Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လမ်း ခင်း ပန်း

black chawFebruary 13, 20121min82132

ချစ်သူနင်းမည့်
ပန်ခင်းလမ်းထက်
လမ်းခင်းပန်းတစ်ပွင့်
ဖြစ်ခွင့်ရလျှင်
ကိုယ်ပျော်ရွှင်သည်။

ကဗျာ အတွက် ရည်ရွယ်ပြီး ရိုက်လာတဲ့ ဓါတ်ပုံလေးပါ။

ဘလက်ချော တစ်ယောက် ငယ်မူပြန်သွားတယ်လို့ မထင်ကြပါနဲ့ ခင်ဗျာ။
ဒီကဗျာလေးကလည်း ဆယ်ကျော်သက်အရွယ်က ရေးခဲ့တဲ့ ကဗျာလေးပါ။
ဒီနေ့ ကိုထက်ဝေးနဲ့ မြေနီကုန်း ဂျေဒိုးနတ်မှာ တွေ့ကြတော့
နှစ်ယောက်တည်း ကဗျာလေးတွေ ရွတ် ကြပါတယ်။
အဲဒီမှာ ကျွန်တော်က ဒီကဗျာလေးကို ရွတ်ပြတဲ့အခါ ကိုထက်ဝေးက ကြိုက်ပါတယ်တဲ့ ခင်ဗျာ။
အဲဒါနဲ့ ဆရာထက်ရဲ့ တောင်းဆိုမှု ကြောင့် (ကဲ ကိုထက်ဝေးရေ ခင်ဗျားကိုပဲ လွှဲချလိုက်ပါတယ်)
ဒီကဗျာလေးကို မျက်နှာပူပူ နဲ့ တင်လိုက်ပါတယ်။
အဲဒီတော့ ကျွန်တော့် ရုပ်ကြီးကို မေ့ထားပြီး M လုလင်လေးတို့ အရွယ်လေးကို စိတ်ထဲမှာထားပြီး
ဖတ်ကြည့်ကြဖို့ပါဗျာ။
VALENTINE’s Day မှာ ဖတ်ဖို့ ကဗျာလေးတစ်ပုဒ်ပေါ့ဗျာ။

32 comments

  • kai

    February 13, 2012 at 5:24 pm

    ရွှင်သည့်ပျော်ကိုယ်
    ပန်းဖြစ်ဆိုသော်
    ခြေတော်နင်းဖျက်
    ရက်စက်လေမူ
    ချစ်နေသူကို
    လုပ်ရက်လေအား
    ဒေါသပွားသည်
    ချစ်မုန်းပင်လမ်း
    နွမ်းသည်ဆို။ ။ :mrgreen:

  • aye.kk

    February 13, 2012 at 6:20 pm

    ပန်းတွေမြင်လို့အလွမ်းသီမိသည်…
    အလွမ်းများကို..
    ပန်းတွေလိုသီ…
    ဂြိုလ်ကမ္ဘာမြေ…
    ကြိုးပေတဆုံး…..
    ကုံးလို့မနိုင်…..
    ပြိုင်အောင်လွမ်းနိုင်ပါ့မလား..။

  • စိန်ပေါက်ပေါက်

    February 13, 2012 at 7:06 pm

    ချစ်သူသီကုံးမဲ့
    ပန်းတစ်ကုံးထက်
    လမ်းခင်းတဲ့ ခဲတစ်လုံး
    ဖြစ်ခွင့်ရလျင်
    ကိုယ်ပျော်ရွှင်သည်။

    (ဟမငေး..စာလုံးငါးလုံးလောက်ရဖို ့ တစ်နာရီလောက် အကြံထုတ်လိုက်ရဒယ်…သဂျီးတို ့နဲ ့ကွာပ)

