မြန်မာ(၁၂)လရာသီပွဲတော်(၅)။ ဝါခေါင်လ စာရေးတံအလှူပွဲနှင့်မေတ္တာအခါတော်နေ ့

VisesaAugust 11, 20101min1280

မြန်မာ့(၁၂)လရာသီတွင်ဝါခေါင်လသည်ငါးလမြောက်ဖြစ်သည်။ ခရစ်နှစ်အနေဖြင့်မူ၊ဇွန်၊ဇူလိုင်လများတွင်ကျရောက်လေ့ရှိသည်။ မိုးဥတုဖြစ်သောကြောင့်

မြန်မာတစ်ပြည်လုံးတွင်မိုးရွာသွန်းမှုများပြားသောအချိန်အခါဖြစ်သည်။ မြန်မာပြည်အရပ်ရပ် လယ်မြေတစ်ခွင်၌ ၊ကောက်နှံပင်ပျိုငယ်တို ့သည် ရေပြင်ကျယ်ဖွေးဖွေးမှာ စိမ်းစိမ်းမြမြ ယိမ်းကသည့်နှယ် ထွက်ပြူနိုးထနေကြသည်။ ထို ့ကြောင့်လည်းရှေးမြန်မာတို ့က `ဝါဆိုဝါခေါင်-ရေဖေါင်ဖေါင်´

ဟု ဆိုရိုးစကားထားခဲ့ကြသည်။မြန်မာနိုင်ငံစစ်ပြီးကာလ(အေဒီ ၁၉၄၅-၁၉၆၅)တွင်၊ ခေတ်စမ်းစာပေ ကဗျာစာဆိုရှင်မင်းသုဝဏ်က`ဝါဆို ဝါခေါင်

ရေတွေကြီးလို ့၊သပြေသီးမှည့်ကောက်စို ့ကွယ်။ ခရားဆူးခြုံ ဟိုအထဲက မျှော့နက်မဲကြီး တွယ်လိမ့်မယ်။ မျှော့နက် ဆိုတာဂျိုနဲ ့လားကွဲ ့၊

မြွေနဂါးတောင်ကြောက်ဖူးကွယ်။  ဒို ့လည်းလိုက်မယ် အတူသွားဖို ့၊ အုန်းလက်နွားလေးထားခဲ့မယ်´-စသည်ဖြင့် ကလေးကဗျာ ရေးဖွဲ ့ကာ

၊မြန်မာကျေးလက်ပြည်သူတို ့၏ ဝါတွင်းကာလ မိုးရာသီ ဓလေ့သဘာဝကိုပေါ်လွင်စေခဲ့ပါသည်။ထို ့အပြင်ဗုဒ္ဓဘာသာဝင်မြန်မာမိသားစုတို ့၏ ဝါတွင်း

ကာလ ရိုးရာဓလေ့ ကုသိုလ်ရေးရာလှုပ်ရှားမှုကို ထင်ဟပ်၍ ၊`ဆွမ်းအုပ်နီနီ အမေရွက်လို ့၊ နက်ဖန်မနက် ကျောင်းတက်မယ်၊ မောင်လည်းလိုက်မယ်

ချန်မထားနဲ ့၊အမေသွားတော့ ပျင်းလှတယ်။ ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့ ၊ဘုန်းကြီးအော့လို ့ရိုက်လိမ့်မယ်။ မောင်မဆော့ပေါင်

စိပ်ပုတီးနဲ ့၊ ဘုန်းတော်ကြီးလို နေပါ့မယ်။´-ဟု သံချိုကဗျာများ မှတ်တမ်းတင်စီကုံး ခဲ့ဖူးပါသည်။

ဝါခေါင်လ ကို ရဟန်းတော်များဝါဆိုသော မိုးသုံးလ၏အလယ်လ -ဟု အနက်ဖွင့်ဆိုကြပါသည်။ ပုဂံခေတ် (အေဒီ ၁၆၇-၁၂၈၇)တွင်မူ ၊ နံကာလ -ဟူ၍လည်းခေါ်ကြသည်။နံ-အချိန် ၊ကာ-(လယ်ယာ)ပြုလုပ်ခြင်း၊ ဖြစ်၍ လယ်လုပ်ချိန် (သို ့) လယ်ယာစိုက်ပျိုးချိန် -ဟု ဆိုကြပါသည်။

