Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

PR is coming.

၂၀၁၅ အတွက်pr ကြီးလာပါတော့မည်။

ဘာတွေဆက်လုပ်ကြမလဲ။

?
?
?
?
စိတ်မကောင်းလွန်းလို့ ဒီလောက်ပါပဲဗျာ။

25 comments

  • မင်း ခန့် ကျော်

    July 25, 2014 at 4:05 pm

    “ပီအာ” ဆိုသည်မှာ Proportional Representation ဆိုသည်ကိုအတိုကောက်ယူထားခြင်းဖြစ်သည်။ အနီစပ်ဆုံးမြန်မာမှုပြုရလျှင်၊ “အချိုးကျကိုယ်စားပြုစနစ်”ဟုဆိုနိုင်ပါလိမ့်မည်။ နိုင်ငံရေးပါတီများ၊ ရွေးကော်ပွဲတွင် ရရှိသည့် မဲအရေအတွက်အရ၊ ဥပဒေပြုလွှတ်တော်တွင် အချိုးကျခွဲဝေယူရမည့်စစ်ဟု နားလည်ရပါသည်။ အဘိဓာန်ဖော်ပြချက်အတိုင်း အတိအကျဖော်ပြရပါလျှင် ၊ ယခုလို…..။”electoral system designed to produce legistative bodies in which the number of seats held by each group or party is proportional to the number of votes cast for…..”

    လက်လှမ်းမှီသမျှသမိုင်းကြောင်းအရဆိုရလျှင်၊ ပြင်သစ်တော်လှန်ရေးကာလလောက်ကပင် ပီအာစနစ်အကြောင်းစတင်စဉ်းစားခဲ့ကြသည်ဟု သိရပါသည်။ဗြိတိသျှနိုင်ငံရေးဘောဂဗေဒပညာရှင်ဂျွန်စတုရပ် မီး(လ)က၊ စတင်ဖော်ထုတ်ခဲ့သည်ဟုလည်း အမှတ်အသားရှိသည်။ စံတော်ဝင်ရွေးကောက်ပွဲစနစ်ဟုဆိုနိုင်သော၊ “မဲအများဆုံးရသူက အနိုင်ရသည့်စနစ်” (First Past The Post ) ၊အတိုကောက်FPTP စနစ်မှာ၊ “ပေါက်သူအကုန်ယူ” (winner takes all) သဘောဖြစ်ရာ “အများစုနှင့်ဗိုလ်ကျသည်မျိုး” (tyranny of majority) ဖြစ်နိုင်၍၊ ပါတီငယ်များ အထူးသဖြင့် လူမျိုးစုပါတီများ၊” ဘေးရောက်သွားနိုင်” (marginalized)သောကြောင့်၊ ပီအာစနစ်ကိုအဆိုပြုလာသည်ဟုဆိုပါသည်။

    ပီအာစနစ်ကို ပထမဆုံး အကောင်အထည်ဖော် ကျင့်သုံးခဲ့သည်မှာ ဒိန်းမတ်နိုင်ငံဖြစ်သည်(၁၈၅၅)။ ထိုသည်၏နောက်တွင်မူလူမျိုးများစွာဖြင့် ပြည်ထောင်စုပုံသဏ္ဍာန် စုစည်းကြသော နိုင်ငံတော်တော်များများလိုက်ပါကျင့်သုံးလာကြသည်။ ဆွတ်ဇာလန်(၁၈၉၁) ၊ဘယ်(လ)ဂျီယံ(၁၈၉၉)၊ ဖင်လန်(၁၉၀၆)၊ စသည်တိုု့ဖြစ်ပါသည်။ လူမျိုးစုလူနည်းစုများရှိသော၊ ပါတီတွေအများကြီးရှိနေသောနိုင်ငံများအတွက် ပိုမိုဒီမိုကရေစီနည်းကျသည့် ရွေးကောက်ပွဲစနစ်ဟု၊ ပညာရှင်များကအမှတ်ပေးကြပါသည်။ သို့နှင့်တိုင် ၁၉၂ဝ ပြည့်လွန်နှစ်များကပေါ်ထွက်လာခဲ့သော ဂျာမန်ဝိုင်မာသမ္မတနိုင်ငံတွင်ပီအာစနစ်ကိုကျင့်သုံးခဲ့ရာမှ
    ဟစ်တလာ၏နာဇီပါတီအာဏာရလာသောသမိုင်းကလည်းရှိနေပြန်သည်။ ဤအချက်ကိုအကြောင်းခံ၍ “ပီအာစနစ်၏အားနည်းချက်မှာ၊ အစွန်းရောက်ပါတီများအာဏာရလာနိုင်သည့်အလားအလာရှိသည်” ဆိုသောဝေဖန်ထောက်ပြချက်များလည်းရှိပါသည်။ သို့နှင့်အမျှနောက်ပိုင်းတွင် ၊ FPTP နှင့် PR ကိုပေါင်းစပ်ကျင့်သုံးသည့်စနစ်လည်း ပေါ်လာသည်။ “တစ်စိတ်တစ်ပိုင်းအချိုးကျစနစ်” (Semi-Proportional System) ဟုခေါ်ပါသည်။
    ဘာ့ကြောင့် ” ပီအာ”
    (သတင်းအဆက်အစပ်)
    မြန်မာ့နိုင်ငံရေးတွင် ၊ဘာ့ကြောင့် “ပီအာ” အကြောင်းပြောလာကြပါသနည်း”……။ဤမေးခွန်းကိုဖြေဖို့ စာရေးသူကသတင်းတွေကိုစဉ်ကြည့်သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲအပြီးသုံးသပ်ချက်များ၊ ထို့နောက် ဒီမိုကရေစီမတ်ဆွေပါတီများ၏ဩစတေးလျခရီးစဉ်…၊ နောက် အဆိုပါ ပါတီများနှင့် သမ္မတကြီး၏နေပြည်တော်လယ်တောတွေ့ဆုံပွဲ….၊ယခုနောက်ဆုံးပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့တွေ့…။ ဇာတ်၏အစမှာ ကြားဖြတ်ရွေးကောက်ပွဲဟုထင်သည်။
    အားလုံးသိကြသည့်အတိုင်း၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က၊ နေရာအားလုံးလောက်ဝင်ပြိုင်သည်။ပြောရလျှင်လူမျိုးစုပါတီများရှိရာမဲဆန္ဒနယ်များကိုပင်မရှောင်။ ပြိုင်သလောက်လည်းနိုင်သည်။(ကျားဖြူပါတီတစ်နေရာမှလွဲ၍) NLD အတွက်တော့အောင်ပွဲပင်။ဒီမိုကရက်တစ်အင်အားစုများညီညွတ်ရေးအတွက်တော့မကောင်း။အထူးသဖြင့်လူမျိုးစုပါတီများ။(ဤအလားအလာကိုတွက်ဆမိ၍၊ ရွေးကောက်ပွဲအကြိုကာလကပင်၊ စာရေးသူသတိပေးရေးသားဖူးပါသည်။ ၂၀၁၁ ဒီဇင်ဘာ ၁၁ ထုတ် The Voice ဂျာနယ်ပါ၊ “လမ်းစပေါ်ပြီ၊ မြူတွေဆိုင်းဆဲ” ဆောင်းပါး။ ရှိစေတော့။
    ချုပ်လိုက်လျှင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအဖြေမှာ၊ လူမျိုးစုပါတီများအပါအဝင် ၂၀၁ဝ ရွေးကောက်ပွဲဝင်ပါတီများ(တစ်နည်းဒီမိုကရက်တစ်အင်အားစုများ)အတွက်ဘေးဖယ်ခံရမည့်အန္တရာယ်ကြီးဖြစ်လာရတော့သည်။ ဤတွင် သူတို့အနေနှင့် ပီအာ ကိုစဉ်းစားလာကြသည်မှာသဘာဝကျသည်ဟုထင်သည်။ မိမိကိုယ်တိုင်ဆိုလျှင်လည်းဤအတိုင်းပင်စဉ်းစားမိပါလိမ့်မည်။ သို့သော် မိမိမှာ နိုင်ငံရေးသမားမဟုတ်၊မည်သည့်ပါတီဝင်မှလည်းမဟုတ်။ စာရေးသူ(တစ်နည်း မီဒီယာသမား)ပင်ဖြစ်ရာ အချစ်အမုန်းများဖြင့်ပြဿနာကိုချဉ်းကပ်ဖို့မသင့်။ မိမိထင်မြင်ချက်ကိုအရင်းအတိုင်းပြောဖို့တာဝင်ရှိသည်ဟုယူဆသည်။ ခံယူသည်။
    ထင်မြင်ချက်(၁)
    (သုံးချက်)
    အားလုံးသိကြသည့်အတိုင်းမြန်မာနိုင်ငံမှာ၊ လူမျိုးစုများးစွာမှီတင်းနေထိုင်ကြသောပြည်ထောင်စုကြီးဖြစ်သည်။ လူမျိုးစုနိုင်ငံရေးပါတီများလည်းမနည်းမနောရှိသည်။ တိုင်းရင်းသားလူမျိုးများ၏အရေးမှာ မြန်မာ့နိုင်ငံရေး(တနည်းမြန်မာ့ဒီမိုကရေစီရေး)၏ အသည်းနှလုံးနေရာတွင်ရှိသည်ဟုလည်းစာရေးသူနားလည်ထားသည်။ ထို့ထက် မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီတွေအတော်များသည်။ ဒါကလည်းသဘာဝကျသည်။ ကာလတာရှည်ဒီမိုကရေစီနဲ့ဝေးနေသောလူ့အဖွဲ့အစည်းတစ်ရပ်အနေနှင့် ဒီမိုကရေစီတာထွက်တွင်ပါတီတွေများတတ်သည်မှာသဘာဝဖြစ်သည်။ ပိုအရေးကြီးသည်မှာ အဆိုပါပါတီအားလုံးလောက်မှာလည်းဒီမိုကရေစီအင်အားစုများဖြစ်နေခြင်းပင်။
    သို့အတွက် ပါတီငယ်လေးများ၏ပြောရေးဆိုခွင့်ကို ပိုမိုအာမခံချက်ပေးနိုင်လိမ့်မည်ဟု ယူဆရသောပီအာ စနစ်မှာ ရေရှည်တွင် မြန်မာ့လူ့အဖွဲ့အစည်းအတွက် ပို၍ စရွေးကိုက်လိမ့်မည်ဟုသဘောရပါသည်။ သို့နှင့်တိုင်ယခုလောလောဆယ်တွင်မူ ထည့်သွင်းစဉ်းစားစရာများရှိသလောက်ရှိမည်ထင်သည်။ စာရေးသူစဉ်းစားမိသလောက်အနည်းဆုံး “သုံးချက်” ကိုတင်ပြလိုက်ပါသည်။
    (၁) ပီအာစနစ်လက်တွေ့ကျင့်သုံးကြသော နိုင်ငံများ၏အတွေ့အကြုံအရ ဤစနစ်၏လုပ်ထုံးလုပ်နည်းများမှာ ရှုပ်ထွေးသည်နှင့်အမျှ လက်ပေါက်စိပ်သည်ဟုသိရပါသည်။ တစ်စုံတစ်ရာရင့်ကျက်ပြီးဒီမိုကရေစီနိုင်ငံများအတွက်ကိစ္စမရှိ။ မြန်မာနိုင်ငံလို သက်တမ်းအရရော ၊အတွေ့အကြုံအရပါနုနယ်သေးသောအနေအထားနှင့်လက်တွေ့ပြဿနာ ရှိနိုင် ,မရှိနိုင် စဉ်းစားဖို့လိုပါလိမ့်မည်။ လက်ရှိအခြေအနေတွင် ဤစနစ်ကိုကျင့်သုံးမည်ဆိုပါက၊( စွမ်းဆောင်ရည်အရရော မရိုးသားမှုများကြောင့်ပါ) အားနည်းချွတ်ယွင်းချက်များရှိလာနိုင်သည်။
    (၂) ပီအာ စနစ်မှာ မြန်မာ့လူမှုနိုင်ငံရေးဓလေ့(တစ်နည်း မြန်မာတို့၏စိတ်အခံ)နှင့် အလုပ်ဖြစ်နိုင်, မဖြစ်နိုင် စဉ်းစားဖို့လိုမည်ထင်သည်။ မြန်မာ့ဓလေ့က အကွဲအပြဲဘက်အားသန်သည်။ ပါတီများစွာမဆိုနှင့် ပါတီတစ်ခုထဲမှာပင် ကွဲတတ်သည်။ ကွဲလေ့ရှိသည်။ ထို့ထက် “သူဖြူလျှင် ငါမည်းမည်” ဆိုသောစစ်အေးလော့ဂျစ်ကလည်းစွဲစွဲခိုင်ခိုင်ရှိနေသည်။ ပီအာစနစ်အရ နိုင်ငံရေးပါတီများညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ရာ၊ ” ဘုံတူညီချက်” ( Common Ground ) ရှာဖို့ခက်လိမ့်မည်ထင်သည်။ ထိုမျှမက ပီအာစနစ်တွင် အစွန်းရောက်ပါတီအချို့လွှတ်တော်ထဲရောက်လာနိုင်သည်ကိုလည်းစဉ်းစားဖို့လိုပါလိမ့်မည်။
    (၃) ပီအာ စနစ်၏လွှတ်တော်တွင် နိုင်ငံရေးပါတီတော်တော်များများအချိုးကျပါဝင်ခွင့်ရကြမည်ဖြစ်ရာ အရေးကြီးသောဆုံးဖြတ်ချက်များ( ဥပမာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး) ချမှတ်နိုင်ရန် လုံလောက်သည့် ၇၅ ရာခိုင်နှုန်း ရဖို့ မလွယ်ဟုစဉ်းစားမိသည်။ ဤသို့ဆိုလျှင် မြန်မာ့ ဒီမိုကရေစီအရေးမှာ ၊ ရှေ့မတိုး နောက်မဆုတ် “အီလည်တန့်ခံမှု” င်္နှင့် ကြုံရနိုင်သည်။ ဆိုရလျှင် ရွှေပြည်တော်မျှော်တိုင်းဝေးပင်ဖြစ်သွားနိုင်သည်။
    ဤသို့ဆိုလျှင် ပီအာ ကိုဆန့်ကျင်သည်မဟုတ်ပါ။ ရေရှည်အတွက်ကောင်းနိုင်ပါသည်။ ရေတိုတွင်မူစဉ်းစားစရာများရှိလိမ့်မည်ထင်သည်။ အထူးသဖြင့်ဆိုခဲ့ပါတတိယအချက်ကို လေးထားစဉ်းစားစေချင်ပါသည်။
    ထင်မြင်ချက်(၂)
    (တပ်ပေါင်းစုလမ်းကြောင်း)
    မြန်မာ့နိုင်ငံရေးနဲ့ပက်သက်ပြီး၊ စာရေးသူစဉ်းစားထားသည်ကတစ်မျိုးဖြစ်သည်။ စာရေးသူမှာ နိုင်ငံတကာအိုင်ဒီယာများနှင့်မိတ်ဆက်ပေးသူဖြစ်သည့်တိုင် မြန်မာ့အရေးနှင့်ပက်သက်လျှင်မူ မိမိနိုင်ငံ၏ ပကတိအရှိမှ စတင်လိုသည်။ စာရေးသူအမြင် မြန်မာ့နိုင်ငံရေးရွှေခေတ်မှာ ဖက်ဆစ်တော်လှန်ရေးအကြိုကာလကစတင်ခဲ့သော လွတ်လပ်ရေးကြိုးပမ်းမှုနှစ်များဟုယူဆသည် ဤကာလအတွင်းရွေးချယ်ခဲ့ကြသည်မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော တပ်ပေါင်းစုနိုင်ငံရေးလမ်းကြောင်းဟု သဘောရပါသည်။

