“ပါဝင်ကပြ ကြည့်ရူ့အားပေး ဝေဖန်သုံးသပ်”(အပိုင်းသုံး) ( စမ်းစမ်းနွယ်(ခ) မပိ)
“ပါဝင်ကပြ ကြည့်ရူ့အားပေး ဝေဖန်သုံးသပ်”(အပိုင်းသုံး)
( စမ်းစမ်းနွယ်(ခ) မပိ)
(ဘဝအပိုင်း-သုံး စမ်းစမ်းနွယ်(ခ) မပိ)
ဒီနေ့အလုပ်ပိတ်ရက်ဆိုတော့ အိမ်မှာအားနေပါတယ်။
မနက်ပိုင်းလေးဘဲချက်ပြုတ်လျှော်ဖွတ် နေ့လည်ပိုင်းမှာမီးပူတိုက်ပြီး တာနဲ့ အားနေသလိုပါဘဲ။
အပြင်ကိုလဲ ဒီနေ့အဖို့သွားစရာမရှိဘူးဆိုတော့ (ဝင်ငွေလဲမရှိတော့ဘူးပေါ့)လို့” မပိ”
တစ်ယောက်ထဲတွေးရင်းပြုံးနေမိပါတယ်။
ပြုံးတဲ့အပြုံးကကျေနပ်တဲ့အပြုံးလား မကျေနပ်တဲ့အပြုံးလားဆိုတာကိုတော့ လူမြင်တိုင်းပြုံးပြတဲ့အကျင့်ကိုရနေတဲ့ “ မပိ“တစ်ယောက် အပြုံးကို သရုပ်မခွဲတတ်တော့တာလဲအတော်လေးကြာပြီလို့တောင်ထင်မိပါတယ်။
တစ်ရက်ထဲမှာ ဘဝနှစ်မျုးိနဲ့ကျင်လည်နေရတဲ့ “မပိ “အတိတ်ကိုပြန်တွေးမကြည့်ချင်တာကလဲအမှန်။
တွေးမိပြန်ရင်လဲ ကိုယ့်ဘဝကိုယ် အဖြစ်ဆိုးတယ်လို့ နာကျည်းချက်တွေနဲ့မျက်ရည်တွေဝဲလာမိတတ်ပါတယ်။
အဲဒီလိုအချိန်မျိုးမှာတော့အိပ်ယာပေါ်လဲနေတဲ့ အဖေနဲ့ လူကသာကြီးကောင်ဝင်လို့အရွယ်ရောက်လာတယ်
ဦးနှောက်ကအရွယ်မရောက်သေးတဲ့မောင်လေးတွေအကြောင်းစိတ်ထဲကို ပြန်ထည့် လို့ “သူတို့အတွက်ငါအသက်ရှင်ရအုံးမယ်”ဆိုပြီး အားတွေတင်းရင်းဝမ်းနည်းစိတ်တွေဖျောက်လို့ ကိုယ့်ကို ကိုယ ်
ပြန်အားပေးရပြန်ပါတယ်။ဒါပေမယ့်လဲ ပြန်ပြုပြင်လို့ မရနိုင်တဲ့အတိတ်ကိုပြန်တွေးမိရင် စိတ်မချမ်းမြေ့သလို
ကိုယ်ကဘဲအလွယ်လမ်းကိုကြိုက်တာလား ရေသာခိုချင်တာလား စိတ်ဓါတ်ညံ့ဖျင်းတာလား
ပျော့ညံ့တာလား တရားမရှိတာလား ကိုယ့်ကိုကိုယ် တန်ဘိုးမထားတာလား
ကိုယ့်ကို ကိုယ်ဘဲအပြစ်တင်ရမလား ကံကြမ္မာကိုဘဲပုံချရမလား ဒီလောကနဲ့မိ်တ်ဆက်ပေးသူ “နီမ”ကိုဘဲ
စိတ်ဆိုးရမလား လားပေါင်းများစွာနဲ့ဘဲအဖြေမရဘဲအတွေးတွေကိုရပ်လိုက်ရတာများပါတယ်။
