ဖိနပ်များ…..
မိန်းခလေးတွေကိုသာ…သူတို့အကြိုက်ဆုံးပစ္စည်းစာရင်းဆိုပြီး…စစ်တမ်းကောက်ကြည့်မယ်ဆိုရင်…ဖိနပ်တွေနဲ့ အိတ်တွေက ထိပ်ဆုံးနေရာက ပါမှာပဲ….
ဆိုလိုတာက…မိန်းခလေး တော်တော်များများ…ဖိနပ်နဲ့ အိတ်တွေကိုသဘောကျကြတယ် ဆိုတာပါ…..။
ကျမရောပဲ….
ဒီမှာတော့ ကျမ … ဖိနပ်တွေအကြောင်း ပြောချင်တယ်…
ဟိုးငယ်ငယ်အရွယ်ကနေ… ခုချိန်ထိ ကျမ ဖိနပ်တွေကို အရမ်းစွဲလမ်းတယ်…..။ ဘယ်အချိန်က စပြီး သတိထားမိသလဲဆိုရင် ကျမရဲ့ (၆)နှစ်ပြည့် မွေးနေ့မှာပါ…
(၆)ရက်နေ့မှာ ကျရောက်တဲ့ ကျမရဲ့ (၆)နှစ်ပြည့်မွေးနေ့ကို မှတ်မှတ်ရရဆိုပြီး ကျမအဒေါ်က အဖွားခြံထဲမှာ မွေးနေ့ပွဲလေးလုပ်ပေးတယ်…။
ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး။ ဘုန်းကြီးဆွမ်းကပ်ပြီး အနီးအပါးက အသိတွေကို အကျွေးအမွေးနဲ့ ဧည့်ခံတာပါ….။
မွေးနေ့ရှင်ကျမကတော့ လာပေးတဲ့ လက်ဆောင်ပစ္စည်းတွေထက် ဧည့်သည်တွေရဲ့ ဖိနပ်တွေကို ပိုစိတ်ဝင်စားခဲ့တယ်….။ အမေတို့က ကျမပျောက်သွားလို့လိုက်ရှာတိုင်း တခြားနေရာ ရှာစရာမလို….အိမ်ရှေ့ဖိနပ်ချွတ်နေရာမယ် ဆောင့်ကြောင့်ထိုင်ပြီး ဧည့်သည်တွေရဲ့ ဖိနပ်တစ်ရံချင်းကို လိုက်ကြည့်နေတဲ့ကျမကို တွေ့လိမ့်မယ်….။ အဲ့ဒီတုန်းက ကျမဝတ်ထားတဲ့ ဂါဝန်အဖြူလေးဆိုရင် အဲ့ဒီဖိနပ်ချွတ်နေရာက ဖုန်တွေ သဲတွေပေပွနေလို့ ညစ်ပတ်ကုန်တာနဲ့ မွေးနေ့မှာတင် အမေဆူတာ ခံခဲ့ရသေး…။
အခွေတွေ ကြည့်ဖြစ်လို့များ မင်းသမီးဖြစ်ဖြစ် အရံဖြစ်ဖြစ်က ဖိနပ်လှလှလေးများစီးထားရင် အဲ့ဒီဖိနပ်မြင်လိုက်တဲ့အခန်းကို အခေါက်ခေါက်အခါခါ ရစ်ကြည့်လိုက်၊ Pause လုပ်လိုက် လုပ်တတ်လို့ ဇာတ်လမ်းက ရှေ့မတက်နိုင်ဖြစ်နေတာကြောင့် အိမ်ကလူတွေရဲ့ မေတ္တာပို့ခြင်းခံရတာလဲ အကြိမ်ကြိမ်…..
တခါတလေ တစ်လတည်းနဲ့ ဖိနပ် ၄ ၅ရံပစ်ဝယ်တတ်လို့ ကျမ ပိုက်ဆံပြတ်ပေါင်း များပြီ….။ Shopping Center သွားရင် အကြောင်းသိနေတဲ့ သူငယ်ချင်းတွေက ကျမဖိနပ်တန်းဘက် မရောက်အောင် တခြားနေရာတွေက လှည့်ပတ်ခေါ်လေ့ရှိတယ်…..။ (လိုချင်တဲ့ဖိနပ်ကို မြင်မိလို့ မရခဲ့ရင် ကျမ မပြီးနိုင်မစီးနိုင် စိတ္တဇဖြစ်တတ်တယ်…. :D)
ကျမ ကျောင်းသူဘဝတုန်းကတော့ မုန့်ဖိုးတွေစုပြီး ဖိနပ်တွေ ဝယ်ဖြစ်တယ်….
