mamanoyarJanuary 14, 20131min21012
နိုရာတို့ရွာရဲ့ အနောက်ဘက်တစ်ရွာမှာ စည်းကမ်းလဲကောင်း၊ ဒေါသလဲနည်းနည်းကြီး၊ လောဘလည်းရှိတဲ့ ဆရာတစ်ယောက်ရှိတယ်။ ဆရာအသက်ကြီးလာပြီဆိုတော့ အိမ်မှာအနားယူနေပြီ။ သူငယ်ငယ်က သင်ခဲ့တဲ့ တပည့်တပန်းတွေအများကြီးရှိတာပေါ့။ အိမ်မှာ အငြိမ်းစားယူထားတဲ့ ဆရာကြီးလဲ တတ်သည့်ပညာ မနေသာ ဆိုသလို အားတဲ့အချိန် ကလေးတွေကို စာပြပေးတာပေါ့။ တပည့်အချို့ကတော့ ဆရာကြီးရဲ့စေတနာကိုသိပြီး ဆရာကြီးဆီကို ကောင်းနိုးရာရာ တွေလာပို့တတ်ကြတာပေါ့။ တစ်နေ့………….. ရွာထဲမှ တပည့်တစ်ယောက်က ဖားဥချည်း သပ်သပ် ကြော်ထားတဲ့ ဖားဥကြော် ကို  မိမိတို့မစားဘဲ ဖားဥကြော်ကြိုက်တတ်တဲ့ ဆရာကြီးဆီသွားပို့သတဲ့။ (ရွာများတွင် မိုးဥကျသောအခါ ဖားများကောက်၍ ကြော်စား၊ချက်စားကြသည်။ ဖားဥချည်း သပ်သပ်ရဖို့ ခဲယဉ်းသည်။ ထို့ကြောင့် ဖားဥကို များများ မစားနိုင်ပါ) ဆရာကြီးလဲ မိမိအခန်းကနည်းနည်း မှောင်နေတော့ ဖားဥကြော်မဲမဲတွေကို ထန်းလျှက်နဲ့နှမ်းဖတ် နယ်ထားတယ်လို့ထင်ပြီး (ရွာဓလေ့ သွားရေစာအဖြစ် […]


mamanoyarJanuary 11, 20131min28016
ဖေဖေတို့ငယ်ငယ်က ရွာဘုန်းကြီးကျောင်းမှာ စာသင်ရတာပေါ့ သူငယ်ချင်းတွေအများကြီးနဲ့တဲ့ အဲဒီထဲမှ မြတ်ဦးဆိုတဲ့လူကတော့ ရွှတ်နောက်တတ်သလို ခပ်တည်တည်တစ်မျိုးလဲနေတတ်၊ ပရိယာယ်လဲ ကြွယ်ဝသူတစ်ဦးပေါ့။ ရွာဦးဘုန်းတော်ကြီးက၊ ဒေါသလဲနည်းနည်းကြီး၊ စာသင်လဲကောင်း၊ စည်းကမ်းလဲရှိဆိုတော့ ကျောင်းသားတွေ ချစ်ကြောက်ရိုသေရတာပေါ့။ အဲဒီထဲမှ မြတ်ဦးဆိုတဲ့ လူတစ်ယောက်က ဘုန်းတော်ကြီးရှေ့မှာဆိုရင် ဘယ်တော့မှ ကြက်ဥမစားဘူးတဲ့။ ကြက်ဥမကြိုက်ဘူး၊ ကြက်ဥကြော်မစားဘူးလို့ ပဲ လူအများနဲ့ဘုန်းတော်ကြီးက သိထားကြတာပေါ့။ အဲဒီလို ကြက်ဥ မကြိုက်ပါဘူး။ ကြက်ဥကြော်မစားပါဘူးဆိုတဲ့ မြတ်ဦးဟာ ကျောင်းမှာ ရှိတဲ့ ကြက်တွေက ပေါက်တဲ့ကြက်ဥတွေကို အမြဲလိုလို ယူကြော်စားနေခဲ့သတဲ့။ တစ်နေ့ ဘုန်းတော်ကြီးဟာ ကြက်ဥတွေ အမမြဲပဲ ပျောက်ပြီး ကြက်ဥတွေမရှိမှန်းလဲသိရော အရမ်းစိတ်တိုပြီး ကြိမ်တုတ်ကိုင်ကာ ဒီလိုခေါ်လိုက်သတဲ့။ ” မြတ်ဦးနေခဲ့ ကျန်တဲ့သူအကုန်လာခဲ့” ဖေဖေပြောပြဖူးတာလေးပါ ။ ဖေဖေပြောပြတုန်းကတော့ အူတက်လောက်အောင်ရယ်ခဲ့ရတယ်။နာမည်တူရှိရင် ခွင့်လွှတ်ပါနော်။


