Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိုးလင်​းခွင်​့

naywoon niMarch 9, 20151min66817

မိုးလင်​းခွင်​့

ညဟာ
ဂျူတီ လဲတဲ့ ကင်​းသမားလို
အချိန်​မှန်​​ရောက်​လာ​ပေါ့ ။
အ​ပေါက်​ ဗလပွနဲ့ သူ့အ​မှောင်​စကိုဖြန်​့ခင်​း အဲ့ဒိညက လကို အ​ဖော်​​ခေါ်မလာပါဘူး ။
(ညရဲ့ သဘာဝကို လ, ကဖျက်​ဆီးလို့တဲ့​လေ )
လ, ကလည်​း လ, ပဲ
ညက ​မှောင်​​စေချင်​ပါတယ်​ဆိုမှ
သူက ​လောက ကို အလင်​းဓာတ်​​ပေး​နေတာကိုး ။
ည ဟာ လျှပ်​စစ်​မီးကိုလည်​း မကြည်​ဖြူဘူး
မီးပျက်​​နေတာကိုပဲ သ​ဘောကျသတဲ့
စမ်​းတဝါးဝါး သွားပြီး
ခုလုပ်​တိုက်​လဲရင်​ သူသိပ်​ပျော်​တယ်​ ။
​လောက ကို အ​မှောင်​ချထားပြီး
မ​တော်​​လောဘ သမား​တွေကို
လုပ်​ချင်​ရာလုပ်​ခွင်​့​ပေးထားတယ်​ ။
ပြီး​တော့ ည ဟာ
လျှပ်​စီးလက်​မှာကို​တော့ ​ကြောက်​သတဲ့
သူ့အ​ပေါင်​းပါ​တွေ မ​တော်​ မတရား လုပ်​တာ
​လောက ကြီးကမြင်​မှာစိုးလို့​တဲ့လေ ။
အဲ့ဒိလိုနဲ့ပဲ ည ဟာ
ကမ္ဘာကြီးရဲ့ သက်​တမ်​းထက်​ဝက်​ခွဲ​ဝေယူ​နေရတာ မ​ကျေနပ်​​တော့ဘူး ။
သူလာရမဲ့ အချိန်​ထက်​​စောပြီးလာသလို
သူပြန်​ရမဲ့ အချိန်​ထက်​​နောက်​ကျပြီးမှ ပြန်​​လေ့ရှိလာတယ်​ ။
သဘာဝ တရားက​တော့ ​နေ့ပြီးမှည
ညပြီးမှ​နေ့
တစ်​လှည်​့စီ ခွဲတမ်​းချ​ပေး​နေတုန်​းမှာပဲ

ညက ညစ်​ပတ်​ပြီး နှစ်​​ပေါင်​းငါးဆယ်​​လောက်​
ည, က ခိုးယူလိုက်​ကို​တော့
သဘာဝတရားကြီး မသိ်​​သေးဘူးနဲ့တူရဲ့ ။
သူ(သဘာဝတရားသာ)သိရင်​​တော့
ငါတို့ကို အခုချက်​ချင်​း
မိုးလင်​းခွင်​့ ​ပေးလိမ်​့မယ်​နဲ့တူပါရဲ့ ။။

​နေဝန်​းနီ

17 comments

  • Mr. MarGa

    March 9, 2015 at 12:51 am

    ​ရောင်​နီပျို့​နေပါပြီ​ဗျ
    ကြာ​တော့မယ်​ မထင်​ပါဘု 🙂

  • Kaung Kin Pyar

    March 9, 2015 at 4:20 pm

    ညရဲ့ သဘာဝကို လ က ဖျက်ဆီးလား…
    မှောင်မိုက်ခြင်း သင်္ကေတမှာ…အလင်းရောင်ပျပျတောင် မပါဘူး…
    ကြယ်ရောင် မမှိန်တမှိန်တောင် ညက စိတ်ရှုပ်..
    သူ အိပ်ပုပ်ကြီးနေတာကို အနှောင့်ယှက် ဖြစ်သတဲ့…။

    အလင်းရောင်လာရင် အမှောင်ပျောက်ရမယ်…
    သဘာဝတရားဆိုတာ … တစ်ဖက်ကကြည့်ရင်
    အမှန်တရားလဲ ဟုတ်တယ်….။

