တောင်ပေါ်လမ်း…ကားလေးနဲ့…လှမ်းကာလေ…..
၂၀၁၅ သံဓိဌာန်ထဲမယ် တခြားဟာတွေကိုသာ မဖြည့်ဆည်းချင်နေမယ်..၊ ခရီးတိုလေးတွေ ခဏခဏထွက်မယ်ဆိုတာနဲ့ မစားဖူးသေးတဲ့ အစားအသောက်တွေ စားမယ်ဆိုတာကိုတော့ ပထမဦးစားပေးအဆင့်အနေနဲ့ စိတ်ပါလက်ပါ လုပ်ဖြစ်ခဲ့တယ်…။ မိသားစုနဲ့ နွေးနွေးထွေးထွေးနေမယ်ဆိုတာလဲ ပါခဲ့ပါရဲ့….ဒီ ၃ချက်လုံး တစ်ပြိုက်နက်ပြည့်နိုင်တာရော၊ ရာသီဥတုလေးကြောင့်ရောနဲ့ သွားဖြစ်ခဲ့တာရယ်…။
၂၀၁၆ သံဓိဌာန်ထဲမတော့….တစ်ခု ထပ်ဖြည့်တော့မယ်….
ယောကျာင်္းယူမယ်….အငိငိ…
:
:
:
(နောက်ထှာ..အတည်)
ဆိုတော့…သင်္ကြန်ပိတ်ရက်မယ်..တောင်ကြီးခရီးစဉ်သွားဖြစ်ပါတယ်…(ဖဘမှာ ဖလန်းလွန်းလို့ တစ်ရွာလုံးနီးပါးလဲ သိနေပါပြီ…။ ဒါက သူဂျီးဆီက ပိုက်ပိုက်ညာယူတာ…)
တောင်ကြီးသွားမယ်ဆိုတော့ ရင်ခုန်ပါတယ်…အခြေသတင်းကြီးတဲ့ အမြန်လမ်းရယ်…အကွေ့အပတ်များတဲ့…. တောင်ကြီးလမ်းရယ်ပေါ့…
တောင်ကြီးလမ်းသွားရမယ်ဆိုတော့… အရင့်အရင် စိတ္တဇက ထ ကြွလာပါရော…အဲ့တုန်းကဆိုများ…ဟံသာဝတီအဝိုင်းကို ကားပတ်ရင်တောင် ဘုရားတရား တ ခဲ့ရတာ…
ခု တောင်ကြီးလမ်းကို စတက်တော့လဲ ထင်တဲ့အတိုင်း… အတိတ်ကအရိပ်တွေက တရေးရေးပေါ်တယ်…
လွန်ခဲ့တဲ့ ၄နှစ်ကျော်တုန်းက အလုပ်က အပျိုကြီးတစ်သိုက်ရယ် ရုံးကစာရင်းကိုင် အန်ကယ်လ်ထိန်တို့ မိသားစုရယ်နဲ့အတူ အလောင်းတော်ကသပ သွားဖူးကြတယ်…။ ပုံမှန်ဆိုရင်တော့…ချောင်းသာတို့လို ငပလီတို့လိုကို ရောက်မှာပဲ….။ အန်ကယ်လ်က သွားနိုင်တုန်းလေး..အလောင်းတော်ကသပ သွားဖူးပါရစေ ပြောလေတော့ အန်ကယ်လ့်ဆန္ဒကို လိုက်လျောရင်း သွားဖို့ စီစဉ်ကြတာပဲ….
New Year က ၁၁၅ မိုင်မယ်….။ ရာသီဥတုကလဲ အေးအေးနဲ့ပေါ့….။ မုံရွာကနေ အလောင်းတော်ကသပတက်မယ်လုပ်တော့ မနက် ၁နာရီက ထ သွားရတာ…။ ၃နာရီခွဲလောက်နေတော့…တောင်ခြေမှာ မနက်စာ စားကြတယ်….
မုံရွာက စ ထွက်လာကတည်းက…အန်ကယ့်မြေးလေး…ဘေဘေးက ကျမပေါင်ပေါ်ထိုင်တယ်….။ ခု မနက်စာ စားပြီးတော့လဲ သူက ကျမနဲ့အတူ…ထိုင်တယ်..။
မိုးကမလင်းသေးဘူး……မှောင်တုန်း…
ဘေဘေးလေးကို ခေါင်းစွပ်လေး ပြန်စွပ်ပေး…စောင်လေးပါ အပေါ်က ထပ်ခြုံထားရင်း ကျမသူ့ကို ဖက်ထားပြီး ငိုက်ကောင်းတုန်း ရှိသေးတယ်…..။
:
:
:
“ကားမှောက်ပြီ…..ကားမှောက်ပြီ….”
မရီအေးအော်သံအဆုံးမှာပဲ….ကျမ လန့်နိုးလာတော့…ညာဘက်ဘေးက ချယ်ရီက ဟိုဘက်ကို လျောကျနေပြီ…..
ချယ်ရီ့ကို လှမ်းဆွဲတဲ့အချိန်….ဘေဘေးကလဲ လျှောကျတော့မယ်…..ကျမ ဘယ်ဘက်လက်တစ်ဖက်ထဲနဲ့ ဘေဘေးကို မထိန်းနိုင်တော့ဘူး….
မထူးဇာတ်ခင်းပြီး…ကျမ ကလေးကိုလက်နှစ်ဖက်နဲ့ တင်းတင်းဖက်ရင်း….အောက် အကျကို ကျောနဲ့ခံလိုက်တယ်…..
:
:
:
“အားးးးးးး နာလိုက်တာ…….”
ခြေထောက်က မိုးပေါ်ထောင်လို့…လူက ဇောက်ထိုးဖြစ်နေတယ်..
ဇောက်ထိုးကျတဲ့အရှိန်ရယ်….အပေါ်က…..ဘေဘေးဝိတ်ရယ် ပေါင်းပြီး ကျမလည်ပင်းရိုးအောက်ဘက်က အတော်ကို နာသွားတယ်…ခေါင်းလဲ နည်းနည်း…. ပေါက်သွားတယ်….
တော်ရုံနဲ့ ပြန်မထနိုင်…..
ကားပေါ်မယ်… Gas အနံ့တွေလဲ လှိုင်နေပြီ…..။
“မြန်မြန်ထွက်တော့….မြန်မြန်ထွက်တော့…..”
အတူပါလာတဲ့ ဂိုက်က ကျမနား ကလေးရှိမှန်းသိလို့ ကျမဘေးက ပြတင်းပေါက်မှန်ကို ခွဲပြီး မြန်မြန်ထွက်လာဖို့ လှမ်းအော်နေတယ်….(သူက ကားစ ယိုင်ကတည်းက ပြတင်းပေါက်က ခုန်ထွက်ခဲ့သတဲ့….) ကျမက မထနိုင်…။
ဒါနဲ့ပဲ ကားရှေ့မှန်ကို ခွဲလိုက်တော့မှ….ကျမတို့ အဲ့ဒိအပေါက်က ထွက်ရတယ်……
ကျမ ကြောင်တောင်တောင်နိုင်တာ တစ်ခု ရှိသေးတယ်….။ တခြားလူတွေက အပြင်ရောက်နေပြီ….။ ကျမနဲ့ မနီလာက ကားထဲမယ်..ဖိနပ်လိုက်ရှာနေတာရယ်….(ဟုတ်တယ်လေ…ခရီးက ဆက်ရဦးမှာ…သံစူး မှန်စူးရင် ဘယ်လိုလုပ်မလဲ….)(ကားထ ပေါက်ကွဲရင် လျှောသွားတော့မယ်….သံစူးမှန်စူးကို တွေးနေတယ်…..ကြောင်တာ ဝန်ခံပါရဲ့..)။
“ထွက်လာကြတော့…မြန်မြန်….မြန်မြန်… ”
အပြင်က အဖွဲ့တွေ ဝိုင်းအော်ကြမှ…ကျမတို့နှစ်ယောက် ဖိနပ်လေးတွေ ကိုယ်စီကိုင်ရင်း ကုပ်ကုပ်လေး ထွက်ရတယ်…။ ခေါင်းဆိုတာ….ဟိုဘက်ဒီဘက်တောင် လှည့်လို့မရ….
