Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နားဦးတည့်ရာ နှစ်ဆယ့်တစ် (ABBA -The Winner Takes It All)

နားဦးတည့်ရာ နှစ်ဆယ့်တစ် မှာ ၂၁ ပေါက် ကစား ရတဲ့ ဖဲ အကြောင်း ရေးရမလားဘဲ။ lol:-))
ဂျိုကာ မပါတဲ့ ပွဲမှာ Ace က အကောင်းဆုံး ကဒ် မို့ Ace  ကို မျှော်ကြ ရတယ်။
ဘယ်သူမဆို ကိုယ့်လိုချင်တဲ့ ကဒ် သူများ ရ သွားတာ ကို ဘယ်လိုချင်ပါ့မလဲ။
ဒီတော့ ကစားပွဲ ထဲ ထိုင် လိုက်ပြီ ဆိုတာ နဲ့ ဝိုင်း ထဲ က သူတိုင်း ကိုယ့် ပြိုင်ဘက် ဘဲပေါ့။

(က)
. ပြီးခဲ့တဲ့ ရက်ထဲ မှာ ဖဘ ထဲ သူငယ်ချင်း တစ်ယောက် က သူတို့ အိမ်ထောင်ရေး အဆင်ပြေ ရခြင်း ရဲ့ ဇစ်မြစ် အကြောင်းအချက် ကို မျှထားတယ်။
အိမ်ထောင်မပြုခင်ထဲ က နှစ်ဦးသဘောတူ ပြောထားတာ တွေ / စည်းကမ်းချထား တာ တွေ ရှိ ဆိုဘဲ။
သိကြတဲ့ အတိုင်း ဘာမလုပ်ရ၊ ညာမလုပ်ရ၊ ဘာလုပ်ပါ၊ ညာလုပ်ပါပေါ့။
သူများ အတည်ရေးတာ ကို သွားနောက်လိုက် မိသေးတယ်။
“စက်ရုပ်” တွေ အတွက် လိုက်နာရမဲ့ instruction တွေလား ?
“ကစားပွဲ” ထဲ လိုက်နာရမဲ့ rule  တွေလား? …  လို့။ :-))

(ခ)
. ပြီးခဲ့တဲ့ လ ထဲ မှာ အရမ်းခင်တဲ့ သူငယ်ချင်း စုံတွဲ တရားဝင် ကွဲ ခွင့် ရသွားတယ်။
ခွဲ နေကြတာကတော့ လွန်ခဲ့တဲ့ သုံးနှစ် လောက် ကထဲ ကဘဲ။
တကယ်တော့ သူတို့ လောက် အတွဲညီ၊ အတွေးညီ တဲ့ စုံတွဲ မရှိဘူး။
အံ့ဩဖို့ ကောင်းတာက ကွဲ ပြီးလဲ သူတို့ ဟာသူတို့ အဆက်အသွယ် မပြတ်ဘူး။
ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် ရှိနေဆဲဘဲ။
လင်မယား မဟုတ်တာကလွဲ လို့ သူငယ်ချင်း အရင်း တွေ လို ရှိနေကြဆဲ။ 🙄

(ဂ)
ဘာရယ်မဟုတ်။ တွေး ကြည့် မိတယ်။
အိမ်ထောင်ပြုတာ
(၁)  Game တစ်ခု ကို ကစားသလို Rule တွေ ရဲ့ ဘောင် ထဲ မှာ နေပြီး အဲဒီ ချထား တဲ့ Rule  တွေ ကို မချိုးဖောက် အောင် ထိန်း နေရ တဲ့ သဘောလား?
ဒါမှမဟုတ်
(၂) စွန့်စားရတဲ့ လမ်း တစ်ခု ကို သွားနေတဲ့ လူ တွေ လို ဘာမှန်းမသိ ဖြစ်လာမဲ့ အန္တရာယ် တွေ ကို အတူတူ လက်တွဲ ဖြေရှင်း ကြရတဲ့ သဘောလား?

(၁) အလို အတိုင်း သာ ဆိုရင်တော့ အဲဒီ နှစ်ယောက် ဟာ ကစားပွဲ ထဲ က ပြိုင်ဘက် တွေ ဘဲ။
တစ်ယောက် က တစ်ယောက် ကို ဘယ်သူ က Rule  ကို ဖောက်မလဲ စောင့်ကြည့် ရတော့မှာ။
အမှား လုပ်မိရင်လဲ စည်းဖောက်သူ အတွက် ပြစ်ဒါဏ် ခတ် နိုင်မယ်။ ကစားပွဲ ထဲ က ထုတ်လိုက်နိုင်တယ်။

(၂) အလို အတိုင်း ကတော့ တစ်ယောက် က အမှားလုပ်ခဲ့ မိရင် သူ့ကို ထုတ်လိုက်လို့ မရဘူး။ ခရီး ဆုံး အောင် အထိ ဒီ လူ က လိုနေသေး တယ်။
ဒီတော့ သူမှား တာ ကို ကိုယ်က ပြန်ဖေးမ နိုင်သလောက် ဖေးမပြီး နေရမှာဘဲ။
စိတ်ဆိုးဖို့၊ စိတ်ဓာတ်ကျဖို့၊ စိတ်ပျက်ဖို့ အချိန်မရှိဘူး။
လင်မယား စုံတွဲ တွေ ကြား ကစားပွဲ လို အိမ်ထောင်ပြု မိရင်
ပွဲပျက်မှာစိုးလို့ စည်းဖောက် နေတာ မြင်လဲ မသိချင်ဟန် ဆောင် ပြီး အတွင်းကြိတ် အနာဖြစ် နေရတဲ့ သူတွေ ရှိနေ မှာလား။
အဲဒီ ပွဲကို ဖျက် ဖို့ အတွက် စည်းအပြင်မှာ တတိယ လူတွေ က ရှိနေတတ်တာ ကြောင့်လဲ ဖြစ်တာများတတ်တယ်။
အဲဒီ တတိယလူ တွေ ဆိုတာ က တစ်ချို့လဲ နှစ်ဖက် ဆွေမျိုး တွေ ဖြစ်တတ်သလို တစ်ချို့ လဲ သူငယ်ချင်းတို့ လုပ်ဖော်ကိုင်ဖက် တို့ အီစီကလီ တို့ လဲ ဖြစ်နိုင်ပါတယ်။

