Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Making network cable

Yin Nyine NwayApril 12, 20119min2116

Making network cable

 

 

အခုတင်ပြရေးသားမယ့် အပိုင်းက Networking အပိုင်း။ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ network က ကျမတို့ ပတ်ဝန်းကျင်မှာ တော်တော်လေး နေရာယူလာပါပြီ။ Computer များသာမက PS II ဂိမ်းဆိုင်တွေမှာပါ Network ကို သုံးလာတာတွေ့ရပါတယ်။ (PSII နောက်ပိုင်း မော်ဒယ်တွေကို ကွန်ပျူတာဖြင့် network ချိတ်ပြီး game CD ကို HDD မှ ရယူအသုံးပြုခြင်းကြောင့် စက်ပျက်စီးမှု၊ ခွေဖိုးကုန်ကျမှုများ များစွာ သက်သာသွားစေပါတယ်။) အဲဒါကြောင့် သင်သုံးနေတဲ့ ကွန်ယက် (network) ကို ဘယ်လိုပြုလုပ်ပြီး တည်ဆောက်ထားတာလဲ ဆိုတာ သိသင့်ပါတယ်။ (မက်လုံးပေးရရင်တော့ စက် ၁ဝ လုံး networking ပြုလုပ်ခြင်းအတွက် အသားတင် လက်ခ တစ်သိန်းမှ တစ်သိန်းခွဲကြား ပေးရပါတယ်။) အခုအချိန်ကစပြီး အဲဒီမခဲယဉ်းလှတဲ့ နည်းပညာကို စာဖတ်သူတို့ဆီ ကျနော်မျှဝေပါ့မယ်။ level တိုင်းနားလည်အောင် တင်ပြသွားပါ့မယ်။

First step ကတော့ ဆက်သွယ်တပ်ဆင်တဲ့ကြိုး (Networking Cable) ပြုလုပ်ခြင်း ဖြစ်ပါတယ် …

အသုံးပြုနိုင်သော Network Cable တစ်ခု ပြုလုပ်ခြင်း

(၁) Cable Length : လက်ရှိအသုံးများတဲ့ ကွန်ပြူတာ network cable များဟာ twisted pair wire Categories 5 အမျိုးအစားဖြစ်ပြီး Cable တစ်ချောင်းကို မီတာ ၁၀ဝ ထက် ပိုရှည်လို့ မရပါဘူး။

(၂) Connector : RJ 45 – 4 pairs (8 wires)

RJ 11 – 2 pairs (4 wires)

ဝါယာ ရှစ်ခုပါ RJ 45 သည် ကွန်ပြူတာ အတွက် ဖြစ်ပြီး၊ ဝါယာ လေးခုပါ RJ 11 သည် ဖုန်းနှင့် ချိတ်ဆက်ရန် အတွက် ဖြစ်ပါတယ်။

Lan Cable Head & Modem Cable HeadRJ 45 for LAN & WAN , RJ 11 for Dial Up Modem

(၃) Color code : twisted pair cat 5 ကြိုးတွင် ဝါယာရှစ်ခုပါဝင်ပြီး နှစ်ပင်ပူးစီ လိမ်ထားသော အတွဲလေးတွဲ ပါသည်။ အပြာဖြူကြား နှင့် အပြာတွဲ၊ လိမ္မော်ဖြူကြားနှင့် လိမ္မော်တွဲ၊ အစိမ်းဖြူကြားနှင့် အစိမ်းတွဲ၊ အညိုဖြူကြားနှင့် အညိုတွဲ တို့ဖြစ်သည်။ color code သည် network cable အတွက် အရေးကြီးသဖြင့် အောက်ပါအတိုင်း မှတ်သားထားပေးပါ။

Order Of String

(အတိုကောက်အနေနဲ့ BOGBr ဟုမှတ်ပါ။ B=Blue, O=Orange, G=Green, Br=Brown ဟု အတွဲလေးတွဲ အစဉ်လိုက်ဖြစ်ပြီး၊ အဖြူကြားမှ စ၍ အရောင်ကြိုးမှာ ဆုံးတယ်။ အတွဲ ၁၊ ၂၊ ၃၊ ၄ ကို ဤနည်းဖြင့် မှတ်သားထားပါ။)

(၄) Ping assignment : အသုံးပြုနိုင်သော network cable တစ်ခုဖြစ်ရန် အတွက် connector တွင် ထည့်သွင်း စီစဉ်ရသော pin assignment နှစ်မျိုးရှိပါတယ်။

(က)  T-568A (type A)

(ခ)    T-568B (type B)

