မြန်မာ(၁၂)လရာသီပွဲတော်(၈)။တန်ဆောင်မုန်းလ။

VisesaNovember 3, 20101min900

မြန်မာ(၁၂)လရာသီပွဲတော်(၈)

တန်ဆောင်မုန်းလ

ကထိန်ပွဲ ၊ တန်ဆောင်တိုင်ပွဲ ၊သာမည ဖလ အခါတော်နေ ့။

မြန်မာ(၁၂)လရာသီတို ့တွင် တန်ဆောင်မုန်းလ သည်(၈)လ မြောက်ဖြစ်သည်။ခရစ်နှစ်

အားဖြင့်မူအောက်တိုဘာလ၊နိုဝင်ဘာလများအတွင်း ကျရောက်လေ့ရှိပါသည်။ မိုးတွင်းကာလကုန်

ဆုံးသည့်အချိန် ဖြစ်၍ ၊ “မိုးလအဆုံး-တန်ဆောင်မုန်း”– ဟူ၍ ဆိုလေ ့ရှိကြသည်။ မြန်မာတို ့၏ လယ်

ယာစိုက်ခင်းကွင်းပြင်တို ့မှ စပါးကောက်နှံတို ့သည် စိမ်းလန်းပြည့်ဖြိုးရာမှ ရင့်မှည့်လုလုအခါ ရွှေဝါ

ရောင် သို ့ ပြောင်းလဲကာစ ဖြစ်သည်။မိမိတို ့၏ ရှင်သန်ပြည့့်ဖြိုးသော  လယ်ခင်းကိုရှုမြင်ရ၍ ၊တောင်

သူလယ်သမားများ ရွှင်မြူးပြုံးပျော်ကြရသောကြောင့် ၊ “တောင်သူရွှင်ပြုံး-တန်ဆောင်မုန်း”– ဟုလည်း

ဆိုကြပါသည်။စပါးနှံ အခိုင်ခိုင်တို ့မှ အခက်အခက် ဖြာထွက်သော စပါးသီး အစီအရီတို ့သည် ဝတ်ဆံ

ပြည့် အနှစ်အခဲစု၍ ၊ တင်းတင်းလုံးလုံး  ပြည့်ဖုံးမို့မောက်လာသောကြောင့်၊ “ ဖုံးတုံးလုံးတုံး-တန်ဆောင်

မုန်း”-ဟူ၍ ၊စပါးနှံတို ့၏ သဘာဝကို အမှီပြုလျက် အမှတ်အသားပြုကြ ပြန်ပါသည်။

ဤလအခါတွင် ကထိန်ပွဲ ၊ မသိုးသင်္ကန်းယက်ပွဲများ ကျင်းပလေ့ရှိကြသည်။ ကထိန်ပွဲ ခေါ် ကထိန်

သင်္ကန်းကပ်လှူပွဲ ဓလေ့ကို  မြန်မာနိုင်ငံသို ့ဗုဒ္ဓသာသနာ စတင်ရောက်ရှိသော ပုဂံခေတ်(ဘီစီ-၁၆၇-

၁၂၈၇) ကပင် အထူးတလည်ကျင်းပခဲ့ကြပါသည်။“ကထိန်” ဟူသော ဝေါဟာရသည် ပါဠိဘာသာ

စကား“ကထိန” မှ ဆင်းသက်လာခဲ့သည်။“မြဲမြံခိုင်ခန် ့ခြင်း” -ဟူသော အနက်ရှိပါသည်။မြတ်စွာဘုရား

ရှင်သည် ဝါတော်(၃၇)ဝါ အကျော်တွင် ၊ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်

မူစဉ် ၊  ဝါကျွတ်အခါ၌ ပါဝါမြို ့မှ လာရောက်ဖူးမြော်ကြသော ဘဒ္ဒဝဂ္ဂီ ညီနောင် ရဟန်းသုံးကျိပ်(ခေါ်)

ဓုတင်ဆောင် ရဟန်းတော်အပါး သုံးဆယ်တို ့၏ သင်္ကန်းနှင့်ပတ်သက်သော ဆင်းရဲ ့ချို ့တဲ့မှုကို တွေ ့

