ဆုတောင်းမှားခဲ့လေသလား

bigbirdMarch 21, 20111min1829

ဘယ်သွားသွားမခွဲ အမြဲအတူတူနေခဲ့တာ မျောက်ထီးလေးမွေးပြီးမကြာခင်ကတည်းကပါပဲ။
မျောက်ထီးလေးကခြောက်လသား..ခွေးမလေးက ၃ နှစ်သမီး
ထိုင်းနိုင်ငံတောင်ပိုင်း စုံခလာ မြို့ကပါ။ ဆုတောင်းမှားခဲ့တာလားဟင်။

9 comments

  • ဆူး

    March 21, 2011 at 4:02 pm

    ဆွေတော် မျိုးတော်တွေ ချစ်လို့ နေမှာပေါ့။ လူတောင် ခွေးချစ်လို့ အနားမှာ ထားသေးတာဘဲ မျောက်လည်း လူလို ခွေးချစ်လို့ နေမှာပေါ့။

  • bigbird

    March 21, 2011 at 4:06 pm

    ချစ်တော့ချစ်တယ်ကိုကိုရယ်..ဒီလိုမလိုက်နဲ့။
    အမြဲတမ်းလိုက်နေတော့ စိတ်ရှူပ်စရာကြီး။

  • ဆူး

    March 21, 2011 at 4:16 pm

    ကျေနပ်လို့ အဆင်ပြေနေတာ မုဒိတာ ပွားလိုက်ပါ။
    အကောင်သေးတော့ ကျောပေါ်တက်နေလည်း အဆင်ပြေနေပုံရပါတယ်။

  • kopauk mandalay

    March 21, 2011 at 4:35 pm

    အဲဒီခွေးက မျောက်ကိုအရင်ဘဝက ပေးစရာအကြွေးတွေမဆပ်ခဲ့လို့နေမှာနော်

  • Gong Zhu

    March 21, 2011 at 4:40 pm

    အဲဒီလိုပဲ ခွေးထီးက ခွေးမနား ကပ်တဲ့ ခွေးတွေကို လိုက်ကိုက်တာတွေ့ဖူးတယ် …

    • ဆူး

      March 21, 2011 at 4:52 pm

      ခွေးထီးက ခွေးမ နား ကပ်ရင် လိုက်ကိုက်တာထက် တခြား တနေရာက ခွေးတကောင်ကောင်များ ရပ်ကွက်ထဲ ဝင်လာလို့ကတော့ ရပ်ကွက်ထဲက ခွေးတွေ ဝုန်းဒိုင်းကျဲတော့တာဘဲ။ ကိုယ်တောင် အဲဒီနား ဖြတ်မသွားရဲဘူး လိုက်ဆွဲတဲ့ အထဲ ပါသွားမှာ စိုးလို့။ ဘာမှ မဟုတ်တဲ့ ခွေးတွေတောင် နယ်မြေလုတာ တိုက်ပွဲ တော်တော် ကြီးကျယ်တယ်။

  • bigbird

    March 21, 2011 at 4:42 pm

    ကိုပေါက်ပြောတာလဲဖြစ်နိုင်တယ်။ခုနက မစဉ်းစားမိဘူး။

  • etone

    March 22, 2011 at 4:12 am

    အမျိုးမတူပေမဲ့ အတိတ်ဘဝမှာ ဘာတွေ တော်စပ်ခဲ့လဲမှ မသိတာ … ။ ခွေးသာပြောတယ် အမွေးက မြောက်ထက်တောင် ထူသေးတော့ … သူ့ အမေ အောက်မေ့လို့ကပ်တာ ထင်တယ်…. ။ နောက်ပြီး …. မွေးကတည်းက ဘေးမှာ ချထားပေးလို့ ယဉ်ပါးပြီး ခင်နေလားမှ မသိတာ… ။ ဘာဖြစ်ဖြစ် မြင်ရတာ စိတ်ချမ်းသာတယ်…

  • ယောလေး

    March 22, 2011 at 4:18 pm

    ဟုတ်တယ်ဗျာ…ဘယ်လိုပြောရမှန်း မသိတဲံ့ သံယောဇဉ်ပဲ…

Leave a Reply