Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အာဏာသိမ်းအဖွဲ့သို့ ပေးစာတစ်စောင်

ေမွာ္ဆရာJune 28, 20141min64615

အော် အိုင်တီခေတ်.. အိုင်တီခေတ်
သတင်းများ တယ်မြန်ပါ့လား ….။ အရင်တုန်းကဆိုရင်တော့ အဖြူအမဲတီဗီလေးရှေ့ငုတ်တုတ်ထိုင် ၊ လေဒီအို လေးနားထောင်မှ အာဏာသိမ်းတဲ့သတင်းတွေ ဘာတွေ သိရသကိုး ..ခုများတော့ ချက်ချင်းဆိုသလို မာရှယ်လော ထုတ်လိုက်တာကို လေဒီအို မဖွင့်ပဲ သိရသကိုး …။
မှော်ဆရာ ရွာနဲ့ ဝေးနေတာ ကြာပါပြီ ..။ဒါပေသိ ကိုယ်ကျင်လယ်ခဲ့တဲ့ နေရာကိုတော့ သတိတရ အမြဲတမ်း သတိရနေလျှက်ပါ…။နိုင်ခြံကား ရောက်နေတဲ့ အဝေးရောက် အတိုက်အခံအင်အားစုတွေလိုပေါ့ဗျာ …။ ရွာမှာ အာဏာသိမ်း မာရှယ်လော ထုတ်လိုက်ပြီဆိုတော့ ဘာလဲဟဲ့ ၊ ညာလဲဟဲ့ဆိုပြီး လှမ်းမျှော်ကြည့်ရတော့တာပေါ့….။

ကြေငြာချက်ကြီးမှာက >>>> တစ်ဦးတစ်ယောက်တည်းမဟုတ်ပါ။ မန်ဘာဟောင်းများစွာ ပါဝင်နေပါသည် ။ <<<< ဆိုတော့ ရွာသားအဟောင်းကြီး ကမှော် တော်တော်ကို စိတ်ဝင်စားသွားမိသည်။ဟယ် ငါ့လူတွေများလား ပေါ့ …။ကမှော် ရွာထဲကို စရောက်လာတော့ စစ်အာဏာရှင်ခေတ် …။ရွာထဲမှာ ထောက်လှမ်းရေးတွေ ခြေချင်းလိမ်နေသည်။ ကိုယ့်သူမယုံရ .. သူ့ကိုယ်မယုံရ …။အချင်းချင်း မိတ်ဆက်ဖို့မပြောနဲ့ ။ ကိုယ်နေတဲ့မြို့တောင် ထုတ်မပြောရဲ …။ နားကားသွားပေလိမ့်မည်။(မယုံမရှိပါနဲ့ …တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ ထိုကာလထဲက ခိုးကြောင်ခိုးဝှက် ရွာထဲရောက်နေသူ ကမှော်အဖို့ အာဏာသိမ်းအဖွဲ့မှာ အနဲဆုံး ဝန်ကြီးတနေရာ ရဖို့ကောင်းသည်။ခါ ၊ မျောက် ၊ ဆင်လို ပြိုင်ကြည့်လျှင် မမ ၊ ရွာတော်ရှင်ဆူး ၊ ဝေဝေ ၊ ကြောင်ကြီး ၊ ကအောင်ပု ၊ ကိုပေါက် တို့ကလွဲရင် ကိုယ့်ထက် ရွာသက်ကြီးတဲ့သူ ခပ်ရှားရှားဆိုတော့ ဝန်ကြီးတစ်နေရာ မျှော်လင့်မိတာ ကမှော့်အလွန် မဟုတ်ချေ..။