ကံကောင်းချင်တော့…အနီးအနားမှာက တောင်ခြေဘုန်းကြီးကျောင်း…..ရှိနေတာရယ်…။ ဘုန်းကြီးကျောင်းကို ရောက်မှ အနာကို ဆေးလိမ်းဆေးထည့်နဲ့ အချင်းချင်း သတင်းမေးရတာ…..
ကားက ဂီယာကြီးကို ဘယ်လိုမှ ထိုးမရတော့တဲ့….ဒါနဲ့ပဲ အောက်ကိုလိမ့်လာတော့ ယာဉ်မောင်းက တောင်ဘေးကမူကို ပြေးကပ်လိုက်တာ…သူ့ကိုလဲ ကျေးဇူးတင်ရပါတယ်..၊ ညာဘက်က ချောက်ထဲသာ ကျရင်….အောက်မှာ ဝါးချွန်တွေနဲ့….တာ့တာပြတဲ့ပွဲတောင်….ရုပ်ထွက်လှမှာ မဟုတ်ဘူးပဲ….. (ဆိုင်လား မဆိုင်လားတော့ မသိဘူး….အဲ့ဒီအချိန်တုန်းက….နတ်ရှင်နောင်ကို နင့်နင့်နဲနဲ သတိရမိ…..)
:k:
ထားတော့….
ဘုန်းကြီးက တောင်အောက်ဆင်းဖို့ ကားရှိသတဲ့….။ မရှိဘဲ နေပါ့မလားရယ်…ကားပေါ်က အတူပါလာတဲ့လူကြီး…တစ်ခေါင်းလုံး.. သွေးတွေချည်းပဲ….။ တခြား နှစ်ယောက် သုံးယောက်လောက်လဲ…ဆိုးဆိုးရွားရွားဖြစ်ကြတယ်….။ အသေအပျောက်တော့ မရှိ…..။ ကိုယ့်အဖွဲ့ထဲကလူတွေကတော့ ထိပ်ပေါက်ခေါင်းကွဲ ဖူးယောင်လောက်သာ….။ ယာဉ်မောင်းကိုလဲ စခန်းကျမှ ရှင်းရဦးမယ်ဆိုတော့…ကျမတို့အဖွဲ့ကိုလဲ တစ်ခါတည်း လိုက်သွားပေါ့….
ကျမတို့တစ်ဖွဲ့လုံးကလဲ…. ပြန်မလိုက်ဖူး….တောင်ပေါ်ဆက်တက်မယ်…..။ ဘုန်းဘုန်းက အမှားအယွင်းတစ်ခုခုလုပ်ခဲ့တာရှိရင်…ဆက်တက်တဲ့အခါ ဒုက္ခရောက်မယ်နော်…လို့ ပြောတယ်….
တပည့်တော်တို့ အမှားအယွင်းလုပ်ခဲ့တာ … မရှိပါဘူး ဘုရား….တောင်ပေါ်ဆက်တက်ပါရစေ ဆိုတော့ ကားတစ်စီး စီစဉ်ပေးတယ်…
ဒီလိုနဲ့ ကျမတို့အဖွဲ့ ဘုရားစာရွတ်ရင်း ညည်းငြူရင်း ရီမောရင်းနဲ့ပဲ အလောင်းတော်ကသပ ရောက်ခဲ့ကြတယ်….။
ထိပ်ပေါက်ခေါင်းကွဲ ဖူးယောင်ပြတ်ရှ…လူပုံတွေကလဲ စုတ်ပြတ်လို့ပေါ့….
ဒီလိုနဲ့ပဲ….အလောင်းတော်ကသပကို ရောက်အောင်သွားဖူးခဲ့ကြတယ်….။ တကိုယ်လုံး နာနေလို့ ဆင်တောင် မစီးနိုင်တော့…။
တည်းတဲ့ နေရာဆီရောက်တော့ အားလုံးပင်ပန်းနေပြီ……။ ကားအုံနာကဆို အချိန်မှီပြန်မရောက်လို့ ဆေးရုံတို့ ရဲစခန်းတို့တောင် စုံစမ်းနေပြီ တဲ့…။
ကျမ..လက်ပြင်နှစ်ခုကြားနေရာက နာလိုက်တာဆိုတာ….ကျောချအိပ်တာတောင် အရမ်းနာလို့ အိပ်လို့မပျော်နိုင်တဲ့ထိ…
ဒါပေမယ့်…လူငယ်စိတ်မို့လားတော့ မသိ…။ အပြန်လမ်းမှာ တွေ့သမျှဘုရားဖူးလိုက်တာပဲ…မင်းကွန်းပုထိုးတော် နေရာကိုဆိုလဲ ရောက်အောင်တော့ တက်လိုက်ကြတာပဲ…။
ရောဂါတွေက ရန်ကုန်ရောက်မှ ပေါ်တာ….။
စံပြအရိုးအကြောမယ်…တစ်လလောက် ကုယူရတယ်…။ ဒါတောင် ညဘက်တွေအိပ်တိုင်း ၂နာရီလောက်ဆို အရမ်းနာပြီး မအိပ်နိုင်လို့ ကျောမယ် ခေါင်းအုံးခုပြီး ထထိုင်ရတုန်း….
😥
လူတွေက ပျော်ရွှင်စရာအဖြစ်တွေထက် နာကျင်စရာအဖြစ်တွေကို ပိုမှတ်မိနေတတ်တယ်လို့ ကြားဖူးတုန်းက ကျမ လက်ခံလိုက်ဖို့ ငြင်းဆန်ခဲ့ဖူးတယ်…။
သို့သော်…တောင်ကြီးသွားတဲ့ လမ်းမယ်….အဲ့ဒီစကားကို ပြန်တွေးမိနေခဲ့တယ်…
ဒီ အက်ဆီးဒင့်ကိစ္စမှာလဲ….ကျမ မမှတ်မိချင်တဲ့ တချို့ကိစ္စတွေက…ကိုယ်တမင်…သတိတရရှိနေတာမဟုတ်ပေမယ့်….မေ့ပစ်လိုက်ဖို့ အားထုတ်ပေမယ့်….ပြန်သတိရချင်စရာ မကောင်းနေပေမယ့်လဲ…. စိတ်အာရုံတစ်နေရာမှာ…ကျန်နေတတ်ခဲ့တာ တချို့ရှိတယ်….
