ဂျပန်ငလျှင်-ဆုနမိမှ လေ့လာသင်ယူသင့်သည်များ…

kaiMarch 12, 20117min38721

အယ်လ်အေတိုင်မ်း မှာပါတဲ့အောက်က ဆောင်းပါးလေး တင်ပေးထားပါတယ်..။
လော့စ်အိန်ဂျလိစ်ဟာလည်း ငလျှင်ဒေသဖြစ်တာမို ့..ဂျပန်တွေဆီက အတုယူစရာလေ့လာစရာတွေ ယူကြဖို့ တိုက်တွန်းဆောင်းပါးပါပဲ..။
ပြောရရင် မြန်မာပြည်လည်း ငလျှင်နဲ့ မလွတ်တာမို ့ … ဘာတွေလုပ်ကြမလည်း ပြင်သင့်သလည်း ဆွေးနွေးနိုင်ကြဖို့ပါ။
ရန်ကုန်။ ပဲခူး၊ မန္တလေး၊ ပုဂံတွေဟာ ငလျှင်ကြောပေါ်မှာရှိပါတယ်..။

ကမ္ဘာ့အကြီးဆုံး နံပါတ်စဉ် ရ ချိတ်တဲ့ ဂျပန်ငလျှင်မှာ သေသူအရေအတွက် တက်လာနေပေမဲ့.. အခုထိ ၁သောင်းမပြည့်သေးပါဘူး။
၂၀၀၄ ခုနှစ် လူ၂သိန်း၃သောင်းသေကြေခဲ့တဲ့ အင်ဒိုနီးရှားငလျှင်-ဆုနမိနဲ့ နှိုင်းယှဉ်နိုင်ဖို့ပါ။
ဒါဟာ ဘာကိုပြသလည်းဆိုတော့ .. ကြိုတင်ပြင်ဆင်မှုတွေဟာ လူအသက်သောင်းပေါင်းများစွာကို ကယ်နိုင်တယ်ဆိုတာပါပဲ..၊
အသက်ညဏ်စောင့်ဆိုတာ အဲဒါပါပဲ..။

ဘာတွေလုပ်ထားနိုင်သလည်း..လုပ်သင့်သလည်း ..ဒီမှာရေးပေးကြပါလို့နော…။
အဲ..
ဘုရားသွားပြီး မြေစောင့်ဘုမ္မစိုးနတ်ကြီးကို မေတ္တာနာနာပို ့မယ်.. ဆုတောင်းမယ်တော့ မလုပ်ကြပါနဲ့..နော..။
အဲဒီကောင်ကြီးလည်း ဘာမှမတတ်နိုင်ပါဘူး..။ငလျှင်လှုပ်ရင် သူ့ခမြာလည်း..ပသင်လယ်စောင့်နတ်ကြီး မိဘုရား ကြားညပ်နေရှာတာလေ..။

ပင်လယ်ဒီလှိုင်းတွေမတက်လာအောင်..ရေငံပိုင်ဦးရှင်ကြီးနဲ့…ပူဇော်မယ်လည်း ..မလုပ်ပါနဲ့..။
သူတို့တွေမှာလည်း.. လူတွေလှူတဲ့..ဆီမီးပန်းနဲ့ မုန့်ဆမ်းတွေစားပြီး… လူတွေမေ့လို့.. ထမင်းဆိပ်တက်လို့နှပ်နေကြလေရဲ့..။
ဦးပုည ရေးသလို ရေးရရင်တော့ .. နတ်လိမ်၊လူလိမ်တွေပါပဲ..။

http://www.seismicity.see.uwa.edu.au/welcome/world_seismicity/china_seismicity

Op-Ed

Will Angelenos learn from the Japan quake?

The Japan earthquake is a warning and a reminder that we live in earthquake country too.

By Donald R. Prothero March 11, 2011, 4:50 p.m. 

As many of us watched the coverage of the Sendai earthquake and tsunami in Japan on Friday, we were staggered and horrified by the images of death and destruction. The magnitude 8.9 quake is the largest to hit Japan in more than 150 years and the seventh largest in recorded history. The tsunami produced even greater damage and loss of life. The final figures won’t be known for many days, yet it seems clear that hundreds and possibly thousands of people are dead, injured or missing, and the economic toll will be in the millions. The quake will have a severe effect on the Japanese economy, the third largest in the world, and it is already having a global effect.

