zinmyotunNovember 28, 20101min570
*ချစ်သူကို စိတ်ကောက်တတ်သော သူငယ်ချင်းများအတွက် …………………..* (၁) အကြင်နာမဲ့တဲ့ အထင်လွဲမူတခုက ပျော်ရွှင်ခြင်းဆီကို လှမ်းနေတဲ့ ကျွန်မတို့ရဲ့ ခြေလှမ်းကို ပျက်စေခဲ့တယ်။ ကံကြမ္မာရဲ့ အထုံးတခုကို ဖြည်လိုက်နိုင်ချိန်မှာတော့ အရာအားလုံးဟာ နှောင်းသွားခဲ့ပါပြီ။ လက်ထပ်ပြီး နှစ်နှစ်အကြာ ရွာက မောင့်မေမေကို ကျွန်မတို့နဲ့ အတူလာနေ စေခြင်းက ပူဆွေးသောကရဲ့ အစပေပဲလား….. ငယ်ငယ်ကတည်းက အဖေ မရှိတော့တဲ့ မောင့်ကို အမေတယောက်တည်းပဲ ပင်ပန်းရုန်းကန်ပြီး ဘွဲ့ရ ကြီးပြင်းတဲ့အထိ ပြုစုပျိုးထောင်ခဲ့တာပါ။ ယောက္ခမကို ခေါ်ဖို့ကိစ္စ ကျွန်မသဘောတူခဲ့ပြီး မောင့်မေမေအတွက် နေပူစာလဲ လှုံနိုင်အောင်၊ ပန်းတွေလဲ စိုက်နိုင်အောင် အိမ်တောင်ဖက်က ဝရန်တာပါတဲ့ အခန်းကို ကျွန်မရှင်းလင်းနေခဲ့တယ်။ နေရောင်ခြည်နဲ့ နွေးထွေးနေတဲ့ အခန်းထဲကို မောင်ဝင်လာပြီး အခန်းရှင်းနေတဲ့ ကျွန်မကို ကိုင်မြှောက်ပြီး ပတ်ချာလှည့် […]


zinmyotunNovember 28, 20101min480
ရင်ထဲက အာဃာတ….. လူတိုင်းမှာ အာဃာတတို့အမုန်းတရားတို့ဆိုတာရှိကြပါတယ်။ အဲဒါတွေကကိုယ့်ဘဝ တိုးတက်ရာတိုးတက်ကြောင်းကို ပိတ်ဆို့စေတဲ့အတားအဆီးတွေ ပဲလေ။ အဲဒါကြောင့်စာဖတ်သူများအာဃာတ ရဲ့ ဆိုးကျိုးကိုသိစေရန်ဒီပုံပြင်လေးကို ရေးလိုက်ခြင်းဖြစ်ပါတယ်။ ရင်ထဲက အာဃာတ တစ်ခါက တောအုပ်တစ်အုပ်ဂူကြီးတစ်ဂူ ထဲမှာလူခြောက်ယောက်ရှိနေတယ်။ သူတို့ ကခရီးသွားတွေပါ ။လက်ထဲမှာလည်းထငိး တစ်ချောင်းစီကိုင်လို့ ပေါ့။ သူတို့အလယ်မှာဖိုထားတဲ့ မီးဖိုကနောက်ဆုံးမီးတောက်ကိုအားအင်ချိနဲ့စွာတောက်လို့ပေါ့။ ပထမလူက သူနဲ့မျက်နှာချင်းဆိုင်ကလူကိုူကြည့်လိုက်တယ်။ သူကမျက်နှာဖြူလူမျိုးလေ။ မျက်နှာချင်းဆိုင်က လူကိုကြည့်ပြီး `ဟင် ငမည်းပါလား ဒီလိုလူမျိုးနဲ့မှလာတွေ့ရတယ် ` လို့ဆိုပြီးမီးပုံကိုကျောခိုင်းပြီးထိုင်လိုက်တယ် ။ သူနဲ့မျက်နှာချင်းဆိုင်အာဖရိကသားကြီး က လည်း ဟင်ငါတို့ကိုတစ်သက်လုံး ဖိနှိပ်လာတဲ့မျက်နှာဖြူပါလားဆိုပြီး ကျောပေးလိုက်ပြန်တယ်။ တတိယလူကသူဌေးဖြစ်ပြီးစတုတ္ထလူကတော့ ဆင်းရဲသားဖြစ်ပါတယ်။ သူဌေးက ဟင်ဆင်းရဲသားပါလား ဒီကောင်ငါ့ဆီကဘာတွေ ခိုးမလဲမသိဘူး ဆိုပြီးတွေးနေတယ်။ ဆင်းရဲသားကလည်း ဟင်း ဒီလူ့ မလိုင်တွေက လုံးဝထောင့်မကျိုးဘူး ။ မရှိခိုးနိုးထင်နေတယ်။ […]