(တောင်ပေါ်လမ်း…ပြောပြီး….အလောင်းတော်ကသပက ပုံတွေဖြစ်နေတယ်….။ တောင်ကြီးအသွားလမ်းမယ်…..မှတ်မှတ်ရရ တွေးမိခဲ့တဲ့ အတွေးပါ….။ ဖောင်တော်ဦးဘုရားတို့…ကလောမြို့တို့ကတော့ စုတ်ချာလှတဲ့ ကျမရဲ့စနက်ရှော့တွေ မပြတော့ဘာဘူး……)
:k:
ကောင်းကင်ပြာ
22.4.2015
38 comments
ခင်ဇော်
April 22, 2015 at 2:28 pm
ဟမ်မလေးးး
မသေကောင်း မပျောက်ကောင်းးး
နတ်ရှင်နောင်ရရင် လည်း မစားသာ။
ဒါ အတိတ်လမ်းနဲ့ ပျိုးတာပေါ့။
စောင့်နေမယ်
ဆက်ရေးးးနော်
:k:
Kaung Kin Pyar
April 22, 2015 at 2:40 pm
ဟီး…အကျန်တော့ဝူးးးး
တောင်ကြီးခရီးစဉ်က…ဘာမှ မှတ်မှတ်ရရ ရှိတာ မရှိ….
ရွာထဲမယ် …ခရီးထွက်ကြတာတွေ များလို့….တူများ မဦးခင်…အရင်ကြိုဦးလိုက်ထှာ..
:k:
ဦးကျောက်ခဲ
April 22, 2015 at 2:45 pm
ဦးကျောက်စ်တို့ Final Year ကွင်းဆင်းတော့ အောင်ပန်းဟိုဘက် ရွာငံလမ်း…
မြင်းကျတိုးမှာ ညကြီးသန်းခေါင် ကားမှောက်တာ အတော်အီတွန့်ပွမ်သွားတယ်…
ကားက ဂီယာပြုတ်ကျတာ တဘက်ကချောက်မို့ တောင်ကမ႓ားနဲ့ ပွတ်လိုက်တာလေ…
အမှတ်တရ ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်ကတော့ အသိုက်ပျက်သွားတယ်…
:k:
Kaung Kin Pyar
April 22, 2015 at 2:49 pm
အသိုက်ပျက်သွားတယ်…???
ကောင်းကင်ပြာတို့ကားလဲ…ဘရိတ်လွတ်မသွားတာပဲ…ကျေးဇူးတင်ရမယ်…
အဲ့လမ်းမယ်…မှောက်ပြီဆို…လျှောကနဲပဲတဲ့…. :k:
အနက်ရောင်မဝတ်ရဘူးတို့…အပြောအဆို ဆင်ခြင်ရတယ်တို့…ဘာတို့…
တိမ်မည်း
April 22, 2015 at 2:52 pm
ကံကောင်းလို ့မသေတယ်…
ဖိနပ်တော့ သတိရသားနော်…. 🙂
လူတွေက ပျော်ရင် ဒဏ်ရာတွေမေ့ပျောက်တယ်တဲ့….
တော်သေးတာပေါ့ ခနမို ့လို… ကြာရင် ဒဏ်က မသေးဖူး….
စကားပြောအရေးအသားလေးနဲ ့ကောင်းတယ်ဗျို ့….
တောင်ကြီး အကြောင်းဆက်ရေးပါဗျို ့…
ကျွန်တော်က တော့ တောင်ကြီး အကြောင်း ပြောရင် ကားဘီ ကြီး လွတ်နေတာပဲ မြင်စိထဲမြင်တယ်…
Kaung Kin Pyar
April 22, 2015 at 2:59 pm
ဒဏ်ရာက…ဆောင်းတွင်းဘက်လိုတို့..အမှီမပါဘဲ..အကြာကြီးထိုင်ရင်တို့ဆို…ခုထိ…သိသာသေးတာ…
ုဖြစ်တုန်းက လည်ပင်းမှာ ဒေါက်ခုခိုင်းတာရယ်…။ လည်ပင်းရိုး ၅နဲ့ ၆ကြား ထိသွားဆိုလား….။ အိုက်ဒေါက်ကြီးနဲ့ မနေချင်တာ…ဆရာဝန်မ ဆူမှာစိုးလို့…သွားကိုမပြတော့…..
လေဆာနဲ့နှိပ်တာလား….စစ်စစ် စစ်စစ်နဲ့…အိုက်ဒါလေးတော့ လွမ်းမိသား….
:k:
တောင်ကြီးခရီးစဉ်တော့ တော်ပြီညှော်…
အိပ်တာရယ်…စားတာရယ်…ဖုန်းပွတ်တာရယ်ကလွဲလို့…ထွေထွေထူးထူးသိပ်မရှိဖူး..
Alinn Z
April 22, 2015 at 3:17 pm
”လူဆိုတာ လင်းဝေစိမ်းမြတဲ့ ပန်းညများစွာထက်
သရဲခြောက်ရာ ညတစ်ညကို ပို သတိရတတ်ကြတယ်” တဲ့
အဲ့ဒီစာသားလေးကို ဘယ်စာရေးဆရာ ရေးခဲ့သလဲ ? သိလား ?
:kwi:
ခင်ဇော်
April 22, 2015 at 3:29 pm
“မီးတောက်ရမ်သမ်”
အခုလို..
လှပအေးစက်နေတဲ့ ညမှာပဲ
ငါ… ပျိုးထားတဲ့ မြနှင်းဆီဟာ
ကြယ်တစ်ရာခြံရံပြီး ကြွေကျသွားခဲ့တယ်။
တိမ်လွှာမျဉ်းကောက်တွေကလည်း
ချစ်သူတစ်ယောက်ရဲ့ မီးအိမ်မက်မှာ
ရွှေမျက်ရည်တွေ စိုလက်လာပြီလို့
မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကို
တီးတိုးပြောကြားလိုက်တယ်။
‘ချစ်ခြင်းမေတ္တာ’ ဟာ
မှော်ဆရရာတစ်ယောက်ရဲ့ နိဂုံးလို
နောက်ဆုံးမှာ
မီးခိုးလုံးများ ဖြစ်သွားရော့မလား… လို့
နှုတ်ခမ်းကိုက်ပြီး.. ငါ စဉ်းစားဖူးတယ်…။
လူငယ်တစ်ယောက်ကိုပြုစားဖို့
အဘယ်နတ်ဘုရားထံ
နင့်လက်တွေ ဖြန့်ကားတောင်းခံခဲ့သလဲ..
ငါ့ရာဇဝင်ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်ချင်တယ်။
သံယောဇဉ်ဆိုတာ….
အရောဝင်လို့ မကောင်းတဲ့ ခွေးကလေးပါပဲ….။
လောကဓံဦးတုန်းက
အလွန်အကြူးသောက်ခဲ့တဲ့ အရက်တစ်ခွက်
ခုမှ… စံပယ်ရွက်ပေါ် မူးလဲ
အသည်းကွဲတယ်… ဆိုတာ
သီချင်းလေးတွေ တိုးတိုးညည်းရင်းက
ထိရှခဲ့တဲ့… သွေးမဲ့ဒဏ်ရာတစ်ချက်ပါ…။
သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့
နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက
ငါ့ကို… စီးမိုးထားတယ်…။
စက်ရုပ်ကို ဒူးထောက်ကျစေတဲ့
နင့်ရဲ့… မျက်ဝန်းစိမ်းလဲ့မှာ
ငါ.. ဘယ်လိုမှ မေ့မရတဲ့
မဟာလင်္ကာတစ်ပိုင်းတစ်စ.. ရှိနေလေရဲ့…။
အဲဒီလိုနဲ့ပဲ
ငါ… ပြန်လည်ချည်နှောင်ခဲ့ပါ့မယ်…
ချစ်သော… ဖဲကြိုးဝါကလေးရယ်…။
လျှပ်စစ်မျှင်တန်းလို
ပူလင်းပြင်းထန်လွန်းတဲ့
သူရူးတစ်ယောက်ရဲ့ ပွေ့ဖက်မှုတွေထဲ…
ခု… ရထားတို့ ဥဩဆွဲလိုက်ကြပြီ..