လူတွေ ဆိုတာက တစ်ယောက် နဲ့ တစ်ယောက် ဘဝ ရှင်သန်ချင် ပုံခြင်း မတူတာမို့ အိမ်ထောင်ရေး အဆင်ပြေဖို့ ကို ဘယ်လို ဘယ်ပုံ ဘယ်နည်း တွေ လုပ်ရမယ် ဆိုပြီး တော့ တသမတ်ကြီး ပြောဖို့ မဖြစ်နိုင်ပါဘူး။

ဒါပေမဲ့ သတိလေး ပြုစေချင်တာ က
လူ နှစ်ယောက်ကြား မှာ  ….
– အားပါတရ ရီ နေနိုင်တဲ့ အကြောင်းတွေ မကြာခဏ ဖန်တီးနိုင်ဖို့
– ကိုယ့်ကိုယ်ကို ရော တစ်ဖက်လူ ကိုပါ အင်မတန် ပြည့်ဝ ပြီး Perfect  ဖြစ်နေသူ လို့ မခံယူဘဲ အမှား လုပ်မိရင်လဲ အမြန် ဝန်ခံတတ်ပြီး အပြင်မနှေး ဘဲ သင်ခန်းစာယူတတ် ဖို့
– လင်မယား ပေမဲ့ လင်မယားလိုထက် သူငယ်ချင်းဆက်ဆံရေး ကို ပိုပိုပြီး ကြီးထွားအောင် ပျိုးထောင်နိုင်ဖို့
– တစ်ယောက် နဲ့ တစ်ယောက် ပြိုင်ဖက် လို သဘောမထားဖို့
အဲဒီလို အချက် တွေ ကိုပါဘဲ။

အရေးအကြီးဆုံး ကတော့ နှစ်ယောက်ပေါင်း ဘဝ မှာ ကိုယ်ကချည်း တစ်ဖက်သတ် ကောင်းရုံ နဲ့ ခိုင်မြဲ မယ်လို့ မှန်းမရတာမို့ ….
မစ ခင်ကထဲ က နှလုံးသား နဲ့ ချည်း မကြည့်ဘဲ နဲနဲပါးပါးလဲ ဦးနှောက် လေး လဲ သုံးနိုင်မှ ကိုယ် နဲ့ ကိုက်ညီ မဲ့ သူ ကို တစ်ဆုံး လက်တွဲ သွားနိုင်မယ် ထင်တာပါဘဲ။

နှလုံးသား နောက် မှာ ဦးဏှောက် ကိုပါ Judge အဖြစ် ထည့်ထား ရဲ့ သား နဲ့ ရင်နာစရာ ကြုံ ခဲ့ ရင်တော့လဲ
ကစားပွဲ ထဲ မှာ အံဇာလှည့် တဲ့ နတ်သိကြား များ က သွေးအေးအေး နဲ့ ကိုယ့်ကို ညစ် လိုက် တယ်လို့ ဘဲ မှတ်လိုက်သင့်သလားပါဘဲ။ (ခ) မှာ ပြောခဲ့တဲ့ သူငယ်ချင်း နှစ်ယောက် လဲ ဒီ လို ဖြစ်သွားတယ် မှတ်ပါတယ်။
ABBA ရဲ့ The Winner Takes It All ဆိုတဲ့ သီချင်း ထဲ က စာသား ပေါ့။
“The gods may throw the dice … Their minds as cold as ice”
အဲဒါ ကို ပြန်ကြားလာတာ မို့ ဒီ အပါတ် နားဦးတည့် မိ လိုက်ခဲ့တာပါ။

ဒီ သီချင်း မှာ ရာဇဝင် ရှိပါတယ်။
ABBA အဖွဲ့ က စုံတွဲ တစ်တွဲ  Björn Ulvaeus(B) နဲ့ Agnetha Fältskog(A) တို့ ရဲ့ အိမ်ထောင်သက် ရနှစ် ပြီး အကွဲ မှာ ထွက်လာတဲ့ သီချင်းပါ။
သီချင်း ကို ရေးတာ Björn Ulvaeus ပါ။
သူကတော့ ဒီ သီချင်းက သူတို့ နဲ့ မဆိုင်ပါဘူး လို့ငြင်းခဲ့တယ်။
သူတို့ ကွဲ တာ မှာ နိုင်သူ၊ ရှုံးသူ မရှိခဲ့ပါဘူး တဲ့။

ABBA – “The Winner Takes It All”
I don’t wanna talk
About things we’ve gone through
Though it’s hurting me
Now it’s history
I’ve played all my cards
And that’s what you’ve done too
Nothing more to say
No more ace to play

The winner takes it all
The loser’s standing small
Beside the victory
That’s her destiny

I was in your arms
Thinking I belonged there
I figured it made sense
Building me a fence
Building me a home
Thinking I’d be strong there
But I was a fool
Playing by the rules

The gods may throw the dice
Their minds as cold as ice
And someone way down here
Loses someone dear
The winner takes it all
The loser has to fall
It’s simple and it’s plain
Why should I complain?

