သုရွင္October 24, 20171min3077
အကြီးဆုံးသောအမှား ******************* မင်းမှားနေတယ်လို့ သိလိုက်တယ်ဆိုရင် ဒါဟာ အနည်းဆုံး တော့ မင်းအနေနဲ့ အခွင့်အလမ်းတစ်ခုကို ရရှိလိုက်တာပဲဖြစ်ပါတယ်။ အမှန်ကိုစတင်လို့ရပြီဆိုတဲ့ အခွင့်အရေးပါ။ လူတိုင်းဟာ အမှားကို ကြောက်ကြပါတယ်။ အမှားရဲ့နောက် ဆက်တွဲ ရလာဒ်တွေကို ကြောက်တာဆိုရင်ပိုမှန်ပါတယ်။ ပေးဆပ်ရမှု၊ ဆုံးရှုံးမှု၊ နာကျင်မှု၊ ကြေကွဲဝမ်းနည်းရတာတွေပါ။ ပြောမှား၊ ဆိုမှား စတဲ့ သေးငယ်တဲ့အမှားတွေကနေ အလုပ်မှား မိတာ၊ သွားလာမှားတာ ၊ လမ်းမှားတာ နောက်ဆုံး ဘဝတစ်ခုလုံး ချိုးကွေ့သွားလောက်အောင် ဆုံးဖြတ်ချက်မှား တာမျိုး ရှိတတ်ပါတယ်။ မှားသွားတာကို သိလိုက်ရချိန်မှာ စိတ်ဓါတ်ကျ ပြီး စိတ်ဆင်းရဲရပါတယ်။ မမှားခဲ့ ရင်ကောင်းမှာပဲ ဆိုတဲ့ နောင်တလည်း ရတတ်တယ်။ မှားမှန် စောစောသိတာဟာ ပိုကောင်းပါတယ်။ နောက်ကျမှ သိလေ ပေးဆပ်ရတာ ပိုပြီး […]


သုရွင္August 15, 20171min2055
လုပ်စရာအလုပ်တစ်ခုကို နေ့ရွှေ့ညရွှေ့လုပ်ဖို့ သင့်ဆီမှာ အမြဲတမ်းအကြောင်းပြချက် တစ်ခုမက ရှိနေတတ်ပါတယ်။ နေပူလို့၊ မိုးရွာလို့၊ စောသေးလို့၊ နောက်ကျနေလို့၊ ဗိုက်ဆာလို့၊ စားပြီးကာစမို့၊ ငယ်သေးလို့၊ ကြီးသွားလို့၊ မလုပ်လည်းရသေးလို့၊ ဘယ်သူ့ကြောင့်၊ ဘယ်ဝှါကြောင့်၊ ဘာဖြစ်လို့၊ ညာဖြစ်လို့။ ဒီလိုနဲ့ပဲ အကောင်အထည်ဖော်ခွင့်မရခဲ့တဲ့ စိတ်ကူးတွေ၊ အိပ်မက်တွေ အများအပြားဆိုသလိုပါပဲ။ “အကြောင်းပြချက်တွေဆိုတာ လိမ်ဆင်တွေပါ” ( All excuses are lies) ဆိုတဲ့သူကတော့ Jocko Willink ပဲဖြစ်ပါတယ်။ အမှန်ပြောရရင် သင်က ပျင်းနေလို့ပါတဲ့။ လေးလံထိုင်းမိုင်းမှုနဲ့ အကြံတုံးဉာဏ်တုံးဖြစ်မှုဟာ ဆက်စပ်နေပါတယ်။ အလွယ်ဆုံး နည်းလမ်းလေး ************************ နေ့ရွှေ့ညရွှေ့ဖြစ်တတ်တဲ့ မိမိရဲ့ စိတ်ဓါတ်ကို ပြုပြင်ဖို့ အလွယ်ဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းလေးတစ်ခုရှိပါတယ်။ ဒါကတော့ ဆရာမ Mel Robbins ရဲ့ […]


