Ma MaApril 1, 20156min48914
တနေ့ပြီးတနေ့ ကနေ……… တလပြီးတလ လျှောက်လှမ်းလာတာ…. မေလကို အလှည့်ကျလို့လာပါပြီ။   ဧပြီလက ပိတ်ရက်တွေများလို့ အွန်လိုင်းမတက်ဖြစ်ပဲ ကြွေးကျန်မှာစိုးလို့ မေလကို ကြိုရေးမယ်လို့ တွေးမိတယ်။   ကံကောင်းချင်တော့………. တနေ့ပြီးတနေ့ ပိုစ့်တွေ စတင်ရေးစဉ်က အကုန်မရေးဖြစ်/နိုင်မှာ စိုးလို့ ကိုယ်ကြိုက်တဲ့ ကာတွန်းလေးတွေချည်းပဲ ရွေးပြီးရေးခဲ့တာ မေလထဲက ကာတွန်းတွေဖြစ်နေတယ်။   အဲဒီတော့ မေလအတွက် ရေးစရာနည်းသွားလို့ ဒီပိုစ့်နဲ့တင် အကြွေးရှင်းနို်င်ပါပြီ။ :kwi:    နိုင်သင့်သူ ဆိုတဲ့ စကားလုံးကို အလေးထားပြီး ဖတ်ဖြစ်တယ်။   အနိုင်ပေးဖို့အတွက် သင့်တော်သူ မဟုတ်ပဲ အနိုင်ပေးလိုက်ရရင် မနိုင်၍သည်းခံရခြင်း …… ဆိုတဲ့ မကောင်းတဲ့ အဓိပ္ပါယ်သက်ရောက်သွားလိမ့်မယ်။ :b:     ဒီနေရာမှာ ဦးဆောင်နိုင်သူကို ဦးဆောင်ခွင့်ပေးပါ […]


Ma MaMarch 22, 20154min41912
မြန်မာ့နှစ်သစ်ကူးလဖြစ်တဲ့ ဧပြီလမှာ ပိတ်ရက်တွေများတော့………………. ခရီးသွားသူသွား၊ ရိပ်သာသွားသူသွားနဲ့ သူသူကိုယ်ကိုယ် နေ့စဉ်လုပ်နေကျ ပုံစံခွက်ထဲက လွတ်လပ်ရေးရကြတဲ့လ ဖြစ်ပါတယ်။ 🙂   ကိုယ်တိုင်လည်း ဧပြီလဆို အွန်လိုင်းတက်ချိန်/ရက် နည်းလို့ မတ်လထဲမှာပဲ အကြွေးရှင်းတဲ့အနေနဲ့ ဧပြီလအတွက် ကြိုတင်ပြီး အားထုတ်ရေးသားလိုက်ပါတယ်။   မနာလိုကင်း ဝန်တိုရှင်း လက်ငင်းချမ်းသာရလိမ့်မည်….  လို့ မဟာစည်ဆရာတော်ကြီးက ဆုံးမဩဝါဒပေးပါတယ်။ 🙂     ဟိုးအရင်က တော်ဝင်နှင်းဆီခြံကို ရောက်သွားရင် အဲဒီက နှင်းဆီပန်းအိုးတွေ လိုက်ကြည့်ပြီး သိပ်သဘောကျတာ။   အဲဒါနဲ့ပဲ အဲဒီကပန်းအိုးတွေဝယ်ပြီးစိုက်ဖြစ်တယ်။   စိုက်ပျိုးရေးအသိပညာနဲ့အလှမ်းဝေးတော့ အပင်ကို မပြုစုတတ်၊ မပြုစုတတ်တော့ ပန်းကမပွင့်၊ ပန်းလေးတစ်ပွင့်လောက်ပွင့်ပြီဆိုရင် မခူးရက်၊ မပန်ရက်နဲ့ သွားသွားကြည့်ရတာ၊ ဓာတ်ပုံရိုက်ရတာ အမော။   အဲဒါကိုမြင်ပြင်းကပ်တဲ့ […]


