ShwemannmayJuly 16, 20101min2081
မန္တလေးဂေဇက်ရဲ  ့ဘယ်ဖက်ကော်လံကိုကြည့်လိုက်ပါ ပို ့စ်အသစ်တင်သူများဆိုင်ရာ တော့ပစ်ကိုရွေးဖို ့မမေ့အောင့် မက်ဆေ့ချ်ပို ့ထားတာတွေ ့ပါလိ်မ့်မယ်။ အက်ဒမင်ရ ဲ ့ဆန္ဒကိုလေးစားသောအားဖြင့်ပေ့ါ. တော့ပစ်လေးရွေးပေးကြရအောင်။ဒါကျဘယ်ခေါင်းစဉ်အောက်မှာထားရပ။ ရှိတဲ့အထဲက သင့်တော်မယ့် ၂ ခုရွေးပီးတင်ကြည့်လိုက်ပါပီ။


ShwemannmayJuly 15, 20101min79623
မေးလ်မှာဒီလိုပါပါတယ် မင်းသမီးတွေ အမှုဇြစ်နေကြတဲ့ခေတ်မှာ မင်းသမီး ပန်းဖြူ ရဲ့အမှု့အကြောင်း သတင်းကြားပြီးပြီလား။ သူ့အပေါ်ယုတ်မာ ရက်စက်မိုက်ရိုင်းသွားတဲ့ ကိုဇော်ဝင်းရှိန် ဆိုတဲ့သူကို ပြစ်မှု့ပုဒ်မ ၄၁ရ နဲ့ တရားစွဲထားတာတဲ့လေ။ ဇော်ဝင်းရှိန် ဆိုတာသိလား ?။ ဟိုတစ်လောက DVB မှာ ပေါ်ပြူလာဖြစ်တဲ့၊ ကမာ္ဘအေးဘုရားလမ်းပေါ် က နံမည်၈လုံးနဲ့လူကြီးသား နဲ့ ရှယ်ယာစပ်တူဖွင့်ပြီး၊ ကမန်းကတန်း ပြန်ဖျက်လိုက်တဲ့၊ 7 LEKKER COFFEE SHOP ပိုင်ရှင်၊ DELTA UNITED ဘောလုံးအသင်း ရဲ့ ဥက္ကဌ ဟောင်း ၊ဧရာဟင်္သာ ကုမ္ပဏီ ပိုင်ရှင်ဆိုတဲ့ လူတစ်ယောက်နဲ့ ၂၀၀၂ ခုမှာ စတင်ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတယ်တဲ့။ ၂၀၀၃ ခုနှစ်ထဲလည်းရောက်ရော ဇော်ဝင်းရှိန်ရဲ့ လက်ထပ်ကြမယ် ဆိုတဲ့ စကားကို […]


ShwemannmayJuly 10, 20102min2584
မြန်မာ့ယဉ်ကျေးမှုနှင့် ဆီလျော်ကိုက်ညီမှု မရှိသော သရုပ်ဆောင်ဓာတ်ပုံများအား လွန်ကဲစွာ ဖော်ပြထားမှုအတွက် ဂျာနယ်အချို့ကို ထုတ်ဝေခွင့် ယာယီရပ်ဆိုင်း မြန်မာ့ယဉ်ကျေးမှုနှင့် ဆီလျော်ကိုက်ညီမှု မရှိသော ဝတ်စားဆင်ယင်မှုနှင့် ကိုယ်ဟန်အနေအထား ပါရှိသည့် သရုပ်ဆောင်ဓာတ်ပုံများအား လွန်ကဲစွာ ဖော်ပြထားမှုအတွက် ဂျာနယ်အချို့ကို ဌာန၏ စီမံခန့်ခွဲမှု နည်းလမ်းအရ ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်း အရေးယူထားကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယခုကဲ့သို့ ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခံရသည့် ဂျာနယ်များမှာ ပေါ်ပြူလာ အနုပညာဂျာနယ်နှင့် Envoy သတင်းဂျာနယ်တို့ ဖြစ်ကြောင်း သိရပါသည်။ “တစ်ခုခုဆိုရင် ကျွန်တော်တို့က တားဆီးတယ်၊ ပိတ်ပင်တယ်ဆိုပြီးတော့ပဲ အမြဲဝေဖန်ခံရပါတယ်။ တကယ်တော့ လွတ်လပ်တယ်ဆိုတဲ့ နေရာမှာ အကန့်အသတ်ရှိရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများနဲ့ ပတ်သက်တဲ့ […]