zinmyotunNovember 28, 20101min360
ကျွန်တော် ဒီနေ့ အကြောင်းအရာတစ်ခုကို ပေါင်းစုလို့ ဝေဖန် ၊ အကြံပြု သတိပြုစေချင်တဲ့ စိတ်ဆန္ဒကို အရင်းခံပြီး ကျွန်တော် ဆောင်းပါးတစ်ခု ရေးလိုက်တာ ဖြင်.ပါတယ် ။ ဘာဖြစ်လို့ ဝေဖန် အကြံပြု သတိပြုလို့ ရေးလိုက်တာလဲ ဆိုတော့ ဝေဖန်လေကန်တွေ များနေတဲ့ ဒီနေ့လို ခေတ်ကာလထဲမှာ ဝေဖန်တာကို လက်ခံတယ်။ သို့သော် လေကန်သလို ဖြစ်သွားတဲ့ အဓိပ္ပာယ်ရှိတဲ့ စကားလုံးတွေ အရာ မထင်ခဲ့တာ များခဲ့ပြီ။ ဒါကြောင့် ကျွန်တော် ဝေဖန် ၊ အကြံပြု ပေါင်းစုလို့ သတိပြုမိစေဖို့ အခုလိုရေးလိုက်တာပါ။ အခု စာရေးနေတဲ့ လူကော ဘာလုပ်နေသလဲ ဟုတ်ကဲ့။ ခင်ဗျားတို့လိုပါဘဲ။ ဒါဆို ခင်ဗျားတောင် မလုပ်နိုင်တာကို အခြားသူတွေကို ဘာဆရာ လုပ်နေသလဲလို့ […]


zinmyotunNovember 28, 20101min1013
(လက်ထပ်လျင်) အမျိုးသမီးနှစ်ယောက် တစ်နေ့လက်ထပ်ရင် ဘယ်လိုယောကျင်္ားမျိုးကိုရှာပြီး လက်ထပ်ရမည့် အကြောင်းပြောနေကြသည်။ ပထမမိန်းမ။ ။ငါယူတဲ့ယောကျင်္ားကချမ်းသာတဲ့သူဖြစ်ရမယ်။သဘောကောင်းတဲ့သူဖြစ်ရမယ်။ရုပ်ချောတဲ့သူဖြစ်ရမယ်။ ဒုတိယမိန်းမ။ ။အို……….ဒါဆို နင်ကယောကျင်္ား ၃ ယောက်တောင်ယူမှာလား (ကြိုက်နေလို့ပါ) ဒီအမျိုးသမီးကို ခင်များ ဘာလို့အဓမ္မ ကျင့်ရတာလဲ” တရားခံကို တရားသူကြီးကမေးသည်..။ “သူ့ကို ကျနော်ကြိုက်လို့ပါ”ဟုတရားခံက မျက်လုံးနှစ်ဖက် ကို လက်နှင့်ပိတ်ရင်းပြန်ဖြေသည်..။ “ဒီယောက်ျားကိုရော ဘာဖြစ်လို့အဓမ္မ ကျင့်ရပြန်တာလဲ “ဟုတရားသူကြီးကထပ်မေးသည်..။ “သူ့ကိုကျနော်ကြိုက်လို့ပါ “ဟုတရားခံကမျက်လုံးနှစ်လုံးကို လက်ဝါးဖြင့်ပိတ်ရင်းပြန်ဖြေသည်။ ‘ဒါနဲ့နေပါအုံး ခင်များဘာဖြစ်လို့ မျက်လုံးကိုလက်နှစ်ဖက်နဲ့ ပိတ်ပြီးဖြေနေရတာတုန်း ” “တရားသူကြီးမင်းကိုလည်းကျနော်ကြိုက်နေလို့ပါ..။” (လက်တည့်လာလို့ပါ) လင်မယားနှစ်ဦးကွာရှင်းပြတ်ဆဲမည်ဟု ရုံးတော်သို့ရောက်လာသည်။ ယောကျင်္ားဖြစ်သူက…ဒီမိန်းမအားကွာရှင်းချင်ပါတယ်… တရားသူကြီးက…..