Happy Birthday to You

မောင်ဆန်းMarch 9, 20113min57042


လူတိုင်းမှာ အမှတ်တရဖြစ်စေမဲ့ ပျော်ရွင်စရာ မွေးနေ့လေးတွေ ကိုယ်စီရှိကြပါတယ် အဲဒီမွေးနေ့လေးတွေ ရောက်ပြီဆို ကိုယ့်ကို ခင်မင်ချစ်ခင်ကြတဲ့ မိဘ ဆွေမျိုး သူငယ်ချင်းများနဲ့ အတူ မွေးနေ့ပွဲလေးကို ပျော်ရွင်စွာဆင်နွဲကြပါတယ် မွေးနေ့ရှင်အတွက် မွေးနေ့ဆုတောင်းသီချင်းလေးကို အားလုံးက တက်ညီလက်ညီနဲ့ လက်ခုပ်တီးသီဆိုရင်း  Happy Birthday to You ပေါ့

 

အဲဒီဆုတောင်းသီချင်းလေးကို ဘယ်ကတဲက ဆိုတတ်နေတာလဲ မမှတ်မိတော့ပါဘူး သူများတွေဆိုတာကြည့်ရင်းနဲ့ အလွတ်ရလာခဲ့တာ တော်တော်ကြာခဲ့ပါပြီ

ဟိုတလောက ဖတ်လိုက်ရတယ် မြန်မာပြည်က Dr.GP သင်တန်းတစ်ခုတက်ဘို့အတွက် အမေရိကကို ခဏရောက်တုန်း သင်တန်းသားတစ်ဦးရဲ့ မွေးနေ့ပွဲနဲ့ ကြုံပါတယ် အားလုံးက Happy Birthday to You …….. ဆိုပြီးချိန်မှာ သင်တန်းသားတစ်ယောက်ချင်းစီက ကိုယ့်မိခင်ဘာသာစကားနဲ့ မွေးနေ့ဆုတောင်းသီချင်းဆိုဘို့ လုပ်ကြပါတယ် အားလုံးကအဆင်ပြေလို့ပေါ့ သူ့အလှည့်ကျ ခပ်တည်တည်နဲ့ ”ပျော်ရွင်စရာ မွေးနေ့မင်္ဂလာ သင့်အတွက် ၊ ပျော်ရွင်စရာ မွေးနေ့မင်္ဂလာ ကိုဖိုးတုတ် ” (ရေးထားတဲ့နာမည် မေ့နေလို့ ကိုယ့်ဘာသာ ထည့်ထားတာနော်) လို့ ဆိုခဲ့ရပါတယ်တဲ့ မြန်မာလိုရေးထားတဲ့ မွေးနေ့ဆုတောင်းသီချင်း မကြားဘူးသလိုဘဲ ရှိခဲ့ရင်တောင် အသုံးနည်းပြီး တောရောမြို့ပါ Happy Birthday to You …….. ဘဲ သံပြိုင်အော်နေကြတာပါ

အဲဒီတုန်းက ဟိုရှာဒီရှာနဲ့ တွေ့ခဲ့ရတာလေးတွေ ရွာထဲကမိတ်ဆွေအားလုံးကို ပြောပြချင်လို့ တချို့လဲ သိပြီးဖြစ်မှာပါ မသိသေးတဲ့သူတွေအတွက်တော့ ဗဟုသုတရမယ်ထင်ပါတယ်

 

ဒီသီချင်းလေးကို အမေရိကားက Patty Hill နဲ့ Mildred J.Hill ဆိုတဲ့ ညီအမနှစ်ယောက်က ၁၈၉၃ မှာ ရေးဖွဲ့ခဲ့ကြတယ်တဲ့ Patty ကတော့ မူကြိုဆရာမ၊  Mildred ကတော့ စန္ဒယားလဲတီး သီချင်းလဲရေးပါတယ်တဲ့ ၊သူတို့ ညီအမတွေစရေးခဲ့တာက “Good Morning to All”  ဆိုတဲ့ သီချင်းလေးပါ

Good morning to you,

Good morning to you,

Good morning, dear children,

Good morning to all.

အဲဒီကမှ ဒီနေ့ အားလုံးသိကြတဲ့ Happy Birthday သီချင်းလေးဖြစ်လာပါတယ်တဲ့   ပုံနှိပ် ဖြစ်တာက ၁၉၁၂ မှာဖြစ်ပြီး အဲဒီတုန်းက ဘာမူပိုင်ခွင့်မှ မရှိသေးပါဘူး့ ဒေါ်လာသန်းချီတန်တဲ့ မူပိုင်ခွင့် ကိစ္စတွေက ၁၉၃၅ မှာ Summy Company စခဲ့ပါတယ်တဲ့ အခုနောက်ဆုံး AOL က တင်ထားတဲ့ မူပိုင်ခွင့်ကတော့ ၂၀၃ဝ ထိဆိုဘဲ သူတို့ရဲ့ တရားဝင်ခွင့်ပြုချက် မရရင် လူထုကြားမှာလုပ်မဲ့ မွေးနေ့ပွဲတွေကို အရေးယူပါမယ်တဲ့ (သီချင်းကို နှစ်ကိုကြား တိုးတိုးဆိုမယ်ဗျာ ဘာဖြစ်လဲ)

 

