သူကြီးရဲ့….ခွေးဝဲစား

ဘာမှန်ညာမှန်..သေသေချာချာနကန်းကိုမသိ

သူကြီးနှစ်လုံးပြူထမ်း….ရွာထဲလမ်းလျှောက်ရုံနဲ့

အရှေကပြေးကြို….အနောက်ကပြေးလိုက်

အမြီးတစ်နှံနှံနဲမိုက်လိုက်တာ….

အပင်မြင်သေးပန်း…ကလေးမှန်မသိရမ်းဟောင်

ရန်ထောင်ပြီအစွယ်ထုတ်….လူတိုင်းကိုရန်လုပ်မနေနဲ့

သူကြီးတုတ်နဲ့တွေ့မှ..အမြီးကုပ်နေရမယ်…

ရွားစည်းရိုးဘေးတစ်လျှောက်….မင်းသေးလိုက်ပေါက်လို့နံကုန်ပြီ

သေနံရတိုင်းကိုယ့်နေရာမထင်နဲ….လူ့နေရာဝင်ရှုပ်ရင်

တုတ်စာမိရင်မိ…လေးဂွမှန်ရင်မှန်

ဘေးကနံတွေနှိမ့်ကုန်မယ်…

မန်းရင်(၁၀)တိုး…ပို့စ်ရေးရင်ပွိုင့်ရ

မင်းဘဝကရည်ရွယ်ချက်ကြီးတယ်

သူများကဘာကိုတီးသလဲသူမသိ..

အသံဆူဆူကြားရင်ထိုးဟောင်..

အမျိုးတူကောင်တွေကိုသတင်းပို့

လက်တို့ပြီးသတင်းပေး…မင်းအူနေကျ..ရမ်သမ်က…

နည်းစံနစ်မှန်ပါဘူးကွာ…

မင်းအလုပ်မင်းလုပ်….လူတွေ့ရင်တရှုပ်ရှုပ်နမ်း

အမြီးလေးရမ်းပြ…အဲဒါမှမင်းအတွက်..ထန်းလျှက်ခဲရချင်ရအုံးမယ်

အဲဒါလေးလုပ်ပြီး…ကုပ်ကုပ်လေးပြန်သွား

ဖိနပ်ချွတ်အောက်နားဝင်နေ…

ကိုပေါ်ကသန်းလေးတွေခါခြ

ဝဲယားရင်အသာကုပ်

လျှာကိုအလုပ်ပေးပြီးလိုက်လျှက်

ဒါပေမယ့်…တစ်ခါတစ်ခါထွက်ထွက်မဟောင်နဲ

ရွာစည်းရိုးအနောက်ဘက်က..

အိမ်သားအပျက်နားမှာချည်ထားလိုက်မယ်…

ဘာမှတ်နေလဲ…….

 

……………….ဘီလူး…………………

 

 

5 comments

  • ogre

    March 13, 2011 at 5:35 am

    editor……………….သူ ကြီးရေ..မန်းဂေဇက်မှာ
    ကြောင်တောင်တောင်စာတွေရေးပြီး
    ပွိုင်ထုတ်ထုတ်ပေး…ပွိုင်ရရေး
    လိုက်မန်းပေးနေတဲ့ကောင်တွေကိုဆွဲထုတ်
    ခင်ဗျားရဲ့…ထိပ်တုံးခြောက်ပေါက်မှာ..
    နှစ်ပေါက်ကျော်ခတ်ပြီး..ချုုပ်လိုက်တော့

    အကြံပေးတာနော်……

  • naywoonni

    March 13, 2011 at 7:22 am

    အိုဂျီရေ…. ဘယ်သူ့ကိုပြောနေတာလဲဟ..။ နာစိတ်ထဲတော့ သူ့ကိုလိုလို ကိုယ်ကိုပဲပြောသလိုလိုနဲ့ စောင်းငန်းငန်းဖြစ်နေတယ်။ အစွယ်အားကိုးနဲ့ မာန်ဖီနေတဲ့ကောင်တွေကို ပြောချင်တာလား?

  • ogre

    March 13, 2011 at 9:56 am

    ဟုတ်ဘူးဟေ့…ဒီမိုကရေစီဗန်းပြပြီးကိုကျိုးရှာနေတဲ့
    ချီးထုပ်တစ်ကောင်အကြောင်းပြောနေတာပါ…
    သူလုပ်လို့ဒုက္ခရောက်သူတွေမနဲတော့ဘူး…..
    ဒေါ်စုတော့အားနာပါရဲ့……..
    ဟိုအစဆွဲထုပ်ဒီအစဆွဲထုပ်နဲလူတွင်ကျယ်ဖြစ်အောင်လုပ်…အလုပ်သမားအရေးလုပ်နေတဲ့ကောင်ပေါ့
    သူရှုပ်တာနဲကလေးအမေတောင်..သူ့သားလေးနို့ဝအောင်မကြွေးခဲ့ရဘူး..ရုးံကိုပဲပြေပြေးနေရတာ

  • char too lan

    March 13, 2011 at 1:10 pm

    ဟော!! .. ဘီလူးမှန်းသိအောင် အမောက်ထောင်ပြလိုက်တာပေါ့လေ…. 😉
    ကောင်းတယ် အားပေးတယ် 🙂 🙂

  • PaukPhaw

    March 13, 2011 at 1:45 pm

    ဟော!! .. နဂါးမှန်းသိအောင် အစွယ်ဖြဲပြလိုက်တာပေါ့လေ…;)
    ကောင်းတယ် အားပေးတယ် 🙂 🙂

Leave a Reply