Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တနေ့ပြီးတနေ့ (၆) Day by Day (6)

Ma MaMarch 8, 20153min52211

ပထမဦးဆုံး သတင်းကောင်းပါးချင်တာက….

အော်ရီဒူးပြက္ခဒိန် အသစ် ၂ခု ရထားပါတယ်။

 

ရွာထဲကလိုချင်တဲ့သူတွေကို စူပါမားကက်ကြီးတွေမှာ ကံစမ်းမဲပေးသလို First come, First Priority လို့ပဲ ပေးရမလား မသိဘူး။ :kwi:

 

တနေ့ပြီးတနေ့ဆိုပြီး ကာတွန်းပေါ်မှာ ခံစားမိတဲ့ ကိုယ့်အတွေးအမြင်တွေဖြည့်ဖို့အတွက်

ဓာတ်ပုံရိုက်တာမှာ နေ့စွဲတွေပါချင်တော့ အခြားနေ့က စာတွေပါ ပါပြီး အမြင်မရှင်းဖြစ်နေရတယ်။

 

သို့မို့ကြောင့် ပုံတွေကို ဖြတ်ကပ်ညှပ်လို့ရမယ့် နည်းလမ်းလေးများရှိရင် မစ ကြပါလို့ သဂျီးခေါင်းဆောင်သော ရွာသူားအပေါင်းကို မေတ္တာရပ်ခံချင်ပါတယ်။

 

CAM03253

အိတ်ပေါက်နဲ့ ဖားကောက် လို့ဆိုတဲ့ မြန်မာစကားပုံနဲ့ ဆင်တူတယ်လို့ထင်ပါတယ်။

 

အိတ်ပေါက်လို့ဆိုရာမှာတောင်မှ ဘာမှမဖြစ်လောက်ဘူးလို့ထင်တဲ့

အသေးသုံးလေးတွေ စုပေါင်းလိုက်တဲ့အခါ ပမာဏအများကြီးဖြစ်သွားတတ်တယ်

ဆိုတာကို သတိပြုမိစေချင်တာပါ။ :p:

 

CAM03254

ဒီအချက်ကိုတော ့သဘူတော သဘောတူတဲ့သူ မျ ားမယ်ထင်ပါတယ်။ :mrgreen:

ဒီကာတွန်းကိုကြည့်ပြီး  တနင်္လာ ….. အင်္ဂ ါ …..  စနေ…. တနင်္ဂနွေ…. ဆိုပြီး စိတ်ပျက်တဲ့ပုံ၊ ပျော်နေတဲ့ပုံ ကာတွန်းပုံတွေနဲ့ တယ်လီနောက ကြော်ငြာတာကို သွားသတိရမိတယ်။

(ပြည်ပရောက်နေသူတွေတော့ နားလည်နိုင်ပါ့မလား မသိဘူး။)

CAM03255နည်းပညာခေတ်ကြီးမှာ…………….

အရင်းအနှီးကြောင့် ချမ်းသာတာထက်

နည်းပညာကြောင့် ချမ်းသာတဲ့ ငယ်ရွယ်သူတွေကို တွေ့မြင်နိုင်ပါတယ်။

 

ဆန်းသစ်တီထွင်မှုနဲ့ ခေတ်ကြီးကို မောင်းနှင်ကြလို့ ဖုံးဟန်းဆက်တွေဆိုလဲ ပေါ်လိုက်တဲ့အသစ်။

ကားတွေဆိုလည်း ဟိုက်ဘရစ်။

 

ခေတ်နဲ့အညီခံစားဖို့ ပိုက်ပိုက်များများရှိဖို့ပဲ လိုတယ်။ :buu:

 

CAM03256ကြတာ အံ့မခန်းပါပဲ။

 

ဟိုးတုန်းက အရေး အဖတ် အတွက် ဆိုတဲ့ အသုံးလုံးကြေရင်ပဲ လူတန်းစေ့ပြီလို့ ပြောနိုင်တယ်။

