“ပါဝင်ကပြ ကြည့်ရူ့အားပေး ဝေဖန်သုံးသပ်”(အပိုင်းခြောက်) (ဘဝအပိုင်းခြောက် – မြင်ကြားခဲ့သမျှဇာတ်လမ်းအစုံ)
“ပါဝင်ကပြ ကြည့်ရူ့အားပေး ဝေဖန်သုံးသပ်”(အပိုင်းခြောက်)
(ဘဝအပိုင်းခြောက် – မြင်ကြားခဲ့သမျှဇာတ်လမ်းအစုံ)
ကျွန်တော့် ကျန်းမာရေးအတွက် နေ့တိုင်းနေ့တိုင်းမနက်5း30လောက်ဆိုရင်မန်းလေးကန်တော်ကြီး
(တက်သိမ်းအင်း)ကန်ကြီးကိုပါတ်ပြီးလမ်းလျှောက်လေ့ရှိပါတယ်။
ကျွန်တော်တို့လိုလမ်းလျှောက်သူအချင်းချင်း တွေ့နေကျအချိန်တွေ့နေရာမှာဆုံလေ့ရှိပါတယ်။
ဒါလေးက အမှတ်တမဲ့ ကိုယ့်ဘာသာကိုယ်သွားလာနေရင်းက သတိထားမိလာတာပါ။
မနက်တိုင်းတွေ့နေကျ ထဲမှာ ကျွန်တော်နဲ့မျက်မှန်းတမ်းမိနေတဲ့မိသားစုလေးရှိပါတယ်။
ကျွန်တော်တို့ကကျန်းမာရေးအတွက်ဆိုပြီး အားအားယားယားလာလမ်းလျှောက်ပေမယ့် အဲဒီမိသားစုကလေးကတော့ထမင်းစားဘို့ အလုပ်ရှိတဲ့နေရာကိုလမ်းလျှောက်ပြီးသွားကြတာပါ။
သူတို့မိသားစုလေးက လူကြီးသုံးယောက် ကလေးနှစ်ယောက်ပေါင်း(5)ယောက်
အိမ်မှာဘယ်သူတွေကျန်သေးသလဲဆိုတာတော့ မသိပါဘူး။
ရုပ်ခြင်းနည်းနည်းလေးဆင်တဲ့မိန်းမနှစ်ယောက်က သံလက်တွန်းလှည်းကိုတွန်းလာပါတယ်။
ခြောက်နှစ်အရွယ်ကောင်မလေးကတော့ လမ်းလျှောက်လိုက်လာပါတယ်။
(2)နှစ်သားအရွယ်ကောင်လေးကတော့ လက်တွန်းလှည်းထဲမှာလိုက်လာပါတယ်။
ယောက်ျားဖြစ်သူကတော့ အိတ်ဆောင်ရေဒီယိုလေးကိုဘယ်ဘက်လက်ကကိုင် ညာဘက်
လက်တော့ ဆေးပေါ့လိပ်ကို ကိုင်။
ဆေးပေါ့လိပ်လေးဖွာလိုက် သီချင်းလေးနားထောင်လိုက်နဲ့နောက်ကလိုက်လာတတ်ပါတယ်။
သူတို့က အရှေ့ဘက်အသွား ကျွန်တော်က လဲအနောက်ဘက်ကို အသွားဆိုတော့
စကားပြောကြဘို့အခွင့်မသာပါဘူး။
မျက်မှန်းတန်းမိနေလို့ တွေ့ရင်ပြုံးပြပြီး နုတ်ဆက်ကြတာလောက်ဘဲရှိပါတယ် ။
တမနက်မှာ မထင်မှတ်ဘဲ မုးိသက်လေပြင်းကျလာပါတယ်။
အဲတော့ ကျွန်တော်လဲနီးစပ်ရာ သစ်ပင်အောက်မှာမိုးခိုဘို့ပြေးဝင်ချိန်မှာ သူတို့မိသားစုလေးက
အရင်ရောက်နေပါတယ်။
တွေ့တာနဲ့ပြုံးပြရင်းသူတို့ကို အရင်ကတည်းကစိတ်ဝင်စားခဲ့သမျှအခုမှ အင်တာဗျူးရပါတော့တယ်။
သူတို့မိသားစုရဲ့အလုပ်က မန်းစည်ပင်က အမှိုက်လာမသိမ်းနိုင်တဲ့အရပ်က အိမ်တွေကိုလိုက်ပြီး
အမှိုက်သိမ်းပေးတာပါ။
အများအားဖြင့် မဟာမြတ်မုနိဘုရားပါတ်ဝန်းကျင်ကအိမ်တွေမှာပါ။
အိမ်ပေါက်စေ့လိုက်ပြီး အမှိုက်ပစ်မလားလို့မေး။
ပေးလိုက်ရင်ယူပြီးတော့ အမှိုက်တွေကိုလှည်းပေါ်တင် ပြန်ရောင်းစားလို့ရတာလေးတွေကိုဖယ်ထား (ပလပ်စတစ်ခွက်တို့ဂျဒ်စက္ကူတို့လိုပေါ့၊)။
အမှိုက်တွေကို တော့ အမှိုက်ပစ်ဘို့သတ်မှတ်ထားတဲ့နေရာထိသွားပစ်ရပါသတဲ့။