    ဗိုလ်ချုပ်ဦးဆောင်မှုဖြင့် လက်ဝဲညီညွတ်ရေးအခြေခံကာလွတ်လပ်ရေးအရယူပေးခဲ့သလို၊ စာရေးသူတို့ခေတ်တွင်လည်း ဒီမိုကရတ်တစ်အင်အားစုများညီညွတ်ရေးကိုအခြေခံကာ ဒီမိုကရေစီအရယူပေးစေချင်သည်( သမီးဗိုလ်ချုပ်နှင့်ပက်သက်သော စာရေးသူ၏မျှော်လင့်ချက်မှာ ဒါပဲဖြစ်သည်။) ဤသို့ဖြစ်ဖို့ဆိုလျှင် “တစ်ဦးချင်းလျှောက်လွှာတင်” ဆိုသော သခင်စိုး လမ်းကြောင်းအတိုင်းလိုက်လို့မဖြစ်။ လက်တွဲနိုင်သမျှအင်အားစုအားလုံးနှင့်လက်တွဲမည်” ဆိုသောဗိုလ်ချုပ်လမ်းကြောင်း၊ တစ်နည်း တပ်ပေါင်းစုလမ်းကြောင်းနှင့်မှဖြစ်လိမ့်မည်ဟုဆင်ခြင်မိသည်။

    ပီအာ ဖြစ်စေ ၊ လက်ရှိ FPTP ဖြစ်စေ၊ သို့မဟုတ် ဤစနစ် နှစ်ခုပေါင်း၍ဖြစ်စေ….၊ မည်သည့်စနစ်နှင့်သွားသွား တပ်ပေါင်းစု နိုင်ငံရေးစိတ်ဓာတ်မပျောက်မှသာ၊ မြန်မာ့ဒီမိုကရေစီဝင်္ကပါလမ်းမှ ဖောက်ထွက်နိုင်လိမ့်မည်ထင်သည်။ နိုင်ငံရေးပါတီအသီးသီးမှ မိတ်ဆွေများနှင့်ဆုံတိုင်လည်း၊ ဤအမြင်, ဤအတွေးကိုပင်ပြောဖြစ်ခဲ့ပါသည်။ သို့တစေ သူတို့က စိတ်ဝင်စားကြဟန်မရှိ၊ ဘာတွေ အရေးကြီးနေသည် မသိ။ ” အချိန်မပေးနိုင်” ဟုဆိုသူကဆိုသည်။ ဆရာဗန်းမော်တင်အောင်စကားနှင့်ဆိုရလျှင်၊ “ကျွန်တော်ကကော ဘာများတတ်နိုင်ပါမည်နည်း…..”
    ဆရာ ..ဦးကျော်ဝင်း ၏ “မြန်မာ့နိုင်ငံရေးနှင်းခဲပျော်ချိန်၊ ထိုသုံးနှစ်(၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂) ….စာမျက်နှာ ၃၂၁-၃၂၅ မှကောက်နှုတ်ဖော်ပြပါသည်။

  • မင်း ခန့် ကျော်

    July 25, 2014 at 4:12 pm

    PR ‘ပီအာရ်စနစ်’ ဆိုပြီး အသံတွေ ထွက်လာရာကနေ နည်းနည်းအေးသွားပြီး ဟော ့ အခုတော့ လွှတ်တော်အထိ ရောက်လာပါပြီ။ တကျော့ပြန်ဖြစ်လာတာပါ။ ဘာလို့ပါလဲ။ အတွက်အချက်နဲ့ အကွက်ချနေတာဖြစ်ပါတယ်။

    PR ‘ပီအာရ်’ အတိုကောက်က နိုင်ငံရေးမှာ အနည်းဆုံး (၃) မျိုးရှိပါတယ်။
    ၁။ Proportional representation (PR) အချိုးကျကိုယ်စားလှယ်ရတဲ့စနစ်၊
    ၂။ Permanent Resident (PR) မြန်မာနိုင်ငံထဲမှာ အမြဲတမ်းနေထိုင်ခွင့်ရှိတဲ့ နိုင်ငံခြားသားများနဲ့ နိုင်ငံခြားနေ မြန်မာပြည်ဖွါးတွေအတွက် ထုတ်ပေးမယ်ဆိုတဲ့ လူဝင်မှုကြီးကြပ်ရေးစနစ် နဲ့
    ၃။ Public relations (PR) လူထုဆက်ဆံရေးဆိုတာ အများပြည်သူတွေကို အုပ်ချုပ်နေတဲ့ အစိုးရကနေ သူတို့က လူထုအတွက် ဘယ်လိုတွေကောင်းအောင် လုပ်နေပါတယ် ဆိုတာကို ကြော်ညာဆန်ဆန်လုပ်တဲ့အလုပ်မျိုးဖြစ်တယ်။ စစ်တပ်ကနေလဲ ဒီအလုပ်မျိုးလုပ်ပါသေးတယ်။

    အချိုးကျကိုယ်စားလှယ်ရတဲ့ ‘ပီအာ’ စနစ်ဟာ ကနေ့မြန်မာပြည်မှာ လုံးဝသင့်တော်ခြင်း မရှိကြောင်း အချက် (၃) ချက်နဲ့ တင်ပြပါရစေ။

    ၁။ PR အချိုးကျကိုယ်စားလှယ်ရတဲ့စနစ်ဟာ ရုပ်ထွေးတဲ့ စနစ်တခုဖြစ်ပါတယ်။ မဲပေးခွင့်ရှိသူတွေကနေ တယောက်တမဲနဲ့ မဲပေးရွေးချယ်တဲ့ ကိုယ်စားလှယ်စနစ်မဟုတ်ဘဲ မဲပုံးတိုင်းကနေရတဲ့ မဲစုစုပေါင်းကို ပုံသေနည်းနဲ့တွက်ပြီး လွှတ်တော်ထဲ တက်ဘို့ ကိုယ်စားလှယ် ဘယ်နှစ်ယောက်ရတယ်ဆိုတဲ့စနစ် ဖြစ်ပါတယ်။ ဒါအကြမ်းဖျဉ်းပြောတာပါ။ အများကြီး ရှိပါအုံးမယ်။ မဲပေးနည်း + လူရွေးနည်းဟာ ရှုတ်ထွေးလွန်းတာကြောင့် မြန်မာပြည်ရဲ့ ကနေ့ မဲပေးပိုင်ခွင့်ရှိသူတွေကို စိတ်ရှုတ်ထွေးစေနိုင်ပါတယ်။

    မြန်မာနိုင်ငံမှာ မဲပေးနည်း (၃) နည်းကို ကျင့်သုံးခဲ့ပြီးပြီလို့ ယေဘုယျ ဆိုနိုင်ပါတယ်။
    (၁) ဖဆပလခေတ်မှာတော့ အရောင်တွေနဲ့ထားတဲ့မဲပုံးတွေထဲကို ကိုယ့်မဲ့ပြား ထည့်ရတဲ့စနစ် သုံးခဲ့တယ်။
    (၂) အဖြူရောင်မဲပုံး ဒါမှမဟုတ် အမဲရောင်မဲပုံးထဲ ကိုယ်ကြိုက်ရာ မဲပြား (မဲစာရွက်) ထည့်ရတဲ့စနစ်ကို ‘မဆလ’ ခေတ်မှာ သုံးခဲ့တယ်။
    (၃) မဲစာရွက်ပေါ်က ကိုယ်ကြိုက်တဲ့လူရဲ့ ဘေးမှာ ကြက်ခြေခတ်ရတဲ့စနစ်ကို ၁၉၉ဝ နဲ့ ၂ဝ၁ဝ-၁၂ မှာ လုပ်ခဲ့တယ်။

    အဲလို ခပ်ရှင်းရှင်း မဲပေးနည်းတွေမှာတောင်မှ မဲမပေးတတ်သူတွေမနည်း၊ ပယ်မဲတွေ အတော်အသင့်ရှိပြီး၊ မဲခိုးဘို့လဲ လွယ်ကူစေခဲ့ပါတယ်။ ပီအာလိုရှုပ်ထွေးတာကို နိုင်ငံရေးထဲ အနှစ် ၂ဝ လောက် လုပ်နေသူတွေတောင်မှ ခေါင်းစားပါတယ်။ လူထုကို စိတ်ညစ်အောင် မလုပ်သင့်ကြပါ။ ရိုးရိုးကျင့် မြင့်မြင့်ကြံကြစေချင်ပါတယ်။

    ၂။ ကမာ္ဘမှာ ‘ပီအာရ်စနစ်’ ကျင့်သုံးတဲ့နိုင်ငံတွေ မနည်းပါ။ စုစုပေါင်း (၈၆) နိုင်ငံ ရှိပါတယ်။ ကမာ္ဘမှာ ပီအာတွေများလို့ ဒို့မြန်မာပြည်မှာလဲ ကျင့်သုံးသင့်တယ်လို့ ဆိုချင်သူများရှိပါသလား။

    ဥပမာတခုပေးပါရစေ။ ‘အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့’ ခေါ်တဲ့ ‘ဂျင်း-ရှပ်’ စာအုပ်ကို ၁၉၉၃ မှာ မြန်မာဘာသာပြန်ပြီး ထုတ်ဝေခဲ့ပါတယ်။ အဲဒီအထဲမှာ –
    • လွတ်လပ်သော နိုင်ငံများ = ၁၉၈၃ တုံးက ၅၅ နိုင်ငံရှိရာကနေ၊ ၁၉၉၃ မှာ ၇၅ နိုင်ငံ၊
    • တစိတ်တဒေသ လွတ်လပ်သောနိုင်ငံများ = ၁၉၈၃ တုံးက ၇၆ နိုင်ငံရှိရာကနေ၊ ၁၉၉၃ မှာ ၇၃ နိုင်ငံ၊
    • မလွတ်လပ်သော နိုင်ငံများ = ၁၉၈၃ တုံးက ၆၄ နိုင်ငံရှိရာကနေ၊ ၁၉၉၃ မှာ ၃၈ နိုင်ငံ။

