ဂါရဝ တဲ့..
သီတင်းကျွတ်ပြီဆိုတော့ ဂါရတာတွေ များပါတယ်…..။ တချို့အဂါမတတ်လို့…စေတနာက ဝေဒနာဖြစ်ကုန်ရော့…။
အဖေ့သူငယ်ချင်းတစ်ယောက်နှယ်.. သူ့လူကြီးကို ဆရာတော်ဦးဇောတိကရဲ့ “အရှုပ်ထဲမှာ ရှင်းအောင်နေ” ဆိုတဲ့စာအုပ်လေး ဖတ်ကောင်းလို့ ဂါတဲ့ထဲထည့် သွားကန်တော့မိတာ.. သူ့စော်ကားတာလားဆိုပြီး အဲ့ဒီစာအုပ်နဲ့ ကောက်ပေါက်ခြင်းခံရပါရော့…
၁။ ဂါရဝအမှားတွေ
လူပုံအလယ်မှာချီးကျူးခံရတာနှစ်သက်သူကို တိုးတိုးတိတ်တိတ်အသိအမှတ်ပြုရင် သူ့ရဲ့စွမ်းဆောင်ချက်ကပဲ မထိုက်တန်လို့လားလို့ သံသယဝင်တတ်ပါတယ်။ တစ်ခါ ကားငှားစီးတုန်းက Taxi မောင်းသူက အရင်ကုမ္ပဏီကြီးတစ်ခုမယ် ၈နှစ်လုပ်ခဲ့ပြီး ကားမောင်းသူအဆင့်က လက်ထောက်မန်နေဂျာထိ ရောက်ခဲ့တာပြောပြတယ်..။ သူတော်လေတော့ သူ့လူကြီး ဗလချိုက်က မထွက်စေချင်တာနဲ့ပဲ မုန့်ဖိုးသဘောမျိုး လတိုင်း 100 စ 150 စ တိုးတိုးတိတ်တိတ် ပေးတတ်သတဲ့…။ အဲ့ခေတ်တုန်းက ဒေါ်လှကြီးခေတ်ကောင်းချိန်ဆိုတော့ ဘာပြောကောင်းမလဲ…။ သူဘယ်လို လစာထဲထည့်ပေးဖို့ပြောပေမယ့်.. ဒီလို တိုးတိုးတိတ်တိတ်ချည်း ပေးနေလို့ပဲ ထွက်ခဲ့ပါတယ်တဲ့….။
ဘေးလူတစ်ယောက်အနေနဲ့တော့ ရတာက ရတာပေမယ့်… တချို့ခံစားချက်တွေက အကန့်အသတ်ရှိပြီး..ကာယကံရှင်က အထိခိုက်မခံနိုင်တဲ့ နယ်ပယ်တွေလဲ ဖြစ်နေတတ်တာကိုးလေ…..
အခြားတစ်ဖက်မှာတော့ ရှက်တတ်သူကို လူကြားသူကြား ချီးကျူးဩဘာတွေပေးတော့ မနေတတ်မထိုင်တတ်ဖြစ်တတ်ကြတယ် (ဒါတော့ ရှားပါတယ်…)
ဒီလိုပဲ ကိုယ့်ရဲ့ဆရာသမား၊ အကြီးအကဲတွေထဲမှာ “ဒါတွေမလိုပါဘူး၊ ကန်တော့ကို မခံချင်တာ” ဆိုသူတွေရှိနိုင်ပါသေးတယ်။ အဲ…ဒါကတော့ အသက်နည်းနည်းငယ်ပြီး ကိုယ့်ကိုယ်ကို မအိုသေးလို့ ခံစားကြသူတွေထဲက ပိုများမယ်ထင့်…
၂။ Non-specific ဂါရဝ
ဆရာ့ကို ဂါရဝပြုချင်လို့ပါဆိုရင် ကောင်းပါတယ်။
အဲ့ဒါထက်စာရင် ဆရာဟိုတစ်ခါပြောလိုက်တဲ့ စကားလေ.. “…………………………………….”