ဝန်ဆောင်ခကတော့ သဒ္ဒါကြေးဘဲယူတာပါတဲ့။
တစ်ခါတစ်လေတော့လဲ သူတို့ကို အမှိုက်ပစ်ခိုင်းတဲ့အိမ်တွေကသူတို့ မဝတ်တော့ တဲ့ အကျင်္ီဟောင်းထမီဟောင်းလုံချည်အကောင်းတွေကိုပေးကမ်းတတ်တဲ့အိမ်လဲရှိပါသတဲ့။
ယောက်ျားလုပ်သူကတော့ မြို့ထဲက ပွဲရုံတစ်ခုမှကုန်ထမ်းပါသတဲ့။
စာတိုက်ကွေ့ရောက်ရင်ယောက်ျားဖြစ်သူက မြောက်ဘက်ဆက်သွား သူတို့ကအရှေ့ဘက်တက်လို့
လမ်းခွဲပြီးလုပ်ငန်းရှိရာကို သွားကြပါသတဲ့။
ကျန်တဲ့ညီအမနှစ်ယောက်ကတော့ သူတို့ကလေးနှစ်ယောက်ကို ဘုရားကြီးနားက ဘုန်းကြီးကျောင်းထဲမှာ
ခဏထား ပြီး အမှိုက်သိမ်းတဲ့အလုပ်ကို လုပ်ပါသတဲ့ အဲဒါက မနက်ပိုင်း။
မွန်းတည့်ချိန်လောက်ဆို ကလေးနှစ်ယောက်ကိုခေါ် အဲဒီနားကဈေးသက်သာတဲ့ထမင်းဆိုင်က
ဝယ်လာပြီးကလေးနှစ်ယောက်နဲ့ သူတို့ညီမနှစ်ယောက်ထမင်းအတူစား။
နေ့လည်ကျတော့ တစ်ခါထပ်ပြီးအမှိုက်လိုက်သိမ်း။
တစ်ခါတလေကျပြန်တော့ အဝတ်လျှော်ခိုင်းချင်တဲ့သူများရှိရင် လဲလျှော်ပေးကြပါသတဲ့။
အဝတ်လျှော်ချိန်များမတော့ ကလေးနှစ်ယောက်ကို အဝတ်လျှော်တဲ့အိမ်မှာခေါ်ထားပါသတဲ့။
ဒီအလုပ်က ပိုက်ဆံအများကြီးမရပေမယ့် သူတို့မိသားစုအတွက် ဝမ်းရေးကတော့ပြေလည်ပါသတဲ့။
ညနေစောင်းကျရင်တော့ ညီအမနှစ်ယောက်ကဘုရားကြီးဈေးက ဟင်းချက်စရာလေးတွေဝယ်ပြန်
အိမ်ရောက်မှချက်ပြုတ်စား(နေ့လည်စာကတော့ ကြုံရာဆိုင်မှာဝယ်စားပါသတဲ့)။
နေတာကတော့ ကန်တော်ကြီးအနောက်ဘက်ပိုင်း တာရိုးအောက်က ကျူးကျော်တဲလေးတွေရှိတဲ့အရပ်မှာပါတဲ့။
“ ဒီအလုပ်လုပ်စားရတာ သိမ်ငယ်တယ်တော့ လဲမဟုတ်ပါဘူး။
သူများဟာခိုးစား မကောင်းတဲ့ မိန်းမပျက်အလုပ်လုပ်စားတာထက်စာရင် အပုံကြီးကောင်းပါလေ့။
ဒါပေမယ့် တစ်ခါတစ်လေ ကျုပ်တို့ကို သူခိုးလိုလို ဘာလိုလို ယိုးစွပ်ချင်တဲ့သူများနဲ့တွေ့ရင်တော့စိတ်ချဉ်ပေါက်မိတယ်။
ဒါပေမယ့် သီးခံရတာဘဲ ကိုယ်က သူများလိုအရင်းအနှီးမရှိ ပညာလဲမတတ် လုပ်စားတတ်တာကဒါပဲလေ။
တဝမ်းတခါး ပြေလည်တော့လည်းကျိတ်မှိတ်လုပ်ရတာဘဲ။
ညရောက်ရင်တော့ ညီအမနှစ်ယောက်တစ်ယောက်တစ်လှည့်စီနင်းပေးကြရတာပေါ့တော်“ပါတဲ့။
ဟုတ်တော့လဲဟုတ်ပါတယ်။
သူတို့နေတဲ့ကျုးကျော်တဲလေးတွေရှိတဲ့အရပ်ကလေးက အိမ်ဘုတ်စုလေးတွေစုနေသလို
လူတွေကလဲ အလုပ်ပေါင်းစုံ အကျင့်စရိုက်ပေါင်းစုံပါ။
ပလပ်စတစ်ကောက်တဲ့သူရှိတယ်၊ခါးပိုက်နှုက်ရှိတယ်၊သူခိုးရှိတယ် မကောင်းတာလုပ်စားတဲ့မိန်းကလေးတွေရှိတယ်။
အရပ်မသန့်တာနဲ့နေတဲ့လူအားလုံးမကောင်းဘူးဆိုတဲ့အမြင်ကလဲအမြဲတော့မမှန်နိုင်ဘူးလို့ထင်ပါတယ်။
မိုးတိတ်တော့ အိမ်ကိုပြန်လျှောက်လာတဲ့လမ်းမှာ မိဘနှစ်ပါးက အသင့်အတင့်ချမ်းသာ
