ကျေးလက် ထန်းသမား မိသားစုလေး
ဘုန်းတော်ကြီးကျောင်းမှ အုန်းမောင်းခေါက်သံ ကြားမိသည်နှင့် မိဂျမ်းတစ်ယောက် ဆူပွက်နေသော ထန်းရေချိုများကို ခပ်သွက်သွက် ကျိုနေမိသည်။ တစ်အိုးမှာ ထန်းလျှက်ပြုလုပ်ရန် အကောင်းဆုံးအခြေ အနေမို့ အဝတ်စကို အပူကာကွယ်ကာ ချလိုက်ပြီး အဝတ်စိုလေး တစ်ခုဖြန့်ခင်းကာ အိုးထဲမှ ဆည်ယူလိုက်ပြီး ထန်းလျှက်လုံးလေးများ ဖြစ်လာစေရန် ကျစ်ကျစ်ပါအောင် တစ်လုံးပြီး တစ်လုံး လုံးနေလိုက်သည်။ တစ်ဖက်မှာလဲ ထမင်းအိုးတည်ရန်ရှိသေးသည်မို့ တစ်နေ့တာ အလုပ်များကို မိဂျမ်းတစ်ယောက် အပြေးလေး လုပ်နေမိသည်။
တဲအနီးတွင် ထန်းတီးလုံးများဖြင့် ဆော့နေသည့် သားနှင့် သမီးများကို စိုးရိမ်စွာဖြင့် ခဏခဏ လှမ်းကြည့်ရသည်။ ကိုဖိုးထောင်ကတော့ ထန်းတက်သည့် သူ့တာဝန်ပြီးသည်နှင့် ရှစ်နှစ်အရွယ် သူ့သားကြီးကို ခေါ်ကာ ထုံးစံအတိုင်း ဖွတ်၊ အစရှိသည့် တောသတ္တဝါလေးများ ရှာရန် ထွက်သွားလေပြီ။ ဆာနေပြီဖြစ်သည့် ကလေးများကို အဆာဖြေအဖြစ် ထန်းလျှက်ခဲများ ကိုယ်စီပေးထားရသည်။ ထန်လျှက်စီးများ ပေကျံကာ ဖုန်များဖြင့် ရောထွေး ဆော့ကစားနေသည့် ကလေးများကို မိဂျမ်း သပ်ရပ်စွာ လုပ်ပေးရန် အချိန်မရှိပေ။ ထန်းလျှက် ကိစ္စပြီးသည်နှင့် ထမင်းချက်ရန် ပြင်ဆင်ရသည်။
ထမင်းအိုးကို ရေအနည်းငယ်နှင့် ကျင်းပြီး ဆန်ထည့်ကာ တစ်ထပ်ပဲဆေးပြီး မီးဖိုပေါ် တင်ချက်လိုက်သည်။ အချိန်တိုအတွင်း မြန်ဆန်စွာ စားနိုင်ရန် ဟင်းအတွက် ကြံဖန်ရဦးမည်။ ထို့ကြောင့် အဝတ်ကလေး ပုခုံးပေါ်တင် ဟင်းရွက်ရှာ ထွက်လာခဲ့သည်။ စိမ်းစိုနေသော ကျွတ်နားဖောင်းရွက်၊ ဆူးပုတ်ရွက်၊ စသည့်အရွက်ပေါင်းစုံ ခူးထည့်ပြီး တဲဆီသို့ပြန်လာပြီး ဟင်းအိုးပြင်ရသည်။
ထမင်းအိုးကျက်သည်နှင့် ဟင်းအိုးတည်အပြီး ကျက်တော့မည့်အချိန်တွင် ကိုဖိုးထောင် သားအဖရောက်လာလျှင် သားကောင်လေးများဖြစ်သည့် ငလက်မ၊ ဖွတ်
စသည့်အကောင်လေးများကို မီးမြိုက် ကာ ပြောင်စင်အောင်လုပ်ပြီး ဆူနေသော ဟင်းအိုးထဲသို့ ပစ်ထည့်လိုက်သည်။ ဟင်းကျက်လျှင် အသားများကို ဟင်းအိုးအတွင်းမှ ဆည်ယူကာ ငရုတ်သီးစိမ်းနှင့် ထောင်းလိုက်သည်။ ထို့နောက်တွင် ထမင်းဟင်းများ ခူးခပ်ကာ ကျည်းမြောင်းသော စားပွဲလေးပေါ်တွင် တင်လိုက်ပြီး မိသားစု စုံစုံလင်လင် ထမင်းပွဲကို အားရပါးရ နွှဲကြလေတော့သတည်းးးးးးးး။
ငယ်ငယ်က ထန်းသမားမိသားစုလေး တစ်ခု၏ အပြုအမူလေးကို ပြန်မြင်ယောင်ပြီး
ရေးဖွဲ့ထားပါသည် ကျေးလက်နေသဘာဝကို သိစေလိုသည့်ဆန္ဒဖြင့် ……………
အစီအစဉ်မကျသော စာသားများဖြစ်ခဲ့လျှင် ခွင့်လွှတ်ပေးကြပါရှင်
21 comments
မောင်ပေ
July 13, 2012 at 11:18 am
အားပါး
ဗိုက်တောင် ချာလာတယ်
ချလွတ်
မမ အညာသူ
July 13, 2012 at 11:31 am
တောရွာမှာပျော်ပေမဲ့လည်း…………ပျော်ရာမှာမနေတော်ရမှာနေရမယ်လို့…………..
