~~ သျှရီ .. နမောဗုဒါ္ဓယ .. ဇေယျတု သဗ္ဗမင်္ဂလံ.. ~~~ အချိန်ကားး .. ခရစ်နှစ် ၂၀၁၆ ခုနှစ် မေလနှောင်းပိုင်း ၂၉ ရက်နေ့ ၊ မြန်တျန့်စံတော်ချိန် ၆ နာရီတိတိ ညီအစ်ကိုမသိတသိကာလ၌ …. လော့အိန်ဂျလိရွာနတ်ကွန်းအပိုင်စား ၊ မြန်တျန့်ဂဇက်သခင် ၊ယက္ခ ၁၀၀ဝ ရုပ်သွင်ဆောင်သော အယာတိုလာခိုင်မေနီ အမည်ရှိသည့် ဘာနုရာဇာဂဇက်ရွာသဂျီးမင်းသည် လက်တစ်ဖက်ကပရီမီယံသေရည်ပုလင်း ၊ လက်တစ်ဖက်က ဂျီသားကျပ်တိုက်တို့ကိုပိုက်ကာ ၊ ငှက်ကုလားအုပ်ကိုစီးနင်းလျှက် ….KK မိုတယ်အနောက်တံခါးမှ မြောက်ကား မြောက်ကားအမူအယာဖြင့် မားမား မတ်မတ်ဝင်သည်ရှိလတ်သော် …….. သဂျားအမည်ရမောင်မာဃ နှင့် မေလကဗျာနတ်ကလျာတို့မှ ရွှင်ပျသောအမူအယာဖြင့်ကြိုလေ၏ ။ ပါးစပ်ပရဖွာ ၊ ဂဇက်ရွာချဉ်ဖတ် ၊ […]