ပညာလဲတတ် ကိုယ်ကိုတိုင်ကလဲပညာတတ်ပါရဲ့နဲ့ နွံထဲကိုခုန်ဆင်းသွားတဲ့ “မကွီး”လို့ကျွန်တော်တို့ သိထားတဲ့မိန်းကလေးတစ်ယောက်ကိုသွားပြီးသတိရမိပါတယ်။
သူအမေကတော့ လက်ဝတ်ရတနာပွဲစားပေါ့။
သူ့အဖေကတော့ ဌာနတစ်ခုကအရာရှိကြီးပေါ့။
သူ့မိဘများကလဲ အလွန်ကိုခေတ်မှီချင်ပါတယ်။ဝင်ဆန့်ချင်ပါတယ်။
နေရာတကာမှာ တလွှားလွှားနဲ့လူလုံးအင်မတန်ပြချင်ကြပါတယ်။
ဒီတော့လဲသူတို့ သမီးကပွဲလမ်းသဘင်များရှိရင်ရှေ့ဆုံးကရောက်တာ နေရာတကာပါရာစိန်ဖြစ်နေတာကို
ကျေနပ်နေပါသတဲ့ “အပေါင်းအသင်းဆံ့တယ် လူတောတုးိတယ် လူရာဝင်တယ်ပေါ့”။
ဒီတော့လဲသူတို့လို စိတ်တူသူချင်းတွေပေါင်းမိပါတယ်။
လန်ပျံ နေအောင်ဝတ်မယ် ဆိုင်ကယ်နဲ့မြို့ပါတ်မယ် အုပ်စုလိုက်ကြီးသွားချင်ရာသွားမယ်။
ယောက်ျားလေးတွေနဲ့နေချင်သလိုတရုန်းရုန်းနေမယ်။
ဒီတော့လဲ အချိန်မတိုင်ဘဲနဲ့ကျောင်းမပြီးသေးခင်ယောက်ျားနောက်လိုက်ပြေးပါတယ်။
အဲတော့ မိဘက ထုံးစံအတိုင်းသတင်းစာထဲမှာ အမွေဖြတ် ထည့် လိုက်တာပေါ့။
သူနဲ့ရတဲ့ကောင်လေးက သုံးပြဖြုန်းပြတော့ပိုက်ဆံရှိတဲ့သူဌေးသားမှတ်ပြီးအကြောင်းမသိဘဲနဲ့လိုက်ပြေးတာပါ။
နောက်တော့ မှ ကောင်လေးက လောင်းကစားနဲ့လုပ်စားနေတယ်(ဖဲရိုက်စားတဲ့)လူဖြစ်နေတာပါ။
အဲဒီကစလို့ လင်မယားနှစ်ယောက် ဖဲဝိုင်းတကာမှာအချိန်ကုန်ပါတော့တယ်။
နိုင်တဲ့နေ့မှာသူဌေးတစ်ယောက်လိုအသားကုန်သုံး၊ရှူံးတဲ့နေ့မှာတော့ ရှိတာထုတ်ရောင်းပေါ့။
ဒိလိုပေါင်းသင်းနေကြရင်းနဲ့ကောင်မလေးမှာပါလာတဲ့လက်ဝတ်လက်စားတွေ ကုန်ခါနီးလေးအချိန်မှာ
ကောင်လေးက ဆုံးသွားပါတယ်။
မိဘအိမ်လဲမပြန်ရဲ ကိုယ်တိုင်ကလဲလောင်းကစားနဲ့နေရတဲ့ဘဝထဲမှာပျော်နေပြန်ပါတယ်။
သူတို့လိုလူတွေ ချင်းချိန်းပြီးရိုက်ကြတဲ့ဖဲဝိုင်းကလဲနေတိုင်းရှိ၊
သူကလဲဒီဖဲဝိုင်းမှာဘဲ အချိန်ပြည့် ရှိ။
ဖဲရိုက်တယ်ဆိုတာအမြဲတော့ဘယ်နိုင်ပါ့မလဲနော်။
သူ့မှာဖဲရူံးရင်အကြွေးဆပ်စရာတော့ လူဘဲရှိတော့ လူဘဲထိုးဆပ်တာပေါ့။
ရုပ်ကလေးကလှတပတ ကိုယ်လုံးကတောင့်တောင့်ဖြောင့်ဖြောင့် သူဖဲရှူံးပါစေဆုတောင်းလို့
ကူညီချင်သူများကလဲအပြည့်ပါ။
ဒီလိုနဲ့သူတို့ချိန်းတဲ့ဖဲဝိုင်းတကာကို သွားလိုက်ဖဲရှုံးရင်လူရောင်းလိုက်နဲ့လုပ်နေတာကနေ
ကြေးစားဘဝကို အပြီးရောက်သွားပါတော့တယ်။
အခုချိန်မှာတော့ သမီးလေးပေါင်းများစွာ ထိန်းထားတဲ့”မာမီ”ဖြစ်နေပါပြီ။
အရင်က မိတ်ပေါဆွေပေါဘဝနဲ့နေခဲ့တာက သူ့အတွက်အသုံးဝင်နေသလိုပါဘဲ။
တစ်ခါတစ်ရံမှာ အဝေးကလာတဲ့ ဧည့်ကောင်းစောင်ကောင်းများကို သမီးလေးများနဲ့ ဧည့်ခံဘိုလိုအပ်တယ်
ဆိုရင် “မကွီး”ဆီကိုသာဖုန်းဆက်ပြီး လိုချင်တဲ့ပုံစံနဲ့နေရာသာပြောလိုက် အဆင်ပြေရပါစေမယ့်။
