ခေတ်စမ်းလုလင်ကဏ္ဍ – စတီဗင်ဦး

kaiAugust 23, 20102min5051
ဖက်ရှင်ရှိုးတွင်သူ၏ဖက်ရှင်၊သူ၏မော်ဒယ် နှင့်အတူတွေ့ရသော ဒီဇိုင်နာ စတီဗင်ဦး

အသက်၁၅နှစ်အရွယ်တွင် အမေရိကနိုင်ငံ ၏ DV (DiversityVisa) မဲပေါက်ကာမိဘ ဦးမောင်မောင်လင်း-ဒေါ်သန်းသန်းတို့နှင့်အတူ ဆန်ဖရန်စစကိုမြို့သို့ ပြောင်းရွှေ့အခြေချခဲ့သူ၊ ကယ်လီဖိုးနီးယားတက္ကသိုလ်(Berkeley) မှ အသက်၂၃နှစ်အရွယ်၌ ဘွဲ့ရခဲ့သူ၊ ၂၀၀၉ ဒီဇင်ဘာလ၊ အသက်၂၅နှစ်အရွယ်၌San Francisco Academy of Art တက္ကသိုလ်မှ မဟာဘွဲ့ရခဲ့သူ၊ ထိပ်သီးဖက်ရှင်ဒီဇိုင်းပညာရှင် တို့၏ မျှော်လင့်ခြင်း အိပ်မက်တခုဖြစ်သော
ကမ္ဘာ့ကြီး၄ကြီး (မီလန်၊ ပဲရစ်၊ လန်ဒန်၊ နယူးယောက်) ဖက်ရှင်ရှိုးထဲမှတခုဖြစ်သောNew York Fashion Week ၌မိမိရေးဆွဲထုတ်လုပ်သောသိုးမွှေးဖက်ရှင် ဒီဇိုင်းသစ်များကိုတင်ဆက်ပြခွင့်ရရှိခဲ့သည့် မြန်မာဇာတိနွယ် မျိုးဆက်သစ် သန်းနိုင်ဦး (ခေါ်) စတီဗင်ဦး အား Academy of Art University မှPR နှင့် Special Projectမန်နေဂျာ Edith Barker  ကရတနာပုံနေပြည်တော်သတင်းစာ သို့ဆက်သွယ်မိတ်ဆက်ပေးသဖြင့် လော့စ်အိန်းဂျလိစ်မြို့သို့ အလုပ်အင်တာဗျူးအတွက် ရောက်ရှိလာခိုက်တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့သည်။

နာမည်၊မွေးရာဇာတိ၊ယုံကြည်ကိုးကွယ်တဲ့ဘာသာနဲ့မိဘမောင်နှမအကြောင်းအရင်စပြောပေးပါ။
ကျွန်တော့် မြန်မာနာမည်က သန်းနိုင်ဦး၊ ကျောင်းနာမည်ကစတီဗင်ဦး။၁၉၈၄ခုနှစ်နိုဝင် ဘာလ၁ဝရက်မှာမွေးပါတယ်၊ရန်ကုန်ဇာတိပါ၊မိဘများက ဦးမောင်မောင်လင်း နဲ့ ဒေါ်သန်းသန်း၊ ကမ္ဘာသွင်းကုန်ထုတ်ကုန်လုပ်ငန်း နဲ့လင်းလင်းသာကုမ္ပဏီလုပ်ငန်း လုပ်ကြပါတယ်၊ တရုတ်မြန်မာလူမျိုး၊ဗုဒ္ဓဘာသာဝင်ပါ။မောင်နှ မ၃ယောက်မှာကျွန်တော်ကအကြီးဆုံး၊ကျွန်တော့်အောက်မှာညီ၁ယောက်၊ညီမ၁ယောက်ရှိတယ်။ညီက ကယ်လီဖိုးနီးယားတက္ကသိုလ် (Santa Cruz) ကနေစီးပွားရေးနဲ့ဘွဲ့ရပြီးတဲ့ နောက်တရုတ်ပြည်မှာ ပညာဆက်သင်နေပါ
တယ်။ ညီမလေးက ကယ်လီဖိုးနီးယားတက္ကသ် (Davis) မှာတက်နေပါတယ်။

