Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပြောင်းလဲခြင်း၏နောက်ဝယ်

Ma MaJune 8, 20152min40585

ဖဘက 7 DAY DAILY မှာ ဖတ်လိုက်ရတဲ့ သတင်းပါ။

အခွန်ထမ်း ၅၀ဝအား သင်တန်းပေးပြီး ကိုယ်တိုင်စည်းကြပ်စေသည့်စနစ် စတင်

 
 

အခွန်ငွေပေးဆောင်မှု ပမာဏများပြားသည့် ရန်ကုန်မြို့ မှ လုပ်ငန်းရှင်အခွန်ထမ်း ၅၀ဝ ဦးအား ရွေးချယ်ကာ လိုအပ်သည့် သင်တန်းနှင့် ပညာပေးခြင်းများ ပြုလုပ်ပြီးနောက် ကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ် (STS) ကို ယခုဘဏ္ဍာနှစ်မှစတင်ကာ မြန်မာနိုင်ငံ၌ စမ်းသပ်ကျင့်သုံးနေပြီ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်တွင်းအခွန်များဦးစီး ဌာနမှ သတင်းရရှိသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် အခွန်ကောက်ခံမှု စနစ်မှာ အခွန်ရုံးမှ စည်းကြပ်သည့်စနစ်ဖြစ်ပြီး လူတစ်ဦးချင်းအ လိုက် ပေးဆောင်ရမည့် အခွန်အခများကို အခွန်ရုံးမှ စည်းကြပ်သတ်မှတ်နေသည့်စနစ်ဖြစ်၍ အငြင်းပွားမှုများ၊ အယူခံမှုများ မကြာခဏဖြစ်ပွားနေသည်။ ထို့အတွက် ကမ္ဘာ့နိုင်ငံအများစုတွင် ကျင့်သုံးနေသော   ကိုယ်တိုင်စည်းကြပ် သည့် အခွန်စနစ်ကို မြန်မာနိုင်ငံတွင်လည်း ကျင့်သုံးနိုင်ရန် ၂၀၁၄မှစတင် ကာ ရန်ကုန်မြို့မှ အခွန်ထမ်းကြီး ၅၀ဝ ဦးအား ရွေးချယ်ပြီး လိုအပ်သည့် သင်တန်းများပို့ချခြင်း၊ အသိပညာပေးခြင်းများပြု လုပ်ခဲ့ပြီးနောက် ယခုအခါ ကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ်ကို ကနဦးအစီအစဉ် (Pilot Project) အနေဖြင့် လုပ်ဆောင်ခြင်းဖြစ် သည်ဟု ပြည်တွင်းအခွန်များဦးစီး ဌာန မန္တလေးတိုင်းဒေသကြီးဦးစီး မှူး ဦးစိုးနိုင်က ပြောကြားသည်။

‘‘အခွန်ထမ်း ကိုယ်တိုင်စည်း ကြပ်တဲ့စနစ်လုပ်ဖို့ ပုံစံတွေက အစ အကုန်ပြင်ရတယ်။ ဝင်ငွေ ကြေညာလွှာကိုလည်း အခွန်ထမ်းကိုယ်တိုင်က တင်နိုင်အောင် ဆောင်ရွက်ထားပါတယ်’’ဟု ဦးစိုးနိုင်က ပြောကြားသည်။

ကိုယ်တိုင်အခွန်စည်းကြပ် သည့်စနစ်စတင်နိုင်ရန် ကြိုးစား နေပြီး ပြီးခဲ့သည့်နှစ်မှစတင်ကာ ရန်ကုန်မြို့တွင် အခွန်ထမ်းကြီးများရုံး ဖွင့်လှစ်ထားပြီး ပြည်တွင်းအခွန်စနစ်   ပြောင်းလဲနိုင်ရန် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းလုပ်ဆောင်နေသည်ဟု ဆိုသည်။ ထို့အတူ အခွန်နှင့် ပတ် သက်၍ နားမလည်ခြင်း၊ မသိရှိ ခြင်းနှင့် ဆွေးနွေးလိုသည်များရှိပါ ကလည်း ဆွေးနွေးမေးမြန်းနိုင်ရန် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး နှစ်ရုံးဖွင့်ကာ အခွန်ဆိုင်ရာ အသိပညာပေးခြင်းများ လုပ်ဆောင်နေသည်ဟု ၎င်းက ဆိုသည်။