Despite the catastrophic effects that the quake has on Japan, it could have been far worse. Japan is one of the most earthquake-prone countries in the world, and it has better building codes and better civic preparedness than just about any other nation. The Japanese take their earthquakes very seriously and do far more drills and inspections than Californians. Yet even some of their earthquake-resistant structures could not survive the shaking of a quake this big, just as their buildings and overpasses failed catastrophically during the 1995 earthquake in Kobe. From all accounts, there were adequate tsunami warnings in most regions, but those people closest to the offshore earthquake had almost no time to react or flee, and there was nothing they could do when the huge waves swept inland carrying big fishing boats and tons of debris.

The Sendai quake is a warning and a reminder that we Angelenos live in earthquake country too. Anyone who has lived in this area for more than a few years has experienced at least a few small quakes, and those of us who are long-term residents remember the 1971 Sylmar quake, the 1987 Whittier quake, the 1994 Northridge quake and others. The scientific community has studied the major faults in our region for years. Scientists have been digging trenches in ancient lakebeds near fault lines to find evidence of how often earthquakes occur on each major fault. They have detailed computer models of how the next big quake will affect us and which areas are most vulnerable. Their conclusions have been stated time and time again: Several of the faults in our region are overdue for major quakes. The latest forecasts say there’s a 99.7% chance of a magnitude 6.7 earthquake in Southern California in the next 30 years, and a 46% likelihood of a much more powerful magnitude 7.5 quake (still hundreds of times smaller than the Sendai quake) in the next 30 years. The San Andreas fault is capable of an even larger one.

It’s not a question of whether we’re due for a catastrophic quake, but when. Although California building codes are among the most stringent in the United States (thanks to what the 1933 Long Beach quake, which destroyed nearly all of our unreinforced masonry buildings), they don’t begin to match the standards demanded in Japan. Just consider the high overpasses where the 5 and 14 Freeways meet — which fell in the 1971 Sylmar quake; their replacements fell in the 1994 Northridge quake — and you begin to realize just how vulnerable our infrastructure is. And those quakes were only 6.6 and 6.7 in magnitude — thousands of times weaker than the Sendai quake.

Thus, the news from Japan is not only a sobering reminder that we are also in the cross hairs; it is a warning that we must take the threat seriously. Seismic engineers have been advocating clear-cut standards for construction, some of which are followed but much of which are ignored. Most engineering experts tell us that we have neglected the infrastructure and earthquake safety issues for too long. We continue to put it off because of budgetary issues and the current bad economy. But when the next Southern California quake happens as predicted, we will all be looking back and pointing fingers of blame at “penny wise and pound foolish” people who did not spend the money that would have saved even far more money — and many lives.

On a more personal level, each one of us needs to take these warnings seriously and pull our heads out of the sand. Does your house have an earthquake kit for the long days without water, power, food and easily obtainable cash? Has your house been made as safe against earthquakes as possible? Those who ignore these warnings now will regret it later when the next Big One hits.

Donald R. Prothero is a professor of geology at Occidental College in Los Angeles and a lecturer in geobiology at Caltech. His latest book is “Catastrophes! Earthquakes, Tsunamis, Tornadoes, and other Earth-Shattering Disasters.”

Copyright © 2011, Los Angeles Times

http://www.latimes.com/news/opinion/commentary/la-oe-prothero-quake-20110312,0,5037223.story

21 comments

  • bigcat

    March 12, 2011 at 11:51 pm

    မြေဖုတ်ဘီလူးစိတ်ဆိုးလို့ ငလျင်လှုပ်တာလည်း ဖြစ်နိုင်တယ်။ သူတကယ်ကြမ်းရင် မြေစောင့်ဘုမ္မစိုးနတ်၊ ပင်လယ်စောင့်နတ်ကြီး မိဘုရား၊ ရေငံပိုင်ဦးရှင်ကြီးတို့ မခံနိုင်ဘူးတဲ့။