ကျောင်းတက်ခဲ့တာတွေပြောပြပါ၊ အမေရိကမှာကျောင်းဘယ်အ တန်းကစတက်ခဲ့သလဲ၊ဘယ်တက္ကသိုလ်ကနေဘွဲ့ရခဲ့သလဲ၊
ကျွန်တော်မြန်မာပြည်မှာ ၉တန်းအထိTTC ကျောင်းတက်ခဲ့တယ်။ ၁၉၉ရခုနှစ်မှာ မိဘကစင်္ကာပူကိုလွှတ်ပြီးတနှစ်ခွဲကျောင်းတက်ခဲ့ပါတယ်။ ကျွန်တော်တို့မိသားစု အမေရိကားဗီဇာ မဲပေါက်တော့ ကျွန်တော်အသက်၁၅နှစ်အရွယ် ၁၉၉၉ဩဂုတ်လမှာ အမေရိကားကို ရောက် လာတယ်။
ဒီရောက်တော့အထက်တန်းကျောင်းမှာ(၉)တန်းကိုပဲပြန်တက်ခဲ့ရတယ်၊ ဖရီးမောင့်မြို့(မြောက်ပိုင်းကယ်လီဖိုးနီးယား)Irvington အထက်တန်းကျောင်းမှာ ဘာသာရပ်အားလုံးကို(Advanced Placement eJY Honors) အတန်းတွေပဲယူခဲ့ရတယ်။ ဘာလို့လဲဆိုတော့ငယ်ငယ်ကတည်းကအဖေရောအမေကပါဆရာ ဝန်လုပ်ဖို့ပဲတိုက်တွန်းတော့ ကျွန်တော့်စိတ်ထဲ မှာတက္ကသိုလ်မှာ ဆေးကျောင်းတက်ဖို့ပဲရှိတယ် လို့မှန်းထားတယ်။ ဒါကြောင့်hHonors နဲ့AP အတန်းတွေကိုကြိုးစားတက်ခဲ့ရတယ်။ တချိန်လုံးစာဖတ်နေရတယ်။၂၀၀၃ မှာအထက် တန်းကိုGPA အမှတ်၄.၃၃နဲ့အောင်တယ်။
UC (Berkeley) ကိုBiologyနဲ့ တက် ခွင့်ရခဲ့တယ်။နှစ်တိုင်း စကောလားရှစ်ရတယ်၊ ကျောင်းတက်နေရင်းနဲ့ဆေးကျောင်းကိုနှစ်အ ကြာကြီးတက်ရမှာကို သိလာတော့မတက်ချင် တော့ဘူးဖြစ်လာတယ်။ တကယ့်လက်တွေ့စာ ဖတ်တဲ့အချိန်ကျမှ ဘယ်လောက်မဖတ်ချင်ဘူး ဆိုတာသိလာလို့ Political Economy
ကို ပြောင်းတက်လိုက်တယ်။၂၀၀ရမေလမှာဘွဲ့ရတယ်။ဘွဲ့ရဖို့၆လအလိုမှာအကျႌ ဒီဇိုင်းပညာကို စိတ်ဝင်းစားလွန်းလာတာနဲ့ တပြိုင်နက်တည်း မှာCollege of Alameda ကွန်မြူနတီကောလိပ်မှာဒီဇိုင်းပညာအခြေခံတက်ခဲ့တယ်။

နိုင်ငံ၃နိုင်ငံမှာကျောင်းတက်ခဲ့ဘူးတယ်ဆိုတော့အဲဒီနိုင်ငံတွေရဲ့မတူတဲ့အချက်တွေရယ်ကြိုက်တဲ့အချက်တွေကိုပြောပြပေးပါ။
ကျွန်တော်မြန်မာပြည်မှာ ကျောင်းတက်တုန်း ကအရမ်းစိတ်ဆင်းရဲရတယ်။ကိုယ့်စိတ်ဝင်းစား တာနဲ့ကိုယ်ဖတ်ချင်လို့ဖတ်ရတာမဟုတ်သလို ပဲ၊ သူများကအတင်းတွန်းနေလို့ဖတ်နေရတာ။ကျွန်တော်ဆိုမနက်၈နာရီကျောင်းသွား၊နေ့လယ်ကျောင်းကပြန်တာနဲ့ ကျူရှင်တွေတခုပြီးတခုဆက်တိုက်တက်။တရုတ်စာလဲတက်ရ၊အင်တာ နေရှင်နယ်ကျောင်းလဲတက်ရ၊ညမိုးချုပ်မှအိမ်ရောက်ပြီးတာနဲ့ညအိပ်၊ နောက်ရက်ကျောင်းပြန် တက်နဲ့ အားလပ်ချိန်ဆိုတာ လုံးဝမရှိခဲ့ဘူး။
ကျောင်းစာတွေကလဲ ဖတ်ချင်စရာ မကောင်းဘူး ၊စိတ်မပါတဲ့ဘာသာလဲဖတ်ရတယ် ဖတ်စာအုပ်တခုလုံးစာတွေချည်းပဲ။ခေတ်မမှီဘူး။ပုံလေး ဘာလေးတွေလဲသိပ်မပါတော့လုံးဝစိတ်ဝင်စားစရာမကောင်းဘူး။ကိုယ်စိတ်ဝင်စားလို့ဖတ်ရတာဆိုရင်တော့တမျိုပေါ့။
အမေရိကားကျတော့အရမ်းလွတ်လပ်တယ်။ အထက်တန်းကျောင်းမှာမယူမနေရ ဘာသာ တွေကိုကိုယ်နဲ့ ကိုက်ညီတဲ့အဆင့်အတန်းကိုယူ နိုင်တဲ့အပြင် ကိုယ်စိတ်ဝင်စားရာ၊ ကိုယ်ဝါ သနာပါရာတွေကို စိတ်ကြိုက်ရွေးတက်ခွင့်ရှိ တယ်။ အနုပညာဝါသနာပါသူကသူကြိုက်ရာ ရွေးနိုင်သလို၊ ကွန်ပျူတာစိတ်ဝင်စားရင်လဲ ကွန်ပျူတာပညာရပ်ကိုရွေးတက်နိုင်တယ်။ကောလိပ်မှာကိုယ်စိတ်ဝင်စားရာကိုလွတ်လွတ်လပ်လပ်ရွေးနိုင်၊ တက်နိုင်တယ်၊ ပြောင်းတက်နိုင်တယ်၊အမေရိကားကိုအကြိုက်ဆုံးပဲ။
စင်္ကာပူမှာကကိုယ်ကြိုက်ရာ ဘာသာတွေကို ရွေးချယ်နိုင်ခွင့်ရှိပေမယ့် အမေရိကားလောက် မလွတ်လပ်ဘူး။ တူညီဝတ်စုံဝတ်ရတယ်။နောက်ပြီးစည်းကမ်းသိပ်တင်းကျပ်တယ်။ဒါပေမယ့် မြန်မာနိုင်ငံက ဦးနှောက်ကိုပို သုံးနိုင်တယ်လို့ပြောလို့ရတယ်။သချင်္ာဆိုရင်
မြန်မာပြည်ကကျောင်းသားတွေကစိတ်တွက်နဲ့တွက်နိုင်ကြတယ်။ အမေရိကားမှာကတချိန်လုံးဂဏန်းတွက်စက်သုံးနေတော့ ဦးနှောက်ကိုမသုံး တော့ဘူး။ဒါကိုတော့မကြိုက်ဘူး။

