mamanoyarJuly 4, 20121min24916
နိုရာတို့ ကျောင်းတက်ချိန်တုန်းက အဖြစ်အပျက်လေး တစ်ခုကို သတိရလို့ ရေးမိလိုု်က်တာပါ။ တစ်ပတ်တစ်ခါ ရထားစီးပြီး ရွာပြန်ကြရပါတယ်။ မိုးတွေအရမ်းရွာတဲ့ လဆိုရင်ဖြင့် တောင်တွေပြိုတာမျိုးဖြစ်လို့ ရထား တစ်လလောက် မကူးနိုင်ပဲ ဖြစ်တာမျိုးတွေလည်း ရှိပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ကျောင်းသားလေးများ ခြေလျှင်ပြန်ကြရပါတယ်။ ဒီကြားထဲမှာ ရထားပြင်ဖို့ လမ်းပြင်ဖို့ ရထားစက်ခေါင်း နဲ့ ပလက်တွဲတစ်တွဲလောက် အလုပ်သမားရထားဆိုပြီး ထွက်တတ်ပါတယ်။ ခရီးသည်တင်တာမျိုးမဟုတ်ပဲ လမ်းပြင်သွားတဲ့ရထားပါ။ ဒါပေမယ့် သူတို့တွေက သဘောကောင်းကြတော့ သနားစရာကျောင်းသားလေးတွေကို တင်ခေါ်သွားတတ်ပါတယ်။ တစ်ခါက နိုရာတို့ ကျောင်းသား ဆယ်ယောက်ကျော်ကျော် လောက်ရှိပါတယ် သီတင်းကျွတ်ကျောင်းပိတ်ရက် ရွာပြန် ကြမှာပါ။ အဲဒီအချိန်မှာပဲ ရထားခေါင်းတွဲနဲ့ အမိုးမပါတဲ့ ပက်လက်တွဲ တစ်တွဲကို ရထားခေါင်းရဲ့နောက်မှာမဟုတ်ပဲ ရှေ့မှာ ထားပါတယ်။ အဲဒီပက်လက်တွဲလေးပေါ်မှာ ကျမတို့တစ်တွေ လိုက်ကြရပါတယ်။ ရထားမောင်းတဲ့သူတွေ […]


mamanoyarJuly 2, 20121min35319
စိတ်အလိုမကျခြင်းအတွက် တစ်ပျစ်တောက်တောက် မြည်တွန်တောက်တီး ခြင်းသည် အလွန်ပင်စိတ်ပျက်စရာ ကောင်းသော အပြုအမူဖြစ်ပါသည်။ လူတိုင်းတွင် စိတ်အားငယ်စရာ၊စိတ်ပျက်စရာ၊ စိတ်အလိုမကျစရာများ အနည်းနဲ့အများဆိုသလို ရှိနေကြပါသည်။ မိမိတစ်ယောက်ထဲ ရှိနေခြင်းမဟုတ်ပါ။ ထိုကဲ့သို့ ကိုယ့်စိတ်အလိုမကျတိုင်း အော်ကျယ်ကျယ်နှင့် မြည်တွန်တော်တီးနေမည်ဆိုလျှင် ကြားရသူတိုင်း စိတ်မချမ်းမြေ့ ဖြစ်ရပါသည်။ မည်မျှပင် ပျော်ရွှင်နေစေကာမူ ထိုကဲ့သို့သော စိတ်ညစ်စရာ မြည်တွန်တောက်တီး မှုများကို ကြားနေရပါက မိမိပျော်ရွှင်မှုများပင် ပျောက်ပျက်ကာ စိတ်နှလုံးမသာမယာ ဖြစ်ရပါသည်။ ကိုယ့်ကြောင့် ကိုယ့်ပတ်ဝန်းကျင်နှင့် ဆက်စပ်နေသော လူအများစု စိတ်မချမ်းသာဖြစ်ရမည်ကို သတိပြုသင့်ပါသည်။ အချို့သော လူကြီးများသည် မိမိ တွင် ရာထူးဂုဏ်ရှိသည် မည်သူ့မျှ ဂရုစိုက်စရာ မလိုဟုထင်တတ်ကာ မိမိအလိုမကျတိုင်း အော်ငေါက်တတ်သော အကျင့်ရှိပါသည်။ ထိုကဲ့သို့သောနေ့များတွင် မိမိလက်အောက်တွင် အလုပ်လုပ်နေကြသော လူအားလုံး ထိုနေ့အဖို့ စိတ်မချမ်းသာ […]