“မပိ “တက္ကသိုလ်နောက်ဆုံးနှစ်မှာ ဖေဖေက ပင်စင်ယူုလိုက်ရပါတယ်။
ဖေဖေကဘာမှ ကိုယ်ကိုတိုင်သိပ်လှူပ်ရှားစရာမလိုဘဲ(အကျိုးဆောင်ခ)ဆိုတဲ့အမည်တပ်လို့
ခုံပေါ်မှာတင် တရားဝင် မိုးတွေရွာတဲ့ ဌာန က အရာရှိကြီးတစ်ယောက်ပေါ့။
ဖေဖေကောင်းစားစဉ်ကာလကတော့ သုံးဘို့ငွေဆိုတာ “မပိ“အတွက်ဖေဖေ့အံဆွဲထဲ
အသာလေးနုှှိက်ယူလိုက်ရုံပါဘဲ။
အိမ်မှာက ဖေဖေရယ် မေမေရယ် သိပ်ကျပ်မပြည့်လိုု့ဘာမှမလုပ်နိုင်တဲ့မောင်လေးရယ်
“မပိ“ရယ်ဘဲရှိတော့ ကောင်းကောင်းသုံး ကောင်းကောင်းစား စိတ်တိုင်းကျနေချင်သလိုနေ
ခဲ့ကြပေမယ့် ဘာမှသိပ်တော့ စုစုဆောင်းဆောင်းမရှိခဲ့ပါဘူး။
ဖေဖေအရာရှိဘဝကနေအနားယူချိန်မှာတော့ နေစရာအိမ်လေးတစ်အိမ်ပိုင်တယ် အိမ်အသုံးအဆောင်လေးတွေလူတန်းစေ့တယ်ဆိုတာထက် ပိုပြီးမချမ်းသာဘူးပေါ့။
အပွင့်လင်းဆုံးပြောရရင် “မပိ”တက္ကသိုလ်တက်နေတုန်းကလဲ အရာရှိသမီးဆိုတဲ့အရှိန်နဲ့
တော်တော်လေးသုံးစွဲဝတ်စားခဲ့ပါတယ်။
အပေါင်းအသင်းတွေနဲ့လဲ ပျော်ပျော်ပါးပါး သွားခဲ့လာခဲ့ဆိုတော့ ချစ်သူလဲရှိခဲ့တာပေါ့။
လွပ်လပ်စွာနေနိုင်တဲ့အခွင့်အရေးကိုလဲ ချစ်သူဘဝမှာ အစွမ်းကုန်အသုံးချခဲ့မိသပေါ့။
ဒါပေမယ့် မဆုံဆည်းလေတဲ့အချစ်များ ရဲ့တက္ကသိုလ်ဇာတ်လမ်းတပုဒ်လိုဘဲ ကျောင်းပြီးတာနဲ့
သူ့နဲ့ချစ်ခဲ့တဲ့ဇာတ်လမ်းလဲ တခန်းရပ်သွားသပေါ့။
ကျောင်းပြီးတော့ဖေဖေကလဲအလုပ်မရှိတော့ ဝင်ငွေမရှိ မေမေက အသိအကျွမ်းလေးတွေကိုပေးထား
တဲ့ ငွေတိုးချေးထားတာလေးဘဲဝင်ငွေရှိတော့ “မပိ“လဲဖေဖေအဆက်အသွယ်နဲ့ ရုံးတစ်ရုံးမှာစာရေးမဝင်လုပ်ရပါတော့တယ်။
အလုပ်သာလုပ်နေပါတယ် “မပိ“ ရတဲ့လခက “မပိ“သုံးတာနဲ့ကုန်သွားတာပါဘဲ။
အိမ်ကိုသိပ်အများကြီးပြန်မပေးနိုင်ပြန်ပါဘူး။
မေမေက လဲ “မပိ“ကိုပြန်မပေးရရင်တော်ပြီလို့ဘဲသဘောထားပုံပါဘဲ။