  • peacemaker35183777

    March 13, 2011 at 1:12 am

    ကျေးဇူးတင်ပါတယ်။မြန်မာလိုပြန်ပေးရင်တော့ပိုအဆင်ပြေမယ်လိုယူဆပါတယ်။

  • kai

    March 13, 2011 at 5:22 am

    သတင်းတွေအရ…ဖုကုရှီးမား ညူလျှပ်စစ်ဓါတ်အားပေးစက်ရုံ အမှတ်၁ က အအေးပေးစံနစ်ချို့ယွင်းသွားပုံရပါတယ်..။
    အဲဒါ အခုနောက်ဆုံးသတင်းအရ … အပူလွန်ပြီးပျော်ကျပေါက်ကွဲနိုင်ပါတယ်တဲ့..။
    ယူအက်စ်က .. ပညာရှင်အဖွဲ ့လည်း စေလွတ်ထားကြတယ်တဲ့..။
    အဲဒါက ..တိုကျိုနဲ့ မိုင် ၁၅ဝ အကွာမှာရှိတာပါ..။

    ဂျပန်ဆိုတာက.. အီလက်ထရောနစ်နဲ့.နည်းပညာမှာ ထိပ်ပိုင်းကနိုင်ငံ..။
    ဒီလိုနိုင်ငံကတောင်…တော်တော်ထိမ်းရခက်နေပုံရတာမို ့…
    အင်း..
    မြန်မာပြည်ရဲ့ ညူကလီးယားလျှပ်စစ်ဓါတ်အားပေးအစီအစဉ်မျိုးက… အကြိမ်ကြိမ်ပြန်စဉ်းစားစရာပါ..။
    တခုခု မတော်တဆဆို ..ဘယ်လိုမှထိမ်းသိမ်းနိုင်ဦးမယ် မထင်ပါ..။
    ရေဒီယိုဓါတ်ကြွလာရင်..ပရုပ်ဆီလိမ်း..။ ကွမ်းရွက်ပြုတ်ရည်သောက် ..မပျောက်တာမို ့…ပါနော..။

    ယူအက်စ်လို ညူဖခင်နိုင်ငံကတောင် ပြန်စဉ်းစားနေရပါပြီ.။
    အောက်မှာ..ဝါရှင်တန်ပို့စ်မှာပါလာတဲ့သတင်းပါ..။
    Japan disaster may mean setback for U.S. nuclear industry
    By Jia Lynn Yang
    Washington Post Staff Writer
    Saturday, March 12, 2011; 9:45 PM

    Stymied by concerns about safety and cost, the U.S. nuclear power industry has struggled to make a comeback for decades. Now the revival may have to wait even longer, as earthquake damage to a reactor in northern Japan has again highlighted the potential hazards of going nuclear.
    ..
    http://www.washingtonpost.com/wp-dyn/content/article/2011/03/12/AR2011031205615.html?hpid=topnews&sid=ST2011031100651
    ဂျပန်ရဲ့ ၃ဝရာခိုင်နှုန်း လျှပ်စစ်လိုအပ်ချက်ကို ညူကနေရပြီ… ယူအက်စ်ကတော့ ..လိုအပ်ချက်ရဲ့.. ၂ဝရာခိုင်နှုန်း… ညူစွမ်းအင်ကရပါတယ်..။

    • blackx

      March 13, 2011 at 3:26 pm

      မြန်မာရဲ.နျူစီမံကိန်းကတော့ မပူနဲ့အစ်ကိုရေ
      ရအောင်သာလုပ်ပါစေအုံး 😀

  • kai

    March 13, 2011 at 8:10 am

    ဂျပန်လို ငွေကြေးချမ်းသာပြီး ဖွံ ့ဖြိုးပြီးနိုင်ငံကတောင် … အကူအညီပို့တယ်ဆို … အားလုံးလိုလို လက်ခံနေတာ တွေ့ရပါတယ်..။
    ယူအက်စ်ကတော့ … သူ့ရဲ့အကောင်းဆုံးမိတ်ဆွေမှတ်ထားတာမို ့.. ခတ်သွက်သွက်လေးပဲ..ပို ့ပေးလိုက်ပါပြီ…။
    တကယ်တော့ .. အဲဒီ ဂျပန်ငလျှင်ဘေးကနေ ..သူတို့ကလက်တွေ့သင်ယူလေ့လာစရာတွေလည်း ရမှာကိုး..။

    The US has promised to help Japan after a devastating earthquake and tsunami ravaged the island nation.
    It is in a special position to do so, as 38,000 US military personnel are already in Japan.
    Six naval ships, loaded with helicopters, medical equipments and crew, are sent to aid rescue efforts.