ဟိုအရင်ခေတ်မှာတော့ မကောင်းတာလုပ်စားတဲ့မိန်းကလေးများနဲ့ မိကောင်းဘခင်သားသမီးများ
ကြည့်ရုံနဲ့သိလောက်အောင် ဝတ်ပုံစားပုံ နေပုံထိုင်ပုံကွာခြားပါတယ်။
အခုခေတ်မှာတော့ ဘယ်သူက ဘယ်သူ့ကိုတုသလဲတော့ မသိဘူး။
ခွဲလို့ကိုမရတော့ တာပါ။အဲတော့ “မကွီး “ရဲ့သမီးလေးများကို “မကွီး “နဲ့အတူလာတာမဟုတ်ဘဲ
အပြင်မှာတွေ့လို့ကတော့ ဒါလုပ်စားတယ်ဆိုတာပြောရင်ဘယ်သူမှယုုံနိင်မယ်မထင်ပါဘူး။
ဒီလို ကြေးစားမိန်းကလေးများနဲ့ပါတ်သက်လို့ လွန်ခဲ့သောအနှစ်သုံးဆယ်လောက်က စာပေလောကမှာ
အကြီးအကျယ်ကို အပြန်အလှန်ဆွေးနွေးခဲ့ကြသဘောကွဲလွဲခဲ့ကြဘူးပါတယ်။
တချို့ကတော့ ပါတ်ဝန်းကျင်ကြောင့် လို့ဆိုပြန်တော့ ပါတ်ဝန်းကျင်မကောင်းတိုင်းသာလူမကောင်းဘူးဆိုတာ သဘာဝမကျဘူးဆိုပြီး မဟောသဓါပြဇာတ်ထဲက ” နွံနဲ့ကြာပန်း”ကိုဥပမာပြလို့ငြင်းပါတယ်။
တချို့ကတော့ ဗီဇကြောင့်လို့ ဆိုပြီး ခြင်္သေ့မြက်မစား နွားအသားမစားတာကိုထောက်ပြပါတယ်။
တချို့တော့ခေတ်စံနစ်ဆိုးကြောင့်လို့အပြစ်တင်ပြန်တော့ လက်မခံသူများက ဟိုးရှေးရှေး ပဒေသရာဇ်ခေတ်ကနေ မြေပိုင်ရှင်ခေတ်ဆိုရှယ်လစ်ခေတ် အရင်းရှင်ခေတ်ဘယ်ခေတ်ဘယ်နိုင်ငံမဆိုဒီလူတန်းစားတွေရှိနေတာဘဲ ခေတ်ကြောင့်မဟုတ်ဘူး လူနဲ့ဘဲဆိုင်တယ်ဆိုပြီးပြောကြပြန်ပါတယ်။
ဆင်းရဲတဲ့နိုင်ငံတွေကို ဒီကိစ္စနဲ့ပါတ်သက်ပြီး နှိမ့်ချလို့ပြောရင် ဒီလူတန်းစားမရှိတဲ့နိုင်ငံထောက်ပြစမ်းပါ
လို့ ခွန်းတုန့်ပြန်ကြပါသေးတယ်။
တချို့ကတော့ တဏှာအတောမသတ်နိုင်တဲ့ ယောက်ျားတွေကြောင့်လို့ဆိုပြန်တော့
ငါတို့က ရေနစ်သူကိုကောက်ရိုးလေးပေးလို့ တနိုင်တပိုင်ကူညီတာပါလို့ချေပပါတယ်။
ကာလသားရောဂါဆိုးတွေ အေအိုင်ဒီအက်စ်လိုရောဂါတွေကို ပျံ့နှံ့ကုန်တာ ဒီလူတန်းစားကြောင့်လို့
ဆေးပညာရှင်တွေက ဆိုပေမယ် လူတစ်ယောက်ကို ဒုက္ခပေးတတ်တဲ့ရာဂစိတ်တွေ ပြေအောင် ဖြေဘို့ ဒီလိုလူတန်းစားတွေလိုအပ်တယ်လို့ စိတ်ပညာရှင်တွေက ဆိုပြန်ပါတယ်။
ဘာကြောင့်ဘဲဖြစ်ဖြစ် ဘယ်လိုဘဲပြောပြောဒီလူတန်းစားရှိနေအုံးမှာကတော့ အမှန်ပါဘဲ။
လောကမှာ အခက်အခဲရယ်လု့ိကြုံလာရင် ဖြေရှင်းဘို့ကြိုးစားကြတဲ့အခါတစ်ယောက်ချင်းတော့ တူနိုင်မယ်မထင်ပါဘူး။
ဖြစ်ပေါ်လာတဲ့အခြေအနေအချိန်အခါကို မူတည်လို့ ဆုံးဖြတ်ကြရတာများပါတယ်။
ဖြေရှင်းဘို့ကြိုးစားကြတဲ့ စိတ်နေစိတ်ထားခြင်းလဲတူနိုင်မယ်မထင်ပါဘူး။
တချို့ကတော့ လောလောဆယ်ပြေလည်ရင်အေးရောလို့တွေးသလို
တချို့ကတော့လဲ သမ္မာအာဇီဝတို့ မျိုးရိုးဂုဏ်တို့ ရိုးသားမှု့တို့ကို အလေးထားလို့စဉ်းစားသူလဲအများကြီးရှိပါတယ်။