mamanoyarJune 29, 20121min36919
မိုး မိုးဆိုတာနဲ့ သန်းထွဏ်းလေးရဲ့ “ မိုးရွာမှ ပျိုးသာနိုင်မလေ ………… “ ဆိုတဲ့ သီချင်းစာသားလေးကို အမှတ်ရမိပါတယ်။ မှန်ပါတယ် မိုးရွာမှ တောင်သူလယ်သမားများအတွက် အဆင်ပြေမှာပါ။ ဒါပေမယ့် အခုအရမ်းကို မိုးနည်းနေလို့ တောင်သူလယ်သမားတွေ အရမ်းစိတ်ညစ်နေရပါတယ်။ နောက်တစ်ခုက ရွာဘက်တွေမှာ အရမ်းရေရှားပါတယ်။ မိုးရွာလို့ ဆယ်မြောင်းတွေ ပြည့်မှ သောက်ရေ သုံးရေ ရရှိကြတာဖြစ်ပါတယ်။ အခုလို မိုးမရွာတော့ တောင်သူလယ်သမားတွေနဲ့ ရွာသူရွာသားတွေအဖို့ ရင်လေးစရာပါ။ တောင်သူမရှိတဲ့ ရန်ကုန်မှာတော့ နေ့တိုင်းလိုလို မိုးရွာနေတယ်လို့ ကြားရပါတယ်။ အင်းးးးးးးးးးး မိုးမင်းကြီးကို ဂေဇက်ရွာသူ ရွာသားများ  မိုးရွာအောင် ဝိုင်းပြီးဆုတောင်းပေးကြပါဦးလို့ တောင်းဆိုပါတယ်ရှင်။ ပြောမယ့်သာပြောရတယ် ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်……………………………………………………………………………………


mamanoyarJune 27, 20121min46125
ကျောင်းစဖွင့်မယ့်ရက် ကျောင်းတက်ရမှာမို့ ကျမအိပ်ယာက စောစောထလိုက်ပါတယ်။ အိမ်မှုကိစ္စလေးတွေ လုပ်ပြီးတာနဲ့ သူမကျောင်းသွားဖို့ ရေချိုးပြင်ဆင်ရပါတော့တယ်။ သနပ်ခါးလူးပြီး အဖြူအစိမ်း လေးကို သပ်သပ်ရပ်ရပ်လေး ဝတ်ဆင်လိုက်ပါတယ်။ ပြီးတာနဲ့ လိုအပ်တာလေးတွေထည့် ခြင်းလေးဆွဲပြီး ကျောင်းဘက်ဆီသို့ ခပ်သွက်သွက်လေး လျှောက်လာခဲ့လိုက်ပါတယ်။ ဒီလိုနဲ့ ကျောင်းရောက်ပြီး အတန်းတွေခွဲ တာဝန်ပေးတော့ အခြား အတန်းတွေ တာဝန်မကျခင်  မနက်ခင်း မူကြိုထိန်းပေးဖို့  တာဝန်ပေးခြင်းခံရပါတယ်။ ဆရာမထဲမှာ အငယ်ဆုံးလည်းဖြစ်၊ ဆက်ဆက်ထိမခံချင်တဲ့ ကျမ အရမ်းကို ဆူပူပြီး တစ်ယောက်တစ်ပေါက် အော်သူကအော် ငိုသူကငို မိဘတွေအချို့က လိုက်ပို့သူကပို့နဲ့ အင်မတန်မှဆူညံ နေတဲ့ မူကြို ကျောင်းသားတွေ ရှိတဲ့နေရာကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်မိပါတယ်။ အတန်းထဲလဲဝင်ရော တစ်ယောက်တစ်ပေါက် နဲ့ ကလေးတွေကို ဘယ်လိုစထိန်းချုပ်ရမယ်ဆိုတာ စဉ်းစားရပါတော့တယ်။ ဒါနဲ့ ကျောင်းခန်းအပြင်ဖက်က […]


