ပါဠိစာပေကလာတဲ့ လူ
ပါဠိစာပေမှာ မနုဿဆိုတဲ့ပုဒ်ရှိတယ်။
မြန်မာလိုတော့ “လူ”
မနုဿကို လူလို့ဘာသာပြန်တာက ဆင့်ပွါးအနက်အဓိပ္ပါယ်ဖြစ်တယ်။
မနုဿ ဆိုတဲ့ပုဒ်ဟာ မန နဲ့ ဥဿ နှစ်လုံးပေါင်းစပ်ထားတဲ့ပုဒ်။
မန ဆိုတာ စိတ် ဖြစ်ပြီး
ဥဿဆိုတာ မြှင့်တင်ပေးတတ်တာ။
ဒါ့ကြောင့် မနနဲ့ ဥဿ နှစ်ပုဒ်ပေါင်းထားတဲ့ မနုဿဆိုတဲ့ပါဠိပုဒ် တိုက်ရိုက်အဓိပ္ပါယ်က
“စိတ်ကိုမြှင့်တင်ပေးတတ်တဲ့သူ” ဖြစ်တယ်။
မနုဿဆိုတဲ့ပါဠိပုဒ် တိုက်ရိုက်အဓိပ္ပါယ်အရဆိုရင်
သက်ရှိသတ္တဝါမည်သူမဆို
တစ်နှစ်ထက်တစ်နှစ်၊ တစ်လထက်တစ်လ၊ တစ်ရက်ထက်တစ်ရက်
မိမိရဲ့ စိတ်ကို မြင့်သထက်မြင့်အောင် မြှင့်တင်ပေးတတ်တဲ့သူဆို် မနုဿ = လူလို့ခေါ်ရမှာပဲ။
စိတ်ကိုမြှင့်တင်ပေးတတ်တာလဲ လူသားကပဲ စိတ်ကို မြှင့်တင်ပေးတတ်တာ။
တိရိစ္ဆာန်တွေက သူတို့စိတ်ကို အဆင့်မှီအောင် မြှင့်တင် မပေးတတ်ကြဘူး။
တိရိစ္ဆာန်တွေမှာ ဘာသာတရားမရှိဘူး။
ခရစ်ယာန်ဘာသာဝင်အိမ်က ခွေးတစ်ကောင်ကို
ဗုဒ္ဓဘာသာဝင်တစ်ယောက်က ဝယ်ယူမွေးမြူပြီး
ဗုဒ္ဓဘာသာဝင်အိမ်မှာထားပေမဲ့ ဗုဒ္ဓဘာသာခွေးဖြစ်မလာပါဘူး။
ခွေးဟာ သူ့စိတ်ကို လူတွေလို အဆင့်မှီအောင် မတွေးခေါ်တတ်ဘူး။ မမြှင့်တင်တတ်ဘူး။
ဒါ့ကြောင့် သူတို့ဟာ မနုဿ = လူမဟုတ်ကြဘူး။
မနုဿဆိုတဲ့ပါဠိပုဒ် တိုက်ရိုက်အဓိပ္ပါယ်အရ
မိမိစိတ်ကို အဆင့်အတန်းမြင့်အောင်မြှင့်တင်တတ်မှ လူဆိုရင်
လူဖြစ်လာတဲ့တချို့လူတွေ
အသက်နှစ်ဆယ်အရွယ်တုန်းကလည်း ဒီအတိုင်းပဲ။
အသက်လေးဆယ်အရွယ်တုန်းကလည်း ဒီအတိုင်းပဲ။
အသက်ခြောက်ဆယ် သေခါနီးအထိ ဒီအတိုင်းပဲဆိုရင်
သူတို့ကို မနုဿ = လူလို့ခေါ်လို့ရပါ့မလား။
တချို့ဆို ငယ်ငယ်တုန်းကမှ တော်သေး။
အသက်ကြီးလာလေ သူတို့ရဲ့ စိတ်အဆင့်အတန်းနိမ့်ကျသွားလေလေ။
သူတို့ကို ဘယ်လိုခေါ်ရမလဲ။
လောကကြီးမှာ ကိုယ့်အဆင့်အတန်း တစ်ဆင့်ထက်တစ်ဆင့်
မြင့်သထက်မြင့်အောင် ကြိုးစားနေကြတဲ့သူတွေ တပုံတပင်ကြီးပါပဲ။
သို့သော်လည်း လူဆိုတာ အကောင်းနဲ့အဆိုး၊ အတော်နဲ့အညံ့ ဒွန်တွဲနေတာ။
အဆိုးသမားတွေက အကောင်းသမားတွေဖြစ်လာအောင်၊
အညံ့သမားတွေက အတော်သမားတွေဖြစ်လာအောင် လုပ်ရမှာက
လူသားတွေရဲ့ မွေးရာပါတာဝန်ပဲ။
ဒီမွေးရာပါတာဝန်ကို ပျက်ကွက်ရင်
လူ့စာရင်းသွင်းဘို့ လူ့အဖွဲ့အစည်းထဲနေထိုင်ခွင့်ပြုဘို့ ခက်သွားပြီ။
ဗုဒ္ဓဘာသာစာပေထဲမှာဆိုရင်
ရှင်ဒေဝဒတ်ကြီးတို့လို အထက်တန်းကျတဲ့ ရဟန်းဘဝကို ရောက်လင့်ကစား
