ေမွာ္ဆရာJune 28, 20141min24915
အော် အိုင်တီခေတ်.. အိုင်တီခေတ် သတင်းများ တယ်မြန်ပါ့လား ….။ အရင်တုန်းကဆိုရင်တော့ အဖြူအမဲတီဗီလေးရှေ့ငုတ်တုတ်ထိုင် ၊ လေဒီအို လေးနားထောင်မှ အာဏာသိမ်းတဲ့သတင်းတွေ ဘာတွေ သိရသကိုး ..ခုများတော့ ချက်ချင်းဆိုသလို မာရှယ်လော ထုတ်လိုက်တာကို လေဒီအို မဖွင့်ပဲ သိရသကိုး …။ မှော်ဆရာ ရွာနဲ့ ဝေးနေတာ ကြာပါပြီ ..။ဒါပေသိ ကိုယ်ကျင်လယ်ခဲ့တဲ့ နေရာကိုတော့ သတိတရ အမြဲတမ်း သတိရနေလျှက်ပါ…။နိုင်ခြံကား ရောက်နေတဲ့ အဝေးရောက် အတိုက်အခံအင်အားစုတွေလိုပေါ့ဗျာ …။ ရွာမှာ အာဏာသိမ်း မာရှယ်လော ထုတ်လိုက်ပြီဆိုတော့ ဘာလဲဟဲ့ ၊ ညာလဲဟဲ့ဆိုပြီး လှမ်းမျှော်ကြည့်ရတော့တာပေါ့….။ ကြေငြာချက်ကြီးမှာက >>>> တစ်ဦးတစ်ယောက်တည်းမဟုတ်ပါ။ မန်ဘာဟောင်းများစွာ ပါဝင်နေပါသည် ။ <<<< ဆိုတော့ ရွာသားအဟောင်းကြီး ကမှော် တော်တော်ကို […]


ေမွာ္ဆရာJuly 26, 20135min31523
+++ = + + + + + + + + +x + + + + + + = + = + + ကွန်နက်ရှင် မကောင်းတဲ့ကြားထဲက အားတင်းတင်လိုက်ရတဲ့ မနေ့က ဓါတ်ပုံပိုစ့်မှာ မပြည့်မစုံ ဖြစ်ကျန်ခဲ့တာ အများကြီးပါ .. အဆိုးဆုံးက ဆုရတဲ့သူတွေ ဓါတ်ပုံတောင် တချို့ ကျန်နေခဲ့တာကိုပါပဲ .. အရမ်းအားနာပါတယ်ခင်ဗျာ … ။ဒီနေ့တော့ စိတ်ရှည်လက်ရှည်နဲ့ တင်လိုက်ပါတယ် .. ကျန်နေတဲ့သူတွေလဲ စိတ်ကျေနပ်ပါ ခင်ဗျာ .. ပုံတွေကျန်နေသေးရင်လဲ တောင်းပါခင်ဗျ .. ။ နောက်တစ်ခု ပုံထဲမပါစေချင်တဲ့သူများရှိရင်လဲ ခွင့်လွှတ်ပါ ..။ကျွန်တော်ဖျက်ပေးပါ့မယ် […]


ေမွာ္ဆရာJuly 24, 20132min35944
ရေအောက်က အင်တာနက်ကြိုးကြီး ပြတ်သွားတယ် ဆိုပါ့လား ..။MPT ကသူတွေ ဝါဝင် ဝါထွက်မှာ ရေငံပိုင် ဦးရှင်ကြီး မကိုးမိလို့ ဦးရှင်ကြီး ပါဝါပြပြီး ကိုင်လိုက်တာ ဖြစ်နှိုင်ပါတယ်..။ ကမှော်က မှတ်တမ်းတင် တာဝန်ယူထားပြီး ကိုယ်ဆုရတဲ့ ဓါတ်ပုံလေးမှ မမြင်ရတဲ့ အဖြစ်မျိုးတော့ မဖြစ်စေချင်ပါ..။လိုင်းက အဆင်မပြေပေမယ့် တတ်နှိုင်သမျှစုစည်းပြီး ဆုရပုံလေးတွေ တင်ပေးလိုက်ပါကြောင်း …။ \ + + + + + + + + + + + + + + + + + + + + ++ + + အဆင်ပြေရင်တော့ ပုံလေးတွေ ထပ်တင်ပေးပါဦးမယ် […]