`…ပြီးဆုံးသွားပါပြီ…
…အားလုံး ပြီးဆုံးသွားပါပြီ…´ တဲ့။
(၂)
အရှေ့လေတွေ တိုက်တုန်းက
ခါးကုန်းနေတဲ့ ငါတို့ရဲ့ မြရာပင်အိုကြီးဟာ
တုန်ယင်ချည့်နဲ့စွာ ယိမ်းထိုးနေတော့တယ်..။
ကျောင်းတော်ရဲ့စည်းအပြင်
နှောင်းရိပ်တွေတလွင်လွင်နဲ့…
ထင်ယောင်ထင်မှား
လမ်းပေါ်မှာ ငါစဉ်းစားတာ…
နင့်အကြောင်း.. ခေါင်းစဉ်များစွာပါပဲ။
ထိပ်ထားရယ်…
အီဂျစ်ပြက္ခဒိန်ထဲက
မိုးတိမ်တွေရွာမယ့်နေ့
နင်နဲ့ငါ.. ပြန်လည်ဆုံတွေ့ကြရင်…
ဒီအကြောင်းတွေ ပြောပြချင်ပါသေးတယ်…။
ငါက.. ဆပ်ပြာဖူဖောင်းကို ခိုစီးပြီး
မြင်းမိုရ်တောင်ကြီးနဲ့ တိုက်မိမှာ
စိုးရိမ်ရှာသူ မဟုတ်ခဲ့….
ဒါပေမယ့်…
လေပွေလမ်းကြောင်းများမှာ
တုန်ဝါးဖျော့အေး
`သစ္စာ´ကို ပဲ့တင်သံနဲ့ပဲ ပြန်ပေးနိုင်ခဲ့သူ…။
ငါ့ကိုသတ်… ငါ့ရင်ဘတ်ကို ထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ်။
ဝိုင်ယာကြိုးတွေ
`ထောင်း´ခနဲ မီးပွင့်ပြတ်တောက်ပြီး
ရုတ်ခြည်း မှောင်အတိကျသွားတဲ့
`အန္ဓ´တို့ရဲ့အိမ်အိုမှာ..
တေလေပီသစွာ… ငါနေတယ်။
တိတ်ဆိတ်… ပြာလဲ့နေတဲ့ည
ရေတွင်းထဲ ခေါင်းငုံ့ပြီး
`…………….´ကို ချစ်တယ်… လို့
ဘယ်ဆီဘယ်ဝယ်… ဟစ်အော်တမ်းတရတာ
ဘာကြောင့်ပါလဲ…။
`အုံ့ပုန်းချစ်´ သီချင်းကို
မဆိုချင်ဘဲ ဆိုရတာ
ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို
ကိုက်မျိုရသလိုပါပဲ… လို့
အက်ကွဲနေတဲ့ မက်ဒလင်ကြီးက…
ငါ့ကိုပြောပြတယ်။
အဲဒီလိုနဲ့…
မိုးကိုဆန့်မြှောက်ထားတဲ့
မမီနိုင်သောကမ်းလက်တွေဟာ
ဟိုး… တုန်းကလိုပဲ
ငါ့ဆီမှာ… မြေမှုန်တွေ စွန်းထင်းလျက်ပါပဲလေ…။
(၃)
`လူဆိုတာ…
လင်းဝေစိမ်းမြတဲ့ ပန်းညများစွာထက်
သရဲခြောက်ရာ ညတစ်ညကို… ပိုသတိရတတ်တယ်´ …။
ငါသေသွားခဲ့လိုရှိရင်
ငါ့ရဲ့သင်္ချိုင်းဂူမှာ
ကြက်ခြေခတ်တစ်ခုကိုသာ
မှတ်တိုင်အဖြစ် စိုက်ပေးထားပါ။
တကယ်တော့… အဲဒါဟာ
ငါသိသမျှ လောကဓမ္မကို
အကြွင်းမဲ့ ဖော်ပြသွားခြင်းပဲ ဖြစ်လိမ့်မယ်။
ဟိုးငယ်ငယ်.. ကျောင်းမပြေးတတ်ခင်တုန်းက
ခရေပွင့်ပြထားတဲ့ သင်္ချာတစ်ပုဒ်
ငါ့အပေါ်ခုန်အုပ်ပြီး
မင်နီတွေရဲခနဲ သုတ်သွားဖူးတယ်။
ငါ… သတ္တိကောင်းကင်မှာ… နီလွင်ထစ်ချုန်း
တစ်…
နှစ်…
သုံး…
အနက်ရှိုင်းဆုံး ထိုးကျပစ်လိုက်တယ်။
ထူးလှတယ်တော့လည်း မဟုတ်ပါဘူးလေ…
ကြောက်မက်ဖွယ်ရာလူတွေရဲ့
မဟာဘုတ်ဗေဒင်ထဲမှာမှ
ငါကလည်း `အဓိပတိဖွား´ ဖြစ်ချင်ခဲ့တာကိုး …။
မြောက်လေသွေးတိုင်း မွှေးမြတဲ့မျက်ရည်နံ့တွေ
လူငယ်တစ်ယောက်ရဲ့ လာရာလမ်းမှာ
ခုထက်ထိ သင်းပျံ့ဆွတ်ပေနေတယ်ဆိုတာ
ဘယ်သူကများ.. မျှဝေခံစားခဲ့သလဲ..။
အိမ်အပြန် ညများစွာမှာ
ဘယ်သူ့မှ မပြောချင်တဲ့စကားတွေ ပွေ့ပိုက်
ကိုယ့်ကိုယ်ကို.. `လူမိုက်´လို့ ပြန်ခေါ်ခဲ့ရတယ်…။
၁၉၉၃… ၁၉၉၄…
ငါ့ကဗျာလေးတွေ ဆွေးမြည့်ကြေကွဲ
လမ်းဘေးအုတ်ခုံပေါ် လဲကျနေတယ်..။
နှင်းမြားတစ်လက်ရဲ့ အဆိပ်နဲ့
နိမိတ်မကောင်းတဲ့ပုံပြင်
မမြင်ဘူးသောနေ့များ… ညများ
ပိတောက်ကိုင်းဖျားမှာ… ဝပ်တွားစုရုံး
ငါ့ကို… ချည်ထုံးခဲ့တာ…
(ခု…အချိန်တိုင်အောင်….)
အလင်းစိမ်းတန်းတွေ ရစ်ဖွာလို့…။
(၄)
မြို့ပြင်လမ်းကွေ့က
တွေ့ခဲ့ဖူးတဲ့ ဂျစ်ပစီတွေလို
ဖြစ်ခဲ့သမျှကို
ရယ်ကာမောကာ ပြန်ပြောနိုင်တဲ့ အကျင့်လေး
သွေးအေးအေးနဲ့ ကြိုးစားမွေးနိုင်ခဲ့ပြီ။
. . . . . . . . . . . .