ခုခေတ်မှာတော့ ခေတ်နဲ့အမီ လူတန်းစေ့အသုံးလုံးကို ကွန်ပြူတာ အင်တာနက်တွေ သုံးတတ်မှလို့ သတ်မှတ်ကြလေတယ်။

အခုလို နည်းပညာခေတ်လူငယ်တွေအတွက်ကတော့ ခေတ်နဲ့အညီ စဉ်ဆက်မပြတ် လေ့လာနေမှသာ လူတန်းစေ့တယ် ပြောရမယ်။

 

CAM03257၂၃ ရက်နေ့ကာတွန်းမဖတ်ခင်  ၂၄ရက်နေ့ကာတွန်းကို အရင်ဖတ်ဖြစ်ရင် လိပ်ပတ်လည်သွားလိမ့်မယ်ထင်တယ်။

CAM03258

ပါးစပ်ကို ပုံထဲကလိုပဲ သော့ခတ်ထားနိုင်ရင်ကောင်းမယ်။  🙁

 

တခြားတဖက်ကတွေးတော့လည်း ………….

လူမှုပေါင်းသင်းဆက်ဆံရေး၊ စီးပွားရေး ကြီးပွားရေးတွေလုပ်ဖို့ ဒီပါးစပ်က မဖွင့်မဖြစ် ဖွင့်ဖို့လိုသေးတယ်လေ။

 

အဲဒီတော့ နားစိုက်ထောင်ထားမှသာ မှားဖွင့်တတ်တဲ့ပါးစပ်ကြီး အကြိမ်ကြိမ်မှားမဖွင့်မိတော့မှာပေ့ါ။ 🙂

 

CAM03259

စာထဲကလိုပဲ လူတိုင်းနေရာတိုင်းမှာ မျှဝေနိုင်ရင် လူချစ်လူခင်များပြီး အောင်မြင်ပျော်ရွှင်တဲ့ဘဝကို ရကြမှာပါ။

အင်းးးးး လွယ်တော့ မလွယ်လှဘူးလို့ထင်တယ်။ :s:

 

CAM03260

လောကီသားတွေမို့ နှလုံးသားကလာတဲ့ ချျီးမွမ်းစကားက နှစ်သက်ဝမ်းမြောက်မှုကို ဖြစ်စေမှာပါ။

 

ကိုယ့်သဘောနဲ့ပြောရရင်တော့ သဘောရိုးနဲ့ ချီးမွမ်းတာနဲ့တင် လုံလောက်ပါတယ်။

အမြှောက်စကားကိုတော့ မကြိုက်ချင်လှဘူး။

 

ထပ်တိုးချင်တာက စာတစ်ခုမှာဖတ်ဖူးတာ….

ချီးမွမ်းစကားကို လူရှေ့မှာ ပြောပါ။

အပြစ်ပြောဖို့ဆိုရင် လူကွယ်ရာမှာ ပြောပါ တဲ့။ 🙂

CAM03262အရင်ဆုံး က်ုယ့်အစွမ်းအစကို ကိုယ်ကိုယ်တိုင်က ယုံကြည်ဖို့ အရေးကြီးပါတယ်။

 

ကိုယ့်အတွေ့အကြုံနဲ့ ပြောရရင်…..

မနက် ၃နာရီ ထနိုင်ပါ့မလားဆိုပြီး ယုံကြည်မှုမရှိတာနဲ့တင် တရားစခန်းမဝင်ဖြစ်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့တယ်။

 

တကယ်တရားစခန်းဝင်တဲ့အခါ မနက် ၃နာရီထဖို့ မခက်ခဲတဲ့အခါကျမှ

ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိခဲ့မိတာကို နောင်တရတယ်။

 

ဖေဖော်ဝါရီက ၂၈ ရက်ပဲ ရှိတာအပြင် ………..

