Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အန်တီဒေစီ….

Kaung Kin PyarJanuary 23, 20151min103445

(ပိတ်ရက်တစ်ရက်က ဆုံခဲ့တဲ့…အဒေါ်တစ်ယောက်နဲ့…ပြောခဲ့ဆိုခဲ့…ရီခဲ့..တာလေးတွေ တွေးမိရင်း…ဒီဇာတ်လမ်းလေး ရေးချင်လာလို့ ရေးလိုက်ပါတယ်…။)  တခြားသူရဲ့အကြောင်းကို ကိုယ်တိုင်ပြန်ပြောသလိုပုံစံနဲ့ ဇာတ်လမ်းမျိုး တစ်ခါမှ မရေးဖူးသေးဘူး….၊ ဒီPost လေးမှာ ပထမဆုံးအနေနဲ့ အဲ့ဒီလိုပုံစံမျိုးလေး စမ်းရေးကြည့်ထားတာမို့…..ရွာသူားတွေ… ကောင်းကင်ပြာလိုအပ်တာလေးများရှိရင် အားပေဝေဖန် အကြံပေးကြပါအူး….. :D)

အကြောင်းအရာက ဒီလို……….     🙂

 

ကျမနာမည် ဒေစီ…

ကျမအသက် (၄၀)လဲ ကျော်သွားရော…ကျမနာမည်ရှေ့မှာ အပျိုကြီးဆိုတဲ့ ဂုဏ်ပုဒ်တစ်ခု အလိုလိုတိုးလာခဲ့တယ်…။ ဒီတော့

ကျမက အပျိုကြီးဒေစီ ပေါ့…

ဟို….ချစ်ကောင်းသမီးလေး ဘယ်သူ….၊ သူ့နာမည်ကို….ပါးစပ်ဖျားတင် မေ့မေ့နေတယ်……

အိမ့်ချစ်….ဟုတ်တယ်…အိမ့်ချစ်..

သူဆိုထားတဲ့သီချင်းထဲကလိုပေါ့….

“လူတွေက ခက်ပါတယ်…...ကိုယ်…ထင်ရာ ပြောချင်တယ်…မဟုတ်ပါဘူးလို့…ငြင်းရင်…ပိုပြီးတော့တောင် ပြောကြတယ်…” အဲ့လို အဲ့လိုပဲ….။

လူတွေက ခက်ပါတယ်ရှင်……။ လွန်ခဲ့တဲ့ (၅)နှစ်ကျော်လောက်ကတည်းက ကျမရဲ့မိတ်ဟောင်းဆွေဟောင်းတွေ ကျမကိုများမြင်ရင် ဘယ်တော့စားရမလဲလို့ မေးကြတာအမော…။ ကျမက ခုကျွေးမယ်လေ…စားမလားလို့ မေးတော့လဲ မဟုတ်ပြန်ဘူး…။ Wedding ကမုန့်ကိုမှ စားချင်သတဲ့…။ ဪ…ကိတ်မုန့်လား၊ ရေခဲမုန့်လား အခုကျွေးမယ် လို့ ကျမက စေတနာတွေ ဗလဗြစ်နဲ့ပြောပြန်တော့လဲ ရီကျဲကျဲနဲ့ ကျမကို ရူးချင်ယောင်ဆောင်နေပြန်ပြီလို့ ပြောကြပြန်ရော..…။

မခက်ပါလား…..။ ကျမက နည်းနည်းနုံလို့ ဒဲ့ပြောအေလို့ ပြောယူမှပဲ သူတို့က ကျမ ဘယ်တော့မင်္ဂလာဆောင်ပြီး ကျမမင်္ဂလာဆောင်ကမုန့်ကို ဘယ်တော့စားရမလဲဆိုတာ သိချင်လို့ မေးခြင်းဖြစ်ပါသတဲ့….။ အံမယ်လေးတော်….သူတို့ကျမရဲ့ မင်္ဂလာဆောင်ကမုန့်စားချင်တာကို ဖြည့်ဆည်းပေးဖို့အတွက်နဲ့များ ကျမက ယောကျာင်္းတစ်ယောက်ယူရဦးမယ်..….။ အံ့ရော…

မစားနဲ့အေ…..။ ဒါမျိုးများ….စေတနာကို မရှိဘူး….

ကျမရုံးက ကျမရဲ့လက်အောက်ဝန်ထမ်းတွေ သူတို့လုပ်ပုံကိုင်ပုံကို စိတ်တိုင်းမကျလို့ ကျမက တဗြစ်တောက်တောက် ပြောမိရင်လေ…ဒါကြောင့် အပျိုကြီးဖြစ်နေတာ ဆိုတဲ့စကားနဲ့ ကျမနောက်ကွယ်မှာ တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုး ကျမကို ပြောကြတာ…။ ပြန်ကြားတာပေါ့ရှင်…ကျမ မကြားဘဲနေပါ့မလား….။ သူတို့ပြောပုံဖြင့် အပျိုကြီးဖြစ်နေတာပဲ…ကျမမှာချို့ယွင်းချက်ကြီးဖြစ်နေသလိုလို….၊ ချို့ယွင်းချက်တစ်ခုခုရှိလို့ပဲ…ဘယ်ယောကျာင်္းကမှ ကျမကို မလိုချင်သလိုလိုနဲ့…ဟင်းးးး ဒင်းတို့က ဒီလို စောင်းချိတ်ချင်ကြတာ…။ နေပါစေရှင်….အပျိုကြီးဖြစ်ရခြင်းရဲ့ အေးချမ်းမှုသုခကို သူတို့တွေမသိလို့သာ၊ ဒါမှမဟုတ်လဲ…အိမ်ထောင်ကျသွားသူတွေက ကျမ အပျိုကြီးဖြစ်နေတဲ့ဘဝကို မနာလိုကြလို့သာ ဒီလိုတွေ ပြောကြတာ….