mamanoyarJune 26, 20121min34618
အနောက်တောင်ဘက်ဆီက တိမ်မဲတွေ တလိမ့်လိမ့်တက်လာနေပြီ ထို့အတူ ပတ်ဝန်းကျင်ကိုလဲ မှောင်မိုက်စေသည်။ ပြင်းထန်သော လေနှင့်အတူ မိုးစက်တို့ ကြွေလေပြီ တောင်တွေပတ်ရန်ထားတဲ့ နေရာလေးမို့ ကြည့်လိုက်တိုင်း ညို့မှိုင်းကာ မဲဇာတောင်ခြေ ရောက်နေသယောင်။ မျက်ရည်တွေဝေ့ဝဲ ပိုင်ရှင်မဲ့သူတစ်ယောက်မို့  ဘယ်ဆီကိုမျှော်မှန်းလို့ လွမ်းရမှန်းမသိ။ အခုလို အချိန်မှာ အမည်မသိ အလွမ်းအတွက် မိုးမင်းရယ် ညှာတာပေးပါ။”


mamanoyarJune 25, 20121min42129
 ရွာကိုပြန်ရမှာမို့ မနက်စောစောထပြီး ရွာအတွက်ဈေးထဲက ဟင်းချက်စရာလေးတွေ သွားဝယ် ပြီးတာနဲ့ ပထမနှစ်ကျောင်းအပ်လာတာမို့ စာအုပ်ထုတ်လေးနဲ့ စီဒီချပ်လေးတွေက တစ်ဖက်၊ အခြားတစ်ဖက်က ဟင်းချက်စရာအိပ်လေးတွေဆွဲ၊ ကျောပိုးအိပ်လေးလွဲပြီး ရထားနဲ့ ရွာပြန်ဖို့ ဘူတာရုံရှိရာ စထွက်လာခဲ့ပါတယ်။ မှန်မှန်သွားနေရင်းနဲ့ လမ်းမှာလူတစ်ယောက်က ဘူတာမှာ ရထားဆိုက်နေတာ ကြာပြီဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာတော့ ရထားမှီဖို့အရေး ပြေးရပါတော့တယ်။ ပြေးနေရင်းမှာပဲ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတဲ့အတိုင်း မနိုင်မနင်းဆွဲလာတဲ့ လက်ထဲကခရမ်းချဉ်သီးထုတ်က ပွင့်ထွက်ပြီး တစ်လုံးချင်း ပြန့်ကြဲကုန်ပါတယ်။ ဒါနဲ့ပဲ ရှိတဲ့ဟာလေး ပြန်စုပြီးမမောနိုင်ပဲ ဆက်ပြေးရပြန်ပါတယ်။ ရထားကိုလှမ်းမြင်ချိန်မှာတော့ စက်နိူးပြီးသားဖြစ်နေပါတယ်။ မောမောနဲ့ ဆက်ပြေးရပြန်ပါတယ်။ ရထားနားရောက်တော့ ပထမဆုံး တွေ့တဲ့ အတွဲမှာပဲ တက်ပြီး အပေါက်နားမှာပဲ ထိုင်ချလိုက်မိပါတယ်။ ကျမလဲတက်ပြီး တစ်ခါတည်း ရထားထွက်တော့တာပါပဲ။ ကိုယ့်အမောနဲ့ကိုယ် ပတ်ဝန်းကျင်ကို သတိမထားမိပါဘူး။ ခဏအမောပြေတော့ အရမ်းချောင်လွန်းနေတဲ့ […]