(က) Type A (T-568A)       : pin assignment စီစဉ်မှုတွင် အတွဲ ၁ မှ ၄ သို့ အစဉ်လိုက် အစား အတွဲ ၃၊ ၁၊ ၄ ဟုစီပြီး၊ ၃ နှင့် ၄ ကြား ၁ ကို ခွ၍ အတွဲ ၂ ကို စီလိုက်ပါ။

Pin No. အရောင် လုပ်ဆောင်မှု
1. စိမ်းဖြူကြား (WG) ပို့ +
2. စိမ်း (G) ပို့ –
3. လိမ္မော်ဖြူကြား (WO) ယူ +
4. ပြာ (B) မသုံး
5. ပြာဖြူကြား (WB) မသုံး
6. လိမ္မော် (O) ယူ –
7. ညိုဖြူကြား (WBr) မသုံး
8. ညို (Br) မသုံး


(ခ) Type B (T-568B) : pin assignment စီစဉ်မှုသည် Type A ၏ အတွဲ ၂ နှင့် ၃ ကို နေရာပြောင်းလိုက်ရုံသာ ဖြစ်သည်။ ထပ်ရှင်းရလျှင် အတွဲ  ၂၊ ၁၊ ၄ ကို စီပြီး ၂ နှင့် ၄ ကြား ၁ ကို ခွ၍ အတွဲ ၃ ကို စီလိုက်ပါ။

Pin No. အရောင် လုပ်ဆောင်မှု
1. လိမ္မော်ဖြူကြား (WO) ပို့ +
2. လိမ္မော် (O) ပို့ –
3. စိမ်းဖြူကြား (WG) ယူ +
4. ပြာ (B) မသုံး
5. ပြာဖြူကြား (WB) မသုံး
6. စိမ်း (G) ယူ –
7. ညိုဖြူကြား (WBr) မသုံး
8. ညို (Br) မသုံး

(၅) Cable type : ကွန်ပြူတာနှင့် ဆက်စပ်အသုံးပြုရန် cable အမျိုးအစား နှစ်မျိုးရှိသည်။

(i)  Straight-through Cable

(ii) Cross Cable

(i)            Straight-through Cable အမျိုးအစားသည် pin assignment တူတူချင်း စီစဉ်ကာ connector တပ်ဆင်ထားခြင်း ဖြစ်သည်။ ထပ်ရှင်းရလျှင် cable တစ်ခု၏ ထိပ်နှစ်ဘက် စလုံးကို type A ချည်းသာ (သို့မဟုတ်) type B ချည်းသာ Straight-through Cable ဟု ခေါ်သည်။ (၎င်း cable အမျိုးအစားကို path cable ဟုလည်းခေါ်ပြီး ကွန်ပြူတာမှ hub (သို့မဟုတ်) Switch သို့ ချိတ်ဆက်ရာတွင် အသုံးပြုသည်)

(ii)           Cross cable အမျိုးအစားသည် Type A နှင့် Type B ကို တစ်ဖက်စီ တပ်ဆင်ထားသော cable ပင် ဖြစ်သည်။ (crossover cable ကို hub အချင်းချင်း၊ switch အချင်းချင်း နှင့် ကွန်ပြူတာ နှစ်လုံး တိုက်ရိုက်ချိတ်ဆက်ခြင်းများတွင် အသုံးပြုသည်)

မှတ်ချက်။ ထို cable အမျိုးအစား နှစ်ခုကို ခွဲခြား သိလိုပါက cable ၏ ထိပ်နှစ်ဖက် ဖြစ်သော connector နှစ်ခုကို ယှဉ်ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။ pin စီစဉ်ထားမှု အရောင်များ တစ်ထပ်တည်း တူညီပါက Straight-through ဖြစ်ပြီး၊ မတူညီပဲ A-B ဖြစ်နေပါက cross cable ဖြစ်သည်။

(၆) Making Network Cable : ရှေ့တွင်ဖော်ပြပြီး အချက်(၅)ချက်သည် သိရှိရန်ဖြစ်ပြီး ယခု အချက်များသည် လိုက်ပါလုပ်ဆောင်ရမည့် အချက်များဖြစ်သည်။ တနည်းဆိုရသော် ကြိုးတစ်ချောင်း ရရန် ယခုမှပင် စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။

အဆင့် (၁) Cable Cutter : မိမိဆက်သွယ်ချိတ်ဆက်မည့် အရာနှစ်ခု၏ အကွာအဝေးအတိုင်း လိုအပ်သလောက်သာ ကြိုးကို ဖြတ်တောက်ပါ။ အမှားအယွင်း ရှိခဲ့ရင် ပြင်ဆင်ပြုလုပ်နိုင်ဖို့ အနည်းငယ်တော့ ပိုဖြတ်ထားဖို့ လိုပါတယ်။ ဒါပေမယ့် မမေ့ဖို့က မီတာ ၁၀ဝ ထက် မပိုရ။