 

ကျမရဲ့ ရုပ်ရည်လား….။

အချောအလှကြီးမဟုတ်ပေမယ့်…ကြည့်ပျော်ရှုပျော်လောက်တော့ ရှိပါတယ်….။ ဆံပင်အုံထူထူမှာ ကျောလယ်ကျော်ကျော်ဝဲနေတဲ့ ဆံနွယ်ရှည်တွေနဲ့ဆိုတော့….ဟိုစဉ်တုန်းက Rဇာနည်ရဲ့….ဆံနွယ်လေးတွေ လေမှာဝဲလွင့်ဖြာ ဆိုလား…အဲ့ဒီသီချင်းခေတ်စားတုန်းက ကာလသားတွေ ကျမကို စောင်းမြောင်းဆိုခဲ့တာပေါ့….။ ကျမရဲ့အသားအရည်က အဝါရောင်ဘက်လုတယ်…အရပ်မနိမ့်မမြင့်နဲ့…ပါးမှာ စံပယ်တင်မှဲ့လေးတစ်လုံးက ရှိသေးတယ်….။ ကျမသူငယ်ချင်း သူဇာခင်ကတော့ နင့်မျက်နှာဟာ တစိမ့်စိမ့်ကြည့်လေ…လှလေလို့ ပြောတာပဲ….။ ဒီမိန်းမ…အဲ့ဒီလိုတွေ ပြောပြောပြီး အိမ်က လက်ဖက်သုပ်တွေ၊ ငါးရံ့ခြောက်ဖုတ်တွေ သူ့ပါးစပ်ထဲချည်း ရောက်ရောက်သွားတာ…..

ဟွန့်….

ကျမကို လာတောင်းတဲ့သူတွေလား…? ရှိတာပေါ့ရှင်…။ ကျမတို့အသိုင်းအဝိုင်းက သားပေး သမီးယူတွေ သိပ်များတာကလား….။

ဒီအသိုင်းအဝိုင်းမှာ…ဒုတပ်ရင်းမှူးဖြစ်ဖို့က မိန်းမရှိနေဖို့ လိုသတဲ့…။ ဒီတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုတပ်ရင်းမှူးရာထူးနား ပွတ်ကာသီကာရောက်နေကြသူတွေရဲ့ မိခင်တွေ…မိန်းမရှာကြတာပေါ့လေ…။ ဒီလိုအကြောင်းပြချက်မဟုတ်လဲ… သူရို့သားကို နယ်တွေဘာတွေသွားရင်း ပေါက်လွတ်ပဲစားတွေက အမိဖမ်းမှာစိုးတယ်ဆိုတဲ့ အမျိုးသမီးကြီးတွေပေါ့….။ သူရို့ သားတွေနောက် တကောက်ကောက်မလိုက်နိုင်လို့ လူငှားထိန်းခိုင်းနေသလိုလို…

သူတို့တိုင်းတာတဲ့ စံတွေကတော့ အခြေခံ ဒီအချက်တွေလောက်ပါပဲ…

မျိုးကောင်းရိုးကောင်းထဲက ဖြစ်ရမယ်၊ ဒီအသိုင်းအဝိုင်းရဲ့ အခြေခံသဘောတရားတွေကို နားလည်ကျွမ်းကျင်ပြီးသူ ဖြစ်ရမယ်…။ ပညာတတ်ဘွဲ့ရပြီးသား၊ ရင့်ကျက်တည်ငြိမ်တဲ့အရွယ်ရောက်နေသူ၊ ပွဲတက်ဖော်ရုပ်ရည်ရှိသူဆိုကိုး…။ ဒီတော့လဲ တစ်ခါတစ်ရံ အောင်သွယ်တော်မယ်ရွှေလမင်းတွေက ကျမအမေကို ချည်းကပ်ကြတာပေါ့…..။

မယ်ရွှေလမင်းတွေက ပြောဆိုလိုက်၊ အမေက ကောင်းနိုးနိုးနဲ့ ကျမကို မျက်စပစ်လိုက်၊ မယ်ရွှေလမင်းတွေက အပြောအဟောကောင်းလိုက်…အမေက ကျမကို ခလုတ်တိုက်လိုက် နဲ့….

ဒီလိုဖြင့် မဖြစ်ချေဘူး…

သူရို့ရဲ့ စံတွေကို ထုတ်ပြတော့ ကျမလဲ ကျမသတ်မှတ်ထားတဲ့ စံတွေကို ထုတ်ပြရတာပေါ့လေ….။ ဒီလိုတော့ လာလုပ်လို့ ဘယ်ရမတုန်း….။ ကျမ စဉ်းစားတယ်…ရေးတယ်…၊ စဉ်းစားမိလိုက်…ရေးလိုက်နဲ့…..

တစ်ရက်ပေါ့….

ကျမ အမေနဲ့ မနက်စာ စားနေရင်း….အမေက ထုံးစံအတိုင်း ယောကျာင်္းပေးစားမယ့်ကိစ္စ စကားစ တယ်…

သိနေတယ်လေ…

မနေ့က အန်တီကြီးတစ်ယောက်လာပြီးအမေနဲ့ တိုးတိုးတိုးတိုးတွတ်ထိုးကတည်းက…

ကျမ ပြင်ဆင်ထားတဲ့အရာတစ်ခု အမေ့ကို ထုတ်ပြလိုက်တယ်….