အဲ့ဒီအတိုင်း လုပ်ဖြစ်နေပါတယ်…။ အရမ်း တန်ဖိုးရှိလို့..တခြားအသိသူငယ်ချင်းတွေကိုလဲ ပြန်ပြီးပြောဖြစ်တယ်…ဆိုတာမျိုးက ဆရာ့အတွက် လက်ဆောင်ပစ္စည်းတွေထက် ပိုပြီး စိတ်ကျေနပ်စရာကောင်းပါလိမ့်မယ်..။
ကိုယ်တကယ် ဂါရဝပြုထိုက် လေးစားထိုက်တဲ့ တန်ဖိုးရှိတဲ့လူတွေသာဖြစ်မယ်ဆိုရင် ဒီလို သီးသန့်ဆန်တဲ့ အမှတ်တရတစ်ခုခုတော့ ရှိကိုရှိခဲ့မှာပါ…။
၃။ Check-the-box ဂါရဝ
သီတင်းကျွတ်ကာလဖြစ်လေတော့…ဒီရက်ပိုင်း တနေ့တနေ့ တစိမ့်စိမ့်ကြည့်ဖြစ်နေတဲ့ထဲမယ်.. အဖေ့ကို လာဂါကြသူတွေလဲ ပါတယ်.. (တချို့တွေတော့လဲ အိမ်မှာရှိသမျှကလေး ခေါ်လာပေါ့… ထားတော့…)
စက်ရုံကထုတ်လိုက်တဲ့ ပစ္စည်းတွေလိုပါပဲ… အပြင်က ပါကင်သာ ကွာမယ်..အထဲက ဟာတွေကတော့ တပုံစံတည်းပဲ….။ ဒီလိုလာ ဒီလိုအလွတ်ကျက်ထားတဲ့ အလာပ သလာပတွေပြော၊ ဒီလို ဖောလိုလိုက်ပြီး…ဒီအတိုင်း ပြုံးပြ ပြန်သွားကြတာပဲ…။
အဖေလဲ ဘယ်သူလာလာ ဒီအတိုင်းပြောပြီး… ဒီအတိုင်း ဩဝါဒချွေတာပဲ…။ တချို့စကားတွေဆို အလွတ်တောင်ရ…။ ငါလဲ ဒါပဲပြောနေကျ တဲ့..အဖေက..
အလုပ်သဘောဆန်တဲ့ အပေးအယူတွေနဲ့ အလုပ်သဘောအရ ပေးကြ၊ ယူကြ၊ ကျေးဇူးတင်ကြ..
တချို့တလေလောက်သာ စကားလက်ဆုံကျပြီး..စိတ်ပါလက်ပါ ဖြစ်တာ မြင်ရတယ်…။
သိပ်ချစ်စရာကောင်းတဲ့ မြန်မာတွေရဲ့ ဂါရဝမှာလဲ…အဆိပ်အတောက်တွေ ရောနေတာ သေချာမြင်နေရ…
ဒါကလဲ ထုံးတမ်းအစဉ်အလာမဟုတ်လားးးလေ..
ကိုယ်တိုင်ရော..???
ကန်တော့ချင်တဲ့သူကိုကန်တော့ပြီး… မကန်တော့ချင်တဲ့သူကိုတော့… ဘာနဲ့ခြောက်ခြောက် မကန်တော့ဖြစ်…။ အမျိုးအဆွေတွေကိုရော…
အမေ ပစ္စည်းအပြည့်အစုံဝယ်ပေးပြီး နင်က ထိုင်ကန်တော့ရုံလို့ ပြောတာတောင် ပေကပ်ကပ်လုပ်လွန်းလို့ ခဏခဏ မျက်စောင်းထိုးခြင်း ခံရတယ်..။ အသက်ကြီးလို့ လူကြီးဖြစ်နေတာလို့များပြောမိရင် ခေါင်းခေါက်ခံရပြီပဲ…
ဒါလဲ..ခုထိတော့ ခေါင်းမာနေတုန်း…။ လူမှုရေးတွေ၊ အလုပ်သဘောတွေကြားမယ်..ဘယ်အသက်ရွယ်ထိတော့ တင်းခံနိုင်မလဲတော့ မသိဘူး….
ဂါရဝတရားဆိုတာ မိမိရဲ့ရွေးချယ်မှု (Choice) ပဲဖြစ်သင့်တယ်။ တာဝန် (Obligation) လုံးဝမဟုတ်ဘူးလေ…။
ကောင်းကင်ပြာ
29 comments
ဇီဇီခင်ဇော်
November 2, 2015 at 1:45 pm
ကာလ အရ ဂါ ကြ တဲ့
ဂါရဝ အယောင်ဆောင် တွေ များလာတဲ့ အခါ
ရောထွေးမှာစိုးစိတ်နဲ့ ဂါရဝ အစစ် ကို ပြရမှာ ရှက်တဲ့ သူတွေ များလာမှာတော့ ကြောက်မိသားး
ကိုယ်တိုင်ကလည်း အဲဒီလိုဖြစ်နေပြီ။
:a:
Kaung Kin Pyar
November 2, 2015 at 1:54 pm
ဒီခေတ်ကြီးမှာ ရိုးသားဖို့ထက် ခိုးစားတတ်ဖို့လိုနေတော့လဲ တကယ်ဂါရဝ ပြုချင်စရာတွေက တဖြည်းဖြည်း ရှားပါလာတယ်..
အရင်တုန်းက လူကြီးတွေ၊ ဆရာဆရာမတွေ၊ အစိုးရဝန်ထမ်းတွေများ.. သိပ်ရိုးသားကြတာတဲ့… အမေပြောလို့ကြားဖူးတာပါ…
လူတွေရဲ့ စိတ်ဓာတ်ကို ငွေကို မြင်တတ်အောင် လာဘ်ပေးလာဘ်ယူတို့ကို ခုံမင်တတ်အောင် စနစ်တကျဖျက်ဆီးခဲ့ကြတဲ့… အဘတို့..ကျန်းမာချမ်းသာကြပါဇီ…
ဂျက်စပဲရိုး
November 2, 2015 at 2:34 pm
မနှစ်က အမေတို့ နယ် က ဆရာကန်တော့ပွဲ ကို လိုက်သွားမိတယ်။
အမေ့ တပည့် ဆိုတာတွေက အမေ့ထက် ငယ်ရင် လေးငါး ဆယ်နှစ်ပဲ။
တွေ့တာနဲ့ ဝမ်းသာအယ်လဲ ဆရာမ ဆရာမ ဆိုပြီး ဝိုင်းလာကြ၊ ကလေး တွေ လိုပဲ လက်အုပ်လေး ချီ ပြီး စကားပြောကြတာ မြင်ရတာ အတော် ဝမ်းသာတယ်။
ကိုယ်တွေ မှာ အဲ့လို မြင်လိုက်တာနဲ့ ဝရုန်းသုန်းကား ပြေးကြို ချင်တဲ့ ဆရာမ အတော် ရှားနေပြီ။ (ရှိတော့ ရှိပါတယ်လေ တချို့ဆရာမတွေ ဆိုရင် ခုထိ သွားလည်နေတုန်း)
အသက် ၇၀၊၈ဝတန်း အဖိုးကြီး အဖွားကြီး တွေကို
အသက် ၆၀၊ ၆၅ ဝန်းကျင် အဖိုးကြီး အဖွားကြီး တွေက ထိုင်ကန်တော့ နေတာ မြင်ရတော့ ပီတိ တွေ ဖြစ်လို့ း)
Kaung Kin Pyar
November 2, 2015 at 3:10 pm
ဒီလို မြင်ကွင်းမျိုး သိပ်ကြည်နူးစရာကောင်းမှာ….။ အမေတို့လဲ အမေတို့ရဲ့ဆရာ ဆရာမတွေကို ခုထိလေးလေးစားစား ကန်တော့တုန်းပဲ…
ဒါမြင်ကွင်းမျိုးက ဓာတ်ပုံရိုက်ပြီး အမှတ်တရအနေနဲ့ သိမ်းထားရမှာ…ဦးဂျက်ရ..