အဲဒီသီချင်းကို မိခင်ဘာသာနဲ့ပြောင်းလဲသီဆိုကြတာ ၁၈ နိုင်ငံကျော်ပါတယ်တဲ့ ကမာ္ဘပေါ်မှာ လူသိအများဆုံး အင်္ဂလိပ်သီချင်းအဖြစ် ၁၉၉၈ ဂင်းနစ်စာအုပ်ဝင်ဆိုဘဲ

 

သိသမျှလေး ဖောက်သည်ချရတာပါ မှားရင်လဲပြင်ပေးပါဦး လိုရင်လဲ ထပ်ဖြည့်ပေးကြပါဦး

42 comments

  • mG

    March 9, 2011 at 3:12 pm

    ကို white ရေ…မွေးနေ့ဖြစ်ပေါ်လာပုံနဲ့..မွေးနေ့က ကမ္ဘာမှာဘယ်လိုတွေ ဆက်သွယ်နေကျတယ်။ဘယ်လိုတွေလုပ်နေကျလည်းဆိုတာကိုပြောပြပေးလို့..ကျေးဇူးပါဗျို့။
    ဒါကတော်တော့ကိုရှားတဲ့…လူတွေသတိမထားမိတဲ့ မွေးနေ့ဖြစ်ပေါ်လာပုံပါပဲဗျာ။

  • ဆူး

    March 9, 2011 at 3:18 pm

    သိုင်းကျူး.. မသိတာ တခု ပိုသိသွားပြီ။

  • kai

    March 9, 2011 at 6:46 pm

    Is Happy Birthday Really Copyrighted?

    Yes.

    The melody for Happy Birthday was first penned by two sisters from Kentucky, Mildred J. Hill and Patty Smith Hill. The song was called Good Morning to All, but bore the recognizable melody. The tune was first published in 1893 in the book Song Stories for the Kindergarten. The melody has since passed into the public domain, and is safe to hum in public without permission.

    While it is not entirely clear who first wrote down the words for Happy Birthday, it showed up in a few places before Jessica Hill (another Hill sister) was able to demonstrate undeniable similarities between Good Morning to All and Happy Birthday and to secure the copyright to the song.

    Working with the Clayton F. Summy Publishing Company, Jessica Hill published and copyrighted Happy Birthday in 1935. While the copyright should have expired in 1991, copyright has been extended repeatedly over the last quarter of the twentieth century and the copyright for Happy Birthday is now not due to expire until at least 2030.

    The Clayton F. Summy Company is no longer independent, but, through a chain of purchases, the copyright for Happy Birthday To You lies securely in the hands of the Time Warner company. Happy Birthday’s copyright is licensed and enforced by ASCAP, and the simple little ditty brings in more than USD $2 million in annual royalties.

    For more information on the history of the tune, lyrics, and copyright status, check out these resources:

    Snopes’ article on the legal status of Happy Birthday
    Great article on Happy Birthday and copyright by Kembrew McLeod
    Kuro5hin’s article on parts of the history of Happy Birthday that you might not hear.

    Update: This article by law professor Robert Brauneis has raised some important questions about the history of Happy Birthday. That said, copyright in the song continues to be enforced and Warner Brothers continues to collect more than $2 million each year in royalities. Until we hear a judge rule on Brauneis’s suggestions, we’ll continue to give Warner and the market the benefit of the doubt.

    Is Singing Happy Birthday in Public Really Copyright Infringement?

    Yes.

    According to United States copyright law in United States Code, Title 17 §106, authors of works such as musical compositions have the exclusive right “to perform the copyrighted work publicly.” In United States Code, Title 17 §101, the law defines publicly performing a work as “to perform or display it at a place open to the public or at any place where a substantial number of persons outside of a normal circle of a family and its social acquaintances is gathered.”

    This means that if you sing Happy Birthday to your family at home, you’re probably not committing copyright infringment. However, if you do it in an restaurant — and if the restaurant hasn’t already worked out a deal with ASCAP — you may be engaging in copyright infringement.

  • white

    March 10, 2011 at 5:33 am

    ဒီရွာလေးထဲ ရောက်လာတာ မကြာသေးပေမဲ့ နေ့စဉ် စာတွေဖတ် အပြန်အလှန် ဆွေးနွေး နောက်ပြောင်နဲ့ အချင်းချင်း ခင်ခင်မင်မင် နဲ့ တော်တော်လေး ပျော်ဘို့ကောင်းတဲ့နေရာပါ..
    တစ်ခုစဉ်းစားမိတယ် ရွာထဲက သူငယ်ချင်းတွေအချင်းချင်း မွေးနေ့ရောက်ရင် မွေးနေ့ဆုတောင်းတွေ ပို့ကြ အချင်းချင်းနောက်ပြောင်ကြ တော်တော်ပျော်စရာကောင်းမှာ သူကြီးက ဦးဆောင်ပြီး ဒီနေ့ ဘယ်သူမွေးနေ့ပါဆိုတာမျိုး လုပ်ပေးရင်ကောင်းမယ်ထင်တယ် မွေးနှစ်ကို ပြောစရာမလိုဘဲ ရက်နဲ့လဆိုရင် အဆင်ပြေမယ် ထင်တယ် သူငယ်ချင်းတို့ရဲ့ သဘောထားလေးပြောပါဦး တခြားအကြံညဏ်လေးတွေရောပေါ့..

