Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မကောင်းသူထိပ် ကောင်းသူထိပ်

ခုတစ်လော ဂေဇက်ထဲမှာရေးနေကြတဲ့

ရာသီစာလို့ခေါ်ရမလား ဘာသာရေးမျိုးစောင့်ဥပဒေလားဘာလား

အချို့ကတော့ ရောနိဥပဒေဆိုပြီးပြောကြတယ်

ဆိုလိုတာက apmufzkwf ဥပဒေပေါ့

ပြောရလည်းအခက်သားဘဲ လူတွေကလည်းဘုန်းကြီးဝိနည်းတွေသူတို့ အကုန်သိတယ်လေ ( သူတို့ဝိနည်းသာသူတို့မလိုက်နာတာ )

ဘုန်းကြီးနဲ့ဒီapmufzkwf ဥပဒေဘာဆိုင်လဲပေါ့

သူတို့ပြောတာလည်းဟုတ်တုတ်တုတ်ဘဲ

ဘုန်းကြီးတွေဖက်ကနေလည်းတွေးမယ်ထင်တာဘဲ

ကိုယ့်ဘာသာကိုကာကွယ်တဲ့အနေနှင့် ဒီလိုပြောလိုက်လို့ မသကာ ရိုးရိုးအာပတ်သင့်ယုံကလွဲလို့ဘာဖြစ်မှာတုန်းပေါ့

ရှိစေပါ့နော

ဒီနေရာမှာတွေးကြည့်တာက ယနေ့ နိုင်ငံထဲမှာဖြစ်နေတဲ့ပြဿနာတွေကို လုပ်တဲ့လူကလည်း သူ့နည်းသူ့ဟန်နဲ့သူလုပ်သွားပြီ

ဖြေရှင်းတဲ့သူတွေကလည်း သူ့နည်းသူ့ဟန်နဲ့ဖြေရှင်းနေကြတယ်

ပြောခြင်တာက ပြဿနာဖြစ်အောင်လုပ်နေကြတဲ့သူတွေကလက်တွေ့လုပ်တယ် ပြဿနာတွေဖြစ်တယ်

မျိုးစောင့်ဥပဒေဆိုတာကို လုပ်မယ့်လူတွေကလည်းလက်တွေ့လုပ်မယ်

ဒါက သူတို့ရဲ့အပိုင်း သူတို့ရဲ့ လက်တွေ့လုပ်နေတဲ့အပိုင်း

ဆိုတော့ကာ

ကျုပ်တို့ ဂေဇက်ထဲမှာ ယနေ့  မြန်မာနိုင်ငံမှသည် ကမ္ဘာကြီးထိ ဖြစ်တဲ့အကြောင်းတွေမှာဆိုရင် အကြောင်းရာအလိုက် ပြောဆိုဝေဖန်လေကန်ကြတာပါဘဲ

တစ်ယောက်တစ်မျိုးစီ ရေးကြဖတ်ကြဝေဖန်ကြတာကိုပါ

ကောင်းပါတယ်လို့ပြောရမှာက နည်းနည်းဂွကျနေတယ်

ဟိုဒါတစ်ခုသွားသတိရတယ်

ကျုပ် မြို့  အပြင်ဖက်ကို အကြောင်းတစ်ခုနဲ့ရောက်သွားတယ် လေယဉ်ကွင်းဘေးနားလေးပေါ့

သူ့ရဲ့ ဘေးအေပါ်ဖက်မှာ လေယဉ်ကွင်းနဲ့ဆက်သွယ်ထားတယ်ပြောနိုင်မလား မိုးပျံရထားလမ်းတစ်ခုရှိတယ် နောက်ပြီး မိုးပျံကားလမ်းပေါ့

ကျုပ်ရောက်သွားတာက အဲ့သည်မိုးပျံလမ်းတွေရဲ့ ဘေးအောက်က ခြံတစ်ခြံထဲကို

အဲ့သည်ခြံထဲမှာ ခွေးဖြူလေးတစ်ကောင်ကိုတွေ့တယ် ကြည့်လို့တော့နှစ်လိုဖွယ်လေးပေါ့

ထူးဆန်းတယ်ပြောရမလားဘဲ အဲ့သည်ခွေးလေးဟာ အိမ်အပြင်ကိုရောက်လာတဲ့အခိုက် လေယဉ်ပျံတွေပျံဆင်းပျံတက်တာကိုမြင်ရင် ဟောင်တယ်