မကောင်းမှု့နဲ့အသက်မွေးနေသူများကို မြင်မိတဲ့အခါ
သနားကြင်နာသူရှိသလိုစာရိတ္တပျက်ပြားနေသူတွေလို့ မြင်သူလဲရှိပါတယ်။
ကံအကြောင်းမကောင်းလို့ဖြစ်ရတာလို့ သနားတွေးတွေးသူရှိသလို သူတို့ကိုကပျက်ချင်ချင်ပါကွာလို့
အပြစ်တင်သူလဲရှိပါမယ်။
သူ့ဘဝနဲ့သူ ကိုယ့်ဘဝနဲ့ကိုယ် ကယ်တင်ဘို့ဆိုတာဘယ်ဖြစ်နိုင်ပါ့မလဲလို့တွေးသူရှိသလို
ဒါမျုးိတွေပပျောက်အောင်ဘယ်လို့လုပ်ရင်ကောင်းမလဲလို့ကိုယ့်အရေးလိုသဘောထားလို့တွေးတွေးပြီးပူနေသူများလဲရှိပါသေးတယ်။
တကယ့်လက်တွေ့ဘဝမှာ တော့ ဒီလိုကိစ္စမျိူးကိုင်တွယ်ရတာ တော်တော်လေးခက်ခဲမယ်ထင်ပါတယ်။
အများက သတ်မှတ်ထားတဲ့(မြန်မာပြည်အနေနဲ့ပေါ့နော်)မကောင်းတဲ့အလုပ်ကို လုပ်ကိုင်နေတဲ့မိန်းကလေးကို
ကောင်းတဲ့အလုပ်ကိုပြောင်းပေးမယ်ဆိုရင် အဲဒီအလုပ်ကို လုပ်နေသူ ကရောလက်ခံပါ့မလား ပြောင်းချင်ပါ့မလား?
(တစ်ခါမှာတော့ ထမင်းဆိုင်က ကလေးမလေးကို အတည်တကျလက်ထပ်ပေါင်းသင်းဘူးတဲ့ သူငယ်ချင်းတစ်ဦးရှိခဲ့ဘူးပါတယ်။
အဲဒီကောင်မလေးလုပ်တဲ့ဆိုင်ကို အသိတွေနဲ့လိုက်သွားရင်က သံယောဇဉ်ညှိတွယ်တာရော
ကယ်တင်ချင်တယ်ဆိုတာရော ကောင်မလေးအပြုအစုအပေါ်မှာသာယာတာရောပေါင်းလို့လက်ထပ်လိုက်ပါတယ်။
ဒါပေမယ့် အစကတော့ ဟုတ်တုတ်တုတ် ။
ကောင်လေးလဲခရီးသွားရော သူ့အပေါင်းအသင်းဟောင်းတွေကိုအိမ်ခေါ်လို့ပျော်ပွဲတွေကျင်းပပါတယ်။
နောက်တော့ သူ့ထက်ငယ်တဲ့ကောင်လေးတစ်ယောက်နဲ့ ဖောက်ပြန်ပါတော့တယ်။
ဒီတွေကိုယောက်ျားပြန်လာတော့ သိသွားတဲ့အခါ အိမ်ပေါ်က ကန်ချလို်က်ပါတယ်။
အဲတော့ မူရင်းနေရာဘဲပြန်ရောက်သွားတာပေါ့။
မေးကြည့်တော့ လူတစ်ယောက်ထဲရဲ့ဝေယျာဝစ္စတွေလုပ်ပေး လူတစ်ယောက်ထဲကိုပျော်တော်ဆက်နေရတာကို
ရင်မခုန်တော့လို့ပါတဲ့။)
မလုပ်ချင်ဘဲ လုပ်နေရသူတစ်ယောက်ကလည်း ကောင်းကောင်းမွန်မွန်လုပ်ကိုင်စားချင်ပါတယ်ဆိုရင်
လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ကရော အလုပ်ခန့်ထားနိုင်ပါ့မလား?
(ခင်ဗျားတို့ကျွန်တော်တို့ရဲ့လုပ်ငန်းအတွက် လူလို လို့များ ဝန်ထမ်းခေါ်ကြတဲ့အခါ
မကောင်းတာလုပ်စားခဲ့ဘူးတဲ့မိန်းကလေးတစ်ယောက်ယောက်အလုပ်လာလျှောက်မယ်ဆိုရင်
ဝန်ထမ်းအဖြစ်ခန့်ဖြစ်မယ်မထင်ပါဘူး။
လူဆိုတာ အင်မေချ့်ကောင်းမှ ဆိုတဲ့အချက်ကို ကိုင်ပြီးပယ်ချဖြစ်မယ်ထင်ပါတယ်။)
တကယ်လို့များဒီလိုဘဝကနေ လူကောင်းတစ်ယောက်ဖြစ်လာအောင် ပြုပြင်လာတဲ့မိန်းကလေးတစ်ယောက်ကိုများ
ကိုယ့်သား ကိုယ်မောင် ကိုယ်ညီ ကိုယ်တူ ကိုယ်ဦးလေးစတဲ့ ဆွေမျုးိတွေထဲက တစ်ယောက်ယောက်ကများကယ်တင်
ချင်လို့ဖြစ်ဖြစ် ချစ်လို့ဘဲဖြစ်ဖြစ် လက်ထပ်မယ်များဆိုရင် လက်ခံနိုင်ပါ့မလား?