စစချင်းတော့ ကျမ စမ်းဝယ်ခဲ့တာ..အမေစီးတတ်တဲ့ Louis Dollar ပါ..။ နောက်တော့ ကျမ အဲ့ဒီဖိနပ်ဒီဇိုင်းကို မကြိုက်တော့….။
အသက် ၂ဝ ဝန်းကျင်မှာ ကျမ ရူးသွပ်တာ Scholl ဖိနပ်တွေပါ….။ အဲ့ဒီတုန်းကတော့ တီရှပ်တစ်ထည်၊ ဂျင်းဘောင်းဘီနဲ့ Scholl တစ်ရံစီးပြီး သင်တန်းသွားလိုက် ကျောင်းသွားလိုက်နဲ့ ဆယ်ကျော်သက် ပီသခဲ့တာပေါ့…..။ သို့သော် သူက သိပ်မာလွန်းတော့ ခြေဖဝါးနေရာတွေက လမ်းလျှောက်တာများရင် အဆင်မပြေချင်တော့….(ကျမ ချေးများတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်…)
အလုပ်ဝင်ပြီး နောက်ပိုင်းတွေမှာ…နာမည်ကြားဖူးထားတဲ့ Essence တို့ Lily တို့လိုမျိုးတွေကိုလဲ စမ်းဝယ်ကြည့်တယ်….။ ကျမ ဒီလောက် စိတ်တိုင်းမကျဘူး…..
ဟိုးတစ်လောက Ipanema တွေကို အတော်ရူးသွပ်လိုက်သေးတယ်….။ ပထမဆုံးဝယ်ဖြစ်ခဲ့တဲ့ ရွှေရောင်ကြိုးသိုင်းနဲ့ Ipanema လေးရတော့ ကျမအတော် စိတ်ကောင်းဝင်ခဲ့သေးတာပဲ…..။ သို့သော် ကျမပဲ သိပ်မျှော်လင့်ထားလို့ပဲလား မသိ….။ ထင်ထားသလောက် မကောင်း….
Pencil Heel လို့ခေါ်တဲ့….ခဲတံအရွယ်…ဒေါက်လုံးသေးသေး ခပ်မြင့်မြင့်ဖိနပ်တွေကိုလဲ ကျမအတော် သဘောကျပါတယ်….။ ဒါလေးတွေများ စီးလိုက်ရင် ကျမ မြောက်ကြွသွားရောပဲ….သူတို့က ကျမကို ယုံကြည်မှုရှိစေပြီး Smart ကျနေတယ်လို့ တွေးမိစေတယ်….(အရှက်တကွဲ မှောက်မလဲသေးမချင်းပေါ့လေ…..)။ မြန်မာပြည်လမ်းတွေမှာ ဒါက တော်တော်အန္တရာယ်များပါတယ်…..။ သို့သော် ဒီချစ်စရာ ဒေါက်သေးသေးလေးတွေနဲ့ ကျောက်ခဲချွန်တွေ ကျောက်စရစ်ခဲသေးသေးလေးတွေရှိတဲ့ လမ်းမှာ…သာခွေယိုင် ပုံစံမထွက်ဘဲ လမ်းလျှောက်နိုင်ဖို့ ကျမ တော်တော်အချိန်ယူခဲ့ရတယ်….။
ခုနောက်ပိုင်းတော့ ကျမမှာ…ဟိုတံဆိပ်မှရယ် ဟိုလိုပုံမှရယ်လို့ အစွဲမရှိတော့….။
ဟိုတစ်လောက ဖိနပ်ရွေးရင်း ကျမစဉ်းစားမိတယ်….။
ကျမရွေးမယ့် ဖိနပ်တစ်ရံဟာ ကျမအတွက်…စီးလိုက်တိုင်း သက်တောင့်သက်သာရှိနေရမယ်…။ ခြေဖဝါးတွေ နာတာ ခြေချောင်းတွေပေါက်တာမျိုး မရှိရဘူး…။ ဒီဖိနပ်ကိုစီးထားလိုက်လို့….ကျမ သက်တောင့်သက်သာနဲ့ လှပနေတဲ့ယုံကြည်မှုမျိုးလဲ ရှိနေရမယ်…။ ဒီဖိနပ်နဲ့ ကျမ ဘယ်ပွဲလမ်းသဘင်၊ ဘယ်နေရာကိုပဲသွားသွား…တင့်တယ်တဲ့ ပုံစံမျိုး၊ ဝင်ဆန့်တဲ့ ပုံစံမျိုးလဲ ရှိနေရမယ်….။ ဘယ်လမ်းကိုပဲ သွားသွား ချော်များလဲမလား၊ ထိန်းများလျှောက်ရမလား၊ ခြေများနာမလားဆိုတဲ့ တထိတ်ထိတ်လန့်နေရတဲ့ ခံစားမှုမျိုးပေါ်မှာ ကျမမကြိုက်ဘူး….။ အချိန်မရွေးများ ပြတ်သွားလေမလားဆိုတဲ့ ဖိနပ်ရဲ့ Quality ကို စိတ်မချရတာမျိုးလဲ မဖြစ်သင့်ဘူး….။
သိပ်တန်ဖိုးကြီးပေမယ့် ကျမဂရုတစိုက် ရင်တထိတ်ထိတ်နဲ့ စီးရမယ့် ဖိနပ်မျိုးတွေထက်စာရင်….ကျမလိုချင်တဲ့ဖိနပ်တစ်ရံရဲ့ အရည်အသွေးဟာ……ကျမသွားတဲ့ ဘယ်လမ်းကိုမဆို သက်တောင့်သက်သာဖြစ်စေတဲ့ ခံစားမှုနဲ့ ကျမယုံကြည်စိတ်ချလို့ရတဲ့ Quality ၊ ဝင်ဆန့်တဲ့ပုံစံ၊ အဆင့်အတန်းတစ်ခုရှိနေတဲ့ အနေအထားမှာ သူရှိနေဖို့ပဲလိုပါတယ်…..။
အဲ့ဒီလိုပဲ……….