. . . . . . . . . . . .
. . . . . . . . . . . .
. . . . . . . . . . . .
ဘာပဲဖြစ်ဖြစ် …
ကျောက်ခေတ်၊ ကြေးခေတ်
နျူကလီးယားကင်ဆာ၊ အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ငါ… ကြေညာချက်ကတော့
နင့်ကိုထာဝရ ချစ်နေမယ်ဆိုတာပါပဲ….။
ထိပ်ထားရယ်…
ဖြစ်နိုင်မယ်ဆိုရင်…
ဂန္တဝင်ပန်းပုရပိုဒ်မှာ…
နန်းသုံးအက္ခရာနဲ့ ခြယ်မှုန်း
နင့်နာမည်လေး စာသုံးလုံးကို
စီရီသီကုံး ပေးချင်တယ်..။
နင့်အပေါ်ထားတဲ့.. ငါ့ရဲ့ချစ်ခြင်းမေတ္တာဟာ
မိုးပေါ်ကို ဦးမော့ပြီး
ဝင်းပစွာ… လင်းမြတုန်ခါနေတဲ့…
ရွှေဝါရောင် မီးတောက်မီးလျှံလိုပါပဲ…။
ကျောင်းရှေ့က စံပယ်ရုံမှာ
ဗီးနပ်စ်ရဲ့ နက္ခတ်တို့ တလက်လက်ပြာဝေမှုန်သင်း
ကျောင်းခန်းတွင်းမှာ…
လမင်းကလေး.. သာခဲ့ဖူးတယ်…။
ချစ်သောကျောင်းသွားဖော်ရဲ့
ပန်းရုပ်လွှာကို မျှော်တွေးရင်း
ဆွေးလျညှိုးခွေ.. ဖြေမပြေသူလေးအတ္ထုပ္ပတ္တိ
မြရာပင်ကြီး သိပါတယ်..။
ကမာ္ဘဦးလူတို့လည်း(ဂူနံရံမှာ)
ငယ်ကျွမ်းမျက်နှာဝေဝါး
ပညာရှိကြီးများရယ်..
ပါဠိစာလုံးတွေနဲ့
ငါ့အပေါ် မဆုံးဖြတ်ပါနဲ့ဦး…။
“ချစ်သူကိုတောင်
ချစ်တယ်လို့ မပြောရဲတဲ့ကောင်…
ရာစုတစ်ထောင်နေရစ်ခဲ့ …
ထိုသို့ဖြင့် စကားမဲ့စေသတည်း”
မြရာပင်ကြီးရဲ့
ညည်းတွားသဲ့သဲ့ သန်းခေါင်ယံ
ငှက်ဆိုးအုပ်နဲ့အတူ
ရုတ်တရက်လန့်ပျံသွားတယ်…။
ချို့တဲ့သောဘဝ
ဆန္ဒရဲ့မပြေလည်မှု
အနီရောင်မှတ်တမ်းတစ်ခုနဲ့ ချစ်သူ့အတွက်ပန်သစ္စာ
ဪ… ငါ့ကိုလေ
နားလည်ပါ… နားလည်ပါ
နားလည်စမ်းပါ…။
(၅)
အဲဒီနေ့ရက်တွေမှာ
မာန်နတ်ရဲ့ ဘယ်ဘက်လက်က
အနက်ရောင်ကျမ်းချက်တစ်ပိုဒ်ဟာ
ငါ့ကို စီးနင်းတိုက်ခိုက်ဖို့
မြင်းကကြိုးတို့ကို ပြင်လို့ `သ´လို့နေခဲ့ပေါ့…။
ဘာပဲပြောပြော
ရွှေနဲ့စက်ဝယ်လို့မရတဲ့
နောက်ဆုံးကလူရဲ့ အတွေ့အကြုံမှာ
သံမှုန်တွေကပ်ပါနေရဲ့
ငါ… ဘာကိုမှ မကြောက်ခဲ့ဘူး…။
ဟောဒီလောကတောက်လျှောက်
`ကျောက်သင်ပုန်းပေါ်က သုညနဲ့စာရင်
ဗလာစာအုပ်ပေါ်က သုညက မြတ်တယ်´တဲ့
အဲဒီအော်သံကို ငါရယ်နေခဲ့တယ်…။
`မင်းကတော့… ဘာလဲ´လို့
အန္ဓတွေက ဝိုင်းမေးတော့
၁….၂….၃….၄….၅
ငါ… အကုန်စဉ်းစားတယ်
၆….၇….၈….၉….၀
တစ်ခုမှ မဟုတ်ဘူး
ငါ့အတွက် ဂဏန်းမရှိဘူး…။
သွေးနဲ့ယက်တဲ့ ကတ္တီပါစလို
နီလွရှင်းတောက်
ကြောက်ခမန်းလိလိလှပတဲ့
နှလုံးသားက ဂီတာသံစဉ်
နှင်းဆီဝိညာဉ်မှာ တင်တဲ့ကမ္ဗည်း
လကွယ်ညရောက်တိုင်း… ငါ ဂစ်တာတီးနေမယ်…။
ကျဆုံးတော့မယ့် စစ်သူရဲအိုက
ငယ်ဘဝက ဓါးနဲ့ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမျိုး
နင့်ကိုငါသတိရနေတယ်…။
ထိပ်ထားရေ…
ထိပ်ထားရေ…
ထိပ်ထားရေ…
သစ်ခုတ်သမားတွေမရှိတဲ့ တိုင်းပြည်မှာ
ငါ… လယ်သမားဖြစ်ချင်တယ်
နင်..ဘုရင်မ.. လာမလုပ်ရဘူးနော်။
တော်တော်ကြာ
တံစဉ်တစ်လက်ရဲ့ ကျင့်ဝတ်မှာ
သန်လျက်အတွက် ပန်းခူးပေးခွင့်မပါလို့
ရွာဇနပုဒ်ရဲ့ မိုးရေထဲမှာ
ငါ.. တစ်ယောက်တည်း
မျက်ရည်ဝဲနေရပါဦးမယ်…။
ငါကလည်း ခက်တယ်
ကဗျာတစ်ပုဒ်နဲ့
နေမဝင်အင်ပါယာ
ဘယ်ဟာယူမလဲလို့ မေးလာခဲ့ရင်
ဒုတိယအရာကို ငါ… ငြင်းတယ်…။
အဲဒီလိုနဲ့ပဲ
မှောက်ထားတဲ့
ငါ့ရဲ့ကံ့ကော်ရွက်ဖဲချပ်ကလေးတွေ
လောကကြီးကို အမျှဝေရင်း
မြေမျိုခံခဲ့ရတာ…
ကာလများစွာ… ကြာပြီကောလေ…။
(၆)
တောင်ညိုမှာ ပြိုတဲ့မိုးတွေ
နင့်မျက်နှာလေးကို တိုးသက်တဲ့အခါ
တောင်ပင်လယ်က ဗေဒါတွေဟာ
ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ်…။
ဟေး… ငါပြောမယ်..