သို့သော်လဲ …. မန်ဘာဟောင်းများစွာ ပါဝင်နေပါသည် ။

ခေါင်းဆောင် နှစ်ဦးမှလွဲ၍ မည်သူပါဝင်နေသည်ကို မသိနိုင်ပါ ။

လျှို့ဝှက် အဖွဲ့အစည်းဖြစ်သည် ။ယူဇာနိမ်းတစ်ခု လျှို့ဝှက်ကုဒ် တစ်ခုတည်းဖြင့် ရွာအကျိုးလိုလားသူများပေါင်းစည်းပါဝင်နေသည် ။ ဆိုတော့ စဉ်းစားကြည့် .. သို့ကလို ပွင့်လင်းမြင်သာတော့လဲ ဘယ်လိုပေါင်းစည်းပြီး ဘယ်လို ရွာကောင်းကျိုး ဆောင်ရွက်ကြမည်မသိ…။

မှော်ဆရာ အလုပ်ခေါ်စာ တစ်ခုကိုသာ မြင်ယောင်မိသည်…။ အကြားအမြင်ရသူတစ်ဦး အလိုရှိသည် … ။ လစာကောင်းကောင်းပေးမည်… ။ မည်သည့်နေရာတွင် အလုပ်လျှောက်ရမည်ကို သိလိမ့်မည်ဟု မျှော်လင့်သည်တဲ့…။
အေးလေ … အကြားအမြင်ရသူဆိုတော့ ဘယ်မှာအလုပ်လျှောက်ရမလဲ သိလိမ့်မယ်ပေ့ါ ..၊ ဒါပေသိ အကြားအမြင်ရ ဝိဇ္ဇာအစစ်ဆိုတာ ဒီလို အလုပ်ကို လာလျှောက်မည်မဟုတ်…။ဟုတ်တော့ ဟုတ်မလိုလို … တကယ်ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားဖို့ ကောင်းသည်။ရွာကောင်းဖို့လုပ်တာ ဖြစ်ကောင်းဖြစ်မည်…။ သို့သော် တကယ်ကောင်းပါမည်လား…။ ချောက်ထဲမကျခင် နှစ်လက်မအလိုမှာ ကယ်တင်လိုက်ရသည်တော့ မဖြစ်စေလို … ဘိုကြီးတို့ ရောက်လာမှပဲ ကျွန်မတို့ရွာလေး ပြာကျသွားတော့တယ် ဟု မပြောချင်ပါ..။

မန်ဘာအချင်းချင်းကလဲ ဘယ်သူတွေပါမှန်းမသိ…။ အချင်းချင်း တိုင်ပင်လို့လဲမရ …။ မန်ဘာအသစ်ဝင်ချင်ရင်လဲ ဘယ်လိုဝင်ရမှန်းမသိ ..။ သို့ကလိုဆိုတော့ အထက်က ခေါင်းဆောင် နှစ်ဦး ဆီက အမိန့်ကို အတိအကျ လိုက်နာယုံကလွဲပြီး ဘာမှ လုပ်တတ်မယ့်အဖွဲ့ ဟုတ်မည်မထင်…။ ဟေ့ ဒီပိုစ်က ခေါင်းဆောင်ကြီး ရွှေစိတ်တော်ညို အလိုမကျကွ ဆိုလျှင်ဝိုင်းဝန်းတိုက်ခိုက်ရန် လူစုထားသည့် အဖွဲပဲ ဖြစ်မည်ထင်သည်။ အော် အထက်က အမိန့် … အထက်က အမိန့် …။ဘာမှ ပြန်ပြောခွင့်မရှိ .. အချင်းချင်း ညီညွတ်ခွင့်မရှိ … ကိုယ့်စိတ်နဲ့ ကိုယ် ကြိုက်ခွင့် မကြိုက်ခွင့် မရှိ…။