သီးမခံနိုင်အောင်ဘာကြောင့်များလဲ ယောကျင်္ားဖြစ်သူက…ဒီမိန်းမနဲ့လက်ထပ်ပြီးတဲ့နှစ်၂ဝလုံးလုံးမှာ သူစိတ်တိုင်းမကျရင်တွေတဲ့အရာနဲ့ကောက်ကောက်ပေါက်ပါတယ်။ဒါေကြောင့်သီးမခံနိုင်တာပါ။ တရားသူကြီးက….နှစ်၂ဝလုံးသီးခံပြီးမှဘာလို့ရုံးတော်ကိုလာတိုင်ရတာလဲ။ ယောကျင်္ားဖြစ်သူက…ဒီမိန်းမရဲ့လက်ကအခုမှပိုပြီးလက်တည့်လာလို့ပါ… (မှီနိင်သေးတယ်) အမျိုးသမီး၏နောက်သို့လူငယ်တစ်ယောက် ပြေးလိုက်လာပြီးပြောသည်။ “ဒိမှာခင်ဗျာ၊ ဒိမှာခင်ဗျာ´´ အမျိုးသမီး ပြန်လှည့်ကြည့်ပြီး မေးသည်။ […]


zinmyotunNovember 28, 20101min450
တခါတုန်းက မြို့ရွာနဲ့ မနီးမဝေး တောတွင်းတနေရာမှာ သစ်ခက်တဲလေးထိုးပြီး တရားအားထုတ်နေတဲ့ ရသေ့ကြီးတပါးရှိသတဲ့။ ဒီသစ်ခက်ကျောင်းသင်္ခမ်းလေးနားကို ခွေးပိန်မလေးတကောင်က လာပြီးတော့ ရသေ့ကြီးဆွမ်းစားပြီး ကျန်တဲ့ ဆွမ်းကျန်ဟင်းကျန်လေးတွေစားလေ့ရှိပါတယ်။ ဒီ ထမလေစား (ထမင်းလုံးအလေအလွင့်ကိုစားသော)ခွေးမလေးဟာ နေ့စဉ်နဲ့အမျှ ဆွမ်းကျန်လေးတွေ လာလာစားနေတာကြာလာတော့ ရသေ့ကြီးဟာ ခွေးမလေးကို သနားတဲ့အပြင် သံယောဇဉ်ဖြစ်လာပြီး … လူအဖြစ်ကို ဖန်ဆင်းပေးလိုက်သတဲ့။ (အဲဒီမှာ ရသေ့ကြီး စမှားတာပဲ) ထမလေစား ခွေးမလေးဟာ အရှင်လတ်လတ် လူမိန်းကလေးဘဝကို ပြောင်းသွားတာပေါ့။ ရသေ့ကြီးဖန်ဆင်းထားတဲ့ မိန်းကလေးဆိုတော့လဲ ရုပ်ရည်ရူပကာက လှတပတ ရှိပါသတဲ့။ ဒီလိုနဲ့ ခွေးမလေး တဖြစ်လဲ မိန်းကလေးဟာ ရသေ့ကြီးရဲ့ ဝေယျာဝစ္စတွေ လုပ်ပေးရင်း တောထဲမှာ နေလာလိုက်တာ တနေ့တော့ … တောကစားထွက်လာတဲ့ ဘုရင်ကြီးတပါးက တွေ့သွားပါလေရော။ ဒီမိန်းကလေးကိုတွေ့သွားတဲ့ ဘုရင်ကြီးဟာ […]


zinmyotunNovember 28, 20101min670
သမ္ဗန်သမားတယောက်သည် ကူးတို့ဆိပ်မှာ ခရီးသည်ကို မျှော်နေသည်။ ခဏအကြာတွင် သားသားနားနားဝတ်စားပြီး လက်ဆွဲအိတ်တလုံးဆွဲထားသော လူတယောက် ရောက်လာသည်။ တဖက်ကမ်းသို့ပို့ပေးဖို့ ငှားရမ်းသည်။ သမ္ဗန်ထွက်ခွါစတွင် ထိုသူကမေး၏။ “မင်း အင်္ဂလိပ်စာ တတ်သလား” သမ္ဗန်သမားက “ရက်စ်နဲ့ နိုးကလွဲရင် ဘာမှ မတတ်ဘူးခင်ဗျာ” ခရီးသည်က