  • htet way

    February 13, 2012 at 7:31 pm

    ကိုဘလက်ရဲ့ အချစ်ကဗျာလေးကို ဖတ်ပြီး၊နားထောင်ပြီး
    ရင်ထဲမှာလွမ်းစိတ်ဖြစ်မိပါတယ်။ တက္ကသိုလ်နေ့ရက်။စွဲလမ်းခဲ့ တဲ့ လှည်းတန်းရဲ့တစ်နေရာ
    ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) နဲ့ အဲ့ဒီတုန်းက ပြုံးပန်းတစ်ရာမှာထိုင်ခဲ့ ကဗျာ သေရည်ကို
    ယစ်မူးခဲ။ ဆရာဘလက်ရေ…လူတိုင်းမှာ အချစ်ရှိကြပါတယ်ဒီနေရာမှာ အချစ်ဆိုတာ
    ရယူခြင်းလား ပေးဆပ်ခြင်းလား ပိုင်ဆိုင်မှ အချစ်လို့ ခေါ်တာလား အဲ့ဒီထဲမှာ ဆရာချစ်တဲ့
    အချစ်က သူပျော်စေတော့ဆိုတဲ့ အချစ် အင်မတန်မြင့်မြတ်တဲ့ အချစ်ပဲလေ။
    ပန်းခင်းလမ်းကိုလျှောက်စေချင်တယ်ဆိုတဲ့ နေရာမှာ အနင်းခံ ပန်းလေးတစ်ပွင့်တဲ့ လားဆရာရယ်
    အချစ်ကို ငဲ့ ညာစိတ် နားလည်စိတ် အလှတရားနဲ့ မြင့်မြတ်နှလုံးသားပိုင်ရှင် ကဗျာသမားတွေကို
    ကျွန်တော်လေးစားမိပါတယ်။အချစ်ဆိုတာ အိုတယ်လို့ မရှိပါဘူး။ထူးအိမ်သင်ကပြောဖူးပါတယ်
    လောကမှာအရေးကြီးဆုံးက ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာတဲ့ ။ဆရာ့အချစ်ကို မဟာအချစ်
    လို့ပဲနာမည်ပေးလိုပ်ပါတော့ဆရာ။ဆရာကျန်းမာပါစေ။

  • pooch

    February 13, 2012 at 8:08 pm

    ဒီလို ဓာတ်ပုံမျိုး မြင်တာနဲ့ကို အသံတွေ ကြားရတယ် ။
    ဒါပေမဲ့ ကျမနားထဲ ကြားမိတာတော့ အချစ်ကဗျာ မဟုတ်တာ ခွင့်လွှတ်ပါ ကိုဘလက်ရေ။

    ” နွေဦးရဲ့ ပထမဦးဆုံး ရော်ရွက်ဝါလေးတွေပါလား
    နွေဦးလည်း ခါတိုင်းထက်ပိုပြီး ငယ်ရွယ်နုပျိုတဲ့
    ရွက်နုလေးတွေ မျှော်လင့်ချက်လေးတွေနဲ့ စနေပါပေ့ါလား”

    • Khin Latt

      February 14, 2012 at 6:12 am

      အီ ဆြာ့ဆာ ကြီးတွေပါလား။
      ဒီတော့ ကိုယ်လဲ အားကျမခံ အနီးဆုံး အချစ်ကဗျာ မဟုတ်တဲ့ Pooch နားမှာ ဘဲ နေပြီး ရသလောက် ကြိတ်လိုက်မယ်။

      နွေ အစ မတော့
      လေရူး နဲ့ ခွေးရူး ….
      အဆုံး မတော့
      မီးသတိပြု ဦး …..