    မြန်မာနိုင်ငံဟာ ၁၉၈၃ တုံးက တစိတ်တဒေသ လွတ်လပ်တဲ့ နိုင်ငံများစာရင်းကနေ ၁၉၉၃ မှာ မလွတ်လပ်တဲ့နိုင်ငံများစာရင်းထဲ ခုန်ဆင်းခဲ့ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေ အလွန်မတန် များပေမဲ့ မြန်မာပြည်ဟာ ၁၉၆၂ ကနေ ၁၉၈၈ အထိ တပါတီစနစ်နဲ့ နေခဲ့တယ်။ ဒိနောက်မှာ အရှေ့ဥရောပနဲ့ အရှေ့တောင် အာရှနိုင်ငံတွေမှာ အာဏာရှင်တွေအောက်ကနေ လွတ်မြောက်ပြီး ဒီမိုကရေစီနိုင်ငံတွေ ပိုများလာပြန်တော့လဲ ၁၉၈၈ ကနေ ၂ဝ၁ဝ အထိ စစ်အာဏာရှင်စနစ်နဲ့သာ နေခဲ့ပါတယ်။ ‘ကမာ္ဘမှာ အများစုလုပ်တိုင်း မြန်မာနိုင်ငံက မလိုက်ခဲ့တာဟာ သမိုင်းတွင်ပါတယ်။’ အဲလို ကောင်းတာကိုတော့ သူများတွေလုပ်လို့ လိုက်မလုပ်ဘဲ၊ အခုဟာကြမှ အများလုပ်တာကိုလုပ်ချင်တာဟာ ရိုးသားမှုမရှိပါ။

    ၃။ ၂ဝ၁ဝ တုံးက ဘာလို့ ‘ပီအာ’ ကို မလိုခြင်ခဲ့ကြပါသလဲ။ ၂ဝ၁၂ ပြီးမှဆိုတော့ NLD ကို တန်းညှိဘို့ မဟုတ်ပါဘူးလို့ ခိုင်မာတဲ့ ငြင်းဆိုချက် ရှိမယ်မထင်ပါ။ ပြည်ခိုင်ဖြိုးကရော ၂ဝ၁ဝ မတိုင်ခင်က ဘာလို့သတိမရပါသလဲ။ ‘ပီအာ’ သံထွက်ကာစမှာ ပြည်ခိုင်ဖြိုးပါတီက ဟိုလိုလို သည်လိုလို နေခဲ့တာ မှတ်မိပါတယ်။ ရေဒီယိုတခုကမေးတဲ့အခါ ကျွန်တော် ဖြေခဲ့ဘူးပါတယ်။ ‘တကယ်လို့ ပြည်ခိုင်ဖြိုးပါတီကသာ ‘ပီအာ’ ကိုလက်ခံမယ်ဆိုရင် ထူးခြားမှု ဖြစ်မယ်’ လို့။ အခု အမျိုးသားလွှတ်တော်ထဲထိ ရောက်လာပါပြီ။

    ခုတလောမှာ ရွေးကောက်ပွဲကော်မရှင်ကနေ အသံတွေ၊ စာတွေ ခပ်သွက်သွက် ထွက်လာနေတာ သတိပြုကြမှာပါ။ လာမဲ့ရွေးကောက်ပွဲတွေမှာ ၂ဝ၁ဝ တုံးကလို ‘ကြိုတင်မဲ’ မလုပ်တော့မှာကို အာမခံနိုင်တယ်။ ဒါပေမဲ့ နည်းသစ်တွေလာမယ်ဆိုတာလဲ ကျိန်းသေတယ်။ အခု တစတစနဲ့ ပေါ်လွင်လာနေပါပြီ။

    NLD ကနေ လာမဲ့ရွေးကောက်ပွဲတွေမှာ အမတ်နေရာတွေများများကြီးနိုင်မှာကို ရိုးရိုးသားသား မယှဉ်နိုင်သူတွေကနေ ရွှေဉာဏ်တော်စူးရောက်တာသာဖြစ်ပါတယ်။ ‘ပီအာ’ စနစ်ဟာ ကောင်းမွန်၊ သင့်မြတ်လို့၊ ဖြစ်လာမဲ့ စနစ်မဟုတ်ဘဲ၊ လုပ်ချင်နေသူတွေရဲ့ အကျိုးစီးပွါးအတွက်လုပ်တဲ့ စနစ်သာဖြစ်ပါတယ်။

    ‘အတွက်’ နဲ့ ‘အကွက်’ မှာ တဖက်ကမ်းခတ်အောင် ထူးချွန်သူတွေက အားတက်သရော လုံးပမ်းနေကြတာသာဖြစ်ပါတယ်။ ဂဏန်းအတွက်မှာ ဖဲသမားကိုမတုနိုင်ပါ။ ရွေးကောက်ပွဲကို ဖဲဝိုင်းလို မလုပ်သင့်ပါခင်ဗျား။ ။

    ဒေါက်တာတင့်ဆွေ

  • မင်း ခန့် ကျော်

    July 25, 2014 at 4:16 pm

    “ပီအာ” ဟာချစ်စရာပါ

    ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်ပြီး

    အချိုးကျကိုယ်စားလှယ်ရွေးချယ်တဲ့စနစ် (Proportional Representation) အတိုကောက်အားဖြင့် (PR) လို့ခေါ်တဲ့ စနစ်နဲ့ နောက်စနစ်တစ်ခုကတော့ အခုကျနော်တို့ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ မဲများသူအနိုင်ယူစနစ် အင်္ဂလိပ်လိုတော့ ( Majority Wins) လို့လည်းခေါ်တယ်။ (First Past The Past) အတိုကောက်အားဖြင့် (FPTP) လို့လည်းခေါ်ပါတယ်။ မဲများသူအယူစနစ်ဟာ ရွေးကောက်ပွဲရယ်လို့ စလုပ်ကတည်းက ခေါ်ခဲ့တာပါ။ လူတွေက ပြိုင်ပွဲလုပ်တဲ့အခါ ဘာပြိုင်ပွဲပဲဖြစ်ဖြစ် အရှုံးအနိုင်ကို သတ်မှတ်ဆုံးဖြတ်ကြပါတယ်။ နိုင်တဲ့လူက ပျော်ကြတာပေါ့။ ရှုံးတဲ့လူက သေချင်လဲသေပေါ့။ ဒါကိုဟိုတုန်းက အားလုံးလက်ခံခဲ့ကြတာပါ။ မဲရွေးကောက်ပွဲမှာလည်း မဲရွေးသူက မဲတစ်ပြားပဲသာသာ၊ နှစ်ပြားပဲသာသာ အနိုင်ရသူလို့ အားလုံးကျေနပ်ကြတယ်။ ဒါပေမဲ့ လူတွေက စဉ်းစားလာတယ်။ ရွေးကောက်ပွဲကိုတာ မဲဆန္ဒရှင် ပြည်သူလူထုရဲ့ ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြှောက်ခြင်းဖြစ်တယ်။ ဒါကြောင့်မဲဆန္ဒရှင်တို့ရဲ့ ကိုယ်စားလှယ်လွတ်တော်တွင်းရောက်ဖို့လိုတာပေါ့။ မဲဆန္ဒရှင်များကိုထောက်ခံရင်လွတ်တော်ထဲများများ
    ရောက်။ မဲဆန္ဒရှင်နဲနဲက ထောက်ခံရင် လွတ်တော်ထဲနဲနဲရောက်။ ဘာပဲဖြစ်ဖြစ် မဲဆန္ဒရှင်တွေရဲ့ သဘောဆန္ဒတွေကို သူတို့မဲပေးလိုက်တဲ့ ကိုယ်စားလှယ်တွေက လွတ်တော်မှတင်ပြပေးနိုင်တာပေါ့။ ပြည်သူအကျိုးဆောင်နိုင်တာပေါ့။
    ဥပမာလေးကို ဒီလိုတင်ပြချင်ပါတယ်။
    ရွေးကောက်ပွဲ နယ်တစ်ခုမှာ ပါတီ (၃)ခုက ယှဉ်ပြိုင်တယ်ဆိုပါတော့။ လူကြိုက်များတဲ့ ပါတီက (၆၀)%၊ နောက်တစ်ပါတီက (၃၀)%၊ နော်တစ်ပါတီက (၁၀)%၊ အဲ့ဒီနှုံးအတိုင်း ကိုယ်စားလှယ် (၁၀၀)အတွက် ရွေးကောက်ပွဲလုပ်တယ်ဆိုရင်၊ (FPTP) စနစ်အရ (၆၀)% ဆီရတဲ့ ပါတီက ကိုယ်စားလှယ် (၁၀၀)လုံးအရွေးခံရမှာဖြစ်ပါတယ်။ (၄၀)% မဲပေးလိုက်တာကတော့ ကိုယ်စားလှယ်ဖြစ်မလာတဲ့အတွက်၊ မဲဆန္ဒရှင်တို့ရဲ့ အကျိုးလဲမဖြစ်ဖူးပေါ့။ (PR) စနစ် ရွေးကောက်ပွဲဆိုရင်တော့ ပထမပါတီက ကိုယ်စားလှယ် (၆၀) ဖြစ်မယ်။ ဒုတိယပါတီက ကိုယ်စားလှယ် (၃၀)၊ တတိယပါတီက ကိုယ်စားလှယ် (၁၀) ဦးဖြစ်မယ်။ မဲဆန္ဒရှင်အားလုံးရဲ့ ကိုယ်စားလှယ်တွေ လွတ်တော်ထဲ အားလုံးရောက်တဲ့အတွက် မဲဆန္ဒရှင်အားလုံးရဲ့ အသံတွေ လွတ်တော်ထဲမှာရှိတာပေါ့။ (FPTP) စနစ်လို ကိုယ်ကမကြိုက်လို့ ကိုယ်မဲမပေးတဲ့သူက ကိုယ်စားလှယ်အမည်ခံသွားတာ ဖြစ်စရာမရှိတော့ဘူး။

    ဒါကြောင့်မဲဆန္ဒရှင်တွေကို လေးစားသောအားဖြင့်လည်းကောင်း၊ သူတို့ကိုယ်စားလှယ်တွေရှိတဲ့အတွက်၊ သူတို့အကျိုးဆောင်ရွက်ပေးနိုင်မှာဖြစ်လို့၊ ဝမ်းမြောက်ကျေနပ်ကြမှာဖြစ်ပါတယ်။

    မဲရတဲ့နှုန်းတစ်ခုကို ပြောပြပါဦးမယ်။ ပထမပါတီ (၄၀)%၊ ဒုတိယပါတီ (၃၀)%၊ တတိယပါတီ (၃၀)% ရတယ်ဆိုပါတော့၊ (FPTP) စနစ်အရ (၄၀)% ရတဲ့ ပထမပါတီက ကိုယ်စားလှယ်ဖြစ်သွားတယ်။ ဒုတိယပါတီရတဲ့မဲ (၃၀)%၊ တတိယပါတီရတဲ့မဲ (၃၀)% စုစုပေါင်း မဲ(၆၀)% ရပါလျှက် ကိုယ်စားလှယ်အရွေး မခံရဘူး။ ဒါကြောင့် မဲဆန္ဒရှင်အများကို ကိုယ်စားပြုတယ်လို့ ပြောမရဖြစ်သွားတာပါ။ (PR) စနစ် အသုံးပြုရင်တော့ ပထမပါတီက ကိုယ်စားလှယ်(၄၀)%၊ ဒုတိယပါတီက ကိုယ်စားလှယ်(၃၀)%၊ တတိယပါတီက ကိုယ်စားလှယ်(၃၀)% ရမှာဖြစ်တဲ့အတွက် ပါတီတိုင်း တရားမျှတပါတယ်။ မဲဆန္ဒရှင်ရော ကိုယ်စားလှယ်အတွက်ပါ အကျိုးရှိပါတယ်။

    ဘယ်သူ့ကို်မှလည်း မနစ်နာ၊ ကိုယ့်ဝေစု ကိုယ်ရကြတဲ့အတွက် အင်မတန်တရားမျှတတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒါကြောင့်ကျနော်တို့က နိုင်ငံအကျိုး ပြည်သူ့အကျိုးအတွက် အဆိုပြခြင်း ဖြစ်ခဲ့ပါတယ်။ မဲများသူအနိုင်ရရင်ပြီးတာပဲ။ တစ်မဲသာသာ၊ နှစ်မဲသာသာ နိုင်တာပဲ။ ရှုံးတဲ့သူကို ဂရုစိုက်စရာမလို။ ရှုံးသူကို မဲပေးတဲ့ ဆန္ဒရှင်တွေကိုလည်း ဂရုစိုက်စရာမလိုဘူး လို့ သဘောထားသူတွေပဲရှိမှာပေါ့။ အဲ့ဒီသဘောထားမျိုးကို ကောင်းတယ်မှန်တယ်လို့ ယူဆသူများက သူတို့ကို ထောက်ခံပေါ့။ ကျနော်တို့ရဲ့ အားလုံးအတွက်မျှတတဲ့ သဘောထားမျိုးကို ကောင်းတယ်မှန်တယ်လို့ ယူဆသူများက ကျနော်တို့ကို ထောက်ခံပေါ့။ လူတိုင်းလွတ်လပ်စွား ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။