mamanoyarJanuary 9, 20131min36320
တစ်ခါတုန်းက ဆင်းရဲသားလေးတစ်ယောက်ရှိသတဲ့။ အဲဒီဆင်းရဲသားလေးဟာ ဟိုဘက်ရွာက သူဌေးကြီးဆီမှာ တစ်နေကုန်အလုပ်လုပ်ရသတဲ့ ဆင်းရဲသားလေးဟာ သူဌေးကြီးဆီမှာ အလုပ်တွေကို တစ်နေကုန်သည့်တိုင်အောင် ကြိုးကြိုးစားစား မခိုမကပ်ပဲ လုပ်ပေးသည့်အတွက် သူဌေးကြီးက သဘောကျပြီး လုပ်အားခငါးကျပ်အပြင် ထမင်းကြမ်းခဲတစ်ခဲပါ ပေးလိုက်သတဲ့ ဆင်းရဲသားလေးလည်း ပိုက်ဆံငါးကျပ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ထမင်းကြမ်းခဲလေး ဆုပ်ကာ အိမ်ပြန်လာခဲ့တာပေါ့ လမ်းမှာ အကြော်ကြော်နေသည့်ဈေးသည်ကိုတွေ့တော့ အကြော်တွေအရမ်းစားချင်ခဲ့တာပေါ့ ။ ဒါပေမယ့် ပိုက်ဆံစုချင်တဲ့အတွက် အကြော်ဝယ်မစားပဲ အကြော်ကြော်နေတဲ့ ခပ်လှမ်းလှမ်းနားက သစ်ပင်အရိပ်အောက်မှာ ထိုင်ပြီး အကြော်နံ့လေးခံပြီး ထမင်းကြမ်းခဲကို ကိုက်စားနေခဲ့သတဲ့။ သူလဲထမင်းစားပြီးတဲ့အခါ အကြော်သည်က ဆင်းရဲသားလေးဆီကို အကြော်ဖိုး ပိုက်ဆံလာတောင်းသတဲ့။ ဆင်းရဲသားလေးလည်း သူမစားပဲမပေးနိုင်ဘူးလို့ပြောတော့  အကြော်သည်က မင်းငါ့အကြော်နံ့နဲ့ ထမင်းစားတာ အကြော်ဖိုးပေးရမှာပဲလို့ ဇွတ်တောင်းသတဲ့။ ဒီလိုနဲ့ အကြော်သည်ကလဲ တောင်း ဆင်းရဲသားလေးလည်း မပေးနိုင်ဘူး […]


mamanoyarJanuary 9, 20131min1605
တစ်ခါကရွာတစ်ရွာမှာ ဆင်းရဲသားမျက်နှာမွဲမိသားစု သုံးယောက်ရှိလေသည်။ ဆင်းရဲသည်ဆိုရာဝယ် အလွန်အမင်းဆင်းရဲခြင်းတော့ မဟုတ်ပါ။ မိခင်ဖြစ်သူမုဆိုးမနှင့်သမီးဖြစ်သူမှာလဲ အခြေအနေအရ ရွာထဲမှ “အတတ” နိုင်လွန်းသူ မောင်လွဲပိုနှင့် အိမ်ထောင်ဖက်ဖြစ်ခဲ့သည်။ မောင်လွဲပိုမှာ နာမည်နှင့်လိုက်အောင်လွဲနိုင်လွန်းသူဖြစ်သည်။ တစ်နေ့ ဇနီးသည် ကိုယ်ဝန်ဆောင်ပြီး မွေးခါနီး ဗိုက်နာလာလေသည်။ ထိုအခါ မိခင်ဖြစ်သူမှာ အရပ်လက်သည်နှင့် ခေါ်မွေးသော်လည်း