But tell me does she kiss
Like I used to kiss you?
Does it feel the same
When she calls your name?
Somewhere deep inside
You must know I miss you
But what can I say?
Rules must be obeyed

The judges will decide
The likes of me abide
Spectators of the show
Always staying low
The game is on again
A lover or a friend
A big thing or a small
The winner takes it all

I don’t wanna talk
If it makes you feel sad
And I understand
You’ve come to shake my hand
I apologize
If it makes you feel bad
Seeing me so tense
No self-confidence
But you see
The winner takes it all
The winner takes it all…

22 comments

  • ခင်ဇော်

    May 16, 2015 at 6:07 pm

    Gone Girl ရုပ်ရှင်ကို ကြည့်ပြီးး အိမ်ထောင်ရေးး နဲ့ ပတ်သက်တဲ့ အတွေးးတွေ ရေးးချင်နေတာ…
    စိတ်ထဲတော့ စာစဉ်ပြီးးပြီ..
    ဒီ ပို့စ် ကို ပြန်ပြီးး refer မယ်နော်..
    🙂

  • Ma Ma

    May 16, 2015 at 6:26 pm

    အနာဂတ်ဆိုတာ ကြိုမမြင်နိုင်တဲ့အရာမို့ တချိုု့ဆို တစ်ဘဝလုံးစာ စီမံကိန်းအကြီးကြီးချပြီး ကြိုးစားပေမယ့် ရလဒ်ကောင်းတွေ ဖြစ်မလာတာ၊
    နှစ်ဘက်စလုံးက ကြိုးစားပါလျှက်နဲ့ ကြိုတင်မှန်းဆထားတာနဲ့ တလွဲတွေဖြစ်လာတာလည်း ရှိနိုင်တယ်။
    ကံစီမံရာလို့ ပြောရင်လည်း သဂျီးနဲ့တွေ့အုံးမယ်။ :a:

    • ဂျက်စပဲရိုး

      May 18, 2015 at 8:27 am

      ဆယ်တန်း ဖြေတုန်းက အမေ ပြောဖူးတယ်။
      ကံ ဉာဏ် ဝီရိယ ဆိုတာ လိုတယ် တဲ့။

      စာကျက်တာ ကြိုးစားတာ နားလည်အောင် လုပ်တာ တွေက ကိုယ့်ဘက်ကနေ လုပ်နိုင်တဲ့ ဉာဏ် နဲ့ ဝီရိယ

      စာမေးပွဲ ဖြေဖို့ အသွား လမ်းမှာ ကားပျက် ကားပိတ်တာ
      စာစစ်မယ့် ဆရာက ကိုယ့် အဖြေလွှာ စစ်မယ့် နေ့ကျတော့မှ အိမ်နဲ့ အဆင်မပြေဘဲ စိတ်ထဲ ခု နေတာ
      ရာသီဥတု ကြောင့် နေထိုင်မကောင်း ဖြစ်ချင်တာ တွေကျတော့ ကံ တဲ့

      မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုပေမယ့် အဲ့လို အဖြစ်တွေကျတော့ ကိုယ်လဲ မတတ်နိုင် း)

      • မြစပဲရိုး

        May 21, 2015 at 2:16 am

        မောင်ဂျက် ရေ
        အမှန်ပါဘဲ။
        လက်ရှိ “ကံ” ဆိုတာ အလုပ် လို့ ဆိုနိုင်ပါတယ်။
        အတိတ် “ကံ” ကတော့ ကိုယ့်ရဲ့ ထိန်းချုပ်မှု ထဲ မပါဘူး။
        အဲဒီ အတိတ်ကံ ကို ပြောင်းပစ်လို့ ရ မရ တော့ မသိဘူး။
        ဗေဒင် ယတြာ တွေ နဲ့တော့ လက်ရှိကံ ကို ပိုကောင်းဖို့ လုပ်တတ်စီမံ တတ်ကြတာကတော့ တို့ရွှေပြည်ကြီး ထဲ မဆန်းတော့ဘူး။
        တစ်ခါတစ်ခါလဲ အင်မတန် ချမ်းသာနေသူများ က ဒါတွေကို ပိုလို့ လုပ်နေတာ တွေ့မိတယ်။
        တစ်ချို့ လက်ရှိမှာ ဘာမှ အရည်အချင်းမရှိပါဘဲ ချမ်းသာနေတာတွေဟာ အတိတ်ကံ ကြောင့်လား ဒီလို ယတြာတွေကြောင့်လား လို့တောင် တွေးမိတာ။
        ကြုံတုန်းပြောရရင်
        တကယ်တော့ ဗေဒင် လက္ခဏာ ပညာ က ဆန်းတော့ ဆန်းသား။
        အရီး တို့ ငယ်ငယ် က ဦးလေး သူငယ်ချင်း ဗေဒင်ဆရာ မိတ်ဆွေတစ်ယောက် ရှိတယ်။
        သူဟာတာတွေ မှန်တယ် လို့ ပြောကြတာ။
        သူ့အလုပ်က ရဲမှူး ကို ဝါသနာပါလွန်းလို့ လေ့လာပြီး အသိ တွေ ကို ဟောနေတော့တာ။
        အမေက အရီးတို့ မောင်နှမ တွေရဲ့ ဇာတာတွေ၊ မွေးသက္ကရာဇ်တွေ ပေးပြီး မေးတော့တာ။
        အဲဒီအချိန် အရီးက ၁ဝတန်းလောက်ပေါ့။
        အစ်ကို မောင် တွေ နဲ့ နှိုင်းရင် သူတို့ ထက်တော့ စာမှာ အပုံကြီးတော်တယ်ခေါ်မှာပေါ့။
        ဒါပေမဲ့ အရီးရဲ့ ပညာရေး က ဆုံးခန်းမတိုင်ဘူး လို့ ပြနေသတဲ့။
        ကိုယ်က မယုံတော့ စိတ်ထဲ မှာတောင် မထားပါဘူး။
        အမေ့ ကတော့ အရီး ပညာရေး အတွက် မှန်းပြီး တစ်ပါတ် တစ်ခါ ဆွမ်းလောင်း တော့တာဘဲ။
        အဲဒီက လောင်း နေတာ အခုထိကို မပြတ်ဘူး။
        နောက်ဆုံးတစ်ခါ ဘွဲ့အတွက် အပြီးမှာတော့ စာမေးပွဲ ဆို တော်ပါပြီ လို့ ဆုံးဖြတ်ပေမဲ့ အကြောင်း အမျိုးမျိုး နဲ့ ထပ်ထပ် ဖြေလိုက်ရတဲ့ စာမေးပွဲ။
        အခုလဲ မပြီးသေး တဲ့ ပန်းချီကား တစ်ချပ် အတွက် ဆက်ဖြေ ရဦးမယ်။
        မနေ့ကဘဲ သိလိုက်ရပြန်ပြီ။
        အဲဒါကို မြန်မာပြည်ထဲ သုံးချင်ရင် မြန်မာပြည် က စစ်တဲ့ စာမေးပွဲ တစ်ချို့ ပြန်ဖြေရမတဲ့။
        ကောင်းပါလေ့။
        မြန်မာပြည် က ဘွဲ့ ကို လက်မခံ လို့ သူများဆီမှာ စာမေးပွဲ တစ်ချို့ ဖြေရ။
        သူများ ဆီက ဟာကိုလဲ ပြည်တွင်းမှာ သုံးဖို့ ပြန်ဖြေရ။
        ဟိုပင် ဒီပင် ကူးချင်မိတဲ့ ကိုယ့် အဖြစ် လို့ဘဲ ထားပါတော့ မယ်။
        ပြောလိုရင်းက ဒီ အိုကြီးအိုမ အသက်အရွယ်ထိ ပညာရေးကို ဆုံးခန်းမသတ်နိုင်သေးတာ ကိုယ့် ဇာတာ ကဘဲ ပါလာတာလား။
        ဒါမှမဟုတ် အမေ့ ရဲ့ ယတြာ ကဘဲ စွမ်းသလား။
        မသိတော့။ lol:-))))))))))))))))))))))))))))))
        ဒါပေမဲ့
        အခုချိန်မှာတော့ ကံ ဆိုတာ ကို ငယ်တုန်းကထက် ပိုပိုပြီး မြင်လာတယ်၊ ယုံလာတယ်။
        . နိုင်ငံခြား က Research တွေ အရ ဆို လူတွေ ရဲ့ ဇာတာပေးပြီး သူတို့ အကြောင်း ဟောခိုင်းတာ ယေဘူယျ ၅၀% လောက်ဘဲ မှန်သတဲ့။
        ဒါပေမဲ့ ၅၀% ဆိုတာ 50-50 အချိုးနော။ ပြောရခက်သား။
        ဒီတော့ ဖြစ်ချင်ရာဖြစ် မောင်ဘချစ် ဘဲ စိတ်ထားလိုက်တော့တယ်။

