ကျွန်တော်ပျောက်သွားတဲ့…နေ့
သတိထားနေရင်း မတ်တပ်
ကျွန်တော်ပျောက် ပျောက်သွားတယ်။
အတ္တတွေကြား လောဘတွေကြား
တစ်ခါတစ်ခါ အလွန်အမင်းကိုယ့်ကိုကိုယ်
အထင်ကြီးမှုတွေ ကြား။
ကိုယ့်ဟာကိုယ်ရှာထားတဲ့…
အပူအပင်တွေကြား။
ပုံစံအမျိုးမျိုးပြောင်းလာတဲ့
ဒုက္ခတွေကြား။
ရွှေအိုရောင် ခပ်ရင့်ရင့်သန်းနေတဲ့
ခေတ်ဆွေး မျှော်လင့်ချက် တွေကြား။
မိုးပျံလုမတတ် မြင့်တက်နေတဲ့
ကျိကျိတက် အိပ်မက်တွေကြား။
ကျွန်တော်ပျောက်..ပျောက်သွားတယ်။
သုရှင်(၂၆-၆-၁၄)
One comment
kyeemite
June 27, 2014 at 3:32 pm
တိုတိုလေးနဲ့ အဓိပ်ပါယ်ကောင်းတဲ့ကဗျာလေးပါ