အခြေအနေမကောင်းသဖြင့် သမက်ဖြစ်သူအား တစ်ဖက်ရွာမှ သားဖွားဆရာမအား အမြန်သွားပင့်ရန် ခိုင်းလိုက်လေသည်။ ဆိုင်ကယ်၊ စက်ဘီးမရှိသော မောင်လွဲပိုတစ်ယောက် တစ်ဖက်ရွာအား ခြေလျှင်ပြေးရတော့သည်။ ဒီလိုနှင့် မောင်လွဲပို တစ်ဖက်ရွာမှ သားဖွားဆရာမ ဆေးခန်းရောက်ချိန်တွင် ဆရာမအားမတွေ့ရသဖြင့် တစ်ဖက်အိမ်အားမေးကြည့်ရာ ဆရာမခတ္တမြို့ပြန်သွားကြောင်းသိရလေသည်။   မောင်လွဲပိုတစ်ယောက် စိတ်ညစ်ညစ်နှင့် ပူပန်စိတ်တို့များကာ ရွာအပြင်ဘက်အပြန်လမ်းမကြီးသို့ထွက်လာခဲ့သည်။ ထိုအခါ တစ်ဘက်မှ လမ်းမကြီးအတိုင်း အဝေးကြီးမှ တစ်ဖြည်းဖြည်းလာနေသော ကားတစ်စီးကို တွေ့လိုက်ရသည်။ […]


mamanoyarAugust 3, 20122min10618
          မေမြို့ရဲ့ ဝါဆိုလပြည့်နေ့က အရမ်းစည်ကားလှပါတယ် တကယ်ကိုအံ့ဩစရာကောင်းလောက်အောင် လူတွေများလွန်းပါတယ် လမ်းတစ်လျှောက်လဲ ကား၊ဆိုင်ကယ် အရမ်းကိုများပါတယ်။ နိုရာတို့ သွားတော့ မိုးချုပ်နေပြီမို့ လူနည်းနည်းရှင်းပါတယ် ဒါတောင် စည်ကားနေပါသေးတယ်။ နှီးဘုရားမှာလဲ လူတွေတိုးလို့မပေါက်နိုင်အောင် စည်ကားလှပါတယ်။ ဂေဇက်ရွာသူရွာသားတွေ ဖူးမျှော်နိုင်အောင် တင်ပေးလိုက်တာပါ။ လူတွေများတော့ ဓါတ်ပုံကောင်းကောင်းရိုက်လို့ မရပါဘူး။


mamanoyarAugust 1, 20121min12212
အေးစက်တဲ့လေနဲ့တွေ့ထိလိုက်တော့မှ……သူ့တစ်ကိုယ်လုံးလန်းဆန်းသွားသလိုထင်လိုက်ရ၏ ..အရင်ရက်ပေါင်းများစွာကသူကအိပ်မောကျနေသည့်နှယ်….ယခုတော့ကမ္ဘာမြေကြီးပေါ်သူ ဆင်းသက်ခွင့်ရပြီဖြစ်၏….ကမ္ဘာမြေပေါ်ရောက်ရောက်ခြင်းသူအငမ်းမရတောင့်တမိသည်ကသူ့ မိခင်၏နို့ရည်ပင်…သူ့မိဘတွေကဒီအိမ်ကြီးမှာအခိုင်းအစေတွေဖြစ်၏….သခင်နှစ်ပါးကတော့ဒီ အိမ်ကြီးမှာဩဇာအာဏာအရှိဆုံးပင်…..တိုက်တိုက်ဆိုင်ဆိုင်သူမွေးသည့်နေ့မှ…သခင်မကြီးမှာ လဲသားယောက်ျားလေးမွေးသတဲ့….သခင်ကြီးရဲ့မျက်နှာပြင်မှာဖြစ်ပေါ်နေတဲ့ဝမ်းသာမှုတွေက.. ဘာနဲ့မှဖုံးဖိလို့မရပါဘူး…..သခင်ကြီးကတော့သူနှင့်သားလေးတစ်ပြိုင်တည်းတစ်ချိန်တည်းမွေး သည့်အတွက်…အလုပ်သမားအားလုံးကိုခွင့်ပေးပြီး…အစားအသောက်များကျွေးမွေး၏….