Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အသားသည်လည်းကောင်း အရိုးသည်လည်းကောင်း

Ma MaMay 16, 20151min149728

မြန်မာစာမှာ “လည်းကောင်း” ရဲ့ အသံထွက်က “၎င်း” နဲ့ ဆင်တူပါတယ်။

အဲဒါကြောင့်  “၎င်း” နဲ့ “လည်းကောင်း”  ကို အသုံးလွဲတတ်ကြပါတယ်။

 

ကိုယ်တိုင်တော့ ၈တန်းရောက်မှ မြန်မာစာဆရာမရဲ့ ကျေးဇူးကြောင့် “၎င်း” နဲ့ “လည်းကောင်း” ကို ကွဲကွဲပြားပြား သိလာခဲ့ရပါတယ်။

 

ပါမောက္ခချုပ်ဆရာတော်ကြီးက တရားဟောတဲ့အခါ အင်္ဂလိပ်စကားလုံးလေးတွေနဲ့ ဖြည့်စွက်ပြီး ဟောလေ့ရှိပါတယ်။

 

ဘာသာစကားတစ်ခုကို နောက်ဘာသာစကားတစ်ခုနဲ့ နှိုင်းယှဉ်ပြလိုက်တဲ့အခါ ပိုမိုရှင်းလင်းပြီး နားလည်လွယ်တယ်လို့ ထင်မိပါတယ်။

 

အတုခိုးပြီးပြောရရင် …………….

“၎င်း” ကို “That, This”

လည်းကောင်း” ကို “also” လို့ ပြောရမလား။

တခြားဘယ်လိုပြောနိုင်သေးလဲ မသိဘူး။

 

မြန်မာစာမှာ “၎င်း” ကိုတော့ ရှေ့ကပြပြီးတဲ့ ပုဒ်အစုကိုအစားထိုးပြီး သုံးပါတယ်။

 

ဥပမာအနေနဲ့ ပြောရရင်…………..

ကျောင်းသားအချို့ ကျောင်းပြေးခဲ့ကြသည်။

၎င်းကျောင်းသားများကို အတန်းပိုင်ဆရာမက ကျောင်းအုပ်ကြီးရုံးခန်းသို့ ခေါ်သွားသည်။

 

ဒုတိယစာကြောင်းမှ “၎င်း” က ကျောင်းပြေးသော ပုဒ်အစုကို ဆိုလိုပါတယ်။

 

တစ်ခုနဲ့တစ်ခု အလားတူတွေကို စုစည်းပြချင်တဲ့အခါမှာ “လည်းကောင်း”   ကို သုံးပါတယ်။

 

ဥပမာအားဖြင့်……..

 

ကုန်းနေသတ္တဝါ ကြက်သည် တိရစာ္ဆန်ဖြစ်သည်။

လေတွင်ပျံသန်းနိုင်သော ငှက်သည် တိရစာ္ဆန်ဖြစ်သည်။

ရေနေသတ္တဝါ ငါးသည် တိရစာ္ဆန်ဖြစ်သည် လို့……  စာတစ်ကြောင်းချင်း ရေးမယ့်အစား

 

ကုန်းနေသတ္တဝါ ကြက်သည်လည်းကောင်း၊ လေတွင်ပျံသန်းနိုင်သော ငှက်သည်လည်းကောင်း၊ ရေနေသတ္တဝါ ငါးသည်လည်းကောင်း တိရစာ္ဆန်များ ဖြစ်ကြသည်။

 

လည်းကောင်း” ဆိုတဲ့ စကားဆက်ကိုသုံးပြီး တိရစာ္ဆန်တွေဖြစ်ကြတဲ့ ကြက်၊ ငှက်၊ ငါးတွေကို တစ်စုတည်း ပေါင်းရုံးပြီး ကျစ်လစ်သိပ်သည်းအောင် ရေးနိုင်ပါတယ်။

 

စဉ်းစားမိတာတစ်ခုက “လည်းကောင်း” တွေအများကြီး သုံးတာကို စာထောက်တယ်ထင်လို့…………………..