ကောင်းကင်ပြာ
05.03.2015
34 comments
တောင်ပေါ်သား
March 5, 2015 at 4:52 pm
နီ ဘိနပ်ရပြီးပြီပဲ
အဲဒီဘိနပ်ကြီး အဆင်ပြေတယ် ဟုတ် 🙂
Kaung Kin Pyar
March 5, 2015 at 5:01 pm
U Myo
I have….
:
:
:
No comment….
🙂
naywoon ni
March 5, 2015 at 7:22 pm
ဖနပ်ဆိုတာ …….
ဘာညာ သာရကာ ဆြာဂျီးလုပ်ပြီး မပြောချင်ပါပု
ဒါပေမယ့် နီ သိပ်ကံကောင်းတယ် သိလား
ဘာလို့ လဲ ဆိုတော့ တောကြို ခြုံကြား လမ်းပမ်းဆက်သွယ်ရေး ခက်တဲ့ နေရာ မှာ လူမဖြစ်ခဲ့လို့ 🙂
Kaung Kin Pyar
March 6, 2015 at 9:55 am
ဒါတော့ ဟုတ်တယ်…။ အဲ့ဒီလိုလမ်းမျိုုးနဲ့ ဒီလိုဖိနပ်ကြိုက်ပုံမျိုးဆို သေချာတယ်….
သွားတစ်ချောင်းမှ အကောင်းကျန်မှာ မှုတ်ဖူး…..
:k:
ခင်ခ
March 6, 2015 at 1:48 am
ခြေတိုင်းနံပါတ်များသိခဲ့ရင် မန်း ဖိနပ်တရံတောင်ပို့ပေးလိုက်ချင်သေး။
ဖိနပ်ခရေစီရေ။
Kaung Kin Pyar
March 6, 2015 at 10:00 am
မန်းလေးဖိနပ်လား….အကြိုက်ဆုံးပဲ လေးခရေ….
အဲ့ဒီသားရေစိမ်းအနံ့ကို ဘယ်လို သဘောကျမိမှန်းမသိဘူး….။
ငယ်ငယ်က အဒေါ်မန်းလေးသွားတုန်းဝယ်လာတဲ့ မန်းလေးဖိနပ်ကို ကြိုက်လွန်းလို့ ကိုယ်နဲ့လဲ မတော်ဘဲ စီးတာ…။ ပြန်ပေးရမှာစိုးလို့ မချွတ်ဘူး….(ဒါက ရန်ကုန်မှာ ဝယ်လို့မလွယ်မှန်းလဲ သိနေတယ်လေ….)။
အိပ်နေချိန် ပြန်ယူသွားမှာစိုးလို့ ဘယ်လောက်ပဲ ပြန်မယူပါဘူးပြောလဲ..အဲ့ဒီဖိနပ်ကို အိတ်ထဲထည့်ပြီး အိတ်နဲ့လက်ကို ကြိုးချည်အိပ်ခဲ့ဖူးတာ…..
ခု ပြန်တွေးကြည့်တော့ ရီရတယ်…..။
:k:
Ma Ma
March 6, 2015 at 6:20 am
ကိုယ်တိုင်လည်း ဖိနပ်နဲ့ အိတ်ဆိုရင် မြင်တိုင်းဝယ်ချင်တယ်။
ဖိနပ်ကို….
ငယ်တုန်းတော့ လှတယ်ဆိုတာကိုပဲ အဓိကကြည့်ပြီး ရွေးခဲ့ပေမယ့်
အခုတော့လည်း ချော်မလဲအောင် အောက်ခံ grid ကောင်းတာကိုပဲ အဓိကရွေးမိတော့တယ်။
Kaung Kin Pyar
March 6, 2015 at 10:01 am
ဟုတ်တယ်…အန်တီမမ..
ဖိနပ်ရွေးနေတဲ့အချိန်….အသက်အရွယ်ပေါ်မူတည်ပြီး ကိုယ်ရွေးချယ်မှု စံပြောင်းလဲသွားတာကို သတိထားမိရင်း တွေးမိတဲ့ အတွေးလေးပါ….။
အိတ်နဲ့ ဖိနပ်တော့ အရမ်းကြိုက်ပဲ….