Ma MaMarch 19, 20154min57320
ကျောင်းတုန်းက နောက်ဆုံးနှစ်မှာ အမှတ်တရ စာအုပ်ကလေး လုပ်ဖြစ်တဲ့အခါ လူ့ဘဝထဲကို ဝင်ကြတော့မယ့် (ရုန်းကန်ကြရတော့မယ့်) တပည့်တွေအတွက် ဆုံးမဩဝါဒလေးတွေကို ဆရာ/မများက ရေးပေးကြပါတယ်။   အမြဲတမ်းမှတ်မိနေတဲ့ အဲဒီဩဝါဒတွေထဲကမှ ဆရာဦးတိုင်းအုပ်ရေးပေးခဲ့တာလေးကို မျှဝေပေးချင်ပါတယ်။   အလုပ်တစ်ခုကို လုပ်တဲ့အခါမှာ… ဉာဏ်ကို လွှာပြီး သုံးပါ။ ဝီရိယကို အားကုန် စိုက်ပါ။ ဘာမှဖြစ်မလာတော့ ကံကို ပုံချ လိုက်ပေ့ါ တဲ့။   ကိုယ့်ကိုကိုယ် ဝီရိယရှိသူဖြစ်ချင်လို့……… တနေ့ပြီးတနေ့ကာတွန်းပုံတွေကို နေ့ရက်တွေနဲ့ အမီလိုက်ချင်လို့ ကြိုးစားကာမှ   အင်တာနက်ကွန်နက်ရှင်က ဓာတ်ပုံတင်လို့ မရလောက်အောင် ညံ့လွန်းလို့….. ဒီလိုအခြေအနေမှာ လူဖြစ်လာရတဲ့ ကိုယ့်ကံကိုပဲ အပြစ်တင်ချင်ပါတော့တယ်။   (ကိုယ့်ကိုကိုယ် အပြစ်တင်ခြင်း မဟုတ်ပါ။) :kwi:   အချို့အချို့သောသူတွေက…. ဖြစ်ပြီးခဲ့တာကို […]


Ma MaMarch 17, 20154min58626
  မတ်လဆန်းမှာပဲ ဖေဖော်ဝါရီလအတွက် ပြီးသွားလို့ အမီလိုက်နိုင်တော့မယ်လို့ ထင်မိပေမယ့်   ရက်တွေက ပြေးလွှားသွားနေလို့ ထုံးစံအတိုင်း နောက်ကနေပဲ လိုက်ရပါတော့တယ်။ :a:   ဒီလကတော့ လိုတိုရှင်း လ လို့ ပြောရမယ်ထင်တယ်။   ဆရာအော်ပီကျယ်ရဲ့ လိုတိုရှင်း ကာတွန်းတွေကို ကြည့်ပြီး…..   သဘောတူတာလည်းပါ။ သဘောမတူတာလည်းပါ။   နားလည်တာလည်း ပါ။ နားမလည်တာလည်း ပါ။   ဖြန့်ကျက်တွေးမိတာလည်း ပါ။ ဖြန့်ကျက်မတွေးနိုင်တာလည်း ပါ။   အဲဒါကြောင့် ကိုယ်တွေးမိတာလေးတွေ ဖြည့်ရေးရင်း မလိုက်နိုင်တာတွေကို ချန်ထားခဲ့ပါမယ်။     ဒီကာတွန်းကိုတော့ တဏှာရဲ့သဘောလို့ မြင်မိတယ်။ တွယ်တာမိ မက်မောမိလို့သာ ပင်ပန်းနေရတာပေ့ါ။ :i: ကိုယ်ကတော့ မသိပဲ ပြောချင်တယ်။ […]


Ma MaMarch 8, 20153min32911
ပထမဦးဆုံး သတင်းကောင်းပါးချင်တာက…. အော်ရီဒူးပြက္ခဒိန် အသစ် ၂ခု ရထားပါတယ်။   ရွာထဲကလိုချင်တဲ့သူတွေကို စူပါမားကက်ကြီးတွေမှာ ကံစမ်းမဲပေးသလို First come, First Priority လို့ပဲ ပေးရမလား မသိဘူး။ :kwi:   တနေ့ပြီးတနေ့ဆိုပြီး ကာတွန်းပေါ်မှာ ခံစားမိတဲ့ ကိုယ့်အတွေးအမြင်တွေဖြည့်ဖို့အတွက် ဓာတ်ပုံရိုက်တာမှာ နေ့စွဲတွေပါချင်တော့ အခြားနေ့က စာတွေပါ ပါပြီး အမြင်မရှင်းဖြစ်နေရတယ်။   သို့မို့ကြောင့် ပုံတွေကို ဖြတ်ကပ်ညှပ်လို့ရမယ့် နည်းလမ်းလေးများရှိရင် မစ ကြပါလို့ သဂျီးခေါင်းဆောင်သော ရွာသူားအပေါင်းကို မေတ္တာရပ်ခံချင်ပါတယ်။   အိတ်ပေါက်နဲ့ ဖားကောက် လို့ဆိုတဲ့ မြန်မာစကားပုံနဲ့ ဆင်တူတယ်လို့ထင်ပါတယ်။   အိတ်ပေါက်လို့ဆိုရာမှာတောင်မှ ဘာမှမဖြစ်လောက်ဘူးလို့ထင်တဲ့ အသေးသုံးလေးတွေ စုပေါင်းလိုက်တဲ့အခါ ပမာဏအများကြီးဖြစ်သွားတတ်တယ် ဆိုတာကို သတိပြုမိစေချင်တာပါ။ :p:   […]