ဟိဟိ
အရမ်းကောင်းပါတယ်
Khaing Khaing
July 13, 2012 at 11:39 am
ငယ်ငယ်တုန်းက သင်ခဲ့တဲ့စာလေးကို ပြန်သတိရမိတယ် မမနိုရာရယ် ……..
snow white
July 14, 2012 at 2:41 pm
ဟုတ်ပါ့မမခိုင် ညီမလည်းငယ်ငယ် ကသင်ခဲ့ရတဲ့ထန်းတက်သမားမိသားစုဘဝ လေးကိုပြန်လည်မြင်ယောင်မိတယ်
ရှင်းသန့် နွယ်
July 13, 2012 at 11:42 am
အားပေးသွားပါတယ် နိုရာရေ..
ခုလိုမြို့ကြီးကိုရောက်နေပေမယ့်( လူအများအမြင်)
တောဓလေ့ကိုတော့တစ်နေ့တစ်ရက်မှမေ့မရတာအမှန်ပါ
အယ်မေ့လို့ ရှင်းသန့်ရောက်နေတဲ့နေရာကိုသေချာပြန်ကြည့်လိုက်တော့
မဲဇာတောင်ခြေ ရောက်နေသလားပဲ……
ဂန္ဒာရီဆြာအုပ်
July 13, 2012 at 12:29 pm
ကိုယ်တော့အဲလိုမရေးတတ်ပါဘူး.. တောဓလေ့သဘာဝလေးကို အပြေးမြင်မိပါတယ်.. အဲဒါပေမယ် ရှေ့ကို အမြန်ရစ်ပြီး မြင်ရသလို ဖြစ်နေပါတယ်.. အရေးအသားထိမိပေမယ့် သရုပ်ဖော်တာ မြန်နေတဲ့အတွက် အသေးစိတ်မမြင်ရဘူး ထင်ပါတယ်..
ကျေးဂျူးပါ
ဂန္ဒာရီဆြာအုပ်
mamanoyar
July 13, 2012 at 12:42 pm
အခုလို ဝေဖန်ပေးတာ ကျေးဇူးတင်ပါတယ်ရှင်
နိုရာ စာရေးဆရာမ တစ်ယောက်မဟုတ်တော့
မျက်စိထဲမှာ မြင်တဲ့ အတိုင်း မြန်မြန်ရေးမိခဲ့ပါတယ်
ကိုပေါက်(မန္တလေး)
July 13, 2012 at 12:31 pm
ဒီစာဖတ်ရတာ ဝန်ကြီးပဒေသရာဇာရဲ့ထန်းတက်သမားကဗျာကို သွားသတိရတယ်။
မဖတ်ဘူးသူများဖတ်ကြည့်ရအောင်တင်ပေးလိုက်ပါတယ်.