စာရေးတံအလှူပွဲ သည် ဗုဒ္ဓဘုရားရှင်လက်ထက်တော်(ဘီစီ ၅၈၈-၅၄၄)ကပင် အိန္ဒိယနိုင်ငံ၌ ပေါ်ပေါက်ခဲ့သည်။ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်

်တွင် ၊ ဘုရားရှင်သီတင်းသုံးတော်မူစဉ် အခါက တစ်ပြည်လုံးမိုးခေါင်၍ ၊ အစာအာဟာရ ငတ်မွတ်ခေါင်းပါးသော ဘေးဆိုးကျရောက်ခဲ့ဘူးသည်။ လူအများ

သည် ရဟန်းသံဃာတော်များအား ဆွမ်းလှူဒါန်းရန် ခက်ခဲကြရသည်။စွမ်းနိုင်သောအချို ့ပုဂ္ဂိုလ်များကလည်း ၊ သံဃာတော်အများထဲမှ တစ်ပါးနှစ်ပါးစသည်

ဖြင့် ရွေးကောက်၍  ဆွမ်းအတွက်တစ်ကျပ်နှစ်ကျပ်(တစ်ဆယ်၊နှစ်ဆယ်)တို ့ကို လှူဒါန်းခဲ့ကြသည်။အချို  ့ပုဂ္ဂိုလ်များကမူ စာရေးတံမဲချ၍ စွမ်းနိုင်သမျှ

လှူဒါန်းကြသည်။ထိုသို ့လှူဒါန်းကြခြင်းကို လက်ခံနိုင်ရန် ဘုရားရှင်အားလျှောက်ထားခွင့်ပန်ကြရာ၊သလာကဘတ္တ(သလာက-စာရေးတံမဲ၊ ဘတ္တ-ဆွမ်း )

စာရေးတံမဲဆွမ်းအလှူကို လက်ခံနိုင်ကြောင်း ခွင့်ပြုပေးတော်မူခဲ့ပါသည်။

ရှေးဦးအခါကမူ စာရေးတံမဲ ဟူသည်မှာ သစ်သားဖြင့်ပြုလုပ်ထားသော သစ်သားချောင်း၊သစ်သားတံငယ်၌ဖြစ်စေ၊ ဝါးခြမ်းပြား ၊နှီးပြား ၊ပေရွက် စသည်၌

ဖြစ်စေ ၊ ဆွမ်းဒါယကာ-ဒါယိကာမတို ့၏ အမည်နှင့်ပင့်လျှောက်ချက်တို ့ကိုရေးသားထားသည့်၊(ဝါ)ကောင်းမှုရှင်အမည်တို ့ကိုရေးထားသောသစ်သားတံကို

စာရေးတံ ဟူ၍ခေါ်ဆိုခဲ့ကြခြင်းဖြစ်သည်။

ထိုစာရေးတံမဲကို ကံစမ်းမဲ အဖြစ် ခြင်းတောင်း၌သော်လည်းကောင်း၊ သင်္ကန်းလိပ်၌သော်လည်းကောင်း ထည့်ထား၍ ရဟန်းတော်များက နှိုက်ယူကြရ

သည်။ထိုသို ့နှိုက်ယူ၍ စာရေးတံမဲ (ဝါ)စာရေးတံကံစမ်းမဲကျသော ရဟန်းတော်သည် မဲကျရာ (သို ့)မဲပေါက်ရာ ဆွမ်းဒါယကာ-ဒါယိကာမတို ့၏အိမ်သို ့

ဆွမ်းဘုဉ်းပေး(ဆွမ်းစား)ကြွတော်မူရသည်။အချို ့သောဒါယကာ-ဒါယိကာမတို ့မှာမူ  မိမိအိမ်သို ့မပင့်ဆောင်နိုင်သောကြောင့် ၊ ရဟန်းတော်အထံသို ့

