Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာနေဝင်းမောင်တို့၏ တွေ့ဆုံမှုမှတ်တမ်း (The lady meets a fire-craker)

cat_mouse

ဖော်ဝဒ်မေးလ်ကနေ တဆင့်ရထားတဲ့ အန်အယ်ဒီပါတီခေါင်းဆောင်ဒေါ်စုနဲ့ အာဏာရှင်စနစ်လိုလားသူ ဦးနေဝင်းမောင်တို့ရဲ့ တွေ့ဆုံပွဲမှတ်တမ်း ဆိုတာလေးကို ဝေမျှလိုက်ပါတယ်။
၁။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကျွန်တော့်အား အစိုးရကစေလွှတ်သည်ဟု ယူဆနေမည်စိုး၍ ကျွန်တော်သည် Interlocutor ဖြစ်ချင်သူသာဖြစ်ပြီး Interlocutor မဟုတ်ကြောင်း မိမိအကြောင်း အတိုချုပ်ပြော၍ မိတ်ဆက်ပါ သည်။
၂။ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားတို့၏ အခြေအနေတိုးတက်မြင့်မားလာရေးအတွက် ကိုယ်တိုင်စီမံခန့် ခွဲခွင့်ရရေး၊
တပ်မတော်ခေါင်းဆောင်များနှင့် Dialogue စသည်များကို မစောင့်ဘဲ မိမိဘက်မှ တစ်ဖက်သတ်နိုင်ငံတည်ဆောက်ရေး ကိုကူညီသင့်ပါကြောင်း ပဏာမပြောကြားရာတငွ ် ဒေါ်အောင်ဆန်းစုကြည်က ““အန်တီပြောနေတာ အန်တီတို့နဲ့ ပေါင်းလုပ်ဖို့ဆို တာထက် နိုင်ငံတည်ဆောက်ရေးမှာ ပြည်သူမပါလို့မရဘူး။ ပြည်သူလူထုထောက်ခံမှုမရှိလို့မရဘူး။ ဒါကြောင့် ပြည်သူလူထုထောက်ခံမှုရအောင် လုပ်ပါလို့သာပြောနေတာပါ။ ကိုယ်တိုင်စီမံခန့်ခွဲခွင့်ရမှဆိုတာ မဟုတ်ပါဘူး”” ဟု ရှင်းပြပါသည်။
၃။ တပ်မတော်သည် သံသယကြီးအောင် လေ့ကျင့်ပေးထားသူများဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် ဘာလိုချင်တာလဲ၊
ဘာဖြစ်ချင်တာလဲ စသည်များကို ရငှ ်းရှင်းလင်းလင်းသိလိုပုံရပါသည် ထ့ေို ကြာင့် ကျွန်မဘာလုပ်မည်၊ မည်သည့် ရည်ရွယ်ချက်ဖြင့်လုပ်သည်၊ မည်သည့်အတွက်ကြောင့်လုပ်သည်၊ ထိပ်တိုက်ပြုလုပ်ခြင်းမဟုတ် စသည်များကို ရှင်းအောင် လက်အားလုံး ထုတ်ပြမှသာလျှင် နိုင်ငံရေးနှင့်မဆိုင်သော ကိစ္စရပ်များကို ပါဝင်ကူညီခွင့် ရနိုင်မည်ဖြစ်ကြောင်း၊ သံသယများပြေပျောက်အောင်လိုသည်ထက် ပိုအားစိုက်ရလိမ့်မည်ဖြစ်ကြောင်းပြောရာ ဒေါ်အောင်ဆန်းစုကြည်က ဆရာဝန်က လူနာကိုတွေ့ခွင့်မရရင် ဆေးဘယ်လိုပေးမလဲ။
အခုကိစ္စမှာလည်း အန်တီ့ဘက်ကဖုံးကွယ်ထားတာ မရှိဘူး။ Hidden Agenda မရှိဘူးဆိုတာ ရှင်းနေတာပ။ဲ တွေ့လို့မရတော့ ပြောလို့မရဘူးပေါ့ ဟု ပြောပါသည်။ သားကို အစိုးရက လွှတ်လိုက်တာဆိုရင်လည်း ပြောလိုက်ပါကွယ်။ အန်တီဟာ ဒီမိုကရေစီ နေ့ချင်းညချင်းဖြစ်ရမယ်လို့ ဆိုတာ လည်းမဟုတ်ဘူး။ Hidden Agenda လည်း မရှိပါဘူး ဟုပြောပါသည်။
၄။ တပ်မတော် ခေါင်းဆောင်များကပင် ဆက်လက် အုပ်ချုပ်သွားမည်ဆလို ျှင်လည်း မြန်မာနိုင်ငံသားတို့၏ ပညာရေး၊