Cable Cutter

အဆင့် (၂) Striper : Cable အစွန်းနှစ်ဖက် စလုံးကို အထဲမှာ ပါတဲ့ ဝါယာအရောင်များ ကွဲပြားစွာ မြင်နိုင်ဖို့ အခွံနွှာ ပစ်ရပါမယ်။ တစ်လက်မခွဲခန့် အပေါ်ယံ (jacket) ကို နွှာပစ်ရမှာဖြစ်ပြီး၊ အထဲမှ ဝါယာများ မပေါက်ပြဲစေရန် ဂရုပြုပါ။ ပေါက်ပြဲ ပွန်းရှ ခဲ့ရင် ထိုနေရာမှ စ၍ ညှပ်ပစ်ပြီး နောက်သို့ ဆုတ်၍ strip ပြန်လုပ်ပါ။

အဆင့် (၃) Spread the wire : cable ကို အပေါ်ယံ jacket နွှာလိုက်ပါက twisted pair ဖြစ်သည့်အတွက် နှစ်ပင်ပူးစီ လိမ်ထားတာကို တွေ့ရပါလိမ့်မယ်။ strip လုပ်ထားတဲ့ အရင်းမှ ကိုင်ပြီး မိမိပြုလုပ်မယ့် အမျိုးအစား (type A (or) type B) အတိုင်း ဝါယာကြိုး အရောင်ကို စီတန်းလိုက်ပါ။ ပြီးနောက် connector အတွင်းသို့ ထည့်သွင်းရန် လက်မဝက် ခန့်သာ ချန်ပြီး အဖျားပိုင်းကို ညှပ်ပစ်ပါ။

အဆင့် (၄) Connector အတွင်းသို့ ထည့်သွင်းခြင်း : ညှပ်ပြီးသော ဝါယာ (၈) စကို connector ထဲသို့ ထည့်ပါ။ ဝါယာစီတန်းမှုအတိုင်း connector တွင်း တစ်ချောင်းစီ ထည့်သွင်းကာ ထိပ်ထိ ညီအောင် ပြုလုပ်ပါ။ ဝါယာ (၈)ချောင်းသည် connector အဆုံးတွင် ညီနေမှသာ connector အပေါ် pin နှင့် ဆက်သွယ်မှု ရှိမှာဖြစ်ပါတယ်။ strip လုပ်ထားသည့် အရင်းသည် connector အတွင်းတွင် ရှိနေရမည်ဖြစ်ပြီး plunger နေရာထိ jacket ရောက်နေရမှာ ဖြစ်ပါတယ်။

အဆင့် (၅) crimping : crimp ပြုလုပ်ခြင်းသည် network cable ပြုလုပ်ခြင်း၏ နောက်ဆုံးအဆင့် ဖြစ်ပါတယ်။ connector ခေါင်း နှင့် cable ကြိုး ချိတ်ဆက်မှု မြဲမြံအောင် crimping tools (crimper) ကို အသုံးပြု၍ ဖိညှပ်ခြင်း ဖြစ်ပါတယ်။ crimper မကောင်းပါက connector ပျက်စီးတတ်ပါတယ်။

Crimper ကို connector အမျိုးအစား သတ်မှတ်ပြီး ထုတ်သလို၊ အားလုံးအတွက် ပြောင်းလဲ အသုံးပြုနိုင်အောင် ဘလောက်တုံး အရှင်များဖြင့်လည်း ထုတ်ပါတယ်။ (အခုနောက်ဆုံး အသုံးများတဲ့ crimper တွေမှာ cutter, striper တွေပါ သုံးနိုင်အောင် ထည့်ပေးထားပါတယ်။ အဲဒါကြောင့် အဲလို crimper မျိုးတစ်ခုဆောင်ထားရုံနဲ့ cable လုပ်လို့ရပါပြီ)

RJ 45 connector ကို crimp လုပ်မှာဖြစ်လို့ 8 pin ဘလောက်တုံး (RJ 45 crimper) ကို ရွေးချယ်တပ်ဆင်ပါ။ connector ကို crimper အတွင်းတွင် နေရာတကျ ဖြစ်အောင် ထည့်လိုက်ပါ။ connector ကို သေချာထည့်သွင်းပြီးတာနဲ့ တချက်တည်း အဆုံးထိရောက်အောင် အားစိုက် ဖိညှစ်ပါ။ crimper တွေဟာ connector အတွက် လိုအပ်တဲ့ နေရာတွေမှာပဲ သက်ရောက်မှု ရှိအောင် ပုံစံထုတ် ထားတာဖြစ်တဲ့အတွက် နေရာထား မှန်ကန်ရင် ပျက်စီးမှု မရှိပါဘူး။