ေမွာ္ဆရာAugust 30, 20121min36220
အကြော်ပန်းခြောက် ပေါက်ဈေး ဟာ လွန်ခဲ့တဲ့ ၄ လ လောက်က တပိဿာကို သုံးထောင်လောက်သာ ပေါက်ခဲ့ရာက တဖြည်းဖြည်း ဈေးနှုန်း မြင့်တက်လာပြိး .. ယခုအခါ တပိဿာကို ၁၈၀၀ဝ ဈေး အထိ ဈေးမြင့်လာနေပါတယ် ..။ အကြော်ပန်းခြောက် ကို ခရိုင်မြို့တွေမှာ ဒိုင်ကြီးတွေ ဖွင့် ပြီး အကြီးအကျယ် ဝယ်ယူနေပေမယ့် ဘယ်ကို ပို့နေတယ် ဆိုတာကတော့ သေချာ မသိရသေးပါဘူး ..။ အများစုကတော့ ဆေးဖော်စပ်ဖို့ တရုတ်နိုင်ငံကို ပို့တယ်လို့ ဆိုပါတယ် …။ အရင်တုန်းက ဆော့ကစားနေတဲ့ ကလေးငယ်တွေတောင်မှပဲ အခု မဆော့နှိုင်တော့ အကြော်ပန်းလိုက်ကောက် အခြောက်ခံ ရောင်းချပြီး တနေ့ လေးငါးရာမှ တစ်ထောင်အထိ မုန့်ဖိုးရရှိနေကြတာကို မြင်ရပါတယ် ..။ […]


ေမွာ္ဆရာAugust 29, 20121min53785
ကမှော်ငယ်ငယ်က အဖေ ဆုံးမခဲ့တဲ့ စကားပုံလေးတစ်ခုရှိတယ် … အမြင့်တက် အမှည့်ရနိုးနိုး မလုပ်နဲ့ တဲ့ …။ အရသာကောင်းတဲ့ အသီးမှည့်ရဖို့အတွက် အထက်အမြင့်ကို မမှီမကန်း စွတ်တက်ဖို့ မလိုပါဘူး ..။ တခါတလေ အပေါ်ကို မျှော်ကြည့်နေပေမယ့် ကို့ဘေးနားမှာ အသီးမှည့်တွေ ဝိုင်းနေတာကို မမြင်မိတာ ဖြစ်တတ်ကြတယ်လေ..။အောက်ခြေကို အရင်လေ့လာ ကြည့်ပါလား ..။ကိုယ့်လက်တကမ်းမှာတင် အသီးမှည့်တွေလေ ..။ ကျွန်တော် လွန်ခဲ့တဲ့ 10 နှစ်တုန်းက အလွန်ဆိုးဝါးတဲ့ ပြသနာတစ်ခုနဲ့ ကြုံတွေ့ခဲ့ဖူးတယ်။ဓါတ်ပုံသမားချင်းဆို ကိုယ်ချင်းစာနှိုင်မယ်ထင်တယ်.. ။ မင်္ဂလာဆောင်တစ်ခုကို ကျွန်တော် ရိုက်ပေးခဲ့တဲ့ ဓါတ်ပုံ တွေ မကူးရသေးခင် ကဒ်ထဲမှာတင် အစအန ရှာမရအောင် ပျက်သွားတာပါ..။ အဲဒီမင်္ဂလာဆောင်ကလဲ နာမည်ကြီးအသိုင်းအဝိုင်းက ၊ တခြားဓါတ်ပုံဆိုင်တွေက မေတ္တာနဲ့ အလကားရိုက်ပေးပါ့မယ် […]