ဒါပေမယ့်လည်း မေမေငွေတိုးချေးတာလေးက အဆင်ပြေနေတော့ သိပ်အခက်အခဲတော့လည်းမရှိပြန်ပါဘူး။
ကံကြမ္မာအလှည့်မကောင်းချင်တော့ ဖေဖေရယ်မောင်လေးရယ်မေမေရယ် ဘုရားဖူးထွက်ကြတဲ့အချိန်
ကားမှောက်ပါတယ်။
မေမေကတော့ နေရာတင်ဆုံးပြီး ဖေဖေကတော့ ခြေထောက်အောက်ပိုင်းဖြတ်ရမယ်ဆိုတာဖြစ်လာပါတယ်။
မောင်လေးကတော့ နည်းနည်းပါးပါးဘဲထိခိုက်ပေမယ့် နဂိုရ်ကမှ ပုံမှန်မရှိ တဲ့စိတ်ကလန့်သွားပြီးအရင်ကထက်
ပိုဆိုးလာသလိုပါဘဲ။
အဲဒီအချိန်မှာ မေမေကို မြေကျဘို့စီစဉ်ရ မောင်လေးကို ထိန်းရ ဖေဖေကို ဆေးရုံတင်ဘို့
လုပ်ရ ဗျာတွေများနေတော့ သူတို့ ယူသွားတဲ့ပစ္စည်းတွေကို သတိရတဲ့အချိန်မှာ ဘယ်သူ့ကိုမှ
မေးလို့မရတော့ ဘာမှပြန်မရလိုက်ပါဘူး။
အဆိုးဆုံးကတော့ မေမေသူများတွေကို ငွေတိုးချေးထားတဲ့စာရင်းစာအုပ်ကရှာလို့မရတာပါဘဲ။
ဘယ်သူတွေကို ဘယ်လောက်ချေးထားပြီးဘယ်လောက်ပြန်ဆပ်ပြီးသလဲ ရစရာဘယ်လောက်ကျန်သေး
လဲဆိုတာ “မပိ“လုံးဝမသိတာပါဘဲ။
“မပိ“ကိုဆက်သွယ်လို့ ပြန်ပေးမယ်ဆိုတဲ့လူစာရင်းကလက်တဖက်စာလူငါးယောက်တောင်မရှိပါဘူး။
မေမေအပြင်ကိုထုတ်ချေးပေးထားတဲ့ငွေ အတိအကျမသိပေးမယ့် ပေးစရာကျန်ပါတယ်လို့ လာပြောတဲ့
ငွေပမာဏထက်အများကြီး ပိုများတယ်ဆိုတာလောက်ဘဲ အကြမ်းဖျဉ်းသိတယ်ဆိုတော့ ဘယ်သူကဘယ်လောက်ကျန်တယ်ဆိုတာကိုလဲ လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့အခါ ဒီငွေတွေက ပြန်ရဘို့ ဆိုတာကလဲ လမ်းစပျောက်လို့ဆုံးကုန်ပါတယ်။
“မပိ“ပြန်ရစရာတွေကသာစာရင်းပျောက်သွားတာ မထင်မှတ်ဘဲဖြစ်လိုက်တဲ့ က်ိစ္စအတွက် “မပိ“အတိုးနဲ့ယူ
ထားတဲ့ပိုက်ဆံတွေကတော့ တစ်နေ့ထက်တစ်နေ့တလထက်တလ အတိုးတွေက တက်တက်လာပါတယ်။
ဖေဖေခြေထောက်ဖြတ်ပြီးသွားပေမယ့် နေ့စဉ် ပြုစုဘို့ခေါ်ထားရတဲ့ နပ်စ်မအတွက်ကုန်ကျစရိတ်၊
နေ့စဉ်ဆေးဘိုး၊မောင်လေးမုန့်ဘိုး၊နေ့စဉ်စားသောက်စရိတ်တွေက “မပိ“အတွက်နေ့စဉ်ခေါင်းခဲစရာပါ။