    ကျနော်တို့ အဆိုပြုတဲ့ (PR) စနစ်အကြောင်းကို ပြောပြပါမယ်။ အချို့က (PR) စနစ်အကြောင်းကို အမျိုးမျိုးရှောက်ရေးပြီး ရှုပ်ထွေးအောင် ဖော်ပြ၊ လူတွေက ရှုပ်ပါတယ်ကွာလို့ ဖြစ်အောင် ဖန်တီးကြပါတယ်။

    အမှန်ကတော့ ကျနော်တို့ အဆိုပြုတဲ့ (PR) စနစ်ဟာ မဲဆန္ဒရှင်များအတွက် အခုမဲပေးနေတာထက်တောင် လွယ်ပါတယ်။ အခုမဲပေးတာက ကိုယ်စားလှယ်လောင်းအမည်၊ ပါတီအမည်၊ ပါတီတံဆိပ်ကိုကြည့်ပြီး မဲပေးကြပါတယ်။ (PR) စနစ်အရ ပါတီအမည်နှင့် ပါတီတံဆိပ်ကိုကြည့်ပြီး ပေးလိုက်ရုံပဲ။ သိပ်လွယ်တယ်။ ရွေးကောက်ပွဲကော်မရှင်တွေက ပါတီတွေရဲ့ မဲရာခိုင်နှုန်း ပေါ်မူတည်ပြီး ကိုယ်စားလှယ်အချိုးကျ တွက်ပေးပါတယ်။ ပါတီတွေထဲမှာ အတော်ဆုံးလူကို ဦးစားပေးရွေးတာဖြစ်လို့ တိုင်းပြည်အတွက်လည်း ပိုကောင်းပါတယ်။ နော်တစ်ချက်ကျနော်တို့ အဆိုပြတဲ့ (PR) စနစ်ကို ကျနော်တို့နိုင်ငံမှာ ကျင့်သုံးမှာဖြစ်လို့ ပြည်သူ့လွတ်တော်ရွေးကောက်ပွဲအတွက်သာ စမ်းသတ်ပြုလုပ်ပေးဖို့ အဆိုပြုတာဖြစ်ပါတယ်။ အမျိုးသားလွတ်တော်နဲ့ တိုင်း၊ပြည်နယ် လွတ်တော်များအတွက်တော့ လက်ရှိ (FPTP) စနစ်ဘဲအသုံးပြုပါလို့ ကျနော်တို့ သဘောထားကို ပြောပြတယ်။ တကယ်ဆုံးဖြတ်ရမှာက ပြည်ထောင်စုလွတ်တော်မှာ လွတ်တော်ကိုယ်စားလှယ်တွေဆွေးနွေးဆုံးဖြတ်ရမှာဖြစ်ပါတယ်။ နောက်တစ်ချက် (PR)စနစ်ကို ကျနော်တို့ ဘာကြောင့်အဆိုပြုရတာလည်း ဆိုတာကို ရှင်းပြချင်ပါတယ်။ (၁၉၆၀-၆၁) ခုနှစ်က ကျနော် နယ်တာလင်နဲ့ နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်စတဲ့ စကင်ဒီးနေးမီးယန်းနိုင်ငံတွေကို ရောက်ခဲ့ပါတယ်။ သူတို့နိုင်ငံတွေကို (PR) ရွေးကောက်ပွဲစနစ်ကို ကျင်းသုံးနေကြပါတယ်။ ကျနော်လေ့လာကြည့်တဲ့အခါ ကျနော်တို့ နိုင်ငံမှာ ကျင့်သုံးရရင် ကောင်းမှာပဲလို့ ကျနော့်စိတ်ထဲမှာ ဖြစ်တယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှ စပြီး ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီရွေးကောက်ပွဲတွေ မရှိတော့ပါဘူး။ (၁၉၉၀) ခုနှစ် ရွေးကောက်ပွဲ လုပ်တဲ့အခါ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေထံမှ အကြံပြုစာတွေ တောင်းပါတယ်။ ကျနော်ခေါင်းဆောင်တဲ့ (ဒီမိုကရေစီ) ပါတီက (PR) စနစ်ကို မြန်မာနိုင်ငံရွေးကောက်ပွဲမှာ အသုံးပြုသင့်ကြောင်း အကြံပြုခဲ့ပါတယ်။ အခြားမည်သည့်နိုင်ငံရေးပါတီမှ (PR) အကြောင်းသိရှိဟန် မတူပါ။

    (၂၀၁၂) ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ပြီးသည့်အခါ၊ နိုင်ငံတကာမှ ကိုယ်စားလှယ်များ (အမေရိကန်၊ အီးယူ၊ ဩစတြေလျနဲ့ အာရှ) လာရောက်ပြီး ကျနော်တို့နဲ့ တွေ့တဲ့အခါ၊ သူတို့ကစပြီး (PR) စနစ်ကောင်းတဲ့အကြောင်း (PR) စနစ်ကို ကျနော်တို့ စိတ်ဝင်စားသလားလို့ မေးပါတယ်။ ဒီကာလမှာမှ သူတို့က အလေးတယူ ဒီကိစ္စကို တင်ပြလာတယ်ဆိုတော့ သူတို့လည်း ထူးခြားတဲ့အကြောင်း ရှိပါလိမ့်မယ်ထင်ပါတယ်။

    ဩစတြေးလျ အစိုးရ ကျနော်တို့ နိုင်ငံရေးပါတီတွေနဲ့ ASEAN မှနိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ဖိတ်ခေါ်ဆွေးနွေးတဲ့ အခါမှာလည်း၊ (PR) အကြောင်းကို သူတို့ ရှင်းပြခဲ့ပါတယ်။ နော်ဝေး၊ နယ်တလန် နိုင်ငံမှ အဖွဲ့အစည်းတစ်ခုကလည်း (PR) စနစ်နဲ့ ပတ်သက်ပြီး ရန်ကုန်မှာ လာရောက်သင်တန်း ပေးပါတယ်။

    ကျနော့်အထင် မြန်မာနိုင်ငံရွေးကောက်ပွဲအခြေအနေကို သူတို့လေ့လာပြီး စိုးရိပ်စိတ်ရှိဟန် တူပါတယ်။ ကျနော်တို့လည်း စိုးရိမ်တာတွေရှိတယ်။ ဘယ်ပါတီမဆို ပါတီတစ်ခုတည်း လွတ်တော်ကို လွှမ်းမိုးသွားရင် အန္တရာယ်ရှိတယ်။ ကြံ့ခိုင်ရေးပါတီဟာ အာဏာရှင်များဖြစ်သွားမလားလို့ ကျနော်တို့ ရင်တစ်ထိတ်ထိတ် ကြည့်နေရတယ်။ အလားတူပဲ ပါတီတစ်ခုတည်း လွတ်တော်မှာ လွမ်းမိုးသွားပြီး အခြားအာဏာရှိအဖွဲ့အစည်းနဲ့ မသင့်မြတ်ဖူးဆိုရင် အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာလို့ တိုင်းပြည်လည်း နာမယ်။ လူထုလည်း ဒုက္ခဖြစ်ကြပါလိမ့်မယ်။ မကြာသေးသောနှစ်များက ထိုင်းနိုင်ငံအဖြစ်အပျက်ကို ပြန်ကြည့်ပါ။ မြန်မာနိုင်ငံသမိုင်းမှာလည်း အထောက်အထားတွေရှိပါတယ်။

    (PR) စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေ (၉၀) ကျော်ရှိပါတယ်။ ကမ္ဘာမှာ တဖြည်းဖြည်းများလာပြီး အဲ့ဒီစနစ်အတွက် သူတို့ ဂုဏ်ယူနေကြပါတယ်။ မြန်မာနိုင်ငံမှာလည်း (PR) စနစ်ကို ကျင့်သုံးမယ်ဆိုရင် အန္တရာယ်ကိုလည်း တာနိုင်မယ်။ ဒီမိုကရေစီလည်း ပိုမိုပီပြင်လာပါလိမ့်မယ်။ ပြည်ထောင်စုမြန်မာနိုင်ငံကို ချစ်ရင်ဖြင့် (PE) စနစ်ကို လေ့လာကြပါလို့ တိုက်တွန်းပါတယ်။

    http://kabarmakyay.blogspot.com/2012/11/blog-post.html?m=1

  • kai

    July 25, 2014 at 4:19 pm

    ဒီချုပ်မှာ.. လုံလောက်တဲ့ အသိပညာရှင်.. လက်တွေ့လူတွေအုပ်ချုပ်တတ်သူ.. ဝန်ထမ်းအင်အားမှမရှိသေးတာမို့.. ဒီလိုနဲ့ညှိယူသွားရမယ်ပဲထင်မိတယ်..။
    ဖြစ်နိုင်ရင်တော့.. တပ်က.. ဗိုလ်ချုပ် ၅ယောက်လောက်ကို.. ကိုယ့်ဖက်ပါအောင်.. ဆွဲစေ့သင့်နေပြီ..။

    ဘာပဲဖြစ်ဖြစ်လေ…
    လက်ငါးချောင်း.. ၂ခါ.. :mrgreen:

    • မင်း ခန့် ကျော်

      July 25, 2014 at 4:29 pm

      ဒီမိုကရေစနစ်မှာ
      ဈေးသည်ကြီးစိတ်ဓါတ်မွေးနိုင်ဖို့
      လိုတယ် သူကြီးရေ။
      ရန်ထိုင်ဖြစ် စကားထိုင်များနေလို့မရဘူးခဗျ။
      စည်းရုံးရေး ပေါ့ဗျာ။

      • အရီးခင်

        July 26, 2014 at 3:08 am

        သူဌေးကြီး ၅ ယောက် ကတော့ ရယ်ဒီ တဲ့။ :-))))

        • kai

          July 26, 2014 at 3:42 am

          အဟမ်း…
          ၈၈အုပ်စုက.. ဦးတေဇအလှူလက်ခံလိုက်လို့ဆိုလား… ပွစိတက်နေသံကြားလိုက်သေး..
          ယူအက်စ်မှာတော့.. ဒီမိုကရေစီစနစ်မှာတော့…
          ငွေမရှိပဲ.. နိုင်ငံရေးသမား.. လုပ်မရ…

          အောင်မြင်တဲ့နိုင်ငံရေးသမားနောက်တိုင်းမှာ.. တော်လှန်ရေးသမားနောက်တိုင်းမှာ.. ငွေထုတ်ပိုက်ထားတဲ့…သူဌေးရှိရ…။

          အနိစ္စ… :buu:

  • မင်း ခန့် ကျော်

    July 25, 2014 at 4:23 pm

    နိုင်ငံရေး ပါတီများကြား ဗျာများနေကြပြီ။ ရွေးကောက်ပွဲများတွင် မည်သည့် စနစ်ကျင့်သုံးရမည်ကို ညှိုနှိုင်းနေ၍ဖြစ်သည်။
    လွန်ခဲ့သည့် သုံးရက်က လွှတ်တော်တွင် အဆိုတခုတင်လိုက်သည်။
    ရွေးကောက်ပွဲများတွင် ပီအာစနစ် ကျင့်သုံးရန်ဖြစ်သည်။
    အစကတော့ စိုပြေလည်း PR ဆိုလျှင် ပြည်သူ့ဆက်ဆံရေးဆိုတာလောက်သာ သိခဲ့သည်။
    အခု PR ကတော့ စိုပြေတို့ သိနေသည့် ပီအာမဟုတ်။

    လွှတ်တော်တွင် အဆိုတင်သည့် ပီအာစနစ်ကတော့ အချိုးကျရွေးကောက်ခြင်းစနစ်ဖြစ်သည်။
    ယခုလက်ရှိ ကျင့်သုံးသကဲ့သို့ ရွေးကောက်ပွဲတွင် နိုင်သောသူ လွှတ်တော်အမတ်ဖြစ်စတမ်းမဟုတ်တော့။
    တနိုင်ငံလုံးတွင် မဲရရှိမှု ရာခိုင်နှုန်းအလိုက် ပါတီကိုယ်စားပြု အမတ်များကို လွှတ်တော်သို့ ပို့ဆောင်ရေးဖြစ်သည်။
    ဥပမာ တနိုင်ငံလုံးတွင် A ပါတီက မဲ ၅ဝ ရာခိုင်နှုန်းရလျှင် လွှတ်တော်ထဲတွင် အမတ် ငါးဆယ်ရာခိုင်နှုန်းရမည်။
    B ပါတီက တနိုင်လုံး မဲ ၃ဝ ရာခိုင်နှုန်းရလျှင် လွှတ်တော်ထဲတွင် အမတ် ၃ဝ ရာခိုင်နှုန်းရမည်။
    ပါတီငယ်လေးများက တနိုင်ငံလုံး မဲ ၁ ရာခိုင်နှုန်းရလျှင် လွှတ်တော်ထဲတွင် အမတ် ၁ ရာခိုင်နှုန်းရမည်။

