ရန်ကုန်မြို့နဲ့ ရန်ကုန်ဒီရေ
ဒီနေ့ဟာ မြန်မာလို တန်ခူးလပြည့်နေ့ပါ။
ရန်ကုန်တရုတ်တန်း ကမ်းနားလမ်းတဝိုက်ကို မိုးတွင်းဒီရေတက်တဲ့ရက်တွေမှာ ဖြတ်သန်းသွားဘူးကြရင် ရေတွေတက်လို့ ကားတွေ ဂျမ်းဖြစ်တာ၊ဓာတ်ဆီကားတွေ ရေဝင်ပြီးထိုးရပ်သွားတာ၊လူတွေ ဒူးလောက်ပေါင်လောက်ရေတွေထဲ ဖြတ်ကြရတာ၊၊အိမ်တွေဆိုင်တွေထဲ
ရေတွေဝင်တာတွေ့ဘူးမှာပါ။အထူးသဖြင့် ဘုန်းကြီးလမ်းနဲ့ လသာလမ်းကြားမှာ အဆိုးဆုံးပါဘဲ၊မိုးရွာတာနဲ့များဆုံရင်တော့ ရေတွေပိုကြီး ရေကြီးချိန်ပိုကြာ
တတ်တာပေါ့၊အဲဒီတဝိုက်နေသူတွေကတော့ ရိုးနေပါပြီ၊ကိုယ့်အိမ်ထဲ ဆိုင်ထဲကပစ္စည်းတွေ ရေမစိုအောင် မြှင့်ထားတာပေါ့၊ရေထဲ လျှောက်ရတာ
ပျော်တဲ့သူတွေလည်းရှိတာပါဘဲ၊ရုံးဆင်းချိန်နဲ့ ကြုံတတ်တော့ မိန်းကလေးတွေလည်း ရှက်မနေနိုင်တော့ဘဲ ထမီတိုတိုဝတ်ပြီး ရေထဲဖြတ်ကြရပါတယ်၊၊
ဒီရေထရက်က လပြည့်နေ့၊လဆုတ် ၁-၂-၃-၄-၅ နေ့၊လကွယ်နေ့၊ လဆန်း၁-၂-၃-၄-၅ နေ့တွေပါ၊
၃ ရက်နေ့ က ရေအမြင့်ဆုံးတက်လို့ ခေါင်ရေလို့ခေါ်ပါတယ်၊ မနက်ပိုင်းတစ်ကြိမ်။ညနေပိုင်းတစ်ကြိမ်တက်တတ်ပါတယ်၊
ထူးကဲဒီရေတက်မယ့်ရက်ကို သတင်းစာကနေ ကြေငြာပေးတတ်ပါတယ်၊
ထုံးစံကတော့ ဝါဆို။ဝါခေါင်။တော်သလင်း။သီတင်းကျွတ် လေးလဟာဒီရေတက်တဲ့ရာသီပါ။
လွန်ခဲ့တဲ့ ၁-၂ နှစ်လောက်ကစပြီး ကဆုန်မှာ နည်းနည်းတက်လာပါတယ်၊အခု တန်ခူးလပြည့်နေ့မှာရေတက်သွားပါတယ်၊ကမ္ဘာကြီးပူနွေးလာလို့ ပင်လယ်ရေမျက်နှာပြင် မြင့်လာတာလား၊ supermoon effect လား၊ရန်ကုန်မြစ်မှာ အမှိုက်သရိုက်တွေများလာပြီး မြစ်ကြမ်းပြင် မြင့်တက်လာသလား၊သဘာဝ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကတော့ ပိုအရေးကြီးလာပြီထင်ပါတယ်၊အကြံပေးကြပါအုံး၊
10 comments
တညင်သား
April 19, 2011 at 2:26 am
ဟိုးအရင်တုန်းက ရန်ကုန်တိုင်းဒေသကြီးမှာ ကုန်းမြေ ကျင်းကျင်းလေးပဲရှိတယ်လို့ပြောကြတယ်. နောက်ပိုင်တဖြေးဖြေးကျယ်လာပြီး လူတွေအိမ်ယာချဲ့ထွင် နေလာကြတယ်ဆိုပဲ ..ဥပမာ အနေနဲ့ပြောရရင် ဒေါပုံမြို့က အရင်မိုးပျံသစ်သားတံတားတွေနဲ့သွားရတာဆို အိမ်တွေက ခြေတံရှည်နဲ့ဆောက်ရတယ်တဲ့ သေခြာတာကတော့ ကမာ္ဘကြီးနဲနဲပိုစောင်းသွားတာပဲ အရင်ရန်ကုန်ရေကြီးတာ ပုဇွန်တောင်ကစပြီးရေကြီးတာမဟုတ်လား .အခု လသာလမ်းမှာ ရေကြီးတာဆိုတော့ မပူပါနဲ့ ..နောက်တခါ အမေရိကားမှာ ဆူနာမီ လာရင် ..ရေကြီးမှာမဟုတ်တော့ပါဘူး…………
kai
April 19, 2011 at 8:43 am
ရန်ကုန်မြို ့ဟာ.. တောင်ဖက်ကို တအိအိနဲ့ရွေ ့ကျနေတယ်မှတ်ဖူးပါတယ်..။
ဒီကြားထဲ.. အဝီဇိတွင်းတွေတူးတော့ .. တောင်ဖက်ကို ရွေ ့နေတာအပြင်..အောက်ကိုပါနိမ့်ကျနေပါသတဲ့..။
ပြောရရင်.. ကြောက်စရာတွေချည်းပဲ..။
ဆိုတော့..