“မပိ“ရင်ဆိုင်နေရတဲ့ ကိစ္စတွေကို ဘာတစ်ခုမှ အပြီးသတ်အောင်မလုပ်နိုင်သေး မဖြေရှင်းနိုင်သေးပါဘူး။
တလပြီးတလအတိုးဆပ်နိုင်ဘို့ရယ် လူမမာစရိတ်ရယ်နေ့စဉ်ထမင်းစားနိုင်ဘို့ရယ်မနည်းလုံးပန်းရတော့
စိတ်ရောလူရော ပင်ပန်းလို်က်တာမှ လူရုပ်တောင်ပျောက်နေသလိုပါဘဲ။
ကိုယ်ရစရာကသာ ပြန်မရတာပေးစရာကတော့ မပေးမချင်း လူတွေ့တာနဲ့တကျီကျီတောင်း ရုံးကို ဖုန်းတဂွမ်ဂွမ်နဲ့ဆက်ဆိုတော့ရှက်လဲရှက်ပါတယ်။
ချရောင်းစရာကလဲအိမ်အခွံနဲ့လူဘဲကျန်တော့တယ်ဆိုပြီးဖြစ်လာပါတယ်။
ဒီအခက်အခဲကို ဖြေရှင်းပေးသူက “နီမ”ပါဘဲ။
သူကတက္ကသို်လ်တက်နေတုန်းကလဲအတူတူ ကံများစပ်လိုက်ပုံကဒီအလုပ်ကို “မပိ”ရောက်လာပြီးလေးငါးလ
လောက်နေတော့ ဒီအလုပ်ကို “နီမ”လဲ ရောက်လာပါတယ်။
သူကတော့ “မပိ”အတွက်ဆိုးတိုင်ပင်ကောင်းတိုင်ပင် အားနည်းချက်တွေဖွင့်ပြောလို်က်လို့လဲ ရှက်ရမယ့်လူ
မဟုတ်ပြန်တော့ ကောင်းတာဆိုးတာအားလုံးကို “နီမ”ကိုအားလုံးဖွင့်ပြောမိပါတယ်။
“နီမ”ကိုပြောမိတာ မှားသွားလားမှန်ဘဲမှန်လားဆိုတာကတော့ အခုအချိန်အထိအဖြေမထွက်တဲ့ပုစ္ဆာလား
မေးခွန်းကဘဲမှားများနေလားဆိုတာကတော့ ဘုရားမှသိမယ်ထင်ပါတယ်။
တစ်ရက်အဖေ့အတွက်ဆေးထပ်ဝယ်စရာပိုက်ဆံကလဲမရှိ၊လခဆိုတာကလဲမျှော်စရာမရှိ
လခက ကြိုထုတ်ထားပြီး သား။
အရင်းမပြောနဲ့အတိုးတောင်မသတ်နိုင်လို့ အကြွေးရှင်တွေက တပူပူတဆူဆူနဲ့ဆိုတော့ “မပိ”တစ်ယောက်
“နီမ”ရင်ခွင်ထဲမှာခေါင်းထိုးပြီးရှိုက်ကြီးတငှင်ငိုမိပါတယ်။
အဲဒီအချိန်မှာ “မပိ”ကို “နီမ”ကစကားတစ်ခွန်းပြောပါတယ်။
လူ့ဘဝမှာ တစ်ခါတရံမှာ အားလုံးကောင်းဘို့ကိုယ်က ချအနင်းခံရတာမျုးိရှိတတ်ပါသတဲ့။
ဒါကြောင့်လဲ ကမ္ဘာမီးလောင်သားတောင်ချနင်းဆိုတဲ့စကားပုံပေါ်လာတာဘဲ။
နင်ဒီအတိုင်းလုံးလည်ခတ်ပြီးသွားနေလို့ကတော့ စိတ်ဆင်းရဲတာနဲ့သေမှာပါဘဲ။