သွားရောက်၍ဆွမ်းအုပ်(ရှေးခေတ်သုံးဆွမ်းထည့်ပစ္စည်း)ကို ပို ့လှူဆက်ကပ်ကြရသည်။ဘုရားရှင်လက်ထက်တော်အခါက ဗာရာဏသီမြို ့ဆင်ခြေဖုံး

(အစွန်အဖျား)ရပ်တွင် နေထိုင်သည့် အလွန်ဆင်းရဲသော မဟာဒုက်(မဟာဒုဂ္ဂက-အလွန်ဆင်းရဲသူ)၏ စာရေးတံမဲဆွမ်းအလှူသည် မြန်မာဗုဒ္ဓဘာသာဝင်

တို ့၏သမိုင်းကြောင်းတွင် အားကျအတုယူဖွယ် ထင်ရှားသောစံနမူနာပြ ကုသိုလ်ထူးကြီးဖြစ်ခဲ့ပါသည်။

စာရေးတံမဲဆွမ်း-အလှူပွဲကို ဝါခေါင်လတွင် ကျင်းပရခြင်းမှာ၊ ဝါတွင်းကာလဖြစ်၍ ကျောင်းတိုက်အတွင်း၌ ရဟန်းတော်များတစ်စုတစ်ရုံးတည်းရှိနေခြင်း၊

မိုးရာသီဖြစ်သောကြောင့် ရဟန်းတော်များ ဆွမ်းခံကြွရာတွင်မလွယ်ကူ၍ ၊ ဆွမ်းကိစ္စခက်ခဲခြင်းတို ့ကြောင့်ပြုလုပ်ခဲ့ကြဟန်ရှိပါသည်။မူလက ဆွမ်းကိုသာ

ရည်ရွယ်ခဲ့သော်လည်း နောင်အခါ၌  စွမ်းနိုင်သည့်အလျောက် လိုအပ်ရာရာ တု ိ့ကိုဖြည့်စွက်လှူဒါန်းလာခဲ့ကြသည်။ရှေးဦးကာလက စာရေးတံ၌ လူဒါယကာ

တို ့၏အမည် ကိုရေး၍ ရဟန်းသံဃာတော်များက မဲနှိုက်ယူကြရသည်။နောင်အခါ၌ မဲတံတွင် ရဟန်းဘွဲ ့တော်(အမည်)ကို ရေး၍ ၊လူဒါယကာတို ့က နှိုက်

်ရွေးကြရသည်။မည်သည့် ရဟန်းသံဃာတော်ဟူ၍ ရင်းနှီးကြည်ညိုရာ ပုဂ္ဂိုလ်စွဲမထားပဲ ၊ မဲကျရာသံဃာတော်ကိုသာ ဝါကြီးဝါငယ် ၊ကြီး ငယ် ရွယ် လတ်မရွေး ၊မထေရ်ကြီး(ဝါတော်ကြီးသောရဟန်းတော်)ပဲ ရရ ၊သာမဏေ(ကိုရင်)ငယ်ပင် ကျကျ ၊ဝမ်းမြောက်ဝမ်းသာ  ကြည်နူးစွာ လှူဒါန်းကြရသော သံဃိကဒါန

တစ်မျိုးပင်ဖြစ်ပါသည်။

ကုန်းဘောင်ခေတ်(အေဒီ  ၁၇၅၂-၁၈၈၅) ၊ဘကြီးတော်ဘုရားလက်ထက်တွင် စာရေးတံအလှူပွဲကျင်းပပုံကို ၊ကုန်းဘောင်ဆက်ရာဇဝင်(ဒုတိယတွဲ)

စာအုပ်၌ ဖေါ်ပြထားသည်မှာ- ဝါခေါင်လပြည့်ကျော်(၈)ရက်နေ ့၊ ဂါမဝါသီပုဂ္ဂိုလ်(မြို ့နေသံဃာ) ၊ အရညဝါသီပုဂ္ဂိုလ်(တောနေသံဃာ) ၊

အရိယာသံဃာတော်အပေါင်းတို ့အား ၊ ပရိက္ခရာ(၈)ပါးနှင့်တကွ ရဟန်းတို ့အသုံးအဆောင်ပစ္စည်း စသည်တို ့အပြည့်အစုံ ဆွဲ၍ ၊