အဆင့်အတန်းအင်မတန်နိမ့်ကျတဲ့ သူ့အတွေးအခေါ်တွေကို
အကောင်အထည်ဖော်ခဲ့လို့
သူ့ကို ရဟန်းအဖွဲ့အစည်းထဲက မောင်းထုတ်ခဲ့ရတဲ့ အခြေအနေထိ ရောက်ခဲ့တယ်။
သူ့ကြောင့် သာသနာ အမဲစက်ထင်ခဲ့ရတယ်။
အခြားတဖက်မှာတော့
တကယ့်စိတ်ဓာတ်ရေးရာ အဆင့်အတန်းမြင့်မားတဲ့ ရှင်အာနန္ဒာကြီးတို့လိုပုဂ္ဂိုလ်ထူးကြီးတွေရှိနေတော့ သာသနာ ဂုဏ်တက်ရပြန်ရော။
မြတ်စွာဘုရားက သူ့တပည့်ရဟန်းတော်တွေကို
အဆင့်အတန်းသတ်မှတ်ရာမှာ
ရှင်အာနန္ဒာကို
ဗဟုဿုတအရှိဆုံးပုဂ္ဂိုလ်
မြတ်စွာဘုရားစကားတော်ကို ကြာကြာဆောင်ထားနိုင်တဲ့ သတိအရှိဆုံးပုဂ္ဂိုလ်
မြတ်စွာဘုရားဟောသည့်အတိုင်း သိစွမ်းနိုင်သည့်ပုဂ္ဂိုလ်
မြတ်စွာဘုရားစကားတော်ကို သင်အံလေ့ကျက်ခြင်းနဲ့
မြတ်စွာဘုရားကို ဆည်းကပ်လုပ်ကျွေးတဲ့နေရာမှာ ဝီရိယအရှိဆုံးပုဂ္ဂိုလ်လို့
မိန့်ကြားခဲ့ဘူးတယ်။
ရှင်အာနန္ဒာနဲ့ပတ်သက်ပြီး သမိုင်းဝင်ဖြစ်ရပ်ကြီးတစ်ခု ရှိသေးတယ်။
11 comments
ဆူး
March 4, 2011 at 4:50 pm
ရှင်အာနန္ဒာနဲ့ပတ်သက်ပြီး သမိုင်းဝင်ဖြစ်ရပ်ကြီးတစ်ခု ရှိသေးတယ်။
တဝက်နဲ့ ရပ်ထားတာလား။ ဆရာတော်။ ဖတ်ရတာ အရှိန်လေး တက်နေတုန်း ရပ်သွားလို့..
kai
March 4, 2011 at 7:27 pm
အရှင်ဘုရားပျောက်သွားလို့ .. စိတ်ပူနေတာဘုရား..
အခုတော့ စိတ်အေးပါပြီ..။
–
အဆင်ပြေရင် ..လူဆိုတာမျောက်ကဆင်းသက်လာတယ် ဆိုတဲ့ ဒါဝင်သီအိုရီကို ဗုဒ္ဓဘာသာရှုထောင့်က ရေးပြပါဦးဘုရား..။
ashinindaka
March 4, 2011 at 11:40 pm
ရွာခဏပြန်သွားလို့ပါ။
bigcat
March 5, 2011 at 3:03 am
နောက်တခါသွားရင် ခွင့်တိုင်သွားပါဘုရား။
ashinindaka
March 5, 2011 at 6:06 am
ဟုတ်ပါပီဗျာ။ လျှောက်လွှာရေးတင်ပါ့မယ်။
char too lan
March 5, 2011 at 9:06 am
ရှင်အာနန္ဒာရဲ့ ပယ်ဆုလေးတန် ခံဆုလေးပါးကို တရားတပိုဒ်လောက် ဟောပေးပါလားအရှင်ဘုရား….
ashinindaka
March 5, 2011 at 11:10 am
အရင် ရေးတင်ပြီးပြီမှတ်တယ် ကိုချာတူးလန်။
char too lan
March 5, 2011 at 2:10 pm
link လေးစွန့်တော်မူပါဘုရား………………..
မတွေ ့လို့ပါဘုရား
MaMa
March 5, 2011 at 9:21 am
ဘုန်းကြီးစာချတွေချည်းပါပဲလား။
winkyawaung
March 5, 2011 at 9:55 am
ဆက်ရေးပါဦး ဖတ်ရတာ တစ်ဝက်တစ်ပျက်ကြီးပါ။
ashinindaka
March 5, 2011 at 11:11 am
ဆက်လက်ရေးတင်လျက်ရှိပါကြောင်း။ အားပေးလို့ ကျေးဇူးတင်ပါကြောင်း။