ဝါဆိုလပြည့်နေ့ အမှတ်တရ

mamanoyarAugust 3, 20122min10318
အနီးစခန်းက နှီးဘုရား ပုံတော်ပါ လူတွေအရမ်းများပြီး အဝေးကနေရိုက်ခဲ့ရလို့ နည်းနည်းဝါးသွားတာပါ

ဘုရားပေါ်သို့ တက်ရောက်နေကြသော စည်ကားလှသော ဘုရားဖူးများ

ဘုရားဖူးများ ဘုရားပေါ်သို့ အတက်

နဂါးရုံဘုရား ဘေးမှမြင်ကွင်း

မဟာအံ့ထူးကံသာ ဘုရားကြီးမှ အဝေးသို့ မြင်ရသောရှုခင်း

 

 

 

 

 

မေမြို့ရဲ့ ဝါဆိုလပြည့်နေ့က အရမ်းစည်ကားလှပါတယ် တကယ်ကိုအံ့ဩစရာကောင်းလောက်အောင် လူတွေများလွန်းပါတယ်

လမ်းတစ်လျှောက်လဲ ကား၊ဆိုင်ကယ် အရမ်းကိုများပါတယ်။ နိုရာတို့ သွားတော့ မိုးချုပ်နေပြီမို့ လူနည်းနည်းရှင်းပါတယ် ဒါတောင်

စည်ကားနေပါသေးတယ်။ နှီးဘုရားမှာလဲ လူတွေတိုးလို့မပေါက်နိုင်အောင် စည်ကားလှပါတယ်။ ဂေဇက်ရွာသူရွာသားတွေ ဖူးမျှော်နိုင်အောင် တင်ပေးလိုက်တာပါ။ လူတွေများတော့ ဓါတ်ပုံကောင်းကောင်းရိုက်လို့ မရပါဘူး။

18 comments

  • P chogyi

    August 3, 2012 at 10:43 am

    ပုံတွေကြည့်ပြီး ဘုရားဖူးလိုက်ရလို့ကျေးဇူးတင်ပါတယ်။

  • Ma Ei

    August 3, 2012 at 10:57 am

    နိုရာက မေမြို့သူလေးကိုး…
    မရောက်ဖူးသောမေမြို့ နှီးဘုရားပုံတော်
    ဖူးခွင့်ရလို့ ကျေးဇူးနော်…

  • mamanoyar

    August 3, 2012 at 12:09 pm

    မဟာအံ့ထူးကံသာဘုရားပုံတော် တင်လိုက်ပါတယ်
    အခုမပေါ်ဘူးရော်
    ဘယ်လိုဖြစ်တာပါလိမ့်နော်

  • အတိသဌ္ဇနာဂရ

    August 3, 2012 at 12:52 pm

    မရောကိဖူးသေးပေမယ့် ရောက်ဖူးသလိုပါဘဲ။အားပေးသွားပါတယ်ဗျာ။
    အရမ်းစည်ကားနေတယ်ပုံပါဗျ

  • အတိသဌ္ဇနာဂရ

    August 3, 2012 at 12:53 pm

    မရောကိဖူးသေးပေမယ့် ရောက်ဖူးသလိုပါဘဲ။အားပေးသွားပါတယ်ဗျာ။
    အရမ်းစည်ကားနေတယ်ပုံပါဗျ။လက်မလေးတစ်ချောင်းထောင်သွားပါ
    ၏။

  • elle smile

    August 3, 2012 at 1:22 pm

    နှီးဘုရားပုံဖူးလိုက်ရလို့ကျေးဇူးတင်ပါတယ်။တစ်ခေါက်ပဲရောက်ဖူးတယ်။

  • မောင်ပေ

    August 3, 2012 at 1:23 pm

    အနီးစခန်း က နှီးဘုရား ကို တစ်ခါမှ မဖူး ဘူးသေးဘူးရယ်
    ဘုရားဒါယိကာမ နိုရာလေး ရေ ကျေးဇူးပါနော

    • mamanoyar

      August 3, 2012 at 1:48 pm

      ဦးပေကလည်း မန်းလေးသားလုပ်နေပြီး
      နှီးဘုရားကို မရောက်ဖူးသေးတာ မဟုတ်သေးပါဘူး
      ရောက်အောင်သွားဖူးနော် နောက်တစ်ခါ