UC (Berkeley) မှာတက်နေတုံးကအတွေ့အကြုံတွေ အကြောင်းနဲနဲပြောပြပေးပါ။
ကျွန်တော်UC (Berkeley)မှာတက် နေတုံးက အဆောင်မှူးလုပ်တယ်။ ပထမနှစ် မှာတော့အဆောင်မှူးလုပ်လို့မရဘူး။ ဒုတိယနှစ်တက်တော့ကျောင်းမှာလျှောက်လို့ရတယ်။
လျှောက်တဲ့အချိန်မှာသူတို့ကအထက်တန်းကျောင်းသားဘဝမှာဘယ်လိုမျိုးနေရာတွေမှာခေါင်းဆောင်လုပ်ခဲ့သလဲ၊ ဘယ်လိုအသင်းအဖွဲ့တွေမှာပါဝင်ဘူးသလဲ၊ ဘာလှုပ်ရှားမှုတွေလုပ်ခဲ့ သလဲဆိုတာအဓိကထားမေးတယ်။ လူတွေနဲ့ တွဲပြီးလုပ်ခဲ့ဘူးတာရှိမရှိပေါ့။ နောက်ပထမနှစ်စာမေးပွဲအမှတ်ကလဲကောင်းမှ လုပ်ခွင့်
ပေးတယ်။
အဆောင်မှူးလုပ်တာဘာကောင်းသလဲဆို တော့နေစရိတ်၊စားစရိတ်ငြိမ်းတယ်။ အခန်း တခန်းသီးသန့်ရတယ်။ နေစရိတ်အတွက်ကျွန်တော်ပိုက်ဆံမကုန်ခဲ့ဘူး။ အဲဒီအတွေ့အကြုံတွေ ကတကယ်အပြင်မှာ ထွက် အလုပ်လုပ်တဲ့အ ချိန်မှာအများကြီးအကျိုးကျေးဇူးရှိတယ်။ ကျွန် တော်ကအဆောင်မှူးလုပ်ရင်းနဲ့ တဖက်မှာလဲ Lobby မှာကျောင်းသားတွေအဝင်အထွက်ကို ကျောင်းသားကဒ်စစ်တဲ့အလုပ်ကိုလုပ်တယ်။ ဒါကလုပ်ရတာ သက်လဲ သက်သာတဲ့အပြင်အိမ် စာကိုလဲထိုင်လုပ်နေလို့ရတယ်။

ဘယ်အရွယ်ကတည်းကဒီဇိုင်နာဖြစ်ဘို့စိတ်ကူးသန်ခဲ့တာလဲ၊
ကျွန်တော့်ဘဝမှာတခါမှ ဒီဇိုင်နာလုပ်မယ်လို့ မတွေးခဲ့မိပါဘူး။ခုနကပြောသလိုပေါ့၊အိမ်မှာကဆရာဝန်ပဲလုပ်ဘို့မိဘများက တချိန်လုံးပြော လာတာဆိုတော့ ဆရာဝန်လောက်ပဲလုပ်ဘို့ ဦးနှောက်ထဲမှာရှိတာလေ။ ဖြစ်ချင်တော့UC (Berkeley) မှာကျောင်းတက်ရင်းနောက်ဆုံး နှစ်ရောက်တဲ့အချိန်မှာကျွန်တော်အကျႌဒီဇိုင်းတွေကိုစပြီးစိတ်ဝင်စားလာတော့ ကျွန်တော့် သူငယ်ချင်းတယောက်ကပြောတယ်၊မင်းကဘာဖြစ်လို့dkYCollege of Alameda မှာ၁ယူ နစ်၂ယူနစ်လောက် သွားမတက်ကြည့်တာလဲလို့ အကြံပေးတာနဲ့ ကျွန်တော်လဲစမ်းပြီးအတန်း တတန်းသွားတက်ကြည့်လိုက်တယ်။အဲဒီမှာပဲ အရမ်းကိုစိတ်ဝင်စားသွားပြီး ကျန်တဲ့အတန်း ၄တန်းစလုံးကို တက်ဖြစ်လိုက်တယ်၊ဒါကြောင့် ကျွန်တော့်UC (Berkeley) နောက်ဆုံးနှစ်မှာ ကျောင်း၂ကျောင်းကို ခွတက်ခဲ့တယ်။UC (Berkeley) မှာအင်္ဂါနဲ့ကြာသပတေး၊College of Alamedaမှာတနင်္လာ၊ဗုဒ္ဓဟူး၊သောကြာမနက်၈နာရီကနေညနေ၅နာရီအထိ တက်ခဲ့တယ်။
ကျွန်တော် အဲဒီမတိုင်ခင်ကပုံလဲမဆွဲတတ်ဘူး၊ အကျႌလဲမချုပ်တတ်ဘူး၊အားလုံးအခြေခံကနေစသင်တာ၊ ဒါကြောင့်ဆရာကကျွန်တော် ဒီလောက်အထိ စိတ်ဝင်စားတာကိုတွေ့ရတော့ ကျွန်တော့်ကို အကြံပေးတယ်၊မင်းဒီလောက် တောင်စိတ်ဝင်စားရင်Academy of Artကို သွားတက်လို့ဆိုတော့ ကျွန်တော်လဲအရမ်းစိတ်ဝင်စားလို့ ှSan Francisco Academy of Artကိုရောက်သွားပြီး၊ အဲဒီမှာ၂နှစ်ခွဲတက်တယ်၊၂၀၀၉ဒီဇင်ဘာလမှာMaster of Fine Art
နဲ့ဘွဲ့ရတယ်၊ ဘွဲ့ရတဲ့သူတွေထဲကမှ New York Fashion Weekအတွက်၆ယောက် ကိုရွေးပြီး၆ယောက်ထဲကမှ ကောင်းတဲ့ဝတ်စုံတွေရွေးပြခွင့်ပေးတယ်။တချို့က၆စုံရွေးခံရတယ်၊ကျွန်တော့လက်ရာ၉စုံရွေးခံရတယ်။

