အက်စစ်မိုး

unclegyi1974April 4, 20111min1614

ဂျပန်မှာငလျင်ကြီးလှုပ်ပြီးအနုမြူဓာတ်ပေါင်းဖိုကြီးတွေပျက်စီး

ကုန်လို့ အနုမြူဓာတ်ရောင်ခြည်တွေပြန့်ကုန်တာအားလုံးသိ

ပြီးဖြစ်မှာပါ ဖြစ်ကာစကသတင်းတွေအမျိုးမျိုးထွက်ပြီးမြန်မာ

ကလူတွေအထိတ်တလန့်ဖြစ်ကုန်ကြသေးတယ်ဘယ်သူူကစ

လိုက်မှန်းမသိတဲ့အက်စစ်မိုး အကြောင်းပါမစဉ်းစားဘဲယုံတဲ့သူတွေကလည်းသတင်းတွေ

ချက်ချင်းဖြန့်ကြနဲ့တော်လေးလှုပ်ခတ်သွားပါတယ်

လင်း ဆေး ၁ ရေးတဲ့ အိုင်တီမိစ္ဆာ ဆိုတဲ့ဆောင်းပါးလေးဖတ်

ပြီးသဘောကျတာနဲ့ ဆိုလိုရင်းကိုအတိုချုပ်ပြီးအတတ်နိုင်ဆုံး

ပြန်လည်ဖော်ပြလိုက်ပါတယ်

 

အက်စစ်မိုးဆိုတာလေထုထဲကကျလာသောအစိုအနည်

(wet deposition) ညွှန်းသောယေဘူယျအခေါ်အဝေါ်လို့

ပြောပါတယ်  အနည်ကျခြင်းသည်လေထုညစ်ညမ်းမှုတမျိုး

ဖြစ်ပြီးအနယ်ကျခြင်း ၂ မျိုးရှိပါတယ်

အခြောက်အနယ်ကျခြင်းနှင့်အစိုအနယ်ကျခြင်းလို့ခွဲထားပါတယ်

မိုး မိုးသီး နှင်း မြူ စသည်တို့သည်အစိုအနယ်ကျခြင်းဖြစ်ပြီး

အမှုန်များနှင့်ဓာတ်ငွေ့များလေထုတွင်းမှကမ္ဘာမြေပေါ်သို့

ပြန်ကျလာခြင်းကိုအခြောက်အနယ်ကျခြင်းဟုသတ်မှတ်ပြီး

အက်စစ်မိုးကိုအခြောက်အနယ်ကျခြင်းလို့သတ်မှတ်ပါတယ်

အက်စစ်မိုးကိုလေထုညစ်ညမ်းမှုတခုအဖြစ်သတ်မှတ်ပြီး

အက်စစ်မိုးအဖြစ်သတ်မှတ်နိုင်ရန်ရွာသွန်းသောမိုးရေကို

pH တိုင်းကြည့်ရပါတယ်ချဉ်ဖန်ဓာတ်အချိုးလို့လည်းခေါ်

ပါတယ်  ယျေဘူယျအားဖြင့် pH 5.6 ထက်နည်းလျှင်ထို

မိုးရေကိုအက်စစ်မိုးဟုသတ်မှတ်ပါတယ်

အက်စစ်မိုးဖြစ်ပေါ်ခြင်းမှာကမ္ဘာမြေမှနေ့စဉ်ထုတ်လွှတ်နေ

သောမီးခိုးများကြောင့်တနည်းကာဗွန်ဒိုင်အောက်ဆိုဒ်များ

ကြောင့်ဖြစ်ပါတယ် ထိုဓာတ်ငွေ့များမိုးရေနှင့်ဓာတ်ပြုပြီး

ကာဗွန်နစ်အက်စစ်ခေါ်အက်စစ်ပျော့တမျိုးဖြစ်လာပါတယ်

ထိုအက်စစ်ပျော့၏တန်ဖိုးမှာpH 5.6 ဖြစ်ပါတယ်

 

လူတို့ရေသန့်အဖြစ်သတ်မှတ်ထားသောစံ pH 7 ရှိသော

ရေသန့်သည်သန့်ရှင်းသောသောက်ရေဟုအဓိပ္ပါယ်မသတ်

မှတ်ပဲ အက်စစ်မဟုတ်ဘေစ်မဟုတ်အရည်

တနည်းကြားနေအရည်ဟုအဓိပ္ပါယ်သတ်မှတ်ကြောင်းရှင်းပြပါတယ်

ph7 ထက်နည်းသောအရည်သည်အက်စစ်

pH7 ထက်များသောအရည်သည်ဘေစ့်သို့မဟုတ်အယ်ကာလီ

ဟုသတ်မှန်ပါသည်

 

အက်စစ်မိုးဖြစ်စေသောပင်မဓာတ်ငွေ့၂ မျိုးမှာဆာလ်ဖာဒိုင်

အောက်ဆိုဒ် နှင့်နိုက်ထရိုဂျင်အောက်ဆိုဒ်ဓာတ်ငွေ့များဖြစ်

ပါတယ် ထု်ိဓာတ်ငွေ့ ၂ မျိုးအဓိကထွက်သည့်နေရာများမှာ

လျှပ်စစ်ဓာတ်အားပေးစက်ရုံ ယာဉ်ရထား ယန္တရား စက်ရုံ

အလုပ်ရုံ လောင်စာများမီးရှို့ခြင်းစသည်တို့ဖြစ်ပါတယ်

 