မြင်ရသဖြင့် ၊ ကထိန်ခင်း(ကထိန်ပြုလုပ်ကျင်းပခြင်း)ခွင့် ပြုတော်မူခဲ့ပါသည်။ရဟန်းတို ့ဝတ်ရုံအပ်သော

သင်္ကန်း(၃)ထည် ဖြစ်သည့် သင်းပိုင်(ခါးဝတ်) ၊ ဧကသီ(ကိုယ်ရုံ) နှင့် သင်္ကန်းကြီး(ကိုယ်ရုံ အထူ)တို ့

တွင် ၊ မည်သည့် သင်္ကန်းနှင့်မဆို ကထိန်ခင်းနိုင်သည်။မြန်မာဗုဒ္ဓဘာသာဝင်တို ့သည် “ဘုရားမှာစိန်၊

ကျောင်းမှာသိမ် ၊ သင်္ကန်းမှာ ကထိန်”– ဟူ၍ ဆိုရိုးပြုကာ ၊ “ ကထိန်သင်္ကန်း ကပ်လှူခြင်း”-ကို အထွဋ်

အမြတ်ထားလေ့ ရှိကြပါသည်။

မြန်မာ့ရိုးရာ အလှူဒါနပွဲများတွင် ၊ ကထိန်သင်္ကန်း အလှူပွဲ သည် အကြီးကျယ်ဆုံးဖြစ်ပါသည်။မြို ့

နယ်၊ ရပ်ကွက်၊ ကျေးရွာ ၊ အလုပ်ဌာန ၊စက်ရုံ ၊ကျောင်း စသည်တို ့အလိုက် ၊ ပုဂ္ဂလိကနှင့်နိုင်ငံတော်

အစိုးရ အဖွဲ ့အစည်းများအလိုက် ၊ ကထိန်သင်္ကန်းကပ်လှူပွဲ ကိုကြီးကျယ်ခမ်းနားစွာ ပြုလုပ်လေ့ရှိကြ

ပါသည်။ပဓာန ကထိန်လျာ(ကထိန်ခင်းမည့်)သင်္ကန်း (ခေါ်) ညတ်(သတ်မှတ်ထားသော)သင်္ကန်းနှင့် အခြား အရံလှူဖွယ် သင်္ကန်း ၊ ပစ္စည်း ၊ဝတ္ထုမျိုးစုံတို ့ကို ပဒေသာပင် (ခေါ်) သစ်သားတိုင်စင်တစ်ခုတွင် စီရီချိတ်ဆွဲ၍ ၊ လှူဖွယ် ပဒေသာပင်ပေါင်းများစွာတို ့ကို စီတန်းလျက် ၊ မြို ့တွင်း ရွာတွင်း သို ့ဝမ်း

မြောက်ဖွယ် လှည့်လည်ကာ ၊ ကထိ်န်ကျရာ ကျောင်းတိုက်သို ့ ပို ့ဆောင်လှူဒါန်းလေ့ရှိကြပါသည်။

နှစ်စဉ် ကထိန်အလှူပွဲများ ဖြစ်မြောက်နိုင်ရေးအတွက် ၊ နေရာဌာနအလို်က် ကထိန်တော်အသင်းများ

ဖွဲ ့စည်းထားကြသည်။

မိုးရေသည် မည်သူ၏ လုံ ့လ ပယောဂမျှမပါပဲ ကောင်းကင်မှ သူ ့အလိုလိုကျလာသကဲ့သို ့၊ ဒါယ

ကာ -ဒါယိကာမတို ့၏ ကိုယ်ပိုင်သဒ္ဓါတရားဖြင့် လှူဒါန်းလာသော ကထိန်သင်္ကန်းဖြင့် ၊ ရဟန်းတော်

များ သည် ဝိနည်း ဓမ္မကံအရ သိမ်အတွင်း၌ ကထိန်ခင်းခြင်းကို ၊ “မိုးပေါ်ကျကထိန်”-ဟု တင်စားသုံး