နင်သေရင် နင့်နောက်အလိုလိုနေရင်းလိုက်ရမယ့်လူ နှစ်ယောက်ကတော့အဆင်သင့်ပါဘဲတဲ့။
အဲတော့ ဒီလိုနဲ့ဘဲဒုက္ခခံမလား နင့်မှာရောင်းစရာရှိတာကိုဘဲချရောင်းမလား စဉ်းစားပါတဲ့။
အစကတော့သဘောမပေါက်ဘူး။ နောက်မှတွေးရင်းသဘောပေါက်လာတယ်။
လောလောဆယ်လူနေအိမ်ကိုချရောင်းလို့ဘယ်ဖြစ်မလဲနော်လမ်းဘေးမှာနေလို့မှမရတာ။
အဲတော့ ရောင်းလို့ရတာကိုဘဲ “နီမ”ပြောသလို ချနင်းလိုက်ရတာပေါ့နော်။
ဒါပေမယ့်အဲဒီအချိန်တုံးကတော့ ကောင်းလားမကောင်းဘူးလား သင့်တော်လား မသင့်တော်လား
ဆိုတာကို စဉ်းစားနိုင်လောက်အောင်ကိုအခြေအနေမပေးဘူးလို့ဘဲဆိုချင်ပါတယ်။
လက်ရှိရင်ဆိုင်နေရတဲ့ပြဿနာအတွက် အရမ်းကိုလိုအပ်နေတဲ့ငွေရဘို့ဆိုရင်ဘာလုပ်ရလုပ်ရ
ဆိုတဲ့အတွေးက စိုးမိုးနေချိန်လဲဖြစ်ပါတယ်။
ဒီလိုနဲ့ဘဲ” နီမ“ခေါ်သွားတဲ့တော်တော်လေးကို သီးသန့်ဆန်တဲ့ အေးချမ်းဆိတ်ငြိမ်တယ်ဆိုတဲ့
ဝင်းကျယ်ခြံကျယ်ကြီးတစ်ခုထဲမှာရှိတဲ့လူကုန်တန်များရဲစံပျော်ရာဘုံနန်းလေးမှာမင်းသမီးလေး
ဖြစ်လို့သွားပါတယ်။
ဖွင့်ထားတဲ့ ပိုင်ရှင်ဖြစ်သူတို့ကတော့ ဘယ်လောက်ရတယ်ဆိုတာမသိပါဘူး။
“မပိ”ခွဲတမ်းကတော့ တစ်ကြိမ်မှာ တပုလင်းခွဲပါဘဲ။
ဘယ်လိုဘဲပြောပြော ယိုင်လဲပြိုလဲတော့မယ့်အခြေအနေကနေ နည်းနည်းလေးတော့မတ်လာပါတယ်။
တကယ်တမ်းပြောကြစိုု့ဆိုရင် ပုံလဲသွားရင်တောင်မှထူပေးသူမရှိတဲ့“မပိ”ဘဝမှာ နည်းလမ်းကျတာ
မကျတာ၊မှန်တာမမှန်တာ၊အပထား ကောက်ရိုးလေးတမျှင်ကိုဆုပ်မိတယ်လို့ဘဲခံစားရပါတယ်။
ကို်ယ့်လက်ကိုပါ စူးနေယားနေအောင် အစွမ်းသတိ္တတွေရှိနေတဲ့ဒီကောက်ရိုးမျှင်လေးကို ဘယ်အချိန်
ဘယ်ကာလ ရောက်မှ လွှတ်ချနိုင်မယ်ဆိုတာကိုတော့ ………………………………….။
(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
One comment
unclegyi1974
March 15, 2011 at 4:28 pm
ကိုကျော်ကမင်းလိုလူအများကြီးတဲ့
အားမလျော့လိုက်နဲ့မပိ