ဒီလိုနဲ့ သခင်တို့တစ်အိမ်လုံးအပျော်ကြီးပျော်နေကြလေ၏…. ဒီလိုနဲ့သူသိတတ်စအရွယ်ကစပြီး မိဘများနှင့်ညနေပိုင်းတွင်သာတွေ့ရ၏..မိဘများသည်သခင် များအတွက်မနက်နှင့်နေ့လည်ပိုင်းတွင်အလုပ်လုပ်ပေးရသည်…..ညနေစောင်းမှနားခွင့်ရ၏…. သူလမ်းလျှောက်နိင်သောအရွယ်သို့ရောက်သောအခါ မိဘများအလုပ်လုပ်သောနေရာသို့လိုက် ခွင့်ရ၏…မျက်စိတဆုံးကျယ်ပြန့်သောလွင်ပြင်ကြီး….စိုက်ပျိုးခင်းတွေနှင့်မိုးကောင်းကင်ကြီးကို ကြည့်ကာ..သူအပျော်ကြီးပျော်နေမိ၏….မိဘများသည်သခင်တို့အတွက်အားကြိုးမာန်တက်အ လုပ်လုပ်ပေးကြသည်ကိုလည်းတွေ့မြင်ရ၏…သူရဲ့စိတထဲမှာတော့ သူလည်းအလုပ်လုပ်နိင် သောအရွယ်ရောက်လျှင် သခင်တို့အတွက်အလုပ်လုပ်ပေးရမည်ဟု စွဲမှတတ်ယူထား၏…… ဒီလိုနဲ့တစ်နေ့မှာတော့သူ့ကိုနားဖားကြိုးထိုးမည်ဟုဆိုကာတစ်နေရာသို့ခေါ်ဆောင်သွား၏….. နာကျင်တဲ့ဝေဒနာကိုကျိတ်မှိတ်ခံစားရင်း သခင်တို့ပြုသမျှသူနုခဲ့ရသည်…..အဲဒီနေ့နောက်ပိုင်း မှာတော့သူမိဘများနှင့်အတူ သခင်တိ့ိုအတွက်တစ်နိင်တစ်ပိုင်အလုပ်ဝင်လုပ်ပေးရ၏….ဒီ တော့မှဆင်းရဲပင်ပန်းခြင်းဆိုသည်ကိုသူစတင်ခံစားမိလာ၏……ဒါပေမယ့်မိဘတွေတောင်လုပ် ပေးသေးတာဘဲသူလဲလုပ်ပေးရမည်ဟုခံယူကာ မငြီးမညူလုပ်ဆောင်ပေးခဲ့၏………. လတွေနှစ်တွေကုန်ဆုံးပြီးတစ်နေ့သောညနေနေဝင်ရီတရောအချိန်မှာပေါ့….သခင်တို့၏စကား သံကိုသူအတိုင်းသားကြားနေရ၏…. ” ရှင်မရယ်…ဒီနွားမကြီးကအိုနေပါပြီကွာ…ကိုသောင်းတို့ ပြောတဲ့ဈေးနဲ့ဘဲရောင်းလိုက်ရအောင်ကွာ….” “ အိုတော်…သူတို့ကဈေးနှိမ်လွန်းအားကြီးပါတယ် ကိုယ့်ဘာသာ ဖျက်ပြီး..ရောင်းရင်တောင်ဒီ ထက်မြက်တယ်” “ တော်ပြီကွာမင်းနဲ့မပြောတော့ဘူး..ပြောလိုက်ရင်ဒီအတိုင်းကြီးဘဲ …” အမှန်တော့ဒီစကားတွေကအတိအကျဘာကိုဆိုလိုမှန်းသူသိပ်မသိခဲ့….အဲဒီညမှာတော့မိခင် မျက်ရည်ကျတာကိုတော့မြင်လိုက်မိ၏…..နောက်တစ်နေ့မှာတော့မိခင်ကိုမနက်စောစောလူ နှစ်ယောက်ကလာရောက်ခေါ်ဆောင်သွားခဲ့သည်..အဲဒီတုန်းကမိခင်ကသူ့ကိုကြည့်ခဲ့သော အကြည့်ကိုသူမေ့မရနိုင်ခဲ့…..