mamanoyarJune 22, 20121min51034
မင်္ဂလာပါရှင် ကျမတွေ့နေရတဲ့ အမှားလေးတစ်ခုကို ပြောပြချင်ပါတယ်။ ဒါကတော့ တော်တော်များများ လွဲနေတဲ့အလွဲလေးပါ။ တစ်ချို့က အမှန်ကိုသိပေမယ့် Key တစ်ခုထဲမှာဆိုတော့ အလွယ် ရေးလိုက်တာလဲဖြစ်နိုင်ပါတယ်။ နိုရာသိတဲ့ အသိလေးပြန်မျှဝေချင်ပါတယ်။ ဒါကတော့ မြန်မာစာရေးနေကျ မကြာခဏတွေ့ရတဲ့ ရကောက်(ရ) နဲ့ ဂဏန်း (၇) လွဲပြီးရေးတတ်ကြတာလေးပါရှင်။တော်တော်များများ တွေ့ရပါတယ်။ ဥပမာ- ရေ (အမှန်) ၊ ရေ (အမှား)။ နိုရာ သိတဲ့ကာရန်လေးကို ပြောပြချင်ပါတယ်ရှင် “ရကောက်(ရ) မှန်ခဲ့ အဆံထည့် အဆံမဲ့လျှင် ခုနှစ်(၇) ပင်” ဒီစာသားလေးကိုသာ ရွတ်လိုက်မယ်ဆို နောက်မှားမှာမဟုတ်ဘူးလို့ ထင်ပါတယ်ရှင်။ ဆရာလုပ်တာမဟုတ်ပါဘူးရှင် နိုရာလဲဘာမှမသိပါဘူး သိတာလေးကို မျှဝေတဲ့သဘောပါ။


mamanoyarJune 22, 20122min34828
(၂၁.၆.၂၀၁၂) ရက်နေ့ ညနေ ကျမ ထမင်းစားပြီး ဝရန်တာမှာ ထွက်ရပ်နေတုန်း မိုးပြေးလေးရွာချပါတယ် ခဏကြာတော့ ကောင်းကင်ရဲ့ တစ်ဖက်မှာ ညို့မှိုင်းနေတဲ့ တိမ်တွေ တစ်ဖက်မှာတာ့ နေဝင်ဆည်းဆာက အရောင်တောက်လို့နေပါတယ် ဒါနဲ့ အရမ်းလှလို့ ဓါတ်ပုံရိုက်ထားလိုက်ပါတယ်။ အရမ်းလည်းပျော်ပါတယ်။ ကြည့်လို့တကယ်လှပါတယ်။ Show 2012-06-21 18.48.05 Show ဒါကတော့ မိုးပြေးလေးရွာအပြီး အရမ်းတောက်ပနေတဲ့ ဝင်လှဆဲဆဲ နေမင်းကြီးပါရှင် Show 2012-06-21 18.45.02 Show 2012-06-21 18.47.23 Show 2012-06-21 18.43.27 Show 2012-06-21 18.43.27(1) အားလုံးပဲ လှပတဲ့ ဆည်းဆာနဲ့ အတူ လှပတဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။  


mamanoyarJune 21, 20121min29118
ငါ။      ။  အချိန်တွေ ကြာလာတာနဲ့အမျှ ဆရာလေး ရဲ့ ဂရုစိုက်မှု သိတတ်မှု လူတိုင်းအပေါ် လေးလေးစားစား ဆက်ဆံတတ်တဲ့ အပြုအမှုတွေကို ငါလေးစားတတ်လာတယ်။ သူရှိနေရင် ငါ့ရင်ထဲက အားငယ်စိတ်တွေ သက်သာသလိုခံစားရတယ်။ ငါ။      ။ တစ်နေ့ ငါထင်တဲ့အတိုင်း ဆရာလေးငါ့ကို မေတ္တာရှိနေတဲ့အကြောင်း ဖွင့်ပြောခဲ့တယ်။ ငါမငြင်းမိဘူး။ စဉ်းစားပါရစေလို့ ပါးစပ်ကအလိုလို ထွက်ပြီးသားဖြစ်နေတယ်။ ငါ့အပေါ် ပျော်ရွှင်မှုတွေ ပေးခဲ့တဲ့သူ့ကို နာကျင်စရာတွေ ထပ်မပေးချင်ဘူး။ သူ့ကိုငါပျော်စေချင်တယ် ငါ။      ။ ငါ့ဘဝမှာ မရဘူးခဲ့တဲ့ ပျော်ရွှင်မှုတွေ သူ့ဆီကရခဲ့သလို ငါကြုံတွေ့ရတဲ့ အခက်အခဲတွေကိုလဲ သူဖြေရှင်းပေးနိုင်ခဲ့တယ်။ ငါသူ့ကို အရမ်းလဲအားကိုးမိတယ်။ နယ်မှာတာဝန်ကျနေတဲ့ ဆရာမတစ်ယောက်အနေနဲ့ မိဝေးဖဝေးနေရာမှာ သူ့လိုကူညီတတ်ပြီး အခွင့်အရေးမယူတတ်တဲ့သူ့ကို ပိုပြီးလေးစားတယ်။ ငါ။      ။ သူ့ကို ငါ့ဘဝလက်တွဲဖော်အဖြစ် […]


