ဝေဖန်မယ်၊ သုံးသပ်ပါ

zinmyotunNovember 28, 20101min1200
ကျွန်တော် ဒီနေ့ အကြောင်းအရာတစ်ခုကို ပေါင်းစုလို့ ဝေဖန် ၊ အကြံပြု သတိပြုစေချင်တဲ့ စိတ်ဆန္ဒကို အရင်းခံပြီး ကျွန်တော် ဆောင်းပါးတစ်ခု ရေးလိုက်တာ ဖြင်.ပါတယ် ။ ဘာဖြစ်လို့ ဝေဖန် အကြံပြု သတိပြုလို့ ရေးလိုက်တာလဲ ဆိုတော့ ဝေဖန်လေကန်တွေ များနေတဲ့ ဒီနေ့လို ခေတ်ကာလထဲမှာ ဝေဖန်တာကို လက်ခံတယ်။ သို့သော် လေကန်သလို ဖြစ်သွားတဲ့ အဓိပ္ပာယ်ရှိတဲ့ စကားလုံးတွေ အရာ မထင်ခဲ့တာ များခဲ့ပြီ။ ဒါကြောင့် ကျွန်တော် ဝေဖန် ၊ အကြံပြု ပေါင်းစုလို့ သတိပြုမိစေဖို့ အခုလိုရေးလိုက်တာပါ။ အခု စာရေးနေတဲ့ လူကော ဘာလုပ်နေသလဲ ဟုတ်ကဲ့။ ခင်ဗျားတို့လိုပါဘဲ။ ဒါဆို ခင်ဗျားတောင် မလုပ်နိုင်တာကို အခြားသူတွေကို ဘာဆရာ လုပ်နေသလဲလို့ မေးစရာ ရှိတယ်။ ဟုတ်ကဲ့ မေးပါ။ ပြန်ဖြေရင်လည်း အကြောင်းပြချက်ပေးရာကျမယ်။ သို့သော် မပြောမပြီး ၊ မတီးမမြည်ဆိုသလို ပြောမှ ပြီး ၊ တီးမှ မြည်မှာမို့ တီးပါအုံးမယ်၊။ ဖြေရရင်တော့ ကျွန်တော့်လို လူတွေ များလာမှာဆိုလို့လို့ ဖြေရမှာဘဲ။ ဒါကြောင့် ဒီဆောင်းပါးကို ရေးလိုက်တာ။

လူနှင့် တိရစာ္ဆန်

ကျွန်တော်တို့ လောကဆိုတာရှိရင် သမိုင်းဆိုတာ ရှိပါတယ်။ လူဖြစ်ရင် လူ့သမိုင်း ၊ တိရစာ္ဆန်ဖြစ်ရင် တရိစာ္ဆန်သမိုင်းဆိုတာ ရှိတယ်။ ဒါပေမဲ့ လူနဲ့ တရိစာ္ဆန်ကွာတာက လူတွေက ကိုယ့်သမိုင်းကိုကိုယ်.ရေးမှတ်နိုင်တယ်။ မိမိကောင်းတာလုပ်နေသလား မကောင်းတာလုပ်နေသလား ဝေဖန်စမ်းစစ်နိုင်တဲ့ အသိညဏ်ဆိုတာပါတယ်။ တရိစာ္ဆန်တွေကတော့ သူတို့ကိုယ်သူတို့ ဘာလုပ်နေတယ်ဆိုတာ ဝေဖန်စမ်းစစ်နိုင်တဲ့ အသိဉာဏ်မရှိပါဘူး။ ဒါကြောင့် မိမိကိုယ်ကို် ဝေဖန်စမ်းစစ်မှုမရှိဘူးဆိုရင်တိရစာ္ဆန်နဲ့ မခြားတော့ဘူး။ ဒါကြောင့် မိမိကိုယ်ကိုယ်ကို ဝေဖန်ပါ။ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုကို နားစွင့် ပါ။ သတိပြုပါ။ ပြုပြင်ဖို့ ဝန်မလေးပါနဲ့။ ပတ်ဝန်းကျင်ရဲ့ အကျိူးအကြောင်းပြပြီး အပြုသဘော ဝေဖန်အကြံပြုတာတွေကို အသိနဲ့ သတိပေါင်းစပ်ပြီး ဆင်ခြင်ကြည့်ပါ။ ဒါဆို မိမိလုပ်ဆောင်ချက်တွေ မှားနေသလာ မှန်နေသလား သိနိုင်ပါတယ်။ မှားရင် ပြင် မှန်ရင် ဆက်လျောက်ပေါ့။

နားထောင်တက်ပါ။

သူတစ်ပါးရဲ့ ဝေဖန်မှုကို နားထောင်တက်တဲ့ စိတ ်နားနဲ့ ဆင်ခြင်နိုင်တဲ့ အသိညဏ်ရှိတဲ့ လူဟာ တိုးတက်တဲ့ လူတစ်ယောက်ဖြစ်လာမှာ အသေအချာပဲ။