ေမွာ္ဆရာJuly 19, 20121min317
ဓါတ်ပုံပြပွဲ က အခုမှ ပိတ်လို့ အခုမှ ခေါင်းစဉ် တင်ပေးရပါတယ် …။ ဇူလိုင်လအတွက် ခေါင်းစဉ်ကို ကျွန်တော် အားမာန်လို့ ပေးထားပါတယ် .. ဓါတ်ပုံဝါသနာရှင်များ နဲနဲကြိုးစားကြည့်ဖို့ပါ .။ အားမာန်ဆိုတဲ့ခေါင်းစဉ်က နဲနဲ ကျယ်ပြန့်လောက်ပါတယ် …။ လသားကလေးလေး လမ်းလျှောက်ကျင့်နေတာလဲ အားမာန်ပါပဲ ..။ ကျောင်းသားတစ်ယောက် စာကို စိတ်ပါလက်ပါကျက်နေတာလဲ အားမာန်ပါပဲ..။ ဆိုက်ကားသမား ဝန်အများကြီးနဲ့ ဆိုက်ကားကို နင်းသွားတာလဲ အားမာန်ပါပဲ..။ ပင်စင်စားအဖိုးကြီး တုတ်ကောက်နဲ့ လမ်းလျှောက်နေတာကလဲ အားမာန်ပါပဲ …။ခေါင်းရွက်ဗျက်ထိုးဈေးသည်တစ်ယောက် လမ်းပေါ်ကနေ ပဲပြုတ်လို့အော်သွားရင်လဲ အားမာန်ပါပဲ ..။ အားမာန်တွေ အများကြီးရှိ နှိုင်ပါတယ်…။ ဘဝအတွက် အားမာန် ၊ အသက်ရှင်နေထိုင်မှုအတွက် အားမာန် ၊ မိသားစုအတွက် အားမာန် ၊ […]


ေမွာ္ဆရာJuly 6, 20121min30531
မှော်ဆရာ့ကိုက ရှည်တာပါ… (မှတ်ချက် — တလွဲ မတွေးရ ..။) မိရိုးဖလာ ဓါတ်ပုံလေး ရိုက်စားရင် ဖြောင်း.. ခွမ်း .. ရော့ ဓါတ်ပုံ . ပေး တစ်ထောင် ဆို အေးအေးလေး နေလို့ရနှိုင်သည်..။သို့သော် . သို့သော် .. အကုသိုလ် ဖိစီးချိန် ကြုံလာတော့လဲ မုဆိုးမကိုမှ နတ်သမီး ထင်မိသည့်သူလို … အင်တာနက်ဆိုင်လေးကို စထောင်မိသည့် အချိန်မှစတင်၍ အကုသိုလ် အထုတ်အထည်လိုက် ခေါင်းပေါ် ရောက်လာခဲ့ပေပြီ..။ အခုအချိန်မှာ ဘာကို သွားသတိရသလဲဆိုတော့ ကလေးတွေကို မုန့်ကြွေးတဲ့အခါ ဒီမုန့်မလိုချင်ဘူး .. ဟိုမုန့်မှ ဆိုတဲ့ ကလေးမျိုးကို ပြောတဲ့စကား.။ မုန့်ယူမလား တုတ်ယူမလား တဲ့ ။ ဆိုလိုတာက ရတာလေးကို […]