Wow
March 6, 2015 at 9:24 am
ငယ်ငယ်တုံးကတော့ အဖွားကအသားအရမ်းလှတော့ ခြေဖနောင့်လေးတွေနီ ခြေဖဝါးလေးတွေ ဝါနှစ်ပြီးဥနေတော့… ကတ္တီပါခင်း ဖိနပ်လေးတွေ စီးထားရင်အရမ်းလှတာ… အာ့ဂို ကိုယ်လဲလှချင်လို့ အဖွားဖိနပ် ခဏခဏယူယူစီးတယ်… ကိုယ်နဲ့ကျတော့ ခြေထောက်ပေတလူးနဲ့ ဘယ်လှပါ့မလဲ… အဖွားက သူ့ဖိနပ်သူများစီးရင်မလှအောင်လုပ်ထားတယ် ဆိုပီးအော်ငိုတာ မှတ်မိသေးတယ် :hee:
Kaung Kin Pyar
March 6, 2015 at 10:04 am
အဲ့ဒီ ကတီ္တပါခင်း ဖိနပ်ပေါ့…။ ခြေထောက်လှတဲ့သူတွေစီးလိုက်ရင်များ…အရမ်းထင်ပေါ်ပြီး သိပ်လှတာ…။ တစ်ခါလား ဒဂုံစင်တာမယ်…အသက် ၃၅လောက်တော့ရှိပြီ…အစ်မကြီးတစ်ယောက်စီးထားတာ…။ သူ့ခြေထောက်လေးက ဖွေးဥနေပြီး လှလွန်းလို့…လိုက်ငေးကြည့်ခဲ့ဖူးတယ်…။
ဦးကြောင်ကြီး
March 6, 2015 at 9:50 am
ကင်းကောင်ပြာ ဖိနပ်မီစီးနဲ့ ခြေနာဒယ်.. ။ ဂုံးပိုး ပို့ပေးမဲ… လမ်းမှာ လူပြတ်မှ ခြုံတိုးပီး tea မှာ… ချိုဆိမ့် နှီခွက်… မလိုင်နှမ်းခြင်း… လျှာလွတ်
Kaung Kin Pyar
March 6, 2015 at 10:06 am
အူးကြောင်ကြီး ခြုံတိုးဖို့ပဲ စဉ်းစားနေတယ်….။ ဒီလိုဆို အူးကြောင်အတွက် ခုံဖိနပ်က အသင့်တော်ဆုံးပဲ…
🙂
Nyo Win
March 6, 2015 at 10:02 am
အဲ့ဒီလိုပဲ……….လက်တွဲဖော်ဆိုရင်……:)
Kaung Kin Pyar
March 6, 2015 at 10:07 am
ဆက်စပ် စဉ်းစားတယ်လား ကိုညိုရေ…..
:k:
Mike
March 6, 2015 at 10:15 am
.ဘိနပ်….ကျုပ်ကတော့ ကွင်းထိုးဘိနပ်ဆိုလုံးဝမကြိုက်
.ကတ္တီပါ ညှပ်ဘိနပ်ပဲစီးတတ်တယ်
Kaung Kin Pyar
March 6, 2015 at 11:54 am
ကောင်းကင်ပြာရောပဲ အူးမိုက်စ်…
ကွင်းထိုးဆို စိတ်ထဲ မလုံခြုံဘူးလိုပဲ…။ ဘယ်ချိန် ကျွတ်ကျမယ် မသိသလိုမျိုးနဲ့….။ ကွင်းထိုးဆို ကြိုးသိုင်းပါမှ…
ခင်ဇော်
March 6, 2015 at 11:40 am
အသည်းလေးးး
(ဘာရမတုန်းးး နာလည်း ကရင်မလေးတွေ ပဲ လိုက်ကြံတော့မယ်)
:mrgreenn:
ကင်းကြောင်လေး ပို့(စ) ကို မြင်ပြီး ဖိနပ်တောင်းမှာစိုးလို့ ပုန်းနေတာ…
…………………..
……………………
……………
လို့ မထင်ပါနဲ့။
အမက ဘာကိုပဲ ရွေးရွေး ဘာကက်တဂိုရီမှ မရှိ၊ ဘာ ခရိုက်တီးရီးယားမှ မရှိတာမို့
အမြဲ လွဲပြီး မှားနေတာ။
အဲတော့ ပြောချင်တာက…..
ပစ္စည်းရွေးပဲ မှားမှား လူရွေးပဲ မှားမှားးး
အဲဒီ အမှားကြီးမှာ စိတ်ညစ်ခံပြီး ကြာကြာမနေနဲ့။ သိလားး
ကိုယ့်ဘဝမှာ အရေးအကြီးဆုံးက ကိုယ်ကိုယ်တိုင်ပဲ။
ကိုယ်စိတ်ချမ်းသာဖို့၊ အသက်ရှည်ဖို့ မလိုအပ်ဘူးထင်တဲ့ လူပို ပစ္စည်းပိုကို စွန့်ထုတ်ဖို့ ဘယ်တော့မှ နောက်မတွန့်နဲ့ သလားးး
:k:
(သများ မြှောက်ပေးတာ ဟုတ်ဘူးနော်)
Kaung Kin Pyar
March 6, 2015 at 11:50 am
:
:
:
ဟုတ်တယ် မချွိရေ…. ငယ်ငယ်ကဆို…ကိုယ်သဘောကျတဲ့ပစ္စည်းတွေ ကျိုးသွားပဲ့သွားရင်တောင် မပစ်ရက်လို့ တစ်ခုချင်းလိုက်ပြီး ကောက်သိမ်းခဲ့တာ…၊ ပြီးမှ မြင်နေတိုင်း အကောင်းအတိုင်းမရှိတော့လို့ စိတ်ဆင်းရဲရတာရယ်…မချွိပြောသလို အပိုပစ္စည်းတစ်ခုကြောင့် နေရာရှုပ်ရတာရယ်ပဲ ရှိတာပါ….။
ပျောက်နေရဲ့နဲ့ လာအားပေးတာ ကျေးဇူးပါ….