ပဒေသာပင်ရေ -၂၆ဝ ကို အတွင်းတော်သွင်းပြီးလျှင် ၊ အရှင်မိဖုရားခေါင်ကြီးနှင့်တကွ ရေစက်သွန်းတော်မူ၍ သလာကဘတ် စာရေးတံ

ဆွမ်းလှူတော်မူသည်။-ဟူ၍ ဖြစ်ရာ ၊ မြန်မာရှင်ဘုရင်နှင့် ပြည်သူလူထုအများတို ့သည်စာရေးတံမဲ အလှူပွဲကို ဝါခေါင်လတွင် ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့

ကြောင်း ထင်ရှားလှပါသည်။ယခုခေတ်အခါတွင်မူ ၊ ဝါခေါင်လ- ဟူ၍ သတ်မှတ်မှု မရှိတော့ပါ။ ကျေးရွာ၊ရပ်ကွက်၊မြို ့နယ်ဒသဆိုင်ရာစေတီ ၊ ပုထိုး ၊

ရုပ်ပွား ဆင်းတုတော်မြတ် နှင့် ဓမ္မာရုံတို ့ကိုမူတည်၍် ၊ဗုဒ္ဓပူဇနိယပွဲတော်(ဘုရားပူဇေါ်ပွဲ) ကျင်းပသောအချိန်အခါများတွင် စာရေးတံမဲဖောက်ကာ၊

ဆွမ်းနှင်တကွသင်္ကန်းအစရှိသောလှူဖွယ်ဝတ္ထုအစုစု တို ့ကို ၊ခမ်းနားကြီးကျယ်စွာ ဆင်ယင်လျက်လှူဒါန်းလေ့ရှိကြပါသည်။စာရေးတံ-ဟူရာ၌လည်း

စာရွက်ငယ်ပေါ်တွင် မဲဂဏန်းများရေးသားထားသောမဲလိပ်(ဝါ)စက္ကူလိပ်ငယ် ကိုသာသုံးကြတော့သည်။ထိုမဲလိပ်များကို ငွေဖလားကြီးတစ်လုံးတွင်ထည့်၍ ၊

ပင့်လျှောက်ခံရသောရဟန်းသံဃာတော်များကနှိုက်ယူကြရသည်။ မဲကျရာဂဏန်းအလိုက်ပြင်ဆင်ထားသော ဆွမ်းသပိတ်နှင့်တကွ လှူဖွယ်ပစ္စည်းတို ့ကို

ဆက်ကပ်လှူဒါန်းကြသည်။စာရေးတံမဲ-သည် ရဟန်းသံဃာ(သို ့မဟုတ်)လူဒါယကာ မဟုတ်တော့ပဲ ၊လှူဖွယ်ပစ္စည်း အဖြစ်သို ့ပြောင်းလဲနေပြီဖြစ်သည်။

ဤသို ့နှစ်စဉ်အချိန်ကာလအားလျော်စွာ လှူဒါန်းလေ့ရှိကြသော စာရေးတံမဲအလှူနှင့် အခြားသောကောင်းမှုဒါနများကြောင့်လည်း ၊ မြန်မာတစ်နိုင်ငံလုံးတွင် ရှိနေသော တောနေမြို ့နေ ရဟန်း၊သာမဏေ(၅)သိန်းခွဲကျော်တို ့သည် ဝါတွင်းအခါကာလတို ့၌၊စာချစာသင် (ပရိယတ္တိအလုပ်)၊တရားအားထုတ်ခြင်းအကျင့်

(ပဋိပတ္တိအလုပ်)တို ့ဖြင့် ချမ်းသာအေးချမ်းစွာ နေထိုင်သီတင်းသုံးနိုင်ကြပါတော့သည်။

ဝါခေါင်လပြည့်နေ ့ ကို `မေတ္တာအခါတော်နေ ့´-ဟူ၍ ဗုဒ္ဓဒေသနာတော်ကို အမှီပြုကာ သတ်မှတ်ကျင်းပလေ့ရှိကြပါသည်။ထို နေ ့တွင်မေတ္တာသုတ်