  • မြစပဲရိုး

    May 16, 2015 at 7:26 pm

    . ကျေးဇူးကြီးပါ ဇီကလေးနဲ့ ချစ်မမ။
    . သက်တမ်းရင့်လာ လေလေ ပလန်တွေ နဲ့ လွဲပြီး ဖြစ်ချင်တိုင်း ဖြစ်နေတာ တွေ များလာလေလေ ကံ ဆိုတာ ကို ယုံချင်လိုပိုရှိလာလေ မို့ အစိမ်းချယ်လိုက်ပါတယ် ချစ်မမ။
    ပလန် နဲ့ အတိုင်း လိုချင်တဲ့ နံပါတ် တက်မလာ ဘဲ ပိုကောင်းတဲ့ အတွဲ ဖြစ်စေတဲ့ ဖဲကဒ် ကို အတင်းထိုးပေး တဲ့ Gods များ ရှိခဲ့ ရင် ကျေးဇူးကြီးပါလို့။
    ပလန် နဲ့ လွဲ ပြီး ပေါက်ကရဖြစ်သွားမဲ့ ကဒ် ပေးမယ် မှန်းရင်တော့ အဲဒီ Gods များ လာမရှုပ်ဘဲ ဝေးဝေး မှာ ပျော်သလို ကွကိုယ် နေကြပါ လို့။ :-))))

  • padonmar

    May 16, 2015 at 8:06 pm

    ငယ်တုံးက အဲဒီ ABBA အဖွဲ့ကို သိပ်ကြိုက်ခဲ့တာ။သူတို့ရဲ့ ရှေ့ B ကပြောင်းပြန်လေးလေ။ဘီနှစ်လုံးကျောကပ်လေး။
    I Have a dream, Chiquitita ,Thank you for the music အဲလောက်ပဲ မှတ်မိတော့တယ်။
    ဒီသီချင်းပြန်နားထောင်၊စာသားလေးဖတ်ရင်း သီချင်းပိုင်ရှင် ကိုယ်စား ကြေကွဲမိပါတယ်။
    ကိုယ့်မှာ အဲလို Rules တွေ ပညတ်တော်ဆယ်ပါးတွေ ထုတ်ရမယ့် အထုတ်ခံရမယ့်သူ မရှိမိတာရော၊
    ထပ်ဆင့်ပြီး သူ့အပေါ်ခံစားချက်က ငါ့တုံးကနဲ့ တူတူပဲလားလို့ မေးစရာ မရှိမိတာရော၊
    ကိုယ့်ကိုကိုယ် ငါကွ လို့ အော်မိမလိုပါပဲ။
    (သဂျီးကြားရင်တော့ အမကို ရွာထဲက တွန်းထုတ်လိမ့်မယ်၊ကိုယ့်အားကျပြီး အပိုဂျီး လုပ်ကုန်ကြမှာ စိုးလို့။)

    • မြစပဲရိုး

      May 16, 2015 at 8:31 pm

      အမှန်ပါဘဲ။ စိတ်လွတ်လက်လွတ် ဂုဏ်ယူလိုက်စမ်းပါ လေ။ :-))
      သများ လဲ တစ်ချက်လေး မှာ အငိုက်မိ သွားခဲ့တာပါ အစ်မ ရာ။ တောက်စ်။ (မူ- ဂဂ)
      မဟုတ်လို့ကတော့ ဒင်း လဲ ဂတုံးကြီး ဖြစ်နေပြီ။
      . ပြောသာပြောရ။ အခုတောင် ခမျာပြောင်စ ပြုရှာပြီ။
      lol:-))))