မချွိပြောသလို ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင်၊ သက်သာအောင် နေကြည့်နေတယ်….။
Alinsett@Maung Thura
March 6, 2015 at 7:11 pm
စာရေး သိပ်ကောင်းတယ်ကွယ်
ဖတ်ရတာလည်း လျောာာာာလို့
ဖတ်တဲ့သူကများ သိပ်ချောနေလို့လား
အဲလေ ရေးတဲ့သူက သိပ်ချောနေလို့လားးးး
:k:
စာ ချောတယ် အရေးအသား ကောင်းတယ်လို့ ပြောတာ အတည်ပါနော်
အရင်ကသာ အတွေ့စောခဲ့ရင် ကျနော်ကြိုက်တဲ့ ကောင်မလေးတွေကို ပေးဖို့ ရီးစားစာ ရေးခိုင်းမိမှာ
အခုက စာပေးတဲ့ခေတ် ကုန်သွားလို့
:k:
စာမူထဲက အနှစ်ချုပ် နောက်ဆုံးစာပိုဒ်လေးကို
ကျနော်လည်း သဘောတူမိတယ်။
ကျနော်ကတော့ ဖိနပ်တစ်ရံကို ဘယ်လောက် အသစ်အဆန်းပေါ်ပေါ် ရင်မခုန်မိပါပဲ
ကိုယ် တစ်သက်လုံး ဝတ်ချင်လာခဲ့တဲ့ ကတီ္တပါ ညှပ်ဖိနပ်တွေကိုပဲ အမြဲ ရင်ခုန် မြတ်နိုးမိခဲ့သူ
ညှပ်ဖိနပ် ကတီ္တပါလေးတွေဟာ မိုးတွင်ူးက လွဲရင်
ဘယ်နေရာ ဘယ်အခြေအနေဖြစ်ဖြစ် စီးရတာ သက်တောင့်သက်သာနဲ့ စိတ်ကျေနပ်နေစေတယ်လို့ ယူဆမိတာ
ဒါပေမယ့် စာအုပ် တစ်အုပ် လေးငါးထောင် ဝယ်ဖို့နှမြောတွန့်တိုခြင်းမရှိပဲ
.ငွေအဆင်သင့်ရှိချိန်နဲ့ စာအုပ်လိုချင်တာ ကြုံရင် ဘတ်ခနဲ ဝယ်လိုက်တတ်သူက
ဖိနပ်တစ်ရံ ငါးထောင်ကျော်ရင် နှမြောလို့မဆုံးဘူး။
ဒီအချိန်ထိ ဖိနပ် သောင်းကျော်တန် ဝယ်မစီးဖူးသေးဘူး။
အလွန်ဆုံး ငါးထောင်ပဲ စီးဖို့ ဆုံးဖြတ်ခဲ့တာချည်းပဲ
ဒီတော့ ဈေးနည်းတဲ့ဖိနပ်ဟာ အရည်အသွေးညံ့ပြီး ကြာရှည်လည်း မခံတော့ဘူး။
သိသိနဲ့ နှမြောစိတ်ဖြစ်လို့ အရည်အသွေးကောင်းတာကို မဝယ်ဖြစ်တာ။
နောက်ပြီး လမ်းသွားရင်း ဖိနပ်ပြတ်မလားလို့ တွေးပူတတ်သေး
ဖိနပ် ခေါင် လှုပ်နေပြီဆိုရင် အဲ့ဒီဖိနပ်နဲ့ ဘယ်လိုမှ လမ်းမထွက်ချင်
ခေါင်နည်းနည်း လှုပ်နေတဲ့ ဖိနပ်တစ်ရံကိုစီးပြီး လမ်းထွက်ရတာ
ရုပ်သိပ်ဆိုးတဲ့ မိန်းမတစ်ယောက်ကို ချစ်သူအဖြစ် လက်တွဲပြီး လမ်းထွက်ရတဲ့အဖြစ်နဲ့များ
တူနေမလားပဲ
ဒါမယ့် ကျနော်ထားခဲ့သမျှ ရီးစား ငါးယောက်လောက်ထဲမှာ
ရုပ်ဆိုးတာ မပါဘူးကွ
ဟာဟ
:k:
Kaung Kin Pyar
March 6, 2015 at 8:34 pm
နိစာရဲ့ အနှစ်ချုပ်ကလဲ အောက်ဆုံးစာပိုဒ်ပဲ ဖြစ်မယ်ထင်တယ် အဟေးးးဟေးးးး
🙂
ပြတ်ခါနီး ဖိနပ်ကို စီးရတာ ရုပ်ဆိုးဆိုးမိန်းမတစ်ယောက်ကို ချစ်သူတော်ထားပြီး လမ်းထွက်ရတာနဲ့တူလား? နာတော့ အဲ့လိုမတွေးဘူး။ ပြောင်းပြန်တွေးရင် နီပြောသလို ရုပ်ဆိုးဆိုးမိန်းမကို ချစ်သူတော်ပြီးလမ်းထွက်တာဟာ ခလုတ်တိုက်ထားလို့ ဖိနပ်ထိပ်ဦး ပွန်းနေတဲ့၊ ရွှံ့တွေထဲသွားထားလို့ ခြေမနဲ့ ခြေညှိုးကြားထောင့်မှာ ညစ်ပတ်နေတဲ့ ဖိနပ်နဲ့လမ်းထွက်ရသလိုပဲ၊ ကိုယ့်ဖိနပ်အတွက် လူအမြင်မှာတျဂုဏ်ယူလို့မရတဲ့ မသိစိတ်က ခံစားချက်ဖြစ်မယ်။