ဓာတ်ပုံပိုစ့်တင်တဲ့အတွေ့အကြုံရလာလို့

 

ကွန်ကောင်းချိန်မှာ ပုံတွေကိုအရင်ဆုံးတင်ထားပြီး

အားမှစာဖြည့်ရေးလိုက်ရတာမို့ ပိုစ့်တစ်ပုဒ်တင်ဖို့ အတော်လေး မြန်ဆန်လွယ်ကူလာတယ်။

 

ဤတွင်ဖေဖော်ဝါရီလ ပြီးပါပြီ။

 

နေ့တွေ ရက်တွေကို အမီလိုက်နိုင်အောင် ကြိုးစားရာက

နေ့တွေ ရက်တွေကို ကျော်လွန်လာနိုင်တော့မှာ ဖြစ်ပါတယ်။ 🙂

 

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ဆိုသလို

တစ်နှစ်စာ ကာတွန်း ၃၆၅ ကွက်ကို တစ်နှစ်မပြည့်ခင် ပြီးအောင် တင်ပြနိုင်မယ်လို့ ထင်ပါတယ်။

 

ကိုယ့်ကိုကိုယ် ယုံကြည်မှုက မြင့်မားလေတော့……

တဝက်တပျက်နဲ့ ပြီးဆုံးသွားမလားလည်း မပြောနိုင်သေးဘူး။  :bb:

 

11 comments

  • Mr. MarGa

    March 9, 2015 at 12:48 am

    ပြက္ခဒိန်​ နှစ်​ခု ထပ်​ရထားတယ်​လား
    လိုချင်​လိုက်​တာ….ဒါမင်​့ ကိုယ်​က အဲ့​လောက်​မဟုတ်​ ဒါ​လေး ​မှေးဖတ်​​နေလို့ရ​သေးတယ်​
    တစ်​ပုံကို အ​တွေးတစ်​ခုနဲ့ အ​တွေး​တွေ​တော့ ​တော်​​တော်​ရမိတယ်​
    စကားအတင်​းစပ်​
    ပုံကို လိုသေ​လာက်ပဲ crop လို့ရတယ်​​လေ
    ကွန်​ပူတာမှာဆိုရင်​ paint, picture manager အဲဒါ​တွေနဲ့ရမယ်​
    ဖုန်​းမှာဆိုလည်​း default photo editor ​တွေမှာကို ပါပါတယ်​​ဗျ

  • ဦးကြောင်ကြီး

    March 9, 2015 at 1:40 am

    လေရဲမိုးအမျိုး တီမားမားမှာ တူမ ၃၆၅ယောက် ရှိလျင် သိပ်ကောင်းမှာပဲစ်..

  • ခင်ဇော်

    March 9, 2015 at 6:55 am

    ၂၅ ရက်နေ့ အတွက်ကဟာ အလွယ်ဆုံးးပါပဲ ချစ်မမ
    လူတိုင်းကလည်းးး လူတိုင်းး ကိုလည်းး မျှဝေပေးးနိုင်တာပါ..
    ဘာအရောင် အဆင်းးမှ မပါတဲ့ အပြုံးးတစ်ခုလောက် အနည်းးဆုံးးပေးးနိုင်ပါတယ်..
    မမ မှာ ရှိပြီးးသားး မို့ပါ..
    မာန်မာန မပါတဲ့ အပြုံးး မျိုးး ချစ်မမ မှာ ရှိပါတယ်
    :chit:

    • ဦးကြောင်ကြီး

      March 9, 2015 at 10:15 am

      လူမိုက်ခင်ဇော်ကလဲ နုနေဗျံပီ… လေရဲမိုးအမျိုး တီမားမားတူ ခြင်ကျားပူမှာရှိဒါ သိလို့များရား..