    Al Jazeera’s Patty Culhane reports.

  • ဆူး

    March 13, 2011 at 1:29 pm

    သတင်းထဲမှာ ရေတွေ တက်လာပြီး ကားတွေ မျော အိမ်တွေ ပါသွားတာ ကြည့်တော့ နာဂစ်ကို သတိရမိတယ်။
    ဒီမှာက လူတွေ သေလိုက်တာ သောက်သောက်လည်း.. မတရားသေသွားပေမဲ့.. ဂျပန်မှာ လူသေမှုနုန်း တော်တော် နည်းတာ သတိထားမိတယ်။
    ဒါနဲ့ နူးကလီးယား ပေါက်တာရဲ့ ဆိုးကျိုးတွေ မဖြစ်အောင် ဘယ်လို လုပ်ကြမလဲ။
    အရင်ကတော့ နူးကလီးယား ဗုံး ချလို့ နှစ်၆ဝတောင် မကုန်သေးဘူး ဘာဘူး အော်နေတာ.. အခုတော့ ဘယ်လို ရှိမလဲ.. နောက်ဆုံးသတင်းလေး မျှပါအုန်း။ သိချင်လို့

  • intro

    March 13, 2011 at 2:48 pm

    အခြေအနေငြိမ်သွားရင် ဘယ်လောက် အကြာမှာ recover ဖြစ်မလဲ ဆိုတာက ပိုစိတ်ဝင်စားဖို့ ကောင်းတယ်ဗျ… 1995၊ ကိုဘေ ငလျင်တုန်းကလဲ လူခြောက်ထောင်လောက်သေသွားတယ်ဆိုတာ အမှတ်ရမိပါတယ်… ဂျပန်ကတော့ ငလျင်ဒဏ် အတော့်ကို ခံရတဲ့ နိုင်ငံပဲဗျ…

  • yuki

    March 14, 2011 at 4:49 am

    ဂျပန်ငလျင်မှ လေ့လာစရာများဆိုလို့မျှဝေလိုက်တာပါ
    ၁။ငလျင်လှုပ်နေတဲ့အချိန်မှာ အစိုးရကလွှတ်တော်အစည်းအဝေးလုပ်နေတယ်။အဲဒါကို ချက်ချင်းရပ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေစတင်ခဲ့ပါတယ်။
    ၂။ငလျင်လှုပ်ပြီးမိနစ်ပိုင်းအတွင်း ဆူနာမီကြေငြာချက်တွေထွက်လာပါတယ်။
    ၃။လှုပ်တဲ့အချိန်ကတည်းက အခုအချိန်အထိ တီဗီမှ တခြားအစီအစဉ်တွေပြသခြင်းမရှိဘဲ သတင်းအချက်အလက်တွေ၊ဆူနာမှဖြစ်စဉ်တွေကို တိုက်ရိုက်ထုတ်လွှင့်နေပါတယ်။
    ၄။တိုကျိုမှာရထားတွေမထွက်တော့တဲ့အတွက် မြို့နယ်တွေမှာ ကယ်ဆယ်ရေးစခန်းတွေဖွင့်ပေးနေတယ်။
    ၅။စနေနေမှယခုအချိန်အထိ international call တွေကိုပါ အခမဲပပေးထားပါတယ်။
    ၆။တခြားကယ်ဆယ်ရေးလုပ်ငန်းတွေကတော့ အများကြီးပါပဲ။

  • kai

    March 14, 2011 at 7:17 am

    တကယ်လို့ ..တကယ်လို့ပေါ့လေ..။
    (မပြောကောင်းမဆိုကောင်း) ရန်ကုန်အနီးအနား ပင်လယ်အောက်မှာ ငလျှင်ဗဟိုချက်ထားပြီး လှုပ်မယ်..။ ရန်ကုန်ကို ဆုနမိဝင်မယ်ဆို .. တွေးကြည့်ကြဖို့ပါပဲ..။
    နိုင်ငံအစိုးရတွေဟာ ..အဲဒါမျိုး သဘာဝဘေးတွေအတွက်ကြိုတင်ပြင်ဆင်ထားရပါတယ်..။
    လူထုတွေပါဝင်ပြီး ..ကြိုတင်လေ့ကျင့်မှုလည်း လုပ်ကြရတယ်..။
    အရေးပေါ် သတိပေးစံနစ်တွေ..။ အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းတွေ..။ ဆေးဝါးတွေ..။ အကုန်ကြိုတင်ပြင်ဆင်ထားရတာပါ..။