    လက်ရှိ ရွေးကောက်ပွဲစနစ်အရမဲဆန္ဒတစ်ခုတွင် နိုင်သောသူသာ အမတ်ဖြစ်သဖြင့် အခြားရှုံးနိမ့်သူ ရရှိသော မဲများက အလကားဖြစ်သွားသည်။
    ဥပမာ မဲဆန္ဒတစ်ခုတွင် A ပါတီက ကိုယ်စားလှယ်က မဲ ၆ဝ ရာခိုင်နှုန်ရ B ပါတီက မဲ သုံးဆယ် ရာခိုင်ရာနှုန်းရလျှင် A ပါတီသာ နိုင်သွားသည်။
    B ပါတီ လွှတ်တော်ကိုယ်စားလှယ်အမတ် ရရှိသည့် မဲ ၃ဝ ရာခိုင်နှုန်းသည် အလကားဖြစ်သွားတော့သည်။

    ပီအာစနစ်ကို ရှင်းပြတာနှင့်ပင် စာကရှည်ပြီ။
    ပီအာစနစ် လွှတ်တော်တွင် တင်လိုက်တော့ အပြင်လောကတွင် ပွက်လောရိုက်သွားကြသည်။
    လာမည်ရွေးကောက်ပွဲများတွင် မဲအပြတ်အသတ်ဖြင့် နိုင်မည်ဟု တွက်ဆထားသော ပါတီဝင်များက ပီအာ စနစ်ကို စိတ်ဆိုးကြသည်။
    ပီအာစနစ်ကျင့်သုံးလျှင် သူတို့ နိုင်သော်လည်း အခြားပါတီကို အမတ်အရေအတွက် ခွဲပေးရမည်။ ဒါကို မကျေနပ်။
    ပီအာစနစ်ကျင့်သုံးရန် အဆိုတင်သည့် သူကို ဝိုင်းဆဲကြသည်။

    လွှတ်တော်ကိုယ်စားလှယ် အများအပြားက ထိုအဆိုကို ထောက်ခံလိုက်ကြသဖြင့် လွှတ်တော်တွင်း ဆွေးနွေးရန် အတည်ပြုခဲ့လေသည်။

    တကယ်တော့ အခြားပါတီများကလည်း PR စနစ် ကျင့်သုံးရန် သဘောတူရခြင်းမှာ သူတို့ မဲရှုံးမှာ ကြောက်၍ဖြစ်သည်။
    လက်ရှိတွင် NLD ပါတီက လူထုထောက်ခံမှု အများအပြားရရှိနေသဖြင့် ဘယ်ပါတီမှ မယှဉ်နိုင်။ ပါတီခြင်းပင် မယှဉ်နိုင်တာမဟုတ်။
    လူခြင်းယှဉ်တော့လည်း အဆိုပါ NLD ပါတီဝင်တွေက လူမိုက်တွေ များနေဖြင့် အခြားပါတီဝင်များ မယှဉ်နိုင်။
    ငါတို့ ပါတီ လာထိရင် မီးပွင့်သွားမယ် ဆိုသည့် လူစားများဖြစ်သဖြင့် အခြားပါတီဝင်များလည်း ကြောက်ကြသည်။

    NLD ပါတီဝင်များတော့ ဒါဟာ အခြေဥပဒေ ပြင်ဆင်ရေးကို အာရုံလွှဲတာဟု ပြောကြသည်။
    ဟုတ်တော့လည်း ဟုတ်သည်။ ယခုတလော အခြေခံဥပဒေ ပြင်ဆင်ရေးကို လူအများ တတ်တတ်ကြွကြွလုပ်ဆောင်နေကြသည်မဟုတ်ပါလား။
    ထိုလူများ စိတ်ထဲတွင်လည်း ပီအာစနစ်သည် အခြေခံဥပဒေပြင်ဆင်ရေးကို အနှောက်အယှက်လာပေးသည်ဟု မြင်သွားကြသည်။

    PR ကို ထောက်ခံကြသူများလည်း PR စနစ်ကောင်းကြောင်းရှင်းပြကြသည်။ ကမ္ဘာ့နိုင်ငံပေါင်း ၉ဝ ကျော်တွင် ပီအာစနစ်ကျင့်သုံးသည်ဟု ဆိုလို့ဆို။ အမေရိကန်နိုင်ငံရှိ ပြည်နယ်အချို့တွင်လည်း
    ပီအာစနစ်ကျင့်သုံးသည်ဟုလည်း ဆိုကြပြန်သည်။
    ဘာပဲ ဖြစ်ဖြစ် နိုင်ငံရေးသမားဆိုတာကတော့ လွှတ်တော်ထဲတွင် နေရာရန် ကြိုးပမ်းအားထုတ်မည်။ ပြီးလျှင် အစိုးရအဖွဲ့တွင် ပါနိုင်အောင် ကြိုးပမ်းမည်။
    ဒီလိုမျိုး အာဏာရရန် နည်းမျိုးစုံ အသုံးပြုကြမည်။
    ဒီမိုကရေစီစနစ်ဆိုတော့ ရွေးကောက်ပွဲသာ အဓိကဖြစ်သည်။ ရွေးကောက်ပွဲတွင် ရှုံးလျှင် ငါးနှစ်လောက်တော့ နားနေရမည်။
    ယခုတော့ ဒါမျိုး အဖြစ်မခံနိုင်။ ဒါကြောင့်လည်း နေရာမရ မရှိရလေအောင် ကြံစည်ကြခြင်းဖြစ်သည်။

    NLD ပါတီကြီးကလည်း လက်ရှိရွေးကောက်ပွဲစနစ်အတိုင်းဆို သူသာ မဲနိုင်ပြီး အာဏာရမည်ဆိုတော့ သူ့နေရာများကို အခြားလူကို မခွဲပေးလို။
    အခြားပါတီများလည်း လက်ရှိရေးကောက်ပွဲ စနစ်အတိုင်းသာ ယှဉ်လျှင် NLD ပါတီကို မယှဉ်နိုင်ဘဲ နေရာ တနေရာမှ ရမည်မဟုတ်။
    ကိုယ်နိုင်မည့် အကြောင်းကို လုပ်ဆောင်ကြရင်း ပဋိပက္ခဖြစ်နိုင်လေသည်။
    ကြံ့ခိုင်ရေးပါတီကြီးကလည်း သူတစ်ကောင်ထဲ ဦးဆောင်နေချိန်တုန်းက သူ့နေရာ ဖဲ့ပေးရမှာ ကြောက်သဖြင့် ပီအာစနစ်ကို လက်မခံသလိုလို၊ လက်ခံသလိုလို မရှင်းလင်း။
    ယခု NLD ပါတီ ဝင်လာပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် အပြတ်အသတ်ရှုံးသွားတော့မှ ကြံ့ခိုင်ရေးပါတီလည်း ကိုယ့်အခြေအနေကိုယ် သိသွားပုံရသည်။
    ဒါကြောင့်လည်း ယခုတော့ ပီအာစနစ်ကို ထောက်ခံမည့် ပုံစံရှိနေတော့သည်။

    ဘာပဲဖြစ်ဖြစ် PR စနစ်တွင်လည်း အားသာချက်များရှိသည်။ အဓိကကတော့ ပါတီငယ်များ နေရာမရမှာ မပူရတော့။
    လူအနည်းခံ ထောက်ခံလျှင်လည်း ထောက်ခံသည့် ပမာဏအလိုက် လွှတ်တော်တွင် နေရာရမည်သာ။
    သို့သော်လည်း ပါတီက ဘယ်သူတွေကို လွှတ်တော်သို့ စေလွှတ်မည်ဆိုတော့ ကိစ္စကတော့ ပြဿနာတတ်နိုင်သည်။
    ပါတီဝင်တိုင် လွှတ်တော်တို့ သွားလိုကြသည်မဟုတ်ပါလား။
    ပါတီငယ်များ အကြားတွင်လည်း ဘာသာရေး အစွန်းရောက်ပါတီတွေ၊ လူမျိုးရေး အစွန်းရောက်ပါတီတွေ ပါဝင်လာနိုင်သည်။
    ပြီးတော့ လွှတ်တော်ထဲသို့ ရောက်သည့် အမတ်များက မည်သည့် မဲဆန္ဒနယ်ကိုမှ ကိုယ်စားမပြုသဖြင့် မဲထည့်သော လူများအတွက် ဘာမှ အကျိုးမထူးနိုင်။
    ကိစ္စတော့မရှိပါ။ ယခုလည်း အမတ်တွေက သူတို့ မဲဆန္ဒနယ် ဖွံ့ဖြိုးတိုးတတ်အောင်လုပ်ပေးတာမှ မဟုတ်တာ။ အရွေးခံရလျှင် လှည့်မကြည့်တော့။

    ပြည်သူတွေကတော့ ဘယ်လို ရွေးကောက်ပွဲပဲ လုပ်လုပ် မဲပေးရမည်သာ။
    ဒါမှလည်း နိုင်ငံရေးသမားတွေ အာဏာရမည်မဟုတ်ပါလား။
    မဲပေးခဲ့သူတွေကို ပြန်ကြည့်တာ မကြည့်တာကတော့ လွှတ်တော်အမတ်ရဲ့ စေတနာပေါ့လေ။

    စိုပြေ

    http://drguidingstar.blogspot.com/2014/06/blog-post_5289.html?m=1

  • မင်း ခန့် ကျော်

    July 25, 2014 at 8:38 pm

    ပီမှ အာ ကြစေချင်သည် ===== ဇာဂနာ

    တကယ်တော့ သည်ဇာတ်လမ်း၏ အစမှာ ၂၀၁၂ ဖေဖော်ဝါရီလ ၁၅ရက်နေ့ဖြစ်သည်။ အမေရိကားသို့ ကျွန်တော် ခေတ္တ ရောက်နေချိန်မှာ ဆန်ဖရန် စစ်စကိုမြို့ အနီးရှိ
    စတန်းဖို့ဒ် တက္ကသိုလ်သို့ လည်ခွင့်ကြုံခဲ့သည်။ ကျွန်တော် ထောင်ထဲမှာ ရှိနေစဉ်က လယ်ရီဒိုင်းမွန်း ရေးသားသည့် ဒီမိုကရေစီ စိတ်ထားဆိုသော စာအုပ်ကို ဖတ်ဖူးသည်။
    နှစ်ခြိုက်ဖူး၏။ သည်အကြောင်းကို အမေရိကန်နိုင်ငံ ဝါရှင်တန်မှာ ရှိနေစဉ် NED မှာ
    ပြုလုပ်သည့် ဟောပြောပွဲ၌ ထည့်ပြောမိလိုက်သည်။ ဖြစ်ချင်တော့ ပရော်ဖက်ဆာ လယ်ရီဒိုင်းမွန်းက NEDမှ သုံးလတစ်ကြိမ် ထုတ်ဝေနေသည့် ဒီမိုကရေစီ ဂျာနယ်၏
    ခေါင်းကိုင် ဖခင်ဖြစ်နေလေသည်။ သည်မှာတင် ဆရာ လယ်ရီဒိုင်းမွန်းနှင့် ဆုံတွေ့ဖို့
    အကြောင်း ဖန်လာတော့၏။ NEDမှာ အမှုထမ်းခဲ့သော ကိုမင်းဇင်က ဆရာ လယ်ရီဒိုင်းမွန်း
    ၏ ကျောင်းသား။ ကိုမင်းဇင်မှတစ်ဆင့် လယ်ရီဒိုင်းမွန်းက သူ့ကျောင်းတော်ကြီးဆီသို့ ကျွန်တော့ကို ဖိတ်ခေါ် လိုက်လေသည်။

    ကျွန်တော်ရောက်သွားတော့ ဆရာ လယ်ရီဒိုင်းမွန်းနှင့် စကား တွေအများကြီးပြောခဲ့သလို
    သူ့ဆီ ကတစ်ဆင့် တခြားသော မြန်မာ့ အရေးကို စိတ်ဝင်စားသည့် နိုင်ငံ ရေး သိပ္ပံဆရာနှင့် အဆက်အ သွယ် ရခဲ့သည်။ ဆရာ လယ်ရီ ဒိုင်းမွန်းက မြန်မာပြည်အကြောင်း ကောင်းကောင်း
    သိသည်။ တော် တော်လည်းလေ့လာထားသည်။ စေ့ စေ့စပ်စပ်ဆွေးနွေးသည်။ နှိုက်နှိုက်
    ချွတ်ချွတ်မေးတတ်သည်။ သို့ ဖြင့် ကျွန်တော်တို့ စကားဝိုင်းက အချိန်တော်တော် ယူခဲ့၏။
    အပြန် မှာ မြန်မာပြည်လာလည်ဖို့ ၊ မြန် မာပြည်မှာ ဆရာ လယ်ရီဒိုင်းမွန်း အနေဖြင့် ဟောပြော
    ပို့ချပေးဖို့ ကျွန်တော် ဖိတ်ကြားမိခဲ့သည်။