“ထန်းတက်သမား”
နွေဦးကာလ မြူထသောအခါ
ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ။
ဓါးနှီးထက်စွာ ခါးမှာချပ်လျက်
ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်
ကလိုင်လွယ်က တက်သည်နှင့်လေး။
ထန်းပင်ထန်းလက် ထန်းရွက်ကယ်ဝေဝေ
စင်အောင်ခုတ်ထစ် နုမျစ်ကယ် ထန်းဦးရေ
မယားငယ်ဆွေ ထန်းရေသိမ်းဆည်း
သားမြေးဟစ်ကြော် ခွေးဝက်ကယ်ခေါ်
ထန်းရှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။
ခေါ်သံရိုက်ဟည်း လူလည်းကြော်ငြာ
ခွေးဟစ်လူဟစ် ခတ်ပစ်ကယ်ချောက်သောခါ
ပတတ်ယုန်ခါ တောမှာရှိကြ
ငုံးကြက်ကယ်ဖွတ်မြွေ ဝံပုလွေ မနေထွက်လာကြသည်တည့်လေး။
ဝမ်းသာအားရ မယားကတသွယ်
ဟင်းရွက်ဆိုးကောင်းသောင်းပြောင်း ရော၍လွယ်။
လင်ကတသွယ် ယုံငယ်ကစ
တောသတ္တသါတွေ့တိုင်းကိုသာ
အိတ်မှာသာယူ၍ချသည်နှင့်လေး။
သို့နှင့်ရောက်က ခဏအောင့်လျှင်
တံစို့ထက်ကယ်နှင့် ထန်းလျက်ဖိုှမှာကင်။
ဟင်းအိုးဆူလျှင်အကင်ခတ်ပြီး
အိုးခင်းနှင့်လှော် ရေနှင့်ကြော်
မိုးမျှော် ငရုတ်သီးငယ်နှင့်လေး။
နှီးဒေါင်းလန်းကြီး ခူးပြီးသောခါ
သမီးနှင့်သားများလို့မဝင်သာ
ဒူးတဖက်ဟာတွန်းကာဖယ်လျှက်
သူထက်ငါလေ စားတော့မည်စေ
စားပေသာလှ အုံးခွက်ကယ်နှင့်လေး။
ငုံ့လျက်ကိုယ်စီသာ ဆုပ်ကာလွေးတော့သည်
ပြီးလျှင်ရေမရှာ ခွေးသာကျွေးတော့သည်။
မောင်ပေ
July 13, 2012 at 12:41 pm
အဲဒီကဗျာကို မေ့ခဲ့တာကြာပြီ
ဦးပေါက် ပြန်ရေးပေးမှပဲ
နိုရာက
စကားပြေ ပြန်ထားမှန်း သိရတော့တယ်
မန်းတလေးဂေဇက် က ကိုဖိုးထောင် က ပါလာသေးတယ်
ဟီဟိ
mamanoyar
July 13, 2012 at 12:45 pm
နိုရာ စကာပြေပြန်တာလို့မြင်ရင်လဲ ရပါတယ်
ဒါပေမယ့် ဒီလိုစာရေးဆရာကြီးတစ်ယောက်ရဲ့ အရေးအသားတွေက
တကယ့်ကျေးလက်သဘာဝမှ ဖြစ်နေတဲ့ အဖြစ်အပျက်တကယ့်အမှန်တွေပါပဲ
ဒါကလဲ နိုရာဘာလို့သိတာလဲဆို နိုရာတို့ရွာမှာ အစ်မတစ်ဝမ်းကွဲ ထန်းတဲလေးကို
ရောက်တိုင်း မြင်ရတဲ့အမြင်လေးကို ရေးထားတာပါ သူတို့အကြောင်းရေးထားတယ်ဆိုလဲ
မမှားပါဘူး
မွန်မွန်
July 13, 2012 at 1:01 pm
လေးပေါက်..သူများအကြံကို ဦးသွားတယ်။
နိုရာ့စာကို ဖတ်ပြီး နွေဦးကာလ မြူထသောခါ ကဗျာကို ပြန်ရွတ်ကြည့်နေတာ။ ကွန်မန့်ရေးမယ်ဆိုပြီး… 🙂
ဆယ်တန်းမှာ အကြိုက်ဆုံး ကဗျာနှစ်ပုဒ်ရှိပါတယ်။ နွေဦးကာလ မြူထသောခါ (ဝန်ကြီးပဒေသရာဇာ) နဲ့ သင်သေသွားသော် (ဆရာဇော်ဂျီ) ပါ။