mamanoyarJune 20, 20121min34424
နိုရာ  မိန်းကလေးတစ်ယောက်ဆိုပေမယ့်…………. မိန်းကလေးဆန်ဆန် နူးညံ့သိမ်မွှေ့မှုနည်းတာအမှန်ပါ။ အညာသူ၊ တောသူတစ်ယောက်ဖြစ်တဲ့အတွက် ပိုဆိုးပါတယ်။ စကားသံကျယ်ကျယ်နဲ့ အသံမာမာ မိန်းကလေးတစ်ယောက်ရဲ့စကားသံနဲ့မတူ ဒုတ်ထိုးအိုးပေါက် ပြောတတ်တဲ့အကျင့်လေး ရှိနေပြန်ပါတယ်။ လူကတော့ စုတ်ချွန်းချွန်းပေမယ့် အတ္တကြီးပြီး မာနနည်းနည်းထားတတ်တာကြောင့် ကိုယ့်ကိုယ်ကို စိတ်တိုမိပြန်ပါတယ်။ ပြင်မယ်လို့ တွေးထားပြန်ပေမယ့် တကယ်ကြုံလာပြန်တော့ တားဆီးမရတာအမှန်ပါ။ ……………………………… ဒီအရွယ်ရောက်မှ အားလုံးအပေါ်မှာ နားလည်ပေးနိုင်တဲ့ စိတ်မထားနိုင်သေးတဲ့ ကိုယ့်စိတ်ကိုလည်း သဘောမကျပြန်ပါဘူး။ သိရက်နဲ့ မိုက်နေတာလား???????? တစ်နေ့  ကိုယ်ထင်ထင်သလို ပြန်ပြန်ပက်တဲ့ ကိုယ့်စိတ်ကိုပြင်ဖို့ အရမ်းခင်ရတဲ့ သူငယ်ချင်း နှစ်ယောက်ဆီက စေတနာစကားတွေနဲ့အတူ အတုယူစရာလေးတွေ ကြားလိုက်ရတာမို့ အတော်လေးကို ဝမ်းသာမိပါတယ်။ နိုရာ့သူငယ်ချင်းက ယောကျာင်္းလေးပါ ဒါပေမယ့် စကားပြောရာမှာ အရမ်းကိုချိုသာပါတယ်။ စိတ်ထဲမှာ သူတောင်ယောက်ကျာင်္းလေးတန်မယ့်  ချိုသာအောင် နေနိုင်သေးတာ ငါမိန်းကလေးတန်မယ့် ဘာလို့ […]