သုရွင္January 16, 20151min15845
မိဘတွေ သိရဲ့လား ဖုန်းဈေးတွေကလည်း ကျ ၊ စမတ်ဖုန်းတွေ   ကလည်း     ခေတ်စားလာတော့ လူကြီး၊ ကလေး၊ ငယ်ငယ် ၊ရွယ်ရွယ်၊ ပျိုပျို၊ အိုအို ၊ဆင်းရဲ ၊ချမ်းသာ မရွေး ကိုင်နိုင်သုံးနိုင်လာတာ တွေ့ရပါတယ်။ အင်တာနက် ကလည်း (နှေးသော် လည်း) သုံးလို့ ရလာသောကြောင့် ချိတ်ဆက်သုံးစွဲတဲ့သူတွေ ပိုပြီးအမြင်ကျယ်လာ၊ ပိုပြီး လက်လှမ်းမီလာ တယ်လို့လည်း ယေဘုယျ အားဖြင့် အကောင်းမြင် ကြည့်မိပါတယ်။ ထပ်ခါထပ်ခါ ပြောနေကြရသလိုပါပဲ။ အထူးသဖြင့်လူငယ်တွေ စိတ်သန်ရာ သန်ရာ စွဲလုပ်ကြ ရင်းနဲ့ လမ်းမှားရောက်သွားနိုင်တဲ့ ပြဿနာပေါ့ဗျာ။ နားလည်တတ်ကျွမ်းတဲ့ မိဘတွေ ၊ အုပ်ထိ်န်းသူတွေ အနေနဲ့ သားသမီးတွေကို အင်တာနက်အသုံးပြုတဲ့နေရာမှာ internet setting ကို parental control […]


သုရွင္June 27, 20141min1861
သတိထားနေရင်း မတ်တပ် ကျွန်တော်ပျောက် ပျောက်သွားတယ်။ အတ္တတွေကြား လောဘတွေကြား တစ်ခါတစ်ခါ အလွန်အမင်းကိုယ့်ကိုကိုယ် အထင်ကြီးမှုတွေ ကြား။ ကိုယ့်ဟာကိုယ်ရှာထားတဲ့… အပူအပင်တွေကြား။ ပုံစံအမျိုးမျိုးပြောင်းလာတဲ့ ဒုက္ခတွေကြား။ ရွှေအိုရောင် ခပ်ရင့်ရင့်သန်းနေတဲ့ ခေတ်ဆွေး မျှော်လင့်ချက် တွေကြား။ မိုးပျံလုမတတ် မြင့်တက်နေတဲ့ ကျိကျိတက် အိပ်မက်တွေကြား။ ကျွန်တော်ပျောက်..ပျောက်သွားတယ်။ သုရှင်(၂၆-၆-၁၄)


သုရွင္June 25, 20141min1502
ကြိုးစားခြင်းအဓိပ္ပါယ်ကောင်းကျိုးကို မခံစားလိုက်ရပေမယ့် တစ်ချို ့က အသေခံကြိုးစားခဲ့ကြ။ တစ်ချို ့ရဲ့ ကြိုးစားမှုမှာ သမိုင်းစာမျက်နှာတွေပဲ အရာထင်ခဲ့ရတယ်။ တိုက်ချွတ်ဆေးကြောနေစရာမလိုပါဘူး။ အချိန်တွေ ကြာလေ ကြာလေ။… သူတို့အတွက် ဆုတံဆိတ်တွက ပြောင်ပြီးသား လတ်ပြီးသား။ လူ့ပါးစပ်ဖျားမှာ သူတို့ရဲ့ နာမည်က နှိုင်းယှဉ် စံထား အတုယူပြီးရင်း ယူနေရဦးမှာ။ နည်းနည်း ကြိုးစားပြီး များများ ခံစားချင်နေတဲ့ လူ ့အန ္တတွေ ပေါများလွန်းနေသ၍လေ။ သုရှင်(၂၅-၆-၁၄)


သုရွင္June 22, 20141min2613
  မြန်မာနိုင်ငံမှာ LCCI ကိုလူသိများပါတယ်။ ဒါပေမယ့် LCCI ကို Take Over လုပ်လိုက်တဲ့ Pearson PLC ( http://en.wikipedia.org/wiki/Pearson_plc) ကိုတော့ လူသိနည်းပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားများအနေနဲ့ကလည်း Pearson PLC အောက်ရောက်သွားတဲ့ LCCI ရဲ့ အခန်းကဏ္ဍကို သိပ်ပြီး စိတ်မဝင်စားကြပါဘူး။ ဆိုတော့ … Pearson PLC ဟာဘာလဲ ဘယ်လောက်ကြီးမားသလဲ ၊ သူ့အောက်ရောက်သွားတဲ့ LCCI ဘယ်လိုကောင်းကြိုးတွေရမှာလဲ ဆိုတာကို ကျွန်တော်တို့ သိထားသင့်တယ်လို့ ထင်ပါတယ်။ Pearson PLC ဟာ ဗြိတိန်အခြေစိုက် ပုဂ္ဂလိကပိုင် ဧရာမ ကုမ္ပဏီကြီးဖြစ်ပါတယ်။ Samuel Pearson ဆိုသူက ၁၈၄၄ မှာစတင်တည်ထောင်ထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဒါကြောင့် […]