    မြန်မာပြည်က ..မဖြစ်မဖြစ်ဆိုပြီး.. နာဂစ်လည်း ဖြစ်ခဲ့ပြီ..။ ဂီရိလည်း ဝင်ခဲ့ပြီ..။
    အစိုးရရုံးတွေကတော့ ..မဟာဗျူဟာကျကျစဉ်းစားပြီး ..နေပြည်တော်ရွေ ့သွားခဲ့ပြီ..။
    .. 🙁

    အခုဂျပန်ဖြစ်တာကိုကြည့်ပြီး အတုယူလို့ရအောင်.. အဲဒီမှာ ကိုယ်တွေ့ကြုံရသူတွေ… စာရေးတင်ပေးကြစေလိုတာပါပဲ..။
    အပေါ်က.. Yuki ကိုလည်း အခုလိုဝေမျှတာ ကျေးဇူးတင်ပါတယ်လို့နော..။

    • zawana

      March 15, 2011 at 2:55 am

      ငလျင်လို ကြိုတင် ခန့်မှန်းလို့ မရတာမျိုးကို ထားဦး၊ ကြိုတင် ခန့်မှန်းနိုင်တဲ့ နာဂစ်ကိုတောင် ဘယ်လို ဖြတ်ကျော်ခဲ့ကြရသလဲ။ တွေးမိတိုင်း စိတ်နာတယ်။

  • char too lan

    March 14, 2011 at 10:22 am

    ၁) တိုကျိုမှာ အင်တာနက်ကလွဲပြီး တယ်လီဖုန်းတွေ သုံးလို့မရတော့ဘူး။ ကား၊ ရထားတွေအလုပ်မလုပ်တော့ လူတွေ လမ်းလျှောက်ပြန်ကြတယ်။ အစားအစာမရှိမှာဘဲ ဂျပန်တွေက စိုးရိမ်ကြတယ်။ လူတွေအစားမစားရမှာစိုးလို့ တချို့ဆိုင်တွေ ဖွင့်ပေးထားတယ်။ ဆူပါမားကက်တချို့ပဲ စင်တွေလဲကုန်လို့ ပိတ်ထားကြတယ်။

    (၂) ငလျှင်ခိုလှုံတဲ့နေရာမှာ လူပေါင်းရာကျော် ခိုလှုံနေကြတယ်။ လူတွေကြားထဲမှာ ဘယ်သူမှ ဆေးလိပ်မသောက်ကြဘူး။ ကူညီတဲ့လူတွေက စောင်ပြေးယူလိုက်၊ ရေနွေးပြေးယူလိုက်၊ မုန့်ပြေးယူလိုက်နဲ့ ပြုစုနေတယ်။ ယောက်ျားတွေက တိုက်ပေါ် ပြေးဆင်းပြေးတက်နဲ့ အမျိုးသမီးတွေကို ကူညီနေကြတယ်။ ကြိုးတွေဆက်ပြီး လေဒီယိုဖွင့် သတင်းနားထောင်ကြတယ်။ နာရီအနည်းငယ်ကြာတော့ လူစုခွဲပြီး ကိုယ့်အိမ်သူအိမ်ပြန်ကြတယ်။ ခိုလှုံတဲ့နေရာမှာ အမှိုက်တစ်စက်မှ မကျန်ခဲ့ဘူး။