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    May 17, 2015 at 12:02 am

    ​လောကမှာဘယ်အရာမှ မမြဲဘူးဒကာကြီး ဘာမှအတည်​မယူ​လေနဲ့

    တင်​ပါ့ဘုရား အဲ့သဟာ​ကြောင်​့
    တပည်​့​တော်​လည်​း အတည်​မယူဘဲ ​တျောက်​ပီး​တျောက်​ပဲ တွဲပါတယ်​ဖျ

    အားးဟိ

  • ဦးကြောင်ကြီး

    May 17, 2015 at 12:20 am

    အိန်ဒေါင်ပြုရာမှာ အဝှာမပါ ဗိုလ်ဖျစ်မဲ ထင်သလဲ အယီးမုတ်ဆိတ်…

  • မြစပဲရိုး

    May 17, 2015 at 3:47 am

    ကိုရွှေမောင်မောင်ဂီ – သူများ တွေ ကို မထိခိုက် အောင် တွဲ ရင်တော့ တွဲပါလေ။ ကိုယ့်ကိုယ်ကို လဲ အသဲမာ စေပေါ့။ မဟုတ်ရင် ငို ရလွန်းလို့ မျက်ရည်ဝယ် နေရဦးမယ်။ 😉

    ကိုရွှေမောင်မောင်ကြောင် – အဝှါမပါလဲ ဟိုဒင်း ဖြစ်ရင် အလုပ်ဖြစ်မှာပါလေ။ (နှာတွေး မတွေးနှင့်)
    lol:-))))

  • Mr. MarGa

    May 17, 2015 at 8:25 am

    မိသားစု တစ်ခု ဆိုတာ
    သူစိမ်းနှစ်ယောက်ကနေ အစပြုတာ။

    မိသားစု တစ်ခုဖြစ်ဖို့
    သာယာတဲ့မိသားစုဘဝတစ်ခုကို တည်ဆောက်ဖို့အတွက်

    နားလည်မှုတွေ၊ ဂရုစိုက်မှုတွေ၊ တန်ဖိုးထားမှုတွေ၊ ယုံကြည်မှုတွေ အချိန်တွေကို အခြေခံအုတ်မြစ်အဖြစ် သုံးခဲ့ရတယ်။

    ကွန်ဆာဗေးတစ်လို့ပဲပြောပြော လစ်ဘရယ်ပဲ ဖြစ်ဖြစ်
    မိသားစု ဆိုတဲ့ အသိုက်အမြုံလေးတစ်ခုဖြစ်ဖို့အတွက်တော့ ထိုက်တန်တဲ့ တန်ဖိုးထားမှု၊ နားလည်မှုတွေ ပေးရတာပဲ။

    မတူညီတဲ့ဘဝနှစ်ခုကို တသားတည်းဖြစ်အောင် ပေါင်းစည်းဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာကိုး

    အိမ်ထောင်တစ်ခု ခိုင်မြဲဖို့၊ သာယာဖို့မှာ
    အချစ်ထက် ယုံကြည်မှု၊ နားလည်မှုတွေဟာ ပိုအဓိကကျလိမ့်မယ်။

    အချစ်မပါတဲ့ အိမ်ထောင်ရေးဟာ
    ဆားမပါတဲ့ဟင်းလို ပေါ့ပျက်ပျက် နိုင်တယ် ဆိုနိုင်ပေမင့်
    ဟင်းတစ်ခွက်ဖြစ်ဖို့ ဆားကအဓိကနေရာမှာ မပါဘူး။

    သံယောဇဉ် ဆိုတာကတော့
    အရေးကြုံလာရင် ချစ်ခြင်းမေတ္တာထက် ပို အသုံးဝင်ပါတယ်လေ။
    အဲ…..ပိုပြီးတော့လည်း တည်မြဲလိမ့်မယ်။

    ရေးထားတာ တစ်​နှစ်ကျော်ပြီ
    ကျနော်မြင်​ထားတာလေးတချို့ပေါ့

  • ဝင့်ပြုံးမြင့်

    May 17, 2015 at 9:56 am

    .လူပျို ကြီးလောင်း ဦးမာဃ မကြာခင် အချစ်ဋီကာ ဖွင့်မည်။

    • မြစပဲရိုး

      May 17, 2015 at 1:42 pm

      . ပြုံး ရဲ့ လူပျိုကြီးလောင်း ဆိုတာ ကို သဘောကျလိုက်တာ။
      ဒီမှာ “လောင်း” ဆိုတာ ကို ဖြစ်လတ္တံ့ လို့ ဆိုရမှာကနေ
      တည်မြဲ ခြင်း ဘက်ကို များ ရောက်သွားလေမလား။ 😉

      ဖိုးသိကြား
      အတွေးလေး တွေ ဝင်မျှပေးလို့ ကျေးဇူးပါ။
      ဒီကာလ ကြီး ထဲ “လက်ဘက်ကောင်းစားချင် ပလောင်တောင်တက်နှေး ရတယ်” ဆိုတာ ကို မကြားနိုင်တော့ တဲ့ မျိုးဆက် တွေ အတွက်
      “နားလည်မှုတွေ၊ ဂရုစိုက်မှုတွေ၊ တန်ဖိုးထားမှုတွေ၊ ယုံကြည်မှုတွေ အချိန်တွေကို အခြေခံအုတ်မြစ်အဖြစ် သုံးခဲ့ရတယ်။” ဆိုတာ ကို လက်တွေ့ချသုံးနိုင်ဖို့
      ဘယ်လို ပညာပေးရမယ် အမြဲစဉ်းစားမိတယ်။
      မဟုတ်လို့ကတော့ အချိန်စောင့်ချင်တဲ့ လူ တွေ ကစားပွဲ ထဲ က ထွက် ကုန် ရင်း တစ်ကိုယ်တည်းဘွမှာ ပျော်ကြရော့မှာ။