နှုံးကြပါသည်။ကထိန်သင်္ကန်း အလှူခံရခြင်းဖြင့် ရဟန်းတော်များမှာ ကထိန်အာနိသင်(ခေါ်) ဝိနည်း

ပြစ်ချမ်းသာခွင့် အကျိုး(၅)မျိုးတို ့ကို ၊ တပေါင်းလပြည့်နေ ့အထိ ရရှိခံစားနိုင်ကြရပါသည်။လှူဒါန်းသူ

တို ့တွင်လည်း (၁)ဘေးရန်ကင်းစွာ ခရီးသွားလာနိုင်ခြင်း၊(၂)လုပ်ငန်းကိစ္စများ လွယ်ကူပေ့ါပါးစွာ ဆောင်နိုင်ခြင်း၊ (၃) အစားအသောက်များမှ ဘေးရန်မကျရောက်ခြင်း ၊ (၄)သိုမှီးသိမ်းဆည်းထားသော

ပစ္စည်းဥစ္စာများ မပျက်မစီးနိုင်ခြင်း နှင့် ၊(၅) မိမိကိုယ်ပိုင်ပစ္စည်းများကို အနှောက်အယှက်မဲ့ ကိုယ်တိုင်

သုံးစွဲနိုင်ခြင်းအကျိုး(၅)မျိုးကို ရရှိနိုင်ပါသည်။ကထိန်သင်္ကန်းလှူဒါန်းနိုင်သောကာလမှာ သီတင်းကျွတ်

လပြည့်ကျော်(၁)ရက်နေ ့မှ တန်ဆောင်မုန်းလပြည့်နေ ့ညဉ် ့ယံကုန်ဆုံးချိန်အထိ ၊(၂၉)ရက်အတွင်း

သာဖြစ်သည်။တန်ဆောင်မုန်းလပြည့်နေ ့ မှ နောက်တစ်ရက်မကူးမီအချိန်ထိ ယက်လုပ်ချုပ်ငင်ရသော

သင်္ကန်းကို “မသိုးသင်္ကန်း” -ဟုခေါ်ပါသည်။မြန်မာနိုင်ငံရှိ အထင်ကရစေတီတော်ကြီးများတွင် ၊နိုင်ငံ

တော်အစိုးရမှ ကြီးမှူးလျက် မသိုးသင်္ကန်းယက်ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်ကာ ၊ ရရှိလာသော

သင်္ကန်းတော်ဖြင့် စေတီတော်မှရုပ်ပွားတော်မြတ် ဗုဒ္ဓဘုရားရှင်အား နေ ့မကူးမီ ပူဇေါ်လှူဒါန်းလေ့ရှိ

ကြပါသည်။အချို ့အရပ်ဒေသများတွင်မူ ၊ ပဒုမ္မာကြာပန်းမှ ကြာမျှင်များကို ထုတ်ယူ၍ ကြာသင်္ကန်း

တော် ယက်လုပ်ပြီး ဘုရားရှင်အား ကပ်လှူပူဇေါ်ကြပါသည်။ကြာသင်္ကန်းတော် ဆက်ကပ်လှူဒါန်းခြင်း

အလေ့အထမှာ ၊ ဘုရားအလောင်းတော် တောထွက်တော်မူစဉ်အခါက ၊ ဗြဟ္မာကြီးက ကြာသင်္ကန်း

ဆက်ကပ်လှူဒါန်းခဲ့ခြင်းကို အကြောင်းပြု၍ ဖြစ်ပေါ်လာခဲ့ကြောင်း ဆိုကြပါသည်။

တန်ဆောင်မုန်းလကို ပုဂံခေတ်အခါက “တန်ဆောင်မှုန်” ဟူ၍ ရေးခဲ့ကြသည်။အင်းဝခေတ်(ဘီစီ-

၁၃၆၄-၁၅၅၅)မှစ၍၊ “တန်ဆောင်မုန်း” ဟု ရေးသားလာကြကြောင်း ဆိုကြပါသည်။အဓိပ္ပါယ်မှာ“မီးရှူး၊

မီးတိုင် ၊ဆီမီးများထွန်းလင်းစေသောလ (ဝါ) အမိုက်အမှောင်ကို မီးအလင်းရောင်ဖြင့် ပျောက်လွင့်စေ