 

ကုန်းနေသတ္တဝါ ကြက်သည်လည်းကောင်း၊ လေတွင်ပျံသန်းနိုင်သော ငှက်နှင့် ရေနေသတ္တဝါ ငါးတို့သည်လည်း တိရစာ္ဆန်များ ဖြစ်ကြသည်လို့ ရေးရင် မှန်သလား။ ရေးလို့ရသလား သိချင်မိတယ်။

 

ရွာထဲမှာ မြန်မာစာကျွမ်းကျင်ကြတဲ့ ရွာသူားတွေ အများကြီးရှိတာမို့ “လည်းကောင်း” ရဲ့ အသုံးကို ပိုပြီး သိချင်မိလို့

အသားလိုလို့ အရိုးတောင်း လိုက်ပါတယ်။ :k:

 

 

28 comments

  • မြစပဲရိုး

    May 16, 2015 at 8:26 pm

    . မြန်မာ-ရင်းဂလိပ် အဘိဓ္ဓါန် အားကိုး နဲ့ ရွှီးဗျစေ။

    အဲ့ထဲ မှာရေးထားတာက
    လည်းကောင်း – /lagaun:/ conj – as well; also; both လို့ ဆိုထားလေတော့ …..
    Cambridge dictionary ကို ဆက်ကြည့် ရပါတယ်။

    အဲ့မှာက ဒီလို ရှင်းထားတယ်။
    Also
    Also is commonly used in writing, but is less common in speaking. Also occupies different positions in a sentence.
    We use also in front position to emphasise what follows or to add a new point or topic:
    It’s very humid. Also, you can easily get sunburnt.
    [on the telephone]
    OK, I’ll phone you next week and we can discuss it then. Also, we need to decide who will be going to Singapore.
    We use also in the normal mid position for adverbs, between the subject and main verb, or after the modal verb or first auxiliary verb,
    or after be as a main verb. In this position, the meaning of also usually connects back to the whole clause that comes before:
    She works very hard but she also goes to the gym every week.
    I’ve been working in the garden this week, and I’ve also been reading a lot.
    In end position, also normally connects two phrases. We use as well and too instead of also, in end position, especially in speech:
    She contacted him in the office but he didn’t answer the phone. His mobile phone was silent also. (or His mobile phone was silent too. or … was silent as well.)

    As well
    Spoken English:
    As well is much more common in speaking than in writing, and is more common in speaking than also.
    As well almost always comes in end position:
    [In a restaurant. Customer (A) is ordering from a waiter (B)]
    A: I’ll have steak please.
    B: Yes.
    A: And I’ll have the mixed vegetables as well.

    both
    two people or things together:
    Both my parents are teachers.
    They have two children, both of whom live abroad.
    Are both of us invited, or just you? Would you like milk or sugar or both?

    ကဲ ရှင်းပါတယ်နော် ချစ်မမ …. ဟိ … 😉 😉 😉

    အတည်ပြောရရင်
    တကယ်ဆို လည်းကောင်း ကို ထည့်သုံး ရခြင်း အကြောင်း က ပညာရှိ လို့ပါ။
    ကျောင်းတွေ မှာ စာစီစာကုံး ရေးရရင် စာလုံး “သုံးရာ” ရေးပါလို့ ပြောတယ် ဆိုပါစို့။
    အဲဒီ “လည်းကောင်း” တွေ ကို နိုင်နိုင်နင်းနင်း သုံးတတ်လို့ ကတော့ …..

    ဒါကြောင့် ပြောတာ ရှေးလူကြီး တွေ အပို ဆာဒါးလုပ်တာမဟုတ်။ အပို လုပ်လို့ ရအောင် ထွင်ထားတာပါဆို။
    lol:-)))))))))))))))))))))))))))))))))))))))))))))))))))

    • Ma Ma

      May 16, 2015 at 8:47 pm

      ဒီလို ဒီလို ပညာတွေရနိုင်မယ်ဆိုတာ သိနေတယ်လေ။ 😉 😉 😉

      မြန်မာ-ရင်းဂလိအဘိဓာန် က အွန်လိုင်းမှာ ရှိလား။
      ရှိရင် လင့်ခ်လေးပေးပါအုံး။ 🙂

      သဂျီးဆီက

      စာလုံးပေါင်းစစ်ရန်

      ဆိုတဲ့လင့်ခ်က သူများတွေ သုံးမသုံးတော့မသိဘူး။
      ကိုယ်တိုင်တော့ ပိုစ့်တစ်ပုဒ်ရေးရင် အနည်းဆုံး၁ခါတော့ ကြည့်ရတာချည်းပဲ။ :k:

  • uncle gyi

    May 16, 2015 at 10:16 pm

    တောင်းရင်အရိုးပဲရမယ်မမရေ
    အသားတွေကပုတ်ကုန်ပြီ
    ခေါင်းထဲဘာမှမရှိတော့ဖူး

    • Ma Ma

      May 17, 2015 at 8:52 am

      နောင်ဆိုကျမပိုစ့်တွေ မဖတ်ဘူးလို့တော့ မနေပါနဲ့နော်။ :k:

  • ကျော်စွာခေါင်

    May 16, 2015 at 10:40 pm

    မြန်မာ အဂ္ဂိရတ် ဆရာတို ့သည် ရွှေဖြစ်စေခြင်းအလို ့ငှာ ၊ ရှေးနည်းနာတို ့ကို အသုံးပြုလျှက် သွပ်ဓါတ်ကို အခြေခံပြီး ရွှေကျွေးကာ
    ဖိုထိုးကြသည်။ သွပ်နည်းလမ်းကဲ့သို ့ပင်၊ နာ၊ ပြဒါး၊နရဏီတို ့ကိုလည်းကောင်း ၊ ၎င်းနည်းတူ ဓါတ်ကစားကြသည်။
    ဂျပန်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို ့တွင်မူ ခေတ်မှီဓာတုဗေဒနည်းပညာများဖြင့် ရွှေကို ဖန်တီးထုတ်လုပ်ကြသည်။
    မြန်မာနည်းတို ့ထက် အရောင်အဆင်းသော်လည်းကောင်း၊ နည်းပညာသော်လည်းကောင်း ပိုပြီးမြန်ဆန်တိကျသည်။
    မည်သည့်နည်းပညာဖြင့် ထုတ်လုပ်သည်ဖြစ်စေကာမူ ၊ ၎င်းတို ့ကိုလည်းကောင်း ရွှေစင်စစ်စစ်ဟု သတ်မှတ်လို ့မရပေ။
    ….
    ….
    …မှတ်ချက်။ ။ ၎င်းစာပါ အကြောင်းအရာတို ့ကို ဖတ်ပြီး မမ သော်လည်းကောင်း၊ တစ်ခြားစာဖတ်သူတို ့သည်လည်းကောင်း၊
    ကျော်စွာခေါင်လို ခေါင်းမမူးစေပါနှင့်။ ၎င်းနည်းပညာတို ့သည် လူကိုလဲ ခေါင်းခြောက်စေ၏ ။ လက်တွေ ့သော်လည်းကောင်း စမ်းချင်၏ ။

    • Ma Ma

      May 17, 2015 at 9:06 am

      ဆြာခေါင်သော်လည်းကောင်း၊ အခြားစာဖတ်သူတို့သော်လည်းကောင်း ကျွန်ုပ်အား မေတ္တာမပို့ကြပါစေသောဝ်……….. :k:

  • ဦးကြောင်ကြီး

    May 17, 2015 at 12:26 am

    လေမားမား ဖြေဝါးတား ထွေကစားလား ငွေပွားတအား..

    • Ma Ma

      May 17, 2015 at 9:08 am

      -လေမားမား = လေပေး (စာဖြင့်စကားပြောခြင်းဖြင့်)
      -ဖြေဝါတား = ရေ (ဝါးတား) သောက်ပြီး
      -ထွေကစားလား = ကီးဘုတ်ကို ဆော့ကစားခြင်းဖြင့်
      -ငွေတအားပွား = သဂျီးအိပ်ကပ်မှ ငွေထွက်စေ….. သတည်းးးးးးးးးး :k:

  • ခင်ဇော်

    May 17, 2015 at 7:28 am

    လူ က မဟုတ်မဟတ် ကို အမှတ်ရတတ်တာ ချစ်မရေ
    ဦးကြောင် ပေါင်းးသလို လဂေါင်းး လဂေါင်းး နဲ့ ပေါင်းမိနေလို့ မနည်းးပြင်နေရတယ်။
    :mrgreenn:

    • Ma Ma

      May 17, 2015 at 9:13 am

      ဘာသာစကားတွေထဲမှာ ဖဘဘာသာစကားတစ်ခုထပ်တိုးသင့်တယ်လို့ ထင်နေတာ ကြာပြီ။ :mrgreen:

  • Mr. MarGa

    May 17, 2015 at 9:01 am

    ကုန်းနေသတ္တဝါ ကြက်​သာမက လေ​ပေါ်​ပျံသန်းနိုင်သောငှက်​နှင့်ရေ​နေသတ္တဝါငါးတို့သည်​လည်း တိရစာ္ဆန်​များဖြစ်ကြသည်
    :a:
    :mrgreenn:

    • Ma Ma

      May 17, 2015 at 9:16 am

      လည်းကောင်း အသုံးကို ဘယ်စာကို ဥပမာပေးရမှန်းမသိပဲရေးပေးလိုက်တာ။
      ၎င်း ကတော့ ကြုံတုန်း ဖြည့်ရေးလိုက်တာ။ 🙂