  • နီလေး

    March 10, 2011 at 10:24 am

    အဲဒီအကြံဉာဏ်ကောင်းတယ် ထောက်ခံတယ်နော်

  • white

    March 11, 2011 at 3:26 am

    သူငယ်ချင်း တစ်ယောက်ကတော့ ကြိုက်တယ်တဲ့ ..တခြားသူငယ်ချင်းတွေကရော …
    အများမကြိုက်ရင် မလုပ်ဘူး
    အများသဘောတူရင် သူကြီးကိုဝိုင်းတောင်းဆိုကြတာပေါ့

  • nozomi

    February 10, 2012 at 1:01 pm

    ကျွန်တော့်ရဲ့ ပို့စ် တစ်ခု မှာ မိုးစက် က အခုလိုမန်းဘူးပါတယ်…
    { ကြုံတုန်းပြောရဦးမယ် မိုးစက်ကဗိုလ်ချုပ်နဲ့မွေးနေ့တူတယ် }

    ( မိုးစက် မွေးနေ့ကျ ဆုတောင်းပေးရအောင် ဆိုတော့ ၊ ကိုနိုက ဘယ်လို သိတာလဲ ဆိုပြီး ရှုးရှဲ ရှုးရှဲ ဖြစ်သွားတဲ့ ကိုယ်တော်တွေ အတွက် ရှင်းပြထားတာပါနော်… ကိုယ်တော်တို့ ကျွန်တော့်ကို ချောင်းရိုက်မဲ့ အစီအစဉ် ဖျက်လိုက်ပါတော့)

    မိုးစက်မွေးနေ့ ၁၃ ရက်နေ့ ရွာထဲဝင်လိုက်တဲ့ အချိန် ၊ ရွာသူ ရွာသား အားလုံးရဲ့ မွေးနေ့ဆုတောင်းလေးကို
    မြင်စေချင် ဖတ်စေချင်ပါတယ် ၊ ကာယကံရှင်က ဒီနေ့ ကျွန်မမွေးနေ့ပါ ဆုတောင်းပေးကြပါ ဆိုတာကြီးက သိပ်အဆင်မပြေသလိုပဲ (ကျွန်တော့်တုန်းကတော့ ဒီလိုပဲ လုပ်ခဲ့ရတာပါ 🙂 ) ကာယကံရှင်က ဘာမှ မပြောပဲ ဆုတောင်းခံရရင် ပို ပျော်ဘို့ ကောင်းမယ်ထင်ပါတယ် ၊ စနေ တနင်္ဂနွေ မှာ တင်ဘို့ နဲနဲ အဆင်မပြေလို့ ဒီနေ့ကတဲက ကြို ဆုတောင်းပေးလိုက်ပါတယ် ၊ ခဏ ပဲ ဝင်ဖြစ်တဲ့ ရွာသားတွေလဲ တွေ့ဖြစ်သွားတာပေါ့

    မိုးစက် ခင်တဲ့ ရွာသူ ရွာသားအားလုံးရဲ့ ချစ်ခင် မှု အပြည့်ရပါစေ

    ဗိုလ်ချုပ်လို တိုင်းပြည်က အားကိုးရတဲ့ သမီးကောင်းလေး ဖြစ်ပါစေ

    အမျိုးကောင်း သား သမီး များနှင့်သား ဆုံတွေ့ပါစေ ၊ မကောင်းတဲ့ လူတွေဘေးက လွတ်မြောက်ပါစေ
    ( ရွာထဲက ဟိုကောင်လေး မေတ္တာ လာ မပို့နဲ့ ဦးနော်)

    လိုချင်တာတွေ လိုအပ်တာတွေ အားလုံးပြည့်စုံပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာ ပါစေ

    • စိန်ပေါက်ပေါက်

      February 10, 2012 at 1:20 pm

      အူးလေး..အူးလေး..
      ရှူးရှဲ ရှူးရှဲ ဆိုပြီး ဘသူတွေဖြစ်တာလဲတဲ့
      သများကို လာမေးခိုင်နေလို ့..မေးပေးတာပါနော်
      သိပါဘူး..များက ငြုပ်သီးစားမှ ရှူးရှဲ ဖြစ်တာလားလို ့.. 😆

      ဗိုလ်ချုပ်မွေးနေ ့နဲ ့တိုက်နေတဲ့ ဟိုအကိုရီး ကိုမိုးဇက်ကို ဟပ်ပီးဘတ်ဒေး ပါလို ့
      ဟိုလူရီးတွေမလာခင် ဆုတောင်းပေးလိုက်ပါတယ်နော

  • blackchaw

    February 10, 2012 at 1:25 pm

    ရှူးရှဲ ရှူးရှဲ ဖြစ်သွားတဲ့ ကိုယ်တော်တွေတဲ့။
    ပေါက်ဖေါ်လား။ ကိုရင်စည်သူလား။ ဂီဂီလား။ တစ်ယောက်ယောက်တော့ တစ်ယောက်ယောက်ပဲ။
    ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ မိုးစက်ရေ။
    ဘဘဘလက် တူမလေးတွေ ကန်တော့ရင်ပေးတဲ့ဆုပဲ ပေးလိုက်ပါတယ်။
    “လင်ကောင်းသားကောင်း ရပါစေ” လို့။
    အဲဒါ အရေးကြီးပါတယ်ဗျာ။

    • nozomi

      February 10, 2012 at 3:11 pm

      ကိုချော ရေ ကျွန်တော် လက်လှမ်း မမှီလို့ ကူညီပါဦး
      ပေါက်ပေါက် ပါးစပ်မှာ ပေနေတဲ့ ငရုပ်သီးလေး တွေ သုတ်ပေးပါဦး ခင်ဗျ

  • inz@ghi

    February 10, 2012 at 2:57 pm

    မိုးစက်ရေ….

