စက္ကူပန်း နဲ့ သွေးတိုးကျခြင်း
ပုံထဲမှာ မြင်ရတဲ့ စက္ကူပန်းမျိုး အရွက် မှာ ပျောက်ကျား လေးတွေ ပါတဲ့ အမျိုး ဖြစ်နေတဲ့ စက္ကူပန်းပင်က ပန်း၃ပွင့်ကို ဝါးစားလိုက်ရင် သွေးတိုးနေရင် ချက်ချင်းကျတယ်လို့ သိရပါတယ်။ သွေးခဏ ခဏ တိုးတတ်တဲ့ လူတယောက်ဆို ကြောက်စရာ မလိုဘူး လို့ ပြောတာ ကြားမိပါတယ်။ ၁ဝမှတ်လောက် ကျတယ်လို့ ပြောပါတယ်။ နယ်ဘက်မှာ ထို နည်းနဲ့ သွေးတိုးလာရင် ချက်ချင်းကျသွားအောင် လုပ်နေတဲ့ ဆေးမြီးတို ဖြစ်ပါတယ်။ လက်တွေ့မှာတော့ စားလို့ သွေးကျပြီး နောက်ဆက်တွဲ ဘာအကျိုးဆက်တွေ ရှိမလဲ ဘယ်သူမှ မသိနိုင်ပါဘူး။
5 comments
unclegyi1974
March 7, 2011 at 4:42 pm
စက္ကူပန်းနဲ့သွေးတိုးချတာဟုတ်ပါတယ်
တရုတ်နံနံလည်းအလွန်ကောင်းပါတယ်
သတ္တုရည်လုပ်ပြီးအကြမ်းပုကန်တဝက်လောက်
အစိမ်းသောက်ရတာပါ ချက်ချင်သက်သာပါတယ်
သဘာဝဆေးဖြစ်လို့ဘေးထွက်ဆိုကျိုးမရှိပါဖူး
ဆူး
March 7, 2011 at 5:02 pm
ဘေးထွက် ဆိုးကျိုး မရှိရင်တော့ အတိုင်းထက် အလွန်ပါဘဲ။
မမြင်ရတဲ့ ဆိုးကျိုးတွေ နောက်က လိုက်လာမှာတော့ တွေးကြောက်မိသား။
Yin Nyine Nway
March 7, 2011 at 4:49 pm
သတိတောင်မထားမိဘူး
အိမ်မှာ အများကြီး နွေရာသီဆို အပင်အောက်မှာ အိပ်လို့ကောငတးတာပဲသိတယ်
thuyamon
March 7, 2011 at 6:51 pm
ကြားတော့ကြားဖူးတယ် လက်တွေ့တော့မကြုံဖူးဘူး…တကယ်ကောင်းတယ်ဆိုရင်တော့ ဆင်းရဲသားပြည်သူတွေအတွက် သတင်းကောင်းပေါ့…နေရာတိုင်းမှာလွယ်လွယ်ကူကူရတယ်မဟုတ်လား…
အာဖျံ ကွီး
March 8, 2011 at 8:33 am
အိုး .. ဒီအကြောင်းကို မသိခဲ့ဘူး …
ငယ်ငယ်တုန်းကဆို .. အာဖျံကွီးတို.အဖွဲ. .. အိုးပုတ်တွေနဲ.ဆော့ရင် … စက္ကူပန်းကို ရေနဲ.ဖျော် … အနီရောင်အရည်ရလာပီဆိုရင် .. ရေစစ်ကလေးနဲ.စစ် …ပီးရင် … အဖျော်ရည်လုပ်ရောင်းတယ် … ပိုက်ဆံတွေက သုံးပီးသား အတန်းသချာင်္စာအုပ်တွေပေ့ါလေ …
မဆူးပြောထားတဲ့အတိုင်းသာဆို … မိုက်တယ် …
သွားမကောင်းတော့တဲ့ အဘိုးနဲ.အဘွားကို .. အာဖျံကွီးတို.အဖွဲ.ရဲ. .. လက်ဖျော် စက္ကူပန်းဖျော်ရည်သွား တိုက်ပေးလိုက်မယ် .. အဟီးးး
ပိုက်ဆံကတော့ စက္ကူတွေမဟုတ်ပဲ .. ပိုက်ဆံအစစ်တွေ ရမှာသေချာတယ် … 😀 😀 😀
အဲ .. ပိုက်ဆံမရဘဲနဲ. .. မကြီးမငယ်နဲ. အိုးပုတ်ဆော့တယ်ဆိုပီး လိုက်ရိုက်ခံထိမလားမသိ။ 😀 😀 😀