လူတွေက လုပ်ယူရမယ့်အခြေအနေပါ..။ အခုက ..လူတွေကိုယ်နှိုက်က ဘာမှမလုပ်ကြတာမို့..
ဟိုလေ..
နောင်ဘဝကျ.. ရန်ကုန်မှာ လူပြန်မဖြစ်အောင်.. များများဆုတောင်းကြပေါ့နော..။ 🙂
အဲဒါဆို ..အားလုံးအဆင်ပြေသွားမှာ…။
MaMa
April 19, 2011 at 2:27 am
အကောင်းဆုံးကတော့ ရန်ကုန်မြို့တော်စည်ပင်ကို စုပေါင်းလက်မှတ်ထိုပြီး စာတင်ရမယ်ထင်တယ်။ တစ်ဦးတစ်ယောက်တည်းရဲ့ အကြံဉာဏ်၊ လုပ်အားနဲ့ ရနိုင်မယ် မထင်ပါ။
MaMa
April 19, 2011 at 3:06 am
တညင်သားရေ ကျဉ်း (ကျဉ်းမြောင်းတဲ့သဘော) လို့ရေးမှ မှန်ပါတယ်ကွယ်။ မြန်မာပြည်နဲ့ဝေးနေလိ်ု့ မြန်မာစာလုံးပေါင်းတွေ မေ့နေပြီထင်တယ်။ မြန်မာပြည်ကို ချစ်တတ်သေးလို့ပဲ မြန်မာဆိုဒ်မှာ တွေ့ဆုံကြရတာမို့ ဝမ်းသာပါတယ်။
bigcat
April 19, 2011 at 3:51 am
ကြားဖူးတာတော့ မြို့နေသူတွေက အမှိုက်စည်းမရှိကမ်းရှိစွန့်ပစ်၊ မြို့တော်စည်ပင်မှာရှိတဲ့ စက်ပစ္စည်းအဟောင်းတွေအသစ်လဲဖို့ ဘတ်ဂျတ်မရှိ၊ အစိုးမရမှာက နြူကလီးယားဗုံး ထွင်နေရလို့ လှည့်မကြည့်နိုင်ပါကြောင်းနှင့် မကျေနပ်ပါက ရန်ကုန်တိုင်းဒေသကြီး လှည့်တော်သို့ တမတ်မြင်းများမှ တဆင့် တင်ပြသင့်ပါသည်။
ဆူး
April 19, 2011 at 1:28 pm
အဲဒါ မြစ်ဝ မှာ ခေါင်းလောင်းကြီး တလုံးခံနေလို့.. (ဓမ္မစေတီမင်း ခေါင်းလောင်း) နောင်တွင် ကမာ္ဘအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်မဲ့ ခေါင်းလောင်းကြီး မြစ်ထဲမှာ ရှိတယ်။
ကောင်းကင် ဓါတ်ပုံ အရ ဆို ခေါင်းလောင်းကြီး အပေါ်နည်းနည်း ပေါ်နေတယ်။ လုံးဝမြုပ်မနေဘူး။
ရန်ကုန် ရေတက်တာနဲ့.. ခေါင်းလောင်းနဲ့တော့ ဆိုင်မဆိုင် မသိဘူး.. ရှိတာလေး သိတာ ပြောပြတာ။
shweminthar
April 19, 2011 at 1:54 pm
အဲဒီခေါင်းလောင်းက ပုံပြင်လား တကယ်လား
ပြော နေကြတာ တော့ ကြားဖူးတယ်။
တကယ်လိုလို ပုံပြင်လိုလို ဘဲ။
eros
April 19, 2011 at 2:06 pm
ပုံပြင်မဟုတ်ဘူး တကယ်ဟ။ ခေါင်းလောင်းနေရာတော့ အတိအကျ မသိသေးဘူး။ ခန့်မှန်ဖြေပဲပြောလို့ရသေးတယ်။
ဆူး
April 19, 2011 at 2:29 pm
ခေါင်းလောင်း အကြောင်း ပိုစ်ရေးပေးရမလား…
တညင်သား
April 19, 2011 at 5:10 pm
ကျေးဇူး အထူးပင်တင်ပါတယ် .. MaMa ရေ နောက်ကိုသတိထားပါ့မယ်..