ထိုအကြည့်ကလဲ ..သူနဲ့မိခင်နောက်ဆုံးခွဲခွာရမည့်အထိမ်းအမှတ် မှန်းသူမသိခဲ့ပေ… ဒီလိုနဲ့ဘဲနောက်ရက်တွေမှာမိခင်ကိုသူမတွေရတော့ပေ…သူယူကြုံးမရခံစားခဲ့ရသည်….ပျင်းရိ ငြီးငွေ့ဖွယ်နေ့ရက်များအား..သခင်တို့အတွက်လုပ်ဆောင်ပေးရင်းနှင့်သူလုပ်ဆောင်ပေးရင်း ကုန်ဆုံးစေခဲ့သည်…ဒီလိုနဲ့…ဒီလိုနဲ့ဘဲ……………….. သူ့အသက်အရွယ်လည်းတစ်ဖြည်းဖြည်းကြီးရင့်လာခဲ့သည်……သူနဲအတူကြီးပြင်းခဲ့သော…ဒီ လောကကြီးထဲသို့တစ်ရက်တည်းရောက်ရှိခဲ့သော…သခင်၏သားလေးသည်ပင်..လူပျိုပေါက် အရွယ်ရောက်ခဲ့၏…တစ်နေ့တော့သူ..အလုပ်ခွင်ထဲတွင်ခြေချောင်းဒါဏ်ရာရခဲ့၏….သူထိုနေ့ မှစတင်ပြီး […]


mamanoyarJuly 27, 20121min31517
လူအမျိုးမျိုး စိတ်အထွေထွေရှိကြသည်။ တစ်ချို့က ကိုယ့်ကိုယ်ကိုပျော်ရွှင်အောင်နေသလို သူများကို လည်း ပျော်ရွှင်မှုတွေ ပေးနိုင်ကြသည်။ မိမိရော သူများအပေါ်မှာပါ စိတ်ချမ်းသာမှုပေးချင်တယ်ဆိုရင်ဖြင့် အကောင်းဆုံး နည်းလမ်းလေးကတော့ ပြုံးပြခြင်းလို့ထင်ပါမိပါသည်။  လူတစ်ယောက်ရဲ့အပြုံးက အများတကာကို စိတ်ချမ်းသာမှုအပြည့်အဝပေးနိုင်သည်။ အပြုံးဆိုရာဝယ် ရိုးရှင်းသည့် စစ်မှန်သည့် အပြုံးတော့ ဖြစ်နေရပါမည်။ လူတစ်ယောက်အပေါ် နာကျည်းမှုနဲ့ ဥပမာ (မဲ့ပြုံး) မျိုးတော့ မဖြစ်သင့်ပါဘူး။ အပြုံးတစ်ချက်သည် မိမိရန်သူ၏ နာကျည်းမှုအချို့ကိုပင် ပြေပျောက်စေနိုင်သည်။ မိမိအပြုံးတစ်ချက်ကြောင့်  လူအချို့အား စိတ်ခွန်အား များရရှိစေနိုင်သည်။ အချို့သော ရန်စကားများကို အပြုံးဖြင့်ဖြေရှင်းနိုင်သည်။ ထိုသို့ ပြုံးနိုင်အောင်လဲ မိမိဘက်မှ သည်းခံခြင်း၊ မိမိကိုယ်ကိုယ်နှိမ်ချခြင်း၊ အများအပေါ် နားလည်မှုပေးနိုင်ခြင်း စသည့် စိတ်ဓါတ်အခံရှိနေသူများသာလျှင် စွမ်းဆောင်နိုင်ပေမည်။ ဆရာမဆိုသော အသိနှင့် ကြောက်ရွှံ့နေသော ကျောင်းသားငယ်တစ်ယောက်ကို ဆရာမ၏ အပြုံးဖြင့် […]


mamanoyarJuly 26, 20121min31017