    ခုချိန် အမှောင်မှာတော့…ခလုတ်မတိုက်ရအောင်…
    လူရိုက်ခံမထိအောင်…
    ခိုက်မိခြင်းမရှိအောင်…
    လက်တွေ မြဲမြဲတွဲကြစို့ပါ…။

    မျှော်လင့်နေကြသူ…ကိုယ်စီအတွက်…
    နှစ် ငါးဆယ်အလွန် အလင်းရောင်ဟာ…
    မှိန်ဖျော့ဖျော့တော့…ရှိနေပြီ…။

    (မတောက်တခေါက်လေးနဲ့ တတ်ယောင်ကား ဝင်လုပ်ပါသည်….၊ ရွာထဲက ကဗျာဆရာများ စိတ်ညစ်ကုန်ကြရင် ခွေးလွှတ်ပါညှော်..)
    (မှတ်ချက်။ ။ အလင်းရောင် = သာမီးကြိုက်သော မော်ဒယ်ကောင်လေးခပ်ချောချောကို ဆိုလိုခြင်းမဟုတ်ပါ…)
    :k:

    • ခင်ဇော်

      March 9, 2015 at 4:33 pm

      အာ့ တော့ နည်းနည်းများသွားပြီ။
      အလင်းရောင်ရဲ့ ပိုင်ရှင် မမဂျီး အားဂျီး စိတ်ဆိုးဒယ်။

      :k:

    • naywoon ni

      March 9, 2015 at 7:44 pm

      “အလင်​း​ရောင်​ ” ဆိုတာ ​လေးဖြူ သီချင်​းပါ ။ ဘယ်​နဲ့ ​မော်​ဒယ်​ ​ရှော​ရှော​လေး ဖြစ်​သွားရသလဲ ¿ ​ကောင်​းကင်​ပြားရဲ့ 🙂

  • Kaung Kin Pyar

    March 9, 2015 at 5:33 pm

    ငမ့်…
    ကျော်ကျော်ပိုင်မှူးရှိုလို့…..
    :k:

  • Kaung Kin Pyar

    March 9, 2015 at 10:04 pm

    ဆြာနေ
    ဒိတ်အောက်သွားပြီ
    Update တဲ့ မချွိတောင် သိတယ်
    Google မယ် အလင်းရောင်လို့ ရိုက်ထည့်ပြီး Image ခေါ်ကျိ
    ကောင်လေးရှောရှောမယ်။ ပေါ်လာရင် အာ့လေး အာ့လေး
    :mrgreen:

    • မြစပဲရိုး

      March 11, 2015 at 6:04 am

      Google မယ် အလင်းရောင်လို့ ရိုက်ထည့်ပြီး Image ခေါ်ကျိ
      ကောင်လေးရှောရှော လေး ပေါ် လာမယ် ဆိုလို့ ရိုက် ပြီး ရှာလိုက် တာ။
      အလိုလေး ရှော လိုက်တာ။
      သူကြီး မင်း ကူ ပါ။ ပေါ်လာတဲ့ ပုံ ကို ပို့ပေးမယ်။
      ရှောချက်က။ မပြောချင်ဘူး။
      အဲပုံ ကို ပြောတာ တော့ ဝုတ်လောက်ဘူး ထင်ရဲ့။

      အဘနီ စောဒီး နော်။
      ညမှာ အလင်းရောင် ဝင်လာပြီး ဇာတ်လမ်းရှုပ်သွားတာ ကို။ lol:-)))
      =

      • ခင်ဇော်

        March 11, 2015 at 6:13 am

        အာ. လေးး ကို
        ချမ်းးချမ်းး ရဲ့
        သိပ်ချစ်တယ် အရမ်းး မုန်းတယ် အမ်တီဗီမှာ မြင်ပြီးး ကြိုက်ရာက
        နောက်မှ သိရတာက သူက …
        😥

        • Mr. MarGa

          March 11, 2015 at 9:07 am

          ထုံးစံအတိုင်း ဖြစ်သွားပြီမလား
          :mrgreenn:

        • ခင်ဇော်

          March 11, 2015 at 9:08 am

          အင်းးးပါဆို!!!