သူ၏ဖက်ရှင်၊ သူ၏မော်ဒယ် နှင့်အတူတွေ့ရသော ဒီဇိုင်နာ စတီဗင်ဦး

ကမ္ဘာကျော်နယူးယောက်ဖက်ရှင်ရှိုးအကြောင်းနဲနဲရှင်းပြပေးပါဦး၊
ကမ္ဘာ့ဖက်ရှင်ရှိုးတွေထဲမှာ နာမည်ကြီးတာဆို လို့၄ခုပဲရှိတယ်။ အဲဒီ၄ပွဲကိုပဲဟောလီးဝုဒ်နဲ့ကမ္ဘာကျော်တွေက စိတ်ဝင်တစားတက်ကြတယ်။အဲဒီ Major Fashion Week တွေကတော့ Bryant Park New York Fashion Week, မီလန်၊ပြင်သစ်၊ပဲရစ် တွေပါ။အဲဒီဖက်ရှင်ပွဲတွေကိုကုန်တိုက်ကြီးတွေကအမြဲတက်ကြတယ်။
ကျွန်တော်ပြခွင့်ရခဲ့တဲ့Bryant Park New York Fashion Week က၂၀၁ဝ ဖေဖေါ်ဝါရီလ၁၃ရက်နေ့မှာပြခဲ့တယ်။ နာမည် ကြီးတွေအများကြီးလာကြတယ်၊ နယူးယောက် တိုင်း(မ်) သတင်းစာက ဖက်ရှင်အယ်ဒီတာ Suzy Menkes, America’s Next Top Model က Miss J. Alexander, Desperate Housewife, Project Runway, New York Bryant ParkFashion Week ကိုစတင်တည်ထောင်ခဲ့တဲ့ Fern  Mallis တို့လာကြတယ်။ နာမည်ကျော်တွေထဲကလူ ပေါင်း ၁၁၀ဝကျော်တက်တဲ့ပွဲပါ။

နိုင်ငံအလိုက်ကွဲပြားတဲ့ဒီဇိုင်းတွေအကြောင်းနဲနဲပြောပြပါဦး။
ဖက်ရှင်ဒီဇိုင်းတွေထဲမှာ ပြင်သစ်၊အင်္ဂလန်ဖက် ရှင်ဒီဇိုင်းတွေက အရမ်းအံ့ဩစရာ ကောင်းအောင်တီထွင်ထားတဲ့ ဒီဇိုင်းတွေဖြစ်တယ်။ သူတို့ရဲ့အဓိကရည်ရွယ်ချက်ကထူးဆန်းရမယ်။ ထွင်နိုင်ရမယ်။မမြင်ဘူးတဲ့ဟာမျိုးဖြစ်ရမယ်။ နေ့စဉ်ဝတ်တဲ့ဟာမျိုး ဖြစ်နေစရာမလိုဘူး။
ရောင်းစရာလဲမလိုဘူး။ အမေရိကန်ဒီဇိုင်းတွေကတော့နေ့စဉ်ဝတ်နိုင်တာကို ဦးစားပေးတီထွင် ထုတ်လုပ်တယ်။ ဂျပန်ရဲ့ဒီဇိုင်းတွေက ခေတ်ရှေ့ပြေးဒီဇိုင်းတွေ ဖြစ်တယ်။ သူတို့အဝတ်အစားတွေကို ကြည့်လိုက်ရင်ဘယ်လိုဝတ်နေကြမှန်းမသိဘူး၊ခံစား လို့မရဘူးဖြစ်နေတတ်တယ်။ ဒါပေမယ့်သူတို့ ဆီမှာဒီနှစ်ခေတ်စားတဲ့အဝတ်အစားတွေက
နောက်၁နှစ်၂နှစ်လောက်မှာ အမေရိကန်ဘက်မှာခေတ်စားလာတယ်။ သူတို့ကခေတ်ရှေ့ပြေးလို့ပြောနိုင်တယ်။

စတီဗင်ရဲ့အကြိုက်ဆုံးဒီဇိုင်နာရှိပါသလား၊
ကျွန်တော့်အကြိုက်ဆုံး ဒီဇိုင်းနာဆိုပြီးတော့ မရှိပါဘူး။ဒီမှာကသူ့ရာသီနဲ့သူဒီဇိုင်းတွေက ထုတ်တာဆိုတော့ကျွန်တော်ကဒီ ဒီဇိုင်နာကိုအခုကြိုက်ပေမယ့်နောက်သူထပ်ထုတ်တဲ့ဖက်ရှင်ဒီဇိုင်းကို ကြိုက်ချင်မှကြိုက်လိမ့်မယ်။ ဒါကြောင့်အကြိုက်ဆုံး ဒီဇိုင်နာတယောက်ကိုပြော ပါဆိုရင်တော့ခက်တယ်။ ဒါပေမယ့်များသော အားဖြင့်က ပဲရစ်ကဒီဇိုင်နာတွေကို ပိုကြိုက်တယ်။Lanvinကတော့အရမ်းကောင်းတယ်။Alexander McQueen ဆိုရင်အရမ်းနာမည်ကြီးတဲ့ဒီဇိုင်နာပါ။