ညနေ နေဝင်နေပြီမို့ သုံးယောက်သား ယာခင်းထဲမှ ပြန်ဖို့ သုံးယောက်သား ထရပ်လိုက်ကြသည်။  သုံးယောက်ဆိုလို့ အသက် 50 အရွယ် အဖေရယ်၊ အမေရယ်၊  သမီးတစ်ယောက်ရယ်။ အပြန်လမ်းက မိုးချုပ်နေပြီမို့ ခပ်သွက်သွက် လှမ်းသွားနေတဲ့ သားအမိနှစ်ယောက်နားကို ယောက်ကျာင်္းစီးဘီး အအိုလေးတစ်စီး ဖြေညှင်းစွာ ရပ်လိုက်သည်။ ထိုသူမှာ အဖေဆိုသူဖြစ်သည်။ သုံးယောက်မို့ အဖေတစ်ယောက်ထဲ စီးသွားရန် ပြောသော်လည်း အေးအတူ ပူူအမျှုဟုဆိုကာ စက်ဘီးကို မိမိတို့နှင့်အတူ သွင်းသွားခဲ့သည်။ လမ်းတစ်ဝက်အရောက်တွင်တော့ ရွာဘက်ပြန်သောလမ်းတစ်လျှောက် မှာ အဆင်းလမ်းဖြစ်သောကြောင့် စက်ဘီးစီးသွားရန် ဆုံးဖြတ်လိုက်သည်။ သမီးကို ရှေ့ဘားတန်းမှာ ထိုင်စေပြီး အမေက နောက်ခုံမှာထိုင်လိုက်သည်။ အဖေက ဘီးကို နင်းပြီး သုံးယောက်သား စီးလာခဲ့ကြသည်။ ရွာအနီးရှိ အဆင်းရှည်ကြီးအရောက်တွင်တော့ စက်ဘီးစီးလာရင်း ဘရိတ်တုန်း ရုတ်တရက် […]


mamanoyarJuly 13, 20121min40021
ဘုန်းတော်ကြီးကျောင်းမှ အုန်းမောင်းခေါက်သံ ကြားမိသည်နှင့် မိဂျမ်းတစ်ယောက် ဆူပွက်နေသော ထန်းရေချိုများကို ခပ်သွက်သွက် ကျိုနေမိသည်။ တစ်အိုးမှာ ထန်းလျှက်ပြုလုပ်ရန် အကောင်းဆုံးအခြေ အနေမို့ အဝတ်စကို အပူကာကွယ်ကာ ချလိုက်ပြီး အဝတ်စိုလေး တစ်ခုဖြန့်ခင်းကာ အိုးထဲမှ ဆည်ယူလိုက်ပြီး ထန်းလျှက်လုံးလေးများ ဖြစ်လာစေရန် ကျစ်ကျစ်ပါအောင် တစ်လုံးပြီး တစ်လုံး လုံးနေလိုက်သည်။ တစ်ဖက်မှာလဲ ထမင်းအိုးတည်ရန်ရှိသေးသည်မို့ တစ်နေ့တာ အလုပ်များကို မိဂျမ်းတစ်ယောက် အပြေးလေး လုပ်နေမိသည်။ တဲအနီးတွင် ထန်းတီးလုံးများဖြင့် ဆော့နေသည့် သားနှင့် သမီးများကို စိုးရိမ်စွာဖြင့် ခဏခဏ လှမ်းကြည့်ရသည်။ ကိုဖိုးထောင်ကတော့ ထန်းတက်သည့် သူ့တာဝန်ပြီးသည်နှင့် ရှစ်နှစ်အရွယ် သူ့သားကြီးကို ခေါ်ကာ ထုံးစံအတိုင်း ဖွတ်၊ အစရှိသည့် တောသတ္တဝါလေးများ ရှာရန် ထွက်သွားလေပြီ။ ဆာနေပြီဖြစ်သည့် ကလေးများကို အဆာဖြေအဖြစ် […]


mamanoyarJuly 11, 20121min34319