၎င်းတို့ကို စမ်းသပ်လုပ် ဆောင်ခြင်းမှ ရရှိလာသည့် ရလဒ် များအပေါ် မူတည်ကာ ပြည်တွင်း၊ပြည်ပပညာရှင်များနှင့် တိုင်ပင်၍ လိုအပ်သည့် နည်းပညာများ ဆက်လက်ပံ့ပိုးကာ အခွန်စနစ်ပြောင်း လဲနိုင်ရန် လုပ်ဆောင်မည်ဖြစ်ပြီး မကြာမီနှစ်များအတွင်း မြန်မာနိုင် ငံ၌ ကိုယ်တိုင်အခွန်စည်းကြပ် သည့်စနစ် ကျင့်သုံးမည်ဟု ဆိုသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း က အခွန်တွေတိုးတက်ကောက်ခံ ရရှိရေး အထောက်အကူပြုကော် မတီများ ဖွဲ့စည်းခဲ့သည်။ ယင်း အဖွဲ့များသည် မြန်မာနိုင်ငံတွင်း ကိုယ်တိုင်အခွန်စည်းကြပ်သည့် စနစ်ကျင့်သုံးနိုင်ရေး ပညာပေး ခြင်းနှင့် အထောက်အကူပြုနိုင်ရန် ဖွဲ့စည်းခြင်းဖြစ်သည်ဟု မန္တလေး တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မြင့်ကြူက ပြောကြားသည်။ မြန်မာနိုင်ငံတွင် အခွန် ကောက်ခံရရှိမှုမှာ နိုင်ငံ့ GDP (ပြည်တွင်းအသားတင်ထုတ်လုပ် မှုနှင့် ဝန်ဆောင်မှုတန်ဖိုး)၏ ၃ ရာခိုင်နှုန်းအောက်သာ ကောက်ခံ ရရှိနေသည်ဟု ဘဏ္ဍာရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။

 

အပေါ်က သတင်းကို ဖတ်ပြီး ကောင်းဖို့အတွက် အပြောင်းအလဲတွေ လုပ်နေကြတဲ့အထဲကတစ်ခု ဖြစ်ပါလိမ့်မယ်လို့တော့ တွေးမိပါတယ်။

 

ဒါပေမယ့်

=အခွန်စည်းကြပ်မည့်သူအဖြစ် ပြန်လည်ရွေးထုတ်လိုက်တဲ့

=လုပ်ငန်းကြီးကြီးတွေကို လုပ်ဆောင်နေကြလို့ အခွန်အများကြီး ပေးဆောင်နေရတဲ့ အခွန်ထမ်းကြီးတွေဆိုတာ အလုပ်တွေများလွန်းလို့ အချိန်တွေ မလောက်ငနိုင်လောက်အောင် ဖြစ်နေမယ်လို့ ယူဆပါတယ်။

 

တနည်းအားဖြင့်….

ပရဟိတခေါ်မလား၊ စေတနာ့ဝန်ထမ်းခေါ်မလား မသိတဲ့ အဲဒီလုပ်ငန်းကို  ကိုယ့်အလုပ်ပျက်ခံ လူမုန်းခံပြီး လုပ်ချင်ကြပါ့မလား။

 

နောက်တနည်းကလည်း လုပ်ချင်ကြတဲ့သူတွေ များနေမယ်ဆိုရင် ဘယ်သူ့ကို ဘယ်အကြောင်းကို ဦးစားပေးပြီး ရွေးကြမလဲ။

 

နောက်ပြီး အဲဒီအခွန်စည်းကြပ်မည့် အခွန်ထမ်းကြီး ၅၀ဝ ရဲ့ လုပ်ငန်းအတွက် အခွန်ကျတော့ ဘယ်သူက စည်းကြပ်မှာလဲ။

 

အခွန်ကို မျှတစွာ မှန်ကန်စွာ စည်းကြပ်နိုင်ဖို့အတွက် ဒီနည်းက အသင့်တော်ဆုံးပဲလား။

နိုင်ငံတကာ ဗဟုသုတမရှိလို့ ဒီလိုအခွန်စည်းကြပ်တဲ့ပုံစံကို အသုံးပြုနေကြတဲ့ အခြားနိုင်ငံတွေမှာ ကြုံတွေ့ရတဲ့  ကောင်းကျိုး ဆိုးကျိုးကို သိချင်မိတယ်။

 

အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းသလိုများ ဖြစ်နေမလားလို့လည်း စိုးရိမ်မိပါတယ်။

 

ကောင်းတဲ့ဖက်ကတွေးကြည့်မိတော့လည်း ….. အခွန်ဝန်ထမ်းတွေ လျှော့ချနိုင်လို့ ကောက်ခံရရှိတဲ့အခွန်တွေကို အခြားနည်းလမ်း (ဥပမာ- ပညာရေး၊ ကျန်းမာရေး) တွေမှာ အသုံးပြုနိုင်ပြီး အကျိုးများလာနိုင်မယ်ပေ့ါ။  :k:

5 comments

  • ခင်ဇော်

    June 8, 2015 at 8:56 pm

    လူပြိန်းးတွေးးပဲ တွေးးပြောရရင်…
    ဘယ်သဌေးးးဒေ ဘယ်စီးးပွားးလုပ်လို့ အဆမတန်ရနေလဲ သူတို့ သိတယ်..
    ဘယ် နိုင်ငံခြားး ကန်ပနီ ဘယ်ကျောက်တွင်းး က ဘယ်လောက်ရလဲ သူတို့ သိတယ်…
    အဲဒါဒေ အရင်ကျော်ပြီးး အခွံ ပဲ ကျန်တော့တဲ့ အခြေခံ လူတန်းးစားးတွေဆီက ညှစ်ဖို့ ဆိုရင်တော့ မပြောတတ်..
    သူတို့ လွှတ်ထားးးတဲ့ လုပ်ငန်းးတွေ, အခွန်ရှောင်တွေ , မြန်မာမှာအလုပ်လုပ်တဲ့ နိုင်ငံခြားးသားးတိုင်းး သိတယ်..
    အဆင့်ဆင့်နိုင်လာပြီးးမှ ပြည်သူတွေ ကို
    နာ က ကြက်ဖကြီးးပဲ နိုင်စရာရှိ အချိုးး မဟုတ် ပြီးးတာပါပဲလေ…

    • Ma Ma

      June 9, 2015 at 7:57 am

      ရှေ့လူက သစ်ပင်တွေစိုက်ကြပါဆိုလို့ စိုက်ထားတာကို
      နောက်တစ်ဖွဲ့က သစ်ပင်တွေခုတ်ဖို့လုပ်တာကို
      စိုက်တာကတဖွဲ့ ခုတ်တာက တဖွဲ့လို့ ……. ဟိုးတုန်းက ဇာဂနာ ပျက်ခဲ့ဖူးတာကို သွားသတိရမိတယ်။
      ရှေ့လူကတမျိုး နောက်လူကတမျိုး လုပ်တော့ လုပ်နေကြတာပဲ။ :e:

  • Ma Ei

    June 9, 2015 at 9:24 am

    မမ ရေ…
    အခွန်ထမ်းကြီး ၅၀ဝ ရွေးထုတ်လို့ ကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ် ဆိုတာက
    Co., အကြီး ၅၀ဝ ကိုရွေးထုတ်ပြီး မိမိလုပ်ငန်းအတွက် အခွန်ဘယ်လောက်ပေးဆောင်ပါမယ်ဆိုတာ
    မိမိကိုယ်တိုင် တင်စေ ပေးဆောင်စေသည့် စနစ်သာဖြစ်ပါတယ်…အခြား Co., များနဲ့ မသက်ဆိုင်ပါဘူး…ရုံးအနေနဲ့လဲ အခွန်ရုံးဝန်ထမ်းများရွေးထုတ်ကာ အခွန်ထမ်းကြီးများရုံး LTO သီးသန့်ထပ်ဖွင့်တာဖြစ်ပါတယ်…
    အခွန်ထမ်းကြီးများ တင်တဲ့ အခွန်ကို နည်းသည်ဟု LTO အခွန်ရုံးမှယူဆပါက စစ်ဆေးခြင်း များပြုလုပ်သွားမှာဖြစ်ပါတယ်… LTO အခွန်ရုံး တာဝန်ရှိသူများကလဲ အခွန်ထမ်းကြီး ၅၀ဝ ရဲ့Co.,ရုံးများကိုလည်း ကွင်းဆင်း လေ့လာပါတယ်…ဆက်ဆံရေးလဲ အထူးကောင်းမွန်ပါတယ်…အရင်နဲ့မတူတာအမှန်ပါ…
    ဒီစနစ်အရ မှန်မှန်ကန်ကန် အခွန်ပေးဆောင်နေသော ကုမ္မဏီများအနေနဲ့ ပိုမိုလွယ်ကူ အဆင်ပြေစေပါတယ်…

    • Ma Ma

      June 9, 2015 at 10:34 am

      မအိပြောမှပဲ ရှင်းရှင်းလင်းလင်း သဘောပေါက်တော့တယ်။
      အခွန်ဦးစီးတွေအစား အခွန်ထမ်းကြီးတွေက အလုပ်လုပ်မှာလားလို့ ထင်မိသွားတာ။
      အဲဒီလောက် သဘောပေါက်လွယ်တာ။ :kwi:

  • Mike

    June 9, 2015 at 10:57 am

    .မအိ ရှင်းပြတာမှန်ပါတယ်…မှန်မှန်ကန်ကန်စာရင်းပြဆောင်နေတဲ့ကုမ်ပဏီတွေအတွက်တော့
    .အလွန်ကောင်းတဲ့ပုံစံပါပဲ…

Leave a Reply