စတီဗင်ဦးရဲ့လက်ရာနဲ့အတွေးအခေါ်ကဘာကိုအခြေခံသလဲ၊
ကျွန်တော်ထွင်တဲ့ ဒီဇိုင်းတွေကအရင့်အရင် ဖက်ရှင်ဒီဇိုင်နာတွေရဲ့ နမူနာကိုတုပြီးပြန်ပြင် ဆန်းသစ်တာမဟုတ်ဘူး။ပြန်ဆန်းသစ်လဲဘယ် လောက်မှ ပြောင်းသွားတာမဟုတ်ဘူး။ ကျွန် တော်စိတ်ဝင်စားတာကArchitect  အဆောက် အဦတွေကိုစိတ်ဝင်စားတယ်။ဒါကြောင့်ကျွန်တော့်ရဲ့အကျႌဒီဇိုင်းတွေက အီတလီက ကမ္ဘာ ကျော် အဆောက်အဦတွေရဲ့ပုံစံတွေကိုယူထား တာဖြစ်တယ်။ နယူးယောက်မှာပြသွားတဲ့ဒီဇိုင်း တွေကအီတလီArchitect  ရဲ့ဒီဇိုင်းတွေထဲ ကပြန်ယူထားတာပါ။ကျွန်တော်ကသိုးမွေးအကျႌဒီဇိုင်းတွေများတယ်၊ကျန်တာတွေကရှပ်အကျႌအောက်ခံတွေပါ။

ဒီဇိုင်နာတယောက်အနေနဲ့ဘယ်လိုတီဗီအစီအစဉ်မျိုးကိုလေ့လာသလဲ၊အပန်းဖြေတဲ့အနေနဲ့ဘယ်လိုအစီအစဉ်တွေကြည့်သလဲ၊
ကျွန်တော်ကRun Wayရှိုးတွေ၊ထွက်လာ သမျှ ဒီဇိုင်နာရှိုးပွဲတွေကို အင်တာနက်ကနေ မလွတ်တမ်း ကြည့်တယ်။Style.com မှာလဲ ၆လတခါအသစ်ထွက်တယ်။ ကျွန်တော်တခုမှမလွတ်ဘူး၊ကြည့်ဖြစ်တယ်။ကျွန်တော်အားလို့တီဗီကြည့်ဖြစ်ရင်တော့Discoveryချာနယ်ကိုအ ကြည့်များတယ်။ သဘာဝနဲ့ဆိုင်တဲ့ရှိုးတွေ၊ တိရ စ္ဆာန်တွေရဲ့သဘာဝတွေကိုကြည့်ဖြစ်တယ်။

ခုလိုဆရာဝန်လိုင်းကနေဒီဇိုင်နာလိုင်းပြောင်းလိုက်တော့အိမ်ကမိဘတွေသဘောတူခဲ့ကြသလား၊ဘယ်လိုအခက်အခဲနဲ့ကြုံခဲ့ရသလဲ၊
ကျွန်တော်UC (Berkeley) မှာနောက်ဆုံး နှစ်တက်နေတုန်း ကွန်မြူနတီကောလိပ်ကို တပြိုင်နက်ထဲ သွားတက်တာအိမ်ကတောင်မသိ ဘူး။ ကွန်မြူနတီကောလိပ်ဆိုတော့ပိုက်ဆံသိပ် မကုန်ဘူး။ ဒါကြောင့်ကိုယ့်ပိုက်ဆံနဲ့ကိုယ်တက်ခဲ့တယ်၊ မိဘကိုအသိမပေးခဲ့ဘူး၊ကျောင်းပြီး
သွားမှအိမ်ကိုအသိပေးလိုက်တယ်။ ဒီတော့မှကျွန်တော် ဘယ်လောက်စိတ်ဝင်စားသလဲ ဆိုတာကိုသိသွားပြီးှSan Francisco Academy of Art တက္ကသိုလ်ကိုတက်ခွင့်ပေးလိုက်တယ်။ကျွန်တော်က’မာစတာ’တက်တာဖြစ်တဲ့အ တွက် ဘာစကောလားရှစ်၊ ဘာအထောက်အပံ့ မျိုးမှမရခဲ့ဘူး။ ယူနစ်တခုကို ၈၈ဝဒေါ်လာပေးရတယ်။ ဒါကြောင့် ကျွန်တော့်မိဘတွေ ပိုက်ဆံတော်တော်ကုန်သွားတယ်၊တခုတော်သေးတာကကျွန်တော်UC (Berkeley)
တက်တုန်းက ပိုက်ဆံတပြားမှမကုန်ခဲ့ဘူး၊ ကျွန်တော် စကော လားရှစ် အပြည့်အဝရတဲ့အပြင် အဆောင်မှူးလုပ်တဲ့အတွက်နေစရိတ်စားစရိတ်ပါမကုန်ခဲ့ရဘူး။

ခုဘွဲ့ရပြီးသွားတော့ဘာထပ်လုပ်ချင်သေးသလဲ၊ဘာလုပ်မယ်စဉ်းစားထားလဲ၊
ကျွန်တော်ပညာထပ်သင်ချင်နေသေးတယ်။ ကျောင်းထပ်တက်ချင်နေသေးတယ ်၊ကျွန်တော်ကျောင်းဆက်တက်မယ်ဆိုရင်တော့ ကျွန်တော့်အဖေအမေတွေနှလုံးရောဂါရသွားနိုင်တယ်။

