စစ်ပွဲ
ဘာမျိုးစေ့လဲ
ဘယ်လို အပင်ပေါက်သလဲ
ဘာကြောင့် သစ်မာမျိုး ဖြစ်နေရတာလဲ
ဘယ်ရာသီဥတုမဆို
လက်ရဲဇက်ရဲ ရှင်သန်လို့
လေထဲလည်း အမြစ်တွယ်
ပင်လယ်ထဲလည်း တောထ
မြို့လယ်ခေါင်တွေတောင် စိမ်းစိုလို့
လူတွေ
သက်ရှိတွေ
မသက်မသာ အရိပ်ခိုနေကြရ
တကယ်ဆို
သူသူကိုကို
မနှစ်မြို့တဲ့ ဒီအပင်ဟာ
ဆုပ်လည်းစူး
စားလည်းရူးတဲ့
အသီးကိုပဲ သီးပါတယ်
ကိုစစ်
6 comments
မြစပဲရိုး
June 13, 2015 at 3:39 am
အရိပ်ခိုလို့ ရတယ် ဆိုရင် ဖြေသာပါသေး တယ်။
အခုဟာ က အစိမ်းရောင် အပင်ကြီး မျိုး မဟုတ်ဘဲ
အစိမ်းရောင် ရေညှိတွေ တောထနေလို့
နင်းမိရင် ချော်လဲ ကုန်တော့တာ လေ ကိုစစ် ရဲ့။
kai
June 13, 2015 at 6:39 am
အဲဒီအသီးကိုစား အစေ့ကိုစုပ်တဲ့အခါ
မီးတွေအရူးပြန်ဝိုင်း
အရူးကို လေဝိုင်း
ရေကိုမြေဝိုင်းလို့ ခြာလပါတ်လည်
ဆယ်စုတဝက်ဆုပ်ကပ်ခဲ့
ဗရုတ်ဗယက်နောက်မခက်အောင်
မဲကြားက အသဲတပြားပေး
အစိမ်းကောင်တွေ ဖုတ်သွင်းကြမယ်
ရော့ခေါင်ရမ်း
အလောင်းထမ်းလို့ အဲ့ဟိုလမ်း…
ကိုယ်တိုင်သာမြန်း…..။
Alinsett @ Maung Thura
June 13, 2015 at 10:00 am
ကဗျာတွေနဲ့.. ကျနော်..
မိုင်ပေါင်းများစွာ..ဝေးနေရတဲ့..
အခုကာလ…
ကျနော်လေ…
တစက္ကန့်တောင်မှ မပျော်ပိုက်ပါဘူး..
manawphyulay
June 13, 2015 at 10:28 am
ပဒိုင်းသီးလားဟင်…
ဒါမှမဟုတ် ကြက်ဆူပင်ဖြစ်မယ်ထင်တယ်။
ဒေါ် လေး
June 13, 2015 at 10:51 pm
အဲအပင်ကြီးကို မနှစ်မြို့သူများသော်လည်း
မည်သူမျှ ခုတ်မပစ်ကြ
အခက်အလက် တချို့ကို ခုတ်ပစ်သော်လည်း
ရေသောက်မြစ်ကို မခုတ်သည့်အတွက်
မသေနိုင်
အောင် မိုးသူ
June 16, 2015 at 11:51 am
ပဒိုင်း