ShwemannmayJuly 10, 20101min1850
အလဲဗင်းဆိုဒ်မှာ မဲပေးခဲ့တာပါ ။ အဲဒီဂျာနယ်မှာပဲ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ် ၊ကောလိပ်အရေအတွက်ပာာ အရှေ ့တောင်အာရှမှာတော့ အများဆုံးနေရာမှာရောက်သွားပီလို ့ဆိုပါတယ်။ အရေအတွက် ထိပ်ကိုရောက်သွားပေမယ့် အရည်အချင်းဘယ်နေရာမှာလဲဆိုတာတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ယေဘုယျအားဖြင့်ပြောရရင်တော့မြန်မာ့ပညာရေးပာာ နောက်တန်းမှာရောက်နေတာ အတော်ကြာနေပါပီ။ ဒါကိုပြုပြင်နိုင်မယ်ဆိုရင်တော့ အရေအတွက်ရော အရည်အချင်းရော ထိပ်တန်းဖြစ်သွားမှာပါပဲ။ နိုင်ငံတစ်နိုင်ငံ၏ အဆင့်မြင့်ပညာရေး တိုးတက်စေရန် မည်သည့်အရာသည် အရေးကြီးပါသနည်း။ Select Poll Select a poll from the listသင်အနှစ်သက်ဆုံးဂျာနယ်Online မှ ဘယ်ပုံစံနှင့် သတင်းပိုဖတ်ချင်သလဲ ?အနုပညာဂျာနယ်လစ်များ စာနယ်ဇင်းကျင့်ဝတ်ကို အပြည့်အဝ လိုက်နာမှုရှိသည်ဟု ထင်မြင်ယူဆ ပါသလား?ချောင်းဆိုးပျောက်ဆေး (သို့) အာနိသင်တူ ဆေးဝါးများကို တွဲစပ်၍ မူးယစ်ဆေးဝါးအသွင် အလွဲ အသုံးချမှုကို မိမိပတ်ဝန်းကျင်တွင် တွေ့ဖူးပါသလား ။အင်တာနက်ပေါ်တွင် ဆိုင်ဘာအသရေဖျက်မှု […]


ShwemannmayJuly 8, 20101min2843
အမေရိကန်နိုင်ငံရှိ Apple အမှတ်တံဆိပ် နည်းပညာပစ္စည်းများကို ရောင်းချသည့် Apple Storeတွင် မြန်မာပညာရှင်နှစ်ဦး ရေးဆွဲထားသော iPhone များတွင်သာကစားနိုင်သည့် ဂိမ်းအမျိုးအစား တစ်မျိုးသည် စတင်ရောင်းချချိန်မှစ၍ ယခုအချိန်အထိ အရေအတွက်၃ဝကျော် ရောင်းချခဲ့ရကြောင်း အထက်ပါ ပုဂိ္ဂုလ်နှစ်ဦးထံမ ှသိရသည်။ ယင်းဂိမ်းကို Game Designerနှင့် Game Developer နှစ်ဦးက ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ iPhone အမျိုးအစားအားလုံးတွင် ကစားနိုင်သည့် Pure Turbo Puzzle Match 3 ဂိမ်းအမျိုးအစားအား အမေရိကန်နိုင်ငံ Apple Store တွင် ယခုလ၆ရက်မှ စတင်ရောင်းချခဲ့ပြီး ရောင်းချသည့် ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ဝဒသမ၉၉ ဖြစ်သည်။ ရည်ရွယ်ချက်မှာ iPhoneများတွင်ကစားနိုင်သည့် အဆိုပါဂိမ်းသည် ရှုပ်ထွေးနိုင်သည့် ဂိမ်းအမျိုးအစားများကို မကစားလိုသောသူများနှင့် လူငယ်များအတွက် […]