ရွာသားအသစ် မလိမ်မိုး မလိမ်မာလေးမို့ ဗျောက်ခါးထိုး …၊ ထရေသောက် ရွာရိုးလျှောက်အော်သည်ဆိုလျှင်လဲ ကလေးအရွယ်.. ခွေးအရွယ် ခွင့်လွှတ်ပေးလို့ရသည်။ တကယ်သာ ရွာသားအဟောင်းဆိုလျှင်တော့ သည်ကိစ္စက တရွာလုံးကို ပြောင်းပြန်လှန်ချင်သည့် သူဖြစ်လိမ့်မည်။
ဂေဇက်ရွာသည် ဒီမိုကရေစီ ရွာစစ်စစ်ဖြစ်သည်။ အတွေးစုံ ၊ အမြင်စုံ ၊ လူစုံ ၊ အကျင့်စုံ ၊ စရိုက်စုံ ကို အခြားသူကို မထိခိုက်သမျှ လွတ်လပ်စွာခွင့်ပြုထားသော ရွာဖြစ်သည်။ ဂေဇက်ရွာသည် ကြီးနိုင်ငယ်ညှင်း ၊ အုပ်စုနဲ့ ဝိုင်းအာတတ်သော ရွာမဟုတ်…။ မတရားမှုကို ခေါင်းငုံခံသည့်ရွာမဟုတ် ။

မှန်သည်ထင်လျှင် ရွာသဂျီးနှင့်ပင် ဒူးတင်ပေါင်တင် ငြင်းခုံနို်င်သောရွာ ၊ ယုံကြည်ချက်တစ်ခုအတွက် အများနဲ့တစ်ယောက် ခံတိုက်ခဲ့သည့် သူရဲကောင်းတွေ မွေးဖွားခဲ့သည့်ရွာ..(မယုံမရှိနှင့် .. ကိုယ့်ယုံကြည်ချက်တော့ အပျောက်မခံ၊ ကလောင်သာ အသေခံပြီး ရွာပြင်ထွက်နေခဲ့တဲ့သူတွေ ဒုနဲ့ဒေး ) ၊ နယ်ပယ်စုံက လူတော်တွေ အများကြီး စုဝေးနေထိုင်ရာရွာ…။ သို့ကလို ရွာရဲ့အစဉ်အလာကို သည်လို လျှို့ဝှက်အဖွဲ့ဆိုတာကြီးနဲ့ ထိမ်းချုပ်တာတော့ လုပ်ကို မလုပ်သင့်သည့်ကိစ္စဆိုတာ လူဟောင်းတစ်ယောက်က သိဖို့ကောင်းသည်။

သည်လိုဆိုတော့ ဆွမ်းဆန်ထဲက ကြွက်ချေးတွေကို ဘယ့်နှယ့်လုပ်မလဲ ဆိုကြဦးမည်။ ဟုတ်ကဲ့ .. ရေရှည်မှာ ငရုတ်ကောင်းစေ့နဲ့ သင်္ဘောစေ့ ကွာပါတယ်ခင်ဗျာ …။ ကိုယ့်ကိုယ်တိုင်သာ ကြွက်ချေး မဖြစ်စေဖို့လိုတာပါ…။

မြန်မာပြည် ဒီမိုကရေစီ မရခင်ကတည်းက ဒီမိုရွာအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တဲ့ရွာကလေး ၊ အခုမှတော့ လွတ်လပ်ရေးကို ပြန်တိုက်မယူပရစေနဲ့တော့ ..

နောက်ဆုံးပိတ်ပြောပါရစေ … ဤ ဟာ ဤ ၊ ကျွဲ ဟာ ကျွဲ ၊ ခေတ်နောက်ပြန်တော့ မဆွဲပါနဲ့တော့ ခင်ဗျာ…..။

15 comments

  • မှော်ဆရာ

    June 28, 2014 at 8:54 am

    မှော်ဆရာကိုလဲ အကောင့်ပုန်းလို့ ထင်မနေနဲ့ဦးနော်… မူလလက်ဟောင်း မှော်ဆရာ စစ်စစ်ဗျ…။ ဘယ်အချိန် ပြည်တော်ဝင်ပြီး ပါတီထောင်ရမလဲ စဉ်းစားနေတာ …။ ခညားတို့အာဏာသိမ်းလိုက်တာနဲ့တော့ အခန့်သင့်ပဲ …