(ကျနော်သူငယ်ချင်းရဲ့ညီလေးတစ်ယောက်ရှိပါတယ်။
ခပ်အေးအေးနေတတ်သူတစ်ဦးပေါ့။
ဒါပေမယ့် ခေါင်းကြောတော့မာပါတယ်။
စတေရှင်တစ်ခုမှာ သီချင်းဆိုတဲ့ကောင်မလေးကို လက်ထပ်မယ်ဆိုပြီး
အိ်မ်ခေါ်လာတဲ့အခါ သူ့အမေက မေ့လဲသွားပါတယ်။
ကျန်တဲ့အမတွေကများ ငိုလိုက်ကြတာ နာရေးရှိတဲ့အိ်မ်အတိုင်းဘဲ။
အကိုတွေကလဲရိုက်မယ်နှက်မယ် တကဲကဲ။
ဒီလောက်နွားကျရသလားပေါ့။)
နောက်ဆုံးပိတ်အနေနဲ့ ပုံလေးတစ်ခုပြောပြချင်ပါသေးတယ်။
သိုင်းသင်တန်းတစ်ခုမှာဆရာကိုယ်တိုင်က ကိုယ် သဘောကျတဲ့ သင်တန်းသားတစ်ယောက်ရှိပါသတဲ့။ ကိုထွေးဘဲဆိုလို်က်ပါစို့ ။
သင်ပေးထားတဲ့ သိုင်းကွက်တွေကို များပြန်လေ့ကျင့်နေချိန်ဆို သင်တန်းသားအားလုံးကအားကျစိတ်နဲ့ဝိုင်းကြည့်၊
ဆရာကိုယ်တိုင်ကလဲ “ငါသင်ပေးထားတာ”ဆိုတဲ့ပုံစံနဲ့ ပြုံးပြုံးကြီးနဲ့ကြည့်နေတတ်ပါသတဲ့။
သိုင်းကစားတာ မာန်လဲပါ အကွက်ကလဲ့စေ ့ လှလည်းအတော်လှဆိုဘဲ။
တစ်ခါမှတော့ လူမိုက်ပေါတယ်ဆိုတဲ့ တောင်ဘက်က ရွာဘုရားပွဲကို ကို်ထွေးသွားပါသတဲ့။
တောင်ဘက်ရွာက ကာလသားတွေက သူတို့ရွာက အပျိုကို လာချိန်တာရယ် သုိုင်းတော်တယ်ဆိုတဲ့ နာမယ်ကျော်တာကိုပညာစမ်းချင်တာရယ်ကြောင့်ကိုထွေးကို ဘုရားပွဲခင်းထဲမှာ စိန်ခေါ်ပါသတဲ့။
ဒီရန်ပွဲအပြီးမှာတော့ ကိုထွေးက အဲဒီရွာသားသုံးယောက်ကို မထနိုင်အောင်လှဲသိပ်ပြီး ကိုယ့်ရွာကိုယ်ပြန်
ရောက်အောင် ပြေးလာနိုင်ခဲ့ပါသတဲ့။
ဒီသတင်းကြားတော့ သူတို့ရွာသားတွေက လဲကျေနပ်ဝမ်းသာ “ငါတို့ရွာကိုလာမစမ်းနဲ့ပေါ့”
သင်ပေးထားတဲ့ဆရာကလဲ ဂုဏ်ယူဝမ်းမြောက် “ဆရာကောင်းတပည့် ပန်းပန် ဆိုတာဒါမျိုး”ပေါ့။
ဒါနဲ့ညကျတော့ ဆရာက ကိုထွေးကို မေးပါသတဲ့။
ဘယ်အကွက်တွေနဲ့ဘယ်လိုခင်းပြီးဘယ်လိုဆော်ထဲ့လိုက်သလဲပေါ့။
“ ဆရာရေ တကယ်ဖြစ်ကြပြီဆိုတော့ ဘာသိုင်းကွက်မှ သတိမရလိုက်ဘူး။
ဘေးနားမှာထောင်ထားတဲ့ပေါင်းတင်းဝါး နှစ်လုံးပြူးကြီးနဲ့ မဲမဲမြင်ရာ ဆော်ထည့်ပြီးထွက်ပြေးလာတာ
ရွာအရောက်ပေါ့”ပါတဲ့။
ဒါတကယ့်ဘဝအစစ်ပါဘဲ။
လောကမှာပြဿနာရယ်လို့ ကြုံလာရင် စိတ်တွေထူပူလို့ ဘာမှသေချာအောင်မစဉ်းစားနိုင်ဘဲလတ်တလော
ပြေလည်ဘို့လောက်သာ စိတ်ထဲမှာရှိတာကတော့ ကျွန်တော်အပါအဝင်အားလုံးလို့ ယူဆပါတယ်။
မှန်သလားမှားသလားဆိုတာတော့…………………………………………….