      • Mr. MarGa

        May 17, 2015 at 9:21 am

        ငယ်​ငယ်​က
        လည်းကောင်း ကိုရေးရမှာပျင်းလွန်းလို့ ၎င်း နဲ့ ရောကြိတ်​ပစ်​တာ အခါခါ :mrgreenn:

  • ဝင့်ပြုံးမြင့်

    May 17, 2015 at 9:23 am

    .ပညာယူသွားပါသည်
    .တီမမကိုလည်းကောင်း၊ ကိုခေါင်ကိုလည်းကောင်း၊ ၎င်းစာလုံးအတွက် ကျေးဇူးတင်ရှိပါသည်။

    • Ma Ma

      May 17, 2015 at 5:49 pm

      အချိန်ပေးပြီး ဖတ်ပေးလို့လည်း ကျေးဇူးတင်ပါတယ် ပြုံးရေ။ 🙂 🙂 🙂

  • ​ဒေါ် လေး

    May 17, 2015 at 11:41 am

    ပိုစ်​ ပိုင်​ရှင်​​ရော ​ကောမန်​့ ​ပေးထားတာ​ရော ​
    တကယ်​ဗဟုသုတ ရတဲ့ အတွက်​
    ​ကျေးဇူးပါ

    • Ma Ma

      May 17, 2015 at 5:55 pm

      (ပိုစ်​ ပိုင်​ရှင်​​ရော ​ကောမန်​့ ​ပေးထားတာ​ရော ​
      တကယ်​ဗဟုသုတ ရတဲ့ အတွက်​
      ​ကျေးဇူးပါ)
      အဲဒါ ဒီရွာရဲ့ အနှစ်သာရပါပဲ မလေး ရေ။ 🙂

      စာတွေ (ပိုစ့်ကော၊ ကွန်မန့်ကော)ကနေ ဗဟုသုတတွေ ဖလှယ်နိုင်သလို၊ ခင်မင်ရင်းနှီးမှုတွေကိုလည်း တိုးပွားနိုင်ပါတယ်။
      သဘောချင်းတူနိုင်သလို၊ သဘောချင်း မတူတော့လည်း မတူကွဲပြားခြင်းကနေ အတွေးသစ်အမြင်သစ်တွေ ရလာနိုင်ပါတယ်။

      မလေးကိုလည်း ရွာထဲမှာ အတွေးအမြင်တွေ မျှဝေပေးဖို့ ဖိတ်ခေါ်ပါတယ်နော်။ 🙂

  • padonmar

    May 17, 2015 at 8:05 pm

    သကြားလိုပဲ ရော ကြိတ်မိခဲ့တာ ဝန်ခံလို၍ လည်းကောင်း၊
    အမွှာညီအမချင်း အားပေးလို၍လည်းကောင်း ဤစာကို ရေးပါသည်။
    ၎င်းအကြောင်းအရာခေါင်းစဉ်မှာ အသားသည်လည်းကောင်း အရိုးသည်လည်းကောင်း ဆိုလျှင် ပိုလိုက်ဖက်ပါမည်။

    • Ma Ma

      May 18, 2015 at 4:02 pm

      သကြားနဲ့ရောကြိတ်တယ်ဆို ချိုမှာပဲနော်။ :mrgreen:

  • အောင် မိုးသူ

    May 18, 2015 at 10:11 am

    ၎င်းအကြောင်းအရာမှာ မြန်မာစာ မြန်စကားနှင့် ပတ်သက်နေပြီး။ ၎င်းအချင်းအရာအတွက် မြန်မာ့စာပေဂုရုကြီးများအားလည်းကောင်း ၊ မြန်မာစာပါမောက္ခများနဲ့ မြန်မာစာ မြန်မာစကားဌာနချုပ်အားလည်းကောင်း တင်ပြပေးပါ့မယ်။

    • Ma Ma

      May 18, 2015 at 4:28 pm

      အောင်မိုးသူက မြန်မာစာနဲ့ပတ်သက်လာရင် ပေါင်မုန့်ခ အဲ ပါမောက္ခဆိုတာ သိပြီးသားးးး 🙂

      • တောင်ပေါ်သား

        May 20, 2015 at 3:51 pm

        ( ၎င်းအကြောင်းအရာမှာ မြန်မာစာ မြန်စကားနှင့် ပတ်သက်နေပြီး။ ၎င်းအချင်းအရာအတွက် မြန်မာ့စာပေဂုရုကြီးများအားလည်းကောင်း ၊ မြန်မာစာပါမောက္ခများနဲ့ မြန်မာစာ မြန်မာစကားဌာနချုပ်အားလည်းကောင်း တင်ပြပေးပါ့မယ်။ )