ပြတ်ခါနီးဖိနပ်နဲ့ လမ်းထွက်ရတာကတော့ ကိုယ့်ကိုဘေးမှာထားပြီး တခြားဘယ်ယောကျာ်းနောက်ပါသွားမလဲ မသေချာတဲ့ မိန်းမတစ်ယောက်ကို ချစ်သူတော်ပြီး လမ်းထွက်ရသလိုပဲ။
သူ့စွန့်ခွာမှုက ကိုယ့်ကိုပါ ကမောက်ကမနဲ့ အရှက်ကွဲစေတယ်။
ထင်တာ ပြောကျိဒါ
:k:
padonmar
March 6, 2015 at 10:15 pm
မန်းလေး သားရေစိမ်းဖိနပ်ကို အကြိုက်ဆုံး။ဒါပေမယ့် ကိုယ်က အရပ်ပုတော့ ဘတ်စကားလက်ကိုင်ကိုမမီမှာစိုးတယ်။ဒါ့ကြောင့် ဒေါက်နည်းနည်းပါတဲ့ ဖိနပ်ပဲ ရွေးရတယ်။
အဲတော့ ဒုတိယအကြိုက်ဆုံးအနေနဲ့ ကတ္တီပါ ပုံတော် ဖိနပ်ကို ရွေးပါတယ်။
pencil heel တော့ ကြောက်ကြောက်။
Kaung Kin Pyar
March 9, 2015 at 1:49 pm
ဟုတ်တယ် အာတီဒုံ…။ ကောင်းကင်ပြာလဲ တစ်ခါတစ်ခါ ဖိနပ်အမြင့်တွေစီးရတာ စိတ်ပျက်လာတယ်….။ မြင့်နေရင် သွားရမယ့်လမ်းခရီးကို တွက်ရချက်ရနဲ့…..
တစ်ခါတစ်လေတော့လဲ အာတီဒုံလိုပဲ ကတီ္တပါ ဖိနပ်အပါးစီးဖြစ်တယ်….။ အဲ့ဒါက ဈေးဝယ်တာတို့လို ဟိုနားဒီနားသွားတာမျိုးတို့လိုဆို ခြေထောက်မနာဘဲ လမ်းသလားလို့ အကောင်းဆုံးပဲ….။
မြစပဲရိုး
March 7, 2015 at 5:01 am
ထုံးစံ အတိုင်းပေါ့။ အရေးအဖွဲ့ ကောင်းလေးပါ ကင်းကောင်လေး။
အရီး ကတော့ ဖိနပ် ထက် အိတ် သရဲ ပါ။
ငယ်တုန်းက အစ်ကို က အိတ်မျိုးစုံ ဝယ်ပေးတာ ကနေ အကျင့်ပါသွားတာလားတော့ မပြောတတ်ဘူး။
အခုလဲ အိတ်အမျိုးမျိုး ကို ရူးဆဲ။
ဒါပေမဲ့ ဈေးကြီး အိတ် တွေ တော့ မဟုတ်ပါဘူး။
ဈေးပေါ တာလေးတွေဘဲ ဝယ်နိုင်ပါတယ်။
ဖိနပ်ကတော့ မြန်မာပြည်မှာ ကတီ္ထပါ အပါး ဘဲ စီးပါတယ်။
တံဆိပ် က လှည်းဘီး လားမသိ။
ပွဲသွားရင်တော့ ၃လက်မလောက် ခွါအထူညီတဲ့ အမြင့် ကြိုးသိုင်း ဖိနပ် တွေ ကို ကြိုက်တယ်။
ကြိုးသိုင်း ဘဲ စီးတယ်။
အရီး ဖိနပ် ရာဇဝင် ကတော့ နှစ်မျိုး ထဲ။
:))
Kaung Kin Pyar
March 9, 2015 at 1:46 pm
အိတ်တွေလဲ ကြိုက်တယ်အရီးးး.
ငယ်ငယ်ကဆို အိတ်အကြီးကြီးတွေကို အရမ်း ကြိုက်တာ..။ သူငယ်ချင်းတွေကဆိုပြောတယ်…နင့်အိတ်တွေက နင်သာမက နင့်တစ်မျိုးလုံးတောင် ထိုင်လိုက်လို့ ရတယ်တဲ့….။ 🙂
သူရို့ပြောတာလဲ ဟုတ်ပါတယ်….။ တစ်ခါတစ်လေ အိတ်ကွယ်လို့ လူက ပျောက်ပျောက်သွားတယ်…
:k:
တစ်ခါ ဓာတ်လှေကားထဲမယ် ခါးပိုက်နှိုက်ခံရပြီးတော့ ကျောပိုးအိတ်နဲ့ ချိုင်းညှပ်ရတဲ့ အိတ်မျိုးတွေဆို မဝယ်ဖြစ်တော့…၊ ကြိုးအရှည်ပါရင်ပါ၊ မပါရင် လက်ကကိုင်ရတဲ့အိတ်မျိုးတွေပဲ ကိုင်ဖြစ်တော့တယ်….