မိုးပျံရထားလမ်းပေါ်က ရထားဖြတ်သွားတဲ့အသံကိုကြားရင်ဟောင်တယ် ကားလမ်းပေါ်က အသံကျယ်ကျယ်နဲ့ ကားဟွန်းသံကြားရင်သူဟောင်တယ်

သူ့ ပိုင်ရှင်ကပြောပြတယ် ဒီခွေးဟာ ဘယ်ခွေးနဲ့ မှမတူဘူး ဘယ်လိုဖြစ်သလည်းသူလည်းမသိပါဘူးတဲ့

လေယဉ်ပျံသံတွေ ရထားသံတွေ ကားဟွန်းသံတွေ ကိုကြားရင် ဟောင်မြဲဟောင်နေတာဘဲတဲ့

အမှန်မှာတော့ သူ့ခွေးအကြောင်းသူပြောတာဗျ ကျုပ်ကဘယ်လိုဘယ်လိုဂေါက်ပြီး ဂေဇက်ကိုသွားသတိရလည်းမသိဘူး

ကျုပ်လည်းတစ်ခုတွေးမိတယ် ဂေဇက်ထဲက လူပညာရှိတွေ ပညာရှိသတိဖြစ်ခဲဆိုသလိုမျိုး ကိုယ့်ဖာသာဂေဖက်ထဲအော်နေတာ

အဟုတ်မှတ်ပြီထင်မနေနဲ့

ကိုယ်အော်လိုက်တဲ့အကြောင်းလေးက ပြင်ပမှာ ဘယ်လောက်အကျိုးသက်ရောက်သလဲ လေ့လာ မရောက်ရင်ရောက်အောင်ဘယ်လို

လက်တွေ့လုပ်သင့်တယ် ဘာညာပေါ့ ( ဒီလောက်ပြောရင်နပ်မယ်ထင်ပါတယ် )

မဟုတ်လို့ကတော့ ဟိုခွေးထက်ဆိုး ဆိုသလိုဖြစ်ရင်တော့မချောင်ဘူးဗျို့

ပြောလို့သာပြောတာ အဲ့သည် ကိုယ့်apmufzkwfကိုယ်စောင့်ရှောက်တဲ့ပြဿနာကတော့ ရဟန်းနဲ့လူတွေကြားထဲ စိတ်လိုက်မာန်ပါမပြောကြဘို့လည်း

လိုလိမ့်မယ်ထင်ပါတယ်

ရဟန်းက ရဟန်းတွေးဘဲတွေးမှာပါ ဘယ်သူကပရောဂထည့်နေသလဲကိုယ်ကသိတာဘဲ တစ်ခါတစ်လေ ဆရာတော်တွေက

သူတို့ဘောင်ထဲကနေသူတို့ပြောတာကို စည်းလွတ်ဝါးလွတ်ဝေဖန်ကြတော့ ဘာသာရေးဖက်က နည်းနည်းတော့စိတ်ပျက်မိသား

ဒါပေသိဘာတတ်နိုင်မှာတုံး သဗ္ဗေသတ္တာဘဲလေ

ဘာဘဲဖြစ်ဖြစ် ဆိုခြင်တာက ကျုပ်တို့တွေ အကြောင်းအရာတစ်ခုပေါ်မှာ အလှူအတန်းတွေလုပ်ကြသလိုမျိုး လက်တွေ့သဘောဆောင်တဲ့လုပ်ရပ်မျိုး

ပြောခြင်တာက ဂေဇက်ထဲက တန်ဘိုးကြီးမားလှတဲ့ သမိုင်းမှတမ်းဝင်အကြောင်းတွေကို ပြင်ပမှဘယ်လိုလက်တွေ့ကျအောင်လုပ်နိုင်ကြမလည်းလို့