  • Khaing Khaing

    August 3, 2012 at 2:32 pm

    အဲဒီနှီးဘုရားကို ဇူလိုင် ၁၉ ရက်နေ့က ရောက်ခဲ့ပါတယ် … ပြင်ဦးလွင်မှာ နောက်ဆုံးဖူးတာအဲဒီဘုရားဆိုတော့ …… အားလုံးကခြေကုန်လက်ပန်းကျနေပြီး သမီးလေးက ကားပေါ်မှာ အိပ်နေခဲ့တာကြောင့် အပြေးကလေးတက်ဘုရားဖူး အပြေးကလေးဆင်းလာခဲ့ရပါတယ် …. တိုက်တိုက် ဆိုင်ဆိုင် ဒီနေ့မနက် ရုံးကိုလာရင် ကားပေါ်မှာ နှီးဘုရားလေးရဲ့ရာဇဝင်ကို သူငယ်ချင်းတွေကို ပြောပြမိပါ သေးတယ် ……. ဘုရားပုရဝုဒ်ကိုတောင် သေသေချာချာ မလေ့လာခဲ့ရဖူး မမနိုရာကျေးဇူးကြောင့် အခုတော့ သေချာကြည့်ခွင့်ရပါတယ် …..

  • mamanoyar

    August 3, 2012 at 3:23 pm

    ခိုင်ခိုင်ရေ မိဘမေတ္တာပဲပေါ့
    လပြည့်နေ့ နှီးဘုရားမှ လူတွေအရမ်းများတာပဲ ဈေးသည်တွေလဲ အခါတိုင်းထက်များတယ်
    နောက်အေးအေးဆေးဆေး ဖူးခွင့်ရမှာပေါ့ ခိုင်ခိုင်ရယ်
    ဒါနဲ့ခိုင်ခိုင့်အခုပုံမှာ တင်ထားတာ ခိုင်ခိုင့်သမီးလေးလားဟင်

    • Khaing Khaing

      August 3, 2012 at 4:33 pm

      ဟုတ်မမနိုရာ ……. ပြင်ဦးလွင်ကန်တော်ကြီးမှာ ရိုက်ထားတာလေ …..

  • မဟာရာဇာ အံစာတုံး

    August 3, 2012 at 3:33 pm

    မမနိုရာရေ ..
    အနော်ဂဒေါ့ဖြင့် အဲ့ကို ရောက်ဖူးဘူး ခည ..
    အခု မမနိုရာ တင်ပေးတဲ့ ဘုရားပုံတွေကို
    ဖူးသွားပါတယ် ခည ..
    အကယ်၍ ကြုံလို့ အဲ့မြို့ဘက်ကို ရောက်ခဲ့ရင် ..
    အဲ့ဂို သားသားကို လိုက်ပို့ပေးမယ် မဟုတ်လား ခည .. 😀

    • mamanoyar

      August 3, 2012 at 3:46 pm

      နိုရာက မေမြို့သူမဟုတ်ပါဘူး ဒီမှာခဏရောက်နေတာပါ
      လာလည်ပါ ကြုံရင်လိုက်ပို့ပေးမှာပေါ့

  • နှင်းဆီ ငုံ

    August 3, 2012 at 3:35 pm

    မေမြို့မရောက်တာ ကြာနေလို့ လွမ်းနေတာ ခုလိုပုံလေးတွေ တင်ပေးတဲ့ကျေးဇူးပါ နိုရာရေ
    ရင်ထဲမှာအေးချမ်းသွားပါတယ်

    • mamanoyar

      August 3, 2012 at 3:54 pm

      နှင်းဆီငုံရေ ကျေးဇူးပါနော်
      အရမ်းလှတဲ့ မေမြို့ကို လွမ်းရင် အလည်လာခဲ့ပေါ့လို့

  • YE YINT HLAING

    August 4, 2012 at 12:01 am

    မေမြို့ အနှံ့ကို ကျွန်တော် အပါအဝင် သူငယ်ချင်း အယောက် ( ၁၂ဝ ) ကျော် သွားရောက်လည်ပတ် ခဲ့ဘူးပါတယ် ။ ကားတွေပေါ်မှာ သီချင်းတွေ အော်ဆိုကျရင်း သွားခဲ့ကြတာ ပျော်ဘို့ အရမ်းကောင်းတယ်ဗျာ ! မဟာအံ့ထူးကံသာ ဘုရားကြီးကိုလည်း ဖူးခဲ့ကြသေးတယ် ။မေမြို့က တကယ်ကို အေးချမ်းသာယာတဲ့ မြို့လေးပါ မနိုရာ !

  • mamanoyar

    August 4, 2012 at 9:26 am

    သူငယ်ချင်း၁၂ဝ တောင်ဆို အများကြီးနော်
    သင်တန်းတက်ရင်း လာလည်တာလား
    ဟုတ်ပါ့ ကိုရဲရင့်လှိုင်ရေ မေမြို့က အရမ်းသာယာတဲ့မြို့လေးပါ

  • snow white

    August 4, 2012 at 10:39 am

    ဘုရားကို ဖူးမျှော်ခွင့်ရလို့ ကျေးဇူးတင်ပါတယ် မမနိုရာ ။။

Leave a Reply