    အင်ဖော်မေးရှင်း သမား ဆိုတော့ အင်ဖော်မေးရှင်းပဲ မွေးနေ့လက်ဆောင်ပေးတော့မယ်နော…..
    ၂၀၁၅ခုနှစ် မှာ နောက်ထပ် တကြိမ် ဖေဖော်ဝါရီ ၁၃ ဟာ သောကြာနေ့ ဖြစ်မယ် ဆိုတဲ့အကြောင်းရယ်နဲ့ ..
    အသက် ၁၀၁နှစ်ပြည့်မယ့် ၂၀၈၈ ခုနှစ်ကျရင် ဖေဖော်ဝါရီ ၁၃ဟာ သောကြာနေ့ ဖြစ်ကြောင်း ပါ။
    မွေးနေ့ နဲ့ မွေးရက် တိုက်မယ့်နှစ်တွေကတော့
    (1993, 2004, 2015, 2021, 2032, 2043, 2049, 2060, 2071, 2077, 2088) ပါ

    ဖေဖော်ဝါရီ-၁၃ မွေးတဲ့ နောက်ထပ် နာမည်ကျော် မြန်မာလူမျိုး ၃ဦး ကတော့
    ပန်းချီကျော် (ဦး) အောင်ခင် (၁၉၂၁-၁၉၉၆) နဲ့
    ဂေါက်သီး အကျော် အမော် (ဦး)ကြည်လှဟန် (၁၉၆၁ခုနှစ်-မွေး)
    နာမည်ကြီး အဆိုတော် (ဒေါ်)မေဆွိ (၁၉၆၂-မွေး)ဖြစ်ပါကြောင်း ..

    သည်ဖေဖော်ဝါရီဝ-၁၃ဟာ ကမာ္ဘမှာတော့ World ‘s Radio Day ဖြစ်ကြောင်းနဲ့

    မြန်မာပြည်မှာ ဆိုရင်တော့
    ဗိုလ်ချုပ်ကို ဂုဏ်ပြုထားတဲ့ ကလေးများနေ့ ဖြစ်ပါတယ်

    ဗိုလ်ချုပ်မွေးနေ့ (ဝါ) ကလေးများနေ့မှာ မွေးလာတဲ့
    ကလေးချစ်တတ်တဲ့ ဆြာမလေး အတွက် ..

    ခင်တဲ့
    Inz@ghi

    • စိန်ပေါက်ပေါက်

      February 10, 2012 at 3:17 pm

      မဂီရေ
      မျာအတွက်ကောဟင် 🙄

      စကားမစပ်
      တစ်ချို ့.တစ်ချို ့များ တယ်ပြီး မှတ်ဉာဏ်ကောင်းတယ်ကိုချောရေ 😆

  • blackchaw

    February 10, 2012 at 3:23 pm

    အဲဒါ ဘရန်းကြက်ပေါင်းရေကို နေ့တိုင်းသောက်လို့ပေါ့။
    :lol::lol::lol::lol::lol::lol::lol::lol::lol::lol::lol::lol:
    ကြော်ငြာထဲကလေသံအတိုင်း ဖတ်ပါ။

  • kyeemite

    February 10, 2012 at 4:05 pm

    ကျွန့်တော်အနေနဲ့ကတော့…ကိုယ့်မွေးနေ့မှာ..မွေးကျွေးခဲ့တဲ့ အနန္ဒဂိုဏ်းဝင် မိဘနှစ်ပါးကို…
    မှတ်မှတ်ရရပူဇော်ကန်တော့ဘို့…ကလေးတွေကိုသင်ပါတယ်..သူတို့အကြိုက်သူငယ်ချင်းလေးတွေဖိတ်စေပီး
    မွေးနေ့ပွဲလည်းလုပ်ပေးတာပေါ့လေ..ဖေဖေါ်ဝါရီမွေးနေ့ရှင်များအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာပီး..
    ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေ..ကိုနိုဇိုမီ ကိုလဲသင့်ခရုပါဗျာ..

  • nozomi

    February 12, 2012 at 1:52 pm

    ဂီဂီ နဲ့ ပေါက်ပေါက် ဒီတခါတော့ ငြိမ်ငြိမ်သက်သက်ပါပဲလား

    ကိုပေါက် ကိုကြီးမိုက် ကျေးဇူပါ ခင်ဗျာ

    တခြားရွာသားတွေလဲ ကျွန်တော်တို့ သူငယ်ချင်း ရွာသူလေး မိုးစက် အတွက် မွေးနေ့ဆုတောင်းလေး တွေ ချီးမြှင့်ပေးကြပါဦး

    • စိန်ပေါက်ပေါက်

      February 12, 2012 at 2:04 pm

      တစ်လက်စတည်း
      တံခါးစောင့်ကြီးရဲ့ ၁၃ နှစ်မြောက် အန်တီဗာစရီ အတွက်ပါ ဆုတောင်းပေးလိုက်ပါဦး အန်တီရေ
      ဒီနေ ့ ၁၂ နှစ်ပြည့်အထိမ်းအမှတ် သများတို ့တောင် အအေးတွေ ဝါးတီးတွေ ဆွဲပြီးသွားပြီဖြစ်ပါကြောင်း
      အရီးနိုကိုလဲ မျှော်နေပါကြောင်း
      😆