ကိုယ့်ကိုယ်ကို အရင် ဂရုစိုက်ပါ။

ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုဘူးဆိုတဲ့ လူတွေကိုတော့ ပတ်ဝန်းကျင်ကို ဂရုစိုက်ပါလို့ သွားပြောရင် အဆင်ပြေမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုတော့ ဂရုစိုက်ပါလို့တော့ ပြောရမယ်။ ဘာလို့လဲဆိုတော့ မိမိကိုယ် မိမိတော့ လူတိုင်း ချစ်ကြတယ်လေ။ဒါကြောင့် ပတ်ဝန်းကျင်ကို ဂရုမစိုက်တက်သေးရင်တောင်မှ မိမိကိုယ် အရင် ဂရုစိုက်ကြည့်ပါ။ မိမိကိုယ် ဂရုစိုက်တက်ပြီဆိုရင်တော့ ပတ်ဝန်းကျင်ကို ဂရုစိုက်တတ်ဖို့ မခတ်တော့ဘူး။ ပတ်ဝန်းကျင်ကို ဂရုစိုက်တက်ချင်ရင်တော့ မိမိကိုယ် ပြုမှုဆက်ဆံစေချင်သလို အခြားလူတွေပေါ်မှာ ပြုမူဆက်ဆံကြည့်ပါ။ မိမိကိုယ်ကို ဘယ်လောက် ကျေနပ်စရာ ကောင်းလာမလဲဆိုတာ သိနိုင်ပါတယ်။ ပတ်ဝန်းကျင်နဲ့ ကိုယ်နဲ့ သဟဇာသ မဖြစ်တော့ဘူးဆိုရင် မိမိဘာလိုအပ်နေတာလဲ၊ ငါ့ကို ဘယ်အရာက အဆင်မပြေမှုတွေ ဖြစ်စေတာလဲဆိုတာ သုံးသပ်ဖို့ လိုအပ်လာပြီဆိုတာ သတိပြုလိုက်ပါ။
တစ်ခါတစ်ခါမှာတော့ မိမိကိုယ် ပြုမူစေချင်သလို အခြားသူတွေ အပေါ် ပြုမူ ဆက်ဆံတာတောင် အဆင်မပြေတက်ပါဘူး။ မိမိထင်သလို မိမိပြုမူသလို အခြားသူက ပြန်ပြုမူချင်မှ ပြုမှုမှာကိုး ။ ဒါကြောင့် သူတပါးက ကိုယ့်ပေါ် ဘယ်လို ဆက်ဆံတယ် ပြုမူတယ်က အရေးမကြီးဘူး။ ကိုယ်ဘယ်လို ပြုမှုမလဲဆိုတာက အရေးကြီးပါတယ်။

ပတ်ဝန်ကျင်မှာ နေတက်ပြီလား။

လူရယ်ဖြစ်လာပြီဆိုရင် မိမိကျင်လည်ရာ ပတ်ဝန်းကျင်မှာ နေတက်အောင်နေတက်ဖို့က အရမ်းအရေးကြီးတယ်။ မိမိက မနေတက်တဲ့ လူတစ်ယောက် ဖြစ်နေပြီဆိုရင် ပတ်ဝန်းကျင်နဲ့ အဆင်ပြေတဲ့ လူတစ်ယောက် ဖြစ်လာမှာ မဟုတ်တော့ဘူး။ ဒါကြောင့် မိမိကျင်လည် ရာပတ်ဝန်းကျင်နဲ့ ရောက်ရှိနေတဲ့ ဘဝမှာ နေတက်အောင် ကြိုစားပါ။ လိုအပ်ချက်တွေကို ဖြည့်ပါ။ နေတက်လာပြီဆိုရင် ကျေနပ်နေလိုတော့ မရသေးဘူး။ ဘာလို့လဲဆိုတော့ ကျေနပ်နေပြီဆိုရင် ရောက်ရှိနေတဲ့ ဘဝနဲ့တင် တိုးတက်မှု့တွေ သင်ယူမှု့တွေ ပြီးဆုံးသွားမှာ ဖြစ်လို့ဘဲ။ သင်ယူမှု့တွေ ရပ်တန့်နေမယ်။ ခံစားမှု့တွေပေါ်မှာ သာယာနေတယ်။ လက်ရှိဘဝထက် ကောင်းတဲ့ အရာတွေကို မသိမြင် မခံစားနိုင်အောင် ကျေနပ်နေပြီဆိုရင် နေတက်တာတော့ မှန်တယ်။ သို့သော် တိုးတက်မှုတွေ ဆုတ်ယုတ်လာမယ်။ ဒါကြောင့် ရောက်ရှိနေတဲ့ ဘဝမှာ နေတက်အောင်နေပါ။ ဒါပေမဲ့ ကျေနပ်မနေပါနဲ့။ ဒီနေ့ကောင်းနေတာထက် မနက်ဖြန်ပိုကောင်းအောင်လုပ်ပါ။ ဒီနေ့ သိနေတာထက် မနက်ဖြန်ပိုသိအောင် သင်ယူပါလို့ ပြောချင်ပါတယ်။