(ပြီးပါပြီ)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။
(8-3-2011)
4 comments
search123
March 10, 2011 at 4:15 am
You gave “အတွေးပါးပါးလေး”, but i got so many think.
Thanks for your post.
ရှူံးနိမ့်မှုများနဲ့.. လူ
March 10, 2011 at 11:39 pm
ဒီနေ့မှာ အဆုံးသတ်ပြီဆိုတော့ ကျွန်တော်လဲ ပါလေရာငါးပိချက် အနေနဲ့ ဝင်လျှာရှည်လိုက်ပါဦးမယ်..
ကိုပေါက်ခင်ဗျာ… ခုလို ယောကျာ်းလေးအများစုကို ဖျော်ဖြေပေးနေတဲ့ မိ်န်းကလေးအများစုရဲ့ ဘဝအစုံစုံကို နှိုက်နှုက်ချွတ်ချွတ် စုံစမ်းသိရှိ၊ ထုတ်ဖော်ပြနိုင်တဲ့အတွက် ကိုပေါက်ကို တစ်ကယ်ပဲ လေးစားမိပါတယ်.. ကျွန်တော်တို့လို စာဖတ်သူများအတွက်လဲ ဗဟုသုတ တော်တော်လေးတိုးလာပါတယ်။
အပိုင်းတွေအားလုံးပြီးသွားပြီဆိုတော့ ကျွန်တော့်အမြင်အနှစ်ချုပ်လေးပြောရမယ်ဆို ရင်ထဲမှာတော့ တော်တော်လေးခံစားသွားရပါတယ်.. ဘယ်မိန်းကလေးမဆို သူတို့ကို တန်ဖိုးထားမယ့်သူကို စိတ်ရှည်သည်းခံစောင့်မျှော်နေမယ်ဆိုရင် သူတို့ခုလို တန်ဖိုးမဲ့ခဲ့ကြမှာ မဟုတ်ပါဘူး.. ခုတော့ ဖတ်မိသမျှတွေထဲမှာ စိတ်ဓါတ်ခွန်အား နိမ့်ပါးတဲ့မိန်းကလေးတွေက သူတို့ဘဝတွေကို သူတို့စိတ်ကြိုက်ရွေးချယ်လျှောက်လှမ်းခဲ့ပြီးမှ နောင်တရတဲ့ အသုံးအနှုန်းတွေ၊ မဖြစ်ချင်ပါပဲ ဖြစ်ခဲ့ရပါတယ်ဆိုပြီး အကြောင်းပြချက်တွေ ပေးနေကြတယ်လို့ မြင်မိပါတယ်။
စတင်ခဲ့စဉ်အချိန်တွေကတော့ နောက်က မိသားစုဆိုသော အကြောင်းပြချက်တွေနဲ့ပေမယ့် သေချာရှုမြင်ကြည့်မယ်ဆိုရင် နောက်ပိုင်းမှာ သူတို့ကိုယ်တိုင်ကကို ပျော်မွေ့နှစ်ချိုက်နေလို့ နေမြဲအတိုင်း နေနေတယ်ဆိုတာ သိသာထင်ရှားပါတယ်..
“ဖက်ဖက်”ရဲ့ အကြောင်းကို ဖတ်ခဲ့ရစဉ်က အလယ်ပိုင်းလောက်မှာ သူ့ကို ချီးကျူးမိပေမယ့် အဆုံးသတ်မှာ အဖျားရှူးသွားတာကိုတော့ သဘောမကျမိပါဘူး။ ကိုပေါက်အနေနဲ့ သူတို့ရဲ့ စကားလုံးတွေကို စာပြန်စီပေးရသူသက်သက်ဆိုရင်တော့ ဘာမှ မပြောလိုပါဘူး။ သို့သော်လည်း စာရေးသူတစ်ယောက်အနေနဲ့ ကိုယ်သိမြင်ခဲ့ရတဲ့ ဘဝတွေကို စာဖတ်သူများအတွက် ဇာတ်လမ်းတစ်ခုအနေနဲ့ ပြန်လည်ရေးသား တင်ပြတယ်ဆိုရင်တော့ တစ်ခုအကြံပေးချင်ပါတယ်။ သူတို့တွေဘက်ကနေခံစားမိပြီး ကိုယ်ဖြစ်စေချင်တဲ့ (စေတနာအမှားနဲ့) သနားစိတ်တွေ ညွှတ်ပျောင်းလာစေရန် ရေးသားခြင်းထက် Biography တစ်ခုကဲ့သို့ ရေးသားတင်ပြခြင်းက ပိုသင့်တော်မယ်လို့ ထင်မိပါတယ်။ ကျွန်တော့်အမြင်မှာတော့ သူတို့တွေ ယခင်ကျင်လည်ရာနေရာကို ပြန်လှည်ခြေဦးလှည့်သွားခဲ့ခြင်းက သူတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်လို့ပဲ မြင်မိပါတယ်။ လက်မခံတဲ့ ပါတ်ဝန်းကျင် အခြေအနေကြောင့် မဟုတ်ဘူးလို့ ထင်မိပါတယ်။