တခြားဘာဝါသနာပါသေးသလဲ၊ ဘာအားကစားဝါသနာပါသလဲ၊ ပုံမှန်လုပ်ဖြစ်သလား၊
ကျွန်တော်၂၀၀၃ကစပြီး မော်ဒယ်လုပ်ခဲ့ဘူး သေးတယ်။ အရင်တုန်းကတော့အားရင်အား သလို မော်ဒယ် လုပ်ဖြစ်ပါတယ်၊ကျွန်တော်ကအရပ်မမြင့်တော့Run Way မှာတော့လျှောက် လို့မရဘူးပေါ့။ ဓါတ်ပုံရိုက်ခံတာများပါတယ်။ ခုနောက်ပိုင်းတော့လုံးဝမလုပ်ဖြစ်တော့ဘူး။
ကျွန်တော်အချိန်လုံးဝမပေးနိုင်တော့လို့။အရင်တုန်းကတော့အချိန်ရရင်ရသလိုလုပ်ပါတယ်။
ကျွန်တော်ကြက်တောင်ရိုက်၊ရေကူးဝါသနာပါတယ်။ ဒါပေမယ့်ကျွန်တော်ခုလုံးဝအချိန်မရှိလို့ဘာမှမလုပ်ဖြစ်ဘူး။ အဓိကကကျွန်တော်လုံးဝအပြင်မထွက်ချင်ဘူး။ အိမ်ထဲမှာပဲနေပြီး အလုပ်ပဲလုပ်ချင်နေတယ်၊ ကျွန်တော့်အချိန်တွေ ကိုတခြားဘယ်နေရာမှမဖြုန်းချင်ဘူးဖြစ်နေတယ်။ ကျွန်တော့်ရဲ့ဒီဇိုင်းတွေ၊အကျႌဒီဇိုင်းတွေကိုပဲချုပ်ချင်နေတယ်။

ခရီးထွက်တာဝါသနာပါသလား၊နိုင်ငံခြားနဲ့အမေရိကားတခွင်တော်တော်စုံအောင်ရောက်ပြီးပြီလား၊
ကျွန်တော် အမေရိကားရောက်ပြီး၁ဝနှစ်ကြာ မှ အမေရိကန်နိုင်ငံသားဖြစ်တယ်။ ၁ဝနှစ်အတွင်းအမေရိကားမှာဘဲနေနေရတယ်၊့ဃ (နြမုနူနပ) ကနေဘွဲ့ရပြီးတော့ပထမဆုံးခရီး စဉ်ကို အဖေက မင်းကြိုက်တဲ့နေရာသွားလည်ဆိုလို့ ကျွန်တော်ကဥရောပနိုင်ငံကိုတယောက်တည်းသွားလည်ဖြစ်တယ်။ ပြင်သစ်ကနေစတယ်၊မိုနာကိုဝင်တယ်၊ အီတလီကမြို့၅မြို့ ကို ပတ်တယ်၊ပဲရစ်ကိုသွားတယ်၊ အဲဒီကနေတဆင့်ဘတ်စ်ကားစီးပြီးလန်ဒန်သွားတယ်၊လန်
ဒန်ကနေမှလေယာဉ်နဲ့ အမ်စတာဒန်၊ ဆွီဒင်ကနေ ပဲရစ်ကိုပြန်သွားတယ်၊ ပြီးမှအမေရိကားကို ပြန်တယ်။ ၃ပတ်ကြာအောင်နေခဲ့တယ်။
အဲဒီမှာကျွန်တော်အတွက် လေ့လာစရာတွေ၊မှတ်သားစရာတွေအများကြီးရခဲ့တယ်။ကျွန်တော်အီတလီကိုရောက်တော့အီတလီကနာ
မည်ကျော်ဓါတ်ပုံဆရာတွေဆီမှာမော်ဒယ်ဝင်လုပ်ပေးခဲ့တယ်။ သူတို့နိုင်ငံမှာအာရှနိုင်ငံသား ရှားတော့ ကျွန်တော့်အတွက် အခွင့်အလမ်း တခုရတာပေါ့၊ အပျော်တမ်းမော်ဒယ်လုပ်ခဲ့တာပါ။ကျွန်တော်ကမော်ဒယ်ခ ပိုက်ဆံမရသလို သူတို့ကိုလဲကျွန်တော်ကပိုက်ဆံပေးစရာမလိုဘူး။ ဒါပေမယ့်ဓါတ်ပုံဆရာတွေကထိပ်ထိပ်ကြဲတွေဆိုတော့အတွေ့အကြုံသစ်တခုပေါ့။
၂၀၀၉ခုနှစ်မှာအာရှတိုက်ကို ၃ပါတ်သွားလည်တယ်။မြန်မာပြည်(၁ပါတ်)၊ ဂျပန်၊ဟောင်ကောင်၊မလေးရှား၊ကိုရီးယား၊ထိုင်းနိုင်ငံတွေကိုရောက်ခဲ့တယ်။ ဂျပန်ကဒီဇိုင်းတွေခေတ်ရှေ့ပြေးနေတာကိုတွေ့ခဲ့တယ်။အမေရိကထဲမှာ နယူးယောက်၊ဆန်ဒီရေးဂိုး၊ အယ်လ်အေလောက်ပဲရောက်ဘူးတယ်။ကျွန်တော်ကအချိန်ရလို့ခရီးထွက်ဆိုရင် နိုင်ငံခြားကို ပဲသွားလည်ချင်တာ။