    တကယ်တော့ ဒါသည်ပင် စိတ်ကူးယဉ် နည်းနည်းဆန်နေသည်။ သူတို့လို မအားလပ်သော၊ အချိန်နှင့် ငွေကြေးကို ထပ်တူချထားသော နာမည်ကျော် ပရော်ဖက်ဆာ တစ်ယောက်အဖို့
    မြန်မာပြည်ကို အလည်အပတ် လာဖို့ဆိုတာ မဖြစ်နိုင်ပါ။ သို့သော် ဒါသည် တစ်ကယ်ဖြစ်ခဲ့၏။
    နောက်လေးလ အကြာမှာ ဆရာ လယ်ရီဒိုင်းမွန်း မြန်မာပြည်သို့ တစ်ပတ်ကြာ လာရောက် လည်ပတ်မည်ဟု သိရသည်။ သူ့ဆီက အီးမေးလ် ရချိန်မှာ ကျွန်တော် ဥရောပသို့ ရောက်နေပြီ။ ရန်ကုန်ပြန်လို့ကလည်း မဖြစ်နိုင်။ ခရီးစဉ်အရ ဂျာမနီသို့ လှည့်ရဦးမည်။ သို့သော် သူမပြန်ခင် တစ်ရက်အလိုမှာ ရန်ကုန်ပြန် ရောက်အောင် ပြန်ခဲ့ပါမည်ဟု သူ့ကို ကတိပေးခဲ့သလို ကျွန်တော်တို့၏ HOME (House of Media & Entertainment) မှာ နိုင်ငံရေးနှင့်
    ပတ်သက်ပြီး တစ်ခုခု ဟောပြောပေးဖို့ ပန်ကြားလိုက်ရသည်။

    ဆရာ လယ်ရီဒိုင်းမွန်းက အပြောနှင့် လက်တွေ့ ထပ်တူကျသူပင်။ ကျွန်တော် မရှိသော်လည်း ကိုဇော်သက်ထွေး၏ စီမံမှုဖြင့် နှစ်ရက်တိုင်တိုင် ကျွန်တော်တို့ HOMEမှာ ဒီမိုကရေစီ
    နည်းကျကျ အသွင်ကူးပြောင်းဖြစ်စဉ်ကို ဟောပြောပို့ချခဲ့သည်။ လူငယ် ကျောင်းသား
    ိုနိုင်ငံရေးသမားလေးတွေက စလို့ စာရေးဆရာ နိုင်ငံရေးသမားတွေထိ လာရောက် နာယူကြသည်။ သူ၏ ဟောပြောချက် အချို့ကို ကောက်နှုတ်ပြီး လွတ်မြောက်နည်းပညာ
    ဟူသည့် စာအုပ်လေးတစ်အုပ် ကျွန်တော်တို့ ထုတ်ခဲ့ဖူးသည်။

    ဆရာ လယ်ရီဒိုင်းမွန်း မပြန်ခင် ကျွန်တော် ရန်ကုန်ပြန်ရောက်ခဲ့၏။ သူနှင့်အတူ နိုင်ငံရေး
    ပါတီ တစ်ချို့မှ ခေါင်းဆောင်မျာနှင့် လိုက်တွေ့ခဲ့ရသလို နိုင်ငံရေး အပြောင်းအလဲ အတွက် ထဲထဲဝင်ဝင် ပါဝင် လုပ်ဆောင်နေသူများနှင့်ပါ တွေ့ဆုံခဲ့ရသည်။ သည်မှာတင် ကျွန်တော် စတင်ပြောဆို ရတော့မည့် ပီအာရ် ဆိုတာကြီး ပေါက်ဖွား ရှင်သန်လာပါတော့သည်။

    ဆရာ လယ်ရီဒိုင်းမွန်းက ကြားဖြတ် ရွေးကောက်ပွဲ ပြီးချိန်တွင် ရောက်လာခဲ့သူ ဖြစ်သဖြင့် အနိုင်အရှုံး အဖြေကို ရိပ်စားမိသူလည်း ဖြစ်၏။ သို့သော် ၂၀၁၅မှာ ရွေးကောက်ပွဲ ကျင်းပ
    ခဲ့လျှင် ကြံ့ခိုင်ရေးပါတီ တစ်ပါတီတည်း (သို့မဟုတ်) NLD တစ်ပါတီတည်းက အများဆုံး အနိုင်ရခဲ့သော် ဆိုသည့် အခြေအနေအပေါ် မူတည်ထားပြီး ဆွေးနွေးသွားခဲ့သည်။ သူနှင့်
    တွေ့ဆုံ ဆွေးနွေးနေသူများထဲမှာ ကြံ့ခိုင်ရေးရော NLDပါ မပါသည့် အတွက် လွတ်လွတ်
    လပ်လပ် ပြောဆိုခြင်းလည်း ဖြစ်၏။ သူက စဉ်းစားစရာတွေကို တင်ပြခြင်း အကြံပေးခဲ့
    ခြင်သာ ဖြစ်ပြီး (ဒါကိုလုပ်မှဖြစ်မယ်)ဟု တစ်ချက်လွှတ် အမိန့်တော်ထုတ်ခဲ့ခြင်း မဟုတ်ချေ။

    ယခု ကျွန်တော်တို့ နိုင်ငံက ကျင့်သုံးနေသည့် ရွေးကောက်ပွဲ စနစ်က First Past the Post
    (ခ) မဲ အသာရသူက နိုင်သည့် စနစ်ဖြစ်သည်။ ဖဲသမား စကားနှင့်ဆိုရသော် အတိုက်မရှိ၊
    နိုင်သူစားစတမ်းပင် ဖြစ်သည်။ ဒါကို တစ်ချို့က သိပ်မကြိုက်ချင်။ တစ်မဲနိုင်လည်း အကုန်နိုင် တစ်ထောင်မဲနိုင်လည်း အကုန်နိုင်ဆိုတာ မမျှတဖူးလို့ ထင်လာကြ၏။ ဝေစားမျှစား လုပ်ချင်
    သည်။ သည်တော့ PR (ခ) Proportional Representationဟူသည့် ဝေပုံကျစနစ်ကို
    လေ့လာ စမ်းသပ်ကြည့်ဖို့ ဆရာ လယ်ရီဒိုင်း မွန်းက အကြံပြုသည်။

    ၂၀၁၂ ခုနှစ် အောက်တိုဘာလထုတ် ဒီမိုကရေစီ ဂျာနယ်ထဲမှာလည်း သူက PR စနစ်ကို စဉ်းစားသင့်ကြောင်း ထည့်ရေးခဲ့ပါသေးသည်။ အမှန်ကတော့ PRစနစ်ကို မြန်မာပြည်မှာ သုံးသင့်သည်ဟု သူက အကြံပြုခဲ့တာမဟုတ်။ အစိုးရနှင့် အတိုက်အခံ နိုင်ငံရေး ပါတီ(သို့) အဖွဲ့အစည်းတို့ အကြားမှာ နိုင်ငံရေး ပဋိဉာဉ်တစ်ရပ် ပီပီပြင်ပြင် ရှိသင့်သည်ဟု အကြံပြု
    ခြင်းသာ။ ထိုပဋိဉာဉ် ရအောင်လည်း အတိုက်အခံတို့ဖက်မှ အားထုတ်သင့်သည့် အချက်
    များကို တင်ပြ ဆွေးနွေးခြင်းသာ။ ထိုဆောင်းပါးကို သေသေချာချာ ဖတ်ရှုခဲ့သော် ဆရာ လယ်ရီဒိုင်းမွန်းက ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်
    ရေးသည် အလွန်တရာ အရေးကြီးကြောင်း အကြံပြုလိုရင်းသာဖြစ်၏။

    အကယ်၍သာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မပြင်နိုင်ခဲ့လျှင် ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံရေး အကျပ်အတည်း ဆိုက်နိုင်သည်။ သည်လိုအကျပ်အတည်း ဆိုက်ခဲ့သော် ရှောင်ရှားနိုင်စေဖို့ PRစနစ်ကို စဉ်းစားထားသင့်ကြောင်း အဆိုပြုသက်သက်သာ။ (ကျွန်တော် မမှားဖူးဟုဆိုလျှင် ဆရာကျော်ဝင်း သည်ဆောင်းပါးကို မြန်မာဘာသာသို့ ပြန်ဆိုရေးသားပြီးပြီ ထင်ပါသည်။
    ပြန်လည် ဖတ်ရှုနိုင်ပါ၏)

    အခုတော့ လွှတ်တော်ထဲမှာ သည်ဝေပုံကျ စနစ်ကို ဆွေးနွေးဖို့အထိ နေရာယူလာခဲ့ချေပြီ။
    ပထမ တစ်ခုနှင့်တောင် အသား မကျသေးသည့် ကျွန်တော်တို့ နိုင်ငံကို တောင်စမ်း မြောက်စမ်း မလုပ်စေချင်။ ကျွန်တော်တို့ ငယ်ငယ်က ခဏခဏ ပြောင်းပြောင်းပြီး စမ်းသပ်ခဲ့သည့်
    ပညာရေး စနစ်ကြောင့် ကျွန်တော်တို့ တိုင်းပြည်၏ ပညာရေး ဘယ်လောက် နိမ့်ကျခဲ့ပြီ
    ဆိုတာကို သတိတရား ရကြစေချင်သည်။ ဘာမှ နေသား မကျသေးသော တိုင်းပြည်ကို ဓါတ်ခွဲခန်းထဲ ထည့်ပြီး စမ်းသပ်နေဖို့ မသင့်တော်ပါ။

    တကယ်တမ်း ရွေးကောက်ပွဲ စနစ် အကြောင်း ပြောကြစတမ်းဟေ့ဆိုလျှင် ကျွန်တော်
    တို့ ပြောပါမည်။ ကျွန်တော်တို့ ပြည်သူတွေ လေ့လာနိုင်အောင် ကြိုးစားပြီး တင်ပြ
    ချင်ပါသည်။ သူများပီတိုင်း ကိုယ်မပီပဲ အာချင်သူများကိုလည်း စဉ်းစားကြပါဦးဟု
    ဆိုချင်သည်။

    ရွေးကောက်ပွဲမှာ ကိုယ့်ပါတီက ရသည့်ထောက်ခံမဲ ရာခိုင်နှုန်းအလိုက် လွှတ်တော်ထဲမှာ
    ထိုင်ခုံ အရေအတွက် ခွဲတမ်းရသည့် စနစ်ကို ပီအာရ်ဟု ဆိုရပေမည်။ ဆိုကြပါစို့။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲမှာ တူမောရိုး ပါတီက ထောက်ခံမဲ ၂၅ ရာခိုင်နှုန်း ရခဲ့သော် လွှတ်တော်
    ထဲမှာရှိသည့် ကိုယ်စားလှယ် အရေအတွက်၏ လေးပုံတစ်ပုံ (၂၅ ရာခိုင်နှုန်း)ကို ရမည်
    ဖြစ်သည်။ လွှတ်တော် ကိုယ်စားလှယ် အရေအတွက် ၃၀ဝ ဆိုလျှင် တူမောရိုးပါတီက ကိုယ်စားလှယ် ၇၅ နေရာ ရပေမည်။

    သည်နေရာမှာ မေးစရာ ရှိလာသည်။ တူမောရိုး ပါတီအနေဖြင့် တာမွေမြို့နယ်မှာ ဝင်ပြိုင်ပြိုင်၊ မင်းဘူးမြို့နယ်မှာ ဝင်ပြိုင်ပြိုင်၊ အနိုင်အရှုံး အရေးမပါတော့ဘူးလား။ မဲအရေအတွက်ကိုသာ အဓိက ထားသဖြင့် နိုင်တာရှုံးတာ ဘာမှမလိုတော့ပါဘူး။ ဒါဆို မဲပေးရတဲ့ ပြည်သူတွေက မဲအနိုင်အရှုံး စာရင်းနားထောင်ပြီး ရင်မခုန်ကြရတော့။ မပျော်ကြရတော့။ ဘယ်သူတွေနိုင်ပြီး လွှတ်တော်ထဲ ဘယ်သူတွေ ဘယ်ရောက် ကုန်မယ်ဆိုတာတောင် သိရမှာ မဟုတ်တော့ချေ။ ကိုယ့်မြို့နယ်၏ ကိုယ်စားလှယ်က ဘယ်သူဘယ်ဝါတောင် သိရဖို့ မလွယ်တော့။

    သည်တော့ ပီအာရ် စနစ်မှာ ဘယ်သူ့ကို မဲပေးရမည်နည်း။ ဒါမေးစရာ မေးခွန်းတစ်ခု
    ဖြစ်သည်။ ပါတီကိုကြည့်ပြီး မဲပေးရလောက်အောင် ကျွန်တော်တို့ တိုင်းပြည်က ပါတီတွေ လောက်လောက် လားလား ဖြစ်ပြီလား ပြည်သူတွေ မဲပေးတဲ့ အလုပ်နှင့် ကျင့်သားရပြီလားဟု ဦးဆုံးမေးရတော့မည်။

