အမိုက်အမည်းလေးတွေမို ့…။
ကွေးတဲ့လက် မဆန် ့ခင်မှာပဲ
ဆန် ့သောလက်ဟာကွေးနေခဲ့ပြီ…၊
အချိန်မရွေး ရပ်တန် ့သွားနိုင်တယ်ဆိုတာ
သိနားလည်ပြီးတဲ့နောက်
မေတ္တာတရားဟာ
သိသိသာသာ အားကောင်းလာခဲ့…၊
သတိရလွမ်းဆွတ်ခြင်းတွေဟာလည်း
ချိန်ခါမဲ့ မိုးတွေလို
ရုတ်တရက် ရွာချလာခဲ့…၊
အော်…
မြစ်တစ်ခုမှာ
ရေနှစ်ခါ ချိုးလို ့မရနိုင်သလို
နှုတ်ခမ်းလေး တစ်ခုကိုရော
နှစ်ခါနမ်းလို ့ရနိုင်ပါရဲ ့လား…၊
မသိလို ့အသည်းနင့်အောင် ချစ်ပြီး
မသိလို ့ခါးခါးသီးသီး မုန်းကြ
အမိုက်အမဲလေးတွေမို ့
မသိလို ့အသည်းကွဲနေကြရတာပါ၊
တကယ်တော့…
အားလုံးဟာ မရေရာ
ဝမ်းနည်းဖို ့မလိုတာ
အခု ကျွန်တော် နားလည်ခဲ့ပါပြီ။
(BC)
10 comments
သင့်အေးရိပ်
July 3, 2017 at 1:43 pm
မရေရာခြင်းတစ်ခုသာ ရေရာတဲ့ လောကမှာ. . .
အရာအားလုံးအတွက်တော့ . . .
လိုက်ဝမ်းနည်းနေဖို့မလိုတာ. . .
ကျနော်လည်း နားလည်လိုက်သလိုပါ။
😆
black chaw
July 3, 2017 at 1:49 pm
@ သင့်အေးရိပ် !!!
ကျေးဇူးပါဗျာ။
မနှစ်က အမေဆုံးပြီး ရက်တောင်မလည်သေးခင်
ကိုယ်လည်း လေဖြတ်ချင်သလိုဖြစ်ပြီး သေခြင်းတရားနဲ ့ရင်ဆိုင်ရချိန်
ခံစားမှုလေး ရေးထားတာပါဗျာ။
ဦးကျောက်ခဲ
July 3, 2017 at 2:43 pm
အလွမ်းဆိုတာ … ဝေးသွားမှ …
ဝမ်းနည်းတယ်ဆိုတာ … ဆုံးရှုံးသွားမှ …
သေခြာတယ် ရေရာတယ်ဆိုတာ … နတ္ထိ …
လှည့်ကြည့်မိတော့ … ဗလာအတိ …
black chaw
July 3, 2017 at 2:49 pm
@ ဦးကျောက်ခဲ !!!
အားလုံးဟာ မရေရာ
ဝမ်းနည်းဖို ့မလိုပါ…။
အောင် မိုးသူ
July 3, 2017 at 3:04 pm
နှုတ်ခမ်းလေးတစ်ခုကို ဘယ်နှခါနမ်းခဲ့လည်း
black chaw
July 3, 2017 at 3:30 pm
@ အောင်မိုးသူ !!!
မြစ်တစ်ခုမှာ ရေနှစ်ခါ ချိုးလို ့မရသလို
နှုတ်ခမ်းတစ်ခုကိုလည်း နှစ်ခါနမ်းလို ့ရသလားလို ့
မေးချင်တာပါဗျာ။
kai
July 3, 2017 at 3:55 pm
စိတ်ရော ရုပ်ရော.. ဖြစ်ပြီးပျက်တယ်တဲ့..။ အခုမြင်နေရတဲ့ ရုပ်၊စိတ်ဟာ.. အရင် တစက္ကန့်က ရုပ်စိတ်တောင်မဟုတ်မှတော့..
မြစ်လောက်ကြီး ဇာချဲ့ဖို့မလိုသလို… နှုတ်ခမ်းလောက်အထိလည်း.. တဏှာထည့်ဖို့ မလိုလောက်ပါဘူး..။
ဆိုတော့…
နမ်းချင် ကောက်သာနမ်းလိုက်.. ကြွေပလေ့စေ..။
( ဟီး.. ဟိုမှာဖက်.. “သူကြီးနဲ့ ငြင်းကြမယ်” ကနေ .အရှိန်လွန်ပြီး.. ရောက်လာတယ် မှတ်ပါ…။မှတ်ပါ။
အမှတ်ကောင်းရင်.. နိဗ္ဗာန်ရောက်တယ် ဆိုကြသားဗျ..။ :k:
black chaw
July 3, 2017 at 3:59 pm
@ kai !!!
ညီငယ်တွေ အဖတ်များသမို ့
ညိလုံးလေးထည့်ထားတယ်လို ့ပဲ မှတ်ပါသူကြီးရေ။
weiwei
July 4, 2017 at 1:37 pm
ဦးဘလက်ကြီး ဒီအရွယ်အထိ မိုက်ချင်နေတုန်းလား … စတာဘာ စတာဘာ ..
black chaw
July 4, 2017 at 4:58 pm
@ weiwei !!!
မနှစ်က ဒီအချိန် အမေ့ နောက်ဆုံးအချိန်တွေပေါ့ မဝေရေ။
အမေ ဆုံးပြီး နှစ်ရက်လောက်မှာ ကျနော် လေဖြတ်ချင်သလို
ဖြစ်တယ်ဗျ။ အပေါ်သွေး ၂၀ဝ နီးပါးတက်ပြီး သေမလိုတောင်
ဖြစ့်ခဲတာပေါ့ဗျာ။ အဲ့လိုအချိန်မှာ သံဝေဂ ရတဲ့စိတ်နဲ ့တွေးမိတဲ့အတွေး
ကို ရေးထားတာဗျ။
“တကယ်တော့…
အားလုံးဟာ မရေရာ
ဝမ်းနည်းဖို ့မလိုတာ
အခု ကျွန်တော် နားလည်ခဲ့ပါပြီ။”