နိုရာတို့ရွာရဲ့ အနောက်ဘက်တစ်ရွာမှာ စည်းကမ်းလဲကောင်း၊ ဒေါသလဲနည်းနည်းကြီး၊ လောဘလည်းရှိတဲ့ ဆရာတစ်ယောက်ရှိတယ်။ ဆရာအသက်ကြီးလာပြီဆိုတော့ အိမ်မှာအနားယူနေပြီ။ သူငယ်ငယ်က သင်ခဲ့တဲ့ တပည့်တပန်းတွေအများကြီးရှိတာပေါ့။ အိမ်မှာ အငြိမ်းစားယူထားတဲ့ ဆရာကြီးလဲ တတ်သည့်ပညာ မနေသာ ဆိုသလို အားတဲ့အချိန် ကလေးတွေကို စာပြပေးတာပေါ့။ တပည့်အချို့ကတော့ ဆရာကြီးရဲ့စေတနာကိုသိပြီး ဆရာကြီးဆီကို ကောင်းနိုးရာရာ တွေလာပို့တတ်ကြတာပေါ့။ တစ်နေ့………….. ရွာထဲမှ တပည့်တစ်ယောက်က ဖားဥချည်း သပ်သပ် ကြော်ထားတဲ့ ဖားဥကြော် ကို မိမိတို့မစားဘဲ ဖားဥကြော်ကြိုက်တတ်တဲ့ ဆရာကြီးဆီသွားပို့သတဲ့။ (ရွာများတွင် မိုးဥကျသောအခါ ဖားများကောက်၍ ကြော်စား၊ချက်စားကြသည်။ ဖားဥချည်း သပ်သပ်ရဖို့ ခဲယဉ်းသည်။ ထို့ကြောင့် ဖားဥကို များများ မစားနိုင်ပါ) ဆရာကြီးလဲ မိမိအခန်းကနည်းနည်း မှောင်နေတော့ ဖားဥကြော်မဲမဲတွေကို ထန်းလျှက်နဲ့နှမ်းဖတ် နယ်ထားတယ်လို့ထင်ပြီး (ရွာဓလေ့ သွားရေစာအဖြစ် […]