  • surmi

    June 28, 2014 at 9:08 am

    အိုးးး ကမှော်
    စောစောစီးစီးပို့စ်တင်ထားပါလား
    မတွေ့တာတောင်ကြာပါ့ဗျာ
    မကြာမကြာလည်း လာပါဦးဗျို့
    မအားတာတော့ မအားတာပေါ့နော
    ဟို အဖွဲ့က ဘယ်သူမှန်းမသိတော့ ငြင်းစရာရှိရင် အားမနာရတော့ဘူးပေါ့ဗျာ ဟဲဟဲ
    ဆွဲ ဆရာရေ ဆွဲသာဆွဲ :mrgreen:

  • ဇီဇီ

    June 28, 2014 at 9:12 am

    အင်းးး
    ကမှော် ပြန်လာကို သူတို့ကိုကျေးဇူးတင်ရမယ်

    :mrgreen:

  • အော် က မှော်

    အခု မှ ရောက်လာ တော့ တယ် နော်

    ရွာကို ပစ် ထာ း တာ ကြာ ပေါ့

    အာ ဏာ သိမ်း တဲ့ လူ တွေ က ဒီပြင်ရွာက လူေ တွ မဟုတ် ဘို့ တော့ လို မယ်

    ကျနော် အမြင် ပြောရ ရင် ဒီရွာက လွတ် လပ် တယ်

    စည်းကမ်း မတင်းကျပ် ဘူး

    ဒါပေမယ့် စည်းမဲ့ကမ်းမဲ့တော့ မဖြစ်သင့်

    ရွာအ ကြောင်း သိ သူ ဆို တာ ရွာ ကို နေ့ စဉ် မပြတ် ဝင် ကြည့် နေသူမှ သိ မယ် ထင် ပါ တယ်

    ကဲ ကျုပ် လဲ ဝင် ကြည့် လိုက်အုံးမယ် လူပြော များ ေ န တဲ့ တွေ့ မရှောင် ဘာ တွေ ရေး ထား တယ ်ဆို တာ

  • alinsett (gazette)

    June 28, 2014 at 9:42 am

    မှော်ဆရာရေ
    ပိုစ့်တစ်ပုဒ်နဲ့အတူ ပြန်တွေ ့ရတာ ဝမ်းသာပါတယ်။
    ကမှော်ပြောသွားတဲ့ အဲဒီကိစ္စနဲ့ ပတ်သက်တဲ့ အယူအဆမှာ
    ကမှော်နဲ့ ကျနော် သဘောထားပုံ တူသလိုလိုရှိပါတယ်။

    တူသလိုလို လို့ မတင်မကျ ပြောခဲ့ပါတယ်။

    သူတို့ အဖွဲ ့က ရွာ့ ကောင်းကျိုးအတွက် လုပ်မယ် ဆိုပါတော့
    ရည်ရွယ်ချက်ကို ကြိုက်ပါတယ်။
    အားမနာတမ်း ပြောလို့ရအောင် ကလောင်ပုန်း ဖွဲ ့ထားတယ်ပေါ့။
    ဒါလည်း မဆိုးပါဘူး။
    တစ်ယောက်တစ်ပေါက်နဲ့ စည်းလွတ်ဝါးလွတ် ထင်ရာစိုင်း ပတ်ရမ်းအဖွဲ ့ ဖြစ်မသွားရင် ပြီးတာပါပဲ။

    နောက်ဆုံးမှာ သူတို့ ရည်ရွယ်ချက် လုပ်ရပ်ထက် ပိုအရေးကြီးတဲ့
    သူတို့လုပ်ရပ်ရဲ့ သက်ရောက်မှု / ရလဒ်ကို ပို အသိအမှတ်ပြုရမှာပါ ။ ရည်ရွယ်ချက်ကောင်းမွန်မှုကို ဘယ်လောက် ကောင်းကောင်းဖော်ပြနိုင်မလဲပေါ့။
    လုပ်ရပ်ဟာ စေတနာရဲ့ အငွေ ့အသက် ပါရဲ့လားပေါ့။
    ရလဒ်က အရေးကြီးပါတယ်။