ဥရောပမှာဘာတွေထူးခြားသလဲ၊အာရှနိုင်ငံတွေနဲ့ဘာကွာသလဲ၊
ဥရောပမှာအစားအစာတွေကဘာဈေးကြီး သလဲမမေးနဲ့၊ အရမ်းကိုဈေးကြီးတာ၊ကျွန်တော် ဟိုမှာမက်ဒေါနားပဲ စားတာတောင်အမေရိကန် ဒေါ်လာ၁၅ဒေါ်လာလောက်ပေးရတယ်။ တခြား ပစ္စည်းတွေလဲ အရမ်းဈေးကြီးတာပဲ၊ကျွန်တော် ကအစားမှာချွေတာပြီး အမေရိကားမှာမရနိုင်တဲ့ ပစ္စည်းတွေကိုဝယ်ခဲ့တယ်။နောက် ကျွန်တော်သွားတဲ့နိုင်ငံတိုင်းမှာသူငယ်ချင်းတွေရှိတော့သူ တို့ဆီမှာတည်းတဲ့အတွက် သက်သာပါတယ်။ခရီးစရိတ်နဲ့စားတာလောက်ပဲကုန်တယ်။အာရှမှာဆိုရင်ဂျပန်ရဲ့ အကျႌဒီဇိုင်းတွေကြိုက် တယ်၊ဒါပေမယ့်ဈေးအရမ်းကြီးတာကိုတော့မ ကြိုက်ဘူး။ကိုရီးယားကအကျႌဒီဇိုင်းတွေလဲလှ တယ်။ ဈေးသိပ်မကြီးဘူး၊ကြိုက်တယ်။သူတို့ ရဲ့ဖက်ရှင်လဲနောက်ပိုင်းခေတ်စားလာတယ်။ ယိုးဒယားကပစ္စည်း ဝယ်လို့ကောင်းတယ်။ ဂျပန်ရဲ့ပစ္စည်းတွေက တခြားနိုင်ငံနဲ့မတူဘူး။သူတို့ရဲ့ ပိတ်စတွေကအရမ်းဆန်းတယ်။ဘယ်မှာမှရှာလို့မရနိုင်တဲ့အတွက်ဈေးအရမ်းကြီးလဲ
ဝယ်လာခဲ့တယ်။သူတို့နိုင်ငံကကုန်ကြမ်းတွေ ကဈေးကြီးတယ်။နိုင်ငံတိုင်းကသူ့ဟာနဲ့သူကောင်းတာတွေရှိပါတယ်။

မြန်မာပြည်ပြန်ပြီးဒီဇိုင်နာလုပ်ဘို့စိတ်ကူးရှိသလား၊ အလုပ်လုပ် မယ့်စိတ်ကူးကိုပြောပြပါ။
ကျွန်တော်က သိုးမွှေးဒီဇိုင်နာဆိုတော့ အမေကတောင်ပြောသေးတယ်၊နင့်သိုးမွှေးဒီဇိုင်းတွေမြန်မာပြည် ရာသီဥတုနဲ့တော့ ဖြစ်တော့မှာပဲ တဲ့။အကယ်၍ကျွန်တော်ကမြန်မာပြည်ပြန်ပြီး လုပ်ရမယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ဒီဇိုင်းတွေ ကိုပြင်ရမှာပေါ့နော်။ မြန်မာပြည်ရာသီဥတုနဲ့
ကိုက်ညီမယ့်ပုံစံတွေလုပ်ရမယ်။လောလောဆယ်ကျွန်တော်လုပ်ချင်တာကကုမ္ပဏီခပ်သေးသေးတခုမှာ ဝင်လုပ်ချင်တယ်၊ သင်စရာရှိတာတွေကိုသင်ချင်သေးတယ်။ကုမ္ပ ဏီသေးမှကိုယ်လုပ်ချင်တဲ့ဒီဇိုင်းကိုထွင်နိုင်မယ်၊ ကုမ္ပဏီကြီးရင် ဒီပုံစံကိုပဲထပ်ခါတလဲလဲ လုပ်နေရတယ်။ ပိုက်ဆံအရင်ရှာမယ်၊ အခြေကျပြီးရင်တော့ကိုယ်ပိုင်လုပ်ချင်တယ်။

အဆိုအက၊ရုပ်ရှင်၊စာပေဘယ်လိုအနုပညာမျိုးကိုဝါသနာပါပါသလဲ၊
ကျွန်တော်အဆိုလဲမရဘူး၊အကလဲမရဘူး၊ သီချင်းတွေကို နားထောင်ရတာ ကြိုက်တာလောက်ပဲရှိတယ်။ငယ်ငယ်ကလဲဂီတနဲ့ပတ်
သက်တာ ဘာမှသင်ယူခဲ့ဘူးတာမရှိဘူး၊ကိုယ် တိုင် ဘာမှမလုပ်တတ်ဘူး၊ နားထောင်တာကြည့်တာလောက်ပဲရှိပါတယ်။စာဖတ်တာကခု နောက်ပိုင်း စီးပွားရေး၊ဖက်ရှင်နဲ့ဆိုင်တာ ဖတ်ဖြစ်တာများတယ်။ကျောင်းတက်နေတုန်းကျောင်းက ဖတ်ခိုင်းတဲ့စာအုပ်တွေဖတ်နေတာ နဲ့အချိန်မလောက်ဘူးဖြစ်နေတယ်။