          :mrgreenn:

      • Kaung Kin Pyar

        March 11, 2015 at 10:16 am

        အရီး
        နောက်ရဝူးလေ…
        :k:
        Google မယ် Web ခေါ်လိုက်ရင်တောင် အပေါ်ဆုံးမှာ ဒင်းပုံတွေ တန်းစီပေါ်လာတာကို….
        ဒီမိုးညိုသားဂျီးနဲ့ လားလားစီပဲ…
        :mrgreen:
        ကွန်မန့်ထဲ ပုံဘယ်လိုထည့်တယ် ကောင်းကင်ပြာမသိလို့…
        အရီးအတွက် အလင်းရောင်ဆိုပြီး…ပိုစ့်တစ်ပုဒ် တင်လိုက်ရမားဟင်….
        :k:

        • ခင်ဇော်

          March 11, 2015 at 10:18 am

          တင်လိုက်။
          တင်လိုက်။
          ဟမ်မငီးးး
          အရီးပုံကိုမမြင်ပဲ ဝင်ပြောမိတာ တလွဲဂျီး

          :p:

        • Kaung Kin Pyar

          March 11, 2015 at 10:27 am

          အလင်းရောင်က နောက်မှ သိရတာက ဘာဖြစ်သွားပြီလဲငင်….မချွိ…
          အချိန်မလွန်ခင်….
          တွမ်လေးဘက် ပြန်လှည့်သင့်ရင် ပြန်လှည့်ထားမှ….
          :k:

  • kai

    March 11, 2015 at 6:29 am

    အလင်းဆိုတာကို.. စွမ်အင်တခုလို့သိရင်.. အမှောင်ကိုလည်း စွမ်းအင်အဖြစ်လက်ခံသင့်သပေါ့..။
    သာမန်ကြည့်ရင်.. မှောင်နေချိန်မီးထွန်းလိုက်ရင်.. အမှောင်ပျောက်.. အလင်းရောက်သမို့.. အလင်းစွမ်းအင်ဟာ.. အမှောင်ကိုခွင်းနိုင်တယ်လို့.. ရှေးလူကြီးတွေသိထားပေးမယ့်…

    အမှောင်ဟာ.. အလင်းထက်စွမ်းပြီး.. စကြဝဌာကြီးကို ဖန်ဆင်းသူစစ်စစ်တဲ့လေ..။
    Dark Energy တဲ့..။
    ဘယ်လောက်လင်းလင်း.. အလင်းထွက်ရာမူရင်းပျောက်တာနဲ့.. အမှောင်က အလိုလိုလွှမ်းယူသိမ်းပိုက်လိုက်တာပဲ..။ :k:
    =
    In physical cosmology and astronomy, dark energy is an unknown form of energy which permeates all of space and tends to accelerate the expansion of the universe.

    • ခင်ဇော်

      March 11, 2015 at 8:47 am

      We can easily forgive a child who is afraid of the dark;
      the real tragedy of life is when men are afraid of the light.

      Plato

      :a:

  • Alinsett@Maung Thura

    March 11, 2015 at 11:31 am

    အဘနီ အခုတလောာာာ
    ကဗျာစာသားတွေ လန်းနေပါလားးး
    အဓိပ္ပာယ်(ညွှန်းဆိုပြသထားရတဲ့ အချင်းအရာတွေ)ကတော့
    မလန်းနိုင်ရှာဘူးဗျာာာာ
    စကားလုံးင်္တွေနဲ့ အဲ့အချင်းအရာတွေကို ဖော်ညွှန်းပြသနေမိတာကိုက
    ကဗျာသမားတွေရဲ့ ချစ်သော ကျိန်စာပါ

    • naywoon ni

      March 12, 2015 at 6:46 pm

      အလက်​ဆင်​းဒါး ​ရေ ဗမာပြည်​မှာ ကဗျာ ဆရာ ဖြစ်​ရတာ ဝဋ်​နာကံနာတဲ့ ( ဆရာ ​အောင်​့ချိမ်​့လား ​ပြောဖူးတယ်​ ) ဟိုး မိုး​ဝေ​ခေတ်​က ဆရာ​မောင်​​လေး​အောင်​က​တော့ ဗမာပြည်​မှာ ​ခွေး​လေ ​ခွေးလွင်​့​တွေပြီးရင်​ ကဗျာဆရာ ဆိုတဲ့ သူအ​ပေါဆုံးတဲ့ ။ ​နောက်​ဆရာ တစ်​​ယောက်​က​တော့ ခု မြင်​​တွေ့​နေရတဲ့ ကဗျာ​တွေထဲ မှာ “ကဗျာ အတု” ​တွေ များ​နေသတဲ့ ကိုယ်​လိုရာ ကိုယ်​ဆွဲယူသုံးနိုင်​​အောင်​လို့ပါ ။

Leave a Reply