မနန်းရဲ့ အပြုအမူလိုပါပဲ..။ သူကိုယ်တိုင်က ဒီဘဝကနေ ရုန်းထွက်လာခဲ့ပေမယ့် တားမြစ်ခြင်း၊ လမ်းညွှန်ပြသခြင်းမျိုးမရှိပါဘူး။ လူမဟန်တော့ ကံကိုပုံချနေသလိုပါပဲ။ စာသားများထဲမှာ တစ်ခုရှာဖွေတွေ့ရှိခဲ့တဲ့ “အခုခေတ်မှာတော့ ဘယ်သူက ဘယ်သူ့ကိုတုသလဲတော့ မသိဘူး။” ဆိုတဲ့စကားလုံးကိုတော့ အတော်လေး သဘောမကျမိပါခင်ဗျာ။ ခေတ်နဲ့အညီပြောင်းလဲလာသော မိန်းကလေးအများစုမှာ ဝတ်စားရာတွင် လျှပ်ပေါ်လော်လီခြင်း ရှိချင် ရှိပါမယ်။ ဒါပေမယ့် ပုံမှန်အမြင်မှာတင် ခွဲခြားရနိုင်တယ်ဆိုတာ အသိသာ အထင်ရှားကြီးပါ။
ပြဿနာကြုံလာလို့ လက်တလော ဖြေရှင်းခဲ့ကြတာကို အတိုင်းအတာတစ်ခုထိ နားလည်ပေးနိုင်ပေမယ့် တစ်သက်တာအတွက် ဖြေရှင်းနေကြသော ဖြေရှင်းသူများအား လုံးဝ အားမပေးလိုကြောင်း ကိုပေါက်ဖိတ်ခေါ်ထားတဲ့အတွက် စိတ်လိုလက်ရ၊ အားပါးတရ၊ မညှာမတာ၊ တတ်သလောက် မှတ်သလောက်အမြင်နဲ့ ဝင်ရောက် ဝေဖန်လိုက်ရပါကြောင်း…….
(အမျိုးသမီးများပါ ဝင်ရောက်ဆွေးနွေး၊ ဝေဖန်ညွှန်ပြကြမယ်ဆိုရင်ဖြင့် နှစ်ဖက်အမြင်မျိုးရှိလာနိုင်တယ်လို့ အကြံပြုခဲ့ပါတယ်.. မည်သည့်အမျိုးသမီးမှ ဝင်ရောက်ဆွေးနွေးခြင်းကို မမြင်မိလို့ပါ)
kopauk mandalay
March 11, 2011 at 2:23 am
ကျေနပ်ပါတယ် စိတ်တိုင်းကျဝေဖန်လို့ရပါတယ်။
ဝေဖန်စေချင်လို့လဲဖွင့်ပေးတာပါညီလေးရေ။
ဒီစာကိုဖတ်တဲ့သူတွေက ကိုပေါက်တွေးတာထက် ပိုပြီးကောင်းတဲ့အတွေးလေးကို
စဉ်းစားမိသွားပြီး
်ဖြစ်သင့်တာကို လုပ်သွားနိုင်ကြတယ်
ဖြေရှင်းဘို့နည်းလမ်းကောင်းတွေကို ရှာတွေ့သွားကြတယ်
အပြစ်တင်ရုံ သနားရုံသက်သက်တင်မကဘဲ ဝိုင်းဝန်းကူညီနိုင်ကြမယ်ဆိုတဲ့ အတွေးလေးတွေကို
ဆောင်ရွက်သွားနို်င်သူများက တွေးမိမယ်ဆိုရင် လက်ခံလို့ကူညီမယ်ဆိုရင်
ကျနော်စဉ်းစားတာ ပြန်ပြောတာ ဇာတ်လမ်းဖွဲ့တာ ညံ့တယ်ဗျာလို့ ပြောရင်တောင် ကျနော်ဝမ်းသာမိမှာပါ။
kopauk mandalay
March 13, 2011 at 12:26 pm
ရှူံးနိမ့်မှုများနဲ့.. လူ said:
မနန်းရဲ့ အပြုအမူလိုပါပဲ..။ သူကိုယ်တိုင်က ဒီဘဝကနေ ရုန်းထွက်လာခဲ့ပေမယ့် တားမြစ်ခြင်း၊ လမ်းညွှန်ပြသခြင်းမျိုးမရှိပါဘူး။ လူမဟန်တော့ ကံကိုပုံချနေသလိုပါပဲ။
ဒါလေးကတော့လွဲနေပါသဗျာ မနန်းက ပစ်မထားပါဘူး အောက်မှာဖတ်ကြည့်ပါ။
(တွေ့သမျှထဲက နားထောင်လောက်မယ်ထင်သူကိုတော့ မနန်းဘဝနဲ့ယှဉ်ပြီး
ပြောပြပါတယ်။ပြောင်းနိုင်တယ်ဆိုရင်အခွင့်အရေးရတယ်ဆိုရင်ပြောင်းဘို့ပေါ့။
ဒါပေမယ့်လည်းကံကြမ္မာမျက်နှာသာပေးဘို့ကလဲ လိုသေးတယ်လို့ထင်ပါတယ်။
ကိုယ်ပြောင်းချင်တယ်ဆိုတာ “အပ်ချလောင်း”လို့အော်တာနဲ့ပြောင်းသွားတာမှမဟုတ်တာဘဲနော်.။)