မိုး မိုးဆိုတာနဲ့ သန်းထွဏ်းလေးရဲ့ “ မိုးရွာမှ ပျိုးသာနိုင်မလေ ………… “ ဆိုတဲ့ သီချင်းစာသားလေးကို အမှတ်ရမိပါတယ်။ မှန်ပါတယ် မိုးရွာမှ တောင်သူလယ်သမားများအတွက် အဆင်ပြေမှာပါ။ ဒါပေမယ့် အခုအရမ်းကို မိုးနည်းနေလို့ တောင်သူလယ်သမားတွေ အရမ်းစိတ်ညစ်နေရပါတယ်။ နောက်တစ်ခုက ရွာဘက်တွေမှာ အရမ်းရေရှားပါတယ်။ မိုးရွာလို့ ဆယ်မြောင်းတွေ ပြည့်မှ သောက်ရေ သုံးရေ ရရှိကြတာဖြစ်ပါတယ်။ အခုလို မိုးမရွာတော့ တောင်သူလယ်သမားတွေနဲ့ ရွာသူရွာသားတွေအဖို့ ရင်လေးစရာပါ။ တောင်သူမရှိတဲ့ ရန်ကုန်မှာတော့ နေ့တိုင်းလိုလို မိုးရွာနေတယ်လို့ ကြားရပါတယ်။ အင်းးးးးးးးးးး မိုးမင်းကြီးကို ဂေဇက်ရွာသူ ရွာသားများ မိုးရွာအောင် ဝိုင်းပြီးဆုတောင်းပေးကြပါဦးလို့ တောင်းဆိုပါတယ်ရှင်။ ပြောမယ့်သာပြောရတယ် ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်……………………………………………………………………………………