စာအုပ်အရှည်ပေါ်မှာ..ရေးထားတဲ့ ကျမရဲ့…ယောကျာင်္းယူမယ့် စံသတ်မှတ်ချက်တွေ….။ ၂မျက်နှာလောက်တော့ ရှိမယ်…။

အချက် (၂၀) ကျော်တယ်…။ အဲ့ဒီအထဲမယ် မျိုးရိုးထဲ ဆီးချို၊သွေးချို၊ ကင်ဆာ၊ ဝက်ရူးပြန်မရှိသူဖြစ်ရမည်ဆိုတာလဲ ပါတယ်၊ အစိုးရဝန်ထမ်းမဟုတ်ရဆိုတာလဲ ပါတယ်…။ ကျမဒီထဲက စံနဲ့ညီတဲ့ ယောကျာင်္းမျိုးရရင် ယူမယ်လို့ အမေ့ကိုပြောပြီး မနက်စာဝိုင်းက ကျမ ထ ထွက်လာခဲ့တယ်….။ ပြီးပြီလေ …။ မဟုတ်ရင် အမေနဲ့စကားတွေအများကြီး ပြောရတော့မယ်….။

အဲ့ဒီကတည်းက အမေလဲ ကျမ အမေ့ကိုအပြီးအပိုင်ပေးလိုက်တဲ့ အဲ့ဒီစာအုပ်ကြီးကိုင်ကိုင်ပြီး … ကျမယူရမယ့် ယောကျာင်္းရှာလိုက်တာ…ခု ကျမအသက် ၄ဝ ကျော်ပါရောလား…..။

တခါတလေတော့လဲ မာတာမိခင်ကျေးဇူးရှင်ကြီးက ညည်းရှာတယ်…..။ မြေးချီချင်တယ်ဆိုလား….၊ လင်မရှိတဲ့မိန်းမဟာ ဘာဖြစ်တယ်ဆိုလား….၊ မျိုးဆက်ချန်ခဲ့တာမရှိလို့ စိတ်မကောင်းဆိုလား…..။ ဟင်းးးးး အမေဘယ်လိုပဲ ပြောပြောပါလေ…။ ကျမ မကြားချင်ယောင် ဆောင်ခဲ့တာချည်း…..။

ဟိုအဆိုတော် အစုတ်ပလုတ်…မိုးမိုးဆိုလား…..၊ ဒင်းဆိုတဲ့…သီချင်း “အရွယ်တော်…လေးးးဆယ်….လူတွေ…မေးး တယ်….ဘယ်တော့များမှ စားရမှာလဲ….” ဆိုတာ….။ အဲ့ဒီသီချင်းသံကြားရင်တော့ဖြင့် ကျမနည်းနည်း မျက်နှာပူသားရှင်….

 

 

ကောင်းကင်ပြာ

 

 

 

45 comments

  • ခင်ဇော်

    January 23, 2015 at 3:58 pm

    Bravo..
    Almost Excellent writing….
    :chit:
    Love the post..

  • Kaung Kin Pyar

    January 23, 2015 at 4:13 pm

    Thank you Ma Ma Sweet!!!!
    :chit:
    :chit:
    :chit:

  • Ma Ei

    January 23, 2015 at 4:15 pm

    …ယောကျာင်္းယူမယ့် စံသတ်မှတ်ချက်တွေ….။ အချက် (၂၀) ကျော်တယ်…။
    ဆိုပါလား…:)
    အဲ့ဒါလေးတွေ …ရေးပါဦးနော်

    • Kaung Kin Pyar

      January 23, 2015 at 5:18 pm

      ဒါကို ပိုစ့်တစ်ပုဒ်အနေနဲ့ရေးပြီး သဂျီးပိုက်ပိုက် ညာယူမို့ ကြံထားတယ်….
      :mrgreen:
      :k:
      :k:
      :k:

  • Mike

    January 23, 2015 at 4:15 pm

    .အရေးအသားစတိုင်ပြောင်းလည်း ဖတ်ကောင်းပါသဗျ
    .ရွာထဲက အပိုဂျီး …အဲ..အပျို ဂျီး တွေ ရင်လာဖွင့်ကြလိမ့်မယ်.. :))

    • Kaung Kin Pyar

      January 23, 2015 at 5:20 pm

      အူးမိုက်တို့ ရေးလက်တွေကို မမှီပါဘူး….
      လိုအပ်တဲ့နေရာတွေရှိရင်လဲ…ဝေဖန်အကြံပေးပါဦး အူးမိုက်ရေ…
      သမီးလေးကိုလဲ ရွာထဲဆွဲခေါ်လာခဲ့ပါဦး….။ ဟိုတစ်ခေါက်ရေးထားတာ ဖတ်ရတာဖြင့်…စာအရေးလဲ ကောင်းမှာပဲ…။
      ဒါ့ပုံထဲမြင်ရတာတော့ အချောလေး…
      :chit:

  • Shwe Ei

    January 23, 2015 at 4:31 pm

    -ပို့စ်တင်သူ ကိုယ်တိုင်ရော..အပျိုကြီးရဲ့ အမြင်ကို..သဘူတော ပါသလား..ဗျူးပရဇီ… 🙂

  • Kaung Kin Pyar

    January 23, 2015 at 5:28 pm

    ဆရာမဂျူး ပြောဖူးတာလေး တစ်ခု မှတ်မိတယ် မချွေအိရဲ့…
    ဘာတဲ့…
    မိန်းမတစ်ယောက်ဖြစ်ရလို့ ဘုရားပေါ်ကိုယ်တိုင်ရွှေသင်္ကန်းကပ်ခွင့်မရတာကလွဲရင် ဘယ်တုန်းကမှ ကျမဝမ်းမနည်းဖူးဘူး…..။ ဆိုးသွမ်းတေပေနေတဲ့ယောကျာင်္းတစ်ယောက်ထက်စာရင် သာမန်မိန်းမတစ်ယောက်ဖြစ်ရတာကမှ ပိုကောင်းပါသေးတယ်ဆိုတာလေ…
    ကလေးတစ်ယောက်လို…ကိုယ်ကစိတ်ပူနေရပြီး အစစအရာရာ ကိုယ်ကသာ ဦးဆောင်နေရတဲ့ယောကျာင်္းမျိုးတို့…
    သူရူးတစ်ယောက်လို ခုတစ်မျိုး တော်ကြာတစ်မျိုးစိတ်မမှန်တဲ့ ယောကျာင်္းမျိုးတို့….
    လူမိုက်တစ်ယောက်လို နေရာတကာပြသနာရှာပြီး မူးသွမ်းဆိုးပေနေတဲ့သူမျိုး၊ အိမ်ထောင်ရေးဖောက်ပြန်တဲ့သူမျိုးတို့
    ပိုက်ဆံရဲ့ဒဏ်ကို မခံနိုင်တဲ့သူမျိုးတို့…
    မိန်းမကို တစ်ဆင့်နှိမ့်အနေအထားနဲ့ ဆက်ဆံတတ်တဲ့ ယောကျာင်္းဝါဒီသမားတို့….
    လိပ်တစ်ကောင်လို ကိုယ့်အတွက်သာကိုယ်သိ၊ ကိုယ့်အမျိုးသာကိုယ်သိ၊ ကိုယ့်ပတ်ဝန်းကျင်သာကိုယ်သိတဲ့ တကိုယ်ကောင်းသမားတို့….
    မျှမျှတတ မတွေးခေါ်နိုင်၊ မဆုံးဖြတ်နိုင်တဲ့…ဉာဏ်ရည်နိမ့်ပါးတဲ့ ယောကျာင်္းမျိုးတို့ကို ရမှာထက်စာရင်…
    အပျိုကြီး ဖြစ်ရတာက ပိုကောင်းပါသေးတယ်လို့….
    :k:

  • Ma Ma

    January 23, 2015 at 5:40 pm

    ငယ်တုန်းကတော့ ကိုယ့်ကိုကိုယ် အပျိုကြီးဖြစ်လိမ့်မယ်လို့ မထင်ဘူး။ :k:
    ကြီးလာတော့လည်း ကိုယ့်ကိုကိုယ် အပျိုကြီးဖြစ်လို့ဆိုပြီး မခံစားရဘူး။ :p:

    ခံယူချက်ကတော့ …..
    မိန်းမဖြစ်ဖြစ် ယောကျင်္ားဖြစ်ဖြစ် လူကောင်းသူကောင်းဖြစ်ဖို့လိုတယ်။

    နှစ်ယောက်တစ်တွဲ အတွဲညီတော့လည်း ကောင်းတာပေ့ါ။
    အဲလိုအတွဲညိဖို့ဆိုတာလည်း မသေချာတော့ ကိုယ့်အားကိုယ်ကိုးနိုင်တာ အကောင်းဆုံးပဲ။ :buu:

    • Kaung Kin Pyar

      January 24, 2015 at 9:38 am

      အဲလိုအတွဲညိဖို့ဆိုတာလည်း မသေချာတော့ ကိုယ့်အားကိုယ်ကိုးနိုင်တာ အကောင်းဆုံးပဲ။ :buu:
      အိုက်ဒါကတော့ တကယ်ပဲ အန်တီမမရေ့…..။ ဒီခေတ်ကြီးမှာ ကိုယ့်အားကိုယ်ကိုး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်မှသာလေ….
      မဟုတ်လို့ဂဒေါ့….
      :p:

  • မြစပဲရိုး

    January 24, 2015 at 3:13 am

    ဒီလောက် စာရေးကောင်းသူ က လိုအပ်တာများရှိရင် လို့ ပြောနေဖို့ လိုသေးလားကွဲ့။
    ဖတ်ရင်း သဘောကျလွန်းလို့။