သောလ” -ဟု ၊ဆိုလိုပါသည်။“တန်ဆောင်တိုင်”-ဟူသည် “အလင်းရောင်ကို ဆောင်ယူသောတိုင်(ဝါ)

မီးရှူးတိုင် ၊ အလင်းတိုင်” ကို ခေါ်ဆိုခြင်းဖြစ်ပါသည်။မြတ်စွာဘုရားပွင့်တော်မမူမီကာလက ၊ လူတို ့

သည် ဤလ ဤအခါတွင် မီးနတ်ဖြစ်သောဖြစ်သောကြတ္တိကာနက္ခတ်ကို ပူဇေါ်ကြသည်။ကြတ        ္တိကာ

နက္ခတ် ဆိုသည်မှာ ၊ ညအခါတွင်ထွန်းလင်းလေ့ရှိသည့် လူသိများထင်ရှားလှသော“ ဖျောက်ဆိတ်

ကြယ်”ခေါ် ကြယ်စု ဖြစ်သည်။ဤအချိန်ကာလတွင် ရာသီဥတု ကြည်လင်သောကြောင့် ၊ လူအများတို ့

သည် တောင်မြင့် ၊တောင်ထွတ် တို ့သို ့မီးတုတ်များ ၊ မီးတိုင်များ စုဝေးကိုင်ဆောင်ကာ တက်ရောက်

၍ ၊“တောင်ထိပ်ပွဲ” (ခေါ်)“ နက္ခတ်ပွဲ ”ကျင်းပလေ့ရှိခဲ့ကြပါသည်။“တောင်ထိပ်နတ်ပွဲသဘင်” ဟူ၍

လည်း ခေါ်ဆိုခဲ့ကြပါသည်။ဘုရားပွင့်တော်မူပြီးကာလတွင်မူ ၊ တာဝတိ ံသာနတ်ပြည်ရှိ ဘုရား

အလောင်းတော်၏ ဆံတော်ကိန်းဝပ်ရာ စူဠာမဏိစေတီတော် သို ့ရည်မှန်းလျက် ၊မီးပုံးပျံများ ကို ပုံပန်း

သဏ္ဍာန် အမျိုးမျိုးပြုလုပ်၍ ပို ့လွှတ်ပူဇေါ်လေ့ရှိကြပါသည်။ မြန်မာပြည်အထက်ပိုင်း ရှမ်းပြည်နယ်တွင်၊

“မီးပုံပျံလွှတ်ပူဇေါ်ပွဲများ ”ကြီးကျယ်ခမ်းနားစွာ ပြုလုပ်လေ့ရှိကြပါသည်။ မြစ်၊ချောင်း၊အင်း၊အိုင် နီးသော

အရပ်ဒေသများကမူ ၊ ဤလအခါတွင် “ရှင်ဥပဂုတ္တပူဇေါ်ပွဲ”ပြုလုပ်၍ ၊ ဆီမီးများကို ရေမျှောပူဇေါ်လေ့

ရှိကြပါသည်။ပိဋကကျမ်းစာများတွင် မပါဝင်သော်လည်း ၊တောင်ဖက်သမုဒ္ဒရာတွင် ကြေးပြာဿာဒ်(ဝါ)

ကြေးကျောင်းဆောင်တော်ဖြင့် သီတင်းသုံးစံနေတော်မူသည် -ဟု ၊ ယူဆယုံကြည်လျက် ရည်မှန်းပူဇေါ်

ကြခြင်းဖြစ်ပါသည်။

တန်ဆောင်မုန်းလအခါတွင် ဆေးပင်အပေါင်းကို စေါင့်သောနတ်တို ့သည် မယ်ဇလီပင်စေါင့်နတ်

မင်းအား တစ်ညီတစ်ညွတ်တည်း လာရောက်ခစားကြသည်။မယ်ဇလီဖူးကို စားသုံးခဲ့သော် ၊(၉၆)ပါး

သော ရောဂါများကင်းရှင်း၍ ဘုန်းကြီးအသက်ရှည်နိုင်သည် ဟု ၊“သာရကောမုဒိ” ဆေးကျမ်း ကပြဆို