မချွိလက်ဆောင်ပေးထားတဲ့အိတ်လေးတောင် မကိုင်ရက်လို့ ခုထိသိမ်းထားတုန်း….
Shwe Ei
March 9, 2015 at 1:26 pm
-အရိုးဆုံးက အမြဲတန်းဆန်းသတဲ့ ကောင်းကင်ပြာရေ..
-ဟိုက်ဟီးလ်တွေ ဘလောက်လှလှ..နေ့တိုင်းတော့ ခြေထောက်အနာခံပြီး မစီးနိုင်ဘူးလေ
-အချိန်တန်တော့..ကတ္တီပါခြေညပ်ဆီ ပြန်ရောက်သွားတာဘဲ…
-တခါတလေ..စိတ်အဆာပြေဖို့ ဖိနပ်ဒီဇိုင်းအသစ်တွေ ဝယ်စီးတာမျိုးကတော့ ဖြစ်သင့်ပါတယ်..
-ကို့အ့တွက်သက်တောင့်သက်သာ အဖြစ်ဆုံးဖိနပ်က ဘလိုဒီဇိုင်းလဲ ဆိုတာ သိနေဖို့ဘဲလိုတာ 🙂
-(မှတ်ချက်..ဖိနပ်ဒီဇိုင်းဆန်းတာ မှန်သမျှအကုန်ကြိုက်အိ)
Kaung Kin Pyar
March 9, 2015 at 1:42 pm
ဟုတ်တယ် မရွှေအိ…။ တစ်ခါတစ်လေ သွားနေရင်း ခြေထောက်အရမ်းနာလာလို့ ဖိနပ်အပါးရှာဝယ်စီးရတာမျိုးလဲ ကြုံဖူးတယ်…။
မရွှေအိ ပြောသလိုပဲ…။ ကိုယ့်အတွက် သက်တောင့်သက်သာအဖြစ်ဆုံးက အကောင်းဆုံးပါပဲ…
ခင်ဇော်
March 9, 2015 at 2:12 pm
ဟိုနေ့က စိတ်ဂယောက်ဂယက်နဲ့ ကမန်းကတန်း မန့်သွားရလို့
ခု စိတ်အေးလက်အေးပြောဦးမှ။
ဖိနပ်ပို့(စ) ဆိုတော့လည်း ဖိနပ် အကြောင်းဥစားပေးပြောမယ်နော်။
:k:
၁) အကြိုက်ဆုံး ဖိနပ် ဒီဇိုင်း – တဘား ခြေမကွင်းလို့ ခေါ်တယ်။ ခြေမမှာ တစ်ကြိုးနဲ့ ခြေခုံပေါ်မှာ တစ်ကြိုး (၂ကြိုးပဲ ပါတယ်)
ခြေထောက်လေး သန့်နေမှ စီးလို့ လှတဲ့ အတွက် ပိုဂရုစိုက်ဖြစ်တယ်။
၂) ဖိနပ်ထိပ်ဦးကို လေးထောင့်ဆန်ဆန် ကျယ်ကျယ်ကို ကြိုက်တယ်။ မိန်းမဆန်ဆန် ထိပ်ဝိုင်းကို မကြိုက်ဘူးးး
ခြေထောက်ကြီးလို့ မလှဘူးး
၃) လုံးဝ အပါးကို ကြိုက်တာ။ ဒါမဲ့ အရပ်အမောင်းလိုအပ်ချက် အရ အမြင့် ရှာစီးနေရတယ်။ (စိတ်နာစရာကွယ်)
၄) နိမ့်နိမ့်မြင့်မြင့် ကြိုးသိုင်းကို သိပ်ကြိုက်တယ်။ ခြေချင်းဝတ် တုတ်လို့။ ခြေသလုံးထိ ကြိုးပတ်တဲ့ ဒီဇိုင်းတွေဆို အရူးအမူးကြိုက်တယ်။ (ရောမ ကျွန် ဖိနပ်လို့အပြောခံပြီး စီးပါတယ်)။
၅) ဖိနပ်ဆိုး(လ) ကို အခွက်လေးတွေပိုကြိုက်တယ်၊ အရင် စကော(လ) တို့ ဒရင်းတို့ က ပုံမျိုး ခြေထောက်နင်းရသက်သာလို့၊ ပိုလိုမှာလည်း ရှိတယ်။
၆) ပုံတော်ဖိနပ်အစစ်ကို သိပ်ကြိုက်တယ်။ အမြင့်အလေးကြီးး၊ အာ့လေးစီးမိမှ ကိုယ်က ငြိမ်လို့ရတယ်။ (မငြိမ်ရင် လဲ မှာလေ၊ လေး လို့ ဖြေးဖြေးလျှောက်နေရတာ)
၇) ကန်းထရီး ဘု (လည်တို၊ လည်ရှည်) အရမ်းကြိုက်တယ်။ ထွားထွားလာတဲ့ ခြေသလုံးကို အားနာပြီး လည်တိုကို ဦးစားပေးရှာစီးပါတယ်။
၈) ဖိနပ် အရောင် ကို (အနက်၊ အဖြူ၊ သားရေရောင်(သမင်ရောင်)၊ အသားရောင်၊ တို့ကို) ဦးစားပေးရွေးလေ့ရှိပါ၏။
၉) ပွဲတက်ဖို့ဆို စိန်စီ ဖိနပ် တွေကို အရမ်းကြိုက်ပြီး ဝယ်ပြီး မစီးဖြစ်တာမို့ မပြောတော့ဘူးးး
၁၀) ကိုယ့် က ဘီလူးကိုယ်၊ ကျန်တာ မသိသာဘူးး၊ ဖိနပ် တစ်ရံဟာ တစ်လပဲ။ ဘယ်လောက်ပဲ ဂရုတစိုက် စီးစီး၊ တမင် တောကြိုအုံကြားမှာ မဆင်မခြင် စီးသလိုကို စုတ်ပြတ်သွားလို့ လူရှေ့ဆို ဖိနပ်မချွတ်ရယ်ဘူးး
:k:
Kaung Kin Pyar
March 9, 2015 at 2:51 pm
ကလေးတွေရှေ့မှာလဲ ဖိနပ်မချွတ်ရဲဘူးမှုတ်လား မမဂျီး…..