    တကယ်တော့ အပျိုကြီး ဆိုတာ သူတို့ဟာ သူတို့ ကို အေးအေး နေချင်လို့ ကို ဖြစ်နေတာ။

    အရီး က အစ်ကို မောင် တွေ တစ်ပုံ တစ်ပင် မို့ ယောင်းမ တွေ ကို ကိုယ့်စိတ်ကြိုက် ရအောင် အင်မတန် အစပ်အဟပ် လုပ်ခဲ့တာ။
    နောက်ဆုံး အငယ်ကောင် ကျန်တယ်။
    အရီး မောင် မို့ ရုပ် ကလဲ ခေ မှာ မဟုတ် လို့ တွေးကြပါ။ (ဟိ) lol:-)))
    မာလိန်မှူး ဆိုတော့ ပိုပြီး စပ်လို့ ကောင်းပေါ့။
    ကိုယ့် အိမ်ကလူ ရဲ့ ညီမ တစ်ယောက် က ကိုယ့် ဖေးဘရိတ် မို့ နောက်ဆုံးလက်ကျန် မောင်အငယ် ကို ဖိတ်ဖိတ်ချင်း ကိုယ့်အိတ်ထဲဖိတ် ရအောင် စပ်ခဲ့သပေါ့။
    ဟိုမင်းသား ကလဲ အစ်မ ကို အတိုက်အခံ သိပ်မလုပ်ပါဘူး။
    ဒါနဲ့ သူ ကမ်းကပ် ချိန် ယောင်းမလေး ဆီ သွားခိုင်းလိုက်တယ်။
    “အစ်မ က ဝယ်ခိုင်းတာလေး ရှိလို့ လိုက်ဝယ် ပေးပါ” လို့ ပြော လို့လဲမှာရတယ်။
    အဲဒါ ဖုန်း ဆက်ပြောတော့ ဟုတ်ပြီ ဟုတ်ရဲ့ နဲ့ လိုက်ပေးမယ် ပေါ့။
    သွားလဲ ခေါ်ရော စိတ်ပုတီး ကြီး ကိုင်ပြီး တံခါးလာဖွင့်ပေးသတဲ့။
    ပြီးတော့ အဓိဌာန်ပုတီးပါတ် မပြည့် သေးလို့ အမေ လိုက်ပေးလိမ့်မယ် ဆိုပြီး
    ကျုပ် မောင်ကလေး ခမျာ အဖွားကြီး နဲ့ နှစ်ပါး သွားလိုက်ရရော။
    သူ့ မာမား ကြီး ကလဲ သဘောတူ သမှ အရမ်း။ သမီး ကို တွန်းမရတော့ ခက်ရော။
    တစ်ခြား ရီးစားသနာများ ရှိလားမေးတော့ ယောကျာင်္း ကို မလိုချင်တာတဲ့။
    အခုထိ လဲ အပျိုကြီး။
    သူဟာသူ အလုပ်တွေ ရှုပ် ပြီး ပျော်နေတာ ကို ထပ်မနှောက်ယှက်ႍတော့ပါဘူး။
    ဟို မင်းသား ကတော့ အစ်မ ကို စိတ်နာပြီး သူ့ဟာသူ ကြိုက်ရာ တော်ကောက်ပြီးသကာလ
    ကလေး တစ်ယောက်ခွဲ တောင် ပွါးပြီး နေပြီ။ lol:-))))

  • Kaung Kin Pyar

    January 24, 2015 at 9:36 am

    အရီး မောင် မို့ ရုပ် ကလဲ ခေ မှာ မဟုတ် လို့ တွေးကြပါ။ (ဟိ) lol:-)))
    🙂
    ဒီလို အရီးကမန့်တော့ အရီးက ဘယ်လိုပုံမျိုးလေးများဖြစ်မလဲလို့ သိချင်စမ်းပါဘိ….
    အရီးရဲ့မောင်လေးကတော့ တကယ့်အပျိုကြီးဖြစ်ချင်သူနဲ့မှ တည့်တည့်တိုးခဲ့တာကိုး…
    ဟုတ်တယ်နော်..အရီး…။ တချို့တွေကတော့ အပျိုကြီးလုပ်ချင်လို့ကိုလုပ်တာ….။ တချို့တွေကျ ယောကျာင်္းတွေကို အထင်မကြီးလို့တို့၊ အသီးကွဲလို့ စိတ်နာသွားတာတို့၊ ယောကျာင်္းတွေအကြောင်း နောကြေနေအောင် သိသွားတာတို့ကြောင့်….။ တချိူ့တွေကျတော့လဲ ရွေးရင်းရွေးရင်းအကြိုက်မတွေ့နိုင်ပါ ဆိုသလို…
    ကောင်းကင်ပြာတို့အရင်ရုံးက မန်နေဂျာအပျိုကြီးမမတစ်ယောက်ကတော့…သူကြွေးကြော်တာက…
    ငါက ယောကျာင်္းကို မလိုလို့မယူတာ…ဆိုပဲ…။ ယူမိတဲ့မမတွေက ယောကျာင်္းကို လိုလို့ပဲယူရသလိုလိုနဲ့…စိတ်ဆိုးရအခက် ရီရအခက် ဖြစ်ခဲ့ရသေး…
    :k:

  • ဦးကျောက်ခဲ

    January 24, 2015 at 9:40 am

    အဟိ… ကြာပါပြီဗျာ… လွန်ခဲ့သော ၂၅-နှစ် နီးနီးကပါ…
    ကျောက်စ် ဘော်ဒါတစ်ယောက်က တက်သစ်စမင်းသမီးလေး တစ်ယောက်နဲ့ ယူသဗျ… ။
    ထုံးစံအတိုင်း သူတို့မင်္ဂလာပွဲမှာ ရုပ်အခံရှိသူ သူငယ်ချင်းတွေက သူတို့သားအရံ…
    မင်းသမီးပေါက်စတွေ (အခု မင်းသမီးကြီးတွေ) က သူတို့သမီးအရံ… အကြီးအကျယ်ပေါ့…
    လစဉ်ထုတ် မဂ္ဂဇင်းတွေမှာလည်း ပုံတွေဝေဝေဆာဆာနဲ့ဆိုတော့… သူကောင့်သားတွေ ဖြီးလို့…
    ဒါပေသည့်… မင်္ဂလာပွဲပြီးလို့ ဗိုလ်ချုပ်ဈေးကိုသွားမှ ကွဲတော့တာပါပဲ…
    အနောက်ဘက်တန်း အလှပြင်ဆိုင်က အခြောက်မတွေ ၊ သူတို့ကိုမြင်တိုင်း ဝိုင်းအော်ကြတာက…
    “သားးးးး ရေ…. ဘယ်တော့ စားးးးးးးး …. ရမှာလဲ ဟမ်” တဲ့…. ဟီ ဟိ
    သူတို့ ဘာကိုရည်ရွယ်တာ သိတယ်ဟုတ်… :k:

  • Kaung Kin Pyar

    January 24, 2015 at 10:17 am

    အခြယ်တကောက်တွေ အဆယ်တကင်ဖမ်းချင်တဲ့ရုပ်ရည်က သပ်သပ်ရှိတယ်ထင်တယ် ဦးကျောက်စ်ရ…။
    အကိုဝမ်းကွဲတစ်ယောက်ဆို အမြဲ အခြောက်လိုက်လို့ ပြေးရတယ်….။ သူ့အဖေက ဦးသိန်းလှမော်ဆိုတော့ တခါတလေ ကြုံလို့ဖြစ်ဖြစ်များ မင်္ဂလာဆောင်လိုက်သွားတာတို့…၊ လမ်းကြုံလို့ဝင်တာတို့များဖြစ်ရင်…မာမီများရဲ့ မျက်စပစ်ခြင်း ခံရတာချည်း….။
    ဒီကြားထဲမှ သွားပေါင်းလိုက်မိတဲ့ သူငယ်ချင်းက ယောကျာင်္းလေးပုံစံနဲ့ မိန်းမစိတ်ပေါက်နေမှန်းနောက်မှသိလေတော့…အိမ်ရှေ့ကလာခေါ်တိုင်း အိမ်ခန်းထဲဝင်ပုန်းခဲ့ရသေးတာ….။ လမ်းထိပ်ထွက်ဖို့တောင်သူ့မှာ တောင်ကြည့်မြောက်ကြည့်နဲ့ ကျီးလန့်စာစားဘဝ….။
    ဒါနဲ့…အိုက်မင်ဂါဆောင်မှာ…အူးကျောက်စ်ရော..အရံလုပ်ခဲ့သေးလားငင်….
    :k:
    :k:

  • အလင်းဆက်

    January 24, 2015 at 2:02 pm

    ဟဲဟဲ..အဲ့ဒီရေးနည်းလေးလား..
    ဖတ်ဖူးတယ်..
    ဘာ…ဘယ်မှာဖတ်ဖူးတာလဲ..ဟုတ်လား..
    မေးမနေပါနဲ့တော့…
    အဲဒီလိုရေးနည်းလေး ရေးဖူးတဲ့ စာရေးဆရာကို..ဟောဒီမှာလို့…လက်ဆွဲခေါ်ပြလို့မှ…မရနိုင်တော့တာ..
    အင်း…ဟုတ်တယ်…
    သူ ဆုံးသွားပြီလေ…
    ဘယ်လောက်နဲ့ ဆုံးသွားတာလဲ…လို့..မေးမလို့လား..
    ၄ဝ ကျော်နဲ့ ဆုံးတာဗျ…
    အဲဒီလိုပြောတော့.. ၄ဝ ကျော်လောက်လေးနဲ့ အပေါင်ခံထားထားတာကို..ပြန်မရွေးနိုင်လို့…ဆုံးသွားသလိုလို..
    အတိုး မသတ်ထားရကောင်းလားလို့…အပြစ်တင်ရမလိုလိုပေါ့..
    ဆုံးသွားပြီဆိုတာ…သေသွားတာ…ကွယ်လွန် သွားတာလို့..ဆိုလိုတာပါ…
    အဲဒီလိုရေးနည်းလေး..သူရေးခဲ့တုန်းက… သူက ယောကျာ်းတန်မဲ့… ရပ်ကွက်ထဲက..မိန်းမကြီးတစ်ယောက် လေသံကို ရအောင်…ရေးပြသွားတာ…
    ဘာပြောကောင်းမလဲ…
    ကျုပ်ဆို..အဲဒီ အရေးအသားတွေ..ရေးပြသွားတဲ့ ဆရာကို..အပြင်မှာ မြင်ဖူးချင်လိုက်တာမှ…
    အဲ…
    မြင်ဖူးလိုက်လားဆိုတော့..
    မြင်ဘူးတယ်..
    သူမသေခင်…တစ်နှစ်လောက် အလိုကလေ…
    သူသေတဲ့ သတင်းကြားတဲ့နေ့က…ကျုပ် ဘာဖြစ်သွားလဲ..ဆိုတော့…
    အဲ…အဲ..စကား လာပြောကောင်းနေတာ.. ဟိုမှာ..ရေနွေးအိုး ဆူနေပြီ…
    အဖုံးလေး သွားဖွင့်လိုက်ဦးမယ်..
    အဲဒီ ရေးနည် းရေးပြသွားတဲ့ စာရေးဆရာ အကြောင်း…
    နောက်မှ ဆက်ပြောပြဦးမယ်…

    • Kaung Kin Pyar

      January 24, 2015 at 4:52 pm

      အင်းး ကောင်းကင်ပြာလဲ ဒီလိုပုံရေးနည်းလေးတွေ ဖတ်ဖူးတယ်။ တချို့စာရေးဆရာတွေဆို တော်လိုက်တာဆိုတာ။ တိရိစ္ဆာန်တစ်ကောင်ကောင် – ဥပမာ ခွေးမကြီးတစ်ကောင်ရဲ့နေရာကနေ ရေးပြသွားတာတွေ၊ ဆင်တစ်ကောင်ရဲ့နေရာကနေ ရေးသွားတာတွေ၊ အစပိုင်းဖတ်တော့ ဘာမှန်းသေချာမသိပေမယ့် နောက်ပိုင်းးတဖြည်းဖြည်းဇာတ်ရုပ်ပေါ်လာပြီး သူဆွဲခေါ်သွားသလို ကိုယ်ကပါသွားတာ။ ရေးတတ်ချင်လိုက်တာ…
      ခုမှစပြီး ကြိုးစားကြည့်နေတုန်းရယ်။
      အားပေးဦး ဆက်ဆက်ရေ့။