ခေတ်မီတပ်မတော်ဖြစ်ရေး၊ ကျန်းမာရေးဝန်ဆောင်မှုများ တိုးတက်ရေး၊ တောင်သူလယ်သမားတို့ ဘဝများတိုးတက်ရေး တို့ကိုလုပ်ဆောင်ပေးနိုင်သည်ဖြစ်၍ ထိုကိစ္စများကိုလည်း ဒီမိုကရေစီပန်းတိုင်ရောက်ရှိမသွားခင်စပ်ကြားမှာပင် ကူညီ လုပ်ဆောင်ပေးသင်ပါကြောင်း ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်မှ ၂၀၀၃ ခုနှစ်က အဲဒီလိုပညာရေး၊ စီးပွားရေး၊ လူမှုကိစ္စတွေ ဝိုင်းလုပ်ပေးဖို့ အန်တီနဲ့ သဘောတူညီချက်တွေ ရှိခဲ့ပါတယ်။ အဲဒါတွေကို သိတဲ့လူတွေတချို့ ကျန်နေပါသေးတယ်။ Last minute မှာ သူတို့ဖျက်လိုက်လို့ ပျက်သွားတာပါ။ အခုလည်း အန်တီတို့ အဲဒါတွေ ဝိုင်းလုပ်ပေးဖို့ စီစဉ်နေတာတွေလည်း ရှိပါတယ်ဟု ပြောပါတယ်။
၅။ ထိုသို့ လူငယ်အင်အားစုများ၊ Civil Society အဖွဲ့အစည်းများနှင့် အာဏာကိစ္စ မဟုတ်သည့် နိုင်ငံတည်ဆောက်ရေး ကိစ္စများ Network ဖွဲ့လုပ်ဆောင်ခြင်းများမှာ ကောင်းသော်လည်း အစိုးရက အထင်မလွဲအောင် လက်အားလုံး ထုတ်ပြထားရန် လိုမည်ဖြစ်ကြောင်း၊ NLD ဦးထုပ် ဆောင်းထားပါက အခြားအင်အားစုများက ပူးပေါင်းပါဝင်ရန် အခက်အခဲရှိကြောင်း၊ အာဏာ နိုင်ငံရေးတွင် ဝင်မပါတော့ဘဲ နိုင်ငံတည်ဆောက်ရေး ကိစ္စကိုသာ လုပ်ပါတော့မည်ဟု ယတိပြတ် ဆုံးဖြတ်နိုင်ရန် လိုကြောင်း ပြောကြားရာတွင် မည်သို့မျှမှတ်ချက်မပေးဘဲ စိုက်ကြည့်နေပါသည်။
၆။ အခြေခံဥပဒေပေးထားချက်ကိုပြောရာတွင် ဒေါ်အောင်ဆန်းစုကြည်က သူမအနေနှင့် တပ်မတော်သား ၂၅%မှာ ပြဿနာမဟုတ်ကြောင်း၊ Constitutional Coup ကို ရေးသားထားသည့်ကိစ္စမှာ အစဉ်အလာ မကောင်းနိုင်၍ ပြောခြင်း သာဖြစ်ကြောင်း ရှင်းပြပါသည်။ ကျွန်တော်က တပ်မတော်နှင့် ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ လျှင်လည်းကောင်း၊ တပ်မတော်ကို နိုင်ငံတကာတပ်မတော်များကဲ့သို့ ခေတ်မီတပ်မတော် ခေတ်မီ Mindset ဖြစ်အောင် ဝိုင်းကူကြလျှင် ဤကိစ္စ ဤမျှစိတ်ပူစရာမလိုကြောင်း ပြန်ရှင်းပြရာတွင် မည်သို့မျှမှတ်ချက်မပေးပါ။ နောင်မှာ သမ္မတ ဖြစ်ချင်လို့ ဝန်ကြီး ဖြစ်ချင်လို့ဆိုပြီး တပ်ထဲကိုဝင်ကြတာမျိုးတွေ ဆက်ဖြစ်ကုန်မှာစိုးလို့ ပြောတာပါဟု ဒေါ်အောင်ဆန်းစုကြည်မှ ရှင်းပြပါသည်။
၇။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် NLD လူငယ်များ၏ ပညာရေးကိုစိတ်ပူသကဲ့သို့ တစ်နိုင်ငံလုံး၏ ပညာရေးကို စိတ်ပူပေးစေလိုကြောင်း၊ ကူညီမည်ဆိုပါက နိုင်ငံတကာမှ scholarship များရရှိရေး၊ နိုင်ငံတကာတက္ကသိုလ်များ လာရောက် ဖွင့်လှစ်ရေး၊ တပ်မတော်သားများ နိုင်ငံတကာတွင် သင်တန်းတက်ခွင့် ရရှိရေးတို့ကို နိုင်ငံတကာ အစိုးရ များအား Policy suggestions ပေးသင့်ကြောင်းပြောရာ စိုက်ကြည့် နားထောင်နေပါသည်။
၈။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မတူညီသောရှုထောင့်အမြင်အားလုံးကို နားထောင်ပေးစေချင်ကြောင်း ီနဘဘငန အောင်ဒင်၊ သန့်မြင့်ဦး၊ ဒေါက်တာဇော်ဦး စသည့်ပုဂိ္ဂုလ်များနှင့် Round table ထိုင်၍ အမြင်မျိုးစုံကို ပွင့်ပွင့်လင်းလင်း ပြောကြားစေပြီး နားထောင်သင့်ကြောင်း ပြောကြားရာတွင် အန်တီ နားထောင်မှာပေါ့ဟု ပြန်ပြောပါသည်။