တော်ကို ရဟန်းသံဃာတော်များအထံမ နာယူကြည်ညိုခြင်း ၊ ကိုယ်တိုင်-စုပေါင်းရွဖတ်ပူဇေါ်ကြခြင်း နှင့် ကျေးငှက် သားငါး တိရစ္ဆာန် တို ့ကို ဘေးမဲ့လွှတ်

ခြင်း ၊သက်သတ်လွတ်စားခြင်း စသည့်ကောင်းမှု တို ့ကိုပြုလုပ်လေ့ရှိကြပါသည်။ှမေတ္တာ-သည် ပါဠိစကားဖြစ်၍ မြန်မာလို ချစ်ခြင်း -ဟူ၍ ပြန်ဆိုကြသည်။

မေတ္တာ ၏ ပင်ကိုသဘောမှာ သူတစ်ပါး၏အကျိုးကိုလိုလားခြင်း နှင့် သူတစ်ပါးတို ့အားချမ်းသာစေလိုခြင်း ပင်ဖြစ်ပါသည်။သက်ရှိ သတ္တဝါတို ့၏

အကျိုးစီးပွားကိုလိုလားတောင့်တစွာရှမြင်ဆင်ခြင်လျက် ကြံစည် ပြောဆို ပြုမူ တတ်သူ မှာမေတ္တာရှင် ဖြစ်သည်။နွားနို ့တစ်ညှစ်စာ(သို ့မဟုတ်)

နံ ့သာတစ်ရှိုက်စာ ခန် ့မျှ အချိန်ပိုင်းလောက်ကလေးအား မေတ္တာပွားများခြင်းပင်အကျိုးကြီးမားလှ၏-ဟု ၊ဗုဒ္ဓဘုရားရှင်က ဟောမိန် ့ဘူးပါသည်။

သတ္တဝါများ အပေါ်တွင် မေတ္တာပွားများခြင်းအားဖြင့် ၊ ချမ်းသာ-အိပ်နိုး ၊အိပ်မက်ဆိုး ကင်း ၊ချစ်ခြင်း လူနတ် ၊နတ်စေါင့်တတ်လျက် ၊ လက်နက်

ဆိပ်မီး ၊မရောက် ပြီးခဲ့ ၊စိတ်လည်း တည်စွာ ၊မျက်နှာ ကြည်လင် ၊သေလျှင်မတွေ ၊ သေသောအခါ ၊ဗြဟ္မာ့ရွာ သို ့ ၊လားရာ အကျိုး ၊

ဆယ့်တစ်မျိုး။-ဟူ၍ ၊လောကီအကျိုး(၁၁)မျိုး ရရှိနိုင်ကြောင်း ပိဋကကျမ်းစာတွင် ဖေါ်ပြထားပါသည်။မေတ္တသုတ်တော်လာကျင့်စဉ်များကို ကျင့်ကြံ

အားထုတ်ခြင်းဖြင့် လည်း ၊ ဘဝတစ်ဖန် အသစ်မဖြစ်ရခြင်း – ဟူသောလောကုတ္တရာအကျိုး ကိုရရှိနိုင်ကြောင်း ဆိုထားပါသည်။

ဘုရားရှင်လက်ထက်တော်အခါက ၊ ရဟန်းတော်(၅၀၀)တို ့သည် ဟိမဝန္တာတောအုပ်တစ်ခုတွင် ဝါဆို၍ တရားအားထုတ်သီတင်းသုံးတော်မူကြသည်။

ရဟန်းတော်များ၏ သီလ အရှိန်အဝါကြောင့် တောအုပ်နေ နတ်မိသားစုများမှာ ဆင်းရဲကြရသည်။သို ့ဖြစ်၍ ရဟန်းတော်များအား တောအုပ်တွင်မနေနိုင်

အောင် ပုံစံအမျိုးမျိုးဖြင့် ခြောက်လှန် ့နှောက်ယှက်ကြသည်။ရဟန်းအများမှာ စိတ်တည်ငြိမ်မှု မရပဲ ထိတ်လန် ့ခြောက်ခြားကာ တရားအားမထုတ်နိုင်ကြ