ဘာပဲဖြစ်ဖြစ် နိုရာ့ရဲ့စာလေးက ကျေးလက်မိသားစုဘဝကို ထင်ဟပ်စေပါတယ်။
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 13, 2012 at 1:14 pm
ဝန်ကြီးပဒေသရာဇာ တျာချင်းတွေသတိရသွားပါသည်။
ကိုပေါက်(မန္တလေး)
July 13, 2012 at 1:30 pm
ကျနော်က ရှေးကဗျာများကိုပြန်လည်ဖော်ထုတ်ခြင်းဆိုပြီး ပိုစ် ရှစ်ပုဒ်တိတိတင်ဘူးတော့
ဒီကဗျာလေးက လက်တကမ်းမှာအလွယ်တကူရှိနေလို့ တွဲဖတ်လို့ရအောင်တင်ပေးလိုက်တာပါ၊
ကျနော်ကျောက်ပန်းတောင်းဘက်သွားရင်ဒိလိုထန်းတဲလေးတွေအမြဲတွေ့ရပါတယ်။
ဒါပေမယ့် အလုပ်ကိစ္စနဲ့ဆိုတော့ ဆင်းကြည့်ခွင့်မကြုံပြန်ပါဘူး။
mamanoyar ရေးထားတဲ့အတွေးလေးတွေကောင်းပါတယ်။
စေတနာစကားပြောရရင် စာလုံးပေါင်းလေးတွေကို အသံထွက်အတိုင်းမရေးဘဲ စကားပြေအရေးနဲ့ရေးရင်
ပိုဖတ်လို့ကောင်းသွားမှာနော်။
ဆရာလုပ်တာမဟုတ်ဘဲ မောင်နှမချင်းစကားပြောသလိုပြောပြမယ်ဆိုရင်
အဆာဖြေအဖြစ်———–အဆာပြေအဖြစ်
ထန်းတီးလုံး————–ထန်းသီးလုံး
အကောင်းဆုံးအခြေ အနေ…………..အကောင်းဆုံးအနေအထားမို့
ကျွတ်နားဖောင်းရွက်……………….ကြွက်နဖားရွက်
ကျည်းမြောင်းသော…………ကျဉ်းမြောင်းသော
ဆိုတဲ့မဆိုစလောက်စာလုံးမှားတာလေးတွေကိုပြင်ပေးလိုက်ရင် ဖတ်ရတာ ပိုကြွ ပိုလှသွားမယ်လို့ထင်မိပါတယ်။
ပိုကောင်းအောင် လို့ သတိမထားမိလိုက်မိတာလေးကိုပြောပြပေးတာပါ။
ခင်သော
ကိုပေါက်
mamanoyar
July 13, 2012 at 1:47 pm
အခုလို လိုအပ်ချက်တွေ ပြောပြပေးတဲ့လေးပေါက်ကို
ကျေးဇူးတင်ပါတယ်ရှင်
နောက်မမှားအောင် ဂရုစိုက်ပါ့မယ်
အရင့်ရောင်
July 13, 2012 at 1:55 pm
မမနိုရာ ရေ…………….
အစီစဉ်တော့ ကျပါတယ်
ဒါပေမယ့် နဲနဲလေး လိုအပ်နေတယ်လို့ မြင်တာလေးဟြေပြတာပါနော်
ထန်းသမား ဘဝ ဆိုတာ က
နေပူ မရှောင် မိုးရွာ မနားရ လုပ်ရပါတယ်
အရင့်ရောင် ငယ်ငယ်ပေါ့
အရင့်ရောင် အဖေက ထန်းတက်တယ် အမေ ကထန်းလျှက်ကျိုချက်တယ်
မမကြီးက အဖေ ထန်းတက်ပြီးလို့ ချထားတဲ့ မြူအိုးတွေကို လိုက်ပြီး သယ်ယူတယ်
အိမ်မှာ အဘွားဖြစ်သူ ကျမ္မာရေးကလည်း နေ့လားညလား သေတော့မယ့်အဖြစ်လေ
အဲဒါကို အိမ်မှာ မနေရပဲ ထန်းတက်တဲ့ တာဝန်ကိုပြီးဆုံးအောင်လုပ်ကိုင်ရတယ်လေ
အဲလိုနဲ့ အလုပ်ကိုလည်းဖြောင့်ဖြောင့်မလုပ်ရ အိမ်ကနေ သတင်းလာပို့မယ့် လူကိုကြည့်ရနဲ့ အဖေ့ မှာစိတ်ပင်ပန်းကြီးစွာ ဖြစ်ခဲ့ရတယ်ဗျာ……..