CAM032301.jpg

Ma MaMarch 2, 20153min62612
အမြီးအမောက် မတည့်တဲ့ တင်ပြပုံကို ကြည့်ချင်ရင် တနေ့ပြီးတနေ့ ပိုစ့်တွေကို ကြည့်ပါလို့ ပြောရမယ်ထင်တယ်။ :bb:   အစီအစဉ်မကျပဲ ကိုယ်ပြောချင်တာကို ပြောချင်သလို ပြောရင်းနဲ့မှ…..   အော်ရီဒူးကာတွန်းပြက္ခဒိန်ရဲ့ မျက်နှာဖုံး ကာဗာလေးကိုလည်း မှတ်တမ်းတင်ချင်လို့ အပိုင်း ၄ ရောက်မှပဲ ရှေ့ဆုံးစာမျက်နှာကို တင်လိုက်ပါတယ်။ :a:   ဒါကတော့ ဖေဖော်ဝါရီလ တစ်လလုံးကို ခြုံငုံကြည့်နိုင်ဖို့ ဖြစ်ပါတယ်။   သဂျီးဆာဗာကို အားနာသောအားဖြင့် ပုံတွေကို ဆိုဒ်ပြန်ချုံ့ပြီးမှ တင်ပေမယ့်……. အထဲကပုံတွေ သေသေချာချာ မမြင်ရမှာစိုးလို့ ဒီပုံကိုတော့ ဆိုဒ်အကြီးတင်လိုက်ပါတယ်။   ဖေဖော်ဝါရီလ ၁ရက်နေ့က တနင်္ဂနွေနေ့ဖြစ်တာအပြင် ၂၈ရက်ပဲရှိတဲ့လမို့ ပျော်စရာလလို့ ပြောရမယ်ထင်တယ်။ :))   ဆရာအော်ပီကျယ်ကတော့ အလုပ်ပင်ပန်းတဲ့ပုံကို ဆွဲထားတော့ မောချင်ချင်။ […]


Ma MaFebruary 26, 20155min50822
          တနေ့ပြီးတနေ့ သွားလိုက်တာ နံပါတ် ၃တောင် ရောက်လာပါပေ့ါ။ မပြီးခင်တော့ မဖြစ်နိုင်မယ့်ပုံပေါက်မှာပဲ (တနေ့ပြီးတနေ့ ၁မှ) ဆိုတာရယ် မစခင် ဘယ်လိုဆုံးမလဲ တွေးပါ (တနေ့ပြီးတနေ့ ၃တွင်) ဆိုတာရယ်ကို အရင်ဆုံးဖတ်မိရင် အခုပိုစ့်တွေ ရေးဖြစ်မှာ မဟုတ်ဘူး။  :((   ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ဆိုသလို ဇွဲကလည်း မရှိတော့……. စချင်သလို စပြီး ဆုံးချင်သလို ဆုံး ရတော့မှာပဲ။ :a:     အရွှေ့နဲ့ အရွေ့ ဘယ်ဟာကြိုက်ကြမလဲဆိုတာ ပြောစရာမလိုအောင် ရှင်းလင်းပြီးသား ဖြစ်ကြပါလိမ့်မယ်။   ဒီနေရာမှာ မြန်မာစာပေရဲ့ ထူးခြားမှုကို ပြောချင်မိတယ်။ အရွှေ့ နဲ့ အရွေ့ လျှောက်တာ […]


