black chawJuly 3, 20171min71318
လူဟာလူပဲ…။ ဟိန္ဒူ ကိုးကွယ်လည်း လူပဲ…။ အစ္စလမ် ကိုးကွယ်လည်း လူပဲ…။ ခရစ်ယာန် ကိုးကွယ်လည်း လူပဲ…။ ဗုဒ္ဓ ကိုးကွယ်လည်း လူပဲ…။ ကိုယ့်ကိုယ်ကို ကိုးကွယ်လည်း လူပဲ…။ အသားမည်းလည်း လူပဲ…။ အသားဖြူလည်း လူပဲ…။ အရပ်ပုလည်း လူပဲ…။ အရပ်ရှည်လည်း လူပဲ…။ ဆင်းရဲလည်း လူပဲ…။ ချမ်းသာလည်း လူပဲ…။ မအေးသောင်းလည်း လူပဲ…။ မတင်ညွန် ့လည်း လူပဲ…။ လူကို ကိုးကွယ်တဲ့ ဘာသာတံဆိပ်ကပ်ပြီး သတ်ဖြတ်နေသူတွေဟာ လူ မဟုတ်ဘူး…။ လူကို လူလို မမြင်တတ်ရင် လူမဟုတ်ဘူး…။ လူဟာ လူပဲ…။ (BC)


black chawJuly 3, 20171min48810
ကွေးတဲ့လက် မဆန် ့ခင်မှာပဲ ဆန် ့သောလက်ဟာကွေးနေခဲ့ပြီ…၊ အချိန်မရွေး ရပ်တန် ့သွားနိုင်တယ်ဆိုတာ သိနားလည်ပြီးတဲ့နောက် မေတ္တာတရားဟာ သိသိသာသာ အားကောင်းလာခဲ့…၊ သတိရလွမ်းဆွတ်ခြင်းတွေဟာလည်း ချိန်ခါမဲ့ မိုးတွေလို ရုတ်တရက် ရွာချလာခဲ့…၊ အော်… မြစ်တစ်ခုမှာ ရေနှစ်ခါ ချိုးလို ့မရနိုင်သလို နှုတ်ခမ်းလေး တစ်ခုကိုရော နှစ်ခါနမ်းလို ့ရနိုင်ပါရဲ ့လား…၊ မသိလို ့အသည်းနင့်အောင် ချစ်ပြီး မသိလို ့ခါးခါးသီးသီး မုန်းကြ အမိုက်အမဲလေးတွေမို ့ မသိလို ့အသည်းကွဲနေကြရတာပါ၊ တကယ်တော့… အားလုံးဟာ မရေရာ ဝမ်းနည်းဖို ့မလိုတာ အခု ကျွန်တော် နားလည်ခဲ့ပါပြီ။ (BC)


black chawFebruary 13, 20121min61932
ချစ်သူနင်းမည့် ပန်ခင်းလမ်းထက် လမ်းခင်းပန်းတစ်ပွင့် ဖြစ်ခွင့်ရလျှင် ကိုယ်ပျော်ရွှင်သည်။ ဘလက်ချော တစ်ယောက် ငယ်မူပြန်သွားတယ်လို့ မထင်ကြပါနဲ့ ခင်ဗျာ။ ဒီကဗျာလေးကလည်း ဆယ်ကျော်သက်အရွယ်က ရေးခဲ့တဲ့ ကဗျာလေးပါ။ ဒီနေ့ ကိုထက်ဝေးနဲ့ မြေနီကုန်း ဂျေဒိုးနတ်မှာ တွေ့ကြတော့ နှစ်ယောက်တည်း ကဗျာလေးတွေ ရွတ် ကြပါတယ်။ အဲဒီမှာ ကျွန်တော်က ဒီကဗျာလေးကို ရွတ်ပြတဲ့အခါ ကိုထက်ဝေးက ကြိုက်ပါတယ်တဲ့ ခင်ဗျာ။ အဲဒါနဲ့ ဆရာထက်ရဲ့ တောင်းဆိုမှု ကြောင့် (ကဲ ကိုထက်ဝေးရေ ခင်ဗျားကိုပဲ လွှဲချလိုက်ပါတယ်) ဒီကဗျာလေးကို မျက်နှာပူပူ နဲ့ တင်လိုက်ပါတယ်။ အဲဒီတော့ ကျွန်တော့် ရုပ်ကြီးကို မေ့ထားပြီး M လုလင်လေးတို့ အရွယ်လေးကို စိတ်ထဲမှာထားပြီး ဖတ်ကြည့်ကြဖို့ပါဗျာ။ VALENTINE’s Day မှာ ဖတ်ဖို့ […]


black chawFebruary 9, 20121min47442
လင်္ကာမချောလည်း ရှိစေတော့ လိမ်ညာမပြောရက်ပါဘူးမေ….။ အချစ်ဦးပါလို့ အချစ်ရူးရအောင် ဘုရားစူးကျိန်တွယ်ပြီး အချစ်ရယ်ယုံပါတော့လို့ ကြုံရာကိုယ်မပြောခဲ့ပါဘူးမေ….။ ပုထုဇဉ်လူသားမို့ နှလုံးသားရေပြင်ထက် ခဏတက်တဲ့ ရေပွက်ကလေးတွေ နှစ်မက်ခဲ့မိတာ ဝန်ခံပါတယ် မေ….။ ကာလတွေတိုက်စား ရေပွက်များပျောက်ကွယ် နှလုံးသားငယ်တည်ငြိမ်ခဲ့သမျှ (အချစ်ရယ်) မင်းနဲ့တွေ့မှပဲ ရည်ရွယ်ရာ မျှော်လင့်ချက် အချစ်အတွက် ချည့်ပဲ ဖြစ်လာခဲ့တယ်….။ ဖျက်ရခက်တဲ့ ဆေးစက်များ နှလုံးသားမှာ စွန်းထင်း မောင်စိန်ဝင်း ရဲ့ ‘အချစ်ဦး’ ကဗျာ ရွတ်ဖတ်ကာ မခနဲ့ပါနဲ့ ရင်ထဲမှာ အချစ်ကလွဲရင် အမြဲသတိရနိုင်တဲ့သူ ဟောဒီဇမ္ဗူမှာ ရှိနိုင်မှာ မဟုတ်တော့ပါဘူး။ အတိတ်ဆိုတာကို ချဲလင်ဂျာ နဲ့အတူ အာကာသဂူမှာ မြှုတ်နှံပြီး ပစ္စုပ္ပန်အတွက် ဆက်လက် ရင်ခုန်ကြရအောင်…။ အဦးဆုံးပန်းကို မဆက်ခဲ့ရသမျှ အထူးဆုံးပန်းကို အချစ်နမ်းရအောင် အလန်းဆန်းဆုံးပန်းကလေး အချစ်အတွက် […]