ေမွာ္ဆရာJune 26, 20121min40551
အော် … တဏှာ တဏှာ … တစ်လောကလုံးကို ဒုက္ခပေးနေတာ ဒီ တဏှာပါ့လား … မှော်ဆရာ တရားသဘောကို ဆင်ခြင်တွေးတောမိသည် …။ တဏှာစေရာ မနေသာ ဖွေရှာ ဆက်ရသည် ..။ ပယ်သတ်ရမှာ ဒီ တဏှာ ၊ လုံးဝမရှိသင့်တာ ဒီတဏှာ … အကုသိုလ် အရင်းအမြစ်တို့ရဲ့ မွေးဖွားရာ ဒီတဏှာ ..။နည်းနှိုင်သမျှ နည်းအောင် ကျင့်ကျံရမှာ ဒီတဏှာ ပါကလား …။ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် ဖြစ်မည် ..။ သို့သော် ပြောစရာ ရှိတာတော့ ပြောရမည်ပေါ့ ..။ မှော်ဆရာ သူတော်ကောင်း ဖြစ်ခဲ့သည်မှာ ကြာခဲ့လေပြီ ..။ တဏှာတွေ တင်းကြမ်းပြည့်နေတဲ့ သူတွေကြားထဲမှာ မှော်ဆရာ တတ်နှိုင်သမျှ […]


ေမွာ္ဆရာJune 6, 20123min36958
မန်းဂေဇက် ဓါတ်ပုံပြပွဲကို စတင်တော့မယ်ဆိုထဲက ကျွန်တော် တော်တော် စဉ်းစားရပါတယ် ..။ဒီလို ပြပွဲမျိုးဆိုတာ ပရိုတွေအတွက် အခက်အခဲ ရှိတဲ့ ပြပွဲမျိုးပါ ..။ မှန်တဲ့စကားဆိုရရင် ပရိုသမားတွေအတွက် ဒီပြပွဲမျိုးဆိုတာ တန်းဆင်းပြီးကန်ရတဲ့ ဘောလုံးအသင်းလိုပါပဲ ….။နောက် ဝိုင်းအကဲဖြတ်ပေးမယ့် ပရိတ်သတ်ဆိုတာ ဓါတ်ပုံပညာနဲ့ အကျွမ်းတဝင်မရှိတဲ့ ပရိတ်သတ်ဆိုတော့ ဘောလုံးစကားနဲ့ပြောရရင် အိမ်ကွင်းမဟုတ်ဘူးလို့လဲ ဆိုလို့ရပါတယ်..။ ဆုဆိုတာကို မရည်မှန်းခဲ့ကြပဲနဲ့ ဂေဇက်ရွာသူ ရွာသားတွေကို ဓါတ်ပုံပညာနဲ့ အကျွမ်းတဝင် ရှိစေချင်တဲ့ စိတ်စေတနာနဲ့ ရွာသူရွာသားထဲက ပရိုသမား အားလုံး ပြပွဲကို ဝင်ရောက်ပြသခဲ့ပါတယ်..။ ကျွန်တော့်အတွက်လဲ ဒီလို ဝင်မယ်လို့ ဆုံးဖြတ်လိုက်ကတဲက အားလုံးအတွက် တစ်ခုခု ကျန်ခဲ့နှိုင်တဲ့ ပုံမျိုးကို ပြသနှိုင်ဖို့ စဉ်းစားရပါပြီ..။ပညာကို အထူကြီး ပြလို့ မရသလို ပေါ့တန်တန် လုပ်လို့လဲ […]