သုံးသပ်ချက်
၁။ ဒေါ်အောင်ဆန်းစုကြည်သည် အာဏာရလိုခြင်း၊ တပ်မတော်ကို ဖက်ပြိုင်လိုခြင်းမဟုတ်ဘဲ သူ့ကိုအသိအမှတ် ပြုစေလိုသည့် သဘောထားရှိနေသည်။
၂။ ထိုသို့ အသိအမှတ်ပြုလာစေရန်အလို့ငှာ လက်အားလုံးထုတ်ပြရမည်၊ တစ်ဖက်သတ်အလျှော့ပေးရမည်ဆိုသော သဘောထားမျိုးကို အသင့်မဖြစ်သေး။
၃။ လက်အားလုံးထုတ်ပြလိုက်ခြင်း၊ ရာနှုန်းပြည့် ပွင့်လင်းလိုက်ခြင်းသည် သူမလိုချင်သောရလဒ်၊ သူမ၏အခန်းကဏ္ဍကို
အသိအမှတ်ပြုခြင်း ရှိလာမည်မဟုတ်ဘဲ သူမ၏အခန်းကဏ္ဍ ပျောက်ဆုံးသွားမည်ဟု စိုးရိမ်ပုံရသည်။
၄။ NLD ဦးထုပ်အပြင် နောက်ထပ်ဦးထုပ်တစ်လုံး လိုအပ်သည်ကို သဘောပေါက်စပြုနေသည်။
၅။ အစိုးရက စေလွှတ်လိုက်သည်ဟုယူဆသောကြောင့် အထူးသတိထားပြီး မှတ်ချက်များကိုပေးသည်။ အထူးတလည်
သံတမန်ဆန်သော နွေးထွေးမှုကိုပြသနေသည်။ ကျွန်တော်၏ပြောစကားများကို သဘောတူ/မတူ ဘာမျှမပြောဘဲ အကြိမ်များစွာတို့တွင် စိုက်ကြည့်နေသည်။