      • nozomi

        February 12, 2012 at 2:08 pm

        တံခါးစောင့်ကြီး တို့ ရဲ့ ၁၃ နှစ်မြောက် ကနေ သံယောဇဉ်၊ နားလည်မှုအပြည့် နဲ့၁၀၃ နှစ်မြောက်တိုင် ပါစေ

        ( အခု မဒမ်ချောအတွက် တောင်းပေးတာနော် ။ ဟို ချာတိတ်လေး နဲ့ ဆို တောင်းပေးဝူး )

        • စိန်ပေါက်ပေါက်

          February 12, 2012 at 2:13 pm

          ကြားတယ်နော် ဒေါ်ချော
          😀

  • koaung

    February 12, 2012 at 1:57 pm

    ဟက်ပီဘတ်ဒေးပါ မိုးဇက်ရေ စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပါစေ

  • MaMa

    February 12, 2012 at 4:47 pm

    ဖေဖော်ဝါရီ ၁၃ မှာ ထူးထူးခြားခြား ကျရောက်တဲ့ ဆရာမလေး မိုးစက်ရဲ့ မွေးနေ့မှသည် နှစ်ပေါင်း၁၂ဝတိုင်အောင် ကျန်းမာခြင်း၊ ချမ်းသာခြင်း သုခအဖြာဖြာကို ရရှိခံစားရပြီးလျှင် စိတ်သွားတိုင်းကိုယ်ပါလို့ လိုရာဆန္ဒမှန်သမျှ ပြည့်ဝပါစေလို့ ဆုတောင်းလိုက်ပါတယ်။
    တစ်နေ့တည်း တစ်ရက်တည်း တိုက်တိုက်ဆိုင်ဆိုင် ကျရောက်တဲ့ ကိုဘလက်ရဲ့ မဒမ်ဘလက် (ရွာ့ယောင်းမ) တို့ရဲ့ ၁၃နှစ်မြောက် မင်္ဂလာရက်မြတ်မှသည် ရွှေရတု၊ စိန်ရတုသို့တိုင် ရွှေလက်မြဲမြဲတွဲ၍ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေကြောင်း ရွာ့ဆွေရွာ့မျိုးများမှ ဆုတောင်းပေးလိုက်ပါတယ်။
    တဆက်တည်း ဖေဖော်ဝါရီ ၁၄ မှာ ကျရောက်တဲ့ သဘောင်္သီး အီးတီကိုလည်း မွေးနေ့ရက်မြတ်ပေါင်းများစွာ ဆင်နွဲနိုင်ပါစေ။ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်၍ သက်ရှည်ကျန်းမာ စိတ်ချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ် နော။

    • E.T

      February 12, 2012 at 5:17 pm

      တားတားမွေးနေ ့ကိုသိတာ အန်တီမမ ပဲရှိတယ်။ ရှဲ ့ရှဲ ့နီ အန်တီမမ။ ပြန်ရောက်မှ အန်တီကို တစ်ဝိုင်းပြုစုမယ် 🙂

      • စိန်ပေါက်ပေါက်

        February 12, 2012 at 5:19 pm

        များလဲသိသွားပြီ
        များကိုလဲ တစ်ဝိုင်း တိုက် 😀

        Happy Birthday မအီးတီ

        ဟိုအဒေါ်ကြီးပြောသလို လင်ကောင်းသားကောင်း ရပါစေ
        😆

  • nozomi

    February 12, 2012 at 5:21 pm

    မင်းသားလို ချောတဲ့ ကိုအီးတီ ဖေဖော်ဝါရီလ ၁၄ ရက် မွေးနေ့ မှသည် နောင် နှစ်ပေါင်းများစွာတိုင်
    ကိုယ့်ကိုချစ်သော ကိုယ်ကချစ်သော လူတွေနဲ့ နီးကပ်၊ပျော်ရွင်၊ကျန်းမာစွာ နေနိုင်ပါစေလို့ ဆုတောင်း ပေးပါတယ် ဗျာ

    ( ဖေဖော်ဝါရီ ၁၄ မှာ မွေးပေးတဲ့ ကိုအီးတီ အဖေနဲ့ အမေကို အမှတ်ရလွယ်တဲ့ နေ့မှာ မွေးပေးလို့ ကျေးဇူးတင်ရမယ် ဗျ ၊ တော်ထှာ ဗျာ )

    • E.T

      February 12, 2012 at 5:39 pm

      ဟုတ်ကဲ့ ကျေးဇူးပါ။ မင်းသားလိုတော့ မချောပါဘူးဂျာ။ အကိုနိုှဇိုမိက လာနောက်နေပြန်ပါပီ။ ကျွေးပါ့မယ်ဆို သိပ်မမြှောက်နဲ ့ 😀