      အဟိ 😉

      Pooch အနားကပ် ပြီး အကောင်းဆုံး ရေးသွားလို့ စောဒီးနော။ 🙂

  • ပုသိမ်သူ

    February 13, 2012 at 8:36 pm

    ပန်းပန်ရင် နန်းဆန်တယ်ရှင့်
    ပန်းကြွေရင်အလွမ်းဝေတယ်ထင့်
    ပန်းပေးရင်အလှမ်းဝေးတယ်ဆိုပေမင့်
    ကိုယ့်အချစ်ပန်းခင်း
    မင်းနင်းမဲ့လမ်းအတွင်း
    ခင်းထားပေးမယ်
    ထာဝရမင်း။

    ဦးဘလက်ရဲ့ ၁၃ နှစ်မြောက်မင်္ဂလာအားဂုဏ်ပြုလျှက်

  • inz@ghi

    February 13, 2012 at 9:20 pm

    ပန်းနှယ်ကိုယ်ခင်း….
    နင်းလည်းနင်းစေ…
    ကြွေပေးပါ့မယ်…
    မြေထက်သက်ဆင်း
    ဝတ်တွားရင်းက
    ခင်းကျင်းပါ့မယ်
    တသက်လုံး ……..။

    အဟွတ်အဟွတ် …
    ခွီး …
    ဘာတွေရေးမိမှန်းမတိဝူး …အင်ဇာဂီ မပီသထှာ …..

    အတည်နဲ့ အနောက် ၅၀% စီရောသွားပါကြောင်း
    ကိုချောရေ ….

    ခင်တဲ့ ….

    မားကတ်တင်းနဲ့
    စားကွက် ထွင်းတဲ့ …
    အိုဘယ့် ဖားသက်ပြင်း

  • MaMa

    February 13, 2012 at 10:22 pm

    စိန်ကောင်း ကျောက်ကောင်း ရောင်းဝယ်နေတဲ့နေရာမှာ
    ဆေးရိုးသည် ကန့်လန့် လုပ်လိုက်ဦးမယ် :mrgreen:
    သီချင်းဆိုဝါသနာပါတဲ့ သူငယ်ချင်းနဲ့ အဆောင်မှာ အတူတူနေတုန်းက
    သူက ကုတင်ဘေးမှာ လှဲရင်း…..
    `မောင့်ခြေရင်း မြေတလင်းမှာ ဝပ်ဆင်းပေးပါသော်လည်းလေ´ လို့
    ခရေပင်အောက်က ပိတောက်ချစ်သူ သီချင်းကို သူကအဆို
    ကျမက ကုတင်ပေါ်ကအဆင်း တက်နင်းမိပါလေရော။
    ကိုယ့်အပြစ်ကို ဖုံးကွယ်ချင်တော့ နင့်သီချင်းကိုက ခြေရင်းမှာ ဝပ်စင်းတယ် ဆိုကတည်းက အနင်းခံရတော့မှာပေ့ါလို့ 😆
    (ကဗျာမရေးတတ်လို့ ပိုစ့်ကို ဖျက်သွားပါသည်)

    • Khin Latt

      February 14, 2012 at 6:17 am

      ဟား ဟားဟားဟား ဟား ဟား ဟားဟားဟား ဟား
      အကျယ်ကြီး အော်ရီလိုက်ကြောင်း သက်သေပါ ညီမတော်။
      သူ့ခမျာ အညောင်းပြေသွားမလား၊ ခါးနာသွားမလား။ 😆

      ကိုဘလက်တော့ သူ့ရဲ့ အနူအရွ လေးတွေ ဖျက်လို့ ချိတ်ချိုး မယ်လားမသိ။ 😉

  • Khin Latt

    February 14, 2012 at 6:18 am

    လက်မ ထောင်ခဲ့တယ်နော်။ ချိတ်ချိုး နဲ့။
    ဒီနေ့ ပြုံးပြုံးလေး နေရမှာ။ 😀

  • Khin Latt

    February 14, 2012 at 6:25 am

    သတိပေးစရာကျန်လို့ ပြန်လာတာ။
    ပန်းခင်းလမ်းက ကိုယ်ခင်းတဲ့ နေရာနားမှာ မိုင်းတွေဘာတွေ မရှိဖို့လဲ သတိထားဦးကွဲ့။
    တော်ကြာ မတော်လို့ မိုင်းနင်းရင်း တဆက်တည်း ကိုယ့်ကိုပါနင်းသွားရင် အခက်။ 😉