      • Kaung Kin Pyar

        January 24, 2015 at 5:01 pm

        အော နောက်ပြီး ဆက်ဆက်ပြောတဲ့စာရေးဆရာကို ဘယ်သူူများလဲ သိချင်မိပါရဲ့။

  • Pho Lapyae

    January 24, 2015 at 2:17 pm

    ကောင်းပါတယ်လို့စ်

    • Kaung Kin Pyar

      January 24, 2015 at 4:54 pm

      အံမယ်
      ဒါက ပထမဆုံး ကွန်မန့်ပေါ့လေ။
      ကျေးဇူးပါအေ

  • aye.kk

    January 24, 2015 at 3:43 pm

    ကောင်းကင်ပြာ
    အန်တီအနေနဲ ့တရားသဘောအရပြောပြရရင်
    အပျိုကြီးဖြစ်တာကုသိုလ်ကံအကျိုးပေးကောင်းတဲ့သူမို ့ပါ။။

  • Kaung Kin Pyar

    January 24, 2015 at 4:58 pm

    ဟားးးး အဟုတ်ပဲအန်တီအေးရယ်
    တချို့ဆို နောက်ကြောင်းမဖြောင့်တာနဲ့ပဲ တရားအရိပ်မခိုနိုင်ကြတော့ဘူး။
    အန်တီအေးပေးလိုက်တဲ့ အသိတစ်ခုပါပဲ။
    🙂

  • pooch

    January 25, 2015 at 12:06 am

    သူများ​တော့မသိပါဘူး
    အမက​တော့ ဘာစံမှမရှိတာ​တောင်​ ယူမဲ့သူမရှိလို့ အပိုကြီး ဖြစ်​သွားတာပါ ည​လေးရယ်​
    😥 :mrgreen:

  • YUYA MON

    January 25, 2015 at 10:07 am

    NICE SINGLE LIFE!!!!
    STRONG enough to live and enjoy life…….

  • Iris

    January 25, 2015 at 10:12 am

    Pooch လိုသတ္တိရှိရှိ ဝန်​မခံရဲလို့ဘာမှဝင်​မ​ပြောခဲ့တာ။ အခု​တော့အ​ဖော်​ရှိသွားပြီဆို​တော့ ဝန်​ခံရဲသွားပြီ. ☺
    အပိုကြီးဖြစ်​ရခြင်​းအ​ကြောင်​းရင်​း က ယူမဲ့သူ မရှိလို့..:-D

    • Kaung Kin Pyar

      January 25, 2015 at 3:17 pm

      ဝင်ခဲ့ဖူးတဲ့အလုပ်တော်တော်များများက စီနီယာမမတွေ တော်တော်များများ အပျိုကြီးတွေ များတယ်။ အလုပ်ကိုပြူးပြဲနေအောင်လုပ်၊ မီတင်ထဲမှာငြင်းခုံ၊ အလုပ်များရင် အိုတီတွေဆင်း၊ ပိတ်ရက်ရှိရင် လူစုပြီး မုန့်လုပ်စားကြ၊ ပိတ်ရက်တွေဆက်ပြီဆို ခရီးတွေထွက်။
      ဟိုကြော်ငြာထဲကလို အော်တယ်
      ဒါပဲ ကောင်းတယ် တဲ့။
      အိမ်ထောင့်တာဝန်ယူဖို့လဲ အချိန်မပေးနိုင်သေးပါတဲ့။
      အိမ်ထောင့်တာဝန်ဆိုလို့ အဲ့ဒါနဲ့ပတ်သတ်ပြီး ရေးထားတာလေးရှိသေးတယ်။
      ထိကောင်းမား မထိကောင်းမားဝေခွဲမရပါလား ဖစ်နေတာနဲ့ပဲ သိမ်းထားတုန်း။
      လာအားပေးတာ ကျေးဇူးပဲ မအိုင်းရစ်ရေ 🙂

      • Iris

        January 25, 2015 at 5:52 pm

        ထိလိုက်​ပါညီမ​လေး​ရေ..ကိုယ်​ဘယ်​အချက်​​တွေနဲ့ညိ​နေသလဲမသိ။ :'(

  • Crystalline

    January 25, 2015 at 2:04 pm

    ဘီလူးစကိုင်းလေးအရေးအသားဖတ်ရတာ ကျေနပ်သလို.. ကိုယ့်ဘဝကိုယ်လည်း ကျေနပ်တယ်… :mrgreenn:
    အခွေရောင်းတဲ့နေရာလေးသိချင်သလို… ကလေးမြို့လေးကိုသွားလည်ဖို့ အခွင့်ရေးရှိနေချိန်.. ကောင်းကင်ပြာအညွှန်းကောင်းလို့
    သွားလည်ဖို့ကတော့ သေချာသလောက်ဖြစ်သွားပြီ… :))

  • Kaung Kin Pyar

    January 25, 2015 at 3:06 pm

    :mrgreen:
    ကလေးမြို့သွားရင် ကောင်းကင်ပြာလဲ လိုက်ချင်လိုက်တာ။
    နေလို့အရမ်းကောင်းတာ မခွစ်ရ။ ဒီချိန်ဆို နည်းနည်းအေးမယ်။
    ကလေးဝ တမူးနဲ့လဲ နီးတယ်၊ ချင်းထည်တွေနဲ့ ဆာရီစတွေ ပေါတယ်။ ဂေါက်ကွင်းကလဲ သိပ်လှတာပဲ။ မြို့ပြင်မှာဆို နေကြာခင်းတွေနဲ့လေ။
    တစ်နှစ်တစ်ခေါက်လောက်တော့ ကိုယ်မရောက်ဖူးတဲ့နေရာတွေ သွားချင်တယ်။
    ကောင်းကင်ပြာဖြင့် နောက်လထဲတောင် ဖားအံဘက်သွားဖြစ်မလားမသိဘူး။
    ၂၀၁၅ သံဓိဌာန်ထဲ ခရီးတိုလေးတွေ ခဏခဏထွက်မယ်ဆိုတာလဲ ပါတယ်။
    🙂
    သွားဖြစ်လို့ပြန်လာရင် ဒါ့ပုံလေးတွေ ဒချိပြီး ပိုစ့်တင်ပေးအူးနော်။
    ဘာတွေပြောင်းလဲနေပြီလဲ သိချင်တာ။
    အလွမ်းပြေလေး
    🙂

  • padonmar

    January 25, 2015 at 7:10 pm

    ဟင်….အန်တီဒုံ လို့များ နာမည်တပ်လိုက်သလားလို့….