အက်ဆစ်တိမ်ခိုး….တို့
မုတ်သုန်ကို နှိုးပါ…
ဒီလူဆိုးအတွက်လည်း
မိုးကြမ်းတို့ တစ်စက်စက်ရွာပါ…။
`မထိုက်တန်သူဆိုတာ
လွင့်မျောရမှာပါပဲ ….´
ခွဲခွာခြင်းဟာ
ခရမ်းပြာကျည်ဖူးကို
အဆိပ်ချိုတွေ လိမ်းသုတ်
နှလုံးသားတည့်တည့်ဆီ
ချိန်ရွယ်မောင်းဖြုတ်လိုက်တယ်…။
သက်ပြင်းဝေဝေ
ခရေတို့နှင်းစက်ဖားလျား
မျက်ရည်ကိုစားတဲ့
ချောက်ချားဖွယ်ရာ စကားမဲ့ည
ငါဟာ… ထက်ပိုင်းချိုးခံခဲ့ရတဲ့
တစ်ခြမ်းပဲ့ `လ´ပဲဖြစ်တယ်…။
အိမ်မက်ထဲက ကမာ္ဘစစ်လို
အရိုးပြိုင်းပြိုင်းညနေအိုက
မြေကိုရှိခိုး…
မြူခိုးတို့ ပျောင်းအိညွတ်တွဲ
လူငယ်ဘဝရဲ့
ညရိပ်တို့ မှုန်ဝေဝမ်းနည်းခဲ့ရတယ်။
အခင်ဆုံးမဖြစ်ခဲ့ပေမယ့်
အခင်ဆုံးတွေအကြောင်းပြောတိုင်း
သတိရမိနေကျ သူငယ်ချင်းတစ်ယောက်ဆီ
ငါ.. မရောက်.. ရောက်အောင်သွားမယ်…။
ပြီးတော့
ခရိုးခရိုင်.. လက်ဖက်ရည်ဆိုင်လေးမှာ
ကဗျာအကြောင်း စာအကြောင်းတွေပြောရင်း
ကိုယ့်ကိုယ်ကို.. ပြန်လည်ဖန်ဆင်းပစ်မယ်…ကွယ်။
အရက်သမားက
သူတစ်ပါးကိုလွမ်းဆွတ်တာ
ရယ်စရာမဟုတ်ပါဘူး
တစ်ခါတစ်ရံရဲ့
ပြန်မလာတဲ့သူတို့
သိကြဖို့ကောင်းတယ်….။
လေညင်းကလေးရေ…
ငါချစ်မြတ်နိုးရတဲ့ ကမာ္ဘရဲ့ ထိပ်ထားကို
သူ့ဆံနွယ်ခက်လေးတွေ
ဖွားခနဲ လွင့်ဝဲသွားရုံ
တစ်ချက်လောက် အုံ့သည်းတိုက်ခတ်ပေးပါ…။
လေစီးထဲမှာ
ဖွာကြဲလှပနေရှာမယ့်
သူ့ရဲ့ကေသာဆံမြကို
အဝေးကနေ ရှိုက်မွှေးလွမ်းဆွတ်ပါရစေဦး…။
(၇)
အထီးကျန်တောင်ကို အုပ်စိုးဖို့
နတ်ပြည်ကရွာချတဲ့
ငါ့အတွက်… အညတရမိုး..ရေ…
နေပါစေတော့…။
အဲဒီညဟာ
တစ်ခြမ်းပဲ့`လ´က …
အသက်ပေးပြီး ကာကွယ်ခဲ့ရတဲ့
အလံမလဲမီ..`ည´..ဖြစ်တယ်။
မြက်ရိုင်းက
မိုးကုပ်စက်ဝိုင်းကို နမ်းမရသလိုမျိုး
နေနဲ့လက..
တစ်ယောက်ကိုတစ်ယောက် မပိုင်ဆိုင်နိုင်ကြသလိုမျိုး
ရိုးသားစွာ… တို့ဝေးလိုက်ကြပါစို့။
ချစ်သူကို မြတ်နိုးရုံနဲ့
အရာရာကို လက်ဖြန့်မိုး စောင့်ရှောက်ချင်တဲ့ လူငယ်
ခု… ခြွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ်…။
. . . . . . . . . . . .
. . . . . . . . . . . .
. . . . . . . . . . . .
. . . . . . . . . . . .
တေလေဘဝရဲ့
ပထမဆုရအမှားတွေကို
လွယ်အိတ်ညိုထဲထည့်ပြီး
မီးအိမ်လက်ဆွဲ
ရာဇဝင်ထဲမှာ ခရီးဆက်ရဦးမယ်။
ထိပ်ထားရေ…
ကချေသည်တို့ရဲ့ တေးတွေနဲ့
ငြိမ်းအေးပျော်ရွှင်… ထာဝရချမ်းမြေ့စေသား
ကောင်းသောမိုးသောက်ချိန်၌လည်း
ငြိမ်သက်တည်ကြည်စေ..
ငါ.. ဆုတောင်းပေးနေမယ်..။
ပန်းခူးရင်း…
သူငယ်ချင်းတွေနဲ့နေရင်း…
စကားပြောရင်း ….
သီချင်းလေးတွေဆိုရင်း…
မင်း… ငါ့ကို မေ့သွားမှာပါ…။ ခုတော့……….. သွားတော့နော်….။
ငါ… ချစ်မြတ်ရတဲ့ နေရောင်ခြည်တွေနဲ့ မိန်းမပျိုကို
ဘဝဆိုတဲ့ မာယာနိုင်ငံအိုက
စောင့်ကြိုလို့ နေရော့မယ်….။
သာမည လမ်းခွဲမှာ
ဝမ်းမနည်းသလို ငါတို့ နှုတ်ဆက်
မနက်ဖြန်ခါမှာ….အောင်မြင်ပါစေ
မနက်ဖြန်ခါမှာ….အောင်မြင်ပါစေ…
မနက်ဖြန်ခါတိုင်းမှာ….အောင်မြင်ပါစေ…
ထိပ်ထားရေ….။
တာရာမင်းဝေ
Kaung Kin Pyar
April 22, 2015 at 3:31 pm
စိမ်းလိုက်ပါတယ်..မမဂျီး….
ဒီစကားကြားဖူးနေပေမယ့်….တာရာမင်းဝေပြောခဲ့တယ်လို့ကို..မထင်ခဲ့တာ..
:k:
Alinn Z
April 22, 2015 at 3:46 pm
မီးတောက် ရစ်သမ်. . .
အဲ့ကဗျာရှည်ကြီးကို စကားလုံးတိုင်း အလွတ်ရနေတဲ့အထိ
စိတ်ထဲ စွဲခဲ့တာာာာ
:kwi:
Kaung Kin Pyar
April 22, 2015 at 3:21 pm
နာလဲ ကြားဖူးတယ်….။ တာရာမင်းဝေတော့ မဟုတ်ဘူး..ထင့်…
မောင်လှမျိုး(ချင်းချောင်းခြံ)တို့လို ဆရာမျိုးထဲကထင့်…
မမှတ်မိတော့..
🙁
ခင်ခ
April 22, 2015 at 3:46 pm
မသေကောင်း မပျောက်ကောင်းဟယ်
ဤသို့သော် အမှတ်တရခရီးစဉ်မျိူး မရှိကြပါစေနဲ့လို့ ဆန္ဒပြုပါတယ်ဗျ။
Kaung Kin Pyar
April 22, 2015 at 3:50 pm
ဟုတ်တယ် လေးခ….
အဲ့ခရီးကတော့ မှတ်မှတ်ရရပဲ…
ပြန်ရောက်တော့မှ..ဆေးကြိတ်ကုရတာ….