  • htet way

    February 14, 2012 at 7:47 am

    မမတို့ရယ် ချစ်တတ်သူတိုင်းဟာ ကဗျာဆရာပါ
    ကိုဘလက်က မဒမ်ဘလက် ကို အချစ်ကို ခင်းကျင်းပြတာပါ
    သူတို့ ဇနီးမောင်နှံ ကလည်းလိုက်ဖက်ပါပေတယ် ပါရမီဖြည့်ဖက်ဖြစ်တယ်ဗျား
    ဂေဇက်ကို စာရေးဖို့ အားပေးတာ ရှေ့တင်ဖုန်းပြောတာ ကြားလိုက်ရတယ်
    ကဲ ဘယ်လောက် နားလည်မူရှိပါသလဲ။
    ကိုခင်ဝမ်းသီချင်းထဲကလို ဦးဆောင်သူစေရာ ယုံကြည်စွာလိုက်ခဲ့မယ်တဲ့
    မောင်မယ်တူယှဉ်ကာပြန်ခဲ့ ပြီ…..။
    ကိုဘလက်တို့ ဇနီးမောင်နှံ ရိုးမြေကျချစ်နိုင် ပေါင်းနိုင်ပါစေသတည်း။

  • blackchaw

    February 14, 2012 at 8:56 am

    @ kai – သူကြီးရေ။ သူကြီး ဒီတစ်ခါပေးတဲ့ ကွန်းမန့်လေးကို ဖတ်ပြီး
    ပီတိတွေ ဖြစ်နေမိတယ်ဗျ။
    သူကြီးပေးလိုက်တဲ့ အင်္ကျ ီ အတွက်လည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ။
    ဒီ့ထက်ပိုပြီး ပေးနိုင်ကမ်းနိုင် စွန့်ကြဲနိုင်သော ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ကြီး ဖြစ်ပါစေ ဗျာ။
    နောက်နှစ်လည်း မျှော်နေမယ်နော်။
    😆 😆 😆

  • blackchaw

    February 14, 2012 at 9:06 am

    aye.kk – အစ်မအေးရေ။ ကဗျာကွန်းမန့်လေး ချီးမြှင့်ပေးတာ ကျေးဇူးပါခင်ဗျာ။

    ပေါက်ဖေါ် – လမ်းခင်းတဲ့ ခဲတစ်လုံးဆိုလို့ ဇော်ဝမ်းဆိုခဲ့တဲ့ ကိုယ့်မှာတော့ လမ်းခင်းတဲ့ ကျောက်ခဲ ဆိုတာလေး သွားသတိရမိပါတယ်။

    pooch – ဖတ်တဲ့လူမှာ လွတ်လပ်စွာ ခံစားနိုင်ခွင့် ရှိပါတယ် အန်တီ မယ်ပုချ် ရေ။

    Khin Latt – အစ်မရေ။ စိတ်မဆိုးပါဘူး ခင်ဗျာ။ လက်မလေးထောင်ပေးသွားတဲ့
    အတွက်လည်း ကျေးဇူးအထူး တင်ပါတယ်ခင်ဗျ။

  • blackchaw

    February 14, 2012 at 9:10 am

    htet wayy – ခင်ဗျား ပေးတဲ့ ဆုနဲ့ ပြည့်ပါစေဗျာ။ ကွန်းမန့်လေး စိတ်ရှည်လက်ရှည် ရေးပြီး ချီးမြှင့်ပေးတာ
    ကျေးဇူးပါ ကိုထက်ဝေးရေ။