သုရွင္June 13, 20141min23715
ပွင့်လင်းမြင်သာသော အကြံပြုချက်များ တောင်းခံရယူခြင်း မူဝါဒရေးရာကျွမ်းကျင်တဲ့သူတွေ အနေနဲ့ စနစ်တစ်ခုကို ပြုပြင်တော့မယ်ဆိုရင် လက်တွေ့ကျတဲ့ ပြုပြင်ပြောင်းလဲရေး အကြံပေးချက်တွေ သာထည့်သွင်းစဉ်းစားမှာ မလွဲဧက…ံ ပဲ ဖြစ်ပါတယ်။ ရုတ်တရပ်အချိန်အတိုအတွင်း နိုုင်ငံခြားတိုင်းပြည်တွေရဲ့ သင်ကြားမှု ပုံစံ ကို မြန်မာနိုင်ငံမှာ ပြောင်းလဲပစ်လိုက်ဖို့ဆိုတာ လွန်စွာမှ လက်တွေ့မဆန်တဲ့ အကြံပြု ချက်မျိုးပဲဖြစ်ပါလိမ့်မယ်။ ပညာရေးစနစ်ပြောင်းလဲဖို့ အကြံပြုချက်များကို တောင်းခံ ရာ မှာ လည်း လက်ရှိတာဝန်ထမ်းဆောင်နေကြသော ဆရာ၊ဆရာမ များသာမက အမြော်အမြင်ရှိသော မည်သည့်ပညာရှင်မဆို အကြံပြုချက်များတင်ပြနိုင်ရန်လည်း လမ်းဖွင့် ထားရန်လိုအပ်ပါသည်။ နှစ်ပေါင်း များစွာ အခြေခိုင်၊ အုတ်မြစ်စွဲနေသောမြန်မာနိုင်ငံ၏ ပညာရေး စနစ်ကို ပြုပြင်နိုင်ရန်မှာလွယ်ကူသောကိစ္စတစ်ခုတော့မဟုတ်ပါချေ။ စိန်ခေါ်မှုများ ပညာရေးစနစ်တစ်ခုကို ပြုပြင်ရာတွင် စိန်ခေါ်မှုများစွာကြုံတွေနိုင်ပါသည်။ ၎င်းတို့မှာ •lack of executive support […]


သုရွင္June 12, 20141min33575
အသံများနှင် ့က ခုန်ခြင်း သူများပြောတဲ့အသံအတိုင်းလိုက်ခံစားနေရင် ကိုယ့်ဘဝက သူများလက်ထဲမှာလမ်းဆုံးတော့မပေါ့။ ( ဦးဇောတိက-မဟာမြိုင်တောရ) အတိုက်အခံငြင်းခုံပြောဆိုနေကြတဲ့ကြားထဲ ဖတ်ရမှတ်ရတဲ့ ပြည်သူတွေထဲက ပြည်သူ တစ်ယောက်အနေနဲ့ အနည်းနဲ့အများတော့ စိတ်ရှုပ်မိမှာအမှန်ပါပဲ။ ကိုယ်ဖြစ်စေချင်တာ၊ လက်ရှိဖြစ်နေတဲ့ အခြေအနေက ကွာဟလာတဲ့အခါ တောက်တစ်ခေါက်ခေါက် ဖြစ်ချင်ဖြစ်လိမ့်မယ်။ ဟိုးတုန်းကလို အားလုံးက တစ်သံတည်းထွက်နေတာ မဟုတ်တော့ ဘူးမဟုတ်လား။ အရင်တုန်းက အစိုးရသတင်းစာတွေ ဖတ်ပြီးရင် တော်တော်စိတ်ပျက်လက်ပျက်ဖြစ်တဲ့ အထဲမှာ ကျွန်တော်တို့ပါဖူးပါတယ်။ ဘာမှသတင်းမဟုတ်သည်ကို သတင်းလုပ်ရေး နေသည် ဟူ၍လည်းကောင်း။ တစ်ခါလာလည်း ဒါချည်းပဲ ဟူ၍လည်း ကောင်း ၊ ဝေဖန်ခဲ့ ဖူးပါသည်။ ယခု သတင်းမီဒီယာများကို လွတ်လပ်ခွင့်ပေးလိုက်သောအခါ အစပိုင်းတော့ ဟုတ်သလိုလိုဖြစ်နေပေမယ့် ကြာတော့လည်း စိတ်ပျက်လာရပြန်ပါတော့သည်။ သတင်းတစ်ခုဖြစ်တည်မှုတွင် မူလ ဖြစ်ပေါ်လာသည့် အကြောင်းရင်းခံအချက်အလက် များကို […]