Ma MaFebruary 19, 20153min56120
မြှောက်ပေးတဲ့သူတွေကလည်း မြှောက်ပေးတယ်။ က ချင်တဲ့သူကလည်း ဆိုင်းဝို်င်းမစခင်ကတည်းက လက်ချိုးပြီးသား ဖြစ်နေတယ်။ 😳   အော်ရီဒူးရဲ့ ကာတွန်းပြက္ခဒိန်လေးကို ခံစားမိသလိုလေး တင်ပြချင်ပါတယ်။   မှားယွင်းတာ ပေါ့ပျက်တာတွေလည်း ပါနိုင်တာမို့ ဆရာအော်ပီကျယ်ကို ဒီနေရာကနေပဲ တောင်းပန်ချင်ပါတယ်။   ပဏ္ဍိတာရာမ ဆရာတော်ကြီးရဲ့ ဆုံးမဩဝါဒစကားထဲကလို … ဟာနေတာဖြည့်၊လိုနေတာစွက်၊လွဲနေတာ တည့်ပေးကြဖို့လည်း မျှော်လင့်ပါတယ်။         အနုပညာရှင်တွေကတော့ မနေ့ကငါနဲ့ ဒီနေ့ငါ ယှဉ်ပြိုင်တယ်လို့ စကားလှလှပြောတတ်ကြတယ်။ ကိုယ့်အမြင်မှာတော့ သူနဲ့ငါ ယှဉ်ပြိုင်ကြတာပဲ။   တိုးတက်တာကိုတိုင်းတာရာမှာ တိုင်းတာပုံလည်း ကွာနိုင်တယ်။ တိုင်းတာတဲ့ပေတံလည်း ကွာနိုင်တယ်လို့ ထင်တာပဲ။  :byee: ဘယ်အရာမှ အလကားမရဘူး။ ရယူမှုအတွက် ပေးဆပ်မှုဆိုတာ ရှိရမယ်လို့ နားလည်မိပါတယ်။ ပုံကိုကြည့်ရတာတော့ […]


Ma MaFebruary 14, 20153min44720
နှစ်သစ်တစ်နှစ်ပြောင်းတိုင်း ပြက္ခဒိန်အသစ်တွေ လက်ဆောင်ရတတ်ပါတယ်။   ဒီနှစ်တော့ ကာတွန်းပုံလေးတွေနဲ့ အတွေးအခေါ်ပေါင်းမြောက်မြားစွာကို ပီပြင်စွာ၊ ထိရောက်စွာ၊ ထူးခြားစွာ တင်ပြထားတဲ့ အော်ရီဒူးပြက္ခဒိန်လေးကို  ကြိုက်လွန်းလို့  ပြန်လည်မျှဝေပေးချင်ပါတယ်။   ကြိုက်ရတဲ့အထဲမှာ စာလုံးပေါင်းသတ်ပုံ မှန်အောင် အထူးဂရုစိုက်ထားတာကလည်း တစ်ခုအပါအဝင်ပေ့ါ။   ပျင်းရိလေးတွဲ့သူတို့ရဲ့ထုံးစံအတို်င်း ၂၀၁၅ နှစ်သစ်က အကြံအစည်ဟာ  ၁လကျော်မှပဲ အကောင်အထည်ဖော်ဖြစ်တာတော့ ရှက်မိပါတယ်။ :s:   ပြက္ခဒိန်ကိုကြည့်ပြီး ကာတွန်းတွေကို သဘောကျလို့ တနေ့ပြီး တနေ့ သူ့ရက်နဲ့သူ ကာတွန်းကို ခံစားတင်ပြမယ်။ ဖတ်မိ ကြည့်မိသူတွေက သူတို့အမြင်တွေကို ကွန်မန့်ကတဆင့်ပြောကြရင်း အတွေးအမြင်တွေ စုံသွားမယ်လို့ စိတ်ကူးယဉ်မိတယ်။ :kwi:   ဒါပေမယ့်လည်း အလုံးစုံပြီးပြည့်စုံဖို့ဆိုတာ မဖြစ်နိုင်တော့ တတ်နိုင်သမျှအကောင်းဆုံးလုပ်ဖို့ပဲ ကြိုးစားရတော့တာပေါ့။ 😆   ကဲ-အကောင်းဆုံးအချိန်မှာ […]