ်ထာ။

    အမှန်က လော တွေက ကောင်းကောင်းမွန်မွန် ရှိပြီးသားး
    လိုက်နာတဲ့သူတွေ ကောင်းကောင်းမွန်မွန်မရှိလို့ စံနစ်ပျက်ဖစ်နာ။

    :a:

  • Kaung Kin Pyar

    March 6, 2017 at 1:08 pm

    ပိတ်ရက်အချိန်ပေးပြီး ရေးရတာ.. အားရှိသွားပြီ….။ နောက်ထပ် Part-2 တွေ Part-3 တွေလဲ လာပါ့မယ်…။ အောက်ဆုံးတစ်ခုနဲ့ ပတ်သက်ပြီး Child Labour ကိစ္စလေး နည်းနည်းထပ်ပွားချင်သေးလို့…။
    ဒီမှာက Under Table တွေ အသားကျနေတော့ စနစ်ပျက်ဖြစ်နေတာ မဆန်းဘူးရယ်…။ ဒါတောင် ဒီအစိုးရလက်ထပ်မှာ တော်တော်လေး တင်းကြပ်လိုက်လို့သာ…၊ တစ်ခြားအသားကျပြီးသားနိုင်ငံတွေမှာတော့ Law တွေ စနစ်တွေက အသက်ဝင်ကြတယ်..။
    ဒီမှာလဲ ဒီလိုပဲ အလုပ်ရှင်အလုပ်သမား အဆင်ပြေပြီး မျှတတဲ့ စနစ်တွေ မြန်မြန်အသက်ဝင်ဖို့ မျှော်လင့်ပါတယ်…

  • မင်း ခန့် ကျော်

    March 7, 2017 at 3:33 pm

    အလုပ်ရှင်အလုပ်သမား ပြသနာတက်ပြီဆိုရင်
    အလုပ်ရှင် အလုပ်သမား တွေ ဖြန်ဖြေရေးကနေတဆင့်
    သွားကြရပါတယ်၊
    အဲဒါလေးကိုလည်း ရှင်းရှင်းလင်းလင်း သိချင်ပါသေးတယ်။
    အပိုင်း(၁) ကို ကော်ပီ နဲ့ လင့်နဲ့တွဲပြီး fb မှာ ရှယ် သိမ်းသိမ်း
    ထားပါတယ်။
    အပိုင်း (၂) ကို မျော်ရင်း………..။

  • Kaung Kin Pyar

    March 7, 2017 at 4:09 pm

    ဟုတ်ကဲ့…
    အဲ့ဒါက Labour Dispute ထဲမှာ ပါပါ့မယ် ကိုမင်းခန့်ကျော်…။
    အရေးကြီးလို့ဖြစ်စေ..၊ အသေးစိတ်သိဖို့ လိုရင်ဖြစ်စေ..ပြောပါ..။ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်ပါ ပေးပါ့မယ်လို့…။

  • ကထူးဆန်း

    March 13, 2017 at 9:34 am

    တစ်ခု မေး ချင်ပါတယ် kkp … ဒီ law က အလုပ်ရှင် အလုပ်သမား fair ဖြစ်မဖြစ် ….:) 🙂

    • Kaung Kin Pyar

      March 15, 2017 at 11:09 am

      ဒါက ဝန်ကြီးဌာနက ချမှတ်ထားတဲ့ အနိမ့်ဆုံး ခံစားခွင့်တွေပါ…။ ဘောင်တစ်ခု ကာလိုက်သလိုမျိုး ဒီထက်တော့ လျော့လို့မရဆိုတဲ့ သဘောမျိုးပါပဲ…။ ကုမ္ပဏီဘက်က ကျေနပ်လို့ဖြစ်စေ၊ ဝန်ထမ်း Motivation အတွက်ဖြစ်စေ.. ဒီထက် ပိုခံစားခွင့်ပေးမယ်ဆိုရင်လဲ ရပါတယ်..။
      Fair ဖြစ်တယ် မဖြစ်ဘူး ပြောဖို့ကတော့ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူနိုင်…။ ပိုလိုချင်တဲ့သူကတော့ Fair မဖြစ်ဘူးဖြစ်မှာပဲ၊ ပိုမပေးချင်တဲ့သူဘက်ကလဲ Fair တယ် ဖြစ်မှာဆိုတော့ကာ….။

  • A mar nyo

    March 13, 2017 at 9:59 am

    ကျေးဇူးအများကြီးတင်ပါတယ်အစ်မကောင်းကင်ပြာရယ်ရုံးမှာက ဒါတွေကိုမသိကြဘူး ဝန်ထမ်းလည်းနည်းတော့

    • Kaung Kin Pyar

      March 15, 2017 at 11:12 am

      အားရှိသွားပြီ… :k:

  • Poem Moe

    March 13, 2017 at 10:49 am

    ကျေးဇူး တင်ပါတယ် အစ်မရေ ညီမက အခုမှ HR နယ်ပယ်ကိုဝင်မှာမို့ HR နှင့် ပတ်သတ်တာလေးတွေ အများကြီး ဖတ်ချင်လို့ part 2 / part 3 တွေ တင်ပေးပါအုံးနော် ကျေးဇူးပါရှင့်