ရုံးမှာလဲ…မသိတဲ့လူတွေ စရင်းနောက်ရင်း ဖြောင်းခနဲ ကျွေးသမျှ…ခံစားရနဲ့….
😥
Ma Ei
April 22, 2015 at 3:54 pm
ကံကောင်းပေလို့နော်…
ဒါမျိုးတွေမေ့ဘို့ ဟိုတစ်ခါ သဂျီးပြောဘူးတဲ့ မေ့လိုရာမေ့ ဆေး မှာသောက်ရမယ်ထင့်…
Kaung Kin Pyar
April 22, 2015 at 4:03 pm
ဟုတ်တယ်…မွအိ…
တောင်ကြီးလမ်းကို တက်တဲ့အချိန်…ဖြစ်ချင်တော့…ထိုင်ခုံက ညာဘက်ပြတင်းပေါက်နားမယ်….
အပြင်ဘက်ကြည့်လိုက်တိုင်း ချောက်ကိုမြင်နေရတော့…မတွေးဘဲမနေနိုင်…
သူဂျီးပြောတဲ့ မေ့လိုရာ မေ့ဆေးရှိရင် သောက်ချင်ထှာ….
Crystalline
April 22, 2015 at 4:04 pm
ကင်းကောင်လေးအချောဆုံး… :)) ဒဏ်ဖြစ်သွားတာနော်… သေချာပြန်စစ်သင့်တယ်…
Kaung Kin Pyar
April 22, 2015 at 4:13 pm
ဟုတ်တယ် မခွစ်…ဒဏ်ဖြစ်သွားတာ….
မိုးတွင်းလို အရမ်းအေးရင်…ဆောင်းတွင်းလိုအချိန်တွေဆို အနာဟောင်းတွေက ပြန်ပြန်ပေါ်လာတယ်…။ ဖြစ်တုန်းက ခေါင်းလေ့ကျင့်ခန်း ပြန်လုပ်ပေးရတာတို့…ဇက်အောက်မှာ…စောင်လိုဟာမျိုး လိပ်ပြီး ခု အိပ်ပေးရတာတို့နဲ့..
ခုလဲ ခေါင်းလေ့ကျင့်ခန်း ပြန်ပြန်လုပ်ပေးနေရတယ်…..
မခွစ်ပြောသလို…ဓာတ်မှန် ပြန်ရိုက်ပြီး ပြန်တော့ စစ်ဦးမှပါ…
အောင် မိုးသူ
April 22, 2015 at 4:17 pm
အမှတ်တရနော် ကျတော်ကတော့ ထားဝယ်အသွား မော်လမြိုင်ဘက်ကနေ ဟိုဘက်ကိုအကူး အဲ့တုန်းက တံတားမဆောက်ရသေးဘူး။ ရေမနစ်ရုံတမယ်ဖြစ်ခဲ့တာ မှတ်မိသေးတယ်။
Kaung Kin Pyar
April 22, 2015 at 4:20 pm
ပိုစ့်တင်ပါအူးးးးး
အမှတ်တရတွေ….
Mr. MarGa
April 22, 2015 at 4:17 pm
အလောင်းတော်ကဿပ…….
အဆင်းလမ်းမှာ ကားနှစ်စီး ထိပ်တိုက်တိုးတာ ကံကောင်းလို့ ချောက်ထဲမရောက်တယ် (မှတ်မှတ်ရရ နတ်ထိပ်အလွန်လားမသိ)
နှုတ်ရော လက်ရော အတော်စောင့်စည်းခဲ့ရတဲ့ ခရီးစဉ်မို့ ခုထိ မှတ်မိနေတုန်း………………
Kaung Kin Pyar
April 22, 2015 at 4:21 pm
ဟုတ်တယ်…အမဲရောင် မဝတ်ရဘူးတို့ဘာတို့….
နတ်က အမြင်မှားသွားလို့ထင့်…
naywoon ni
April 22, 2015 at 8:45 pm
ကောင်းကင်ပြာရယ် မထိတ်သာ မလန့်သာ 🙂
Kaung Kin Pyar
April 22, 2015 at 10:56 pm
ဟီးးးး အိုက်လိုပါဆို ဆရာနေရဲ့
ဘွမှာတော့ မှတ်မှတ်ရ ရ
ဆိုးဆိုးရွားရွားမဖြစ်ခဲ့တာပဲ ကျေးဇူးတင်ရမလို 🙂
Mike
April 23, 2015 at 9:09 am
.ကျုပ်လည်း မေမြို့က အဆင်းလမ်းမှာအက်ဆီးဒင့် ဖြစ်ဖူးတယ်
.ကားကကုန်းဆင်းကြီးအတိုင်းဆင်းနေရင်း ဘရိပ်ပေါက်သွားတာ…
.ဒရိုင်ဘာကချောက်တစ်ဖက်ကတောင်နံရံ ကိုပွတ်ဆွဲပြီးရပ်ဖို့ကြိုးစားတာ
.လူတွေနဲ့ပစ္စည်းတွေ လုံးထွေးပြီး တော်တော်ဒဏ်ရာရကြတယ်…ကျုပ်က ခြေသလုံးညပ်ပြီး .အတွင်းကျေသွားလို့ တစ်လလောက်ကုလိုက်ရတယ်…အမှန်ကိုမမေ့နိုင်ဘူး
.တောင်ပေါ်ခရီးသွားတိုင်းအလိုလိုသတိရတတ်တယ်… :kwi:
Kaung Kin Pyar
April 24, 2015 at 6:59 am
တော်ပါသေးရဲ့ ဦးမိုက်ရယ် ကြီးကြီးမားမားမဖြစ်တာ။ ကောင်းကင်ပြာတို့ကားလဲ ပစ္စည်းတွေသိပ်မပါလို့သာ တော်တာ။ တောင်ပေါ်တက်တော့ mini bus နဲ့ပြောင်းပြီးတက်ကြတော့လေ…
ဒရိုင်ဘာတွေ တောင်နံရံကို ကပ်ပေးတာ ကျေးဇူးတင်ရမယ်။
ဒဏ်ဖြစ်သေးလား ဦးမိုက်?
ခုရော သက်သာသွားပြီလားဟင်?