    (၃) ငလျှင်လှုပ်ပြီးနောက် Suntory ကုမ္ပဏီက ကြေငြာတယ်။ သူတို့ရဲ့ စက်ထဲထည့်ရောင်းတဲ့ အချိုရည်တွေအားလုံး ဖရီးပါတဲ့။ 7-11နဲ့ family world အရောင်းဆိုင်ကလည်း လူတွေကို အစားအစာနဲ့ရေ ဖရီးဝေတယ်။ ရေဆာရင် စက်ထဲကအချိုရည်၊ ရေတွေကိုသောက်နိုင်တယ်။ ဗိုက်ဆာရင် အရောင်းဆိုင်တွေထဲ ဝင်စားနိုင်တယ်။ ခိုလှုံစရာနေရာမရှိရင် ဆူပါမားကက်ထဲဝင်နိုင်တယ်။ ဖုန်းဆက်မလား? လမ်းဘေးက အများပြည်သူသုံးဖုန်းကို ဖရီးသုံးနိုင်တယ်။ ဂျပန်လို နားမလည်ဘူးလား? တီဗီက တခြားဘာသာလို ဘယ်လိုခိုလှုံရမယ်ဆိုတာကို ကြေညာတယ်။ ဒါဟာ တိုင်းပြည်တစ်ပြည်ရဲ့ ကြန်အင်လဏ္ခာဖြစ်တယ်။ ဂျပန်နိုင်ငံဟာ ဘေးအန္တရာယ်ကြုံနေချိန်ဆိုပေမယ့် ကမာ္ဘပေါ်ကလူတွေကို သင်ခန်းစာတစ်ခု ပေးနိုင်လိုက်တယ်။

    (၄) ဂျပန် အွန်လိုင်းသူငယ်ချင်းတစ်ယောက်က ပြောတယ်။ ဘေးအန္တရာယ်ကျရောက်ချိန် ဂျပန်မှာနေနေတယ်ဆိုပေမယ့် ကံကောင်းတယ်လို့ဆိုရမယ်။ တခြားနိုင်ငံမှာဆိုရင် လူအသေအပျောက် ဒီထက်ပိုများနိုင်တယ်။ လူအသေအပျောက်ကို နည်းသထက်နည်းအောင်လုပ်နိုင်တာ ကမာ္ဘပေါ်မှာ ဂျပန်တစ်နိုင်ငံပဲရှိမယ်လို့ ထင်ပါတယ်လို့ သူကပြောပါတယ်။

    ဂျပန်မြေအောက်ဂိုဏ်းတွေက ကူညီမယ်ဆိုတဲ့သတင်းကို အင်တာနက်ပေါ်မှာ ကြေညာတယ်။ ဒီ”လူဆိုး”တွေဟာ ပွဲလန့်တုန်း ဖျာခင်းသူတွေမဟုတ်ဘဲ သူတို့ရဲ့ကူညီမှုက ဂျပန်အစိုးရထက် ပိုများနိုင်တယ်လို့ ဂျပန်ပြည်သူတွေက ပြောဆိုခဲ့ပါတယ်။

    http://www.jbtalks.cc/thread-957485-1-1.html
    (Mail ထဲရောက်လာတာကို ပြန် share တာပါ)

  • intro

    March 14, 2011 at 10:32 am

    သိတ်ကောင်းတာပဲ ကိုချာတူးလန်ရေ… ဝေမျှတာ ကျေးဇူးပါဗျာ… သူများတကာတွေ ကယ်ဆယ်ရေး ကြည့်ရတာ အရမ်း အားရဖို့ ကောင်းလိုက်တာ၊ နိုင်ငံဆိုတာ ဒါမျိုးပဲ ဖြစ်သင့်ပါတယ်…

  • white

    March 14, 2011 at 10:42 am

    နာဂစ်ကို တောင် သတိရမိသေးတယ်
    မြို့ပျက်ကြီးထဲမှာ …. စားသောက်ကုန်ကလဲ ဈေးကြီး ၊ အိမ်မိုးဘို့ သွတ် တို့ သံ တို့ဆိုတာ ကတော့ ဈေးကြီးတဲ့အပြင် ဝယ်ဘို့တန်းစီရသေး
    ဂျပန်နိုင်ငံ ရဲ့ တုံ့ပြန်ပုံက အားကျ အတုယူစရာပါ
    အစိုးရ ရော ပြည်သူတွေရောပေါ့ လူတိုင်းရဲ့ အခြေခံ ကျင့်ဝတ်နဲ့ဆိုင်မယ်ထင်တာဘဲ