ShwemannmayJuly 8, 20102min2953
 ပြည်ပရောက် မြန်မာလူမျိုး အိမ်ထောင်ရှင်အချို့ မိသားစုအား ပြန်မဆက်သွယ်တော့သည့် ဖြစ်ရပ်များ ယခင်ထက်ပိုမိုလာ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအချို့ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများကို အလေးထား ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လာနေပြီဖြစ်ပြီး ပြည်ပရောက် မြန်မာလူမျိုး အိမ်ထောင်ရှင်အချို့ မိသားစုအား ပြန်မဆက်သွယ်တော့သည့် ဖြစ်ရပ်များ ယခင်ကထက် ပိုမိုလာကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူများထံမှ သိရှိရသည်။ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအမျိုးသား၊ အမျိုးသမီးအချို့မှာ မြန်မာ့ဓလေ့၊ ယဉ်ကျေးမှုနှင့် လူမှုရေးအစဉ်အလာကောင်းများကို လျစ်လျူရှုမှုများ ပြုလုပ်လာကြောင်း သိရှိရပါသည်။ “ကျွန်မအမျိုးသားက မလေးရှားမှာသွားပြီး အလုပ်လုပ်နေတာ အခုဆိုရင် လေးနှစ်ကျော်သွားပါပြီ။ ပထမတစ်နှစ်ခွဲအထိတော့ အိမ်ကို ငွေမှန်မှန်ပို့ပေးပြီး အဆက်အသွယ်လည်း လုပ်ပါတယ်။ နောက်ပိုင်းကျ ငွေလည်း မပို့တော့သလို အဆက်အ သွယ်လည်း လုံးဝမရတော့ပါဘူး။ ကျွန်မတို့လည်း […]


ShwemannmayJuly 8, 20102min2572
မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ် အရေအတွက်မှာ ၁၅၉ ခုအထိ ရှိလာကြောင်း သိရှိရသည်။ ယင်းသို့ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဖွင့်လှစ်သင်ကြားပေးနေသော တက္ကသိုလ်၊ ကောလိပ် နှင့် ဒီဂရီကောလိပ်များ၏ အရေအတွက် စုစုပေါင်းသည် အာဆီယံဒေသတွင်း နိုင်ငံများတွင် အရေအတွက် အများဆုံးဖြစ်ကြောင်း သိရှိရသည်။ မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ် အရေအတွက် ၁၅၉ ခုတွင် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ် အရေအတွက်မှာ ၁၃၉ ခု၊ အခြားဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ် ကောလိပ်နှင့် ဒီဂရီကောလိပ် အရေအတွက်မှာ ၂ဝ ခု ဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်တွင် […]


ShwemannmayJune 22, 20101min3168
ဂျပန်နိုင်ငံမှ အဖော်အချွတ် စတား တစ်ဦးက တရုတ်နှင့် ဂျပန် စစ်ပွဲများ ဖြစ်ပွားခဲ့စဉ်က ဂျပန်တို့ ကျူးလွန်ခဲ့သည့် ပြစ်မှုများ အတွက် တရုတ်တို့အပေါ် သူမ တတ်နိုင်သည့် နည်းလမ်းဖြင့် ပြန်လည် ပေးဆပ်ရန် ကမ်းလှမ်းလိုက်ကြောင်း သိရသည်။ တိုင်းပြည်၏ အမှားများ အတွက် သူမနှင့် အတူ တရုတ် ကျောင်းသားများကို လိင် ဆက်ဆံခွင့် ပေးသွားရန် စိတ်ကူးထားကြောင်း ရွန်ချီအန်ရီက ပြောကြားခဲ့သည်။ (၁၉၃၇) ခုနှစ်အတွင်းက ဂျပန် စစ်သားများ တရုတ်တို့အပေါ် ကြမ်းတမ်း ရက်စက်စွာ ပြုကျင့် ခဲ့မှုများကို သိရှိလာရပြီးနောက် သူမ ကိုယ်သူမ ဂျပန်နိုင်ငံသား တစ်ဦး အနေနှင့် ရှက်လာ မိသည်ဟုဆိုသည်။ တိုကျိုမြို့တွင် နေထိုင်သည့် ဆွဲဆောင်မှု ရှိလှသည့် အသက်(၂၄) […]