  • Kaung Kin Pyar

    March 15, 2017 at 11:34 am

    ကြိုဆိုပါတယ် ညီမလေးရေ…။ လိုအပ်တဲ့အကူအညီရှိရင်လဲ ပြောပါ…။ Part-2/ 3 လဲ မြန်မြန်တင်ဖြစ်အောင် ကွကိုယ် တွန်းပါဦးမယ်.. :k:
    စဆရက လုပ်တာတော့မဟုတ်ပါ…။ HR Field ထဲ ဝင်မယ်ဆိုရင် HR Sense ရှိဖို့တော့ လိုပါတယ်…။ ငါ Management ပဲ၊ စည်းကမ်းဖောက်လို့ကတော့ သေပြီသာမှတ်ဆိုတာမျိုးဆိုရင်တော့ ငပွကြီး ဖြစ်သွားလိမ့်မယ်..။
    အလုပ်ရှင်ဘက်ကချည်း နေမယ်၊ အလုပ်သမား ဘာဖြစ်ဖြစ်ဆိုရင်လဲ ချောင်းရိုက်ခံရကိန်း ရှိပါတယ်..။ (ကိုယ့်လိပ်ပြာလဲ ကိုယ်မလုံနိုင်တာမို့…)
    အလုပ်သမားတွေ သနားစရာ၊ အခွင့်အရေး တိုက်ယူပေးမှပါဆိုရင်လဲ ပြုတ်စော်နံပါလိမ့်မယ်..။
    Management နဲ့ ဝန်ထမ်းကြား နေတတ်မှသာပါ..။
    ဝန်ထမ်းတွေ ပိုပျော်လာအောင်၊ Motivation ဖြစ်လာအောင်၊ Skill တွေ ပိုတက်လာအောင် Supporting ပေးနိုင်မှသာ ကိုယ့် Performance တက်ပါလိမ့်မယ်…။
    မလိုလားအပ်တာတွေ ကြိုတားနိုင်အောင် ဝန်ထမ်းတွေဘက်က ကိုယ့်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုလို့ရပါလားဆိုတာ သိအောင် ဖွင့်ပေးတတ်ရသလို…. လိုအပ်ရင်လဲ ပြတ်ပြတ်သားသားပြောဖို့ ဝန်လေးလို့ မရနေဘူးရယ်…။ အချက်အလက်အကိုးအကားနဲ့ ပြောနိုင်မှလဲ…ရုံးရောက်ဂတ်ရောက် နည်းမှာပါ….။
    အလုပ်က သင်ပေးသွားပါလိမ့်မယ်.. ညီမရေ…။ တစ်ရွာထဲသားချင်းပဲ…၊ ကူနိုင်တာရှိရင် ပြောပါ…လို့…

    • ဦးကြောင်ကြီး

      March 19, 2017 at 12:50 pm

      အခြစ်အလေကြာင်း ဒူးတိုက် ဆွေးနွေးလို့ရမလား ကင်းကောင်ဘီလူး

  • သျှားသက်မာန်

    March 17, 2017 at 1:33 pm

    အဲဒါတွေသိပြီးသားဗျ..

    • Kaung Kin Pyar

      March 18, 2017 at 1:26 am

      ကျော် ဖတ် လေ…

      ခေါင်းစဉ်မှာကိုက Myanmar Labour Law လို့ ဒဲ့ရေးထားပါတယ်… lol:)))

    • ဦးကြောင်ကြီး

      March 19, 2017 at 12:51 pm

      ၂ယောက်စလုံးကို တီးခြင်သာ…

  • Molly

    August 21, 2017 at 4:50 pm

    Dear Sis,

    We are Representative office and we do market survey for our parent company .
    When we recruit new staff, we make employment contract. For working hour we would like to adjust as follow:

    As for an employee, regular working hour per day is 8 hours and prescribed not to exceed 48 hours per week. Due to work nature, relating with those types of works required to run incessantly, it is designated not to exceed 48 hours per week. Regular working hour is prescribed as follow:

    For office employee
    Regular/Shift: Regular 8 hours per day, 48 hours per week.
    Work starting time: 8:30 AM, Work closing time: 17:30 PM
    Recess from (—————–) hr to (——————-) hr.
    Meal time from 12:00 AM to 13:00 PM.

    For production employee
    Regular/Shift: Regular 8 hours per day, 48 hours per week.
    Work starting time: According to the production shift and rotation scheduling.
    Recess from (—————–) hr to (——————-) hr.
    Meal time: One hour in the middle of the shift.

    For sales employee
    Regular/Shift: Regular 8 hours per day, 48 hours per week.
    Work starting time: As theo job required.
    Recess from (—————–) hr to (——————-) hr.
    Meal time from 12:00 AM to 13:00 PM.

    The original of the working hour is as follow:
    6. Working hour
    As for an employee, regular working hour per day is 8 hours and prescribed not to exceed 44 hours per week. Due to work nature, relating with those types of works required to run incessantly, it is designated not to exceed 48 hours per week. Regular working hour is prescribed as follow:
    Regular/Shift: Regular 8 hours per day, 44 hours per week.
    Work starting time: 8:30 AM, Work closing time: 17:30 PM
    Recess from (—————–) hr to (——————-) hr.
    Meal time from 12:00 AM to 13:00 PM.

    We can adjust like that or not?

    Thanks,
    Molly
    1994mollymolly@gmail.com

Leave a Reply