ပါသည်။ထို ့ကြောင့် ၊ မြန်မာ့ရှေးရိုးအစဉ်အလာအရ တန်ဆောင်မုန်းလပြည့် အခါသမယတွင် ၊မယ်ဇ

လီဖူး ကိုအဆာစုံစွာသုပ်၍ မိသားစုဝင်များအားလုံးစားသုံးကာ ၊ ပတ်ဝန်းကျင် အိမ်နီးချင်းများအား

လည်း ၊ မယ်ဇလီဖူးသုပ်အထုပ်ငယ်များကို ဆေးဝါးအဖြစ်ပေးဝေလျက် ဒါနပြုလေ့ရှိကြပါသည်။နက္ခတ်၊

ကြယ်တာရာ စုံညီစွာပေါ်ထွန်းသောကြောင့် ၊ဆေးအာနိသင်များ နိုးကြွထက်မြက်စေ၍ “ဆေးပေါင်းခ

သည့်ည” -ဟုလည်း ၊ယုံကြည်ကြသည်။ဤညအခါ၌ ၊ခူး ဆွတ် တူးဖေါ်ရရှိသော ဆေးပင် ၊ဆေးရွက်၊

အမြစ် ၊ အဖု ၊အဥ တို ့ကို အထူးသိမ်းဆည်းထားကာ အလိုရှိရာအခါ၌ ၊အသုံးပြုကြသည်။လပြည့်နေ

ညဉ့်လယ် လမွန်းတည့်အချိန်၌ ၊ လရိပ်သည် ရေအပြင်ပေါ်ကျရောက်သောအခါ ၊ “လမွန်းတည့်ရေ”

ကို သောက်သုံး၍ ၊ဆေးအာနိသင်များပြည့်ဝလျက် ကျန်းမာရေးကို ကောင်းမွန်စေသည်-ဟု ယူဆကြ

သည်။ဤအခါ၌ ၊ လက်လှမ်းမီရာ ဆေးပင် ၊ဆေးရွက်တို ့ကို ခူးဆွတ်ကာစားသုံးလေ့ရှိကြသည်။

တန်ဆောင်မုန်းလတွင် ထွက်ပေါ်သော“ကြတ္တိကာနက္ခတ်”ကို နက္ခတ်ပညာရှင်တို ့က၊ “စောရ

နက္ခတ်(ခေါ်) သူခိုး နက္ခတ်” ဟု ၊ဆိုလေ့ရှိကြသည်။ထို ့ကြောင့် လပြည့်နေ ့ညအခါတွင် “ကျီးမနိုးပွဲ”

(ခေါ်)“သူခိုးကာလ” အဖြစ် ကလေး ၊ လူငယ်များ ပျော်ရွှင်စွာ ဆော့မြူးလေ့ရှိကြသည်။တစ်ညလုံး

နံနက်ကျီးမနိုးမီတိုင်အောင်၊ အိမ်ရှင်မသိစေပဲ  အလွယ်တစ်ကူ တွေ ့ရှိချီမနိုင်သောပစ္စည်းများကိုယူ၍

လမ်းမတွင် စုပုံထားခြင်း ၊ပုဆိုး ထမီ ရရာတို ့ကို အလံထူ၍ထားခြင်း စသည်တို ့ဖြင့် ၊နံနက်အခါ၌ လူ

ရယ်ဖွယ်ဖြစ်အောင် ဖန်တီးထားတတ်ကြသည်။တစ်ညနေခင်းလုံး အိမ်ပေါက်စေ့လိုက်ကာ အလှူငွေ

နှင့်စားစရာများ အလှူခံကြပြီး၊ တစ်ညခင်းလုံး ချက်ပြုပ်၊စားသောက်ကာ မြူတူး ပျော်ရွှင်ကြသည်။ငွေ

ကြေးပြည့်စုံသူတို ့ကမူ ၊ လပြည့်နေ ့ညတွင် “မခေါ်မုံ ့လုံး”(ခေါ်)မုံ ့လုံးရေပေါ်များကျွေးခြင်း၊ ကြက်