ခေါင်းကိုယမ်းခါလိုက်ပြီး “အင်း ခုခေတ်မှာ အင်္ဂလိပ်စာ မတတ်ရင် လူဖြစ်ရှုံးတာပဲကွ” မြစ်လယ်သို့ ရောက်သောအချိန်မှာပင် ကောင်းကင်တပြင်လုံး အုံ့မှိုင်းပြီး နီရဲ လာတာတွေ့ရ၏။ သမ္ဗန်သမားက … “မုန်တိုင်း တိုက်တော့မယ်ဗျ” ခရီးသည်လည်း ထိတ်လန့်တကြား “ဒုက္ခပါပဲ၊ ငါရေမကူးတတ်ဘူးကွ၊ ဘယ်လိုလုပ်ကြမလဲ” သမ္ဗန်သမားက ကောင်းကင်ကို မော့ကြည့်ပြီး “လေမုန်တိုင်းက အင်္ဂလိပ်လိုမတတ်တော့လည်း ခက်သားကလားဗျ” ဟု ရေရွတ်လိုက်၏။ *** ယုတ္တိဗေဒသမားတယောက်သည် ဘတ်စ်ကားစောင့်နေ၏။ သူစီးရမည့် […]


zinmyotunNovember 28, 20101min640
မရှိသောဘဝ လောကမှာမိဘမရှိသောသားသမီးရယ်လို့မရှိပါဘူးဒါပေမဲ့ သားသမီးမရှိသောမိဘတွေတော့အများကြီး…ရှိပါသည်။ ထို့ကြောင့်သားသမီးမရှိသောမိဘတွေအတွက်အရမ်းကို အခက်အခဲကြုံတွေကြပါသည်။ဒါကြောင့်သူငယ်ချင်းတို့ အသက်ကြီးရွယ်အိုအဘိုးအဖွားတွေတွေ့ရင်ကိုယ်ရဲ့မိဘတွေ လိုပြုစုစောင့်ရှောက်ပေးကြပါလို့ကျွန်တော်..ဒီကနေတောင်း ဆိုပါရစေ။ပစ္စည်းဥစ္စာလယ်လောက်ပဲရှိရှိသားကောင်းသမီး တယောက်နဲ့မလဲနိုင်ပါဘူး…ငါတို့လည်းတနေ့အိုကျမှာပဲသူငယ် ချင်းတို့တို့တွေလည်းကြုံနိုင်တဲ့အတွက်..အခုထဲကမိအိုဘအိုတွေ ကိုပြုစုသင့်တယ်..ထင်ပါတယ်..နော်…တခိူဆိုသားသမီးတော့ရှိ ပါတယ်..ဒါပေမဲ့သားဆိုးသမီးဆိုးတွေနဲ့လာကြုံရတော့မရှိသလိုပဲ ခံစားရပါတယ်..ကျွန်တော်အတွေ့အကြုံလေးပြောပါရစေ..ကျွန် တော်မြိုကဘုရားမှာ..အဖွား..အိုတယောက်ပန်းရောင်းနေပါတယ်.. ကျွန်တော်ကသူကိုသနားတာနဲ့ပိုက်ဆံ(၃၀၀၀)ထုတ်ကန်တော့ပါ တယ်.အဖွားအသက်ဘယ်လောက်လဲလို့မေးတော့ေ(၇၀)တဲ့ဗျာ အဖွားသားသမီးမရှိဘူးလားမေးတော့ရှိတာပေါ့တဲ့..ဒါပေမဲ့မိဘမှန်း မသိဘူးတဲ့ပြစ်ထားတယ်တဲ့သူကချမ်းသာတယ်လေတဲ့..ဒါပေမဲ့အ ပြစ်မမြင်ပါဘူးတဲ့..အမေကချမ်းသာဖို့ကံမပါတာတဲ့…မိဘဗျာ.. ဘယ်လောက်ကောင်းလိုက်လဲဟင်..ကျွန်တော်တွေးပါတယ်..ဒီအ မေကြီးမှာပိုက်ဆံထက်လိမ္မာတဲ့သားကောင်းသမီးကောင်းသာရှိရင်ဒ ဒီလိုနေရမှာမဟုတ်ဘူးလို့တွေးမိပါတယ်..ပိုက်ဆံရှိပါပြီ…သားသမီး မရှိရင်မလွယ်ပါဘူးဗျာ..အခြွေအရံဆိုတာခြွေနိုင်မှရံတာပါ..