    ပုသိမ်သူ – ကွန်းမန့်လေးအတွက်ရယ် ဆုတောင်းလေးအတွက်ရယ် ကျေးဇူးပါ ပုသိမ်သူ မဟုတ်သော
    ပုသိမ်သူရေ။

    king – ကျောင်း ဆရာ၊ ဆရာ ကျောင်း လူနောက်။

  • blackchaw

    February 14, 2012 at 9:15 am

    ဂီဂီ – အတည် ၅ဝ ရာနှုန်းအတွက်လည်း ပီတိဖြစ်ရပါတယ်။ အနောက် ၅ဝ ရာနှုန်းအတွက်လည်း ပြုံးပျော်
    ရပါတယ်။
    တန်းဝေးနဲ့ မေတ္တာတွေ လှမ်းပေးတဲ့အတွက်လည်း ကျေးဇူးပါ။

    မမ – ကဗျာမရေးတတ်ပေမယ့် ကွန်းမန့်လေးက မိုက်ပါတယ်။ ကျေးဇူးပါ။

  • FattyCat

    February 14, 2012 at 9:25 am

    အချစ်ကိုဖြန့်ခင်း
    မင်းနင်းဖို့
    လှမ်းလျှောက်ရာမြေ
    ဖန်ဆင်းပေးခဲ့သလေ…

    အချစ်ကိုဖြန့်ခင်း
    မင်းနင်းဖို့
    ဘဝကိုဖြန့်ခင်း
    ဖန်ဆင်းပေးခဲ့သလေ…

    အချစ်ကိုဖြန့်ခင်း
    မင်းဘဝလှဖို့
    မေတ္တာဖြန့်ခင်း
    ဖန်ဆင်းပေးခဲ့သလေ…

    အချစ်ကိုဖြန်ခင်း
    ဘဝတလင်းဝယ်
    မင်းနဲ့တို့ဘဝ
    ပိုမိုလှဖို့
    လက်ကိုတူတွဲ
    ရုန်းကန်လှုပ်ရှား
    ဘဝများမှာဖြင့်
    သေဖော်မင်းနဲ့
    တူယှဉ်တွဲတာဖြင့်
    (၁၃)နှစ်တိုင်ခဲ့ပြီ….

    (ဦးဘလက်အတွက်အမှတ်တရ-)
    ကြောင်ဝတုတ်။

  • blackchaw

    February 14, 2012 at 11:20 am

    လမ်းခင်းပန်းကနေ
    လမ်းခင်းအီး ဖြစ်ရတော့မယ်
    ငါ့ကဗျာလေးတော့… :mrgreen:

    • Moe Z

      February 14, 2012 at 11:41 am

      ဟုတ်ပ ဘဘဘလက်ရယ် မခံစားတတ်လည်း တိတ်တိတ်ကလေးဖတ်သွားတာမဟုတ်ဘူး Diaper လေးဘာလေးဆောင်ထားကြ 😀 😀
      ဟိုလူ့စောင်းပြော ဒီလူ့စောင်းပြော မလုပ်ကြနဲ့

  • amatmin

    February 14, 2012 at 11:35 am

    ကိုဘလက်ေ၇..
    ကဗျာ မစပ်တတ်လို့ လက်ရှောင်ပီး မမန့်ပဲနေမလို့ကို..
    အပေါ်က ဆရာတွေ စပ်ထားတာတွေရော ပေါင်းပီး လက်ကလေးတချောင်းအသာထောင်ရင်း..
    ဒါနဲ့ ဆုတောင်းပေးဖို့ မေ့သွားလို့ဗျာ..
    ၁၃ နှစ်မှသည်..သက်ဆုံးတိုင်..ထာဝရ.ပေါင်းဖက် ရွှင်မြူး နှစ်တွေထူး(ခြား)ပါစေ.. 🙂