7 comments

  • Tettoe Aung

    January 20, 2011 at 10:07 am

    I don’t think it’s correct to assess that Daw Suu wanted recognition of her role. The international community already recognise her as someone who has the trust of the people. The 1990 elections result is the evidence of that trust. There is nothing that can replace that trust. It’s almost 23 years now, apart from lining their pockets what have the military ruler in Burma done for the people. The Chinese, their cronies and a handful of people will get rich where the vast majority is getting harder for them to make ends meet. Soon the politics of ‘desperation’ will follow. All one needs to do is to connect the dots and will get the picture. It’s not just the people of Burma who are fed up with corrupted despots. The people in Tunisia has managed to get rid of their corrupted leader. In this fast shrinking world no nation is an island unto itself, immune to the others. What’s considered as secrets are no longer safe because of Julian Assange and WikiLeaks. Will the ranks and files in the military be forever royal when they found out that their generals and their families are stashing lots and lots of money in foreign bank accounts while they and their families have to struggle to make ends meet. How long will it take for the barrels of their guns to be pointed towards their own generals? Will Daw Suu be able to hold on to her ‘non-violent’ revolution?

  • kai

    January 20, 2011 at 10:22 am

    – နောက်၅နှစ်မှာ ရောက်လာမဲ့ရွေးကောက်ပွဲကို ဒေါ်စုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်ဝင်ပြိုင်မပြိုင် သိချင်သား..။
    အဲဒီမေးခွန်းမေးရင် ..ဒေါ်စု ဘယ်လိုဖြေမလဲ..။

    – မြန်မာ့တပ်မတော်သားအရာရှိတွေကို .. ဝက်စ်ပွိုင့်မှာ ပညာသင်ပေးမယ်ဆိုရင် .. ထောက်ခံပေးမလား။ ကန့်ကွက်မလား။
    အဲဒီမေးခွန်းမေးရင် ..ဒေါ်စု ဘယ်လိုဖြေမလဲ..။

  • နောက်ငါးနှစ်မှာရောက်လာမယ့် ရွေးကောက်ပွဲကို အမေစု ဝင်ပြိုင်ရင် သူတော် ကောင်းဟူသမျှ အမေစုကို မဲထည့်မယ်။ ဗိုလ်ချုပ်သမီး မကလို့ မြေး ဝင်ပြိုင်ရင် တောင် မဲထည့်မယ်။ ဒါ ခေါင်းဆောင်ကိုးကွယ်မှုမဟုတ်ဘူး။ မြေခွေးကမွေးရင် မြေခွေး။ သိုးကမွေးရင်သိုး။
    ဆြာခိုင်တို့က မြန်မာပြည်အတွက် ဒေါမနဿဖြစ်နေတာ ဖြစ်လောက်ပါတယ်။ ကျွန်တော်တို့က ညံ့တယ်။ သောက်သုံးမကျဘူး။ ဒါကြောင့် ခံရတာ။ လူတွေမှာ ညံ့ခွင့်ရှိပါသလား။ ဒီမေးခွန်းဟာ စေ့စေ့တွေး ရင် သိပ်မလွယ်ဘူးလို့ ထင်ပါတယ်။