သူငယ်ချင်း တို့ဒါကြောင့်မရှိသောဘဝမှာပိုက်ဆံမရှိတာထက်သားကောင်းသမီး ကောင်းမရှိတာပိုဆိုးပါတယ်ဗျာ…ဒါကြောင့်အခုထဲကသူများကိုအရင် ဆုံးပေးထားပါ..ဒါမှကိုယ့်အလှည့်ရောက်ရင်အစဉ်ပြေမှာပါ..သူငယ်ချင်း တို့…မိဘတွေကိုပြုစုပါ…စောင့်ရှောက်ပါလို့…ဆန္ဒပြုပါရစေ….နော်… (ဟန်သုတနှင့်မိဆူး)ရေးပါသည်။


zinmyotunNovember 28, 20101min490
ဖားလေးနှစ်ကောင် တစ်နေ့တော့ ဖားတစ်သင်းဟာ တောကြီးမျက်မည်းထဲမှာ ခရီးလှည့်နေကြတယ်။ အဲလိုလည့်နေတုန်း သစ်ရွက်တွေ ဖုံးနေလို့ မမြင်သာတဲ့ တွင်းနက်ကြီး တစ်တွင်းထဲကို သူတို့အုပ်စုထဲက နှစ်ကောင် ကျသွားပါလေရော။ ဟား… ကျန်တဲ့ဖားတွေလည်း တွင်းနှုတ်ခမ်းမှာ ဝိုင်းနေကြတာပေါ့။ တွင်းကြီး ဘယ်လောက် နက်သလဲဆိုတာကို တွင်းနှုတ်ခမ်းမှာ ဝိုင်းနေတဲ့ ဖားတွေက မြင်သွားတဲ့အခါ ကျသွားတဲ့ ဖားနှစ်ကောင်ကို သူတို့က သည်လိုပြောတယ်။ “မင်းတို့တော့ သွားပြီ… ဘယ်လိုမှ ပြန်တက်လို့ ရမှာ မဟုတ်တော့ဘူး တွင်းထဲမှာပဲ မင်းတို့နှစ်ကောင် သေရတော့မယ်” တဲ့။ တွင်းထဲကျနေတဲ့ ဖားနှစ်ကောင်ကလည်း သူတို့အဖော်တွေ ပြောတဲ့စကားကို လစ်လျူရှုလိုက်ပြီး သူတို့ကိုယ်စွမ်း ရှိသလောက် တွင်းနှုတ်ခမ်းဆီ အတင်း ခုန်တက်ကြတော့တာပေါ့… ဝိုင်းကြည့်နေတဲ့ တွင်းနှုတ်ခမ်းက ဖားတွေကလည်း တစ်ခါတည်းကို သံပြိုင် အော်ကြပြန်ပါလေရော… […]


zinmyotunNovember 28, 20101min570
ပန်းသီးပင် ………… ဟိုးရှေးရှေးတုန်းက ပန်းသီးပင်ကြီးတစ်ပင် ရှိသတဲ့။ အဲ့ဒီ ပန်းသီးပင်ကြီးဆီကို ကောင်လေးတစ်ယောက်က နေ့စဉ် လာလာ ကစားနေကျပေါ့။ အပင်ပေါ်တက်၊ ပန်းသီးတွေကို ဆွတ်ခူး စားသောက်၊ သစ်ပင်ရိပ်မှာ တစ်မှေးအိပ်၊ ကောင်ကလေးအတွက် သစ်ပင်ကြီးဟာ အဖော်ကောင်းလို့ပဲ ဆိုကြပါစို့။ ကောင်ကလေးဟာ သစ်ပင်ကြီးကို သိပ်ချစ်သလို ပန်းသီးပင်ကြီးကလည်း ကောင်လေးကို အဖော်လုပ်ပေးနေရတာ သိပ်သဘောကျသပေါ့။ အဲလိုနဲ့ အချိန်တွေလည်း တရွေ့ရွေ့ ကုန်သွားရော… ကောင်ကလေးလည်း အရွယ်လေး မသိမသာ ရောက်လာတာနဲ့အတူ ပန်းသီး ပင်ကြီးဆီကိုလည်း ခါတိုင်းလို နေ့စဉ် မရောက်ဖြစ်တော့ဘူး။ တစ်နေ့ကျတော့ ကောင်ကလေးဟာ ပန်းသီးပင်ကြီးဆီကို မသာယာ လှတဲ့ မျက်နှာနဲ့ ရောက်လာတယ်။ “လာလေ… ကောင်လေး၊ ငါနဲ့ ကစားရအောင်ကွာ.. ” ပန်းသီး ပင်ကြီးက […]