  • စိန်ပေါက်ပေါက်

    February 14, 2012 at 11:55 am

    ဟုတ်ကဲ့.ဟုတ်ကဲ့
    ဒေါ်အီးတီကိုတွေ ့ရင် လွှတ်လိုက်ပါ့မယ်

  • windtalker

    February 14, 2012 at 12:17 pm

    ပန်း ကို နမ်းမယ်
    အရမ်းကို ကျွမ်းတယ်
    အဲဒါ မွေးရာပါ
    ငေးလာတာ
    လမ်းလျှောက်ရင်း
    ဘေးမှာပါ
    မဒီ၆စင်း ။

  • ပန်းတစ်ပွင့်ရဲ့
    ြုဖစ်တည်ခြင်းအစ
    လမ်းခင်းဘို့တော့မဟုတ်ဘူး။
    သို့သော်ခြွင်းချက်
    ချစ်ရသူအတွက်ဆိုရင်

    လမ်းအတွက်မဟုတ်တဲ့
    ပန်းခက်ကလေးတွေကို
    မင်းနင်းဘို့ ခင်းပေးရမယ်ဆိုရင်
    အဆင့်သင့်ပါဘဲနော်။

    လက်ရှိ——–ကိုဘလက် +မဒမ်ဘလက်=13
    နောင်အနာဂါတ်………………………..ကိုဘလက်+မဒမ်ဘလက်………………………………………………..
    ……………………………………………………………………………………………အဆုံးမဲ့

  • blackchaw

    February 14, 2012 at 1:08 pm

    ကြောင်ဝတုတ် – ညီလေးရေ။ ကဗျာကွန်းမန့်လေးမိုက်တယ်ဗျာ။ ကျေးဇူးပဲ။

    ကိုပေ – ပျောက်နေလို့ မျှော်နေတာ။ ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။

    ကိုပေါက် – ကဗျာ ကွန်းမန့်လေးရော၊ ကျွန်တော်နဲ့ မဒမ်ဘလက်အတွက် ဆုတောင်းလေးရော၊
    နှစ်ခုစလုံးအတွက် ကျေးဇူးပါဗျာ။

  • kyeemite

    February 14, 2012 at 1:16 pm

    အော်..လုပ်ရက်ပေ့ နှမရယ် ကြေမွ..
    လမ်းပေါ်ကပန်းကလေးများပြောပါတယ်….ဒေါ်ဘလက်ရယ်..

    ပန်းအကြောင်းတော့မသိ..
    လမ်းကောင်းတော့ရှိ..
    မင်းလျှောက်မယ်ဆို..
    လက်ကမ်းကြိုမယ်..
    စမ်းလျှောက်လှဲ့ကွယ်။
    ပန်းမကြိုက်တဲ့..ကြီးမိုက်

  • etone

    February 14, 2012 at 3:35 pm

    ချစ်သူကနင်း
    မြေဝပ်စင်းလည်း
    တစ်ချက်မမုန်း
    အစဉ်ပြုံးမည်
    ချစ်တဲ့သူသာ
    သိပါစေ 😉

  • blackchaw

    February 15, 2012 at 9:07 am

    kyeemite – အော် ကိုကြီးမိုက် တစ်ယောက် ပေါက်ဖေါ်မတို့ အသင်းဝင် ဖြစ်နေပါပေါ့။
    ကဗျာကွန်းမန့်လေးအတွက်ကျေးဇူးပါဗျို့။ 😀

    etone – etone က ကဗျာရေးလက်ရှိပါတယ်ဗျ။ ကဗျာတစ်ပုဒ်လောက် ဖတ်ချင်ပါတယ်ဗျို့။ 😀

    • etone

      February 15, 2012 at 10:40 am

      ဟီး …ဦးဘလက်မြှောက်ပြီ း .. 😀 ဘာရယ်မဟုတ်ဘူး ..တွေးပြီး ချရေးမိလိုက်တာ …
      ကျောင်းတက်တုန်းက …လက်ဆော့ထားတဲ့ ကဗျာလေးတွေရှိတယ် … အခုတော့ ..စာအုပ်ပါ ပျောက်နေလေရဲ့ .. ဟီး …. ။ 😀

Leave a Reply