ကိုပေါက်(မန္တလေး)
November 2, 2015 at 2:52 pm
ဒီမှာတော့ သီတင်းကျွတ်ဆိုရင် Gold Reserve ဆိုတဲ့ အရက်ပုလင်းတွေအရမ်းရောင်းကောင်းတာ
လူကြီးကန့်တော့ တဲ့ ခြင်းထဲ ထည့် တာလေ
Kaung Kin Pyar
November 2, 2015 at 3:13 pm
ဟုတ်တယ် လေးပေါက်…။ ဆိုင်က အသင့်ပြင်ပြီးသား တချို့ခြင်းတွေက Expire တွေပါလာတတ်တယ်…။ ကိုယ်တိုင်ရွေးထားတာကို ကိုယ်တိုင်ဘေးက သေချာထုတ်ပိုးခိုင်းတာကတော့ အသေချာဆုံးပဲ…
ကြောင်ဝတုတ်
November 5, 2015 at 2:18 am
Expire ဖြစ်တဲ့ အရက်ပုလင်းလေးများရှိရင်… ဒီဘက်ကိုပေးလိုက်စမ်းပါကွယ်…
Expire ဖြစ်လေ… ကြိုက်လေပါပဲနော်…
ခင်မင်လျက်-
ဖက်ဖက်ကက်
Kaung Kin Pyar
November 6, 2015 at 4:36 pm
အရက်ပုလင်းကတော့ Expire ဖြစ်ခွင့်တောင် မရလိုက်ဘူးရယ်… :k:
မြစပဲရိုး
November 2, 2015 at 3:08 pm
အတွေးလေးက ကောင်းလိုက်တာ။ :-))
ရလို မှု တစ်ခု အတွက် ပေးလိုက်တဲ့ ဂါရဝ က မလှပ ပါဘူး။
ရလိုမှု မပါဘဲ ချစ်ခင်မှု ကို ပြဖို့ပေးတဲ့ ဂါရဝ က လှပ ပါတယ်။
တကယ်တော့ ကန်တော့ခံသူ မှာ လေးစားလောက်တဲ့ အရည်အချင်း ရှိသင့်ပါတယ်။
ဒါကြောင့် ဆရာ တွေ၊ မိဘ တွေ ကို ကန်တော့ တာ လက်ခံပါတယ်။
ဒီမှာလဲ ခရစ်စမတ် ကာလ ဆရာတွေ ကို လက်ဆောင်ပေးလေ့ ရှိသားပါ။
အလုပ် တွေ မှာတော့ Boss ကို ဖားပြီး တော့ မပေးကြပါဘူး။ ဖားဖို့လဲ လိုလဲ လိုမှ မလိုတာ။
Boss အပါအဝင် အချင်းချင်း secret santa အပြန်အလှန် လက်ဆောင်လဲ ကြတာဘဲ ရှိတယ်။
Kaung Kin Pyar
November 2, 2015 at 3:18 pm
ရလို မှု တစ်ခု အတွက် ပေးလိုက်တဲ့ ဂါရဝ က မလှပ ပါဘူး။
ရလိုမှု မပါဘဲ ချစ်ခင်မှု ကို ပြဖို့ပေးတဲ့ ဂါရဝ က လှပ ပါတယ်။
ဟုတ်လိုက်တာ အရီးရယ်…
အရီးတို့ဆီမယ် ဖားဖို့မလိုပေမယ့် ဒီမှာက အစဉ်အလာတစ်ခုလို ဖြစ်နေတာလေ….။ အစိုးရဝန်ထမ်းတွေဆို ပိုဆိုးသေးတာ..