ဆက်လုပ်ပါ။

အခုလို အစစ အရာရာ ဆင်ခြင် သုံးသပ်နေတာတောင် ကိုယ်ဖြစ်စေချင်သလို ဖြစ်ချင်မှ ဖြစ်တာ။ မိမိဖြစ်ချင်တာလဲ မဖြစ်ရဘူး။ မိမိလုပ်သင့်တာလဲ လုပ်ခွင့် မကြုံခဲ့ဘူး။ လုပ်ခွင့် မရခဲ့ဘူးဆိုရင် ယ္ခုလက်ရှိ ဖြစ်နေတာကို ကောင်းအောင်လုပ်ကြည့်လိုက်ပါ။ ဖြစ်ချင်တာလဲ မဖြစ် ဖြစ်သင့်တာလဲ မဖြစ် ဘူးဆိုရင် ဖြစ်နေတာကို ကောင်းအောင် လုပ်လိုက်တာနဲ့ ဖြစ်ချင်တာတွေ ဖြစ်သင့်တာတွေ ပြန်လည် နှိုးထရှင်သန်လာအုံးမှာ အသေအချာပါဘဲ။ ဒါကြောင့် ကိုယ်ဖြစ်ချင်တာ မဖြစ်လို့ စိတ်ညစ်မခံပါနဲ့။ ဖြစ်သင့်တာ မဖြစ်လို့လဲ ပူဆွေးမနေပါနဲ့။ ဖြစ်နေတာကို ကောင်းအောင်လုပ်လိုက်တာနဲ့ ဖြစ်ချင်တာတွေ ဖြစ်သင့်တာတွေ တနေ.ဖြစ်လာ နိူင်ပါလိမ့်မယ်ဆိုတာ အသေအချာပင်ဖြစ်ပါတယ်။ တစ်ခုတော့ ရှိတယ်။ စိတ်ရှည်မှုနဲ့ သည်းခံနိုင်မှု့စွမ်းအားတော့ အဓိက နေရာက ပါရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အရာရာကို စိတ်က အဓိက တွန်းအားဖြစ်နေလို့ပါပဲ။ ဒါကြောင့် ဖြစ်ချင်တာ မဖြစ်ရ ၊ ဖြစ်သင့်တာ မဖြစ်ခဲ့ လို့ မျှော်လင့်ချက်တွေ ကုန်ခမ်းမသွားပါစေနဲ့။ မျှော်လင့်ချက်ရှိနေတဲ့ လူတွေအတွက်ဘဲ အနာဂါတ်ဆိုတာ ရှင်သန်နိူးကြား နေလို့ ဖြစ်ပါတယ်။

အတ္တတွေ များနေလား။

ဒီနေ့ ခေတ်မှာ လူတော်တော်များများဟာ အတ္တတွေ များနေတဲ့ ခေတ်ဖြစ်လို့ ဘယ်သူတွေတော့ ဘာလုပ်နေတယ် ။ ဘယ်သူတွေတော့ ဘာမှ မလုပ်ဘူး။ ဒါကြောင့် ငါလည်း ဘာမှ မလုပ်ဘူးဆိုတဲ့ လူတွေက ခတ်များများဆိုတော့ လူနည်းစု ပရဟိတစိတ်ရှိတဲ့ လူတွေနေရာ မရဖြစ်တက်ကျတယ်။ ( အတ္တဟိတမရှိဘဲ။ ပရဟိတတွေ နေရာ မရနိုင်ဘူး။ ဒါကြောင့် အတ္တဟိတ ရှိအောင် အရင် ကြိုးစားပါ။ ဒါပေမဲ့ ပရဟိတ စိတ်ကလေး အမြဲ ကပ်ပါနေပါစေ။)

ကိုယ်ဘာလုပ်နေသလဲ။

ဒါကြောင့် သူတစ်ပါး ဘာလုပ်နေတယ် ။ ဘာလုပ်ပေးနိုင်သလဲက အရေးမကြီးပါဘူး။ သူတစ်ပါး ဘာလုပ်နေသလဲ ကြည့်နေသမျှကာလ ပတ်လုံး မိမိလည်း ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ အတ္တတွေ များနေတဲ့ ခေတ်ကြီးထဲမှာ ပရတွေ နေရာ ပျောက်နေလို့ပါဘဲ။ ဒါကြောင့် မိမိဘာလုပ်နေသလဲ စဉ်းစားပါ။ ဝေဖန်ပါ။ သုံးသပ်ပါ။

မှတ်ချက်။( မိုးထက်မြင့်(နည်းပညာ) မှကူးယူဖော်ပြပါသည်.။)