ေမွာ္ဆရာMay 23, 20121min44871
[polldaddy poll=6252839] အင်တာနက်ခေတ်ကြီးထဲမှာ မီဒီယာတွေတွင်ကျယ်လာတာတော့ အားလုံးအသိပါ … ။ ပုံနှိပ်ထုတ်ဝေဖို့ ဖြန်ချီဖို့ မလွယ်ပေမယ့် အင်တာနက်မှာ တက်ရောက်ရေးသား ဖြန်ချီဖို့က လွယ်ကူမြန်ဆန်နေတယ်..။အင်တာနက် သုံးတဲ့သူတွေကို နှစ်မျိုးနှစ်စားခွဲလို့ရပါတယ်..။ ပထမတစ်ခုက ရေးသားသူ ၊ နောက်တစ်ခုက ဖတ်ရှုသူ..(ချက်တင်ကြီးပဲ ထိုင်ချက်နေသူတွေတော့ သီးခြားထားပေါ့နော…)။ ပြေလည်နေရင်တော့ ဘာမှ ကိစ္စမရှိပါဘူး..။ ကျွန်တော်က အင်တာနက်ဆိုင်လေး ဖွင့်ထားတော့ အင်တာနက်သုံးစွဲသူ အများစုနဲ့ ထိတွေ့ဆက်ဆံနေရပါတယ်…။အဲဒီမှာ တစ်ခုတွေ့နေရတာက အင်တာနက်မှာ ရေးထားတယ်ဆိုလို့ရှိရင် မျက်စိမှိတ်ယုံတတ်သူ များပြားနေတယ်ဆိုတဲ့ အချက်ပါပဲ …။အပြင်လောက ထိတွေ့ဆက်ဆံရာမှာတောင် သူတစ်ပါးပြောတာကို ချင့်ချိန်ယုံရပါတယ်…။ဘယ်သူမှန်း ဘယ်ဝါမှန်း မသိတဲ့သူတစ်ယောက် အင်တာနက်ပေါ်မှာ ကိုယ်လိုရာဆွဲပြီးရေးသားထားတဲ့ အပြုအမူမျိုးကိုတော့ ရေးတိုင်းယုံသင့်မယုံသင့် စဉ်းစားစေချင်တယ် …။ ဒီတော့ ဒီဂေဇက်ဝက်ဆိုက်ကြီးကို လွှတ်တော် အစည်းအဝေးခန်းမကြီးလို့ သဘောထားလိုက်ပါ…။ဂေဇက်မန်ဘာများအနေဖြင့်လဲ […]


ေမွာ္ဆရာMay 11, 20121min66131
မမက ကန်ဆယ်ပွဲ ပိုစ့်မှာ မှော်ဆရာ တံမြက်စည်းပျံ စီးတာ မြင်ယောင်ပါသတဲ့ …။ အန်တီမမရဲ့ စိတ်ကူးနဲ့တော့ လွဲပါလိမ့်မယ်ဗျာ….။ မှော်မှော် မိုးပေါ်တက်တုန်းက ပုံတွေ တင်ပေးလိုက်ပါတယ်…။ ရွာထဲက ဓါတ်ပုံဆရာတွေ ကိုယ်ချင်းစာပါလိမ့်မယ်…။ ဓါတ်ပုံဆရာဆိုတာ ပုံကောင်းရဖို့ဆို သေသေကြေကြေ လုပ်တတ်တဲ့သူကိုးဗျ ..။ ကျွန်တော် မိုးပေါ်တက်ခဲ့တာလဲ လှေခါးထစ်ပေါင်း ၁၄ဝ ၊ အမြင့်ပေကလဲ ၁၄ဝ တိတိ၊ဇောနဲ့ လှိမ့်ရိုက်နေတုန်းတော့ ဘာမှ မသိ…။ပြန်ဆင်းတော့မှ အောင်မ…ငီး …ဘရား ဘရား…။အောက်ကို မကြည့်ရဲဘူး…။အပေါ်ကိုပဲ မော့ကြည့်ပြီးတော့ တစ်နှစ် သုံးလေး မှတ်ပြီးတော့ ပြန်ဆင်းလာရတယ်…။ခိုင်ပါတယ် ဆိုပေမယ့် ကြောက်တာကတော့ ကြောက်တာပါပဲ …။ ဘာပဲပြောပြော မောရကျိုးတော့ နပ်ပါတယ်…။ ကမှော့် ဒိုင်ယာရီပဲပေါ့နော်…. တစ်ဆင့်တက်ပြီးတိုင်း နားစရာလေးတွေရှိပါတယ်…၊တစ်ဆင့်ရောက်လိုက် နားလိုက် […]