စစ်တပ်ဘက်ဆို ပိုပိုဆိုးသေးတယ်…။ မကန်တော့ဖြစ်ရင်…ကန်တော့ပစ္စည်းပုံမလာရင်.. အဲ့ဒီလူ သင်တန်းနဲ့ ရှေ့တန်း တစ်ခုခုဖြစ်ပြီပဲ….။
အဲ.. တော်ပါပြီလေ..
ဟိုးအရင်တုန်းကလို..သန့်ရှင်းတဲ့ လူကြီးပိုင်းတွေ၊ ဆရာ ဆရာမပိုင်းတွေကို မေတ္တာနဲ့ အချစ်နဲ့ ကန်တော့တဲ့မြင်ကွင်းမျိုး နှစ်တိုင်းမြင်ချင်ပါရဲ့…အရီးရယ်
kai
November 2, 2015 at 4:09 pm
လူ့အခွင့်အရေးကိုချိုးဖေါက်နေတဲ့..အဲဒီ … ယဉ်ကျေးမှုဓလေ့ကို.. ဖျက်ပစ်ရမယ်ယူဆပါတယ်..။
အဲလိုပြောလို့.. အသိအမှတ်မပြုရတော့ဘူးလားဆိုတော့.. မဟုတ်..။
အဖြူမဟုတ်ရင်..အမဲမဖြစ်သင့်…
ကြားထဲမှာ.. အရောင်စုံရှိပါ့…။
ဆရာ-တပည့်..။ မိဘ-သားသမီး၊ ဘုန်းကြီး-တကာ..။ အပြန်အလှန်လေးစားမှု.. ရှိသင့်..။
ကိုပေါက်(မန္တလေး)
November 2, 2015 at 4:32 pm
မိမိရယူလိုမူ့အတွက် တမင်ဖားပြီး ကန့်တော့တဲ့အကျင့်ဆိုးကြီးခေတ်စားလာတဲ့အခါ
လေးစားချစ်ခင်မူ့ကြောင့် ကန့်တော့ကြတဲ့ လှပသော ရိုးရာ အစဉ်အလာတစ်ခု ပျက်သွားပါတယ်
Kaung Kin Pyar
November 2, 2015 at 4:13 pm
ခုက ကြားရောင်များနေတာ သဂျီးရဲ့…
ကလေးတွေကလဲ ဘယ်လောက်ပေးရင် ဘယ်လောက်ပြန်ရမလဲ ဂဏန်းတွက်စက်ခေါက်နေကြ၊ ပေါချောင်ကောင်းဆိုင်ရှာကြနဲ့..
လူကြီးတွေကလဲ .. ဘယ်လောက်ပေးရင် ဘယ်လောက်ပြန်ရနိုင်မလဲ.. တွက်ချက်နေကြတာ…
လေးစားသမှုနဲ့ ချစ်ကြည်စွာ ဂါရဝပြုကြတဲ့ ရိုးရာက ခုတော့…..
အရောင်စုံ.. ကာလာစုံ.. လောဘအစုံပဲ…
kai
November 2, 2015 at 4:20 pm
လာဘ်ပေးလာဘ်ယူကို.. ယဉ်ကျေးမှုမျက်နှာဖုံးတပ်ပြီး.. မွေးယူနေသလိုပဲ..
ထွက်လာတော့.. ဘီလူး..။
Alinsett @ Maung Thura
November 3, 2015 at 11:44 am
.ကောင်းကင်ပြာကို ဒီပိုစ့် ဖတ်ရတဲ့ ကျေးဇူးနဲ့ တင် ဂါ လိုက်ချင်တော့တယ်..။
.ဂါ ဗျဇီ….