  • pooch

    March 9, 2015 at 10:34 am

    အကြိမ်ကြိမ်မှားဖွင့် မိသော အရာမှာ ပါးစပ်ဖြစ်သည်

    မှန်လိုက်တာ ပါးစပ်သော့ခပ်လို့ ရရင် သိပ်ကောင်းမှာပဲ

  • Mike

    March 9, 2015 at 1:13 pm

    .အကြိမ်ကြိမ်မှားဖွင့် မိသော ပါးစပ်ကိုပိတ်ထားလိုက်အုံးမယ်ဗျာ :i:

  • မြစပဲရိုး

    March 11, 2015 at 5:40 am

    ချစ်မမ

    ၁၉ရက် – စီမန်ခန့်ခွဲမှု မှာ တာဝန် နဲ့ မပြီး ထိုက်သင့်သော ပါဝါ ပါ မပေးပါက အလုပ် မဖြစ်ပါ ကြောင်း။

    ၂ဝရက် – ဆွစ်ဇာလန် မှာလား မသိ။ လေးရက်ဘဲ အလုပ်လုပ် ရတယ် ဆိုတာ။

    ၂၃ရက် – သများ ကိုများ တည့်တည့် ပြောလေရော့သလား။

    ၂၄ရက် – ကိုလှဆွေ ပုံများလား။

    မမ ဖြည့်ထားပေးတဲ့
    “ချီးမွမ်းစကားကို လူရှေ့မှာ ပြောပါ။ အပြစ်ပြောဖို့ဆိုရင် လူကွယ်ရာမှာ ပြောပါ ။ ”
    ကောင်းလိုက်တဲ့ စကား။ စေတနာ နဲ့ ပြောတာ သတိပေးတာ ပေမဲ့ နေရာ ဒေသ ဆိုတာ လဲ လိုသေးတာပါ။
    ကျေးဇူးပါ မမ ရေ။

    နောက်တစ်သုတ် မျှော်နေပါပြီ။
    တစ်နှစ်လဲ ကုန် ရော။
    မမ လဲ ဖိုတို့ရှော့ မှာ ဆရာတစ်ဆူ ဖြစ်ရောဘဲ။ ဟန်ကျတယ်။
    :))

  • Alinsett@Maung Thura

    March 11, 2015 at 11:37 am

    .နေရာတိုင်းမှာ
    ဝမ်းမြောက်မှု
    ချစ်ခြင်းမေတ္တာနဲ့ ချီးမွမ်းစကားပေးဝေပါဆိုလို့

    မလုပ်ချင်ပဲ လုပ်ရတာပါဆိုတဲ့ ကျောက်းသားသပိတ်ဖြိဲုခွဲမှု ခေါင်းဆောင်များ ညွှန်ကြားသူများ တော်လိုက်တာ
    ကျေးဇူးတင်လိုက်တာ
    အဖြိုခွဲ ခံရတဲ့ ကျောင်းသားတွေအတွက် ဝမ်းမြောက်လိုက်တာ

    :buu:

  • ခင်ခ

    March 13, 2015 at 5:38 pm

    ၃၆၅ ရက်ကို တစ်နှစ်မပြည့်မှီတင်ပေးမယ်ဆိုပါလား။
    အကြံတစ်ခုပေးကြည့်မယ် နောက်လအတွက် ဒီကမှာကြိုတင်ထားရင် ကောင်းမယ်နော်။
    ပုံလေးတွေဒေါင်းထားပြီး သူ့နေ့နဲ့သူ ကွန်ပျူတာမှာ နောက်ခံလေးထားရင် ဟန်ကျလေမလားပေါ့လေ။

    • Ma Ma

      March 14, 2015 at 8:15 am

      ကြိုးစားနေပါတယ် ကိုခင်ခရေ။ 🙂

  • etone

    April 1, 2015 at 3:53 pm

    စီမံ ခန့်ခွဲမှုမှာ
    အာဏာမရှိ
    တာဝန်သာရှိသည် ဆိုတာလေး အရမ်းသဘောကျတယ် ။

    မန်းနေ့ချ့်မန့် လယ်ဗယ်ကို ယူထားသူအများစုက … တာဝန်ဆိုတာကို မေ့ပြီး အာဏာပြဖို့ချည်းလုပ်နေကြတာ ခဏခဏ မြင်ခဲ့ရတဲ့အခါ …. အရိုသေမဲ့ မဲ့လာတယ် … ။ ခိခိ :mrgreen:

Leave a Reply