ShwemannmayJune 22, 20101min2121
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းသည် ရာသီဥတုပြောင်းလဲမှုများကို ရင်ဆိုင်လုပ်ကိုင်နေရကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး၏ ပြောကြားချက်အရ သတင်း ရရှိပါသည်။ “ဒီနှစ် ရာသီဥတုပြောင်းလဲမှုတွေ ကြုံရတာကို အားလုံးသိပါတယ်။ဒီပြောင်းလဲမှုတွေကို အန်တုပြီး ရအောင်ဆောင်ရွက်ရတယ်။ လယ်သမားတွေနဲ့ နယ်မြေအလိုက် တာဝန်ရှိသူတွေရဲ့ ကြိုးပမ်းမှုကြောင့် ပြည်တွင်းဆန်ဖူလုံပြီး ကမ္ဘာ့စားနပ်ရိက္ခာအတွက်လည်း တင်ပို့နိုင်ခဲ့ပါတယ်”ဟု လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးဌေးဦးက လှည်းကူးမြို့နယ်၌ ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသည် လူဦးရေ၏ ရာခိုင်နှုန်းအများစု မှီခိုနေရသော လုပ်ငန်းတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးနိုင်ငံလည်း ဖြစ်ကြောင်း၊ နိုင်ငံ ဂျီဒီပီ၏ ၄ဝ ရာခိုင်နှုန်းဝန်းကျင်မှာ စိုက်ပျိုးရေးလုပ်ငန်းမှ ရရှိကြောင်း သိရှိရသည်။ စိုက်ပျိုးရေးလုပ်ငန်းသည် ရာသီဥတုပေါ်တွင် အခြေပြုလုပ်ကိုင်ရပြီး ရာသီဥတုပြောင်းလဲမှု သိသာလာသည့် ၂၀၀၉ ခုနှစ်နှင့် ယခု ၂၀၁ဝ ပြည့်နှစ်တို့တွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်များလည်း […]


ShwemannmayJune 19, 20101min3033
ဖော်ဝါဒ်မေးကရတာလေးကို ပြန်လည်မျှဝေပါတယ်။ လမ်းဘေးရောက်သွားမှ ဘဝပျက်တာမဟုတ်ပါဘူး။လူမသိလဲ သိမ်းငယ်သွားတာ၊အမြဲ အားငယ်သွားတာ၊စိုးတထိတ်ထိတ်ဖြစ်နေရတာတွေက ဘဝပျက်မတက်ပါဘဲ၊နောက်တွေ့လာမဲ့ အိမ်ထောင်ဘက်ပေါ် လိပ်ပြာလုံနိုင်မလား? တော်တော်များများကြားနေရတာပါ ချစ်ကြပြီဆို ကောင်းလေးတော်တော်များများဘာ လို့များသူတို့ မိန်းခလေးတွေကို တည်းခိုခန်းခေါ်ကြတာလဲ၊မနေ့က သူငယ်ချင်းတစ်ယောက် အကြောင်းကြားလိုက် တယ်ရင်ထဲလုံးဝမကောင်းဘူး၊သူကောင်လေးနဲ့ တွဲတယ်တဲ့ နောက်တော့ တည်းခိုခန်းခေါ်တယ် သူလိုက်သွားတယ် (သူမကောင်းတာပါ) အခုပြတ်စာပေးတယ်တဲ့ ၊အတွေ့လဲမခံတော့ဘူး၊ဘာကြောင့် လဲ၊ ပြောပြပြီးငိုလိုက်တာအရမ်းဘဲ……. ဘာလို့ ကိုယ်တာဝန်မယူနိုင်ရင်ဘာကြောင့်ခေါ်သလဲ၊ဘယ်အပျိုမိန်းကလေးမှ ယောကျ်းတယောက်နဲ့ အိပ်ခြင်းအရသာဆိုတာသိဘူးတဲ့လူမရှိပါဘူး ၊သူချစ်သူစိတ်ချမ်းသာဖို့၊ နှစ်ယောက်ဆိုတဲ့ ဘဝကိုလိုချင်လို့ဘဲပေါ့၊နောက်တခု သူ့ဆီမှာဘဲအမြဲ ရှိနေချင်တဲ့စိတ်နဲ့ပါဘဲ၊ဒါပေမယ့် တော်တော်များများထားသွားကြတယ်နော် ကိုယ်ချင်းစာစိတ်လေးမွေးလို့ တွေးကြည့်ပါလား ငါ့ အစ်မ ၊ ညီမ ၊ အဓိက အမေပေါ့ သူတို့တာ ဒီနေရာမှာဆိုရင်ကော အဓိကတော့ ကိုယ်တာဝန်မယူရင် ခြေကော လက်ကောမကျော်တာအကောင်းပါဘဲ။ အဓိကကျတဲ့ သူငယ်ချင်းကိုပြောပြလိုက်တယ်။ လောကမှာ […]