  • padonmar

    February 12, 2012 at 9:30 pm

    မင်္ဂလာဆောင်ပါဆရာမ
    ဟာမှားလို့ ၊မင်္ဂလာမွေးနေ့ပါ ဆရာမလေး မိုးစက်၊
    မင်္ဂလာနှစ်ပတ်လည်ပါ ကိုဘလက်နှင့် မဒမ်ဘလက်၊
    မင်္ဂလာမွေးနေ့ပါ သင်္ဘောသီး ET၊
    မိုးစက်တို့ ET တို့က ကုံရာသီ Aquarius ဖွားတွေပေါ့နော်။
    ရေကရားနဲ့ ရေလောင်းနေတဲ့ ပုံဖြစ်တဲ့ ကုံရာသီဖွားတွေဟာ သူများအတွက် အနစ်နာခံတတ်တဲ့သူတွေ ဖြစ်ပါတယ်တဲ့။အားနာတတ်တဲ့သူတွေလည်းဖြစ်ပါတယ်။
    (ကိုယ့်အတွက်တော့ မကောင်းဘူးနော်)

  • Khin Latt

    February 12, 2012 at 11:06 pm

    ကလေးချစ်တတ်တဲ့ အတွင်းမှာ နူးညံ့တဲ့ နှလုံးသားပိုင်ရှင် ပြီး
    ကလေးတွေ ကို စည်းကမ်း နဲ့ အညီ အုပ်ချုပ်မှာမို့ အပြင်ပန်းကြည့်ရင် မာကျောမဲ့ အသွင် ရှိမဲ့
    ကလေးတို့ ရဲ့ ဆရာမလေးရေ မိုးစက်ရေ-
    (ဗိုလ်ချုပ်အောင်ဆန်း နဲ့ မွေးနေ့ ရက်ချင်း တူသမို့ မှန်းကြည့်လိုက်တာ)
    သမီး ရဲ့ မနက်ဖြန်မှာ ကျရောက်မဲ့ မွေးနေ့ရက်မြတ် မှသည် စိတ်သွားတိုင်း ကိုယ်ပါလို့ ကျမ်းမာ ချမ်းသာ စွာဖြင့် လိုရာဆန္ဒ တွေ အားလုံး ပြည့်ဝပါစေ လို့ အရီးလတ် မှ ဆုမွန်ပို့သလိုက်ပါတယ်။
    မိဘ တွေ ရဲ့ ကျေးဇူး ကို ကန်တော့ဖို့ မေ့မှာမဟုတ် ဆိုတာ အပြည့်အဝ ယုံကြည်ပါ၏။ 😆

    ချစ်ခင်စွာဖြင့်
    အရီးလတ်

  • Khin Latt

    February 12, 2012 at 11:14 pm

    မောင်အီးတီ ရေ –
    ကုန်းပေါ်မှာ ဆိုတော့ “အီးတီ ဖုန်း ဟုမ်း” လုပ်စရာ မလိုတော့ဘူးပေါ့။ 😉
    ဖေဖော်ဝါရီလ ၁၄ ရက် မှာ ကျရောက်မဲ့ မွေးနေ့ရက်မြတ် မှသည် စိတ်သွားတိုင်း ကိုယ်ပါလို့ ကျမ်းမာ ချမ်းသာ စွာဖြင့် လိုရာဆန္ဒ တွေ အားလုံး ပြည့်ဝပါစေ လို့ အရီးလတ် မှ ဆုမွန်ပို့သလိုက်ပါတယ်။
    မိဘ တွေ ရဲ့ ကျေးဇူး ကို ကန်တော့ဖို့ မေ့မှာမဟုတ် ဆိုတာ ယုံကြည် သော်လည်း ကျားကလေး ဆိုတာ နဲနဲ မေ့တတ်လို့ သတိပေးလိုက်ပါ၏။ 🙂

    ခင်မင်သော
    အရီးလတ်

  • weiwei

    February 12, 2012 at 11:27 pm

    happy birthday ပါ မိုးဇက် …
    နောက်နှစ်မွေးနေ့တွေအတွက်ပါ အမှတ်ရစေမယ့် မွေးနေ့ဆိုတော့ နှစ်တိုင်းသတိရနေမှာပါ ..
    တိုက်ဆိုင်တာလားတော့မသိဘူး … မိုးဇက်နဲ့ မွေးနေ့တူတဲ့ သူတွေ ရွာထဲမှာရှိသေးတယ်တဲ့ …

  • ဦးဦးပါလေရာ

    February 12, 2012 at 11:35 pm

    ပျော်ရွှင်ဘွယ်မွေးနေ့ဖြစ်ပါစေ Moe Z
    ပျော်ရွှင်ဘွယ်မွေးနေ့ဖြစ်ပါစေ ET
    ကိုဘလက်တို့စုံတွဲ ရဲ့ မင်္ဂလာနှစ်လည်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းဗျာ။

    မသိသေးတဲ့ ဗဟုသုတ အသစ်အတွက် ကိုနိုဇိုမီကို ကျေးဇူးတင်ရပါတယ်။

    happy birthday to you သီချင်းရဲ့ စာသားနဲ့သံစဉ်ကို မူပိုင်ခွင့်နဲ့ ကန့်သတ်တာကိုတော့ (သူ့ဟာသူမှန်ပေမယ့်) တော်တော်သဘောမကျပါဘူး။
    အဲဒါ သီချင်းတပုဒ်မျှမကတော့ပဲ ကမ္ဘာသုံး ယဉ်ကျေးမှု့အသုံးအဆောင်တခုဖြစ်သွားလို့ပါပဲ။

  • Swal Taw Ywet

    February 13, 2012 at 12:26 am

    HAPPY BIRTHDAY Sister, Moe Z.( Feb 13 )
    HAPPY BIRTHDAY Brother E T. ( Feb 14 )
    Wishing for you to be in good health and good wealth.
    With respect,
    Swal Taw Ywet.