    ကဲ . . .
    အဲဒီ အဖွဲ ့ရဲ့ လုပ်ရပ်တွေကနေ ဖြစ်ဖြစ်လာမယ့် ရလဒ် ဟာ ဘယ်လိုလဲ

    ကောင်းကျိုး ရလဒ် ထွက်နေရင် လှိုက်လှိုက်လှဲလှဲ ဝမ်းသာ ဂုဏ်ယူရမှာဗျ

  • naywoon ni

    June 28, 2014 at 9:52 am

    ရွာထဲမှာ အာနာသိမ်​းတာ ​မှော်​ဆြာ ​ပေသီးလုံး​ပေါ ​ပေါ်လာတယ်​နဲ့ တူရဲ့ ဒါမှ မှုတ်​ တစ်​​နေရာရာက ​ချောင်​းများကျိ​နေ​ရော့လားမတိ

  • Ma Ma

    June 28, 2014 at 10:15 am

    ကွန်မကောင်းလို့ ရွာနဲ့နည်းနည်းအဆက်ပြတ်သွားလို့
    အာဏာသိမ်းသလိုလို…..
    သူပုန်ဝင်သလိုလို အသံတော့ ကြားမိသား။

    အခုမှပိုစ့်တွေ လိုက်ဖတ်ကြည့်ရတယ်။
    အသစ်ဝင်ထွက်ပြေး အဲ- မိတ်ဆက်နှုတ်ထွက်တာရော၊
    တပတ်ပြန်လည်လာပြီး အပုတ်ချ… အဲ- ဝေဖန်တာရော၊
    အဟောင်းတွေဖွဲ့ပြီး ဗိုလ်လုပ်အုပ်ချုပ် အဲ- ကောင်းဖို့ ကြိုးစားတာရော စုံလို့ စုံလို့ပါပဲလား။

    ဆိုရေးရှိက ဆိုအပ်လှ၏ တဲ့။
    အရေးကြီးတော့ သွေးစည်းကြ၏ တဲ့။
    လိုအပ်ချိန်မှာ ပေါ်လာပြီး လိုအပ်ချက်ကို ပြောပေးလို့ ဘရာဗိုပါ ကမှော်ရေ။ 🙂

  • ခင် ခ

    June 28, 2014 at 10:26 am

    ဘာလို့ အာဏာသိမ်းချင်ရတာလဲ?
    ဘယ်လိုလူတွေမို့ အာဏာသိမ်းချင်တာလဲ?
    အာဏာသိမ်းဖို့ လိုကောလိုလို့လား?
    သူတို့က ရွာကောင်းကျိုးလုပ်မှာမို့ ကြိုဆိုကမ်းလင့်သူတွေကိုလည်း မေးချင်တယ် ကိုယ်ကိုတိုင်က ရွာကောင်းကျိူးမလုပ်ဘဲနဲ့ ရွာပျက်စီးရာ ပျက်စီးကြောင်း လုပ်နေလို့ ကြိုကြတာလား မဟုတ်သေးဘူးနော်။
    ကျုပ်ကြုံဘူးတဲ့ အာဏာသိမ်းမှုတွေမှာ ခေါင်းကတော့ ဗိုလ်ချုပ်ကြီး ဘယ်သူဆိုပြီး ပေါ်ပေါ် ထင်ထင် ကြေငြာက သိမ်းကြတာကြည်ဘဲ အခုလို လူမသိသူမသိသိမ်းတာမျိုးက သူပုန်အဖွဲ့ တောပုန်းအဖွဲ့တွေရဲ့လုပ်ရပ်မျိုးဆိုတော့ ကျုပ်ကတော့ ရွာထဲသူပုန်တွေ ဝင်လာပြီဘဲ မှတ်တယ်ဗျ။
    အဲ ရွာထဲသူပုန်တွေဝင်လာပြီဆိုတော့ ပြေးမှာနော့။