    ပီအာရ် စနစ်မှာ ပါတီက လူစာရင်းကို ကိုင်ထားသည်။ ကျွန်တော်တို့ ပြည်သူတွေက သည်စာရင်းကို ဘာမှ ပြောင်းပိုင်ခွင့်မရှိ။ ပါတီခေါင်းဆောင်တွေ လက်ထဲမှာသာ အာဏာ
    ရှိ၏။ ကိုယ်စားလှယ်တွေ လက်ထဲမှာလည်း ဘာအခွင့်အရေးမှမရှိ။ ပါတီ ခေါင်းဆောင်
    တွေက မကြိုက်ရင် မကြိုက်သလို ပြောင်းခွင့်ရှိနေသည်။ သည်မှာတင် စာရင်းနဲ့ရွေးမှာလား၊ နယ်မြေ အပိုင်းအခြားနဲ့ ရွေးမှာလား။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးမှာလားဆိုတာ
    တွေကိုပါ ထည့်သွင်း စဉ်းစားရတော့သည်။ မဲပေးမည့် ပြည်သူတွေ အတွက် စိတ်ရှုပ်
    စရာတွေ ရှိပါသေးသည်။ ပီအာရ် ဆိုတာနှင့် ပြီးမသွားသေးပါ။

    ၁။ Cumulation ခေါ် ကိုယ်ကြိုက်လျှင် သုံးမဲအထိ ပေးခွင့်ရှိသော စနစ်မျိုးလည်းရှိနေ ပြန်ပါသည်။

    ၂။ Cross voting ခေါ် တစ်ခါမဲပေးလျှင် ကြိုက်ရာပါတီ သုံးခုလောက်ကို မဲပေးခွင့် ရနိုင်တာမျိုးလည်း ရှိနေပြန်ပါသည်။

    မဲတစ်ခါပေးလျှင် ကိုယ်ကြိုက်တာ ကိုယ်တစ်ယောက်တည်း ရွေးပေးနေရသည့် စနစ်
    မှာတောင် တော်တော် ချာလပတ်လည်နေသည့် ကျွန်တော်တို့ တိုင်းပြည်မှာ ပြည်သူကို စိတ်ဒုက္ခရောက်အောင် မလုပ်ကြစေချင်။ မဲပေးရာမှာ စိတ်ပျက်စိတ်ညစ်ပြီး မဲရုံကို ဝေါနဲ့ပင့်တာတောင် ပြည်သူတွေ လာချင် စိတ်ပျောက်အောင် မလုပ်သင့်ပါ။
    ဒါ ကျွန်တော် အမြွက်ပဲပြောတာဖြစ်သည်။ ပီအာရ် စနစ်အောက်မှာ

    ၃။ Ley de lemas (ခ) သမ္မတ နှင့် ကိုယ်စားလှယ်ကို တစ်ပါတည်း ရွေးပေးရသည့်
    စနစ်လည်း ရှိ၏။

    ၄။ STV (Single Transferable) မဲကို ပထမ ဦးစားပေး၊ ဒုတိယ ဦးစားပေးနှင့်
    ရွေးပေးရတာမျိုးလည်း ရှိ၏။

    ၅။ SV (Supplementry Vote) ခေါ် အပိုဆောင်း ပေးရတဲ့မဲပေး စနစ်ဆိုတာလည်း ရှိသေးသည်။ ကိုယ်ကြိုက်သည့် ပါတီကို ရွေးပေးရသလို တခြားပါတီတွေထဲက
    နောက်ထပ် တစ်ပါတီကိုပါ အပို (အဆစ်) ရွေးပေးခဲ့ရတာမျိုးပင်။

    သည်လောက် ယောက်ယက်ခတ်နေသည့် စနစ်မျိုးကိုမှ တိုင်းပြည်မှာ ကျင့်သုံးတာက ဘာကြောင့်လဲဟု မေးရမည်။ သည်စနစ်ကို လွှတ်တော်က လက်ခံ ဆွေးနွေးတာကိုတော့ အပြစ်မတင် လိုသော်လည်း မရောင်ရာ ဆီမလူး ကြစေချင်ပါ။

    ကျွန်တော်တို့ တိုင်းပြည်မှာ အခုချိန် တကယ်တမ်း အရေးကြီးနေတာက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးသာဖြစ်သည်။ သည်လို အကျပ်အတည်းမျိုးထဲကတောင် မထွက်နိုင်
    သေးချိန်မှာ နောက်ထပ် သပွတ်အူ တစ်ခုကို ချမပြသင့်သေးပါ။ မြန်မာ ပြည်သူ ပြည်သား
    တွေ ခင်မျာ စားဝတ်နေရေး နှင့် ထွေးလုံးရစ်ပတ် ဖြစ်နေချိန်မှာ စိတ်ပျက်အောင်
    စိတ်ရှုပ်အောင် စိတ်အားငယ်အောင် စိတ်ဓာတ်ကျအောင် နိုင်ငံရေးကို စိတ်ကုန်ခမ်း
    သွားအောင် နိုင်ငံရေး သမားတွေ လုပ်နေကြမှာလားဟု တည့်တည့်မေးချင်သည်။

    တကယ်တော့ PR စနစ်ကို အသုံးမဝင်ဖူး၊ မကောင်းဖူးဟု ကျွန်တော်ပြောနေခြင်း မဟုတ်၊ လတ်တလော ကျွန်တော်တို့ နိုင်ငံနှင့် မသင့်တော်သေးပါဟု ဆိုလိုခြင်းသာဖြစ်သည်။ လက်ရှိကျင့်သုံး နေသော First Past the Post ခေါ် သာသူ အကုန်စား စနစ်က တစ်ပါတီတည်းကို လွှတ်တော်မှာ အားကောင်းစေပြီး အာဏာရှင်တွေ ဖြစ်လာ
    စေသည်ဟူသော ရွှေဉာဏ်ရှင် လွှတ်တော် ကိုယ်စားလှယ် မမကြီး၏ စကားကို TV မှာ ကြားလိုက်ရတော့ အံ့အားသင့်မိသည်။ ပြိုင်ပွဲဆိုတာကတော့ ရှုံးမှာကြောက်လျှင်
    စောစောကပင် မဝင်ကြတာ ကောင်းပါသည်။ မဲရုံနှင့် ပြည်သူကျင့်သား ရသွားအောင်
    တော့ စောင့်စေချင်ပါ သည်။

    လမစေ့သော ကလေးအတွက် အန္တရာယ်ရှိပါသည်။ လမစေ့တာကိုမှ ဇွတ်အတင်း
    မွေးချင် နေပါက ကိုယ့်ဖာသာပဲ ဗိုက်ကြီးကြပါဟု ပြောလိုက်ချင်ပါတော့တယ်။

    ဇာဂနာ

    ( Tomorrow သတင်းဂျာနယ်အမှတ်(၁၅)ပါ ဆောင်းပါး )

  • မဟာရာဇာ အံစာတုံး

    July 26, 2014 at 9:26 am

    PR ကြီး လာ၊ မလာတော့ မသိဘူးဗျာ
    ရွာထဲက ဘဖောကြီးကတော့ မြန်မာပြည် ပြန်လာပြီ …
    အဲ့ဒါ … အဲ့ဒါ …

  • အရီးခင်

    July 26, 2014 at 1:30 pm

    ဇာဂနာ ပြောတဲ့
    {ကျွန်တော်တို့ တိုင်းပြည်မှာ အခုချိန် တကယ်တမ်း အရေးကြီးနေတာက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးသာဖြစ်သည်။ သည်လို အကျပ်အတည်းမျိုးထဲကတောင် မထွက်နိုင်
    သေးချိန်မှာ နောက်ထပ် သပွတ်အူ တစ်ခုကို ချမပြသင့်သေးပါ။ မြန်မာ ပြည်သူ ပြည်သား
    တွေ ခင်မျာ စားဝတ်နေရေး နှင့် ထွေးလုံးရစ်ပတ် ဖြစ်နေချိန်မှာ စိတ်ပျက်အောင်
    စိတ်ရှုပ်အောင် စိတ်အားငယ်အောင် စိတ်ဓာတ်ကျအောင် နိုင်ငံရေးကို စိတ်ကုန်ခမ်း
    သွားအောင် နိုင်ငံရေး သမားတွေ လုပ်နေကြမှာလားဟု တည့်တည့်မေးချင်သည်။
    }

    ကျွန်မ အထင်တော့ အင်မတန် မှန် တဲ့ စကားဖြစ်ပါကြောင်း။
    မျှပေးတာ ကျေးဇူးပါ ကိုခန့်။ :-)))

  • မင်း ခန့် ကျော်

    July 26, 2014 at 2:16 pm

    အရီးရေ
    သမိုင်းဆိုတာ ဖြစ်ခဲ့ပျက်ခဲ့တဲ့အတိတ်အကြောင်းကို
    သမိုင်းလို့ပြောရင်မမှားနိုင်ဘူးထင်ပါတယ်။
    သမိုင်းဆိုတာမှာ ကျတော်တို့ မသိနိုင်တဲ့ခေတ်ကလဲပါချင်ပါမယ်။
    သိခဲ့တဲ့ခေတ်ကလည်းပါချင်ပါမယ်။
    မနေ့တနေ့ကကိစ္စတွေလဲပါချင်ပါမယ်။
    သိလိုက်တာရှိသလို မမှီလိုက်တာလဲရှိပါမယ်။
    ဒီတော့ကျတော်တို့ ဘဝရှင်သန်ရပ်တည်ရေးမှာတောင်
    သမိုင်းကိုအသုံးချနေရပါတယ်။
    ဥပမာ- ဟိုနေ့ကငါးသည် ငါ့ကိုအလေးခိုးလွတ်လိုက်တယ်။
    ဒီတော့
    ဒီနေ့အဲဒီငါးသည်ဆီကမဝယ်တော့ဘူး။
    ဟော
    ကြည့် သည်ငါးသည်တယောက်ပဲရှိပါလား။
    ဒါဆိုဒီတခါအလေးမခိုးခံရအောင်လုပ်မှ။
    အဲသလိုသမိုင်းကြောင်းတွေကိုပြန်လှန်ဆင်ခြင်သွားကြရတာ
    မဟုတ်ပါလား အရီးရေ။
    သမိုင်းပညာရှင်တွေက သမိုင်းကို လေ့လာတာ သင်ယူတာဟာ
    ကောင်းတာကို ဆက်ကောင်းအောင်ဆက်လုပ်ဖို့နဲ့
    မကောင်းတာကို ထပ်မလုပ်မိဖို့လို့
    ကျတော်အသင်ခံရဖူးပါတယ်။
    ဒါကြောင့် pr စနစ်ကြီး ဒီအချိန်မှာ ရောက်လာခဲ့ရတာရဲ့
    သမိုင်းကြောင်းကို မျက်နှာမလိုက်ပဲ သင်ယူစေချင်တာ
    ကျတော့်ရဲ့ရည်ရွယ်ရင်းတချက်ပါ။
    အနာဂါတ်ရဲ့အဖြေ ရလဒ်ဟာ
    သမိုင်းကိုဘယ်လို သင်ယူခဲ့သလဲဆိုတာအပေါ်မှာများ
    မူတည်လေ့ရှိသလားလို့ပါ အရီးရေ။
    ၁၉၉ဝ က ရလဒ်
    ၂၀၁ဝ က ရလဒ်
    ဒါတွေကိုတော့ကျတော်မပြောလိုတော့ပါဘူး။
    ခုချိန်မှာတကယ်လိုအပ်နေတာက ၂၀၁၅ အတွက်ပါ။
    ကျယ်ကျယ်ပြန့်ပြန့် တွေးကြပြောကြဖို့လိုပြီထင်ပါတယ်။
    အရီးသာမက
    ကျန်ရွာသူားများရဲ့ pr အပေါ်အမြင်လေးလဲသိချင်ပါတယ်။
    ဟုတ်ကဲ့ပါ အရီးရေ။

    • အရီးခင်

      July 26, 2014 at 2:44 pm

      ဒီအပိုင်း ကတော့ ကိုယ် နဲ့ ထဲထဲဝင်ဝင် မသိတဲ့ အကြောင်း မို့ ဝေဖန်ဖို့ မတတ်နိုင်။
      UK မှာ Voting အတွက် PR မသုံး ပါ။
      PR သုံးချင်လို့ ၂၀၁၁ က referendum လုပ်တာ ပယ် ခဲ့ပါတယ်။
      အများအား မရှိတဲ့ ပါတီ တွေ က တောင်းဆိုခဲ့တာပါ။

      သေချာတာ တစ်ခု က ကျွန်မ မသိ သလို လွှတ်တော်ထဲ က လူအများစု လဲ သိမှာ မဟုတ်ပါ။
      မသိတာ ကို ရိုးရိုး မနေဘဲ တတ်သိသူများ ကို ဆရာမတင်ဘဲ ရမ်းမတီးကြဖို့ဘဲ လိုပါတယ်။

      ဒေါ်အောင်ဆန်းစုကြည် တော့ သိမှာ သေချာပါတယ်။
      သူက အဲဒီ ဘာသာရပ် ဆိုင် တာ စပယ်ရှယ်လစ် မို့ပါ။
      ကိုယ်မသိ တော့ ကိုယ့်ထက် အများကြီးတော်သူ က ပြောသလို ကျွန်မ လိုက်နာမှာ။