ShwemannmayJune 17, 20107min1870
OLD BRIDGE, New Jersey (Reuters) – A New Jersey woman is waging a campaign to become the world’s heaviest living woman, admitting that she is as hungry fOLD BRIDGE, New Jersey (Reuters) – A New Jersey woman is waging a campaign to become the world’s heaviest living woman, admitting that she is as hungry for […]


ShwemannmayJune 14, 20101min2381
မန်းသားလေး အတွဲအမှတ် (၂၄ ၊ အမှတ် ၄၆၉) ရေများပန်းထွက်သဖြင့် လူအများစိတ်ဝင်စားနေသည့် ပုသိမ်ကြီး မြို့နယ်မှ ကုက္ကိုပင်ကိုတွေ့ရစဉ်။ ဓာတ်ပုံ- မန်းသားလေး ကုကိ္ကုပင်ကြီး တစ်ပင်မှရေများ ပန်းထွက်ကာ သစ်ခေါက်တွင်ရုက္ခစိုး နတ်ပုံပန်း သဏ္ဌာန် ပေါ်ထွက်ခဲ့သည် ဟု မေ ၂၉ ရက်က သတင်းရ ရှိသည်။ “အဆိုပါကုက္ကိုပင်ကြီးမှာ မန္တလေးမြို့၏အရှေ့တောင်ဘက်ပုသိမ်ကြီး မြို့နယ်လက်ကောင်းကျေးရွာအနီး ဘန့်ကွဲကျေးရွာတွင်တည်ရှိသည်။ “သစ်ပင်ထဲကနေ ရေထွက်တာတော့မှန်ပါတယ်။ ဒါပေမယ့်အခုတော့ မထွက်တော့ဘူး။ လွန်ခဲ့တဲ့ ကဆုန်လဆန်း ၅ ရက်နေ့ကစပြီးရေတွေ ထွက်တာပါ။ ဒီကုကိ္ကုပင်ကြီးသစ်ကိုင်းဖျား၊အပွေးများအကြား၊ပင်စည် အကြားကနေ အေးမြကြည်လင်တဲ့ရေစက်ရေပေါက်တွေအပင်ပေါ်က နေ တော်တော် စီးကျလာပါတယ်။ တစ်ရက် ကို ရေသန့် ဘူး ၁ဝ ဘူး ထက်မနည်းရတယ်။ မေလမှာအပူချိန်မြင့်နေပေမယ့်လည်း ဒီသစ်ပင် ကရေတွေက […]


ShwemannmayJune 14, 20101min2361
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ သီရိမာလာ အနောက်ရပ်ကွက် အဘယမင်္ဂလာရာမ ဥသျှစ်ကုန်း ကျောင်းတိုက် ဆုတောင်းပြည့်စာချ ကျောင်းဆရာတော် ဘဒ္ဒန္တဝိလာသဂ္ဂအရှင်သူမြတ်၏အန္တိမအဂ္ဂိဈာပန တွင် နှလုံးတော်၊ စွယ်တော်၊ အံတော်နှင့် ဓာတ်တော်များ ကြွင်းကျန် ရစ်သည်ကို ဖူးတွေ့ရသည်။ သာသနဓဇ သီရိပဝရဓမ္မာစရိယ ဥသျှစ်ကုန်းကျောင်းတိုက်တိုက်အုပ် ဆရာတော်သည် ဧပြီလ ၂၆ ရက် (၁၃၇၂ခု ကဆုန်လဆန်း ၁၄ရက်) တနင်္လာနေ့ နံနက် ၆ နာရီ ၁၅ မိနစ် အချိန်တွင် သက်တော် ၈၉ နှစ် ဝါတော် ၆၉ ဝါဖြင့် ဘဝနတ်ထံပျံလွန် တော်မူခဲ့သည်။ ဆရာတော်၏ အန္တိမ အဂ္ဂိဈာပနကို မေလ ၈ရက်နေ့တွင် သီရိမာလာအနောက် ဧရာ ဝတီမြစ်ကမ်း နံဘေးတွင် ကျင်းပခဲ့သည်။ စည်သူနိုင် အတွဲအမှတ် […]