သုရွင္March 23, 20141min1575
ရုရှ တု၍ ဘင်္ဂလား ခုန် အိုင်ပျက်ရုံ သာရှိလိမ့်မည်တည်း။   ပြည်တွင်းမှာ အိမ်ကြက်ချင်းအိုးမဲသုတ်နေတော့ ဘင်္ဂလားက ပွဲကြည့်ကုလားထိုင်မှာ မိန့်မိန့်ကြီး ကြည့်နေလေရဲ့။ ဒီအချိန်မှာ ဘင်္ဂလားတပ်တွေသာ မောင်တောကို ဝင်ကြည့်… အားလုံးကြက်သေသေ နေကြမှာ မြင်ယောင်မိသေးတယ်။ စစ်ရေးသတိရှိရမည်။ ဟူ၍ စစ်တပ်တိုင်းတွင် ဆိုင်းဘုတ်ချိတ် ထားသည်မှာ အလားကားဖြစ်နေပြီလော။ ရုရှ ကို တု၍ ဘင်္ဂလားက ” ဖားတု၍ ခရုခုန် ၊ အိုင်ပျက်ရုံသာရှိ ” တော့မပေါ့လေ။ ုရုရှက ရုရှ ဖြစ်၍ ဘင်္ဂလားက ဘင်္ဂလား ကုလားဖြစ်သည်။ ယြူကရိန်းက ယူကရိန်းဖြစ်၍ မြန်မာကမြန်မာဖြစ်သည်။ စကားလေးနဲ့ဖြစ်ဖြစ် သွေးတိုး စမ်း၍ ရင်တွင်းက စကားတွေ ပွင့်ထွက်လာပေပြီ။ အမှန်တွင် သိပ်တော့လည်း အံ့ဩစရာမဟုတ်ပါချေ။ […]


သုရွင္March 22, 20141min1913
အဲ့ဒီနေ့က အဲ့ဒီနေ့က မီးမလာဘူး မေမေ။ သားဖယောင်းတိုင်လေးနဲ့… စာကျက်ပြီးစာမေးပွဲ ဖြေခဲ့ရပါတယ်။ အဲ့ဒီနေ့က သိပ်အေးတယ် မေမေ။ သားအင်္ကျီအနွမ်းလေးနဲ့ အစောကြီးထပြီး ကျောင်းသွားခဲ့ရတာ။ အဲ့ဒီနေ့က သားအိမ် ကျ ပျောက်ခဲ့တယ် မေမေ။ ကျောင်းကအပြန်မှာ သား အိမ်ကို ရှာမတွေ့ခဲ့ဘူးလေ။ အဲ့ဒီနေ့က သား ငို ခဲ့တယ် မေမေ။ အသံသာကြားဖူးပြီး ဘယ်တုန်းကမှ မမြင်ခဲ့ဖူးတဲ့ သယံဇာတ ကျိန်စာတွေ ထွေးပွေ့ သိမ်းပိုက်ရင်းနဲ့လေ။ သုရှင် ၂၂-၃-၁


သုရွင္March 3, 20141min2828
အလေးမခိုးတဲ့ချိန်ခွင် လူနှင့်ချိန်ခွင် လူတိုင်း၏ စိတ်ထဲတွင် ချိန်ခွင်တစ်လက် စီ ရှိပါသည်။ သူ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ထို ချိန် ခွင် သည် သူသိတတ်သောအချိန်မှစ၍ အလုပ်လုပ်ပါတော့သည်။ မည်သည့် အခြေအနေ တွင်မဆို ထိုချိန်ခွင်က သင့်တော်သည် ၊ သို့မဟုတ် မျှတသည် ဟု ဆုံးဖြတ်မှသာ သူစိတ်ထဲ တွင် သက်တောင့် သက်သာ ဖြစ်လိမ့်မည် ဖြစ်သည်။ သို့တည်းမဟုတ်ပါက သင့်တော်သည် သို့မဟုတ် မျှတသည် ဟူ သော အခြေအနေရောက်အောင် သူ ညှိယူပါတော့မည်။ ဖန်တီးတော့ မည် ဖြစ်သည်။ ငယ်ရွယ်စဉ် အတွေးအခေါ်နုနယ်စဉ်ကာလက လူသည် သူ့အပေါ် လူတိုင်းဂရုစိုက် နေမှ ၊ သူလို အပ်တာကို ဖြည့်ဆည်းပေးနေမှ သင့်တော်သည် […]