      ဒေါ်အောင်ဆန်းစုကြည် စကားဘဲ နားထောင်ရ မယ်လို့ မဆိုလိုပါ။
      ဒါပေမဲ့ ကိုယ့်ထက် ပိုသိသူ ပို နားလည်ကျွမ်းကျင် သူ ဖြစ်သည် ကိုတော့ အသိအမှတ်ပြု ကြဖို့ သင့်ပါတယ်။

      ဘာက ကောင်းတယ် / မကောင်းဘူးဆိုတာ ကိုယ့်သမိုင်း လဲ ကိုးကားဖို့ လှန် မရ။ သူများ သမိုင်း ကို လဲ သုံး မဖြစ်မို့
      မြန်မာပြည်ကတော့ အားလုံး စမ်းတဝါးဝါး နဲ့ ဘဲ သွားရဦး မဲ့ အခြေအနေ တွေ ရှိ နေဦးမှာပါ။
      အဲဒါ ကို လက်ခံပြီး ပန်းတိုင်မှန် အောင် ညီညာဖို့ လိုတာ။

      We all wish for change, but there is no guarantee that change will take place or that it will live up to expectations.
      There is always an element of risk when we step out into the unknown.
      Aung San Su Kyi – The Essential Flame

      PS – အရီး သည် စု မပါပါက စကားမပြောတတ် :-)))

  • kai

    July 26, 2014 at 2:50 pm

    ယူအက်စ်မှာတော့.. ရွေးကောက်ပွဲရာသီဝင်လာရင်.. တိုင်းပြည်ကောင်းတာမကောင်းတာ.. ခဏဘေးချိပ်..
    လူတွေစိတ်ချမ်းသာပြီး.. ကိုယ့်မဲထည့်မယ့်…. ကတိတွေ.. အလုပ်တွေ.. စကားတွေချည်းတွန်းရတာပဲ..
    အိုဘားမားဆို.. ခိုးဝင်ထားတဲ့သူ ၁၂သန်းလောက်ကိုတောင်.. နိုင်ငံသားဖြစ်မယ့်လမ်းပေါ်တင်ပေးမယ်ပြောပြီး..
    ခိုးဝင်သူတွေရဲ့လူမျိုးအများစုဖြစ်တဲ့.. လက်တီနို/နာတွေ မဲအများစုနဲ့.. သမ္မတဖြစ်လာတာ..။

    တပြိုင်ထဲ.. ကိုယ့်ပြိုင်ဖက် ပြုတ်မှာချည်း.. ရှာကြံဖေါ်ထုတ်.. အပြစ်လုပ်ရတာပဲ…။
    ကင်န်ပိန်းတဲ့…။
    ကန်င်ပိန်းအတွက်.. စိတ်ပညာရှင်တွေ.. စိတ်ဓါတ်စစ်ဆင်ရေးပညာတွေ.. လူထုဆက်ဆံရေးအတတ်တွေ… အသားကုန်(အသားကုန်) ငှားရမ်းလုပ်ကြသုံးကြရတာ…
    ငွေတွေကုန်တာမှလည်း… သောက်သောက်လဲ.. ဘီလီယန်…။

    ဆိုတော့…
    မြန်မာတွေ…
    ပီအာတွေ.. ပြင်တာတွေခဏဘေးချိပ်…
    မဲနိုင်အောင်.. နည်းမျိုးစုံသုံးရမယ့်အချိန်ထဲဝင်လာပြီထင်ကြောင်း…။
    ခရိုနီတွေ..ပြာတွေ..ဝါတွေ.. စိမ်းတွေ.. အကုန် ကိုုယ့်ဖက်ပါအောင်ဆွဲစေ့…။
    အာဏာရဖို့.. လုပ်ရန်… သာ..။

    • အရီးခင်

      July 26, 2014 at 2:53 pm

      ဒီတစ်ခါ တော့ တို့ သူကြီးမင်း ပြောတာ သိပ်မှန် တာဘဲ။
      ရွာထဲ က ခရိုမဲ တွေ ကြားတယ်နော်။
      :-)))

  • မင်း ခန့် ကျော်

    July 26, 2014 at 2:52 pm

    ကျတော့်အမြင်ပြောရ ရင်
    အထက်က ကျတော်ရှယ်တဲ့ ဆောင်းပါးရှင်တွေ အဆိုအရ
    (ဒီလောက်ပဲသိတာမို့ မှားနိုင်ပါသည်)
    သုံးခါလောက်ရွေးကောက်ပွဲလုပ်စေချင်ပါသေးသည်။
    လုပ်ကိုးလုပ်ရမယ်လို့ ဆိုလာပါက ခြေဥထဲပင်ထည့်ရေးနိုင်သည်။
    နောက် ၂၀၂ဝ တွင်ကျင့်သုံးနိုင်သည်တို့ပါတို့ပေါ့။
    စတင်ကျင့်သုံးပြီဆိုတာနဲ့ တမတ်သား က ထွက်ပေးရပါမည်။
    အခုပုံစံသည် ၂၅ % + ဝန်ထမ်း 26 % = 51%
    လွတ်တော်ထဲ ကြိုက်သလိုလုပ်ကြပေရော့ ဟု မြင်ပါသည်။
    ဟုတ်ကဲ့ပါ။

  • မင်း ခန့် ကျော်

    July 26, 2014 at 2:59 pm

    မှန်လိုက်ပါဘိ သူကြီးရေ။

    ဒီမှာ ကန်ပိန်းတွေလားဘာလားသူကြီးရေ

    ဒီမှာ တဖက်နဲ့တဖက် ဆဲနေကြတုန်းခင်ဗျ :mrgreen:

  • ခင်ဇော်

    July 27, 2014 at 12:33 pm

    ကိုရင်ခန့်ခန့်ဆန့်ဆန့်ကြီးးးး :mrgreenn:

    ခေါင်းစဉ် Coming မှာ “m” တစ်လုံး ပိုနေတယ်ဗျ။

    ဘာပဲဖြစ်ဖြစ် ပီအာအကြောင်း တစ်စုတည်းဖတ်ရလို့ ကျေးဇူးဘာ။
    :s:

    ဘယ် စံနစ်မဆို အကောင်းအဆိုးရှိပေမဲ့ ဒီ အစိုးရ သုံးတဲ့ သုံးမဲ့ စံနစ်မို့ မဖြစ်စေချင်ပါ။
    ဘယ်လောက် ကောင်းတယ် စံနစ်လို့ ပြောပြော သူတို့ကို မယုံတဲ့ အတွက် ကန့်ကွက်မှာပါ။

    😀

  • မင်း ခန့် ကျော်

    July 27, 2014 at 1:07 pm

    “တိန်”
    တချက်အခေါက်ခံရခြင်း :mrgreen:
    ဒီအစိုးရသုံးမဲ့စနစ်ဖြစ်တာထက်
    တမတ်သားကိုဖြုတ်
    ယွေးကောက်ပွဲကော်မရှင်ကိုပြောင်းဖွဲ့။
    ဒါဆို pr မကလို့
    pr ယောက်ခမကြီးပဲလာလာ
    မကောင်းစရာမရှိ။
    nld ကညှိနိုင်းပွဲဆန်ဆန် ဒေါ်စု ရှင်းလင်းပွဲလုပ်သင့်တယ်လို့
    ထင်ပါတယ်။
    ၁။ ငါးသနလက်မှတ်ကို မြစ်ဆုံလို ရပ်ဆိုင်းပေးမည်။
    အပြန်အလှန်အားဖြင့် pr ကို ပြန်ရပ်ဆိုင်းပေး။
    ၂။ ရွေးကောက်ပွဲကို မူလအတိုင်ပြန်လုပ်ရန်။
    အပြန်အလှန်အားဖြင့် nld မှ နောက်ကြောင်းပြန်စစ်ဆေးမူ့
    များကို မပြုလုပ်။

    ဒီနှစ်ချက်ကို အပြန်အလှန်လေစားလိုက်နာကြလျှင်
    တိုင်းပြည်အေးချမ်းစွာ ချီတတ်နိုင်မည်။
    ဆိုရင်ကော မဖြစ်နိုင်ဘူးလားလို့ပါ။
    ဟုတ်ကဲ့ပါ။
    ကျတော်တို့တောင် ပြေလဲခဲ့သေးတာပဲကို :mrgreen:

    • မင်း ခန့် ကျော်

      July 27, 2014 at 1:12 pm

      ငါးသန်း လက်မှတ်ဟု :mrgreen:
      ph နဲ့ ကတမျိုး
      ကော်နရှင်ကတမျိုး
      စာရိုက်ရတဲ့အကွက်ကတမျိုး
      အဆင်ပြေသလိုသာ ဖတ်ကြပါဗျိုးးး

    • ခင်ဇော်

      July 27, 2014 at 1:21 pm

      အဟင့်။
      မတွေ့ဆုံ မဆွေးနွေးချင်တာက ဘယ်ဘက်ကတုန်းဟင်??

      :hint:

  • မင်း ခန့် ကျော်

    July 28, 2014 at 11:31 am

    အဲဒါကလဲအခက်သား။
    နိုင်ငံရေးနည်းဗျုုဟာတွေထဲမှာ တွေ့ဆုံဆက်ဆံရေးကလည်းအရေးပါတယ်ဗျာ။
    အထူးသဖြင့် ညှိနိုင်းရေးမူး ကောင်းကောင်း
    ရှိသင့်တယ်။
    တွေ့ရမဲ့သူ အဖွဲ့ အခြေအနေပေါ်မူတည်ပြီး
    လိုက်လျောညီထွေ ဆက်ဆံနိုင်မဲ့အဖွဲ့မျိုး ဒေါ်စုဆီမှာ
    ရှိပုံမပေါ်သေးဘူး။
    ဒါကြောင့်ခုထိ ခက်ခဲနေတာလို့မြင်မိတယ်။

    • ခင်ဇော်

      July 28, 2014 at 5:10 pm

      ဪ အဘတို့ဘက်က ရှိတယ်ပေါ့နော်။
      အပြောအဆို သိပ်ကောင်းကြတာပဲ။
      အရမ်းကြွေတယ်ကော။
      အဟစ်။

      :mrgreenn:

  • .PR နဲ့ပတ်သက်ပြီး ကွန်မင့်ရေးချင်တယ်.
    .ဘယ်ပိုစ့်မှာ ရေးရမှန်းလဲမသိ…
    .ဒါကြောင့် ကွန်မင့်ကူးထည့်မိရင် ဆောဒီးနော…

    .ကျုပ်ကတော့
    .ကိုယ်စားဖို့အတွက်ဆိုရင် ဆီဒိုးနားမှာ မနက်စာစားရတာ အင်မတန်ကြိုက်ပါသည်
    .ထို့အတူ
    .တိုင်းပြည်အတွက်ဆိုရင် PR စံနစ်ကိုလဲ အင်မတန်ကြိုက်ပါသည်
    .(ဘာဆိုင်လို့လဲနော် 😀 )

    .ဆိုင်တာပြောပါမည်…
    .ဟုတ်ကဲ့ …..
    .ဦးပါလေရာဆိုသူသည် ဆီဒိုးနားကမနက်စာကို အင်မတန်ကြိုက်ပေမယ့်
    .လောလောဆယ်တော့ ကိုယ့်မှာရှိတဲ့ပိုက်ဆံလေးက ခွင့်ပြုသလောက်ဖြစ်တဲ့
    .စမ်းချောင်း ဗဟိုလမ်းက မုန့်ဟင်းခါးလေးနဲ့ပဲ တင်းတိမ်နေရရှာပါသည်…
    .မသကာ မတင်းတိမ်သေးရင်လဲ အကြော်လေးတစ်ခု အပိုထည့်စားရတာပေါ့နော…..။

    .ထို့အတူ …
    .ဒီ – ရွှေတွင်းငွေတွင်း ပယင်းဒုတ္ထာ ရတနာခွန်နှလီ စုံညီပေါများလှသော
    .ချစ်လှစွာသောနိုင်ငံတော်ကြီးအတွက်ဆိုလျှင်လဲ
    .PR စံနစ်ကို အင်မတန်မှ သွားရေတများများကျလောက်အောင် ကြိုက်နေလင့်ကစား….
    .တခွန်းသောမေးခွန်းကလေးက ကန့်လန့် ခံနေလေသည်….

    ရာရာစစ… အဲဒါကြိုက်ရအောင် နင်တို့က လုပ်ကောလုပ်နိုင်လို့လား ..?

    .ဟွင်း… ဟွင်း ….
    .သန်းကောင်စာရင်းတောင် ကိုယ့်ဘာသာ မကောက်နိုင်တဲ့
    .သူများကူလို့ကောက်ပြန်တော့လဲ အချက်လက်မှန်ရအောင်တောင် မကောက်နိုင်တဲ့ နိုင်ငံကများ…………………………….

    :buu:

    • မင်း ခန့် ကျော်

      July 28, 2014 at 4:50 pm

      ကျေးဇူးပါဦးပါရေ။
      လုပ်နိုင်သည်အထိ ဆွဲဆန့်ပေးချင်ပါသော်လည်း
      တမတ်သားကြောင့် မအာနိုင်ပါဘူးဗျာ။

Leave a Reply