  • ခင်ဇော်

    May 17, 2015 at 2:22 pm

    Credit to Phio Thiha
    ———–
    “စူပါမင်း”ပြဿနာ

    (၁)
    ကိုယ်လက်ထပ်မဲ့ အိမ်ထောင်ဖက်ဟာ ရုပ်ချောရမယ်၊ အသားဖြူရမယ်၊ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်ရမယ်၊ စတိုင်က ခေတ်မီနေရမယ်၊ ပိုက်ဆံကလည်း ချမ်းသာရမယ်၊ မိဘမျိုးရိုးကလည်း အဆင့်မြင့်ရမယ်၊ ပညာလည်း တတ်၊ အလုပ်အကိုင်လည်း အောင်မြင်၊ ကိုယ့်အပေါ်လည်း နားလည်၊ သစ္စာရှိ၊ အလိုလိုက်အလျှော့ပေး၊ ကိုယ်ကျင့်တရားလည်း ကောင်းရမယ်။ ဒီလိုမျိုး ပြီးပြည့်စုံနေတဲ့သူနဲ့မှသာ အိမ်ထောင်ပြုမယ်ဆိုရင်တော့ တစ်သက်လုံး တစ်ကိုယ်တည်းသာ နေကြရဖို့ရှိတယ်။ ကိုယ့်အိမ်ထောင်ဖက်ကိုလည်း ဒီလိုသာ မျှော်လင့်ထားမယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ အဲဒီအိမ်ထောင်ဟာ သာယာတဲ့ အိမ်ထောင်တစ်ခု ဖြစ်လာမှာ မဟုတ်ဘူး။

    (၂)
    လူနာရဲ့ရောဂါ တော်တော်ကျွမ်းနေပြီဆိုတော့မှ ဆေးရုံကိုခေါ်လာတယ်။ ဒါပေမဲ့ လူနာရှင်တွေရဲ့ စိတ်ထဲမှာတော့ လုံခြုံမှုတစ်ခုက ရှိနေတယ်၊ အဲဒါကတော့ ဆေးရုံရောက်ပြီး ဆရာဝန်နဲ့ကုသလိုက်ရင် ပျောက်ကင်းသွားမယ် ဆိုတာပါပဲ။ ဆရာဝန်ဆိုတာ လူသားစစ်စစ်ပါ၊ ဥုံ ပျောက်စေ ဆိုပြီး မန်းပေးလို့မရပါဘူး။ ဆရာဝန်တွေမှာလည်း အတိုင်းအတာ ဆိုတာရှိပါတယ်။ ရောဂါတိုင်းကို မကုတတ်သလို၊ ကုခွင့်ရတိုင်းလည်း ဒီလူနာ ရှင်စေရမယ်လို့ အာမမခံနိုင်ကြဘူး။ ဒါကို နားလည်မပေးနိုင်ကြတဲ့အခါ ဆရာဝန်နဲ့လူနာကြားမှာ ပြဿနာတွေ ဖြစ်လာရတယ်။

    (၃)
    ဒေါ်အောင်ဆန်းစုကြည်၊ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး၊ ရှိသမျှစွန့်လွှတ်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ပေးဆပ်ခဲ့သူ၊ စစ်အစိုးရခေါင်းဆောင်တွေကို နှစ်ပေါင်းများစွာ အံတုခဲ့သူ၊ မြန်မာနိုင်ငံရဲ့ ရှားရှားပါးပါးပညာတတ်ပုဂ္ဂိုလ်၊ မြန်မာတွေရဲ့ အထိမခံနိုင်ဆုံးသော သူတစ်ဦး။
    သူဘာမှလုပ်ပြခွင့်မရခင် နေအိမ်အကျယ်ချုပ်ဘဝက လူထုထောက်ခံမှုကို အကြီးအကျယ်ရခဲ့တယ်။ တိုင်းပြည်ကလည်း စုတ်ပြတ်၊ ခေါင်းဆောင်လုပ်နေသူတွေကလည်း စေတနာတစ်စက်မပါ၊ အရည်အချင်းကလည်းမရှိကြ ဆိုတော့ သူသာ ခေါင်းဆောင်ဖြစ်လာလိုက်ရင် ဆိုတဲ့ မျှော်လင့်ချက်ကြီးက မြန်မာတိုင်းမှာ ရှိနေတယ်။ ခု သူ နိုင်ငံ့ခေါင်းဆောင်တောင် မဖြစ်သေးဘူး၊ လွှတ်တော်အမတ် ဖြစ်ရုံ၊ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရရုံလေး ရှိသေး၊ ဝေဖန်သံတွေက ထွက်လာပြီ။ ရခိုင်အရေးမှာ၊ နောက် လက်ပံတောင်းတောင်ကိစ္စ၊ ခုနောက်ဆုံး ကျောင်းသားတွေကိစ္စအထိ၊ သူ့အပေါ် လူတွေက မကြိုက်ကြတော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့အပေါ်ထားထားတဲ့ မျှော်လင့်ချက်တွေက အရမ်းမြင့်လွန်းနေခဲ့တာကိုး။ တကယ်တော့ သူ့မှာ သူ ယုံယုံကြည်ကြည် လျှောက်နေတဲ့လမ်းကြောင်း ရှိတယ်၊ သူခိုင်ခိုင်မာမာ ရပ်တည်ထားတဲ့ ခံယူချက်တွေ ရှိတယ်၊ သူ စွဲစွဲမြဲမြဲ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေရှိတယ်။ အရာအားလုံးကိုတော့ လိုက်လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ပြဿနာအားလုံးကို လိုက်ရှင်းပေးနေနိုင်မှာ မဟုတ်သလို ဖြစ်သမျှကိစ္စတိုင်းမှာလည်း ထင်မြင်ချက်တွေ လိုက်ပေးနေမှာ မဟုတ်ဘူး။ ဒါကို နားလည်မပေးနိုင်တဲ့အခါ သူတက်လာလည်း ဘာမှထူးမှာမဟုတ်ဘူး ဆိုပြီး မြင်လာကြတယ်။ အဲဒါကပဲ တစ်ဖက်ကနေ သူ့အပေါ် ထောက်ခံမှုတွေ ကျဆင်းလာအောင် ဝါဒဖြန့်ချင်သူတွေအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်လာတယ်။ တကယ်တော့ သူ လုပ်နေတာ အများကြိုက် လက်ခုပ်သံဦးစားပေးတဲ့ popular political trend မဟုတ်ပါဘူး။ တိုင်းပြည်အတွက် လက်တွေ့အလုပ်ဖြစ်လာဖို့ ဦးတည်တဲ့ pragmatic political trend ပါ။