  • padonmar

    January 25, 2015 at 7:11 pm

    အဲသလို မထင်ဖို့ လာပြောတာပါ။

  • Kaung Kin Pyar

    January 25, 2015 at 8:39 pm

    ငင်
    အိုက်လိုများ ဖစ်တွားလား
    တွေ့ပုချိ ဘီရနည်းပါ အာတီဒုံ
    ခေါင်းစဉ်က အန်တီဒေစီပါ
    🙁

  • Mr. MarGa

    January 26, 2015 at 9:11 am

    လူပျိုကြီးတစ်ယောက်ရဲ့ စာအုပ်မှာရော ဘာတွေပါမလဲ သိချင်လား

  • Kaung Kin Pyar

    January 26, 2015 at 9:53 am

    ဘယ်လူပျိုကြီးစာအုပ်ကိုများ လက်ဝယ်ပိုင်ပိုင်ရထားသတုန်း….ငင်…
    လူပျိုကြီးဆိုတဲ့နေရာမယ်….အသက် ၄၅နှစ်ကျော်ကိုသာ သတ်မှတ်ပါကြောင်း…
    အသက် ၂ဝကျော် ကလေးသာသာအရွယ်များအား လူပျိုကြီးစာရင်းမသွင်းနိုင်ပါကြောင်း…နှင့်..
    လူပျိုကြီးတစ်ယောက်ရဲ့ စာအုပ်တွင်…အကြွေးစာရင်းများတော့ အတိအကျပါမည်ဖြစ်ကြောင်း…
    ပိုစ့်တင်မှသာ စာအုပ်တွင် ပါသည့်အကြောင်းအရာများအား အတိအကျ သိပါမည်..လို့…
    :mrgreen:
    :mrgreen:

    • Mr. MarGa

      January 26, 2015 at 10:41 am

      ကြားဖူးရဲ့
      နှစ်ဆယ်ကျော်အထိက လူပျိုလေး
      သုံးဆယ့်ငါးကနေ လေးဆယ်ဝန်းကျင်က လူပျိုသိုး
      လေးဆယ်ကျော်က လူပျို(ပြို) ကြီး တဲ့
      ဆိုတော့ ကျုပ်ပြောတာ လူပျို(ပြို)ကြီး လို့ ပြောတာနော်

  • Kaung Kin Pyar

    January 26, 2015 at 1:44 pm

    .သိဘူး
    .နုံတယ်..
    .ပိုစ့်တင်မှ သိမှာ..

  • Wow

    January 26, 2015 at 3:45 pm

    ချိန်သမျှ ၆လိုက် အ၆ကို သွားချိန်မိလိုက် အို ကွကိုယ်ပတ်လည်ရိုက်နေတာပါအေ :mrgreen:

  • Kaung Kin Pyar

    January 26, 2015 at 3:52 pm

    🙂
    ကောင်းကင်ပြာ လျှာပေးရမား…..
    :k:
    :k:
    :k:

    • Wow

      January 26, 2015 at 3:57 pm

      ကြောင်ရီးလျှာတော့ မပေးနဲ့နော်… :mrgreen:

  • Kaung Kin Pyar

    January 26, 2015 at 4:05 pm

    ဘာဘီကျု့ လုပ်ကြမယ်ဆို!!!!…
    :mrgreen:
    အိမ်က ကလေးတွေအကြောင်းရေးထားတယ်…။ အားပေးပါဦးနော်…မမဝေါင်း..
    🙂

  • apolo11

    January 26, 2015 at 4:27 pm

    အပျိုကြီး လူပျိုကြီးတွေကြောင့်
    လူဦးရေတိုးနှုန်း လျော့နေရတယ်။
    နောက်နှစ် အနည်းငယ်ရှိလာရင်
    လူငယ်တွေ နည်းလာပြီး၊
    အသက်အရွယ် ကြီးသူတွေများလာမယ်
    အဲ့ဒါဆို တိုင်းပြည်အတွက်
    အားကိုးစရာ မျို ုးဆက်တွေ နည်းလာမယ်
    အိမ်နီးချင်းတွေက လူဦးရေများတဲ့
    နိုင်ငံတွေဖြစ်နေတော့
    တိုင်းပြည်ကို ဘယ်လို ကာကွယ်စောင့်ရှောက်ကြမလဲ။

  • Kaung Kin Pyar

    January 26, 2015 at 4:46 pm

    ငင့်
    ရှိတဲ့ဟာလေးတွေပဲ…လူ့အခွင့်အရေးအပြည့်အစုံနဲ့ လူလားမြောက်ပါစေဦး…အပိုလိုရယ်…
    🙁

  • uncle gyi

    January 28, 2015 at 10:09 pm

    အချက်၂ဝဆိုကတည်းကဘာတွေလည်းမမေးတော့ပါဖူးဗျာ
    အပျိုကြီးဖြစ်ထိုက်ပါကြောင်း
    ဒါပေမဲ့ဖူးစာဆိုတာရုူးတာဆိုလား
    ကြားဖူးတာလေးပါ

Leave a Reply