:k:
တောတွင်းပျော်
November 10, 2015 at 12:28 pm
ဂါ မယ်ဆိုလည်းလည်း ဂါ ပေါ ့။
ကောင်းကင်ပြာက Expire တွေ မကြိုက်ဘူးတဲ ့။
သတိထား…
Kaung Kin Pyar
November 3, 2015 at 12:13 pm
ဒါဆိုလဲ ခွေးလွှတ်ရမှာပေါ့ သားရယ်…
:k:
naywoon ni
November 3, 2015 at 3:35 pm
ပန်ထိမ်မတတ်ခင် ရွှေခိုးသင်ဆိုသလို ကိုယ်က ဂါချင်တာက နည်းနည်း ကိုယ့်ပြန်အဂါခံချင်တာများများ ဗဟု ယဉ်ကျေးမှုထဲက မလိုတာတွေ ဖြုတ်ကြစို့ 🙂
Kaung Kin Pyar
November 3, 2015 at 4:21 pm
အရိုးစွဲနေတဲ့…သွယ်ဝိုက်သော လာဘ်ပေးလာဘ်ယူမှုကြီးထဲ ပျော်မွေ့နေကြတဲ့ အစဉ်အလာတစ်ခုကို ဖြုတ်ပစ်ဖို့က အတော်လေးတော့ မလွယ်သေးဘူး ထင်ပါတယ် ဆရာနေရယ်…။ အမိန့်နဲ့အုပ်ချုပ်တဲ့ ဝန်ထမ်းလောကကိုထား၊ အပြင် ဘစ်စနက်လောကကြီးမယ်တောင်…..
ချစ်ဖွယ်ကောင်းသော .. တကယ်မြတ်နိုးလို့ ကျေးဇူးသိတတ်လို့ ချစ်လို့ ကန်တော့ကြတဲ့ ယဉ်ကျေးမှုတွေထက် အပေါ်ယံသကာဖုံးနေတာလေး သွားမြင်မိခဲ့တာရယ်…
စိတ်မကောင်းရုံမှအပ…..
kai
November 4, 2015 at 12:26 am
ဘယ်သူမှမဖြုတ်ချင်နေ… ဆရာနေလို.. ကိုယ်တိုင်ကစဖြုတ်လိုက်ပေါ့…။
စိတ်မကောင်းနေလို့.. ဆုတောင်းနေလို့… မိုးနတ်မင်းကြီးဆီကတောင်းလို့.. အဲဒီဓလေ့ပြုတ်သွားမယ်မဟုတ်..။
ကိုယ်တိုင်တဦးစီကဖြုတ်.. ပြုတ်…။
ဒါလေးများ..။ :k:
အဲဒီဓလေ့က.. လူသားအချင်းချင်း… အဆင့်ဇတ်ခွဲတာကနေလာတာပဲ..။
စကတည်းကိုက.. မဟုတ်..။ လူသားအခွင့်အရေးချိုးဖေါက်နေတာဖြစ်ပါတယ်..။
လူ့အခွင့်အရေးကို.. ကိုယ်ကလိုချင်.. ကိုယ်တိုင်က”စ”ပြင်ရတာပါ…။
တကယ်မြတ်နိုး..ကျေးဇူးသိတတ်.. လေးစားချစ်ခင်.. အဲဒါတွေက.. မျက်နှာဖုံးတတ်ထားတာပဲ..။
Kaung Kin Pyar
November 4, 2015 at 9:26 am
လူ့တန်ဖိုးအကြောင်း ကောင်းကောင်းသိပြီး.. လူအချင်းချင်းခွဲခြားဆက်ဆံမှုမရှိတဲ့နေရာမှာ နေနေတော့လဲ ပြောပေါ့သဂျီးရယ်…။ ရွှေပြည်ကြီးကိုလဲ ပြန်လာကြည့်လှည့်ပါအူးးးးး အဘတွေ နှစ်နဲ့ချီ စနစ်တကျဖျက်ဆီးထားလို့ အသားကျနေတာတွေ တော်ရုံလားလို့…
တကိုယ်တော် ဆန့်ကျင်အာခံနိုင်ဖို့ဆိုတာ နောက်ကျောတောင့်ပြီး ဗျူဟာလဲ ကောင်းမှ ရမှာ…။ မဟုတ်ရင် ဖီဆန်သူ သိုးမည်းဖြစ်ပြီ…။
အဘတွေကျေးဇူးကြီးလို့ ကောသလမင်းအိပ်မက်တွေက မြန်မာပြည်ကြီးက အရင် စ မှာသဂျီးရဲ့..။ ခုတော့ သိပ်မကြာခင် ပြောင်းလဲမှာတွေ စောင့်ကြည့်နေတုန်းရယ်…။
