ဒီကောင်မကို သေအောင်သတ်ရမယ် ဟုတ်တယ် သတ် သေအောင်သာသတ် အရှင်မထားနဲ့ ဂေါ်ဇီလာစာကြွေးပြစ် ဒိုင်နိုဆောစာကြွေးဗျစ်စ် အဖြစ်အပျက်တစ်ခုသည် လူစုလူဝေးတစ်ဖြစ်လည်း လူအုပ်ကြီးတွင် ဖြစ်ပေါ်နေခြင်းဖြစ်ရလေတော့သည်။ အကယ်၍ အသင်စာရှု့ဖတ်နေသူတို့သည် နှလုံအားနည်းခြင်း ကြောက်လန့်တတ်ခြင်းများ ရှိခဲ့ပါမူ ဤသော အဖြစ်အပျက်တစ်ခုတွင်ရှိနေကြသည့် လူစုလူဝေးတစ်ဖြစ်လည်း လူအုပ်ကြီးကို မျက်ဝါးထင်ထင်မြင်တွေ့ကြရပါလေလျှင် သည်းချေပျက်သွားနိုင်ပါသည်။ အကြောင်းမှာ လူစုလူဝေးတစ်ဖြစ်လည်း လူအုပ်ကြီးသည် အမျိုးသမီးငယ်တစ်ဦးကို သစ်ပင်နှစ်ပင်၏ကြားတွင် မြေကြီးကိုမထိစေဘဲ ကြိုးဖြင့် ကားယားကြီးချဉ်နှောင်ထားလေပြီးလျှင် အောက်မှ မီးခိုးကြပ်တိုက်နေကြခြင်းဖြစ်သောကြောင့်သာတည်း။ မြင်သာအောင်ပြောရသော် အမျိုးသမီးငယ်တစ်ဦးသည် သစ်ပင်နှစ်ပင်ကြားတွင် အရှင်လတ်လတ်ကားစင်တင်ခံထားရခြင်းပင်။ ဒရန်တန်တန် ………………….. ဒို့များဘိုးဘေးဘီဘင် ဟိုးးးးးးး ရှေးပဝေသဏီ လောင်းလောင်းအဂိုးထဲကလိုက်နာလာတဲ့ ယဉ်ကျေးမှု့ကိုဖျက်စီးတဲ့ကောင်မ ဆံပင်ရှည်ရှည်မှုတ်ဆိတ်မွှေးထူလဗျစ်ဖြင့် အသက်ကြီးကြီးအဖိုးအိုကြီးတစ်ဦးမှ ပြောလိုက်ခြင်းဖြစ်လေ၏။ သတ်ကိုသတ်ရမယ် ဒီကောင်မကို ဒီလောက်ဖြစ်နေတဲ့ဟာမ ဒင်းဟာကို ပျားရည်သုတ်ပြီး တောကြောင်ကိုက်ခိုင်း ကိုယ့်ရဲ့ မျိုးရိုးစဉ်ဆက်ယဉ်ကျေးမှု့ကိုမထိမ်းသိမ်း […]