နည်းလမ်းလေးတွေ ရှာဖွေကြည့်ကြဘို့ပါ

စကားမစပ် ဂေဇက်ဘွဲ့နဲ့ စေတီတစ်ဆူလောက်တည်ရွှေချကိုးကွယ်ဘို့ စိတ်မကူးကြည့်မိကြပေဘူးလား။

ဘာရယ်တော့ဟုတ်ဘူးနော မကောင်းသူထိပ်ကောင်းသူထိပ်

10 comments

  • KZ

    June 29, 2013 at 3:46 pm

    တမီး ဂုုဂျိန်ဂစ ဘွာဆိုုဘွာမှ ကျောလော့ဘုု။
    ကျောဂျင်ရာကျောလော့ ဘူးးးးးး
    အဲဒါ ဘွပုုဂိုု ချိရိုု့ ။ဘွပ်ဘွပ်။
    ဂျဂါး နားထောင်ဒါါါါါါါါါ။ :mrgreen:
    လေကန်ရတာလည်း မောသွားးးး ပြီ။ :-X
    သဗ္ဗေသတ္တာဘဲလေ. :mrgreen:

  • lele kyi

    June 29, 2013 at 4:00 pm

    ဦးပုရေ-ဦးဘလက်ကပြောဘူးတယ်။ ဂေဇတ် လိုက်ဖ် အကြောင်းကို ” မိမိ ကိုယ်ကိုခိုးယူပေါင်းသင်းကြသူများတဲ့” လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ပြုပြီးပေါက်ကွဲခွင့်လေးတော့ပေးသနားပါဆြာပု။ 🙂

  • Mr. MarGa

    June 29, 2013 at 4:31 pm

    မကောင်းသူထိပ် ကောင်းသူထိပ်
    တို့မပါအောင် ဘေးမှာအိပ်
    ဘာတွေဖြစ်ဖြစ် အိပ်သာအိပ်
    သူ့အလိုလို ဖြစ်ပါလိမ့်
    ကွိကွိ

  • ဝင့်ပြုံးမြင့်

    June 29, 2013 at 5:05 pm

    ဝုတ် ဝုတ် ဝုတ် ဝုတ်။

  • ဦး ကြိမ်

    June 29, 2013 at 8:53 pm

    ကဲ ဘယ်သူဘာပြောအုံးမလည်း
    မရှင်းရင်၂ ခေါက်ဖတ်……။ပုံ
    ဘကြီးမဟာသန်းရွေသူရိယမိုက်ကယ်ဂျော်နီအောင်ပု။

  • San Hla Gyi

    June 29, 2013 at 9:05 pm

    ကိုမိုက်ကယ်ဂျော်နီအောင်ဘုရေ
    တခုတော့ ပြောချင်တယ်ဗျာ။ တချို့နေရာမှာ အမျိုးသမီးမိတ်ဆွေတွေ ဖတ်ရတာ တမျိုးဖြစ်မယ့် စာလုံးလေးတွေ နည်းနည်းတော့ ပြင်နိုင်ရင် ပိုကောင်းတာပေါ့ဗျာ။

  • မောင် ပေ

    June 30, 2013 at 1:33 pm

    မန်းတလေးမြို ့က ရွှေကရဝိတ် လဘက်ရည်ဆိုင် ပိုင်ရှင်
    “ ဟင်္သာကိုးသောင်း သမိုင်းလိမ်စာအုပ်ရေးသူ ” ကရဝိတ်မောင်မောင် ပြေးပြီ
    တစ်မိသားစုလုံး မလေးရှား ကို ပြေးသွားကြပါပြီ
    နိုင်ငံတွင်းရှိ … ဘာသာရေးပဋိပက္ခများတွင် ကုလား (ခ) မူစလင် များ နောက်မှ သွေးထိုးလှုံ ့ဆော် သူ ဟု အမည်တော်တော်ထွက်လာတာလဲ ကြာခဲ့ပါပြီ
    မဖမ်းခင် ပြေးသွားပြီ