သားဆန်ပြုပ် တိုက်ကျွေးခြင်း ၊ မယ်ဇလီဖူးသုပ်ဝေခြင်းနှင့် ပိုက်ဆံကြဲခြင်း တို ့ကို ပြုကာ ၊ ကုသိုလ်

ယူလေ့ရှိကြသည်။

ရှေးအခါက ဓုတင်ဆောင်ရဟန်းတော်များသည်၊ဒါယကာများ လှူဒါန်းသော သင်္ကန်းကို မဝတ်ရုံပဲ၊

စွန် ့ပစ်သည့် အမှိုက်ပုံ ၊သုဿန် -စသည်တို ့မှ  ဖုံလူး ပေကျံနေသော အထည်စကို ၊သင်္ကန်းချုပ်ဆိုး

ဝတ်ရုံကြသည်။ထိုရဟန်းတော်များ သွားလာတတ်သောနေရာများ၌၊လူဒါယကာတို ့က သင်္ကန်းများ ကို

ဖုံလူးပေကျံဟန် စီမံ၍ ပစ်ထားလှူဒါန်းကာ ကုသိုလ်ယူကြသည်။ဤဓလေ့မှ“ ပံ့သုကူဝှက်ခြင်း”(ခေါ်)

“ပံ့သုကူပစ်ခြင်း”များ ဖြစ်ပေါ်လာခဲ့သည်။ယခုအခါ၌ ဘုရားဝင်းစသည်တို ့တွင် သွားရောက်ပစ်ချထား

၍ ၊“ပံ ့သုကူ အလှူဒါန” ကိုပြုလေ့ရှိကြသည်။လပြည့်နေ ့ညအခါတွင် ၊ပံ့သုကူပစ္စည်း အရှာထွက်သော ကလေး၊လူငယ်လူရွယ်တို ့ပေါများလှပါသည်။

ဘုရားရှင် လက်ထက်တော်အခါက ၊တန်ဆောင်မုန်းလပြည့်နေ ့တစ်ညတွင် ၊ရာဇဂြိုဟ်ပြည့်ရှင်

အဇာတသတ်မင်း၏ လျှောက်ထားချက်အရ ၊“သာမညဖလသုတ်တော်”ကို ထုတ်ဖေါ်ဟောကြားတော်

မူခဲ့ပါသည်။“သာမည ဖလ” ဟူသည်မှာ ၊“ရဟန်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး” ဟု၊ဆိုလိုပါသည်။

ရဟန်းသံဃာတော်များ၏ ဂုဏ်ပုဒ်တို ့ကို ထုတ်ဖေါ်ဟောကြားတော်မူခြင်းဖြစ်သောကြောင့်၊“သံဃာ

တော်များနေ ့” ဟူ၍လည်းကောင်း ၊ “သာမည ဖလအခါတော်နေ ့” ဟူ၍လည်းကောင်း၊ ယခုအခါတွင်

တန်ဆောင်မုန်းလပြည့်နေ ့ကို သတ်မှတ်ကျင်းပကြပါသည်။

缅甸十二月节日(8)

德桑梦月

格腾节、德桑带节、僧人节

缅历12月当中,德桑梦月是第八个月,相当于公历十/十一月。那时,雨季已经结束,因此有"雨季完结,德桑梦月"之说;而且那时,庄稼已经成熟,田野一片金黄,农民们望着收成,喜上眉梢,于是又有“农民喜悦,德桑梦月”之佳话;又因为谷穗丰满,还有“稻穗沉甸甸,德桑梦月”的描绘。

德桑梦月,举行“格腾”袈裟布施会,此“格腾”袈裟布施会,于卜甘王朝(公元167-1287)便开始盛行。“格腾”一词,来自巴利文,有“牢固”之意。佛祖出家(37)年,在斋戒解除的“德丁聚”期间,由于见到来参拜的(30)罗汉的袈裟的破旧,便允许举行“格腾袈裟布施会”。允许施舍赠送任何种类的袈裟,因此“格腾”袈裟布施会成为缅甸佛教徒的一大重要盛事。

