တောင်းပန်ပါသည်
ယ္ခုအခါ
ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု ၏
အင်တာနက်လိုင်းသည်
ယ္ခင် ဆိုက်တစ်ခုကို ဖွင့်လိုက်တိုင်း
ပြန်းမျှ 4 စက္ကန် ့မျှ ကြာမြင့်ရာမှ
ယ္ခုအခါတွင်
7 စက္ကန် ့မှ ရံခါ 15 စက္ကန် ့တိုင်အောင်
ကြာမြင့်တတ်လေရာ
အလုပ်အကိုင်များ လွန်စွာ မအားမလပ်ဖြစ်နေရပါသော
ကျွန်ုပ်
မိုက်ကယ်ဂျော်နီအောင်ပု အတွက်
အချိန်များ ဆုံးရှုံးလျှက်ရှိနေလေတော့ရာ
သက်ဆိုင်ရာ ဆားဗစ် ကိုခေါ်ယူစစ်ဆေးပါသော်လည်း
အဖြေမှန်မပေါ်ဘဲရှိနေရပါသည်ဟု
အဆိုပါ
ကျွမ်းကျင်သူများမှ ပြောဆိုကာ
လက်လျှော့သွားကြသည့်အတွက်
ကျွန်ုပ်မှာ သေသေချာချာစဉ်းစားမိပါသောအခါ
ပြောမှား ဆိုမှား ရှိသည်များကို
ခွင့်လွှတ်ပါစေကြောင်း
နတ်အပေါင်းကို
တောင်းပန်သမှုပြုရပါခြင်းနှင့်အတူ
နတ်ပွဲကြီး ပေးပါပြီး
ဖော်ပြပါ ပျိုကညာ နှစ်ယောက်ကို ဆက်ပါ၏
ခွင့်လွှတ်သမှု ပြုပါပြီး
ကျွန်ုပ်၏ အင်တာနက်လိုင်းအား
ဒေါက်..ဝူးး
ဖြစ်စေရန် ပြန်လည်မ. .. စပေးပါရန် တောင်းပန်အပ်ပါသည်ခင်ဗျား။
10 comments
ဆူး
March 16, 2011 at 3:19 pm
သူဆီက မှ ရစက္ကန့် ကြာ ၁၅ စက္ကန့်ကြတာ စကားထဲ ထည့်ပြောနေသေးတယ်။
စာမျက်နှာ တခု ကျဖို့.. အကျိန်အနယ် တိုးဝှေ့ပြီး မနည်းလာရတယ်။ စောစောကတောင် လုံးဝ ကျသွားလို့ စိတ်ပျက်ပြီး ထွက်ခါနီး ပြန်ရနေလို့.. ဝင်လို့ရသွားတာ။
bigbird
March 16, 2011 at 3:43 pm
လူကြီးမင်းဖွင့်သော ဝပ်ဆိုက်မှာ..မအားသေးပါရှင်။
Gong Zhu
March 16, 2011 at 4:59 pm
မအားသေးတာမဟုတ်ဘူး … မအားသေးတာတော်သေးတယ် … ဧရိယာပြင်ပရောက်နေတာ … သူကအတင်း ဧရိယာပြင်ပတိုးထွက် … ကိုယ်ကအတင်းဧရိယာထဲဝင် … မကြာခင် ဖုန်းပိတ်လိုက်တော့မယ် … ခုမှ ကော်နက်ရှင်ရတာ ၉ နာရီတည်းကမရတာ …
ဆူး
March 16, 2011 at 5:18 pm
ဒါနဲ့ စကားမစပ် ဒီနေ့ တော်တော် အေးတယ် မိုးရွာနေတာ အပြင် ခဏလေး ထွက်သွားမိတာ ချမ်းလွန်းလို့ မေးတွေ ရိုက်နေတယ်။ လူကလည်း ချမ်းလွန်းလို့ တုန်တောင် တုန်တယ်။ ဒီနေ့ အဆင်မပြေဘူး မိုးတွေ ဆက်တိုက် ရွာတာကော ရာသီဥတုက ဆောင်းတွင်းက ထက်တောင် အချမ်းပိုနေသလိုဘဲ။
bigcat
March 17, 2011 at 12:58 am
ဘယ်လိုဖြစ်လို့ ဟေမာနဲ့မေဆွိ ဖြတ်ညှပ်ကပ်ပုံကြီး ထည့်ထားရတာတုံး..
kopauk mandalay
March 17, 2011 at 1:55 am
ရလေလိုလေ အိုတစ္ဆေ တဲ့။
တစ်ခါဖွင့်ရင် လေးဆယ့်ငါးမိနစ်လောက်ကြာများကြာရင် ……………………….
dream
March 17, 2011 at 2:38 am
ကွန် နက်ရှင်ကတော့ ပြောမပြောချင်ပါဘူး
ဘယ်သူနဲ့ စိတ်ကောက်ပြီး ဒီလောက်ရှောင်ပုန်းနေမှန်းမသိ 🙁
Shwe Tike Soe
March 17, 2011 at 2:50 am
စိတ်ရှည်သီးခံ လမ်းကြောင်းမှန် စောင့်ရန် အင်တာနက် တဲ့
သီးခံ သီးခံ
char too lan
March 17, 2011 at 9:30 am
အာထရာဆော့ ဆိုတာနဲ့ ကျော် ခွပီး ဟိုက ဘရောင်စီ ဒီထဲ့ ဒီက ဘရောင်စီ ဟိုပို့နဲ့ နတ်ဝက်အယ်ရာ ကိုအခါခါ ရွီလုပ် လုပ်ပီး ဝင်ခွင့်ရတာ ပုပုမျက်နှာတော် မော်ကာပြူးပြမှ ဒီမှာလဲ ငြိမ်သွားတယ်နော် !!
အာဖျံ ကွီး
March 17, 2011 at 2:45 pm
အပျိုကြီးတို အကျစ်ကျောမိရို. များရား .. ဟီးးး