mamanoyarJune 19, 20121min24815
ငါ။      ။ နင်အနိုင်ရပါတယ် နင်ငါ့ကို လူကြားထဲ အော်လိုက်ရလို့ ကျေနပ်တယ်မဟုတ်လား။ နင်မှတ်ထားပါ ငါလူတစ်ယောက်ကို သေလောက်အောင်ချစ်ပါစေ မိန်းကလေးတစ်ယောက်အနေနဲ့ ဘယ်တော့မှ သူ့ကိုပြောမှာ မဟုတ်ဘူး။ အခုလဲ ငါ့အချစ်တွေနင်မမြင်ခင် နင်နဲ့ဝေးရာကို ငါအမြန်ဆုံးသွားမှာပါ နင်စိတ်ချလိုက် နင်ငါ့ကို အချိန်ကြာထိ ထပ်တွေ့ရတော့မှာမဟုတ်ဘူး။ နင်သိပ်ချစ်တဲ့ပိုးနဲ့ ပျော်အောင်နေခဲ့ပါ ငါနှုတ်ဆက်တယ်။ ငါ။      ။ ငါစိတ်တွေဘာဖြစ်တာလဲဟာ ဒီကျောင်းမှာ ငါမပျော်ဘူးသိလား။ ဒါပေမယ့် ငါနေတတ်ပါတယ် အဘွားကလဲ သူအရမ်းချစ်တဲ့ငါရောက်လာလို့ အရမ်းကိုပျော်နေတယ်လေ။ ငါ့အတွက် အစစအရာရာပြည့်စုံ နေပေမယ့် နင်မပါတဲ့ လမ်းမှာ နင်မရှိတဲ့ကျောင်းမှာ ငါမပျော်ပါဘူးဟာ။ နင်အရမ်းဖြစ်စေချင်တဲ့ မိန်းကလေး ပီသဖို့  ငါကြိုးစားနေပါတယ်။ နင့်ကိုစိတ်နာတယ်ဆိုပေမယ့် ငါ့ရဲ့မသိစိတ်က နင့်အလိုကိုတော့ ဖြည့်စည်းပေးဖို့ ငါဒီကျောင်းကိုရွှေးချယ်ခဲ့တယ်။ နင်သိနိုင်မလား??????????? ငါ။      ။ ငါအရမ်းချစ်ရတဲ့ […]


mamanoyarJune 18, 20121min20411
အဝေးဆုံးကမ္ဘာမှာ နင်နဲ့ငါ……………. ငါ=ကောင်မလေး နင်=ကောင်လေး ငါ။      ။သူငယ်ချင်းရေ ငါနင့်ကိုသတိရနေချိန်မှာ နင်ငါမဟုတ်တဲ့အခြားတစ်ယောက်ကို သတိရနေခဲ့တယ်။ မနာလိုမှုတွေ ရင်ထဲရောက်လာခဲ့ပေမယ့် နင်စိတ်ချမ်းသာဖို့အတွက် ငါမသိချင်ယောင် ဆောင်နေလိုက်မယ်နော်။(ငါပိုးကိုအရမ်းချစ်တယ် နင်ငါ့ကိုကူညီပါနော် ငါအချိန်တိုင်းသူ့ကိုသတိရနေတယ်။ ) ငါ။      ။ နင့်စကားတွေကို ငါဆက်နားထောင်နိုင်စွမ်းမရှိပေမယ့် နင်ငြိုငြင်မှာစိုးတယ် ဖြစ်နိုင်ရင် သူ့အကြောင်းတွေငါ့ကိုလာမပြောပါနဲ့လားဟာ။ ငါ။      ။ နင်ပြောတယ်လေ နင့်ပုံစံကလဲဟာ ယောက်ကျာင်္းလေးလိုလို ဘာလိုလိုနဲ့ ပြောလိုက်ရင်လဲ အသံကျယ်ကျယ်နဲ့ နူးညံ့သိမ်မွေ့မှုကိုမရှိဘူး ပိုးနဲ့များတစ်ခြားဆီ။ နင်ဒီလိုပြောတိုင်း ငါဘယ်လောက်ခံစားရလဲဆိုတာ နင်မသိခဲ့ဘူးနော်။ ငါ။      ။ ငါနဲ့နင်က အမြဲလိုလိုအတူရှိခဲ့ပေမယ့် နင်ငါ့ကို ဘယ်တော့မှဂရုမစိုက်ခဲ့ဘူး။ ငါနင့်အိမ်ကို ချောင်းပေါက်မတတ်ရောက်ခဲ့ပေမယ့် နင်ကတော့ငါ့ကို အန်တီတို့က ခိုင်းမှ ဒါမှမဟုတ်ရင် နင်အကူညီလိုမှ ငါ့ဆီကိုရောက်ရောက်လာတတ်တာမဟုတ်လား ဘယ်လိုပဲလာလာ နင်လာရင်ငါပျော်တယ်။ ငါ။      ။နင်ငါ့ကိုယောက်ကျာင်္းလေးတွေ […]