  • အရီးခင်လတ်

    June 30, 2013 at 2:03 pm

    အော ….. ဘပု
    ရှင်က ဒီ လိုလား။
    ကမ္ဘာ နဲ့ချီပြီး အဝေးက ဟောင် သူတွေ ကို သတိပေး သ ပေါ့။
    ဟာ ဟ။
    ဒီလို ဆိုတော့ လဲ ပိုပြီး ကျယ်ကျယ် ဟောင် ပြဦးမယ်။
    ကြားကြစေသတည်း။ 😉

    ဟောင်တာ ကို အဆင့်မြင့်သွားအောင် နည်းပညာလေး ထည့်လိုက်ပါရစေ။
    အလုပ်လုပ်တဲ့ လူတိုင်းနီးပါး သိပါတယ်။
    အဖွဲ့အစည်း လုပ်ငန်းတွေ လည်ပါတ်မှု အတွက် အတန်းအစား အကြမ်းဖျင်း ၂မျိုး ရှိတာ။
    ဘိုလို ညှပ်ထည့်ပါရစေ။
    (၁) Operation Level
    (၂) Management Level
    အဲဒါက လုပ်ငန်းအဖွဲ့အသေး ကစလို့ နိုင်ငံ အုပ်ချုပ်ပုံ အထိ သဘော အတူတူဘဲ။

    Operation Level က လူတွေ က လုပ်ငန်း လည်ပါတ်ရေး အသေးစိတ် လက်တွေ့ လုပ်သူတွေပေါ့။
    သူတို့ လက်တွေ့လုပ်ရင်း ဖြစ်လာသမျှ အကောင်းအဆိုး ဖြစ်ရပ် တွေပေါ် မှာ မှတ်တမ်းထား ရပါတယ်။
    အဲဒီ ကနေ အချက်အလက် တွေ ကို Management Level ဆီ တင်ပြရပါတယ်။
    Management Level က အဲဒီ Report တွေ ပေါ်မှာ အခြေခံ ပြီး လုပ်ငန်း ပိုကောင်း အောင် အတွက် စီမံကိန်း တွေချ၊ ဆုံးဖြတ်ချက် တွေ လုပ်ရပါတယ်။
    အဲဒီ Management Level က ချပေးလိုက် တာတွေ ကို Operation Level က ထပ်ပြီး အကောင်အထည် ဖော်ပေါ့။
    ပြီးတော့ အဲဒီကနေ လက်တွေ့လုပ်ရင်း ဖြစ်လာသမျှ အကောင်းအဆိုး ဖြစ်ရပ် တွေပေါ် မှာ Management Level ကို ပြန်ပြီး Report လုပ်။
    ဒါဟာ ရိုးရိုး ရှင်းရှင်း စနစ် ဖြစ်စဉ်လေးပါဘဲ။
    အောင်မြင်တဲ့ လုပ်ငန်း အဖွဲ့ နိုင်ငံတိုင်း ဒီ လို စနစ် နဲ့ သွားပါတယ်။

    Management Level က လူတွေ က အသေးစိတ် ကို မလုပ်ပေမဲ့ အဲဒီ အသေးစိတ် တွေ ကို ခြုံငုံ သိနိုင်တဲ့ ပညာဉာဏ် ရှိရပါမယ်။
    ပြီးတော့ အသေးစိတ်လုပ်သူတွေ ထက် အနာဂါတ် ကို ပိုပြီး မြင်နိုင်တဲ့ ဝေဖန်ဆင်ခြင်နိုင်အား ရှိရပါမယ်။

    Management နေရာမှာ ရှိသူ ဟာ အရာရာတိုင်း အတွက် မျက်စိဖွင့် နားစွင့် ပြီး နဲ့ နေရမှာပါ။
    သူ့အောက်ခြေ က သူတွေ ဆီ က အချက်အလက် သတင်း တွေ ရဖို့ အမြဲ စောင့်နေတဲ့ သူ ဖြစ်ရမှာပါ။
    အဲဒီအတွက် Operation Level က သူတွေ ကို Report အတွက် နည်းပေါင်းစုံ နဲ့ တွန်းအားပေး တိုက်တွန်း သူဖြစ်ရမှာပါ။
    ဒါမှ သတင်းအချက်အလက်တွေ အများကြီး ရ- အဲဒီ ထဲ က အကျိုးရှိတာတွေ ကောက်နှုတ်သုံးပြီး လုပ်ငန်း မှာ ပိုအောင်မြင်အောင် အသုံးချနိုင် မယ်ပေါ့။