  • ဆူး

    March 14, 2011 at 12:57 pm

    နာဂစ် အမှတ်တရ အနေနဲ့
    တညလုံး ရေမပါဘဲ လေနဲ့ အကုန်ဖျက်သွားတာ မနက်ပိုင်းမှ ရေပါပါ နဲ့ ရွာချတယ်။
    မိုးမတိတ်ခင်မှာ သူများ အိမ်က အမိုးလန်သွားလို့ ပြသနာ တက်နေပါပြီ ငိုယိုပြီး ကူညီပါ ဖုန်းဆက်ခေါ်လို့ သွားကူဖို့ အိမ်ထဲက ပြေးထွက်တော့ ခေါင်းပေါ်တွေမှာ သွပ်ပြားတွေ လေထဲ ပျံဝဲနေတာ ဘယ်အချိန်များ လည်ပင်းကို ပျက်တိုက်သွားမလဲ ဟိုကြည့်ရှောင် ဒီကြည့်ရှောင်ရင်း ပြေးသွားရတယ်။
    မိုးတိတ်ပြီး လေငြိမ်တော့ အိမ်အပြင်မှာ သစ်ကိုင်းကျိုးနဲ့ သွပ်ပြားတွေ ပလူပျံ..
    လမ်းမတွေမှာ သစ်ပင်တွေနဲ့ ကားတွေ ပိတ်
    ဓါတ်ကျိုးတွေ ပြတ် မီးမရ.. ရေမရ..
    နယ်က လူတွေ ဆီ ဆင်းပြီး ပြေးကူဖို့ နေနေသာသာ ကိုယ့်အရှေ့မှာ ဖြစ်နေတာကို အရင်ဆုံး ဖေးမ ကူညီပေးရတော့တာဘဲ။
    မိုးတိတ်သွားတော့ အလုပ်များနေတဲ့ လူတွေ မျက်နှာတွေ မကောင်းကြဘူး ဘယ်တော့များ ပြန်တိုက်လေမလဲ ကြောက်နေကြတယ်။
    အဲဒီနေ့ လူတိုင်း နီးပါး ထမင်းငတ်ကြတယ်။ ဆိုင်သမားတွေ ဆန်တွေ ဆီတွေ ရှိတာတွေ ထုတ်တောင် မရောင်းရဲကြဘူး ရိက္ခာကုန်သွားရင် ရောင်းသူ ကိုယ်တိုင် ငတ်မှာ စိုးရိမ်နေကြတယ်။

  • yuki

    March 14, 2011 at 2:10 pm

    နောက်ဆက်တွဲလေးတွေ…ထပ်ရေးလိုက်ပါတယ်။
    အခုတိုကျိုမြို့ပေါ်က super market တွေမှာ ဆန်၊ခေါက်ဆွဲ၊နွားနို့၊ပေါင်မုန့် အစရှိတဲ့ စားသောက်ကုန်တွေပြတ်လပ်နေပါတယ်။ဒါပေမယ့် ပုံမှန်ဈေးနိုင်အတိုင်းရှိပါတယ်။
    မြန်မာပြည်မှာနာဂစ်ဖြစ်တုန်းကဈေးတွေမတရားတက်သွားခဲ့တာကို
    အားလုံးလဲအမှတ်ရမယ်ထင်လို့ပါ။
    ။အခုအချိန်မှာလဲ နေရာအလိုက် တနေ့ကို၃နာရီလောက်မီးပျက်မှာဖြစ်လို့ ကြိုတင်ပြင်ဆင်ရန်
    ကြေငြာချက်တွေထုတ်တယ်။မြန်မာပြည်မှာ မီးပျက်တာမထူးဆန်းပေမယ့်သူတို့ဆီမှာတော့ နှစ်ပေါင်း
    ၈ဝကျော်အတွင်း ပထမဆုံးအဖြစ်အပျက်ပါ။

  • kai

    March 14, 2011 at 6:18 pm

    ဂျပန်က .. ကမ္ဘာ့တတိယအချမ်းသာဆုံးနိုင်ငံဆိုတော့… ပြန်ထလာမှာပါပဲ..။
    သူတို့လူမျိုးတွေစိတ်ဓါတ်က ..အင်မတန်အတုယူဖို့ကောင်းတယ်..။
    ဒုတိယကမ္ဘာစစ်ပြီးတော့ ပြာပုံကနေ ပြန်ထလာခဲ့တာ..။ ခုန်ကို ထနိုင်ခဲ့တယ်..။