ေမွာ္ဆရာMay 9, 20121min23428
ပြီးခဲ့တဲ့ ကဆုန်လပြည့်နေ့က ကျွန်တော်တို့မြို့က သမိုင်းဝင်ကန်ကြီးကို မြို့လူထု လုပ်အားနဲ့ ပြန်လည် ဆယ်တင်ကြပါတယ်..။ ရေရှားလို့ရယ်တော့ မဟုတ်ပါဘူး ..။ရှေးဟောင်း သမိုင်းဝင်ကန်အနေနဲ့ ပြန်လည် ထိမ်းသိမ်းတဲ့ သဘောပါ.။ လူကြီး လူငယ် ကျားမ မဟူ ကန်ဆယ်ပွဲမှာ လုပ်အားပေးတာ မြင်ရတာ အားရှိဖို့ကောင်းပါတယ်..။ ဒါကြောင့် မှတ်တမ်းတစ်ခုအနေနဲ့ ပြန်လည်မျှပေပေးလိုက်ပါတယ်..။ သမိုင်းဝင် ကန်တော်ကြီးရဲ့ နာမည်က မင်းကံကြီး ကန်ပါတဲ့..။ ဂမ္ဘီရဆန်တဲ့ အဆက်အနွယ်တွေ ရှိတယ်လို့ ကျော်ကြားတဲ့ ကန်ကြီးပါ…။


ေမွာ္ဆရာMay 7, 20121min28422
မှော်ဆရာ ရွာထဲမှာ မှတ်တမ်းမတင်ဖြစ်တာ ကြာလေပြီ။သမုဒ္ဒယာ ဝမ်းတစ်ထွာဆိုသလို ပါးစပ်သုံးပေါက် ၊(သို့) သမုဒ္ဒယာ သုံးစင်းအတွက် ရှာရဖွေရသဖြင့် မှော်တောင်ဝှေးပင် ဘယ်ချောင်ရောက်နေသည်မသိ..။ဝမ်းတစ်ထွာပေမို့လို့ ခံသာသည်.တစ်ထောင်လောက်သာဆိုလျှင် မှော်ဆရာ အပ်ခြည်ကြိုးကို ခါးထောင်းကြိုက်ထားရမည့်ကိန်းပင်..။ မှော်ဆရာ ပါးစပ်သုံးပေါက် လုံလောက်အောင် ဘာတွေလုပ်နေရသနည်း။ဘယ်လိုတွေများ ကြိုးစားပမ်းစား ရှာဖွေနေရလို့ ရွာထဲတောင် မရောက်ဖြစ်သနည်း။ ဟုတ်ကဲ့ မှော်ဆရာ ရိုက်စား ၊ ထိုင်စား လုပ်နေပါတယ် ..။ ရိုက်စားဆိုလို့ မှော်ဆရာ မဟုတ်တရုတ် နည်းလမ်းနဲ့ စီးပွားရှာနေပြီဆိုပြီးတော့ ရွာသူရွာသားများ နှာခေါင်းမရှုံ့ကြပါနဲ့ဦး ..။သိတော်မူကြသည့်အတိုင်း မသိနားမလည်သူများအား မိမိကျွမ်းကျင်ရာခွင်အတွင်း မဝင်ဝင်အောင် ဆွဲသွင်းပြီးတော့ အရင်းနည်းနည်းဖြင့် အမြတ်များများရအောင်ကြံဆောင်သော လုပ်ငန်းများအား ရိုက်စားခွင် ဟု ဆိုကြသည်။ ရိုက်စားဆိုသည်မှာ နာမည်သာဆိုးတာ စားရသိပ်ချောင်တယ်လို့လဲ ဆိုသမှတ်ပြုကြသေးသည်။ဟုတ်ကဲ့ မှော်ဆရာလဲ ရိုက်စားပါပဲ..။ဓါတ်ပုံရိုက်ပြီးမှ […]