    ဒီတော့ ဟောင် တဲ့ ဆီ ကို ပြန်သွားရရင်
    ခွေးဟောင် တာ ကို ကြားလိုက်တာနဲ့ ဆင်ခြင်တတ်သူ ဆိုရင် ဘာလို့ ဟောင်သလဲ ဆို တာကို စမ်းစစ်ပါမယ်။
    ခွေးဟောင်တိုင်း ထ ကြည့် စရာ မလိုပေမဲ့ ဘယ်ခွေး က ဘယ်လို အကျင့် နဲ့ ဟောင် တယ် ဆိုတာ ကို သိနေရမယ်။
    လေယာဉ်သံ၊ ကားသံကြား ရင် ဟောင်တတ်တဲ့ ခွေး က ဟောင် တာဆို ရင် သူဟောင် တာနဲ့ အတူ လေယာဉ်သံ၊ ကားသံ ကိုပါ နားစွင့် ရမယ်။
    လေယာဉ်သံ၊ ကားသံ မကြား ရဘဲ ဟောင် နေတာ ဆို ရင်တော့ တစ်ခုခု မှား နေပြီ။
    ထကြည့်ရမယ်။
    မဟုတ်ရင် သူခိုးကပ်လို့ ဟောင်နေတာ ဖြစ်မယ်။

    ဒီတော့ ဆက်ရရင် ဂဇက်ထဲ မှာလဲ ဒီ လိုဘဲ။
    ဟောင်နေတာဘဲ။
    လေယာဉ်သံ၊ ကားသံ တွေကြောင့် ဟောင် တဲ့ ခွေးတွေလား?
    သူခိုးကပ်လို့ ဟောင် တဲ့ ခွေးတွေ လား?
    ဆိုတာ ကတော့ ဒီ ခွေး တွေ ထက် သာတဲ့သူ တွေက စမ်းစစ်ဖို့ တာဝန်ဘဲ။

    အမှား၊ အမှန် အများကြီး တွေကြားမှာ ဝေဖန် သုံးသပ် ရမှာ Management လို့ အမည်ခံ တွေ တာဝန်ဘဲ။

    ဒီတော့ ဘပု ရေ။
    အဝေးက မဟုတ်တဲ့ သူတွေ တာဝန်က ဟောင်ဖို့ဘဲ။
    အကြောင်းရှိလို့ ဟောင် တာတော့ ဖြစ်သင့်သပေါ့။
    ဘာလုပ် ရမယ် ဆိုတာ စမ်းစစ် ဖို့ က ကိုယ့်တာဝန်မဟုတ်။
    ဘက်စုံရှုဒေါင့် က အခြားအချက် တွေ နဲ့ ပေါင်းစည်းပြီး စမ်းစစ်ရမှာ က Management များ အလုပ်။

    ဟို ခွေးဖြူ လေးထက် သာအောင် လို့ တော့ ရှင့် Post ထဲ က အနှစ် လေး ဆွဲထုတ် ပြီး အကြံပြုပါမယ်။
    {{{ ကိုယ့်ဖာသာဂေဖက်ထဲအော်နေတာ အဟုတ်မှတ်ပြီထင်မနေနဲ့ ကိုယ်အော်လိုက်တဲ့အကြောင်းလေးက ပြင်ပမှာ ဘယ်လောက်အကျိုးသက်ရောက်သလဲ လေ့လာ မရောက်ရင်ရောက်အောင်ဘယ်လို လက်တွေ့လုပ်သင့်တယ် ဘာညာပေါ့ }}}