    ၁၉၉၅ ကိုဘေးငလျှင်ပြီးတော့ .. ရယ်ဒီမိတ်လုံးချင်းအိမ်တွေ အရမ်းဝယ်ခဲ့တာ..။
    မြန်မာတွေ..အဲဒီလိုအိမ်တွေဆောက်ပြီး.. တချို ့ကို အလှူပြပြီး… ဈေးကွက်ယူဖို့ကောင်းတယ်..။ သစ်ပင်သစ်သား အရမ်းထွက်တဲ့နိုင်ငံမို ့ပါ..။
    သစ်အလုံးလိုက်တင်ပို့မဲ့အစား.. နည်းပညာနည်းနည်းထည့်ပြီး လုပ်သင့်တယ်..။
    http://www.readymade.com/blog/home-and-garden/2010/08/03/the_100_square_foot_home
    http://www.travelgadgets.org/entry/all-terrain-cabin-a-readymade-house-delivered-at-your-door-step/

  • anewgenerationbone

    March 14, 2011 at 6:29 pm

    အစ်ကိုကြီး ချာတူးလန်ပြောတဲ့ နံပါတ် ( ၂ ) ထဲက
    လူတွေကြားထဲမှာ ဘယ်သူမှ ဆေးလိပ်မသောက်ကြဘူး။
    နာရီအနည်းငယ်ကြာတော့ လူစုခွဲပြီး ကိုယ့်အိမ်သူအိမ်ပြန်ကြတယ်။ ခိုလှုံတဲ့နေရာမှာ အမှိုက်တစ်စက်မှ မကျန်ခဲ့ဘူး။
    ဒီအကြောင်းလေးတွေက အရမ်းအရမ်းကို
    လေးစားဂုဏ်ယူဘို ့ကောင်းတယ်
    ကျွန်တော်တို ့ရွာမှာ လယ်ကွင်းထဲ ဇာတ်ပွဲပြီးရင် တွေ ့ရတဲ ့မြင်ကွင်းက ရှက်စရာကြီးဗျာ
    သူတို ့တွေက ဒုက္ခရောက်နေကြတာတောင်
    စည်းကမ်းရှိတယ်ဗျာ
    ဒီအကြောင်းတွေကို ကျွန်တော်တို ့ကော်ပီတွေကူးပြီး မသိနားမလည်တဲ့
    ညီအစ်ကို မောင်နှမတွေကို ဖြန် ့ဝေပေးသင့်ပါတယ်
    ကျွန်တော်လည်း လက်ရှိမှာ မှတ်သားစရာတွေကို စာဖတ်ခြင်းအားနည်းနေသူတွေကို
    ကော်ပီကူးယူပြီး ဖြန် ့ဝေပေးနေပါတယ်ခင်ဗျ
    နောင်များ မှတ်သားစရာတွေရှိခဲ့ကြပါလျှင်
    တင်ပြပေးဘို ့ တောင်ဆိုပါတယ်ခင်ဗျ
    ဒါပေမယ့် အားလုံးလည်း မိမိတို ့တတ်နိုင်တဲ့ဖက်က
    ပါဝင်ကြဘို ့တိုက်တွန်းပါတယ်ဗျာ။

    • char too lan

      March 15, 2011 at 6:58 am

      အာဖဂန်နစ်စတန် ကလား USD ၅၀၀ဝ လှူတယ်ကြားတယ် အရင်ဂျပန်အတွက်တော့ ဘာမှမဟုတ်ပေမယ် အခုလို လိုအပ်တဲ့အချိန်မှာကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်တဲ့။ ဒါနဲ့ တို့အဘပု ဘယ်လောက်လှူလဲသိချင်ဒယ်ဂျ ?? 🙂

  • etone

    March 15, 2011 at 5:10 am

    သူတို့ နိုင်ငံက ခေါင်းဆောင်တွေ ခေါင်းကောင်းတယ်နော် ။ တကယ့် စူပါ့ ဦးဏှောက်တွေပဲ ။ သေဆုံးသူ ဦးရေ တော်တော်နည်းနေလို့ မယုံနိုင်အောင်ပါပဲ ။

  • char too lan

    March 15, 2011 at 6:43 am

    ခေါင်းရှောင် ကောင်းမှနိုင်နံကောင်းမယ် ချိုလား ဘာလား ဘဲ တေချာတိဝူး 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 15, 2011 at 7:28 am

    ဘယ်လောက်အကူညီလိုအပ်နေသလဲလို ့ဆက်သွယ်မေးမြန်းထားပါတယ်

Leave a Reply