    (၄)
    အဲဒီလို “စူပါမင်း”တွေလို့ ထင်ထားကြတဲ့သူတွေက တကယ်တမ်းမှာ ကိုယ်တွေမျှော်လင့်သလို ဖြစ်မလာတဲ့အခါ စိတ်ပျက်လာကြတယ်။ တကယ်တော့ “စူပါမင်း”မဟုတ်တဲ့ သူတို့ရဲ့အပြစ်လား၊ “စူပါမင်း”လို့ထင်ပြီး “စူပါမင်း”ကို မျှော်လင့်နေကြတဲ့ ကိုယ်တွေရဲ့အပြစ်လား ပြန်စဉ်းစားကြဖို့တော့ ကောင်းတယ်။

    အဲဒီလို အမျှော်လင့်ကြီး မျှော်လင့်ထားကြတဲ့အခါမှာ ဘာဖြစ်လာတတ်လဲဆိုတော့ မျှော်လင့်ချက်ပေးတဲ့ သူတွေနောက်ကို ကောက်ကောက်ပါအောင် လိုက်မိတတ်ကြတယ်။

    အပေါ်ယံမြင်သာတဲ့၊ ဟန်ဆောင်လို့ရတဲ့ ရုပ်ရည်၊ ပိုင်ဆိုင်မှုတွေ၊ စကားလုံးလှလှလေးတွေရဲ့နောက်ကို လိုက်ရင်း၊ ဘဝအတွက် အရေးကြီးလှတဲ့ ကိုယ်ကျင့်သိက္ခာတွေ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ၊ သစ္စာတရားတွေကို ဆုံးရှုံးကြရတယ်။

    ရောဂါတစ်ခုကို ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ အသိပညာတွေထက် ဖြစ်တာနဲ့ ပြင်းပြင်းကု မြန်မြန်ပျောက် ဆိုတာမျိုးကိုမှ ပိုလိုချင်ကြတဲ့အခါ ဖြစ်သမျှရောဂါ အကုန်ပျောက်စေရမယ် ဆိုတဲ့ စူပါမင်း အပ်ပုန်းတွေ၊ စူပါမင်း တရားမဝင်ဆေးခန်းတွေရဲ့ လက်ချက်နဲ့ လူတွေမသေသင့်ဘဲ သေကုန်ကြတယ်၊ ဒုက္ခတွေရောက်ကုန်ကြတယ်။ ဆေးရုံအရောက် နောက်ကျပြီး မဖြစ်သင့်တာတွေ ဖြစ်ကုန်ရတယ်။

    အဲဒီလိုပဲ၊ ခင်ဗျားတို့အတွက် တံတားဆောက်ပေးမယ်၊ လမ်းဖေါက်ပေးမယ်ဆိုတဲ့ မက်လုံးတွေ၊ ကုလားကုလားချင်း မိုးမွှန်အောင် ပြောပြီး အမျိုးဘာသာ သာသနာကို သူတို့ကပဲ စောင့်ရှောက်နေသယောင်ယောင် ပြောနေကြတဲ့ လေလုံးတွေကြားထဲမှာ မျောပါပြီး ဘယ်သူဟာ တိုင်းပြည်အနာဂတ်အတွက် အသင့်တော်ဆုံးခေါင်းဆောင်လဲ ဆိုတာကို မေ့သွားတတ်ကြတယ်။

    ဒါကြောင့်လည်း ဒီမိုကရေစီစနစ် ခိုင်မာဖို့အတွက် ပြည်သူတွေ အသိပညာရှိဖို့၊ ဆင်ခြင်တုံတရား အားကောင်းဖို့လိုတယ် လို့ ပြောကြတာပဲ ဖြစ်ပါတယ်။

    (၅)
    ဆရာဦးကျော်ဝင်းက အင်တာဗျူးတစ်ခုမှာ ဖြေဖူးတယ်။

    မြန်မာ့ဒီမိုကရေစီကို ဓမ္မစေတီခေါင်းလောင်းကြီးလို မဖြစ်စေချင်သလို၊ ဘယ်သူ့ကိုမှလည်း ဦးစံလင်း မဖြစ်စေချင်ဘူး တဲ့။

    သိပ်ကောင်းတဲ့ဥပမာပါ။

    ဘယ်မှာမှန်းတောင် ရေရေရာရာမသိတဲ့ ခေါင်းလောင်းကြီးကို မြန်မာ့နည်းမြန်မာ့ဟန် ရေငုတ်ပြီး တွေ့အောင်ရှာမယ်ဆိုတဲ့ ဦးစံလင်းရဲ့အပြောနောက်ကို ကောက်ကောက်ပါအောင် လိုက်ခဲ့ကြတာ၊ ယုံခဲ့ကြတာကိုကြည့်ရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အောင်မြင်ဖို့ လွယ်မလွယ်ကို ရှင်းရှင်းလေး သိနိုင်ပါတယ်။