  • panpan

    June 28, 2014 at 10:36 am

    မျက်စိတွေကို လည်ရောာာာာ
    🙁
    ဘာမှမသိ :'(

  • မှော်ဆရာ

    June 28, 2014 at 11:12 am

    ကျွန်တော် ရွာနဲ့ အဆက်ပြတ်နေပါတယ်… လူကောင်းတွေ အများကြီး ကျန်သလို လူဆိုးတွေလဲ ရွာသူား ထဲမှာ ရောနှောပါဝင်နေမယ်ဆိုတာလဲ ယုံကြည်ပါတယ်..လွတ်လပ်ခွင့်ကို အသုံးချပြီး ရမ်းကားတာ ၊ တိုက်ခိုက်တာ ၊ ထင်ရာစိုင်းတာတွေလဲ ရှိကြမှာပါပဲ။
    ဒါတွေ လုပ်ချင်သလို လုပ်ပလေ့စေ လို့ မြှောက်ပေးတာတော့ မဟုတ်ရပါဘူးဗျာ … .ဒါဟာ စနစ်တခု အကူးအပြောင်းမှာ ကြုံရစမြဲပါ..။ကိုယ့်လမ်းအတိုင်း ဆက်သွားမယ်ဆိုရင် ဒါတွေဟာ အဝေးတနေရာမှာ ကျန်ခဲ့မှာပါ…။ ရိုင်းစိုင်းတဲ့ သူတွေအတွက် ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းမှာ နေရာမရှိပါဘူး…။
    ကုန်ကုန်ပြောရရင် အခု စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ ဆိုတာတောင် မကြိုက်ဘူးဗျ …။လူတိုင်း ကိုယ့်တာဝန် ကိုယ်ယူပြီး ကိုယ့်လမ်းကိုယ်သွားတဲ့စနစ်ပဲ လိုချင်တယ်…။
    လူဆိုတာ အမြဲတမ်း မမှန်နိုင်ဘူး …။ အခုပေါ်တဲ့အဖွဲ့ကလဲ အခုအချိန်မှာ လိုကောင်း (လိုကောင်း)လိုပါလိမ့်မယ်..။ဒါပေမယ့် အာဏာရှင်စနစ်ဆိုတာ အဲဒီက စတာပါဗျ….။
    လမ်းမလျှောက်တတ်သေးဘူးဆိုပြီးတော့ တသက်လုံး ချိုင်းထောက်နဲ့တော့ မသွားချင်ဘူးဗျာ…။

  • Mလုလင်

    June 29, 2014 at 9:55 am

    စနစ် ကြောင့် မဟုတ် ကိုမှော် ရေ . . . . . . . ရပ်ကွက် ထဲ မှာ ဝီစီ တစ်လက် ရထားတဲ့ အရန် မီးသတ် လုပ်ရပ် တွေပါ။

  • ဟို ဒင်း

    June 29, 2014 at 12:31 pm

    အရန်မီးသတ် တဲ့ လား – အကြမ်းဖက် အဖွဲ့တွေ မဟုတ်ဘူးလား –
    စွမ်းအားရှင်ရော မဖြစ်နိုင်ဘူး လား –

  • kyeemite

    June 30, 2014 at 12:40 pm

    ရွာထြဲပန်တွေ့ ရလို့ဝမ်းသာပါဂျောင်း ကိုမှော်ရေ…
    သေချာတာတော့ အာဏာသိမ်းအဖွဲ့ထဲ ကျုပ်မပါဘူးဗျ…
    အသက်ကြီးလို့ ချန်ခဲ့ပုံရတယ် 😀

Leave a Reply