  • amatmin

    February 13, 2012 at 9:28 am

    မင်္ဂလာရှိသော မွေးနေ့ဖြစ်ကြပါစေ..
    ပျော်ရွှင်ကြည်နူးမှုေပေါင်းများစွာ. ရှေ့နှစ်များတိုင်.ဆက်လက်ရှိပါစေ..
    ဆရာမလေး မိုးဇက် (၁၃.၂.၂၀၁၂)
    သင်္ဘောသီးလေးအီးတီ (၁၄.၂.၂၀၁၂)

  • Moe Z

    February 13, 2012 at 9:32 am

    Wow! What’s a nice surprise!
    ဦးနိုရဲ့ comment ကိုစတွေ့တွေ့ချင်း အသံထွက်ပြီးတောင်အံ့ဩမိတယ်
    မှတ်ဉာဏ်ကောင်းလိုက်တဲ့ဦးနို၊ စက်တင်ဘာထဲကပေးခဲ့တဲ့ comment တွေအများကြီးကို
    မှတ်မိနေတာလည်း အံ့ဩတယ်၊ ဝမ်းလည်းသာတယ်
    ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်နော်

    ကိုအင်ဇာဂီရဲ့ ပြည့်စုံတဲ့ information အတွက်ကျေးဇူးအထူးပါနော်
    မွေးနေ့မွေးရက် တိုက်မတိုက်ကို ပြက္ခဒိန်ကြည့်မှသိတာမို့လို့ 🙂
    မြန်မာလူမျိုးမဟုတ်ပေမယ့် Feb 13 မွေးတဲ့ တစ်ယောက်ကို ထပ်ပေါင်းခွင့်ပြု
    Robbie Williams မိုးစက်ကြိုက်တဲ့အဆိုတော်တွေထဲက တစ်ယောက်

    ဘဘဘလက်၊ ဦးကြီးမိုက်၊ ကိုအောင်၊ မမ၊ မမဝေ၊ အန်တီပဒုမ္မာ၊ အရီးလတ်၊ ဦးဦးပါလေရာ၊ Swal Taw Ywet အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်၊ ဘယ်တော့မှမမေ့တော့မယ့် မွေးနေ့အမှတ်တရအဖြစ် ကွန်မန့်တွေအားလုံးကို သိမ်းထားပါ့မယ်

    အရီးလတ်ရေ မိုးစက်ကအပေါ်ယံတောင်မမာပါဘူး ကလေးတွေနဲ့ဆို ဘယ်လိုရေစက်မှန်းမသိ တွေ့တဲ့ကလေးတိုင်းနဲ့ အဆင်ပြေတယ်

    ဘဘဘလက်ပေးတဲ့ဆုနဲ့ ဒေါ်စိန်ပေါက်လည်းပြည့်ပါစေ 😀

    ဘဘဘလက်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လည်း နောင်နှစ်ပေါင်းများစွာတိုင်ပါစေ

    ကိုအီးတီလည်း ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေနော်
    (သက်ဆိုင်သူကတော့ မိုက်တယ် လက်ဆောင်နှစ်ခါပေးစရာမလိုဘူး) 😀

    • E.T

      February 13, 2012 at 10:13 am

      ကျေးဇူးတင်ပါ၏ ညီလေးဇိ။ ညီလေးဇိလည်း မွေးနေ ့မှာ ပျော်ရွှင်ပါစေ။

  • nozomi

    February 13, 2012 at 9:45 am

    တော်ပါသေးရဲ့

    ကာယကံရှင်တွေ ဖတ်မိပါ့မလား ပျော်ပါ့မလား စိတ်ပူနေတာ

    မိုးစက်၊ အီးတီ ၊ ကိုချော တို့ ဖတ်မိတယ် ပျော်ရွင်ကျေနပ်ကြတယ်ဆိုလို့ ဝမ်းသာမိပါတယ်

  • 13ရက်မွေးသူ…….မိုးစက်

    14နေ့ဖွားသင်္ဘောသီး အီးတီ

    ကောင်းခြင်းတွေစုနေတဲ့မွေးနေ့ပေါင်းများစွာကို ဖြတ်ကျော်နိုင်ပါစေ။

  • အဟင့် ဗျဲ (မှတ်ချက်။ ငိုခြင်းဖြစ်၏) …
    ကျွန်တော်တင်မလို့ဟာကို ကို nozomi ကြီးလက်ဦးသွားပီ …..
    အဲဒီလောက်တောင် စုတ်ပြတ်သတ်နေတဲ့ connection ကဲကွာ @$@#%#^#^$%^@T% (မှတ်ချက်။ သူကြီး၏ စည်းကမ်းချက်ကို လက်တစ်လုံးချားလိုက်နာသွားပါ၏)
    —————————————————————————

    ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်ရဲ့ မွေးနေ့မှာ လေးစားစွာ ဂါရဝပြုမိပါ၏ ….
    ဖေဖော်ဝါရီ ၁၃ မှာ
    ဗိုလ်ချုပ်မွေးနေ့ပါ
    ၁၉၁၅ ရှေ့နေဦးဖာသား
    ဇာတိနတ်မောက်
    မကွေးခရိုင်
    သိကြားများခုတိုင်
    ကြံ့ကြံ့ခိုင်တဲ့ဇာတိဖွား
    မိခင်ဒေါ်စုသား
    ၁၉၄ရ ပြောင်းကြွတမလွန်
    မျက်ရည်သွန်လို့ ဘဝင်ညိုး
    ဇူလိုင်တစ်ဆယ့်ကိုး
    ပြည်ထောင်စုကြီးလွတ်လပ်အောင်
    ဗိုလ်ချုပ်တို့ခေါင်းဆောင်
    (———)လမ်းစဉ်များ
    ဗိုလ်ချုပ်ချမှတ်သွား

    စာကြွင်း။ (———) ထဲတွင် မူရင်းကဗျာတွင် မည်သည့်စာသာများထည့်သွင်းခဲ့သည်ကို မသိရှိခဲ့ပါ ခေတ်စနစ်အရ ကျွန်တော်သင်ခဲ့သည့်အချိန်တွင် ဆိုရှယ်လစ်ဘောင်လမ်းစဉ်များဟု ပုံနှိပ်တွင် ဖော်ပြခဲ့သော်လည်း ဆရာမက ပြည်ထောင်စုရဲ့ လမ်းစဉ်များ လို့ ပြင်ခိုင်းပြီး သင်ဖူးခဲ့ပါသည် …

    ——————————————————————————————————

    ဖေဖော်ဝါရီလတွင် မွေးဖွားသူများ (မြေးမလေးမိုးဇက်အမှူးပြု၍ ဂေဇက်ရွာတွင်းရွာပြင်မှသူများအားလုံး)
    စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများ ပြည့်စုံ၍
    ချစ်ခင်ရသော မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းအပေါင်းအဖော်များနှင့် တစ်သက်လုံး မကွဲမကွာ အတူနေထိုင်နိုင်ကြပါစေ ….
    မှန်ကန်သော အသိအမြင်များ ပိုမိုတိုးတက်ရရှိနိုင်ကြပါစေ ….
    ဆုမွန်ကောင်းတောင်းပေးချင်တာတွေက များနေတယ် … အဲဒီတော့ ကောင်းသောလိုအင်ဆန္ဒများပြည့်စုံပါစေလို့ပဲ ……..

    ………………………………………………………………………………………….
    ဖေဖော်ဝါရီလမွေးဖွားသူတွေအတွက်တင်မဟုတ်ပါဘူး
    အားလုံးအတွက်လည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါ့မယ် (မီးဒုတ်တွေ၊ဘာတွေညာတွေ ကြောက်လို့ဟုမထင်စေချင် … ထင်ချင်လည်းထင်နိုင်ပါ၏ လူတိုင်းလွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတာပဲ) … 😛
    အားလုံးပဲ ကောင်းသော လိုအင်ဆန္ဒများ ပြည့်စုံနိုင်ကြပါစေ …

    အားလုံးကိုချစ်ခင်စွာဖြင့်
    ပုလင်းမထောင်တဲ့ မင်းကောင်
    😛

  • Moe Z

    February 13, 2012 at 4:29 pm

    လေးပေါက်၊ ဘဘကင်း 😛 ၊ တီတီသင်္ဘောသီး
    အားလုံးကိုကျေးဇူးတင်ပါတယ်နော်
    စိတ်ရောကိုယ်ရောအေးချမ်းကြပါစေ
    လေးပေါက်တို့ရဲ့ နောက်ထပ်မင်္ဂလာနှစ်ပတ်လည်ပေါင်းများစွာမှာလည်း
    ဆုတောင်းပေးချင်ပါတယ် မုန့်လည်းစားချင်တယ် 😛

    • E.T

      February 13, 2012 at 5:37 pm

      ကျွန်တော့်ရဲ ့ ညီလေးဇိက ကိုအမတ်မင်းကို ကျေးဇူးတင်ကြောင်းပြောဖို ့ကျန်သွားလို ့တဲ့။
      ကိုအမတ်မင်းရဲ ့ မွေးနေ ့ဆုမွန်ကောင်းအတွက် ညီမလေးမိုးဇက်မှ ကျေးဇူးအထူးတင်ရှိပါကြောင်း မိုးဇက်၏ အကိုဖြစ်သူ မောင်မောင်တီမှ ပြောကြားအပ်ပါသည် 😛

      သူပြောခိုင်းလို ့ပြောတာနော် 😀

  • blackchaw

    February 13, 2012 at 5:42 pm

    သူပြောခိုင်းလို့ လုပ်မနေနဲ့။
    မနက်ဖြန် မွေးနေ့ အစီအစဉ်က ဘာလဲဆိုတာလေး ပြောဦး။
    လက်ဆောင်ပေးသင့်ပေးရအောင်ပါ။ 😀 😀 😀

  • E.T

    February 13, 2012 at 5:48 pm

    ကျွန်တော့် မွေးနေ ့အတွက်ဆုတောင်းပေးကြသော အန်တီမမ၊ စိန်ပေါက်ပေါက်၊ ကိုနိုဇိုမိ၊ အန်တီပဒုမ္မာ၊ အရီးလတ်၊ ဦးဦးပါလေရာ၊ Swal Taw Ywet၊ ကိုအမတ်မင်း၊ လေးလေးပေါက်နှင့် ညီမလေးမိုးဇက် အား ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။

Leave a Reply