အဲလိုနဲ့ အရင့်ရောင်ကိုလည်း ထန်းမတက်ဖို့ အကြိမ်ကြိမ်ဟြေရှာတယ်ဗျ
ဒါပေမယ့် အဖေ မသိအောင် အရင့်ရောင် တယောက် ထန်းတက် ထန်းလှီး ခိုးပြီးသင်ယူခဲ့တယ်
တောသား(ခ)အညာသားဆိုတော့ အလုပ်အကိုင်ဆိုတာ လုပ်ကိုင်ထားတက်မှလေ
ဘဝရဲ့ အကျိုးပေးက ရှိသေးတာကိုး…………
ထန်းတက် သမား ဘဝ က အရမ်းကြမ်းတမ်းလှပါတယ်
အရင့်ရောင် ရဲ့ ဦးလေး ဆိုရင် အဲလို ထန်းတက် ရင်းကနေ ထန်းပင်ပေါ်ကပြုတ်ကျပြီး သေဆုံးသွားခဲ့ပါတယ်။
ထန်တက်သမားတွေရဲ့ အဖြစ်က သနားစရာကောင်းလှပါတယ်
မိမိရဲ့ မိသားစု စားဝတ်နေရေးအတွက် ကြိုးစားပမ်းစား လုပ်ကိုင် ရှာဖွေရပါတယ်………..
တစ်ချို့ဆိုလျှင် မိဘက ထန်းတက် သားသမီးဖြစ်သူက ထန်းလျှက်ချက်ရန်အတွက် လောင်စာရှာဖွေရပါတယ်။
အရင့်ရောင် ကိုယ်တိုင် ကျေးလက်တောသားဖြစ်နေတာကတမျိုး
ထန်းတက်သမားဘဝကို ငယ်ငယ်လေးကတည်းက မြင်တွေ့နေရတာက တစ်ဖုံ
အမျိုးမျိုးရှိပါတယ် ထန်းတက်သမား ဘဝ က ထန်းလျှက်ဈေးကောင်းရင်တော့ စားဝတ်နေရေးချောင်လည်ပါတယ် ….ထန်းလျှက်ဈေးမကောင်းရင်တော့
ကုန်သည် လို့ ခေါ်တဲ့(အညာဒေသ အခေါ်) ထန်းလျှက်ဝယ်ယူသူဆီမှာ ထန်းလျှက်ပေးပါ့မယ်
ပိုက်ဆံဘယ်လောက်တော့ထုတ်ပေးပါ ဘာညာပေါ့ဗျာ အဲလိုဟြေပြီး အသုံးယူရပါတယ်
အဲလို ယူပြန်တော့လဲ………ဝယ်ယူသူက ဈေးနှိမ်ကောက်သေးတယ်လေ……..
သူများ က ၅၀ဝ ကျပ်နှင့်ဝယ်ယူတယ်ဆိုလျှင် သူ့ဆီမှာ ၄၇၅ ကျပ် နှင့် ရောင်းကြရပါတယ်အဲလိုပါပဲဗျာ
ထန်းတက်သမား ဘဝ ကို အမှန်သိရှိဖို့အတွက် ရေးသားတင်ပြတဲ့ မမနိုရာကို အရင့်ရောင်
ကျေးဇူးအများကြီးတင်ရှိပါကြောင်း……………..