kai
November 4, 2015 at 10:57 am
အဘတွေဆိုတာက.. အဲဒီဓလေ့ကပေါက်ဖွားလာတဲ့..အစွန်းထွက်မျှသာပါပဲ…
မြန်မာပြည်အခုလိုဖြစ်နေတာ… စနစ်ကြောင့်မဟုတ်…။
မြန်မာပြည်ဟာ… ရှင်ကြီးဝမ်းလည်းဝင်ခဲ့ဖူး..ရှင်ငယ်ဝမ်းလည်း…ဝင်ခဲ့ဖူးပြီ…။
သက်ဦးဆံပိုင်ပဒေသရာဇ်ကစလို့..ကိုလိုနီ..ပါလီမန်ဒီမိုကရေစီ.. ကွန်မြူနစ်..ဆိုရှယ်လစ်..စစ်အာဏာရှင်.. စနစ်ပေါင်းစုံလည်းကြုံခဲ့ဖူးပြီ…။
အာဏာရှင်စနစ်ဆိုတာဟာ.. ဘာသာရေးအလွဲယူ… ယဉ်ကျေးမှုဓလေ့ကပေါက်ဖွားလာတဲ့.. အစွန်းထွက်မျှသာ…။
ဒါကိုမပြင်ကြ.. ယဉ်ကျေးမှုတော်လှန်ရေးမလုပ်ကြရင်… ဒေါ်စုတို့အာဏာရလည်း…
လက်၁ဝချောင်းနဲ့.. ၁ခါ..၂ခါ..၃ခါ… :k:
naywoon ni
November 4, 2015 at 11:08 pm
ကျနော်က ပြောင်းလဲ ချိန်တန်ပြီ ဆိုတာကို နားလည်တာက
၁။ ဘာသာရေး
၂။ ဓလေ့ထုံးစံ
၃။လူမှုရေး
၄။စီးပွားရေး
၅။ပညာရေး
၆။ကျန်းမာရေး ကစလ်ို့ အရာရာ ပြောင်းလဲဖို့ အချိန်တန်ပြီလို့ ယူဆလို့ လက်ခံတာ ။
အပိုအရှုပ် မလိုဖြုတ်စို့
ခင်ဗျားတို့ ကျုပ်တို့ အားလုံးသတိ ။
ကိုလေး ( အင်းဝဂုဏ်ရည် )
Ma Ma
November 5, 2015 at 6:04 am
လောကသဘာဝအရ လောကကြီးမှာ ကိုယ့်စိတ်တိုင်းကျချည်း မဖြစ်နိုင်လေတော့……………..
လေးစားချစ်ခင်မှု့ကြောင့် ဂါ ရတာလည်းပါ၊
မချစ်သော်လည်း အောင့်ကာနမ်းသလို ဓလေ့ထုံးစံအတိုင်း ဂါ ရတာလည်းပါတာပဲပေ့ါ။
ဂျက်စပဲရိုး
November 5, 2015 at 10:43 am
အမေ ပြောဖူးတယ်။
အရင်တုန်းက ဂါတယ် ဆိုတာက တကယ့် ကို စေတနာ အပြည့်နဲ့ ရိုရိုသေသေ ဂါတာ။
နောက်ပိုင်းကျတော့ (ကျောင်းဆရာမ ရှုထောင့် ကပေါ့လေ)
ဒီကလေးကတော့ ငါ့ကို ဂါထားတယ်။ အဲဒီတော့ သူ့ ကို နည်းနည်း ဂရုပြုမိ သလို ရှိလာရော
အဲတော့ သူ့ ကို မိဘ မျက်နှာ ထောက်ပြီး နည်းနည်းပါးပါး ပစား ပေးတာမျိုး တွေ ဖြစ်လာတယ်။
တခြား ကလေးမိဘ တွေကလဲ သူများ ကလေး ကျတော့ ဂရု စိုက်တယ် ငါတို့ ကလေးကျ ဂရု မစိုက်ဘူး ဆိုပြီး ဂါ ပလိုက်တယ်။
ကြာလာတော့ ငါ့ကို မဂါသူ ငါ့ရန်သူ လိုတွေ ဖြစ်လာတော့တာပဲ တဲ့။ း)
Kaung Kin Pyar
November 5, 2015 at 12:40 pm
ဒါက ကလေးက လူကြီးကို ကန်တော့တဲ့ အနေအထားမှာနော်…
လူကြီးက လူကြီးကိုကန်တော့တာက ပိုပြီး အထိခိုက်မခံဘူး..