ဝင်စပြုနေပြီဖြစ်သည့် နေမင်းကို ကျောခိုင်းပြီး သမီးပြန်အလာကို မျှော်နေမည့် အမေရှိရာ တဲအိုလေးဆီကို ခပ်သွပ်သွပ် လျှောက်လာနေမိသည်။ ရလာသည့် အဝတ်လျှော်ခ ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ခါ အမေအစားချင်ဆုံး မုန့်ဟင်းခါးလေး တစ်ပွဲဝယ်ကျွေးချင်မိသည်။ သို့သော်….. သားအမိစားဖို့ မနက်ဖြန်စာ ဆန်မရှိသည့်အဖြစ် .. မုန့်ဟင်းခါးဆိုင်ရှေ့ ဖြတ်အလျှောက် တစ်ခါတစ်လေတော့လည်း မုန့်ဟင်းခါးလေး တစ်ပွဲလောက်တော့ စားချင်မိတယ် ဆိုသည့်  အမေ့မျက်နှာကို မြင်ယောင်မိသော်လည်း…….. မျက်စိမှတ်ဖြတ်လျှောက်ခဲ့ရသည့်အဖြစ်။ ဆန်ဝယ်ဖို့ ဆိုင်ထဲဝင် သားအမိနှစ်ယောက်စာ ဆန်လေးဝယ် တုန်ရီနေသော လက်အစုံက ခပ်နွမ်းနွမ်းပိုက်ဆံလေးတွေအတွက် လုပ်ရသည်နှင့်မကာ အပြောခံလိုက်ရသည်က မိမိဘဝနှစ်ပြားမတန်ဖြစ်ခဲ့ရသည့် အဖြစ်ကိုမျက်ရည်ဝဲမိသည်။ ဖျက်ခနဲသတိအဝင် မိမိခြေလှမ်းတွေ လေးလံနေလို့မဖြစ် ထမင်းဆာ၍ မိမိပြန်အလာ မျှော်နေရှာမည့် အမေ။ ကျန်းမာရေးချုချာသောအမေ့ကို မိမိတတ်နိုင်သောလုပ်အားနှင့် ဆေးများဝယ်တိုက်ခဲ့၍ အခုရက်ပိုင်း အမေ့ကျန်းမာရေး နလန်ထူလာနိုင်ခဲ့ပြီ […]


mamanoyarJuly 6, 20121min31215
“အိမ်”  ဆိုတဲ့ စကားလုံးလေးကို ကြားလိုက်ရတာနဲ့ အဝေးရောက်နေသူများအဖို့ လွမ်းဆွတ်မှု၊ နွေးထွေးသလို ခံစားမှုနဲ့ အိမ်မှာရှိတဲ့ အိမ်သားအားလုံးကို သတိရမှုတွေအကြောင်း  မိမိ မျက်နှာနဲ့မျက်ဝန်းတွေက အလိုလို ဖော်ဖော်ပြနေကြတယ်။ အိမ်မှာရှိနေတုန်းက တန်ဖိုးမထားခဲ့မိ။ အဝေးရောက်သွားမှ အိမ်ဆိုတဲ့ နေရာလေးတစ်ခုမှ ရှိနေကြတဲ့ အမေ့ရဲ့ မေတ္တာ၊ အဖေ့ရဲ့ စေတနာ၊ ညီအစ်ကို မောင်နှမများရဲ့ ပွင့်လင်းနွေးထွေးတဲ့ မေတ္တာတွေကို နားလည်တတ်ခဲ့ပြီ။ “ဘဝ” ဆိုတဲ့ ဘတ်စကားကြီးကို စီးနေကြချိန်မှာ ခရီးဖော် မိတ်ဆွေ၊သူငယ်ချင်း များနဲ့ ဆုံကြချိန်မှာတော့ အိမ်ဆိုတဲ့ မှတ်တိုင်ကြီးတစ်ခုကို အခါအလျှောက် မေ့လျှော့ခဲ့ဖူးကြပေလိမ့်မည်။ ဘဝ ဆိုသည့် ဘတ်စကားကြီးပေါ် စီးလာတာချင်း တူပေမယ့် တစ်ဦးနှင့်တစ်ဦး အဆင်းမှတ်တိုင်ချင်း မတူကွဲပြာကြသဖြင့် တစ်နေ့နေ့ ဆိုသည့်အချိန်မှာတော့ ဝမ်းနည်းပူဆွေးမှုနဲ့အတူ ခွဲခွာကြရသည်မဟုတ်ပါလား။ လမ်းခရီးတစ်လျှောက် […]