:k:
စကားစပ်မိလို့……အလှူနေ့က ကလေးတွေ မျက်စိကျတဲ့ဖိနပ်လေးရော…..သွားရှာပြီလားငင်….
စီးလို့ဝရင် …အမွေတောင်းမို့….
ခင်ဇော်
March 9, 2015 at 2:55 pm
ဖိနပ်တွေက စီးလို့ မဝခင် စုတ်ပြတ်သွားတာ များလို့။
ဟိ။
နောက် ရှိသေးတယ်။
ကိုယ်နဲ့ ကွက်တိကျတဲ့ ဖိနပ်၊ သက်တောင့်သက်သာ နဲ့ လှတဲ့ ဖိနပ်များဆို ၂ ရံလောက် ကြိုဝယ်ရတယ်။
နောက် လိုချင်ရင် ရှာမတွေ့မှာစိုးလို့။
:a:
နာ့ညလေး ဖိနပ် ဆိုဒ်က ဘယ်လောက်တုန်းး
သေးမယ်ထင်တယ်
Kaung Kin Pyar
March 9, 2015 at 3:38 pm
ကောင်းကင်ပြာ ဖိနပ်ဆိုဒ်က ၃ရ ။ အမေနဲ့ ဖိနပ်ဆိုဒ်တူတူမို့ အမေ့ဟာတွေ အလစ်ခိုးစီးတိုင်း ဆူခံထိတာ…။ ဟိုတစ်နေ့ကတောင် ဖိနပ်ကြွေးတောင်းနေသေး…။
🙂
အမေကလဲ ကောင်းကင်ပြာ့အိတ်တွေ ယူကိုင်နဲ့….သားအမိနှစ်ယောက် နှစ်ယောက်ထဲနဲ့ အကြွေးပတ်တောင်းနေရတယ်…
:k:
ခင်ဇော်
March 9, 2015 at 3:42 pm
အမက ၃၈
ဘု တွေဆို ၃၉ မှ ရတယ်။
:k:
Crystalline
March 9, 2015 at 4:06 pm
အစ်မမှာလည်း…ဖိနပ်ဇာတ်လမ်းတွေများပါ့…. အခုနောက်ပိုင်းတော့ ကိုယ့်အတွက် အနှောက်အယှက်မရှိသက်တောင့်သက်သာရှိတဲ့ဖိနပ်မျိုး…ကိုယ့်ရာသီဥတုနဲ့ကိုက်တာမျိုးတွေပဲဝယ်ဖြစ်တော့တယ်… ဖိနပ်တွေ..အိတ်တွေ.. လှလို့ဝယ်ခဲ့ပြီး။အခွံတွေလန်.. ခွာတွေပြိုကျတဲ့ဒွတ်ခတွေ ခံရပေါင်းများပြီးမှ ရလာတဲ့သင်ခန်းစာတွေ.. :))
Kaung Kin Pyar
March 10, 2015 at 9:45 am
ဟုတ်တယ်..မခွစ်…ဖိနပ်ရော အိတ်ရောက အသုံးမပြုတာကြာရင် ပျက်စီးကုန်ရော…မခွစ်ပြောသလို ရာသီဥတုနဲ့ကိုက်တာကတော့ အကောင်းဆုံးပါပဲ….
:))
•*¨နန်းတော်ရာသူ •*¨
March 15, 2015 at 11:23 pm
အစ်မကတော့ ဖိနပ်ကို ကိုယ်နဲ့အဆင်ပြေတာပဲစီးဖြစ်တယ်။အရပ်မြင့်တော့ ဖိနပ်မြင့်တွေလည်းမစီးဖြစ်ဘူး။
ဝယ်ရင် နည်းနည်းလေးမှ မြင့်တာ မဝယ်ဖြစ်ဘူး။
အိတ်ဆိုလည်း အရမ်းခရေဇီမဖြစ်ဘူး။
ကွန်ပျူတာ ပစ္စည်း အတိုအထွာလေးတွေနဲ့ ပစ္စည်းအဆန်းအပြားလေးတွေပဲ ခရေဇီဖြစ်တယ်။