Crimper ဖိညှစ်ခြင်းကြောင့် အားသက်ရောက်မှု ရှိသွားတဲ့ နှစ်နေရာက အောက်က ပုံအတိုင်းဖြစ်ပါတယ်။ ၁ မှာ pin အတွက် ဖြစ်ပြီး၊ ၂ မှာ jacket ပေါ် plunger ဖြင့် ဖိထားလိုက်ခြင်း ဖြစ်ပါတယ်။

ထိုဖိအားကြောင့် ဝါယာ (၈) ခု ပေါ်မှ insulator ကို ဖောက်ပြီး connector ပေါ်ရှိ pin (conductor) များနှင့် တစ်သားတည်း ဖြစ်သွားပါတယ်။ strip လုပ်ထားတဲ့ ပမာဏ ရှည်နေရင် plunger ဟာ jacket ပေါ်မရောက်ပဲ ဝါယာတွေပေါ် ရောက်နေလိမ့်မယ်။ အဲဒါဆိုရင် မြန်မြန်ပျက်တာတို့၊ error ဖြစ်တာတို့ ကြုံလိမ့်မယ်။

ဖော်ပြခဲ့ပြီး အဆင့်အားလုံး အောင်မြင်စွာ လုပ်ဆောင်ပြီးပြီဆိုရင် ဒီနည်းအတိုင်းပဲ cable နောက်တစ်ဖက်ကို connector တပ်ဆင်လိုက်ပါ။

ပြုလုပ်ပြီး cable ကောင်း/မကောင်း စမ်းသပ်ရန်အတွက် cable tester များကို အသုံးပြုနိုင်ပါတယ်။ Straight-through နှင့် crossover ကို LED မီးသီးများ ကြည့်ခြင်းဖြင့် ခွဲခြား သိနိုင်ပါတယ်။ (professional မဟုတ်ဘူးဆိုရင်တော့ မလိုပါဘူး။ စက်မှာတပ်ကြည့်ရင် သိနေတာပဲ)

ကေဘယ်ကြိုး ပြုလုပ်ခြင်း နဂိုးချုပ်ပါပြီ။ တဆင့်ပြီး တဆင့် ဆက်ရေးသွားပါ့မယ်။ ကျေးဇူးတင်ပါတယ်။

6 comments

  • kokolatt

    April 12, 2011 at 1:52 pm

    အခုလိုစိတ်ရှည်စွာတစ်ဆင့်ချင်းရှင်းပြတဲ့အတွက် ကျေးဇူးတင်တယ်ဗျာ.. နောက်ပို့စ်ကိုလည်းစောင့်နေပါ့မယ်..

    • taylaylay

      April 14, 2011 at 11:17 am

      အကို ပို့စ်မှာ အမြန်ဆုံး လင့် ပြန်ပီး Cradit ပြန်ပေးပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်။
      အဲ့လို တိုက်ရိုက်ပိုစ်ကူးတင်တာတော့ ကျွန်တော်တို့ ညီအကို လုံးဝ လက်မခံနိင်ပါဘူး.

  • intro

    April 12, 2011 at 1:54 pm

    အရမ်းကို အသုံးဝင်တဲ့ နည်းလေးပါဗျာ… မှတ်သားသွားပါတယ်… မျှဝေပေးတဲ့အတွက်လဲ တကယ့်ကို ကျေးဇူးတင်ပါတယ်..

  • manawphyulay

    April 12, 2011 at 2:11 pm

    ဟုတ်ကဲ့ မှတ်သားသင့်ပြီး ကွန်ပျူတာသုံးသူတိုင်းသိသင့်တဲ့အချက်တွေပါပဲရှင်

  • taylaylay

    April 14, 2011 at 11:14 am

    ဒါ ကျွန်တော့ အကို ကိုသံလုံငယ် ရေးထားတာပါ ကိုသံလုံငယ်ဆိုဒ်မှာ တင်ပေးထားတာ မကြာသေးပါဘူး တိုက်ရိုက်ကူးချပီး တင်တာတော့ မကောင်းပါဘူး ဗျာ။. ကျွန်တော်တို့တွေ
    Cradit တော ပြန်ပေးပေးပါ ။ အရှက်တရား မရှိတာ မလုပ်ချင်ပါနဲ့ဗျာ။ နာမည်ကောင်း ယူချင်လည်းပြောပါ
    ခုလို လုပ်တာတော့ မကောင်းပါဘူး

Leave a Reply