ခင်မင်လျှက်
အရင့်ရောင်
နွယ်ပင်
July 13, 2012 at 2:40 pm
ဆယ်တန်းမှာ သင်ခဲ့ရတဲ့ နွေဦးကာလ မြူထသောခါ ကဗျာလေးကို ပြန်ပြီးတောင် သတိရသွားမိသေးတယ်
ငယ်ငယ်ကတော့ ဒီကဗျာလေးကို ပြောင်ပြောင်နောက်နောက်နဲ့ နွေဦးကာလ ဖုန်ထသောအခါဆိုပြီး
ပြောခဲ့တာလေးတောင် မှတ်မိလာတယ် ဟီးးးးးး 😛
ko khin kha
July 13, 2012 at 2:50 pm
ထမင်းအိုးကို ရေအနည်းငယ်နှင့် ကျင်းပြီး ဆန်ထည့်ကာ တစ်ထပ်ပဲဆေးပြီး မီးဖိုပေါ် တင်ချက်လိုက်သည်။ အချိန်တိုအတွင်း မြန်ဆန်စွာ စားနိုင်ရန် ဟင်းအတွက် ကြံဖန်ရဦးမည်။ ထို့ကြောင့် အဝတ်ကလေး ပုခုံးပေါ်တင် ဟင်းရွက်ရှာ ထွက်လာခဲ့သည်။ စိမ်းစိုနေသော ကျွတ်နားဖောင်းရွက်၊ ဆူးပုတ်ရွက်၊ စသည့်အရွက်ပေါင်းစုံ ခူးထည့်ပြီး တဲဆီသို့ပြန်လာပြီး ဟင်းအိုးပြင်ရသည်။
မိန်ရာဟင်းကောင်း ဆိုစကားရှိသမို့ အချိန်တိုအတွင်းမြန်ဆန်စွာအလွယ်ချက်ပေမယ့် သူတို့မှာတော့ ထမင်းမိန်မိန်စားနေလိမ့်မယ်လို့ မြင်ယောင်နေမိပါတယ်။
မစ္စတာ တောက်တဲ့
July 13, 2012 at 3:34 pm
ဒီပို့စ်ကို ဖတ်လိုက်ရတော့
ငယ်စဉ်က ထန်းတောမှာ
မြေအိုးကောက်ခဲ့ရတဲ့အဖြစ်ကို သတိရမိသဗျ …
ရွာက ထန်းသမားတွေကို ပြန်ပြီး မြင်ယောင်မိပါရဲ့ …
လူပင် ဆင်းရဲငြားသော်လည်း
စိတ်ချမ်းသာရတဲ့ တောက ဘဝကိုလည်း လွမ်းမိပါရဲ့ဗျာ ….
ဂန္ဒာရီဆြာအုပ်
July 13, 2012 at 3:55 pm
ဟုတ်သဗျို့ ထဒေါ ကိုဒဓိရဒယ်.. ထဒေါ ကိုဒဓိရဒယ်.. ဂလု..ဂလု
ခပ်မိုက်မိုက် ကောင်မလေး
July 13, 2012 at 3:59 pm
ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်…
ကျေးလက်ဒေသရဲ့..သဘာဝကျကျရေးထားတာက…
မိုက်ပါတယ်…တောရွာတို့ရဲ့ဓလေ့စရိုက်လေး..
ရေးဖွဲ့ထားတာ..လွမ်းမိပါတယ်..ထန်းတောရယ်..
ိမိသားစုထမင်းပွဲလေးရယ်ပေါ့…..။။။
YE YINT HLAING
July 13, 2012 at 7:41 pm
အညာကထန်းတော
လွမ်းမောဖွယ် ပုံရိပ်
အတိတ်ရဲ့ နွေတမာ ( တမာပန်းရနံ့ )
လေလာရာ ပျံ့ကာသင်း
ဟိုး — မြေကဆင်းကနေ
ထန်းမြစ်စ ချိုမြိန်မြိန် ကို
အိမ်အပြန်တလွယ်တပိုး နဲ့ မိုးခြုပ် အပြန်သယ်ကာပိုးကာ ( ရွာဝင် အလာ )
အလိုဗျာ !
ခြောက်ပေါက်ရယ် အသံသာ
ဘာတဲ့တုန်း ! ( ကိုကြီး အုန်း ရေ !!!! )
(ဒို့ရွာအလှူပွဲ နွှဲဖို့ပေါ့ဟေ !!!! ) အလိုလေ။။။။။.
ခုချိန်ဆို ရွာအဝင်လမ်းမှာ မိဂျမ်းဘုံ မျှော်ရှာရော့မယ်
နေအဝင် ထန်းတဖျား မရောက်ခင်
သွားစို့မနှေး ။ ။