Thein Kyaw Soe
November 6, 2015 at 5:19 pm
မှန်၏။
တောတွင်းပျော်
November 10, 2015 at 12:18 pm
ကမ ္ဘာပေါ်မှာ ဆရာအများဆုံးတိုင်းပြည်
ဒို ့ မြန်မာပြည်….
ဟိုလူ ့ကိုလည်း ဆရာ…
ဒီလူ ့ကိုလည်း ဆရာ..
ကိုယ်ကိုတိုင်ကလည်း ဆရာ…
လုံးချာလည်ပတ် ဖားလိုက်ကြရတဲ ့ဆရာ။
(တကယ် ့ ဆရာသမားအစစ်အမှန်တွေကို မဆိုလိုပါ)
—————————————————————
ကျနော် ့ အလုပ်မှာတော ့ သူဋ္ဌေးကို တစ်ခါတစ်လေ သူဋ္ဌေးလို ့ ခေါ်ရင်ခေါ်
တစ်ခါတစ်လေကျတော ့ နင်လို ့ပြောချင်ပြော ကိစ္စမရှိဘူး။
အလုပ်ကိစ္စတွေမှာ သူမှန်တယ်ဆို ကိုယ်လက်ခံ
သူမှားတယ်ဆို ကိုယ်ပြန်ငြင်း။ တစ်ခါတစ်လေ အပြင်းအထန်ပဲ။ ဒါကို သူဗွေမယူပါဘူး။
အဓိက လုပ်ငန်း မှန်မှန်ကန်ကန်နဲ ့ အဆင်ပြေဖို ့ပဲ။ ကိုယ်က သူ ့ကို ဂါရဝတရားမဲ ့တာတော ့
မဟုတ်ဘူး။
ခါးကလေး ညွှတ် ခေါင်းကလေးနိမ် ့ မျက်နှာကပြုံးဖြီးဖြီးနဲ ့ ပြောသမျှ တင်ပါ ့ လုပ်ပြနေတိုင်းက ဂါရဝတရားလား.. စိတ်ထဲကမှ မပါတာ။
Shwe Ei
November 10, 2015 at 4:19 pm
-ပွင့်ပွင့်လင်းလင်းပြောရရင်..ဒီအသက်အရွယ်ထိ..ဓလေ့ထုံးစံအရ
-ဂါရဝ ပြုတဲ့ကိတ်စ တစ်ခါမှ မလုပ်ဖူးသေး
-စိတ်ပါလို့ ဂါချင်ရင်တောင် တိုးတိုးတိတ်တိတ်ဂါလိုက်တယ်..အာ့လဲ လက်ချိုးရေလို့ရတယ်
-အိုက်ဂလို အကြောတင်းတင်းနေလာခဲ့တာ..အသားကျသွားလို့လားမသိဝူး..ဂါရဝ ပြုုု ခြင်းနဲ့
-ကိုယ်နဲ့ မဆိုင်ဝူးလို့တောင် ထင်နေတတ်သေးတယ်…ေိေိ