  • kai

    January 20, 2011 at 6:50 pm

    အမ်..
    ကျွန်တော်တို့ဆိုတာ ..လူထုကြီးကိုဆိုလိုတာဆိုရင်တော့…

    လူထုက ဘယ်တော့မှ ညံ့တယ်..မှားတယ်လည်း မရှိရပါဘူး..။
    မောင်ဘ ဆိုတဲ့လူတယောက်နဲ့ယှဉ်ပြောရင်… မောင်ဘက မြန်မာပြည်ဖြစ်ပြီး.. လူထုက ခန္တာကိုယ်ကြီးပါပဲ..။
    ခန္တာကိုယ်မရှိတဲ့နေ.. မောင်ဘသေမှာပဲ..။
    နား၊နှခေါင်း၊ ခေါင်း၊ လက်၊ခြေ..စတာတွေ စံနစ်တကျ သူ့အလုပ်သူလုပ်သွားကြရင်… မောင်ဘကျမ်းမာသန်စွမ်းမှာပဲ..။

    အဲဒါကို..အောက်က စကား၂ခုနဲ့ တွဲပြီးတွေးကြည့်ရင်.အဓိပါယ်ပေါက်မယ်ထင်ပါတယ်..။

    “In a democracy, the people get the government they deserve,”
    Alexis de Tocqueville .

    “Ask not what your country can do for you – ask what you can do for your country”;
    John F. Kennedy.

    • bigcat

      January 21, 2011 at 12:36 am

      သဂျီးရော၊ ဂွက်ဂွက်ကိုရော စိတ်ပျက်ပါတယ်။ ဒီလောက်အလိမ်ခံရတာတောင် နောင်ထပ်ရွေးကောက်ပွဲဆိုတာ မျှော်နေစကားထဲ ထည့်ပြောနေသေးလို့ပါ။ သဂျီးကတော့ထားလိုက်ပါတော့ သူ့အမျိုးတွေထဲမှာ စစ်သားအမတ်တွေပါလို့၊ ကျန်သူတွေ မသိမိုက်မှားမဲထည့်ခဲ့သူမျာရော ကန့်ကွက်သူများပါ ဒေါ်စုရဲ့ဦးဆောင်မှုအောက်မှာ တညီတညာထဲ လိုက်ပါကြပါ။ ဒါ ဘေးထိုင်ဘိုင်ကျဘုတောသမားများ ပြောလေ့ရှိတဲ့ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု မဟုတ်ပါဘူး။ သူ့ထက်သာတာ သူ့လောက်နီးပါး စွမ်းရည်ပြည့်သူ ရှာမတွေ့လို့ပါ။ ဒေါ်စုအထိန်းသိမ်းခံနေရစဉ် တက်ကြွသူအများ ကိုမင်းကိုနိုင်တို့ ၈၈ကျောင်းသားခေါင်းဆောင်များနောက်ကို လိုက်ခဲ့ကြတာတွေ့နိုင်ပါတယ်။ ဒီမိုကရေစီရတာနဲ့ သူနဲ့လမ်းခွဲပြီး ကိုယ့်လမ်းကိုယ်လျောက်မဲ့သူတွေ အများအပြားရှိပါတယ်။

  • လင်းဝေကျော်

    January 21, 2011 at 2:32 am

    ဒီတစ်ခေါက်ဒီလောက်နဲ့ မှတ်သားလောက်ပါပြီ။
    အခု ဥပဒေတွေက လွှတ်တော်ထဲတောင် လေချဉ်တက်လို့မရဘူး။
    အီးတော့ ခိုးပေါက်လို့ရတယ်။
    ဆိုတော့ နောက်ငါးနှစ်မှာ အားလုံးကင်းကင်းနေလိုက်တာ ပိုမကောင်းဘူးလား။
    (ငါးနှစ်နေလို့မှ ဘာမှ အဖြေမပေါ်ရင်ပြောပါတယ်)

  • ကျွန်တော့်ကို တောသားလို့ခေါ်ပါဗျို့။ ဂွက်ဂွက်ဆိုတာ အမျိုးသမီးရဲ့အကောင့်ပါ။ ကျွန်တော်တို့က အကောင့်တစ်ခုကို ၂ယောက်သုံးတာ။

Leave a Reply