缅甸人民的所有种类的布施活动当中,“格腾”袈裟布施会最为隆重。各乡镇、地区、机关、部门、学校、不分私人团体,都要隆重举行“格腾”袈裟布施活动。以袈裟为主,还加以其他用品,挂在称为“布施树”的木架上面,琳琅满目,送往和尚庙宇。为举行每年的“格腾”袈裟布施会,到处都有“格腾”筹委会的组织。

就像天上的雨水自然地从天而降一样,人们对和尚师父的袈裟布施,也是自然地产生。布施袈裟的施主自然地享有以下五项好处:1.出入平安;2.万事顺利;3.饮食无病;4.避免失物;5.避邪消灾。“格腾”袈裟布施活动期限定于德丁聚月盈后一日至德桑梦月盈日夜晚,总共(29)天。德桑梦月盈日深夜(不能超过第二天)所织袈裟称为“玛多”袈裟。在缅甸诸多名塔,每年,政府都要举行“玛多”袈裟纺织比赛。然后就用此参赛获奖“玛多”,织成莲花袈裟披献给塔中佛像。此活动从佛祖在世时期一直流传保留至今天。

“德桑梦”一词意味:解除黑暗,向往光明之意。佛祖未成佛前,人们于该月祭祀火神星座,由于是晴朗季节,人们便点燃火炬,登高祭祀,因此又称之为“登高祭神节”。佛祖成佛后,人们便在该月放“天灯”,以示庆祝。至今缅北掸邦,还保留德桑梦月盈放天灯的习俗;缅甸中部居民,却沿江湖放油灯,祭祀朝拜“幸伍伯构菩萨”;虽然经书中并无记载,但人们深信,“幸伍伯构菩萨”安享于海洋中的宝殿之中。

据传,每到德桑梦月,所有草药守神,都要来朝拜“嚜舍里”草药之神;又传,食用“嚜舍里”可以消解所有疾病;因此每到德桑梦月盈日,人们便要品尝“嚜舍里”凉拌,大家互相赠送“嚜舍里”,以保健康长寿。因此又有“德桑梦月盈,草药万灵”之说。人们到夜晚,到处采集草药,以备将来治病之用;并且在月盈日深夜,当月光高照,月影进入湖中心时,喝“月光圣水”;这时,人们还要食用各种草药,人们深信,这样一定能够消除各种疾病,永保健康,长寿延年。

缅甸星相学家相信,德桑梦月有“小偷星座”出现,于是每当德桑梦月盈深夜,人们又要举行“小偷节”,年轻人们到了深夜,将放置于外面的纱龙等物品,不让主人知道,移至大路上,或当旗帜,或堆成山,当着玩笑,互相取闹。年轻人们,还将白天挨家挨户捐到的钱,深夜煮食联欢,十分快活!有些富有家庭,还在德桑梦月盈晚上,或煮汤圆、或煮粥、或凉拌嚜舍里、或撒钱币,当着行善,作为功德,分发隔壁邻居,过路行人。

古代出家僧人,不愿穿戴施主们施舍的新袈裟,宁愿穿戴垃圾堆、坟场上捡来的破布做成的旧袈裟。人们于是在和尚僧人经过的路旁,将施舍的袈裟故意弄脏弄旧,藏在路旁施舍,于是形成了“藏物”的习俗,每到德桑梦月盈的晚上,到处有孩子们玩“藏物”的游戏。

据传,释迦牟尼佛祖在世时曾在德桑梦月盈晚上讲“德玛纳帕拉”经,述说出家做僧人的好处。因为该经描述了出家僧人的种种优势长处,因此德桑梦月盈日又称之为“僧人日”或“德玛纳帕拉讲经日”。(中文译者;李祖清老师)

(တရုတ်နိုင်ငံ၊ယူနန်ပြည်နယ် ၊ကူမင်းမြို့မှတရုတ်-မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေသော“မင်္ဂလာစာစေါင်

吉祥杂志တွင် ၂၀၀၅-၂၀၀၆-ခုနှစ်အတွင်း၌ ဖေါ်ပြပြီးသည်ကို ပြန်လည်ကူးယူဖေါ်ပြပါသည်။)