သုရွင္February 14, 20142min1905
မြူထဲက မြူတစ်မှုန်ပါ။ အုတ်တစ်ချပ်ပါ၊သဲတစ်ပွင့်ပါ ဟိုးတုန်းကလို… ကိုယ့်ကိုကိုယ်… တစ်ယောက်ယောက် ပါ ဆိုပြီး မာန်မထောင်တော့ပါဘူး။ ဘာမှ မဟုတ်မှန်း တဖြည်းဖြည်း သိသိ လာပြီးတဲ့နောက်မှာ။ စင်ပေါ်က လူတွေကို အားကျဖူးတယ်။ အတ္ထုပ္ပတ္တိ တွေလည်း ဖတ်ဖူး၊မှတ်ဖူးတယ်။ ရှိရင်းစွဲထက်နည်းနည်းပိုပြီး ကိုယ့်ကိုကိုယ် အထင်ကြီးဖူးတယ်။ ” ငါလုပ်ရင် ဘာမဆို ဖြစ်တယ် “ ဆိုတဲ့ အဆို အမြဲတမ်းအမှန်တရားမဟုတ်ဘူးဆိုတာ။ လက်ခံတတ်လာပါပြီ။  ” ငါလုပ်တိုင်းမဖြစ်ရင် ” လည်း အားမငယ် ဝမ်းမနည်းတော့ပါဘူး။ ဖြေတတ်လာတယ်။ နှစ်သိမ့်တတ်လာတယ်။ စက္ကူလေယာဉ်ပျံလေးတွေ လုပ်ပြီး လွှတ်ဖူးပါတယ်။ စက္ကူလှေလေးတွေ လုပ်ပြီး လွှတ်ဖူးပါတယ်။ စိတ်ကူးဆိုတာ စက္ကူ ရုပ်လေးတွေလို တည်ဆောက်ဖို့ မလွယ်သလို လွှတ် ပစ်လိုက်ဖို့လည်း မလွယ်လွန်းလှပါဘူးဗျာ။ မျှော်လင့်ချက်တွေ […]


သုရွင္February 11, 20141min26111
လက်ရှိ မင်းသားလုပ်တဲ့သူကလည်း ဘာပဲပြောပြော ပတ်မကြီးကို တကြည့်ကြည့်။ တစ်ယောက်ယောက် ဖောက် သွားမှာကို စိုးရိမ်လို့။ စိုးရိမ်လောက်စရာကိုး။ သူက သာ က လို့ကောင်း နေတာ ဇာတ်ခုံက ခပ်နဲ့နဲ့ရယ်။ အရပ်စကားနဲ့ပြောရမယ်ဆိုရင် အဖြစ် ကနေရတာ။ မင်းသားက ကလို့ မဆုံးသေးဘူး ဇာတ်ထွက် မင်း သမီးက တစ်ပြင်ပြင်။ ပရိတ်သတ်က မင်းသမီးကို မျှော်လှပြီ။ လူကြီးတွေ ပြောပြောနေတာ ကြားဖူးတယ်။ ဒီဇာတ်ထုပ် ကလည်း ရှည်ပါ့ ဆိုတာ လိုမျိုး။ မပြီးနိုင်တဲ့ ဇာတ်က အရှုပ်ထုပ်။ ပရိတ်သတ်ထဲမှာ တောဇာတ်ဆိုတော့ဗျာ ရွာကျောင်းက ကိုယ်တော် တွေ လည်းပါတယ်။ ထန်းရည် သမားတွေ လည်းပါတယ်။ ဒီနှစ်တွေ ထဲ ရွာမှာ ပွဲငတ်နေတာကြာပေါ့။ ငယ်ငယ်ရွယ်ရွယ်ကြီးကြီးသေးသေး ပုပုရှည်ရှည် […]