zinmyotunNovember 28, 20101min420
လောကကြီးမှာ သင်မြင်တွေ့ခဲ့တာတွေတိုင်းက အမှန်တရားမဖြစ်နိုင်ဘူး။ တချို့က သင့်ထင်မြင်ချက်တွေသာဖြစ်တယ်။ ဥပမာအနေနဲ့ပြောရရင် တစ်နေ့မှာ လမ်းကြားထဲက ရုတ်တရက်ပြေးထွက်လာတဲ့ ခွေးတစ်ကောင်က သင့်ကိုတိုက်မိမတတ်ဖြစ်ခဲ့လို့ သင်လန့်ဖျပ်သွားတယ်ဆိုပါစို့။ အဲဒီအချိန်မှာ သင့်ရဲ့အတွေးက “ဒီခွေးစုတ်.. ငါ့ကို ကိုက်မိတော့မယ်”ဆိုပြီး ဒီနေ့ကံမကောင်းဘူးလို့ သင်ထင်လိမ့်မယ်။ အဲဒီအခါမှာ သင့်စိတ်ခံစားချက်ကလည်း ကောင်းတော့မှာမဟုတ်ဘူး။ တကယ်လို့ သင်သာ “တော်သေးတယ်… ရုတ်တရက်ထွက်လာတာ ကားတစ်စီးမဟုတ်ဘဲ ခွေးတစ်ကောင်ဖြစ်နေလို့”လို့ တွေးမိခဲ့ရင် သင့်ကိုယ်သင် ဒီနေ့ကံမကောင်းဘူးလို့ ထင်တော့မှာ မဟုတ်ဘဲ ဒီနေ့ကံကောင်းတယ်လို့ပဲ ထင်မိလိမ့်မယ်။ တူညီတဲ့အဖြစ်အပျက်မှာ မတူညီတဲ့ခံစားချက်နဲ့ ခံစားကြည့်တော့ မတူတဲ့အဖြေကိုရတယ်။ အကြောင်းက ကိစ္စတစ်ခုအပေါ်ကြည့်တဲ့ ကျွန်တော်တို့ရဲ့ထင်မြင်ယူဆချက်ပေါ် မူတည်နေလို့ဖြစ်တယ်။ ဆေးရုံတစ်ခုရဲ့ လူနာဆောင်မှာ လူနှစ်ယောက် မတော်တဆကားတိုက်မူနဲ့ ရောက်နေတယ်။ လူနာတစ်ယောက်က စိတ်ပျက်ဝမ်းနည်းနေပြီး တစ်ယောက်က ပြုံးရွှင်တည်ငြိမ်နေတယ်။ စိတ်ပျက်ဝမ်းနည်းသူက “ဒီလိုအဖြစ်နဲ့ကြုံရတာ သိပ်ကံဆိုးတာပဲ”လို့ […]


zinmyotunNovember 28, 20101min814
မြတ်စွာဘုရားရှင်၏ သာသနာတော်အတွင်း” အလှူအတန်းမှာမွေ့လျော်သူ ဧတဒဂ်ရ”အနာထပိဏ်သူဌေးဆိုလျှင် ချမ်းသာသမှ ကျိကျိတက်ဖြစ်၏။ မြတ်စွာဘုရားရှင်အား”သေတဝန်ကျောင်းတိုက် “ဆောက်လုပ်လှူဒန်းရန ်”ဇေတ” မင်းသားထံ မှ မြေကွက်ကို ရွှေဒင်္ဂါးပြား အပြည်ခင်းပြီး ဝယ်ယူခဲ့နိုင် လောက်အောင် ချမ်းသာခဲ့၏။ယခုခေတ် စတုရန်း”၁ပေ”ကွက်ကို ကျပ်ငွေ သိန်းသောင်း ဂဏန်းတန်ဘိုးတို့ သည် သူ့အတွက် ရယ်စရာဖြစ်နေ၏။အဲသည်လောက်ချမ်းသာသော်လည်း ကံကြမ္မာ အလှည့်အပြောင်းကြောင့်တစ်ချိန်တခါမှာ ရဟန်းသံဃာတော်များအား ဆွမ်းဟင်းလျာလှူရန် ခက်ခဲသွားသည့်အတွက် ပုန်းရည်ကြီးဟင်းလျာဖြင့်သာ ဆက်ကပ်ခဲ့ရဖူး၏။သို့သော် သောတာပန်ပုဂ္ဂိုလ်ကြီး ဖြစ်သည့်အတွက် စိတ်ဓါတ်ကျအသွားပေ။ သူ၏အလှူဒါနကိုကား နောက်ဆုတ်မသွားပေ။ ရှိတာနှင့်သာ လှူရသော်လည်းအလှူအတန်းမှာ ရပ်တန့် မသွားပေ။ လက်တွန့်မသွားပေ။ သောတာပန်တို့၏စိတ်ဓါတ်နှင့်ခံနိုင်ရည်ကို အမြဲလေးစား၊တန်ဘိုးထားရမည်။


zinmyotunNovember 28, 20101min660
ကမ်းခြေမှရေးချိုပြီးပြန်လာသောသမီးကိုတည်ခိုဆောင်တွင်နေသောမိခင်ဖြစ်သူကမြင်သောအခါ မိခင်…….သမီး ရယ၊်ြ ကည်.စမ်းပါအုန်းအင်္က ျီ ရေစိုနေတာ အတွင်းခံအင်္က ျီနဲ. ဘောင်ဘီ ဒီအတိုင်းမြင်နေရတယ် ရှက်စရာကြီး သမီး ရယ်………. သမီး……..အဲဒါကြောင်.ယောကျာင်္းလေးတွေသမီးကို ဝိုင်းကြည်.နေတာကို နောက်တနေ.တွင် ရေသွားကူး ရန် မိခင်….သမီရေ ရေ သွားကူမယ်လေ သမီး…လာပြီးမေမေ မိခင်…လာပြန်ပြီးလားဒီအဝတ်အစား ၊ သူများကြည်.အုန်းမယ် သမီး……ဟာ.မေမေကလည်း၊ ဒီနေ.အတွင်ခံဘောင်ဘီနဲ.အင်္က ျီကိုဘယ်သူမျှမကြည်.တော.ဘာဘူး၊ မိခင်…..ဘာဖြစ်လို.လဲသမီးရဲ. သမီး….မေမေ့လိုပဲလေ ၊သမီး အဲဒါတွေအခုဝတ်မလာဘူးလေ ။ ။


zinmyotunNovember 28, 20101min560
စုတ်ပြတ် နုံချာနေသော အဝတ်အစားဝတ် လူတစ်ဦးသည် လမ်းသွားလမ်းလာတို့ထံမှ ပိုက်ဆံတောင်းနေသည်။ သားနားခန့်ညားစွာ ဝတ်ထားသောလူတစ်ဦး လမ်းလျှောက်လာသည်။ “နောင်ကြီးရယ်၊ စားစရာမရှိလို့ပါ၊ စေတနာရှိသမျှ မ,စပါခင်ဗျာ” “မပေးနိုင်ဘူး၊ မင်းကို ငါးဒေါ်လာလောက် ပေးကြည့်၊ ချက်ချင်းအရက်သောက်ပစ်မှာ မဟုတ်လား” “ကျွန်တော်အရက်မသောက်တတ်ပါဘူး ခင်ဗျာ” “မသောက်လည်း မင်း…ဖဲကစားပစ်မှာပေါ့” “ကျွန်တော် အလောင်းအစား မလုပ်တတ်ပါဘူး ခင်ဗျာ” “အို…ဒါ မဟုတ်လည်း မကောင်းတဲ့မိန်းမဆီ မင်းသွားမှာပေါ့” “ဒါလည်းဝါသနာ မပါပါဘူးခင်ဗျာ…” လူကြီးသည် သူတောင်းစားကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး…… “OK…မင်းကိုငါ ငါးဒေါ်လာပေးမယ်… ဒါပေမဲ့ မင်းငါအိမ်ကို ခဏလိုက်ခဲ့ရမယ် ဘာအပျော်အပါးမှမလိုက်စားတဲ့ယောက်ျားတွေ ဘယ်လိုဖြစ်တတ်တယ်ဆိုတာ ငါ့မိန်းမကိုမြင်အောင်ပြချင်လို့….” zawphyowai မှ ပြန်လည်မျှဝေပေးသည် ။