တော့ပေ။ဘုရားရှင်အထံသို ့ပြန်ကြွတော်မူကြ၍ ဖြစ်ပုံအလုံးစုံကို လျှောက်ထားကြရသည်။ဘုရားရှင် က မေတ္တသုတ်ပရိတ်တော်ကိုသင်ကြားပေးတော်မူ

ူ၍ မေတ္တာစိတ်ပြည့်ဝအောင်အထူးပွားများကြစေသည်။ရဟန်းတော်များသည် မေတ္တာပွားများတော်မူကြလျက် သုတ်တော်လာကျင့်စဉ်မြတ်တို ့ဖြင့်

တောအုပ်သို ့ပြန်ကြွတော်မူကြရာ ၊နတ်တို ့က ချစ်ခင်ကြည်ဖြူစွာ ကြိုဆိုစေါင့်ရှောက်ကြသည်။ထိုအခါမှ ရဟန်းတော်များသည် ချမ်းသာစွာနေထိုင်ကြ

ရလျုက် ဝါမကျွတ်မီမှာပင် ၊တရားထူးတရားမြတ်များ ကို ပေါက်ရောက်သိမြင်ရရှိကြသည်။ ဤအခြင်းအရာဖြစ်စဉ်တို ့ကိုအကြောင်းပြု၍ မေတ္တာအခါ

တော်နေ ့-ဟုဖြစ်ပေါ် သတ်မှတ်လာခဲ့ကြခြင်းဖြစ်ပါသည်။

ယနေ ့အချိန်အခါတွင် ၊ မေတ္တသုတ် ပရိတ်တရားတော်ကို မြန်မာပြည်သူ ပြည်သား ဗုဒ္ဓဘာသာဝင်အပေါင်းတို ့သည် အချိန်အခါ ၊ ရာသီမရွေး ၊

နေ ့ည မဟူ  ရွတ်ပွားပူဇေါ်ကြခြင်း ၊နာယူကြည်ညိုကြခြင်း ၊ကျင့်စဉ်လာအတိုင်း ပွားများခြင်း အားဖြင့် အစဉ်အလာရိုးရာဓလေ့ ကို ၊ဗုဒ္ဓဒေသနာတော်

ဉာဏ်အသိဖြင့် စပ်ယှဉ်ကာ၊မေတ္တာနှလုံး ကိုယ်စီသုံးလျက် ရွှင်ပြုံးမွေ ့လျော်နေကြပြီဖြစ်ပါသည်။ ။

缅甸十二月节日(五)

瓦康月 “标签”布施会与“仁道节”

缅甸十二个月中“瓦康”月属于第五个月,多数与阳历六月或七月同时。由于是雨季,全缅到处下雨,雨蒙蒙的大片原野上,大片葱翠的秧苗。。故有“瓦梭、瓦康,细雨绵绵”之说。缅甸战后时期(公元1945-1965)名诗人“敏独温”曾写下活泼动人的儿童诗句:“瓦梭瓦康雨绵绵;大家都来捡甜甜;小心丛中有蚂蝗;蚂蝗蚂蝗不用怕;三头六臂也无妨;牛鬼蛇神都不怕;我也跟你们走,为了一起去我要把椰树叶柄做的小牛放过下了;。。。”体现了在雨季“瓦期”的缅甸农村生活情趣。另外还有抒发缅甸佛教徒的在“瓦期”的富有佛教色彩生活的诗句:“妈妈顶斋饭;明早送寺庙;弟弟非要跟;不能把他甩掉;妈妈不在太无聊;弟弟,弟弟你太吵!;和尚见了要喝吆;不吵不吵我不闹;拿个数珠稳坐好;。。”

“瓦康月”定义为“僧人雨季斋戒‘瓦’期之中间月”。卜甘王朝时期(公元167-1287)又称之为“楠咖啦”意味“农耕栽种时期”。

“字标签”布施会源于佛祖在世时期(公元588-544)的印度。当时,佛祖正逢斋戒期,全国遭遇干旱、饥荒。百姓对每日僧人斋饭的布施都感到困难。有能力者,针对一两位和尚师父捐献一两块钱,另有困难者,则只能尽自己最大能力,向僧人捐献“写字标签”,事后,并汇报佛祖,请求佛祖谅解同意。佛祖也同意了。