        စကားပြေလိုု ရေးသွားတာမို့ အဆုံးမှာ စကားပြော ( တင်ပြပေးပါ့မယ် ) အစား
        စကားပြေ ( တင်ပြပေးပါမည် ) လို့ ဖြစ်ရမှာပါ ၊

        ဟီး ဟီး အလကား ဝင်ရှုပ်ရင်း ၁၂ ကျပ် လာယူတာ ၊ 🙂

  • Mike

    May 18, 2015 at 3:03 pm

    .အနှီ “၎င်း” နှင့် “လည်းကောင်း ”ကိစ္စ ရှင်းသွားစေရန်လည်းကောင်း
    .စာဖတ်သူတို့ မျက်စေ့လည်သွားစေရန်သော်လည်းကောင်း
    .ကျုပ်လည်းမတတ်တတတ်နဲ့ ဝင်ရှုပ်သွားပါကြောင်း

    • Ma Ma

      May 18, 2015 at 4:31 pm

      ရှင်းနေတာကို ရှု့ပ်အောင်လုပ်၊
      ရှုပ်နေတာကို ပြန်ရှင်း၊
      ရှင်းရင်း ရှုပ်ရင်းနဲ့ ……………
      မရှုပ်မရှင်း ဖြစ်သွားတာပဲ ဦးမိုက်ရေ။ :kwi:

  • ဦးကျောက်ခဲ

    May 18, 2015 at 4:49 pm

    သတ်ပုံတလွဲ ဆြာကျောက်ခဲ မှတ်မိတာကတော့…
    ” ၎င်း ” ကို ညွှန်းတဲ့နေရာတွေမှာသုံးတယ်…
    ” လည်းကောင်း ” ကို ခိုင်းနှိုင်းတဲ့နေရာ ၊ တူမျှတန်းညှိချင်ရင် သုံးသတဲ့…
    အဟိ … အချဉ်မဟုတ် ဂုဏ်ထူးဦးသိန်းနိုင်နဲ့ ဒေါ်မေငြိမ်းတို့ရဲ့ တပည့်ပါခီည
    :k:

  • Ma Ma

    May 18, 2015 at 5:24 pm

    ” ၎င်း ” ကို ညွှန်းတဲ့နေရာတွေမှာသုံးတယ်…
    ” လည်းကောင်း ” ကို ခိုင်းနှိုင်းတဲ့နေရာ ၊ တူမျှတန်းညှိချင်ရင် သုံးသတဲ့…

    သတ်ပုံတလွဲ ဆြာကျောက်ခဲရဲ့ အဆိုအမိန့်ကို ထောက်ခံသွားပါတယ်။ 🙂

  • ၎င်း – အညွှန်းနာမဝိသေသန
    လည်းကောင်း – ပုဒ်ဆက်သမ္ဗဒ္ဓ

    အဲ့လိုမှတ်ထားတာပဲ… ထူးထူးခြားခြားသိချင်မိတာက ၄ ဆိုတာ မြန်မာဗျည်း၊ သရ မှာမရှိဘူးထင်တယ်.. မြန်မာဂဏန်း ၄ ကို ငသတ်၊ ဝစ်စနှစ်လုံးပေါက်နဲ့ပေါင်းပြီး လေးကောင်း (၎င်း) ဖြစ်သွားတယ်ထင်မိတယ်.. ဘယ်ကဘယ်လို ဖြစ်တာလာပါလိမ့်.. 🙄

    • Ma Ma

      May 20, 2015 at 3:23 pm

      (ဘယ်ကဘယ်လို ဖြစ်တာလာပါလိမ့်.. 🙄 )
      သူများတွေကို ခေါင်းစားအောင် လုပ်ခဲ့လို့ ဝဋ်လိုက်ပြီထင်တယ်။ :a:

      ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့ဦးစီးဌာနကထုတ်တဲ့ ခရီးဆောင်မြန်မာအဘိဓာတ်စာအုပ်မှာတော့…..
      လည်းကောင်း (လဂေါင်း) ရှေ့ပုဒ် နောက်ပုဒ် တို့ကို တစ်ပေါင်းတည်းအနက်ကောက်ယူရန် ပြသည့်စကားလုံး
      ၎င်း (လဂေါင်း) ထို နှင့်အတူတူ လို့ ရေးထားတယ်။

Leave a Reply