မြန်မာပြည်ကနောက်ထပ်ရောက်လာမယ့် မျိုးဆက်သစ်တွေကိုဘာ ပြောချင်သလဲ၊
ဘာပဲလုပ်ချင်လုပ်ချင်ဖြစ်နိုင်ပါတယ်လို့။ ကိုယ်တကယ်စိတ်ဝင်စားတာကိုကြိုးကြိုးစားစားနဲ့သာ အားမလျှော့ပဲလုပ်၊အောင်မြင်ရမယ်။ ကျွန်တော် အမေရိကားကို စရောက်ရောက်ချင်း မှာအရမ်းကြိုးစားခဲ့ရတယ်။ကျောင်းကိုမနက်အစောကြီးသွားတက်ရတယ်၊ ကွန်မြူနတီ
ကောလိပ်လဲသွားတက်တယ်။ အချိန်ရင်းပြီးကြိုးစားလို့ UC(Berkeley) ကိုဝင်တာပေါ့။ ဒါကြောင့်စိတ်ဝင်စားတာကိုလုပ်ပါ၊စိတ်ဆင်းရဲတယ်ဆိုတာမရှိဘူး။တခြားမှာသွားအချိန်မဖြုံးနေပါနဲ့၊  ပျော်စရာရှိတာကိုလဲပျော်ပါ။အရမ်း မပျော်ပါနဲ့၊ခု(ကျောင်းသားဘဝမှာ)အရမ်းပျော်ရင်နောင်မှာစိတ်ဆင်းရဲရပါလိမ့်မယ်လို့။

ဘဝမှာမေ့မရတဲ့အမှတ်တရနေ့တွေရှိခဲ့သလား။
ကျွန်တော်ခရီးသွားတာ အရမ်းကြိုက်တယ်။ မရောက်ဘူးတဲ့နိုင်ငံတွေကို ပိုသွားချင်တယ်။ နိုင်ငံခြားထွက်တိုင်းမှာ အတွေးသစ်အမြင်သစ် တွေတိုးတယ်၊ အကြံကောင်းတွေရတယ်၊ ဒါတွေ ဟာဘယ်တော့မှမေ့နိုင်မှာမဟုတ်သလိုကျွန်တော့်ရဲ့ နောက်ကြောင်းကိုပြန်ကြည့်ရင်ကျွန်တော် ဆရာဝန်ဖြစ်ဘို့အတွက် အများကြီးကြိုးစားခဲ့တယ်။ပိုက်ဆံတွေ၊အချိန်တွေအများကြီးပေးဆပ်ခဲ့ရတယ်။ အဲအခုလုပ်နေတာက ပုံဆွဲ တာ၊အကျႌချုပ်တာတွေဖြစ်နေတယ်ဆိုတော ့ပြန်တွေးကြည့်ရင်ရယ်ချင်စရာကြီးဖြစ်နေတယ်။ဒါပေမယ့်အခုကျွန်တော်ပျော်တယ်။ဖက်ရှင်ဒီ
ဇိုင်းနဲ့ပတ်သက်ပြီးထူးချွန်အောင်လုပ်မယ်၊ဒါကျွန်တော့်ရဲ့ရည်မှန်းချက်ပန်းတိုင်ပဲ။ ကျွန်တော့်အဖေအမေအတွက်ပြန်လည်ပေးဆပ်မယ်။

ဘယ်လိုအစားအစာတွေကိုကြိုက်သလဲ။
ခေါက်ဆွဲဆိုရင်အကုန်ကြိုက်တယ်။အုန်းနို့ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲ၊ ခေါက်ဆွဲသုတ်၊ခေါက်ဆွဲကြော်အားလုံးကြိုက်တယ်။ ဂျပန်စာ၊ ကိုရီးယားနဲ့အင်ဒိုနီးရှားစာလဲကြိုက်ပါတယ်။

ရတနာပုံနေပြည်တော်သတင်းစာကိုဘယ်လိုမြင်သလဲ။
ကျွန်တော့်ကိုအမေကအမေရိကားမှာမြန်မာသတင်းစာရှိတယ်လို့ ပြောပြတုန်းကလန့်တောင် လန့်သွားတယ်။ ဒီအမေရိကားမှာမြန်မာသတင်း စာရှိမယ်လို့စဉ်းတောင်မစဉ်းစားမိဘူး။ဒီသတင်းစာက တနိုင်ငံလုံးကို ဖြန့်တာဆိုတော့ တော်တော် အံ့ဩဘို့ကောင်းပါတယ်။ မြန်မာ
ပြည်ကသတင်းတွေ၊နိုင်ငံတကာရောက်နေတဲ့ မြန်မာတွေရဲ့သတင်းတွေဖြန့်ပေးတဲ့အတွက်အရမ်းကောင်းပါတယ်။ အမေရိကားကို ရောက်
ခါစလူတွေ၊ အင်္ဂလိပ်လိုသိပ်မရသေးတဲ့သူတွေအတွက်အများကြီးအကျိုးရှိသလို၊ရောက်တာ အရမ်းကြာပြီးမြန်မာစာမေ့နေသူတွေအတွက်မြန်မာစာကိုပြန်လေ့လာနိုင်တဲ့အတွက်အများကြီးအကျိုးရှိတယ်လို့ထင်ပါတယ်။
ပြီးတော့မြန်မာပြည်ကသတင်းစာထက်ကောင်းတယ်လို့ထင်တယ်လေ။ ရောင်စုံစာမျက်နှာတွေနဲ့ဓါတ်ပုံတွေဝေဝေဆာဆာနဲ့ဆိုတော့တော်တော်လေးကောင်းတယ်လို့တော့ထင်ပါတယ်။

စတီဗင်ရဲ့ဒီဇိုင်းလက်ရာတွေကိုအင်တာနက်ကနေလေ့လာကြည့်ချင်တယ်ဆိုရင်…
www.stevenoo.viewbook.com

မှတ်ချက်။  ။ မန္တလေးဂေဇက် ဩဂုတ်လ ၂၀၁ဝတွင် ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။

One comment

  • fatty

    August 23, 2010 at 8:46 am

    အတုယူဘို့ကောင်းသောလူငယ်လေး ပါ။ မန ္တလေးဂေဇက် သတင်း စာ ကို ဓါတ်ပုံဖြင့် အတွင်းအပြင် တပုံ လောက် ဝန်မလေးရင် ကြည့်ပါရစေ။

Leave a Reply