古时“字标签”是用木头、木棍、竹片、藤片等制成,上面标明“施主”的名字。

之后,将该“字标签”置于蓝中,或袈裟内,让师父僧人抽签,类似幸运签,抽到签的和尚,就到该标签上注名的施主宅中用斋饭。有的施主无法请师父到家中者就将斋饭送至和尚庙里。这种自佛祖在世时代就兴起的以标签布施斋饭的方式对于缅甸佛教徒来说,被认为是十分高尚的公德。

“标 签”布施会选择于瓦康月举行,主要因“瓦”期雨季所有僧人都集聚庙内,不易出外化缘之故。原先只限斋饭,后来却扩展为其他物品。开始是将施主名写于标签 上,后来改为将师父法号写于标签上,由施主抽签,让施主有机会接触众多和尚师父,不致形成偏向、倾斜以及不公平现象。施主们对师父不分老少按照抽到的签, 向和尚们进行布施。

贡榜王朝(公元1752-1885),“八基多”王时期,在贡榜史书第二卷中,对“标签布施”有这样的记载:“瓦康月盈后(8)日,在宫内,与王后一起,筹齐各种僧人用物(260) 份,向诸位和尚高僧,举行标签布施。。。”由此可见早在古代,便有缅王与平民百姓一起于瓦康月内隆重举行标签布施活动的惯例。到了现代,已经不再固定为瓦 康月,在农村、小镇、地区、各种地方的佛塔、庙宇、斋堂等场所,只要举行佛会庙会,便要举行抽签布施活动。在“标签”的地方也已经由纸条做的签条代替。将 这些签条置于银钵内,让和尚僧人抽签,“签”上标明的既不是和尚名也不是施主名,而是布施品名称。正是由于普遍举行这种布施活动,全缅甸(5)十多万的和尚尼姑在“瓦”期间,方能安安心心坐下来斋戒、念经、修炼。

“瓦 康月盈日”按照佛教传统又称之为“仁道日”。在那吉日,人们或者听和尚僧人念“仁慈经”;或者私自齐诵“仁慈经”;还要对飞禽牲畜放生;甚而至于还要吃素 吃斋;进行多种类的“行善”活动。“仁”即“爱”之义,意味着让他者幸福。对其他生物持有爱心者即“仁者”。佛祖鼓励众生言行举动必须“仁慈”,哪怕是短 暂的一瞬,仁慈爱心的效果是无限的!古经书上记载:仁慈爱心让人们得到“幸福生活;心灵安宁;免除噩梦;神灵保佑;消灾避邪;心神安稳;神色开朗;死而不 悔;直奔天国”等效果。并且若按照“仁慈经”的方法修炼,还可避免进入“新轮回转世”之中。

佛祖在世时期,曾有(500) 罗汉,修行于喜马拉亚山脉之中。由于众罗汉的威力,影响了森林中诸位精灵,使之处于困境。于是众精灵以各种方式恐吓众罗汉,让众罗汉也得不到安宁。众罗汉 无法静心继续进行修行,只得禀告佛祖,佛祖将“仁慈经”教予众罗汉,并指示须存“仁慈”之心。众罗汉回到林中,遵照佛祖指示,按照“仁慈经”的教导,努力 行善,散发“仁慈”之心,获得了众精灵的热诚欢迎。众罗汉才得于静心修行,于“瓦”斋戒期结束前,即修成正果。由此便产生了“仁道日”。

时至今日,对于虔诚的佛教徒缅甸人民来说,“仁慈经”已经成为家喻户晓,人们不分季节,不分时辰,随时随地都在念诵“仁慈经”,已经形成一种优良传统,人人胸怀仁慈之心,开心愉快地生活在一起。(中文译者;李祖清老师)

(တရုတ်နိုင်ငံ၊ကူမင်းမြို ့မှထုတ်ဝေသော မင်္ဂလာစာစေါင်တွင်၂၀၀၅-၂၀၀၆ခုအတွင်းဖေါ်ပြပြီးသည်ကိုပြန်လည်ကူးယူဖေါ်ပြလိုက်ပါသည်။)