    ဒီ Post မှာ ကျွန်မ ဟောင် တဲ့ အကြောင်း က
    Management များ အချက်အလက် သတင်း (ဟောင်တာ တွေ အပါအဝင်) တွေ ကို ဖတ်တတ်တဲ့၊ စမ်းစစ်တတ်တဲ့ အရည်အချင်း ပြည့်ဝ စေလို ပါတယ်။
    စမ်းစစ်ကြည့်ကြပါ။ (ကြားလား)
    လက်တွေ့ ဘယ်လို စမ်းမလဲ။ (ကြားလား)
    လွယ်လွယ် နည်း လေး တစ်ခုပြောမယ်။ (ကြားလား)
    အားလုံးနီးပါးသိတဲ့ Excel ထဲ မှာ Management တွေ အတွက် “what-if analysis” ဆိုတာလေး ရှိတယ်။ (ကြားလား)
    အဲဒါက ဖြစ်လိုက် တဲ့ အကြောင်း အချက်တစ်ခု (သို့) အများ ပေါ် မှာ ရလာဒ် တွေ ဘယ်လိုပြောင်းတယ် ဆိုတဲ့ အကျိုးဖြစ်တာ ကို ပြပေးတာ။ (ကြားလား)
    ရလာဒ် ဘာ ဖြစ်ချင် ရင် ဘယ်လို အချက် တွေ ကို ဘယ်လိုပြင်ရ မယ် ဆိုတာ ပြောတယ်။
    (ဥပမာ – ဒီမိုကရေစီတော့ လိုချင် ပါတယ်၊ လူကို လူချင်း ခွဲထားချင် စိတ် မရှိအောင် ပြင် မှရမယ် … လွတ်လပ်စွာ ပြောဆို ဝေဖန်ခွင့် ကို ပိတ်ထားတယ်၊ ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ဘူ… ။ ဒီသဘောမျိုး။) (ကြားလား)
    အဲဒီက ထွက်လာတာတွေကို ဖတ်တတ်လား။ ဖတ်ကြည့်။ (ကြားလား)
    မဖတ်တတ်ရင် သင်၊ တတ်ရင်လုပ်။ (ကြားလား)
    မလုပ်နိုင်ရင် ဖယ်။ (ကြားလား)
    အဲဒီ Analysis တွေ ထက် အဆပေါင်းများစွာ ခက်တာ၊ သာတာတွေ ကို “ဒေါ်အောင်ဆန်းစုကြည်” ဖတ်တတ် စမ်းစစ်ဝေဖန်တတ်၊ အမှန်ရအောင်အကြံပြုတတ် တယ်။ (ကြားလား)

    ဘာ ….
    မကြားဘူး တဲ့လား။
    မြန်မာပြည် က Management တွေ ရဲ့ နား ကို စစ်ဆေး ကြပါဗျို့။
    အသံ တွေ မကြားဘူးတဲ့။

    ဒါဘဲ။
    ငှဲ၊ငှဲ၊ငှဲ၊ငှဲ၊ငှဲ။ (မူပိုင် ရှိပါက ကြေငြာ ပါ)
    😆

    PS –
    ဟောင်သံ တွေကို မကြားဘူး ထင်လို့ လား။
    ရွာထဲ မှာ စပိုင်နား တွေ ဒီလောက်ပေါတာ။
    လေယာဉ်ပျံသံကြောင့် ဟောင် နေတာ သတ်မှတ်ပြီး နားထဲ ဂွမ်းစို့ ထားကြတာ။
    ဒီတော့ ဟောင်မှာဘဲ၊ ဟောင်မှာဘဲ။
    ကြားချင်သူတွေကြား ပေတော့။

    “မကောင်းသူထိပ်၊ ကောင်းသူထိပ်”
    😛

    (မြန်မာပြည်မှ Managementများသည် အဝေးက ဟောင်နေ သူ များထက် ပိုတတ်သိနားလည်ကာ ဉာဏ်ပညာကြီး ပြီး မျက်စိဖွင့်၊ နားစွင့် စေတနာမှန် သဘောမှန်ဖြင့် ဝေဖန်ချင့်ချိန် စမ်းစစ် နေသူများ ဖြစ်လာစေရန် ဆုမွန်ချွေလျှက်)

  • ဝင့်ပြုံးမြင့်

    July 1, 2013 at 12:00 am

    Hark! Hark!
    The dogs do bark.
    The beggers are coming to town.
    Some in rags,
    Some in tags,
    Some in velvet gowns.

Leave a Reply