အဆိုပါနေရာများမှဓာတ်ငွေ့များလေထုတွင်းရောက်သွားပြီး

ဓာတ်ပြုမှုများကြောင့်ဆာလ်ဖြူရစ်အက်စစ်အပျော့နှင့်

နိုက်ထရစ်အက်စစ်အပျော့များဖြစ်သွားကာမိုးရေနှင့်အတူ

ကမ္ဘာမြေသို့ပြန်လည်ကျရာက်လာပါသည်မိုးရေ မိုးသီး

နှင်း မြူတိမ် အဖြစ်ကျရောက်ခြင်းကိုအစိုအနယ်ကျခြင်းဟု

ခေါ်ပြီးအငွေ့ အမှုန် အမှုန့်အဖြစ်အနယ်ကျခြင်းကိုအခြောက်

အနယ်ကျခြင်းဟုခေါ်ဆိုတယ်လို့ရှင်းပါတယ်

အက်စစ်မိုးဟုဆိုတိုင်းအရည်များနှင့်သာဆိုင်သည်အရည်များ

ကိုသာညွှန်းသည်ဟုယူမှတ်၍မရကြောင်း

အက်စစ်မိုးအရေပြားနှင့်ထိလျှင်အရေပြားများလောင်စားသွား

ခြင်း မျက်စိတွင်းဝင်လျှင်မျက်စိကန်းခြင်း နားတွင်းဝင်လျှင်

နားကန်းခြင်းပါးစပ်တွင်းဝင်လျှင်အူပြတ်မည်ဟုထင်စရာရှိ

ကြောင်း ထိုသို့လုံးဝမဟုတ်ကြောင်း အက်စစ်မိုးမိုးရေ

သည် pH 7 ထက် နည်းသောမိုးရေသည် အမြင်အားဖြင့်

သာမန်မိုးရေဖြင့်မည်သို့မှမခြား ကြောင်း သောက်ကြည့်လျှင်

သာမန်မိုးရေနှင့်မည်သို့မှမခြား ပါးစပ်တွင်းဝင်၍လည်းအူမ

ပြတ်ကြောင်း မိမိတို့နေ့စဉ်စားနေသောငရုပ်ဆီတွင်ဆာလ်

ဖြူရစ်အက်စစ်ပျော့ပါဝင်ပြီးဖြစ်ကြောင်း အက်စစ်မိုးနှင့်တိုက်

ရိုက်ထိလျှင်လည်းမည်သို့မှမဖြစ် သာမန်မိုးရွာစဉ်ကဲ့သို့

ဘာမှမဖြစ်

တခုသာဖြစ်နို်င်ကြောင်းအမှုန်များအနယ်ကျလာသောအခါ

လေနှင့်အတူလွင့်ပါလာပြီးလူတို့၏အသက်ရူလမ်းကြောင်း

အတွင်းသို့ဝင်ရောက်နို်င်ခြင်းပင် ထိုအခါရင်ကျပ်ပန်းနာထ

နိုင်သည် လေပြွန်ရောင်ရောဂါရနိုင်သည်

အချုပ်အားဖြင့်နျူဓာတ်ပေါင်းဖိုပေါက်တု်ိင်းအက်စစ်မိုးမဖြစ်

အက်စစ်မိုးထိတိုင်လည်းကျမ္မာရေးမထိခိုက်နိုင်ကြောင်း

ထပ်ဆင့်အသိပေးအပ်ပါကြောင်း

 

4 comments

  • bigcat

    April 5, 2011 at 2:42 am

    စာထဲမှာ ဆာလဖြူရစ်တို့ အယ်ကာလီတို့ပါလို့ အန်တယ်ဂျီးကို ကမ်မစ်ဆတြီနဲ့ဘွဲ့ရတယ်ထင်တာ တကယ်တမ်းတော့ ဖီးဆစ်နဲ့ပြီးသကိုး။ ကျေးဇူးပါအန်တယ်ရေ၊ အက်ဆစ်မိုးဆိုလို့သာလိုက်မိုးနေတာ အခုမှ ရှင်းသွားတယ်။

  • kai

    April 5, 2011 at 8:12 am

    တကယ်တော့.. မြန်မာတွေ..အက်စစ်မိုးမဟုတ်..အက်စစ်ရည်နဲ့ရင်းနှီးနေတာ ကြာခဲ့ပါပြီ..။
    လမ်းဘေးမှာ.. ဆိုင်တွေမှာ.. သံပုရာရည်လို့ အော်ရောင်းနေတာတွေက.. အက်စစ်ရည်တွေပါ..။

    ဗက်ထရီထဲ ထည့်တဲ့ အက်စစ်ကို ရေများများရော.. ဆေးသကြားခပ်.. အဝတ်ဆိုးတဲ့ အဝါရောင်ဆိုးဆေးနည်းနည်းလေးထည့်လိုက်ယုံပါပဲ..။

    ဒန်တန်တန်…။

  • etone

    April 5, 2011 at 10:07 am

    ACID ဆိုရင် ဟိုလေးယောက်ပဲ ပြေးမြင်တယ် ။ တယောက်တော့ လျှောရှာဘီနော် ။

  • ဆူး

    April 5, 2011 at 1:57 pm

    နာဂစ် တုန်းက ရွာတဲ့ မိုးက.. အက်ဆစ် ပျင်းတယ် ထင်တယ်..
    မိုးရေထိပြီးတဲ့ လူတွေ အသားတွေ နီစပ်နေတယ် ပြောတယ်။
    မိုးသီး မိုးစက်တွေကလည်း တော်တော် ပြင်းတယ် နာတယ်လို့ ကာယကံရှင်တွေ ပြောကြတာဘဲ။

Leave a Reply