“သစ်တောနဲ့သစ်ပင် ချစ်ခင်တဲ့လူမျိုး၊ သစ်ပင်ကို နှစ်စဉ်စိုက်၊ ရွှေတိုက်ကိုစိုး” အဟွတ်!!! လက်ခံပါတယ်…။ ရွှေတိုက်တွေလဲ စိုးကုန်တဲ့သူတွေ စိုးကုန်ကြပြီ… သစ်ကုမ္ပဏီမှာ လုပ်ခဲ့တုန်းက… သစ်ကွက်နင်းတာ၊ ကန်တော့ပွဲတင်တာက စလို့..ပြီးသွားပြီး ကောက်သင်းကောက်ထိ စာရင်းသွင်းခဲ့ဖူးလေတော့..ဘယ်သူဘယ်လောက်ရတယ် မှန်းမိပါတယ်…။ မားကတ်တင်းကိုကိုတွေများ အန်တာတေဘယ်လ်ထဲက အချိုးကျဘတ်ကီးပြတာတောင် ၆လ ၁နှစ်အတွင်း တိုက်ခန်းပစ်ဝယ်နိုင်ခဲ့ကြတာ..။ မှန်းသာကြည့်ပါတော့…. မြန်မာ့သစ်လုပ်ငန်း ရုံးသစ်ပြောင်းတုန်းက စပွန်ဆာပေးချင်နွန်းနို့ တန်းစီနေကြတာကလား….။ သူရို့ မျိုဖို့ကိုတောင် ခွံ့ကျွေးဖို့ တန်းစီကြသူတွေက မနည်း…။ သူရို့ကလဲ..ချေတာများ…….။ အိမ်သာထဲမှာတောင် အဲကွန်းတပ်ပေးရမတဲ့…. အဟက်.. ထားပါတော့လေ.. ဒါ..သူတို့ကုသိုလ်နဲ့ သူတို့… သစ်ပင်က ခုတ်တော့သာလွယ်တာ…စိုက်ပြီး အပင်ကြီးဖြစ်လာဖို့က ဆယ်စုနှစ်ချီပြီး ကြာတာ….. ဆရာမဂျူးပြောသလိုပဲ…သစ်ပင်ဆိုတာ..ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှုပြီး အောက်ဆီဂျင်ကို ပြန်ထုတ်ပေးတဲ့ ကမ္ဘာကြီးရဲ့ အဆုတ်တွေ တဲ့…။ လူတွေကလဲ…ခုတ်တုန်းကသာ အပင်ကောင်းတွေရှိတဲ့အကွက်ကောင်းတွေရဖို့ […]