    ဘယ်သူ့ကိုမှ “ဦးစံလင်း”မဖြစ်စေချင်ပေမဲ့ “ဦးစံလင်း”တွေများလှတဲ့ ဒီနေ့ခေတ်မှာ ဘယ်ပြည်သူတစ်ဦးတစ်ယောက်ကိုမှ “ဦးစံလင်း”တွေနောက် မလိုက်စေချင်ပါဘူး။

    ကျွန်တော်တို့ပြည်သူတွေ ဘယ်သူတက်လာရင်တော့ ငါတို့တိုင်းပြည်ကြီး ကောင်းသွားမှာပဲ ဆိုပြီး “စူပါမင်း”ကို မျှော်လင့်နေတာမျိုးထက် ကိုယ့်တိုင်းပြည်တိုးတက်ဖို့ ကိုယ့်တာဝန်ကိုယ်ကျေကြ၊ ကိုယ့်အားကိုယ်ကိုးကြမယ်၊ ဆင်ခြင်တုံတရားအပြည့်နဲ့ ဆုံးဖြတ်နိုင်ကြမယ်ဆိုရင်ပဲ အဲဒါဟာ ကျွန်တော်တို့နိုင်ငံအပြောင်းအလဲအတွက် ကြီးမားတဲ့အရွေ့တစ်ခု ဖြစ်လာတာလို့ မှတ်ယူရပါလိမ့်မယ်။

    • မြစပဲရိုး

      May 17, 2015 at 9:31 pm

      မှတ်ချက်လေး အတွက် ကျေးဇူးပါ ဇီကလေး နဲ့ မမ ရေ။

  • Ma Ma

    May 17, 2015 at 5:49 pm

    (မြန်မာ့ဒီမိုကရေစီကို ဓမ္မစေတီခေါင်းလောင်းကြီးလို မဖြစ်စေချင်သလို၊ ဘယ်သူ့ကိုမှလည်း ဦးစံလင်း မဖြစ်စေချင်ဘူး တဲ့။)
    ဥပမာပေးတာ ထိရောက်လွန်းလို့ သဘောကျတယ်။ 🙂

  • အောင် မိုးသူ

    May 18, 2015 at 10:08 am

    အရင်တုန်းက အင်္ဂလိပ်သီချင်းတွေ နားထောင်ဖြစ်ပေမယ့် ခုတော့ သီချင်းတွေနဲ့ နည်းနည်းဝေးလား
    တယ်။

  • Mike

    May 18, 2015 at 3:21 pm

    .ABBA သီချင်းတွေတော်တော်များများနားယဉ်နေပါပြီ
    .မြန်မာမှုပြု ကြတာလည်း သီချင်းအကုန်နီးပါး….
    .အိမ်ထောင်ရေးအကြောင်းပြောရရင်…
    .ကျုပ်တို့ကတော့ သူငယ်ချင်းတွေလိုဖြစ်နေပါပြီ…ချစ်တယ်..ချစ်တယ်လို့ အပြန်အလှန်မပြောကြတော့ပေမဲ့
    .ချစ်တာထက်ပိုတဲ့သံယောဇဉ်တွေကခိုင်မြဲစွာအမြစ်တွယ်နေပါပြီ..ဒါပေသိ..
    .ဒီအသက်အရွယ်ကြီးရောက်နေတာတောင်..
    .ထူးဆန်းတာတစ်ခုတော့သိသိသာသာကျန်နေသဗျ…အဲ့ဒါကတော့တစ်ခါတစ်ခါမှပေါ်ပေါ်လာတာ
    .အဲ့တာကတော့“ဝန်တိုခြင်း” ဆိုတဲ့ဟာပဲ.ခိခိ :)) :)) :))

  • Alinsett @ Maung Thura

    May 19, 2015 at 11:35 am

    နှလုံးသား နောက် မှာ ဦးဏှောက် ကိုပါ Judge အဖြစ် ထည့်ထား ရဲ့ သား နဲ့ ရင်နာစရာ ကြုံ ခဲ့ ရင်တော့လဲ
    ကစားပွဲ ထဲ မှာ အံဇာလှည့် တဲ့ နတ်သိကြား များ က သွေးအေးအေး နဲ့ ကိုယ့်ကို ညစ် လိုက် တယ်လို့ ဘဲ မှတ်လိုက်သင့်သလား….

    အဲဒီ စကားလေးက …အကြောင်းပြလို့ ကောင်းလိုက်တာ…

    :k:

  • kai

    May 19, 2015 at 1:37 pm

    အိမ်ထောင်ပြုတယ်ဆိုတာ.. လူ၂ယောက်က.. သဘောတူညီသတ်မှတ်ချက်တခုကို.. စာချုပ်စာတန်းနဲ့..ဒါမှမဟုတ်…. ဘေးလူတွေအသိအမှတ်ပြုချက်နဲ့ထားတာပါပဲ..။
    သဘောတူညီမျှမှုကို ..တယောက်ယောက်က ဖောက်ရင်လည်း.. ညှိလို့ရ,ရမှာပေါ့…
    တောင်းပန်..ကျေအေးလို့မှမရတော့လည်း.. စာချုပ်ပါအချက်အလက်အတိုင်း..စဖေါက်ဖျက်သူက.. ညှိလို့ရတဲ့ လျှော်ကြေးပေး.. လမ်းဆက်လျှောက်ကြပေါ့…။

    မြန်မာတွေမှာ.. အိမ်ထောင်ရေးကို.. သိပ်ပြီး.. အလေးအနက်ထားလွန်းနေကြတာကိုက.. လူသားမဆန်.. လူယဉ်ကျေးမှုထဲနောက်ကျကျန်နေတယ်… လို့…. ထင်..။ :k:

  • weiwei

    May 19, 2015 at 2:40 pm

    ကိုယ်တို့နှစ်ယောက်က အကြွေးရှိပုံမရဘူးလို့ ပြောခဲ့တဲ့သူတစ်ယောက်ကို တစ်ခါတစ်လေ သတိရမိတိုင်း ကျေးဇူးတင်စိတ် ဖြစ်မိတယ် …

Leave a Reply