manawphyulay
April 23, 2015 at 9:36 am
အမယ်လေး လန့်စရာပဲ ကောင်းကင်ပြာရယ်။ စိတ်တော့ အတော်ဝင်စားသား။ အဲဒီဘက်ကို မရောက်ဖူးသေးဘူး။ သွားချင်လိုက်တာ အရမ်းပဲ ခုတော့ မသွားနိုင်သေးပါဘူး။
Kaung Kin Pyar
April 24, 2015 at 7:02 am
ရာသီဥတုလေးအေးလို့ နေလို့ကောင်းတယ် မမနောရဲ့။ သဘာဝအလှတွေလဲ အရမ်းလှပဲ။ ပတ်ဝန်းကျင်ရှုခင်းတွေဆိုလဲ လှလိုက်တာ လှလိုက်တာနဲ့ အော်နေရရော။
အချိန်ရ ရင်တော့ ခရီးတွေ ထပ်ထွက်ချင်သေးတယ်။
:chit:
မြစပဲရိုး
April 24, 2015 at 1:41 am
ကင်းကောင်လေး ပျောက်နေတာ လမ်းသလား နေတာကိုး။
ရွာ့ လုံမ ပီသ တဲ့ ပို့စ် ဟေ့။
. တောင်ကြီး ဆို အလောင်းတော်ကသပ ရောက်ရော။
ကံကြီးပေလို့ ဘဲ။
ပုပ္ပါးဘက်သွားရင်လဲ အမဲ မဝတ်ရတဲ့။
ငယ်တုန်းကတော့ ဝတ်ခဲ့တာပါဘဲ။
အဝတ် ၁ဝ ထည်မယ် ၉ထည် က အမဲ ဖြစ်နေတာကို။
အရေးအဖွဲ့ က ကောင်းတော့ ဖတ်ရင်း ကိုယ်တောင် ဇက်နာသွားသလို။
ဖိနပ်သရဲမလေး မှန်းသိအောင် ဖိနပ် ကို ရအောင် ယူထွက်တယ်ပေါ့။
ဒီလောက်နာနေကြတဲ့ ကြားက ခရီး ကို ရအောင် ဆက်နိုင်ကြတာ ချီးကျူးတယ်။
အောက်ဆုံးမှာ ဦးထုပ်ပြောင်းပြန်ဆောင်းထားတာ ကင်းကောင်လေးလား။
ဘေဘေးလေးနဲ့ ပုံမှာ နှစ်ယောက်လုံး အပြစ်ကင်းကင်း မျက်နှာလေးတွေ နဲ့ ချစ်ဖို့ကောင်းလိုက်ကြတာ။
. တောင်ကြီး လမ်း ကိုလဲ ဖွဲ့ပါဦးကွယ်။
အရီး မှာလဲ တောင်ကြီး ဇာတ်လမ်း ရှိလို့ ပြန်လွမ်းလို့ရအောင်ပါ။
:))
Kaung Kin Pyar
April 24, 2015 at 7:11 am
အဟီးးးး ဟုတ်တယ်အရီးရေ……တောင်ကြီးသွားရင်း အလောင်းတော်ကဿ ပရောက်သွားတာရယ်။
တောင်ကြီးမြို့လေးက အရမ်း နေလို့ကောင်းပါတယ်။ သွားတုန်းက နွေခေါင်ခေါင် အနွေးထည်ဝတ်နေရတာရော မိုးရွာတာရော သဘောတွေကျလို့။
လုလုနဲ့ မထရစ်တာကို တွေ့ခဲ့ရတာလဲ အမှတ်တရပါပဲ။
ကောင်းကင်ပြာအတွက် အဆင်မပြေတာ ထုံးရေတွေရယ်။
🙁
အရည်ပြားပါးလို့ သောက်ရေနဲ့ပဲ မျက်နှာသစ်ရတယ်။
အောက်ဆုံးပုံမယ် ဦးထုပ်အနီနဲ့က ကောင်းကင်ပြာပါ အရီးရယ်
မုံရွာဆေးခန်းမှာ လက်ပူတိုက်ပြပြီး လိမ်းဆေးတွေရော အကိုက်အခဲပျောက်ဆေးတွေကောင်းမှုနဲ့ အဆင်ပြေနေတာ
🙂
ရန်ကုန်ပြန်တော့ အထုတ်အလေးကြီးတွေ သယ်တာရော၊ အမေ့အတွက် မ လာတဲ့ သနပ်ခါးတုံးတွေဝိတ်နဲ့ လက်ပူတိုက်ကုထားတဲ့အရှိန်က ကုန်လေတော့မှ ဆေးပြန်ကုရတာ။
:k:
lamin ngel
April 24, 2015 at 2:18 am
စာကောင်းကောင်းမရေးတတ်ပေမဲ့ အရေးအသားလေးကောင်းလို့ ဖတ်သွားပါတယ်။တာရာ့ကဗျာလေးတွေကိုပါအစစ်ဖတ်ရလို့ ကျေးဇူးပါ။ ကဗျာဆိုအရမ်းချစ်တယ်။ငယ်ငယ်ထဲကချစ်ခဲ့သဘောကျခဲ့ရတဲ့တာရာ့ကဗျာအတွေအတွက်ထပ်ဆင့်ကျေးဇူးပါ။ကောင်းကင်ပြာ့စာတွေလဲအမြဲအားပေးနေပါ့မယ်
မြစပဲရိုး
April 24, 2015 at 2:25 am
စာဝင်ဖတ်ပြီး မှတ်ချက်ပေးသွားတဲ့ လမင်းငယ် ကိုလဲ ကျေးဇူးပါ။
နောက်လဲ ရွာထဲ ဝင်ပြီး မကြာမကြာ အသံပြုဖို့ :-))))))))))
Kaung Kin Pyar
April 24, 2015 at 7:13 am
ဟုတ်ကဲ့ လမင်းငယ်
လာအားပေးတာ ကျေးဇူးတင်ပါတယ်
အရီးပြောသလိုပဲ
ရွာထဲလဲ မကြာမကြာ လာခဲ့ပါဦးလို့……
စာတွေလဲ ရေးပါ။
Wow
April 24, 2015 at 10:59 am
အေးလေ.. ဖိနပ်ကအရေးကြီးတာပေါ့ လူကမသေဝူးပဲဟာ..ဖိနပ်မပါ ဘီလိုလမ်းဆက်လျောက်မလဲ.. ကင်းကြောင်လေးက အဓိကနဲ့ သာမညကိုခွဲသိတာပေါ့….
ချွိရှာပေးတဲ့ တာရာမင်းဝေကဗျာလေးလဲ.. ကြိုက်.. :kwi:
Kaung Kin Pyar
April 24, 2015 at 3:10 pm
ဟုတ်တယ်…ဟုတ်တယ်…
မဝါးပဲ နားလည်မှုရှိတယ်…. :chit:
ဖိနပ်က လိုတယ်လေ..နော်..
ကားသာမှောက်တာ…လမ်းသလားဖို့က စိတ်လျှော့သေးတာ မှုတ်ဖူးးးး
သွားရမှာတွေက များတယ်….
ဖိနပ်ကလဲ သစ်လေးဆိုတော့……အပါသယ်ရတာပဲ…
:k:
lamin ngel
April 25, 2015 at 12:38 am
ခုလိုနွေးနွေးထွေးထွေးဖိတ်ခေါ်တာကျေးဇူးနော်။လွမ်းတိုင်းကဗျာလေးတွေလိုက်ရှာဖတ်ချင်တယ်
ခင်ဇော်
April 25, 2015 at 6:56 am
ဘယ်ဒူလားးး
:k:
ရွာကနေ ကြိုဆိုပါတယ် …
🙂
ဦးကြောင်ကြီး
April 27, 2015 at 2:38 am
ကားမှောက်တုံးက ကင်းကောင်လေး ဇောက်ထိုးဂျီးဆိုတော့ အဲဒုံးဂ စကပ်ဝတ်ထားလျင် ပေါင်ကြီးပေါ်နေမှာပဲနော်… တွေးကြည့်ရင်း အယသာရှိလိုက်ထှာ….။
Kaung Kin Pyar
April 27, 2015 at 2:08 pm
နှူးဘာအောင်ကြူး…..
အလောင်းတော် ကဿပသွားခဲ့တုန်းက ပုံတွေကျိ…
အကုန် ဘောင်းဘီတွေနဲ့ချည်းးးး
အဲ့ခရီးတလျှောက်လုံး တခါမှ စကပ်မဝတ်ခဲ့ဘူးးးး
:byee: